Weekly Round-Up Archives - ISP Myanmar China Desk

တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ တတိယပတ်(၁၆ မှ ၂၂ ရက် အထိ)
ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာ ဆက်ဆံရေးနှင့်သက်ဆိုင်သော ပြည်တွင်း၊ ပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၆၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော အကြောင်းအရာများထဲမှ သတိပြုစရာအဖြစ် –

၁။ သတင်းများ

၂။ ပဋိပက္ခများ အရှိန်မြင့်တက်နေဆဲ ကချင်ပြည်နယ်ရှိ တစ်ရှူးငှက်ပျော စိုက်ခင်းများ

၃။ ပြည်တွင်းနှင့် နိုင်ငံတကာသုံးသပ်ချက်များ

၄။ ကိန်းဂဏန်းအချက်အလက်များ စသည်တို့ကို ထုတ်နုတ်တင်ပြသွားမည် ဖြစ်ပါသည်။

၁။ သတင်းများ

တရုတ်စီမံကိန်း သတင်းများ

တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အဓိကစီမံကိန်းကြီးတခုဖြစ်သော ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့်အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ဧပြီလတွင် သိရှိနိုင်မည်ဖြစ်ကြောင်း မြဝတီသတင်း ဖော်ပြချက်အရ သိရသည်။ နိုဝင်ဘာလအတွင်းက အဆိုပြုဖိတ်ခေါ်လွှာများ (Request For Proposal – RFP) ထုတ်ယူသွားခဲ့သော အဖွဲ့အစည်း ကိုးခုသည် လက်ရှိဖွဲ့စည်းထားမှုအတိုင်းဖြစ်စေ၊ နည်းပညာနှင့် ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ဖြစ်စေ တင်ဒါအဆိုပြုလွှာ တင်သွင်းနိုင်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၈ ရက် နောက်ဆုံးထား၍ အဆိုပြုလွှာများကို ပြန်လည်တင်သွင်းရမည် ဖြစ်သည်။ ရန်ကုန်မြို့သစ်စီမံကိန်းသည် ၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော တရုတ်သမ္မတရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်း သဘောတူညီခဲ့သည့် ၃၃ ချက်အနက် တခုအပါအဝင်ဖြစ်သည်။ အဆိုပါ စီမံကိန်း အကောင်အထည်ဖော်ဆောင်ပါက သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများလည်း ရှိလာမည်ဖြစ်ပြီး ယခုအချိန်တွင်ပင် မိုးတွင်းအခါ ရေကြီးမှုများ ကြုံတွေ့နေရသည့် မြစ်တဖက်ကမ်း ရန်ကုန်မြို့‌နေရာအများစုတွင် အန္တရာယ်ကြုံတွေ့နိုင်ရကြောင်း ပညာရှင်များက တွက်ချက်သတိပေးထားသည်။

စိတ်ဝင်စားဖွယ် သတင်းတပုဒ်မှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ မြေယာသိမ်းဆည်းခံတောင်သူများ၏ တောင်းဆိုချက်များကို ကုမ္ပဏီဘက်က သဘောတူကြောင်း သတင်းဖြစ်သည်။ ထို့ကြောင့် မြေယာလျော်ကြေးကို အမြန်ဆုံးထုတ်ပေးနိုင်ရေး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက ပြောကြားထားကြောင်း Eleven နေ့စဉ်သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။ မြေသိမ်းခံတောင်သူများ တောင်းဆိုသည့် အချက်ကိုးချက်အနက် ငါးချက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဝမ်ပေါင်ကုမ္ပဏီတို့အကြား သဘောတူညီမှုရရှိခဲ့ပြီး မြေသိမ်းခံတောင်သူများအတွက် ၂၀၁၃ ခုနှစ်မှစ၍ ဘဏ်စာအုပ်များတွက်ချက်ပေးရန်နှင့် ငွေလဲနှုန်းကွာခြားချက်များကို တွက်ချက်ပေးချေရန် စသည့်အချက်များ ပါဝင်သည်။ ယခင်က မြေယာသိမ်းဆည်းသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဒေသခံတောင်သူများနှင့် ကာလရှည်ကြာစွာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး မြေယာလျော်ကြေးငွေကိစ္စတွင်လည်း သဘောတူညီမှုရရှိခဲ့ခြင်း မရှိဘဲ အများစုမှာ လျော်ကြေးငွေထုတ်ယူခဲ့ခြင်း မရှိပေ။ အဆိုပါသတင်းဖော်ပြချက်တွင်ပင် တောင်သူအားလုံးထုတ်ယူလိမ့်မည်ဟု မပြောနိုင်ကြောင်း ဒေသခံတဦး၏ ပြောကြားချက်လည်း ရှိနေသည်။

တရုတ်ခြံစည်းရိုး ဖယ်ရှား

တရုတ်နိုင်ငံဘက်က ဆောက်လုပ်နေသည့် နယ်စပ်ခြံစည်းရိုးနှင့်ပတ်သက်၍ ပြီးခဲ့သည့်တပတ်က မြန်မာနိုင်ငံဘက်က ကန့်ကွက်ပြီးသည့်နောက် ဇန်နဝါရီ ၁၉ ရက်တွင် သံတိုင်များ၊ သံဆန်ခါများဖြင့် အခိုင်အမာကာပြီး ဖြစ်နေ သည့် ခြံစည်းရိုးကို တရုတ်ဘက်က ပြန်လည်ဖြုတ်သိမ်းသွားခြင်းဖြစ်ကြောင်း 7 Day သတင်းဌာနက ဖော်ပြသည်။  နယ်စပ်နေရာ ငါးခုအထိ ခြံစည်းရိုးများ တည်ဆောက်နေပြီး ယခုအခါ လွယ်ဂျယ်မြို့နှင့် နယ်စပ်နေရာကို ပထမဆုံးအကြိမ်အဖြစ် တရုတ်က နောက်ဆုတ်ပေးခဲ့ခြင်း ဖြစ်သည်။ ကျန် ကန့်ကွက်ထားဆဲ လေးနေရာတွင်မူ တရုတ်သည် ခြံစည်းရိုးကို ဆက်လက်ကာရံနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး

အာရုံစိုက်ဖွယ်ရာ သတင်းတပုဒ်မှာ နိုင်ငံပိုင်သတင်းစာတွင် ပါဝင်သော အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ဒုတိယဝန်ကြီးအဆင့် သုံးပွင့်ဆိုင် အလွတ်သဘောဆွေးနွေးပွဲအား ဇန်နဝါရီ ၁၉ ရက်က ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ဆိုသည့် သတင်းဖြစ်သည်။ ယခုအစည်းအဝေးမှာ ဝမ်ယိ၏ ဇန်နဝါရီ ၁၁-၁၂ ရက် မြန်မာနိုင်ငံ ခရီးစဉ်အပြီးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြားတွင် သံတမန်ရေးရာ တင်းမာမှုအချို့ရှိနေပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ၌ ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း နယူးယောက်မြို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကြီးမှူးကျင်းပပေးခဲ့သော သုံးပွင့်ဆိုင် ဆွေးနွေးပွဲလည်း ရှိခဲ့သည်။ ရခိုင်ပြည်နယ်တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ အဆိုပါစီမံကိန်းနှင့် အပြိုင် ကားလမ်း၊ ရထားလမ်းများဖော်ဆောင်လာမည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ တည်ရှိနေရာ ယခုနှစ်ပိုင်းများအတွင်း နေရပ်စွန့်ခွာသူများအရေး၊ AA အဖွဲ့နှင့် လက်နက်ကိုင်ပဋိပက္ခအရေးတို့၌ တရုတ်နိုင်ငံ၏ ထဲထဲဝင်ဝင်ပါဝင်လာမှုများကို တွေ့ရှိလာရသည်။

(ရခိုင်ပြည်နယ်အကျပ်အတည်းတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍ ကို ISP-Myanmar China Desk က လက်လှမ်းမီသမျှပြုစုထားရှိပါသည်။ ဖတ်ရှုရန် နှိပ်ပါ။)

၂။ ပဋိပက္ခများ အရှိန်မြင့်တက်နေဆဲ ကချင်ပြည်နယ်ရှိ တစ်ရှူးငှက်ပျော စိုက်ခင်းများ

ယခင်က ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံသို့ တစ်ရှူးငှက်ပျောများ အဓိက တင်ပို့ရောင်းချသောနိုင်ငံ ဖြစ်ခဲ့သော်လည်း တောင်တရုတ်ပင်လယ်အရေးကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာလာပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ် ဝန်းကျင်မှစ၍ တရုတ်နိုင်ငံက ဖိလစ်ပိုင်ငှက်ပျောများကို တားမြစ်ခဲ့သည်။ ထိုစဉ်မှစ၍ မြန်မာနိုင်ငံသည် တရုတ်သို့ တစ်ရှူးငှက်ပျော တင်ပို့သော အဓိကနိုင်ငံဖြစ်လာခဲ့သည်။

ဇန်နဝါရီ ၁၅ ရက်က ထုတ်ဝေသော မြစ်ကြီးနား သတင်းဂျာနယ်တွင် တစ်ရှူးငှက်ပျောစိုက်ခင်းအတွင်း မွေးဖွားခဲ့သည့် ကလေးငယ်၏ မိသားစုအကြောင်းကို ဖော်ပြထားသည်။ ကလေးငယ်၏ မိဘများမှာ ဝိုင်းမော်မြို့ရှိ တစ်ရှူးငှက်ပျော စိုက်ခင်းများအတွင်း အလုပ်လုပ်ကိုင်နေသည်မှာ တနှစ်ခန့်ရှိပြီဖြစ်သည်။ အသက် သုံးလခန့်ရှိပြီဖြစ်သော ကလေးငယ်မှာ ဦးခေါင်းအတွင်း ရေများစွာရှိနေခြင်းကြောင့် တနေ့တခြား ဦးခေါင်းမှာကြီးထွားလာပြီး ခွဲစိတ်ရန်လိုအပ်နေသည်ဟု ကျန်းမာရေးဝန်ထမ်းများက သတိပေးထားသည်။ ကိုယ်ဝန်ဆောင်စဉ်တွင် ဆေးဖြန်းခြင်းမှလွဲ၍ ဆေးဖြန်းထားသော စိုက်ခင်းများအား ပေါင်းသင်ခြင်းအပါအဝင် အခြားသောတာဝန်များ လုပ်ကိုင်ခဲ့ရကြောင်းဖော်ပြထားသည်။ စိုက်ခင်းအလုပ်သမားများအတွက် မည်သည့် လူမှုဖူလုံရေး ထောက်ပံ့မှု အကူအညီမှ မရရှိကြောင်း ဖော်ပြထားသည်။ ကချင်ပြည်နယ်ရှိ ငှက်ပျောစိုက်ခင်းများတွင် အများဆုံးအသုံးပြုနေသော ပိုးသတ်ဆေးမှာ အခြားသောအပင်များနှင့် သက်ရှိများအားလုံးကို အဆိပ်အတောက်ဖြစ်နိုင်သောကြောင့် ကမ္ဘာ့နိုင်ငံအများစုက တားမြစ်ထားသည့် Carbofuran ပိုးသတ်ဆေးဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်တွင်ထုတ်ဝေသည့် Mekong Region Land Governance၏ သုတေသနစာတမ်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင်လည်း အတည်ပြုပြီးဖြစ်သော ပတ်ဝန်းကျင်သက်ရောက်မှု ဆန်းစစ်ချက် ဥပဒေများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ဥပဒေများ ရှိနှင့်ပြီး ဖြစ်သည်။ သို့သော် ယင်းဥပဒေများနှင့် မူဝါဒများမှာ ဧကသိန်းချီ ရှိနေသော တစ်ရှူးငှက်ပျောစိုက်ခင်းများအပေါ် မည်သို့မျှ သက်ရောက်မှု ရှိမနေသည်မှာ သတိပြုဖွယ်ဖြစ်သည်။

ထို့အပြင် ယခု ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တရုတ်လုပ်ငန်းရှင်များမှာ နေရပ်သို့ ပြန်သွားခြင်းကြောင့် စိုက်ခင်းအလုပ်သမားများ၏ လုပ်ခလစာ ပြဿနာများမှာလည်း တနေ့တခြား များပြားလာလျက်ရှိသည်။ ဇန်နဝါရီ ၁၃ ရက်တွင် ထုတ်ဝေသော မြစ်ကြီးနားသတင်းဂျာနယ်တွင် တရုတ်လုပ်ငန်းရှင်ပြန်သွားသောကြောင့် လုပ်အားခ ကျပ်သိန်းတထောင်ခန့် ဆုံးရှုံးနေရသော အလုပ်သမားတို့အကြောင်း ရေးသားဖော်ပြထားသည်။ ငှက်ပျောစိုက်ခင်းလုပ်သားများ လုပ်ခမရရှိသောကြောင့် တိုင်ကြားထားသော အမှုပေါင်းမှာ ၂၀၁၉ တွင် အမှု ၂၀ ကျော်ရှိပြီး ၂၀၂၀ တွင် အမှုပေါင်း ၅၀ ကျော် ရှိပြီးဖြစ်သည်။ အလုပ်ရှင်-အလုပ်သမား ပြဿနာများမှာ ကိုဗစ်ကပ်ရောဂါမတိုင်မီကပင် ရှိနှင့်ခဲ့ပြီးဖြစ်သည်။ စိုက်ခင်းအလုပ်သမားများအနေဖြင့် တရားဝင်အလုပ်သမားစာချုပ် မချုပ်ဆိုရခြင်း၊ မည်သည့် လူမှုဖူလုံရေးအထောက်အပံ့မှ မရရှိခြင်း၊ စိုက်ခင်းအတွင်း ပိုးသတ်ဆေးများနှင့် အကာအကွယ်မဲ့ တိုက်ရိုက်ထိတွေ့နေရခြင်း၊ အသက် ၁၆ နှစ်ဝန်းကျင်ခန့် ကလေးလုပ်သားများ အသုံးပြုခြင်း၊ လခနှုန်းမှာ တရားသေမရှိဘဲ ထွက်နှုန်းပေါ်မူတည်ပြောင်းလဲခြင်းနှင့် အထွက်နည်းလျှင် လခလျှော့ခြင်း၊ အလုပ်မှထုတ်ပယ်ခြင်းတို့ကြောင့် အလုပ်သမားမျာမှာ စိုက်ခင်းမှ နှစ်ချီ မထွက်ခွာဘဲ နေ့စဉ် တရားဝင်အလုပ်ချိန်ထက်ပို၍ လုပ်ကိုင်ရန် အကျပ်ကိုင်ဖိအားပေးခံရသကဲ့သို့ ရှိနေကြောင်း Mekong Region Land Governance အဖွဲ့၏ သုတေသနစာတမ်းအရ သိရသည်။ ကိုဗစ်ကပ်ရောဂါမှာ နှစ်ကာလရှည်ရှိနေသော အဆိုပါ အလုပ်ရှင်-အလုပ်သမား အရေးကို ဘူးလေးရာ ဖရုံဆင့်သကဲ့သို့ ပိုမိုအရှိန်မြင့်လာစေခြင်းသာဖြစ်၍ ကပ်ရောဂါကို ကျော်လွှားနိုင်ခဲ့သည့်တိုင် အဆိုပါအလုပ်သမား၏ အရေးကို အာရုံစိုက်ဖြေရှင်းရန် အားထုတ်ခြင်းမရှိပါက အလုပ်ရှင်-အလုပ်သမား ပြဿနာများမှာ အဆုံးမသတ်နိုင်ဘဲ ဆက်လက်ရှိနေဦးမည်သာဖြစ်သည်။

၃။ ပြည်တွင်းနှင့် နိုင်ငံတကာသုံးသပ်ချက်များ

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်အပေါ်  ပြည်တွင်းပြည်ပ အမြင်များ

ဇန်နဝါရီ ၁၁ နှင့် ၁၂ ရက်တို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး နိုင်ငံ၏အဆင့်မြင့်တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးခဲ့သည်။ ဤသို့လာရောက်ခဲ့မှုအပေါ် ပြည်တွင်းပြည်ပ ပညာရှင်များမှ မှတ်ချက်အမျိုးမျိုးပြုခဲ့ကြသည်။ ရခိုင်အမျိုးသားပါတီ ဗဟိုဦးဆောင်မှုကော်မတီဝင် ဦးဖေသန်းက ကျောက်ဖြူ-ကူမင်း ရထားလမ်းသည် ဆင်းရဲနေဆဲဖြစ်သော ရခိုင်ပြည်နယ်၏ ပင်လယ်ထွက်ကုန်များနှင့် တရုတ်ကုန်စည်များ လဲလှယ်စီးဆင်းနိုင်မည့် အခွင့်အလမ်းဖြစ်သောကြောင့် များစွာမျှော်လင့်ကြောင်း ပြောကြားထားသည်။ ၈၈ မျိုးဆက်နိုင်ငံရေးသမားဖြစ်သူ ဦးမြအေးကမူ ယခုအချိန်၌ မြန်မာပြည်သည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဆက်ဆံရေး မပြေပြစ်ဖြစ်နေပြီး တရုတ်ကလည်း မြန်မာနိုင်ငံကို ၎င်း၏ထီးရိပ်အောက်ရှိစေချင်မည်ဖြစ်၍ သတိထားရမည့် အိမ်နီးချင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။

မစ္စတာဝမ်ယိ၏ ခရီးစဉ်အတွင်း အမေရိကန်ဒေါ်လာ လေးသန်းခန့် တန်ဖိုးရှိ မြစ်ကြီးနား စီးပွားရေးဇုန်တည်ဆောက်ရေး၊ ကန်ပိုက်တီကုန်သွယ်ရေးဇုန် တည်ဆောက်ရေးနှင့် ဗန်းမော်ဆိပ်ကမ်း တည်ဆောက်ရေးများ ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ ကချင်ပြည်နယ်ရှိ နေရပ်စွန်ခွာခဲ့ရသူများ ပြန်လည်ကူညီပေးရေးတွင် တရုတ်က ကူညီခဲ့သည့်အတွက် မစ္စတာဝမ်ယိ၏ ယခုခရီးစဉ်တွင် ယင်းအကူအညီအပေါ် အသိအမှတ်ပြု လက်မှတ် အပ်နှင်းခဲ့ပါသည်။ ဤသို့ ကချင်ဒေသအတွက် အများအပြား ကူညီပေးခဲ့ခြင်းမှာ အကြောင်းအရင်းနှစ်ချက်ရှိကြောင်း South Asia Analysis Groupမှ Dr.  S. Chandrasekharan က သုံးသပ်ထားသည်။ ပထမအချက်မှာ ကချင်ဒေသရှိ တရုတ်၏ စီမံကိန်းများအပေါ်  ဒေသခံလူထု၏ ကန့်ကွက်မှုများ မြင့်တက်လျက်ရှိခြင်းကြောင့်ဟု သုံးသပ်ထားသည်။ မြစ်ဆုံစီမံကိန်းကဲ့သို့ပင် ဒေသခံလူထုမှ မည်သည့်အခြေအနေမျိုးနှင့်မျှ လက်ခံနိုင်ခြင်းမရှိသော စီမံကိန်းများရှိနေပြီး တရုတ်နိုင်ငံမှလည်း မြစ်ဆုံစီမံကိန်းကိုပင် ယခုထိ မစွန့်လွှတ်သေးကြောင်း သုံးသပ်ထားသည်။ ဒုတိယအချက်မှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ ရေကြောင်းလမ်းအတွက် အလွန်အရေးကြီးသော ကချင်ဒေသအနီး ဧရာဝတီမြစ်ကြောင်းပေါ်ရှိ ဗန်းမော်ဆိပ်ကမ်းစီမံကိန်းကြောင့် ဖြစ်ကြောင်း သုံးသပ်ထားသည်။

မစ္စတာဝမ်ယိနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံစဉ်က မဲစာရင်းကိစ္စနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်အပေါ် တရုတ်နိုင်ငံအနေဖြင့် ရွေးကောက်ပွဲရလဒ်ထက် တင်မြှောက်ခံရမည့် အစိုးရသစ်နှင့်ချိတ်ဆက်ကာ စင်္ကြံလမ်းတလျှောက်ရှိ စီမံကိန်းများ အလျင်အမြန်အကောင်အထည်ဖော်ရေးကိုသာ လိုလားမည်ဖြစ်ကြောင်း ၎င်း၏ သုံးသပ်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ မစ္စတာဝမ်ယိ၏ ခရီးစဉ်အတွင်း တရုတ်-မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေးချက်အပေါ် Dr.  S. Chandrasekharan က တရုတ်နိုင်ငံ၏ အမြင်တွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း အောင်မြင်ရေးအတွက် စီမံကိန်းအများစုတည်ရှိရာ နယ်စပ်ဒေသ၏ တည်ငြိမ်မှုက အရေးပါသဖြင့် စီမံကိန်းဒေသတလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လက်နက်အထောက်အပံ့ပေးထားပြီး အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံ၏စီမံကိန်းများကို အတိုက်မခံမပြုရန် အပေးအယူသဘောပြုထားသည်ဟု မှတ်ချက်ပြုထားသည်။ ရခိုင်ပြည်မြောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ စီမံကိန်းများမှလွဲ၍ အခြားသောစီမံကိန်းများအား လက်နက်ကိုင်အဖွဲ့တို့က တိုက်ခိုက်နေခြင်းမှာ ဖော်ပြပါအပေးအယူသဘောဖြစ်ကြောင်း မှတ်ချက်ပြုထားသည်။

၄။ အချက်လက်များ

ယခုတပတ်သတိပြုစရာ ကိန်းဂဏန်းမှာ ငှက်ပျောစိုက်ခင်းလုပ်သားများ လုပ်ခမရရှိသောကြောင့် တိုင်ကြားထားသော အမှုအရေအတွက်ဖြစ်ပြီး အမှုပေါင်းမှာ ၂၀၁၉ ခုနှစ်တွင် အမှု ၂၀ ကျော်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် အမှုပေါင်း ၅၀ ကျော် ရှိပြီဖြစ်သည်။

The post တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ်  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ တတိယပတ်(၁၆ မှ ၂၂ ရက် အထိ) appeared first on ISP Myanmar China Desk.

တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ဒုတိယပတ် (ဇန်နဝါရီ ၉ ရက်မှ ၁၅ ရက် အထိ)
ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာ ဆက်ဆံရေးနှင့်သက်ဆိုင်သော ပြည်တွင်း၊ ပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၁၄၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော အကြောင်းအရာများထဲမှ သတိပြုစရာ –

၁။ သတင်းများ

၂။ သဘောတူညီမှုများ

၃။ နိုင်ငံတကာသုံးသပ်ချက်များ

၄။ ကိန်းဂဏန်းအချက်အလက်များကို ထုတ်နုတ်တင်ပြသွားမည် ဖြစ်ပါသည်။

၁။ သတင်းများ

နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်

၂၀၂၁ ခုနှစ်အတွက် ပထမဆုံး တရုတ်-မြန်မာ သံတမန်ရေးလှုပ်ရှားမှုကို ဇန်နဝါရီ ၁၁ မှ ၁၂ ရက်အတွင်း လာရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ခရီးစဉ်ဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ ၎င်းမှာ ၂၀၂၀ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးလည်း ဖြစ်သည်။  တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ဝမ်ယိသည် နှစ်သစ်အတွက် အရှေ့တောင်အာရှခရီးစဉ်အဖြစ် မြန်မာ၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့  သွားရောက်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ပြီးခဲ့သော ရက်သတ္တပတ်အတွင်း သတင်းများတွင် ၎င်းခရီးစဉ်နှင့် စပ်လျဉ်းသည့် ခန့်မှန်းမှုများ၊ ထုတ်ပြန်ချက်များ၊ သတင်းများ၊ သုံးသပ်ချက်များများစွာ ပေါ်ထွက်ခဲ့သည်။  မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် နှစ်ရက်တာ ခရီးစဉ်အတွင်းတွင် ဝမ်ယိသည်  နိုင်ငံတော်အတိုင်ပင်ခံ ၊ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံခဲ့သည်။

သမ္မတ ဦးဝင်းမြင့်နှင့်တွေ့ဆုံရာတွင် မြန်မာနှင့် တရုတ် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေး၊ နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်သွားရေး အတွက် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအကြား ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ ယဉ်ကျေးမှု ခရီးသွားနှစ် အကောင်အထည်ဖော်ရေးဆိုင်ရာကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်သွားရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု  သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သုံးသိန်းနှင့် ယွမ် သုံးသန်း(အမေရိကန်ဒေါ်လာ လေးသိန်းခြောက်သောင်းကျော်)တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ဆေးပစ္စည်းများ ကူညီပံ့ပိုးသွားမည်ဟု ကတိပြုခဲ့ပြီး အထူးလေယာဉ်ဖြင့် သယ်ဆောင်လာသော ယွမ်ငွေ နှစ်သိန်းခွဲ(အမေရိကန် ဒေါ်လာ သုံးသောင်းရှစ်ထောင်ကျော်)တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ဆေးပစ္စည်းများကို ပထမအသုတ်အဖြစ် ပေးအပ်ခဲ့သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စာချုပ်၊ နားလည်မှုစာချွန်လွှာ၊ မှတ်တမ်းလွှာ၊ စာလွှာနှင့် အစီအစဉ်တို့ အပါအဝင် သဘောတူညီချက် ခြောက်ချက်ကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ထပ်မံတွေ့ဆုံကာ ယမန်နှစ်ကလာရောက်ခဲ့သည့် သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရရှိခဲ့သော အရေးကြီးသဘောတူညီချက်များကို ဘက်စုံ အကောင်အထည်ဖော်ဆောင်ရွက်သွားလိုကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။

ဇန်နဝါရီလ ၁၂ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ ရခိုင်အရေးနှင့် နယ်စပ်ဒေသတည်ငြိမ်ရေးတို့အပြင် အခြား နှစ်နိုင်ငံအရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ယင်းတွေ့ဆုံမှုအပြီး တရက်အကြာမှာပင်  ရိုဟင်ဂျာအရေးနှင့်စပ်လျဉ်းပြီး တရုတ်၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ တွေ့ဆုံပွဲကို လာမည့် ဇန်နဝါရီ ၁၉ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက္ကာမြို့၌ ကျင်းပသွားမည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်က သတင်းထုတ်ပြန်ခဲ့ခြင်းမှာ သတိပြုစရာဖြစ်ပါသည်။  ထိုသို့ သုံးပွင့်ဆိုင် တွေ့ဆုံရန်အတွက် တရုတ်နိုင်ငံအနေနှင့် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစကာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံခေါင်းဆောင်များကို တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ဖိတ်ကြားကာ တိုက်တွန်းကြိုးပမ်းနေခဲ့ခြင်း ဖြစ်သည်။

ရွှေကုက္ကိုအရေးကြောင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF တဖွဲ့လုံး နုတ်ထွက်စာတင်

ဇန်နဝါရီ ၈ ရက်က ကျင်းပခဲ့သည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရွှေကုက္ကိုစီမံကိန်းသည် အစိုးရ ခွင့်ပြုချက်ထက် ကျော်လွန်လုပ်ဆောင်ခဲ့ခြင်းကြောင့်  စီမံကိန်းအား ရပ်ဆိုင်းထားပြီး အစိုးရအုပ်ချုပ်ရေး ယန္တရားအောက် ထည့်သွင်းနိုင်ရေး ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် တပ်မတော်လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ၏ ချစ်လင်းမြိုင်ကုမ္ပဏီနှင့် တရုတ်လုပ်ငန်းစု Yatai International ကုမ္ပဏီတို့ ပူးပေါင်းတည်ထောင်ထားသော Myanmar Yatai International ကုမ္ပဏီနှင့်ပတ်သက်၍ အရေးယူ၊ ပြုပြင်၊ ဖျက်သိမ်း ဟူသော မူအရ အရပ်ဘက်အုပ်ချုပ်ရေးလက်အောက်မှ ဆောင်ရွက်လျက်ရှိပြီး နယ်ခြားစောင့်တပ်(BGF)နှင့် ပတ်သက်၍မူ တပ်ပိုင်းဆိုင်ရာအရ ဆောင်ရွက်ရန်အတွက် လမ်းညွှန်ထားသည်ဟု ဆိုသည်။

ထိုသတင်းစာရှင်းလင်းပွဲအပြီး တရက်အကြာတွင် ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ရင်း ၁၀၂၂ မှ တပ်ရင်းမှူး ဗိုလ်မှူးစောမောသို(စောမုတ်သုန်)မှာ ရာထူးတာဝန်များမှ နုတ်ထွက်သွားခဲ့သည်။ ရွှေကုက္ကိုမြို့သစ်စီမံကိန်းအပါအဝင် ဒေသတွင်း တရားမဝင် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးစောတင်ဝင်းနှင့် ဗိုလ်မှူးစောမောသိုတို့အား နုတ်ထွက်ရန် တပ်မတော်က ညွှန်ကြားခဲ့သည်။ စောမောသို နုတ်ထွက်အပြီး ငါးရက်အကြာ၊ ဇန်နဝါရီ ၁၄ ရက်တွင်မူ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF တပ်မှူး ၁၃ ဦးအပါအဝင် အင်အား ၁၀၀ နီးပါးမှာ တိုင်းစစ်ဌာနချုပ်မှတဆင့် နုတ်ထွက်စာတင်ခဲ့ကြသည်။ ၎င်းတို့သည် BGF မှ နုတ်ထွက်ပြီးပါက ပြန်လည်တောခိုရန် (လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရန်) စီစဉ်ထားသည်။ ယင်းသို့ BGF နှင့် တင်းမာမှုကို လျော့ချရန်အတွက် မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးတဦး ဦးဆောင်ကာ ဇန်နဝါရီ ၁၅ ရက်တွင် ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသ၌ တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။ တွေ့ဆုံမှုအပြီးတွင် BGF ဘက်မှ နုတ်ထွက်စာ ၁၀၀ ကျော်ကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး မူလအတိုင်း ဆက်လက်တာဝန်ထမ်းဆောင်ရန် သဘောတူညီမှု ရရှိခဲ့သည်။

ကရင်ပြည်နယ် နယ်ခြားစောင့်(BGF) တပ်ဖွဲ့သည် DKBA(တိုးတက်သော ကရင်အမျိုးသားဗုဒ္ဓဘာသာ တပ်မတော်) မှ တပ်ရင်း ၁၂ ရင်း၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF မှ တပ်ရင်း တရင်းတို့က ၂၀၁၀ ပြည့်နှစ် သြဂုတ်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်းပြောင်းလဲခဲ့ပြီး လက်ရှိတွင် စုစုပေါင်းတပ်အင်အားမှာ ခန့်မှန်းခြေအားဖြင့် သုံးထောင်ကျော် ရှိမည်ဟု ဆိုသည်။

တရုတ်၏ ယာယီခြံစည်းရိုးများ ပြန်ဖျက်ပေးရမည်

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ရှမ်းပြည်နယ်၊ လောက်ကိုင်ခရိုင်၊ မူဆယ်ခရိုင်၊ ဟိုပန်ခရိုင်နှင့် ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ကချင်ပြည်နယ်၊ လိုင်ဇာမြို့နှင့် ပါဂျောင်ဒေသတို့တွင် တရုတ်နိုင်ငံဘက်က ခြံစည်းရိုးများ ကာရံခဲ့သည်။ ကိုဗစ်ကာလအတွင်း လူအကူးအသန်းများသော နေရာများတွင် ကူးလူးဆက်ဆံမှု မရှိစေရန်အတွက် ယာယီ ခြံစည်းရိုးများ ကာရံခဲ့ခြင်းဖြစ်သည်ဟု တရုတ်ဘက်က ဆိုသည်။ သို့သော် ကာရံထားသည့် သံဆူးလိပ် ခြံစည်းရိုးများသည် နှစ်နိုင်ငံ နယ်နိမိတ်အတွင်းရှိ မှတ်တိုင်များကြားသို့ ရောက်ရှိနေပြီး နှစ်နိုင်ငံ နယ်နိမိတ် စာချုပ်ပါ အချက်အလက်များကို ဖောက်ဖျက်ထားသည့်အတွက်   ပြန်လည်ဖျက်သိမ်းပေးရမည်ဟု သမ္မတရုံးက ပြောသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်နိမိတ် သဘောတူစာချုပ်ကို ၁၉၆၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်တွင် သဘောတူညီ ချုပ်ဆိုခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် နယ်နိမိတ် မှတ်တိုင်များကို စိုက်ထူခဲ့သည်။ ထို့နောက် မြန်မာ-တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် နှစ်ဦးကို စေလွှတ်ကာ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းများ ပြန်လည်ဖော်ထုတ်ရေး၊ နယ်နိမိတ် သဘောတူစာချုပ်ပါအချက်များအရ ခြံစည်းရိုးများကို စနစ်တကျ ကာရံရေးနှင့် ခြံစည်းရိုးကာရံလိုသောသူက  ကုန်ကျစရိတ်ကျခံရန် စသည့်အချက်များကို တရုတ်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမည်ဟု ဇန်နဝါရီ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

၂။ သဘောတူညီမှုများ

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ တရက်အလို၊ ဇန်နဝါရီ ၁၀ ရက်တွင် မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု(Feasibility Study)ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့သည်။ အဆိုပါ နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံဘက်မှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံကုမ္ပဏီ China Railway Eryuan Engineering Group Co., Limited(CREEG) တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါတရုတ်ကုမ္ပဏီသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီက လာရောက်ခဲ့သည့်  တရုတ်သမ္မတ ခရီးစဉ်အတွင်း ရရှိခဲ့သော သဘောတူညီချက် ၃၃ ချက်ထဲမှ တခုဖြစ်သည့် မူဆယ်-မန္တလေး အမြန်ရထားလမ်းစီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာဆန်းစစ်မှုကို ပြုလုပ်ခဲ့သည့် ကုမ္ပဏီလည်း ဖြစ်ပြီး တရုတ်အစိုးရ၏ ကျောထောက်နောက်ခံပြု ကုမ္ပဏီတခု ဖြစ်သည်။ CREEG ကုမ္ပဏီသည် ကူမင်း-ကျောက်ဖြူ ရထားလမ်းတည်ဆောက်ရန်အတွက် ၂၀၁၁ ခုနှစ်မှ စတင်ကာ မြန်မာအစိုးရထံ အဆိုပြုခဲ့ပြီး စီမံကိန်းဖြစ်နိုင်ခြေ လေ့လာမှုနားလည်မှုစာချွန်လွှာသည် ၂၀၁၄ တွင် သက်တမ်းကုန်ခဲ့သည်။ ထို့နောက် ၂၀၁၇ နှစ်လယ်ပိုင်းတွင် မူဆယ်-မန္တလေး ရထားလမ်းအတွက် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုပြုလုပ်ရန် ထပ်မံအဆိုပြုခဲ့ပြီး တနှစ်အကြာတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း(CMEC)အရ တရုတ်နိုင်ငံ၏ ဘေဂျင်း-ကူမင်း-ရွှေလီ အမြန်ရထားလမ်းပိုင်းနှင့် မြန်မာနိုင်ငံမှ မူဆယ်- မန္တလေး– ကျောက်ဖြူ အမြန်ရထားလမ်း စီမံကိန်းတို့ကို ချိတ်ဆက် ဆောင်ရွက်မည် ဖြစ်သည်။ ထိုမှတဆင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့နှင့် ချိတ်ဆက် ဆောင်ရွက်မည် ဖြစ်သည်။ ယခု မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံမှ အဆိုပြုထားသော  တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း၏ အစိတ်အပိုင်းတခုဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ၏ ယူနန်ပြည်နယ်၊ တာလီမှ ရွှေလီအထိ ရထားလမ်းပိုင်းကို ၂၀၂၃ ခုနှစ်ကုန်တွင် ဖောက်လုပ်ပြီးစီးရန် လျာထားပြီး ရထားစတင်ပြေးဆွဲနိုင်မည်ဆိုပါက တရုတ်-မြန်မာ နယ်စပ်အထိ ပေါက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ တရုတ်-မြန်မာ ရထားလမ်း ချိတ်ဆက်ခြင်းနှင့် မြန်မာနိုင်ငံအတွင်း ရထားလမ်းဖောက်လုပ်ခြင်းသည် မြန်မာနိုင်ငံအား လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသော ကြီးမားသည့်စျေးကွက်ကြီးနှင့် ကျယ်ပြန့်သော အာရှ-ဥရောပကုန်းမြေ(Eurasia)ကို ပိုမိုနီးကပ်စွာ ချိတ်ဆက်ပေးနိုင်မည်ဖြစ်ကာ မြန်မာ့စီးပွားရေးတိုးတက်ရေးနှင့် ပြည်သူလူထုဘဝ ကောင်းမွန်ရေးကို အထောက်အကူ ပြုမည့်အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားဖြည့်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ဆိုသည်။

မန္တလေး-မူဆယ် အမြန်ရထားလမ်းသည် ကီလိုမီတာ ၅၀၀(မိုင် ၃၁၀ ကျော်) ရှည်လျားမည်ဖြစ်ပြီး တနာရီလျှင်  ကီလိုမီတာ ၁၆၀(မိုင် ၁၀၀)နှုန်းဖြင့် မောင်းနှင်နိုင်ရန် ဒီဇိုင်းထုတ်ထားသည်။ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ကိုးဘီလီယံခန့် ရှိမည်ဖြစ်သည်။

ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းတည်ဆောက် ထားသော တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့်အပြိုင် ဖောက်လုပ်မည့် အဆိုပါ ရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကိုသာ အလေးထားလုပ်ဆောင်နေသော စီမံကိန်းဖြစ်သည်ဟု ပြည်တွင်းမှ လေ့လာစောင့်ကြည့်သူများ၏ ပြောကြားချက်ကို ဧရာ၀တီသတင်းဌာနနှင့် RFA သတင်းဌာနတို့တွင် ဖော်ပြထားသည်။

စစ်ရေးနှင့် စီးပွားရေးမဟာဗျူဟာ လိုအပ်ချက်များအရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှတဆင့် အိန္ဒိယသမုဒ္ဒရာအား ပိုမိုစိုးမိုးလာနိုင်ရန် ကြိုးပမ်းနေကြောင်း လေ့လာသူများ၏ ပြောကြားချက်ကိုလည်း ဧရာ၀တီသတင်းဌာန၏ အင်္ဂလိပ်ဘာသာ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

၃။ နိုင်ငံတကာသုံးသပ်ချက်များ

ယခုတပတ်၌ နိုင်ငံတကာမီဒီယာများဖြစ်သော တရုတ်နိုင်ငံအခြေစိုက် South China Morning Post သတင်းဌာနနှင့် South Asian Monitor တို့တွင် ဖော်ပြခဲ့သည့်အချို့ကို ထုတ်နုတ်တင်ပြရလျှင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ နေပြည်တော်ခရီးစဥ်အတွင်း ကတိပြုခဲ့သော မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဥ်တိုးတက်စေရန်နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း အကောင်အထည်ဖော်မှု တိုးတက်စေရန်တို့အတွက် တရုတ်-မြန်မာ နယ်စပ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအား တရုတ်နိုင်ငံက ကူညီဆောင်ရွက်သွားမည်ဟူသော ကတိပြုချက်များမှာ တရုတ်နိုင်ငံအနေနှင့် အမေရိကန်၊ ဂျပန်၊ အိန္ဒိယနိုင်ငံများနှင့် ဒေသတွင်းအားပြိုင်မှုများအတွက် အထောက်အကူဖြစ်‌စေရန် ဦးတည်သော ဟန်ပြအကူအညီ(Show of Support)သာ ဖြစ်သည်ဟု ဆောင်းပါးရှင်က သုံးသပ်ထားသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းကလည်း အိန္ဒိယမီဒီယာအများစုတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား တရုတ်အစိုးရက ငွေကြေးနှင့် လက်နက်အကူအညီများ ထောက်ပံ့ပေးနေသည်ဟူသော ရေးသားချက် အများအပြားကို တွေ့မြင်ခဲ့ရသလို ယခုအခါတွင်လည်း တရုတ်အစိုးရ၏ ကတိပြုချက်များသည် ဟန်ပြ(Show)သက်သက်သာ ဖြစ်သည်ဟူသော သုံးသပ်ချက်များကို နိုင်ငံတကာမီဒီယာများတွင် မြင်တွေ့ရခြင်းဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးဝင်းမြင့်အား တရုတ်နိုင်ငံအနေနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာအရေးကို ကူညီသွားမည်ဟူသော ကတိပြုပြောကြားမှုနှင့်ပတ်သက်၍ ဂျပန်နိုင်ငံအခြေစိုက် Nikkei Asia သတင်းဌာနကလည်း တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ အစိုးရအပြောင်းအလဲမတိုင်ခင် အိမ်နီးချင်းနိုင်ငံများနှင့် နီးကပ်သောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ကြိုးပမ်းခြင်းဖြစ်သည်ဟု သုံးသပ်ထားသည်။

၄။ အချက်အလက်များ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဥ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စာချုပ်၊ နားလည်မှုစာချွန်လွှာ၊ မှတ်တမ်းလွှာ၊ စာလွှာနှင့် အစီအစဉ်တို့ အပါအဝင် အောက်ပါ သဘောတူညီချက် ခြောက် ချက်ကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။

၁။ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်၊

၂။ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊

၃။ ကချင်ပြည်နယ် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် ငွေကြေးအထောက်အပံ့ပေးအပ်ရေး စာလွှာ၊

၄။ တရုတ်နိုင်ငံ၏ အတိုးမဲ့ ချေးငွေဖြင့် ဝယ်ယူသည့် လူစီးရထားတွဲများဆိုင်ရာ စာလွှာ၊

၅။ ကျေးလက် လမ်းတံတား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ အစည်းအဝေး မှတ်တမ်းလွှာ၊

၆။ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် ဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်အစီအစဉ် တို့ဖြစ်သည်။

ထို့အပြင် အဆိုပါခရီးစဥ်နှင့် ပတ်သက်၍လည်း မြန်မာအစိုးရ၏ ထုတ်ပြန်ချက်နှင့် တရုတ်နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်များမှာ အချက်အလက်တချို့ ကွာခြားမှုရှိသည်ကို တွေ့ရသည်။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ နှစ်နိုင်ငံဆွေးနွေးချက် ခုနစ်ချက်ရှိပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌မူ ဆွေးနွေးချက် ၁၀ ချက် ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ကွာဟနေသောအချက် သုံးချက်မှာ –

၁။ အစိုးရအသစ် အောင်မြင်စွာဖွဲ့စည်းနိုင်ရေးကို မျှော်လင့်ကြောင်းနှင့် ဝမ်းမြောက်ကြိုဆိုခြင်း၊

၂။ မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုနှင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ Code of Conduct ရေးဆွဲရာ၌ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူစဥ်အတွင်း အာဆီယံ-တရုတ် ဆက်ဆံရေး တိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ပေးရန်နှင့်

၃။ မြန်မာနိုင်ငံအနေဖြင့် ထိုင်ဝမ်အရေး၊ ဟောင်ကောင်အရေးနှင့် ရှင်းကျန့်ပြည်နယ်အရေးတို့တွင် တရုတ်တနိုင်ငံတည်းမူဝါဒ(One China Policy) အရ တရုတ်နိုင်ငံဘက်မှ ခိုင်မာစွာ ရပ်တည်သည်ဟူသော အချက်များဖြစ်သည်။

မြန်မာနိုင်ငံအစိုးရဘက်မှ သတင်းထုတ်ပြန်ချက်များတွင် အထက်ပါ ဆွေးနွေးချက်သုံးချက်ကို မည်သည့်အတွက်ကြောင့် ချန်လှပ်ထားခဲ့သနည်းဆိုသည်မှာ ပဟေဠိတခုအဖြစ် သတိပြုစရာဖြစ်သည်။

စဉ်

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနထုတ်ပြန်ချက်

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်

၁

အေးအတူပူအမျှအသိုက်အဝန်း ထူထောင်ရေး လုပ်ငန်းစီမံချက်ရေးဆွဲရန်နှင့် နိုင်ငံတော်ခရီးစဥ်များအတွင်း ရေးထိုးနိုင်ရေး

ပါရှိသည်။

၂

CMEC ပူးပေါင်းဆောင်ရွက်ရေး

ပါရှိသည်။

၃

ကိုဗစ်-၁၉ ပူးပေါင်းတိုက်ဖျက်ရေး

ပါရှိသည်။

၄

မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထောက်ပံ့ပေးရေး

ပါရှိသည်။

၅

မြန်မာ-တရုတ် ယဥ်ကျေးမှုခရီးသွားနှစ်ဖော်ဆောင်ရေး

ပါရှိသည်။

၆

နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဥ် တိုးတက်ရေး

ပါရှိသည်။

၇

ကုလသမဂ္ဂနှင့် နိုင်ငံတကာစာမျက်နှာတွင် ပိုမို ပူးပေါင်းဆောင်ရွက်ရေး

ပါရှိသည်။

၈

မပါရှိပါ။

အစိုးရအသစ် အောင်မြင်စွာ ဖွဲ့စည်းနိုင်ရေးကို မျှော်လင့်ကြောင်းနှင့် ဝမ်းမြောက်ကြိုဆိုသည်။

၉

မပါရှိပါ။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုနှင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ Code of Conductရေးဆွဲရာ၌ မြန်မာနိုင်ငံသည် ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

၁၀

မပါရှိပါ။

ထိုင်ဝမ်၊ ဟောင်ကောင်နှင့် ရှင်းကျန့်ပြည်နယ် အရေးတို့တွင် မြန်မာနိုင်ငံသည် One China Policy အပေါ် ရပ်တည်သည်။

ဇေရှိုင်းဗိုလ်၊ လင်းထက်အောင်

The post တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ဒုတိယပတ် (ဇန်နဝါရီ ၉ ရက်မှ ၁၅ ရက် အထိ) appeared first on ISP Myanmar China Desk.

တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ပထမပတ်(ဇန်နဝါရီ ၂ ရက် မှ ၈ ရက် အထိ)
ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာ ဆက်ဆံရေးနှင့်သက်ဆိုင်သော ပြည်တွင်း၊ ပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၅၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများထဲမှ သတိပြုစရာ –

၁။ သတင်းများ

၂။ သဘောတူညီမှုများ

၃။ နိုင်ငံတကာသုံးသပ်ချက်များ

၄။ ကိန်းဂဏန်းအချက်အလက်များကို ထုတ်နုတ်တင်ပြသွားမည် ဖြစ်ပါသည်။

၁။ သတိပြုစရာ သတင်းများ

တရုတ်ချေးငွေနှင့် လူစီးရထားတွဲများ

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီအတွင်းက မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သော တရုတ်သမ္မတ ရှီကျင့်ဖျင်၏ သဘောတူညီချက် ၃၃ ချက်တွင် ‘အတိုးမဲ့ချေးငွေဖြင့် လူစီးရထားတွဲများ ဝယ်ယူရေး သဘောတူ စာချုပ်’ လည်း ပါဝင်ခဲ့သည်။ အဆိုပါစာချုပ်အရ တင်သွင်းလာသောရထားတွဲ ၂၈ တွဲသည် သီလဝါဆိပ်ကမ်းသို့ ယခုနှစ် ဇန်နဝါရီ ၅ ရက်တွင် စတင်ရောက်ရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ ဖော်ပြချက်အရ သိရသည်။ ချေးငွေ အမျိုးအစားမှာ စာချုပ်ပါအတိုင်း အတိုးမဲ့ ဖြစ်သည်ဟု သိရပြီး စုစုပေါင်းချေးငွေမှာ ယွမ်သန်း ၈၀ ရှိသည်ဟု ဆိုသည်။ ချေးငွေသက်တမ်းမှာ နှစ် ၂၀ ဖြစ်ပြီး ချေးယူကာလ ငါးနှစ်၊ ဆိုင်းငံ့ကာလ ငါးနှစ်နှင့် ပြန်ဆပ်ကာလ ၁၀ နှစ်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၏ အစည်းအဝေးမှတ်တမ်းများအရ သိရသည်။ အထက်ပါ လူစီး ရထားတွဲများ ဝယ်ယူရေးကိစ္စရပ်များနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းကပင် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးအတည်ပြုခဲ့သည်။

တရုတ်နိုင်ငံမှ ဝယ်ယူမည့် ကိုဗစ်-၁၉ ကာကွယ်ဆေး

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် ဘေဂျင်းမြို့ရှိ မြန်မာသံရုံးက ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ပတ်သက်၍ ထုတ်ပြန်ချက်တခု ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးများမှာ ၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်း အစောဆုံးကာလများတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည့် အခြေအနေရှိကြောင်းနှင့် မြန်မာသံရုံး၏ ကာကွယ်ဆေးရရှိရန် ကြိုးပမ်းမှုအခြေအနေများကို ဖော်ပြထားသည်။ တရုတ်နိုင်ငံအနေဖြင့်လည်း နိုင်ငံတကာ အစည်းအဝေးများတွင် ကာကွယ်ဆေးမိတ်ဖက်ထူထောင်သွားမည့်အကြောင်းများနှင့် များစွာသော နိုင်ငံများအား ကာကွယ်ဆေး ဦးစားပေးဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများကို ကတိပေးချက်များလည်း ရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာအတွင်းက တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ကျဲ့ချီ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်းတွင်လည်း ကာကွယ်ဆေးနှင့် ပတ်သက်၍ ဦးစားပေးမျှဝေလိုကြောင်းလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။

ထို့အပြင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၈ ရက်က မြန်မာနိုင်ငံသားယာဉ်မောင်း ၂၃ ဦးကို တရုတ်က ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး နှစ်ပတ်ခန့်အကြာတွင် ဒုတိယအကြိမ်ထိုးနှံရမည်ဖြစ်ကြောင်း 7 Day Daily သတင်းဖော်ပြချက် လည်း ရှိခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာအစိုးရတာဝန်ရှိသူများက ကာကွယ်ဆေးအမည်ကို မေးမြန်းခဲ့သော်လည်း တရုတ်အစိုးရတာဝန်ရှိသူများက ဖြေကြားခြင်းမရှိကြောင်း ဖော်ပြထားသည်။ မြန်မာဘက်က နောင်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမည်ဆိုပါက မြန်မာအစိုးရထံ ကြိုတင်အကြောင်းကြားရန် အသိပေးခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သတင်းဌာနများ၏ ဖော်ပြချက်လည်း ရှိခဲ့သည်။ ဝမ်ယိမှာ တရုတ်အစိုးရအဖွဲ့အတွင်း အရေးပါအရာရောက်သူ တဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရတက်လာပြီးနောက်ပိုင်း မြန်မာ နိုင်ငံသို့ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၉၊ (၂၀၂၀ – တရုတ်သမ္မတရှီကျင့်ဖျင်နှင့်အတူ) နှစ်များအတွင်း လေးကြိမ် လာရောက် ခဲ့သည်။ ဝမ်ယိ၏ ခရီးစဉ်တခုချင်းစီတွင် ထူးခြားချက်များလည်း ရှိနေသည်။ ၂၀၁၆ ခုနှစ် ခရီးစဉ်၌ NLD အစိုးရ တက်လာပြီးနောက်ပိုင်း ပထမဆုံးလာရောက်လည်ပတ်သော နိုင်ငံခြားသံတမန်ဖြစ်ခဲ့သည်။ ၂၀၁၇ ခုနှစ် ခရီးစဉ်တွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံကို အဆိုပြုခဲ့သည်။ ၂၀၁၉ ခုနှစ် ခရီးစဉ်အတွင်း ICJ ကိစ္စရပ်များနှင့် ၂၀၂၀ ပြည့်နှစ်အတွင်း အဆင့်မြင့်အရာရှိများ လည်ပတ်ရေးကိစ္စရပ်များဆွေးနွေးခဲ့ပြီး တလ အကြာတွင် တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ ခရီးစဉ်အားလုံး၌ နိုင်ငံတော်သမ္မတ (ဦးထင်ကျော်/ဦးဝင်းမြင့်)၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်ကိုလည်း တွေ့ရသည်။ ယခု ခရီးစဉ်၌လည်း ကိုဗစ်ကာကွယ်ဆေး၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းများနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးကိစ္စရပ်များ၌ ထူးခြားချက်များရှိလာနိုင်ကြောင်း သုံးသပ်ချက်များလည်း ရှိနေသည်။

၂။ သတိပြုစရာ သဘောတူညီမှုများ

မြန်မာတိုင်းမ်သတင်းဌာနတွင် ဖော်ပြခဲ့သော ရှမ်းပြည်နယ်တွင် ကန်ထရိုက်လယ်ယာစနစ် (Contract Farming) ဖြင့် ပြောင်းဧက တသန်းကျော် စိုက်ပျိုးထုတ်လုပ်ရန် ပြည်နယ်အစိုးရ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် တောင်သူများ ပူးပေါင်းစီစဉ်နေသည့် သတင်းမှာ သတိပြုစရာဖြစ်သည်။ မြန်မာတနိုင်ငံလုံး၌ ပြောင်းတန်ချိန် ၂ ဒသမ ၃ သန်းခန့် နှစ်စဉ်စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ထိုထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေခြင်းဖြစ်သည်။ ကမ္ဘာဈေးကွက်၌ ပြောင်းဈေးနှုန်းသည်လည်း ၂၀၁၀ ခုနှစ်မှစ၍ ၅၇ ရာခိုင်နှုန်း ကျော်ထိ တဟုန်ထိုး မြင့်တက်လာခဲ့သည်။ ထို့အပြင် တရုတ်ပြည်တွင်း၌ အသားစားသုံးမှုလည်း မြင့်တက်လာရာ ပြောင်းကို တိရစ္ဆာန်အစာကုန်ကြမ်းအဖြစ် ဝယ်ယူမှုလည်း မြင့်တက်လာသည်။ ဈေးကွက်၏ ဝယ်လိုအားကြောင့် တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်၌ ပြောင်းကို တသီးတည်းစိုက်သောစနစ်(Monoculture)ဖြင့် စီးပွားဖြစ် အမြောက်အမြားစိုက်ပျိုးလာကြပြီး ဘေးထွက်ဆိုးကျိုးအနေဖြင့် သစ်တောပြုန်းတီးမှုကို အရှိန်အဟုန် မြင့်မားစွာ ဖြင့် ရင်ဆိုင်နေရကြောင်း ISEAS – Yusof Ishak Institute၏ ၂၀၂၁ ခုနှစ်တွင် ထုတ်ဝေသော စာတမ်းတစောင်၌ ဖော်ပြထားသည်။ ရှမ်းပြည်နယ် လားရှိုးမြို့အတွင်းရှိ တောင်ကုန်းတောင်စောင်းအားလုံးတွင်လည်း ဇီဝမျိုးစုံ သစ်တောများအဖြစ်မှ ပြောင်းစိုက်ခင်းများ အဖြစ်ပြောင်းလဲခဲ့ကြောင်းလည်း အဆိုပါစာတမ်းတွင် ဖော်ပြထား သည်။ ပြောင်းဈေးနှုန်းမြင့်မားခြင်း၊ တရုတ်ဝယ်လိုအား မြင့်မားခြင်းတို့ကြောင့် ပြောင်းစိုက်ပျိုးခြင်းသည် စီးပွားရေးအရ အကျိုးအမြတ်ဖြစ်ထွန်းနိုင်သော်လည်း မြေဧက မြောက်မြားစွာကို တသီးတည်းစနစ်ဖြင့် စီးပွားဖြစ် အမြောက်အမြားစိုက်ပျိုးမှု (Industrial Farming) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မြေယာပြဿနာ၊ သဘာဝ ပတ်ဝန်းကျင်ပြဿနာများကို ကြိုတင်တွက်ချက်၍ စဉ်းစားအဖြေရှာထားရန် လိုအပ်ပေသည်။

၃။ သတိပြုစရာ နိုင်ငံတကာသုံးသပ်ချက်

အိန္ဒိယသတင်းဌာနတခုဖြစ်သော The Hitavada တွင် ဖော်ပြထားသည့် “အရှေ့မြောက်ကုန်းတွင်းပိုင်းမှ နဂါး” ဆောင်းပါးတွင် အိန္ဒိယ-မြန်မာနယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ တရားမဝင် တရုတ် လက်နက်များ၊ ယင်းလက်နက်ဈေးကွက်၏ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်မှုများနှင့် အိန္ဒိယ၏ အရှေ့အရပ်သို့ မျှော်(Act East) မူဝါဒအပေါ် သက်ရောက်မှုများကို သုံးသပ်ရေးသားထားသည်။ ရိုင်ဖယ်၊ ပစ္စတိုနှင့် ပခုံးထမ်းဒုံးလက်နက်များ စသည့် တရုတ်နိုင်ငံထုတ်လက်နက်များသည် မြန်မာ-ထိုင်းနယ်စပ်မှတဆင့် မြန်မာ-အိန္ဒိယနယ်စပ်တလျှောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့များဆီသို့ ရောက်ရှိနေပြီး ယင်းမှာ တရုတ်က အိန္ဒိယ၏ လက်ရှိကျင့်သုံးနေသော အရှေ့ အရပ်သို့ မျှော်ခြင်း မူဝါဒကို နှောင့်နှေးစေရန် ရည်ရွယ်ချက်ဖြင့် ပြုမူသည့် Diploterrorism ဖြစ်သည်ဟု ဆောင်းပါးရေးသူက သုံးသပ်ထားသည်။ မြန်မာအစိုးရကို ဆန့်ကျင်နေသော လက်နက်ကိုင်များနှင့် အိန္ဒိယ အစိုးရကို ဆန့်ကျင်နေသော လက်နက်ကိုင်များပါ အဆိုပါတရုတ်လက်နက်များကို အသုံးပြုနေကြသည့်အပြင် တရုတ်ထံမှ အကူအညီများရရှိလျက်ရှိခြင်းကြောင့် ဒေသတွင်းလုံခြုံရေး ထိခိုက်လျက်ရှိနေသည်ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။

၄။ သတိပြုစရာအချက်လက်များ

၂၀၂၀ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများ

၂၀၂၀ ပြည့်နှစ်အတွင်း လူကုန်ကူးမှု ၁၁၁ မှု ဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ ဖော်ပြချက်အရ သိရသည်။ အဆိုပါ ၁၁၁ မှုအနက် အဓမ္မလက်ထပ်မှု ၈၃ မှု၊ အဓမ္မလုပ်အားစေခိုင်းမှု တမှုနှင့် အဓမ္မအငှားကိုယ်ဝန်ဆောင်မှု တမှု စုစုပေါင်း ၈၅ မှုမှာ တရုတ်နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည်မှာ သတိပြုဖွယ်ရာဖြစ်သည်။ လအလိုက်အနေဖြင့် ဇန်နဝါရီတွင် ၁၅ မှု၊ ဖေဖော်ဝါရီတွင် ခုနစ်မှု၊ မတ်တွင် ကိုးမှု၊ ဧပြီတွင် ခြောက်မှု၊ မေတွင် ခြောက်မှု၊ ဇွန်တွင် ၁၅ မှု၊ ဇူလိုင်တွင် ၁၄ မှု၊ ဩဂုတ်တွင် ၁၆ မှု၊ စက်တင်ဘာတွင် ခြောက်မှု၊ အောက်တိုဘာတွင် လေးမှု၊ နိုဝင်ဘာတွင် ရှစ်မှုနှင့် ဒီဇင်ဘာတွင် ငါးမှု အသီးသီးဖြစ်ပွားခဲ့သည်။

သန့်အောင်ပိုင်၊ ထက်ရှိန်လင်း

The post တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ပထမပတ်(ဇန်နဝါရီ ၂ ရက် မှ ၈ ရက် အထိ) appeared first on ISP Myanmar China Desk.

တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ဒီဇင်ဘာ စတုတ္ထပတ်(၁၉ မှ ၂၅ ရက် အထိ)
ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာ ဆက်ဆံရေးနှင့်သက်ဆိုင်သော ပြည်တွင်း၊ ပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၇၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများထဲမှ အလေးပေးအာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို အနှစ်ချုပ် ဖော်ပြမည် ဖြစ်ပါသည်။

တရုတ်-မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်

အာရုံစိုက်ဖွယ် သတင်းတပုဒ်မှာ မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးဇုန်စီမံကိန်း၏ အစိတ်အပိုင်းတခုဖြစ်သော ကြူကုတ်-ပန်ဆိုင်း စီမံကိန်းကို တရုတ်ဘက်က ဖြုတ်ချခဲ့သည်ဟူသော Myanmar Times သတင်းဌာန၏ သတင်းဖော်ပြချက်ဖြစ်သည်။ မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးဇုန်စီမံကိန်းသည် နိုင်ငံတကာ စီးပွားရေးပင်မဇုန် (Core Zone)၊ ပို့ကုန်ထုတ်လုပ်မှုဇုန်နှင့် ကုန်လှောင်ရုံဇုန်များ၊ သွင်းကုန်ထုတ်လုပ်မှုဇုန်နှင့် ကုန်လှောင်ရုံဇုန်များ တည်ဆောက်ရန် နှစ်နိုင်ငံသဘောတူထားသော စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းတွင် ပို့ကုန်ထုတ်လုပ်မှုဇုန်နှင့် ကုန်သိုလှောင်ရုံဇုန်များ၊ အခြားစီမံကိန်းအစိတ်အပိုင်းများနှင့် ချိတ်ဆက် ဆက်သွယ်သော လမ်းကွန်ရက်များ တည်ဆောက်ရန် ကြူကုတ်-ပန်ဆိုင်း၊ ဝမ်တိန်-ကျင်စမ်းကျော့ ဒေသတို့ကို ထောက်ပံရေးဇုန်များအဖြစ် စီမံကိန်းစတင်ရေးစွဲစဉ်က တရုတ်နိုင်ငံဘက်မှ အဆိုပြုခဲ့သည်။ ကြေးမုံ သတင်းစာ၏ ဖော်ပြချက်အရ ဒီဇင်ဘာ ၁၇ ရက်တွင် မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေး ဆိုင်ရာ ဗဟိုကော်မတီ၏ (ဆဋ္ဌမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပြီး ထိုအစည်းအဝေးတွင် တရုတ်ဘက်က ကြူကုတ်-ပန်ဆိုင်း စီမံကိန်းကို ပယ်ချခဲ့ခြင်းဖြစ်သည်။ ကြူကုတ်-ပန်ဆိုင်း စီမံကိန်းကို တရုတ်က စတင်အဆိုပြုစဉ်ကပင် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသောနယ်မြေ ဖြစ်၍ မြန်မာအစိုးရက တရားဝင်အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။ ယခုအခါ တရုတ်ဘက်မှလည်း ပြန်လည်ပယ်ဖျက်ခဲ့ပြီး မူဆယ်-ရွှေလီနယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တွင် မူဆယ်-ရွှေလီဒေသကို ပင်မဇုန် (Core Zone) အဖြစ်လည်းကောင်း၊ ဝမ်တိန်-ကျင်းစမ်းကျော့ဒေသကို ထောက်ပံ့ရေးဇုန်အဖြစ်လည်းကောင်း နှစ်နေရာတွင်သာ အကောင်အထည်ဖော်ရန် ဒီဇင်ဘာ ၁၇ ရက်တွင် ကျင်းပသော ဗွီဒီယိုကွန်ဖရင့်အစည်းအဝေး၌ သဘောတူခဲ့သည်။

ကချင်ကျောက်စိမ်း တရုတ်ဝယ်လက်

ဖားကန့်မြို့၌ ပထမဆုံး အဆင့်မြင့် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစင်တာ တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီး ဆိုသော နိုင်ငံပိုင်သတင်းစာ၏ သတင်းဖော်ပြချက်လည်း ရှိခဲ့သည်။ အဆိုပါ စင်တာအတွက် ဖားကန့်ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက ဒေသခံလူငယ်များအား မန္တလေး၊ နေပြည်တော်နှင့် ရွှေလီတို့သို့ ပညာသင်စေလွှတ်ထားခဲ့သည်။ အဆိုပါ စင်တာတွင် ကျောက်အရောင်းအဝယ်ပြုလုပ်နိုင်သည့် ရုံသုံးရုံပါဝင်ပြီး တရုံလျှင် ၂၁၆ ခန်းဖြင့် ၆၄၈ ခန်းပါဝင်မည် ဖြစ်ကာ သုံးခန်းတွဲ သုံးထပ်အဆောက်အအုံ နှစ်လုံး၊ စားသောက်ရုံနှစ်ခန်းတွဲ နှစ်လုံးနှင့် စားသောက်ဆိုင် သုံးခန်းတွဲနှစ်လုံးတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။ ထိုအတွက် ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာပြီး နိုင်ငံတော်အတွက်လည်း အခွန်စနစ်တကျရရှိလာမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း မီဒီယာဖော်ပြချက်များတွင်မူ ကျောက်စိမ်းဈေးကွက်တွင် တရုတ်ကုန်သည်များလွှမ်းမိုးနေခြင်း၊ ရှိနှင့်ပြီးဖြစ်သော မန္တလေးကျောက်စိမ်းဈေးကွက်တွင်ပင် တရုတ်မိုဘိုင်းလ်ပိုက်ဆံ App ဖြစ်သော WeChat ကို လုံးဝ အားကိုးရောင်းဝယ်နေရပြီး ဈေးအနှိမ်ခံရခြင်းများလည်း ရှိနေကြောင်း တွေ့ရသည်။

တစ်ရှူးငှက်ပျော

ကချင်ပြည်နယ်တွင် စိုက်ဧက တသိန်းခွဲခန့် စိုက်ပျိုးထားပြီး အပင်ပေါင်း သန်း ၂ဝဝ ကျော်ရှိနေသော တစ်ရှူးငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းတွင် တနှစ်ကျော် အရှုံး‌ပေါ်ပြီးနောက် တရုတ်ကုမ္ပဏီ သုံးခုသည်  မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည်ဟု The Daily Eleven သတင်းစာက ဖော်ပြသည်။ လက်ရှိအချိန်တွင် တရုတ်ကုမ္ပဏီသုံးခုသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အသွားအလာ၊ ပို့ဆောင်ရေးများ အခက်အခဲကြုံရပြီး တိကျသော ဥပဒေမရှိခြင်းနှင့် မြေပြိုခြင်း၊ ရေကြီးခြင်းများကြောင့် အရှုံးပေါ်ကာ ထွက်ခွာကြသည်ဟုဆိုပြီး ၎င်းတို့အနေဖြင့် လာအိုနိုင်ငံဘက်သို့ ‌ရွှေ့ပြောင်းလုပ်ကိုင်ကြမည်ဟု ဆိုသည်။ အရှုံးပေါ်ကာ ထွက်ပြေးကြသောကုမ္ပဏီ  သုံးခုလည်းရှိပြီး အဆိုပါကိစ္စအတွက် ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းက တရုတ်အစိုးရထံ တိုင်ကြားထားသည်ဟု ဆိုသည်။

အခြားသတင်းများ

ယခုတပတ်အတွင်း ထူးခြားသော တရုတ်လှူဒါန်းမှုများအဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသော SSPP/ SSA နှင့် UWSP/ UWSA တို့သို့ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်၍ လှူဒါန်းခဲ့သည်ကိုလည်း တွေ့ရသည်။ ‘၀’ အထူးဒေသအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများက ကိုဗစ် ကာကွယ်ရေးအတွက် အစားအသောက်၊ ဆေးဝါးနှင့် ပစ္စည်းများလှူဒါန်းခဲ့သည်ဟု The Daily Eleven သတင်းစာက ဖော်ပြခဲ့ပြီး SSPP/ SSA သို့ လှူဒါန်းမှုမှာ လေးကြိမ်မြောက်ဟု သိရသည်။

ဈေးကွက်လက်ဝါးကြီးအုပ်မှုကြောင့် တရုတ်နိုင်ငံအတွင်းတွင် အလီဘာဘာ ကုမ္ပဏီ စုံစမ်းစစ်ဆေးခံနေရကြောင်း BBC သတင်းဖော်ပြချက်လည်း ရှိခဲ့သည်။ အလီဘာဘာ ကုမ္ပဏီအနေဖြင့် အထူးကုန်သွယ်ရေး သဘောတူစာချုပ်များ လက်မှတ်ထိုးရန် အရောင်းအဝယ်လုပ်သော ကုန်သည်များကို ဖိအားပေးခဲ့ခြင်းနှင့် ပတ်သက်၍ ဈေးကွက်စည်းမျဉ်းဆိုင်ရာ ထိန်းချုပ်သူများဘက်က မကြာသေးခင်က သတိပေးခဲ့သည်။ ယင်းသဘောတူစာချုပ်အရ အရောင်းအဝယ်လုပ်သူများသည် ပြိုင်ဘက်ကုမ္ပဏီ၏ ဈေးကွက်များတွင် ကုန်ပစ္စည်းတင်သွင်းရောင်းချမှုကို တားမြစ်ထားသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တရုတ်အစိုးရ တာဝန်ရှိသူများက အလီဘာဘာ၏ ဘဏ္ဍာရေးဆိုင်ရာ နည်းပညာကုမ္ပဏီကြီး Ant Group နှင့် တွေ့ဆုံသွားရန်လည်း ရှိနေသည်။ Ant Group သည် မြန်မာနိုင်ငံ၌လည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်လျက်ရှိပြီး Wavemoney တွင် အမေရိကန် ဒေါ်လာ ၇၃ ဒသမ ၅ သန်း ထည့်ဝင်ထားသည်။

The post တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ်  ဒီဇင်ဘာ စတုတ္ထပတ်(၁၉ မှ ၂၅ ရက် အထိ) appeared first on ISP Myanmar China Desk.

တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ဒီဇင်ဘာ တတိယပတ်(၁၂ မှ ၁၈ ရက် အထိ)
ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာ ဆက်ဆံရေးနှင့်သက်ဆိုင်သော ပြည်တွင်း၊ ပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၇၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများထဲမှ အလေးပေးအာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို အနှစ်ချုပ် ဖော်ပြမည် ဖြစ်ပါသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအရွေ့

မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ၏(ဆဋ္ဌမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၇ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်တက်ရောက်ခဲ့ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ရှမ်းပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်းတို့လည်း တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ယင်းစီမံကိန်းအတွက် တည်နေရာ၊ ဧရိယာသတ်မှတ်နိုင်ရေးနှင့် ကွင်းဆင်းလေ့လာခဲ့သည့် အခြေအနေတို့ကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံပိုင်သတင်းစာ ဖော်ပြချက်အရ သိရသည်။ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များကို မြန်မာ-တရုတ် နယ်စပ် သုံးနေရာဖြစ်သော ကန်ပိုက်တီ-ထိန်ချုံး၊ မူဆယ်-ရွှေလီ၊ ချင်းရွှေဟော်-လင်ချမ်းတို့၌ ဆောင်ရွက်ရန်စီမံထားသည်။ အဆိုပါစီမံကိန်းများသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC)အောက်တွင် ဦးစားပေးအဖြစ် အကောင်အထည်ဖော်ရန် အစောဆုံး ထည့်သွင်းခံရသော စီမံကိန်းများလည်းဖြစ်သည်။

ဒီဇင်ဘာ ၁၁ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် Zhejiang ပြည်နယ် ကုန်သွယ်ရေးဦးစီးဌာနတို့ ဦးဆောင်၍ Zhejiang  အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဗဟိုဌာန၊ Chinese Enterprises Chamber of Commerce နှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ ပူးပေါင်းစီစဉ်မှုဖြင့် ကျင်းပသည့် “Matchmaking Conference China (Zhejiang) – Myanmar Investment Cooperation Promotion” ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း The Daily Eleven သတင်းစာဖော်ပြချက်အရ သိရသည်။ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းလည်း တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့သစ်စီမံကိန်း၊ ပုသိမ်စက်မှုမြို့တော်စီမံကိန်း၊ အလားအလာရှိသော မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊ ချည်မျှင်အထည်အလိပ်ကဏ္ဍနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း ၁၄၀ ခန့် တက်ရောက်ခဲ့ကြသည်။

နေပြည်တော်တွင် ကျပ်လေးဘီလီယံအကုန်အကျခံကာ စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားသည်ဆိုသော Myanmar Now ၏ သတင်းဖော်ပြချက်ကိုလည်း ယခုအပတ်အတွင်း စိတ်ဝင်စားဖွယ်ရာတွေ့ရသည်။ နေပြည်တော် လုံခြုံရေးအတွက် မြို့နယ် ရှစ်မြို့နယ်တွင် ကျပ် လေးဘီလီယံကျော် အကုန်ကျခံကာ ဉာဏ်ရည်တုနည်းပညာ(AI) သုံး စောင့်ကြည့်ကင်မရာ(CCTV)  ၃၃၅ လုံး တပ်ဆင်ရန်အတွက် ၂၀၁၉ ခုနှစ်အတွင်း နေပြည်တော်ကောင်စီက တင်ဒါခေါ်ယူခဲ့သည်။ ထိုတင်ဒါတွင် ကုမ္ပဏီ ၁၂ ခု ဝင်ရောက်ယှဉ်ပြိုင်ပြီး နေပြည်တော်အခြေစိုက် Linn IT Solution ကုမ္ပဏီက ထိန်းချုပ်စင်တာနှင့် ကွန်ရက်စနစ်တည်ဆောက်ခွင့်၊ နောင်ရိုးနည်းပညာကုမ္ပဏီက ကင်မရာတပ်ဆင်ခြင်းနှင့် ဆက်သွယ်ရေးကြိုးသွယ်တန်းခြင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိခဲ့သည်။ စီမံကိန်းတွင် အသုံးပြုထားသည့် နည်းပညာပစ္စည်းအများစုမှာ တရုတ် ဟွာဝေးကုမ္ပဏီထုတ် ပစ္စည်းများဖြစ်သည်။ တရုတ်ဒစ်ဂျစ်တယ်ပိုးလမ်းမ စီမံကိန်းမှာ တရုတ်၏ ရည်မှန်းချက်ကြီးမားသော ရပ်ဝန်းလမ်းကြောင်းအစီအမံ(BRI) ၏ အစိတ်အပိုင်းတခုဖြစ်ပြီး ယင်းစီမံကိန်း၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော အချက်အလက်များကို ISP-Myanmar China Desk က စုစည်းဖော်ပြထားပါသည်။

တရုတ်-မြန်မာ နယ်စပ်ရေးရာ

ကိုဗစ်ကာလအတွင်း တရုတ်၏ဝယ်လိုအား မြင့်တက်လာသဖြင့် မြန်မာဖရဲသီးများ ဈေးကောင်းရခဲ့သည်။ နယ်စပ်ကုန်သွယ်ရေးဂိတ်များ၌ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှုများကြောင့် ဖရဲသီးတင်ပို့မှုမှာ ကြန့်ကြာခဲ့ရသော်လည်း ခုနစ်နှစ်အတွင်း အမြင့်မားဆုံး စံချိန်တင် ဈေးကောင်းရရှိခဲ့သည်။ ထို့အပြင် တရုတ်ဈေးကွက်သာမက ယူအေအီး၊ ဒူဘိုင်း၊ ကာတာ၊ စင်ကာပူဈေးကွက်များသို့ပါ မြန်မာ့ဖရဲသီးများကို ပထမဆုံးအကြိမ်တင်ပို့နိုင်ရန် ဒီဇင်ဘာ ၁၃ ရက်တွင် သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ ဤကဲ့သို့ တရုတ်နိုင်ငံ၏ ဝယ်လိုအား မြင့်တက်လာရခြင်းမှာ ကိုဗစ်ကပ်ဘေးကာလအတွင်း တရုတ်စိုက်ပျိုးရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံသို့ လာရောက်၍ တရားမဝင် ဖရဲစိုက်ပျိုးခြင်းကို မလုပ်ဆောင်နိုင်သောကြောင့်ဖြစ်ကြောင်း ဧရာဝတီသတင်းဌာနက သတင်းဖော်ပြခဲ့သည်။ ပုံမှန်နှစ်များတွင် တရုတ်နိုင်ငံနိုင်ငံသားများသည် မြန်မာနိုင်ငံဘက်အခြမ်းတွင် ဖရဲစိုက်ဧက ခြောက်သောင်းကျော် နှစ်စဉ်လာရောက် စိုက်ပျိုးလေ့ရှိပြီး ယခုနှစ်တွင် လာရောက်စိုက်ပျိုးနိုင်ခြင်းမရှိသလို မြန်မာဘက်ကလည်း ယခုနှစ်တွင် စိုက်ဧကလျှော့ချခြင်းကြောင့် စိုက်ဧက သုံးသောင်းခန့်မှထွက်ရှိသော ဖရဲများကိုသာ ဈေးကွက်သို့ တင်ပို့ရောင်းချရလျက်ရှိသဖြင့် ဈေးနှုန်းမှာ နှစ်ဆကျော် မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံဘက်သို့ တင်ပို့သည့် ဖရဲသီးအပြင် မြန်မာနိုင်ငံတွင် တစ်ရှူးငှက်ပျောနှင့် မက္ကာဒေးမီးယား အများအပြားကို တရားမဝင် စိုက်ပျိုးလျက်ရှိရာ ပြည်တွင်းတောင်သူများအား အကာအကွယ်ပေးရန် ထိုကိစ္စများကို အစိုးရအနေဖြင့် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းပေးရန်လိုအပ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

အခြားသော အာရုံစိုက်ဖွယ်ဖြစ်သည့် နယ်စပ်ကုန်သွယ်ရေး သတင်းတပုဒ်မှာ တရုတ်ဝယ်လက်မရှိသဖြင့် နယ်စပ်တွင် ပိတ်မိနေသော အကောင်ရေသောင်းနှင့်ချီသည့် ကျွဲ၊ နွားများအတွက် မွေးမြူရေးခြံတခုကို မန္တလေးတိုင်းအတွင်း ဆောက်လုပ်မည်ဟူသော သတင်းဖော်ပြချက်ဖြစ်သည်။ တရုတ်နိုင်ငံသို့ ကျွဲ၊ နွား အရှင်တင်ပို့ခွင့်ကို တရားဝင် ခွင့်ပြု၍ လိုင်စင်ထုတ်ပေးခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် တရားဝင် ကျွဲ၊ နွား ကုန်သွယ်ရေးမှာ ရပ်တန့်သွားပြီး ကုမ္ပဏီ ၁၅၀ ကျော်မှ ကျွဲ၊ နွား ကောင်ရေ ၁၅၀၀၀ ကျော်သည် မူဆယ်နယ်စပ်တွင် ပိတ်မိနေခဲ့သည်။ ဤကိစ္စကိုဖြေရှင်းရန်အတွက် တရုတ်နိုင်ငံမှ အကောက်ခွန်ဌာနနှင့် ညှိနှိုင်းနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဒေါက်တာထွန်းလွင်က Myanmar Times သတင်းဌာနသို့ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသို့ ကျွဲ၊ နွားအရှင်တင်ပို့မှုကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီမှစတင်ပြီး တရားဝင် ပြန်လည်တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ဆင်ဟွာသတင်းဌာနသို့ ဒီဇင်ဘာ ၁၂ ရက်တွင်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်တက်လာခဲ့ပြီးနောက် တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် နယ်စပ်တလျှောက် ကီလိုမီတာ ၂၀၀၀(မိုင် ၁၂၀၀ ကျော်) ရှည်လျားသည့် သံဆူးကြိုးပတ် နယ်စပ်တံတိုင်းကို တည်ဆောက်နေကြောင်း The Diplomat သတင်းဌာန၏ သတင်းဖော်ပြချက်ရှိခဲ့သည်။ RFA သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါတံတိုင်းကို တောင်ပိုင်းမဟာတံတိုင်းဟု တင်စားပြီး ယခုအခါ ၆၅၉ ကီလိုမီတာ(မိုင် ၄၀၀ ကျော်)ကျော် ဆောက်လုပ်ပြီးစီးပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ တံတိုင်းတည်ရှိရာ နယ်စပ်တလျှောက်သည် မြန်မာပြည်တွင်းမှ တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ရာဒေသဖြစ်ပြီး ကျောက်စိမ်း၊ မူးယစ်ဆေး စသည့်ပစ္စည်းများ၏ တရားမဝင်ကုန်သွယ်ရေးဈေးကွက်နှင့် တရားမဝင်လူကုန်ကူးသည့် ဈေးကွက်များ အခိုင်အမာရှိရာဒေသ ဖြစ်သည်။ ဤတံတိုင်းကို မြန်မာအစိုးရသို့ ကြိုတင်အသိပေးခြင်းမရှိဘဲ ဆောက်လုပ်ခဲ့ပြီး တရုတ်အစိုးရအဆိုအရ ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးအတွက် အဓိကရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ကာကွယ်ဆေး သံခင်းတမန်ခင်း

တောင်တရုတ်ပင်လယ်ပြင် ရေပြင်နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေကြသည့် အရှေ့တောင်အာရှနိုင်ငံ အများစုသည် တရုတ်၏ “ကာကွယ်ဆေး သံခင်းတမန်ခင်း” တွင် အဓိက ဦးတည်ထားသည့်နိုင်ငံများ ဖြစ်လာနေသည်။

တရုတ်သည် ဗိုင်းရပ်စ်ကာကွယ်ဆေးအား ထုတ်လုပ်ပြီး ကာကွယ်ဆေး သန်းနှင့်ချီပြီး ဖြန့်ချိရောင်းချရန် ၎င်းနှင့် ဆက်ဆံရေး အဆင်မပြေသည့် နိုင်ငံများ အပါအဝင် နိုင်ငံအများအပြားနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

တရုတ်သံတမန်များသည် မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့နှင့် ဗိုင်းရပ်စ်ကာကွယ်ဆေး သဘောတူညီချက်များ ရေးထိုးခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံတွင်လည်း ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်မည့် စက်ရုံကို တည်ဆောက်ခဲ့သည်။ ယင်းနှစ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ပိုင်နက်အငြင်းပွားနေကြသည့် နိုင်ငံများဖြစ်သည်။

“ဗိုင်းရပ်စ်ကာကွယ်ဆေးဟာ တရုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုနဲ့ ပထဝီနိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းရာမှာ အကူအညီပေးနိုင်မယ့် ကိရိယာတစ်ခုဖြစ်တယ်” ဟု နိုင်ငံခြားဆက်ဆံရေးကောင်စီ(CFR) ၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆိုင်ရာ အကြီးတန်းအဖွဲ့ဝင် ဟွမ်ရန်ကျုံးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

တရုတ်သည် လက်တင်အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံများအား ဗိုင်းရပ်စ်ကာကွယ်ဆေး ဝယ်ယူနိုင်ရန် ဒေါ်လာ တဘီလီယံ ထုတ်ချေးသွားမည်ဟုလည်း ကတိပြုထားပြီး လာမည့်နှစ်တွင် ဗိုင်းရပ်စ် ကာကွယ်ဆေးအလုံးရေ တဘီလီယံကို အရှိန်အဟုန်မြှင့် ထုတ်လုပ်သွားမည်ဖြစ်ကာ နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သောကြောင့် ပိုလျှံသည့် ဗိုင်းရပ်စ်ကာကွယ်ဆေးများမှာ ရောင်းချသွားရန်အတွက်သာ ဖြစ်သည်။

ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသည့်နိုင်ငံများတွင် စျေးကွက်၏ ၁၅ ရာခိုင်နှုန်းမျှ လက်ဝါးကြီး အုပ်ထားနိုင်ခဲ့မည်ဆိုလျှင် တရုတ်နိုင်ငံသည် ဗိုင်းရပ်စ်ကာကွယ်ဆေး ရောင်းချမှုမှ အမြတ်ငွေ ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံရရှိလိမ့်မည်ဟု ဟောင်ကောင်အခြေစိုက် အကျိုးဆောင်ကုမ္ပဏီ Essence Securities က ခန့်မှန်းထုတ်ပြန်ထားသည်။

“လူမှုအသိုင်းအဝိုင်းတွေက တရုတ်အပေါ် ယုံကြည်မှု မရှိခြင်းဟာ တရုတ်နိုင်ငံထုတ် ဗိုင်းရပ်စ်ကာကွယ်ဆေးအပေါ် ယုံကြည်မှု နည်းပါးနိုင်ပါတယ်” ဟု တရုတ်မူဝါဒဆိုင်ရာ သုံးသပ်သူ နာတာရှာကက်ဆမ်က ပြောကြားခဲ့သည်။

အထက်ပါ သုံးသပ်ချက်များနှင့် တရုတ်နိုင်ငံ၏ ကာကွယ်ဆေးသံခင်းတမန်ခင်းအကြောင်းအရာကို ဒီဇင်ဘာ ၁၈ ရက်ထုတ် The Daily Eleven သတင်းစာတွင် “တရုတ်၏ ကာကွယ်ဆေးနှင့် သံတမန် ပရိယာယ်” ခေါင်းစဉ်ဖြင့်  ဆောင်းပါးရေးသားဖော်ပြထားသည်။

ထို့အတူ ISP-Myanmar China Desk ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသော ဆောင်းပါးရှင် သုတေသီ ခင်ခင်ကျော်ကြီး၏ “တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ” ဆောင်းပါးတွင် တရုတ်၏ကာကွယ်ဆေးသံခင်းတမန်ခင်း လှုပ်ရှားမှုများနှင့် တရုတ်နိုင်ငံတွင်းနှင့် အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးဖြန့်ကျက်နိုင်မှု အလားအလားကို သုံးသပ်ထားပါသည်။

အခြားသတင်းများ

လူကုန်ကူးသူလက်ထဲမှ ပြန်လည်လွတ်မြောက်လာသူ မြန်မာနိုင်ငံသား အမျိုးသမီးသုံးဦးကို တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်၊ ချီလင့်ရဲဌာနနှင့် ရွှေလီမြို့ ပြည်ပရေးရာဌာနတို့က မြန်မာနိုင်ငံ၊ မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ တပ်ဖွဲ့စု ၁၇ ထံသို့ ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက မူဆယ်မြို့ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက်စစ်ဆေးရေးဂိတ် အမှတ် ၁ နန်းတော်ဂိတ်တွင် ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း The Daily Eleven သတင်းစာ ဖော်ပြချက်အရ သိရသည်။ တရုတ်နိုင်ငံသို့ အဓမ္မ လက်ထပ်လူကုန်ကူးမှုများကို စုစည်းထားချက်အရ နိုဝင်ဘာအတွင်း ခုနစ်မှုနှင့် အောက်တိုဘာအတွင်း လေးမှုရှိခဲ့သည်။

The post တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ်  ဒီဇင်ဘာ တတိယပတ်(၁၂ မှ ၁၈ ရက် အထိ) appeared first on ISP Myanmar China Desk.

တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ဒီဇင်ဘာ ဒုတိယပတ် (ဒီဇင်ဘာ ၅ ရက်မှ ၁၁ ရက် အထိ)
ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာဆက်ဆံရေးနှင့် သက်ဆိုင်သော ပြည်တွင်းပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၆၀ နီးပါးကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများမှ အလေးပေးအာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို ISP-Myanmar China Desk က အနှစ်ချုပ် ဖော်ပြပေးမည် ဖြစ်ပါသည်။

တရုတ်-မြန်မာ နယ်စပ် အခြေအနေ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်ရှိ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မိုင်းယု-ကျိန်းယဲန်းတံတားတလျောက် ကုန်စည်စီးဆင်းမှုများ ယာယီပိတ်ထားကြောင်း မြန်မာ့အလင်းသတင်းစာ၏ သတင်းဖော်ပြချက် ရှိခဲ့သည်။

အာရုံစိုက်ဖွယ် သတင်းဖော်ပြချက်တခုမှာ တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်မှ ဆန်ကုမ္ပဏီပိုင်ရှင် တဦးက မြန်မာဆန်ကုန်သည်များနှင့် ရွှေလီအခြေစိုက် ဆန်ကုန်သည်များအား ကျပ်သိန်းပေါင်း တသိန်းကျော် ပေးဆောင်ခြင်းမပြုဘဲ ထွက်ပြေး တိမ်းရှောင်နေကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက The Daily Eleven သတင်းစာသို့ အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းကပင်  အဆိုပါသတင်းမှာ ကောလာဟလသာဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်က Myanmar Times သတင်းဌာနသို့ ပြောကြားခဲ့သော်လည်း အမှန်တကယ် လိမ်လည်သွားခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်တွင် ပြန်လည်ပြောကြားခဲ့သည်။ လော်ကြံဖန် ခေါ် လော်လောပန် အမည်ရှိ တရုတ်ဆန်ကုန်သည်တဦးသည် လွန်ခဲ့သော ခြောက်လခန့်မှစ၍ တရုတ်-မြန်မာနယ်စပ်တွင် ဆန်အရောင်းအဝယ်လုပ်နေပြီး အခြားသော တရုတ်ကုမ္ပဏီများထက် ဈေးနှုန်းပိုမိုပေး၍ မြန်မာဆန်များ ဝယ်ယူခဲ့သည်။ နိုဝင်ဘာလကုန်ပိုင်းတွင်မူ မြန်မာကုန်သည်များနှင့် ရွှေလီမြို့အခြေစိုက် ဆန်ကုန်သည်များထံမှ မြန်မာကျပ်ငွေသိန်း တသိန်းကျော် လိမ်လည်သွားခဲ့သည်။ ယင်းအရေးကို ဖြေရှင်းရန် မူဆည်ဆန်စပါးကုန်စည်ဒိုင်အသင်းက ဆန်ကုန်သည်များကို အစည်းအဝေးခေါ်ယူတိုင်ပင်ကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သံတမန်နည်းလမ်းဖြင့် ဆက်လက်ဖြေရှင်းသွားရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်ခေတ်သစ်မီဒီယာ၏ သတင်းဖော်ပြချက် ရှိခဲ့သည်။

အခြားသော နယ်စပ်ကုန်သွယ်ရေး သတင်းတပုဒ်မှာ တရုတ်အစိုးရက လွန်ခဲ့သော တနှစ်ခန့်က ပိတ်သိမ်းခဲ့သော ရွှေလီကျယ်ဂေါင်မြို့ရှိ မြန်မာကုန်သည်များ၏ ဘဏ်အကောင့်များကို ပြန်ဖွင့်ပေးရန်အတွက် တရုတ်ဗဟိုအစိုးရအား တင်ပြပေးရန် ကုန်သည်များက မြန်မာအစိုးရကို တောင်းဆိုထားသည်ဟူသော သတင်းဖော်ပြချက်ဖြစ်သည်။ ဒီဇင်ဘာ ၇ ရက်က တရုတ်-မြန်မာ ခရိုင်အုပ်ချုပ်ရေးမှ နှစ်ဖက်တာဝန်ရှိသူများ၊ နှစ်နိုင်ငံဆက်ဆံရေးရုံးမှ တာဝန်ရှိသူများ အပါအဝင် မြန်မာနိုင်ငံဘက်က နယ်စပ်ကုန်သည်များတို့ တွေ့ဆုံဆွေးနွေးရာတွင် ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်၊ နှစ်လယ်ပိုင်းတွင်လည်း အွန်လိုင်း လောင်းကစားမှုကို စစ်ဆေးရန် တရုတ်နိုင်ငံမှ ပိတ်ထားသည့် ဘဏ် အကောင့် ၃၄၉ ခု အနက် မြန်မာနိုင်ငံသားပိုင် ဘဏ်အကောင့် ၁၃၂ ခု ပါဝင်ခဲ့ကာ နှစ်နိုင်ငံ ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ပြီးနောက် အကောင့်များ ပြန်လည် ဖွင့်ပေးခဲ့သည်ဟု ဧရာဝတီသတင်းဌာန၏ သတင်းဖော်ပြချက်ရှိခဲ့သည်။

တရုတ်-မြန်မာနယ်စပ်ရှိ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ လေးသိန်းကျော် တန်ဖိုးရှိ တို့ဖတ်နမူနာ စစ်ဆေးနိုင်သည့်စက်အပါအဝင် ဓာတ်ခွဲခန်းတခု တည်ဆောက်ပေးခဲ့ကြောင်း ဧရာဝတီသတင်းဌာနတွင် ဖော်ပြခဲ့သည်။ ဒီဇင်ဘာ ၆ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ဖူအယ်ခရိုင်၊ မုန်းလင်မြို့ ကြက်ခြေနီဌာနမှ ‘ဝ’ အဖွဲ့(UWSP/UWSA)အားကိုဗစ်-၁၉ ရောဂါ ရှာဖွေသည့် စက်ကို ပေးအပ်ခဲ့သည်။ ဖူဆယ်ခရိုင်သည် တရုတ်-မြန်မာစီးပွားရေး စင်္ကြံတွင် ပါဝင်သောဒေသတခုဖြစ်ပြီး ဖူအယ်ခရိုင် နယ်စပ်တွင် Cross Border Corporation Zone တခု ဆောက်လုပ်ကာ ဝ ဒေသနှင့် ကုန်သွယ်ရေး လမ်းကြောင်းကြီး ချိတ်ဆက်တခုဖွင့်ရန် တရုတ်က လျာထားသည့် နယ်မြေ ဖြစ်ကြောင်း ဧရာဝတီသတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

နိုင်ငံတကာဆက်ဆံရေး

လွန်ခဲ့သည့် သီတင်းပတ်အတွင်း၌ ထူးခြားသော အကြောင်းအရာတခုမှာ ဒီဇင်ဘာ ၇ ရက်တွင် ဖော်ပြခဲ့သော မြန်မာနယ်စပ်ရှိ ‘ဝ’ အဖွဲ့ (UWSP/UWSA)နှင့် AA အဖွဲ့တို့ကို တရုတ်အစိုးရက လက်နက်များ ထောက်ပံ့ပေးနေသည်ဆိုသော သတင်းပင်ဖြစ်သည်။ အဆိုပါသတင်းအား Bloomberg သတင်းဌာနက စတင်ဖော်ပြခဲ့ပြီး The Diplomat နှင့် Times of India၊ The Print ကဲ့သို့သော အိန္ဒိယမီဒီယာများလည်း ဖော်ပြခဲ့ကြသလို မဇ္ဈိမနှင့် ရန်ကုန်ခေတ်သစ်မီဒီယာတို့ကလည်း မြန်မာဘာသာဖြင့် ပြန်လည်ဖော်ပြခဲ့ကြသည်။ အဆိုပါတပ်ဖွဲ့နှစ်ခုအပြင် အိန္ဒိယ-မြန်မာနယ်စပ်ရှိ အိန္ဒိယ လက်နက်ကိုင် အဖွဲ့များအား တရုတ်အစိုးရက အထောက်အပံ့ပေးခြင်း၊ အိန္ဒိယအစိုးရ အလိုရှိနေသော လက်နက်ကိုင် ခေါင်းဆောင် လေးဦးကို ကူမင်းမြို့တွင် သင်တန်းပေးခြင်းနှင့် လက်နက် တပ်ဆင်ပေးမှုများ ရှိသည်ဟုလည်း ဖော်ပြထားသည်။ အဆိုပါကိစ္စရပ်များအား တရုတ်နိုင်ငံအစိုးရက မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်ဖြစ်သော Global Times သတင်းဌာနတွင်လည်း အိန္ဒိယသည် မြန်မာနှင့် တရုတ် နှစ်နိုင်ငံအကြား သပ်လျှိုရန် လိုလားနေသည်ဟူ၍ အတွေးအမြင်ဆောင်းပါးတစ်ပုဒ်ကို ဒီဇင်ဘာ ၈ ရက်တွင် ဖော်ပြခဲ့သည်။ အိန္ဒိယအနေဖြင့် အဆိုပါသပ်လျှိုမှုမျိုးကို နီပေါ၊ ဘူတန်စသော နိုင်ငံများတွင်လည်း လုပ်ဆောင်လေ့ရှိသည်ဟု ဖော်ပြသည်။ အိန္ဒိယ-မြန်မာဆက်ဆံရေးတိုးတက်ရန်  အောက်တိုဘာလအတွင်း နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ နှစ်ဦး နေပြည်တော်သို့ လာရောက်ခဲ့ပြီး  ရေငုပ်သင်္ဘောရောင်းချမှုသည်လည်း အိန္ဒိယ၏ Act East Policyအရ လက်ခံဖွယ် ဖြစ်သော်လည်း တရုတ်-မြန်မာဆက်ဆံရေး ပျက်ပြားအောင် လုပ်ဆောင်ခြင်းကမူ အကျိုးမရှိဘဲ ယုံကြည်လေးစားမှုကို ထိခိုက်စေသည်ဟု ဖော်ပြထားသည်။

ကရင်ပြည်နယ်ရှိ  လောင်းကစားစီမံကိန်းများမှ တရုတ်ရင်းနှီးမြှုပ်နှံသူ လူဆိုးစာရင်းသွင်းခံရ

ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက် အပြည်ပြည်ဆိုင်ရာအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးနေ့တွင် အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးဘဏ္ဍာရေးရာဌာန (OFAC) သည် အာဖရိကနှင့် အာရှရှိနိုင်ငံများစွာမှ အကျင့်ပျက်ခြစားသူများကို အမည်ပျက်စာရင်း ထည့်သွင်းခဲ့သည်ဟု ဧရာ၀တီသတင်းဌာနက ဖော်ပြထားသည်။ ထိုစာရင်းတွင် ကရင်ပြည်နယ်ရှိ လောင်းကစားမြို့တော် စီမံကိန်း သုံးခုဖြစ်သော ရွှေကုက္ကိုစီမံကိန်း၊ ဆိုင်ရှီကန် (Saixigang) သို့မဟုတ် သီဟာနုဗေးလ်ထက် သာလွန်သည့်မြို့၊ ဟွမ်ယ (Huanya) အပြည်ပြည်ဆိုင်ရာ မြို့သစ် စီမံကိန်းများတွင် ပါဝင်ပက်သတ်နေသူ ဝန်ကောက်ကွိုင်လည်း ပါဝင်ခဲ့သည်။ ဝန်ကောက်ကွိုင်ကို “သွားကျိုး” ဟူသော အမည်ပြောင်ဖြင့် လူသိများသည်။ ဝန်သည် တရုတ်နိုင်ငံမှ အရေးပါသည့် လူဆိုးဂိုဏ်းခေါင်းဆောင်နှင့် ကွန်မြူနစ်ပါတီဝင်တဦးဖြစ်ပြီး  အမေရိကန်ပြည်ထောင်စုနှင့် အရှေ့တောင်အာရှတွင် မူးယစ်မှောင်ခိုမှု၊ တရားမဝင်လောင်းကစားမှု၊ ငွေကြေးခဝါချမှု၊ လူကုန်ကူးမှုနှင့် အခြားရာဇဝတ်မှုများစွာ လုပ်ကိုင်နေသည့် 14K ဟု ကျော်ဇောသည့် ရာဇဝတ်ဂိုဏ်း၏ ခေါင်းဆောင်လည်းဖြစ်သည်။

ထိုသို့သော တရုတ်လူဆိုးဂိုဏ်းခေါင်းဆောင်သည် ကရင်ပြည်နယ် မြဝတီမြို့ရှိ စတုရန်း ကီလိုမီတာ ၂ဝ ကျယ်ဝန်းသည့် Saixigang စက်မှုဇုန်စီမံကိန်းအမည်ခံ လောင်းကစားမြို့သစ်စီမံကိန်းကို အဓိကရင်းနှီးမြှုပ်နှံမည့် ဟောင်ကောင်အခြေစိုက် Dongmei Group ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ဝန်ကောက်ကွိုင် ဦးဆောင်သည့် ရင်းနှီးမြှုပ်နှံသူ ကိုယ်စားလှယ်အဖွဲ့သည် မြ၀တီအခြေစိုက် ပြည်သူ့စစ်ခေါင်းဆောင် စောချစ်သူ နှင့် လာရောက်တွေ့ဆုံကာ ဆိုင်ရှီကန် စက်မှုဇုန်စီမံကိန်းအကောင်အထည်ဖော်ရေးအတွက် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ စောချစ်သူ ခေါင်းဆောင်သည့် ပြည်သူ့စစ်အဖွဲ့သည် ရွှေကုက္ကို စီမံကိန်းတွင် အဓိကပါဝင်ပတ်သက်နေသည့် အဖွဲ့ ဖြစ်သည်။

ဝန်သည် ၂ဝ၂ဝ ပြည့်နှစ်၊ မတ် ၁၅ ရက်တွင် မြဝတီ၌ အကောင်အထည်ဖော်မည့် ဆိုင်ရှီကန်စက်မှုဇုန် ဖွင့်ပွဲအခမ်းအနားကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သည်။

ထိုစီမံကိန်းသည် ရွှေကုက္ကို မြို့သစ်စီမံကိန်းနည်းတူ မြဝတီတွင် ကာစီနိုရုံများ၊ နိုက်ကလပ်များ၊ အပန်းဖြေစခန်းနှင့် ဟိုတယ်ဇုန်၊ ကျောက်မျက်ရတနာများ လေလံဆွဲရန် ဈေးတခု၊ ဖျော်ဖြေရေးကစားကွင်းတခု၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်မှုဌာနတခု၊ သိပ္ပံမြို့သစ်တခုအပြင် စက်မှုလုပ်ငန်းများထူထောင်ရေး အကူအညီပေးမှုအစီအစဉ်၊ တရုတ်တန်းပုံစံ စီးပွားရေးလမ်းမတခု ပါဝင်မည်ဟု ဝန်ကောက်ကွိုင်က ပြောကြားထားသည်။ ထို့အပြင် ဆိုင်ရှီကန်စက်မှုဇုန်စီမံကိန်းသည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရည်မှန်းချက်ကြီးသော ရပ်ဝန်းလမ်းကြောင်းအစီအမံ (BRI) ၏ အစိတ်အပိုင်း ဖြစ်ကြောင်း ဝန်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သည့် ဖွင့်ပွဲအခမ်းအနားတွင်ပြောကြားခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု၏ အထူးအစီရင်ခံစာတွင် ဖော်ပြထားသည်‌။

အခြားသတင်းများ

တရုတ်အကူအညီပေးမှုများနှင့် စပ်လျဉ်း၍ ဒီဇင်ဘာ ၈ ရက်က တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဖောင်ဒေးရှင်းက မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ခြင်း ငါးနှစ်ပြည့်အခမ်းအနားကို ဘေဂျင်းမြို့၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးလည်း ဗီဒီယိုကွန်ဖရန့်စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ငါးနှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၇ သိန်းခန့် ထည့်ဝင်ခဲ့ကြောင်း စံတော်ချိန်နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

လှိုင်သာယာမြို့နယ်ရှိ Ah Nan Garment စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားက အလုပ်သမား ၃၀၀ ကျော်အား လစာမရှင်းဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု The Daily Eleven သတင်းစာကပင် ဖော်ပြခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ပထမလှိုင်းကာလ မတိုင်ခင်ကလည်း လုပ်သားများကို လုပ်ခလစာပေးချေခြင်းမရှိဘဲ တရုတ်လုပ်ငန်းရှင် ထွက်ပြေးမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ စက်ရုံများတွင် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားဝန်ထမ်းများမှာ ကာလကြာမြင့်စွာ လုပ်ခလစာရရှိခြင်းမရှိခဲ့ပေ။ ယခုအချိန်အထိလည်း အဆိုပါ အကျပ်အတည်းများ ပြေလည်ခြင်းနှင့် ဆက်စပ်သည့် သတင်းဖော်ပြချက်တွေ့ရှိရခြင်း မရှိဘဲ လုပ်ငန်းရှင်တိမ်းရှောင်မှု ထပ်မံပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

The post တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ဒီဇင်ဘာ ဒုတိယပတ် (ဒီဇင်ဘာ ၅ ရက်မှ ၁၁ ရက် အထိ) appeared first on ISP Myanmar China Desk.

တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ဒီဇင်ဘာ ပထမပတ် (နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ)
ယခု ရက်သတ္တပတ်အတွင်း တရုတ်-မြန်မာဆက်ဆံရေးနှင့် သက်ဆိုင်သော ပြည်တွင်းပြည်ပ သတင်းနှင့် သုံးသပ် ချက်ပေါင်း ၆၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့ သော သတင်များအနက် အလေးပေး အာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို ISP-Myanmar China Desk က အနှစ်ချုပ် ဖော်ပြပေးမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ

(၂၀၂၀ ရွေးကောက်ပွဲအလွန် ISP-Myanmar ၏ မြန်မာ့နိုင်ငံခြားရေးမူဝါဒသုံးသပ်ချက်ကို ဖတ်ရှုရန်)

နိုဝင်ဘာ ၂၇ ရက်က နန်နင်းမြို့၌ ကျင်းပခဲ့သော (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ်ကုန်စည်ပြပွဲတွင် မြန်မာ သမ္မတ ဦးဝင်းမြင့်လည်း မိန့်ခွန်းတရပ်ပြောကြားခဲ့ပြီး အဆိုပါ မိန့်ခွန်းတွင် တရုတ်-အာဆီယံဆက်ဆံရေးသည် ဒေသတွင်းတည်ငြိမ်မှုအတွက် အကျိုးရှိပြီး ‘ဘက်ပေါင်းစုံ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး” သို့ အဆင့်မြှင့်တင်‌‌ရေးနှင့် အာဆီယံ-တရုတ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေးနှစ်အဖြစ် ၂ဝ၂၁ အား သတ်မှတ်ရေးအတွက် ကြိုဆိုကြောင်းပြောဆိုခဲ့သည်ဟု မြန်မာတိုင်းမ် သတင်းဌာနက ဖော်ပြသည်။ ထို့အပြင် အဆိုပါမိန့်ခွန်း၌ တရုတ်နိုင်ငံသည် အာဆီယံ၏ ဒေသတွင်းတည်ငြိမ်မှုအတွက်လည်း အရေးပါကြောင်း ပြောဆိုခဲ့သည်ဟု The Daily Eleven သတင်းစာက ဖော်ပြသည်။

လာမည့်အစိုးရသစ်လက်ထက်တွင် နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲမရှိနိုင်ဘဲ ဖော်ဆောင်မှု အပိုင်းတွင်သာ အပြောင်းအလဲများရှိနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၏ ပြောဆိုချက်ကို ဖော်ပြထားသော သတင်းတပုဒ်ကိုလည်း RFA သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါသတင်း၌ပင် နိုင်ငံခြားရေး မူဝါဒ အပြောင်းအလဲမရှိနိုင်လျှင် အနောက်အင်အားကြီးနိုင်ငံများထက် တရုတ်နိုင်ငံနှင့် ပိုမို နီးစပ်လာနိုင်သည် ဟူသော သုံးသပ်ချက်များကိုလည်း ဖော်ပြထားသည်။

Japan Forward သတင်းဌာနတွင်လည်း “မြန်မာ့ဒီမိုကရေစီအရေးသည်ပင်လျှင် တရုတ်နိုင်ငံ၏ မြန်မာ့အရေးတွင် ဝင်ရောက်ပါဝင်နေမှုများအား ရပ်တန့်နိုင်မည့်အရာ ဖြစ်သည်”ဆိုသော  အယ်ဒီတာ့ အာဘော် တပုဒ်ကို ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် မဖြစ်မနေကျော်ဖြတ်ရမည့် အခက်အခဲ တခုဖြစ်သော လွှတ်တော်အသီးသီးတွင် တပ်မတော်၏ ၂၅ ရာခိုင်နှုန်းပါဝင်နေမှုကိုလည်း လျှော့ချရန် လိုအပ်ကြောင်း ဖော်ပြသည်။၊ မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာအရေး၌ (ဆောင်းပါးမူရင်း ဖော်ပြချက်အရ) တပ်မတော်အား အကာအကွယ် ပေးခဲ့ခြင်းကြောင့် အနောက်နိုင်ငံများ၏ ဝေဖန်ပြောဆိုခံချိန်တွင်  တရုတ်နိုင်ငံသည် အဆိုပါအရေးအား ပြည်တွင်းရေး ပြဿနာတခုအနေဖြင့်သာ မြန်မာအစိုးရကို အားပေးခဲ့ခြင်းသည်လည်း အကြောင်းတချက်အနေဖြင့် ပါဝင်သည်ဟုဆိုသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ မသိမသာ ပိုမိုပါဝင်လာမှုကို လျှော့ချနိုင်ရန်အတွက် မြန်မာအစိုးရအနေဖြင့် တပ်မတော်၏ နိုင်ငံ‌ရေးထွက်ပေါက်ကို ဖော်ဆောင်ရန် အရေးကြီးကြောင်းနှင့် ဂျပန်အစိုးရအနေဖြင့်လည်း မြန်မာ့ဒီမို‌ကရေစီအရေးအတွက် ကူညီပံ့ပိုးပေးသင့်ကြောင်း ဖော်ပြထားပါသည်။

ကိုဗစ်အလွန် စီးပွားရေး ထိခိုက်နစ်နာမှုများကို တရုတ်စီမံကိန်းများက လျှော့ချပေးနိုင်ခြေ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး ထိခိုက်နစ်နာမှုများကို လျှော့ချနိုင်ရန် ရပ်ဝန်း လမ်းကြောင်းအစီအမံ (BRI)ကို နှစ်နိုင်ငံလုံးအတွက် အကျိုးရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သမ္မတဦးဝင်းမြင့်က နိုဝင်ဘာ ၂၇ ရက်က ကျင်းပခဲ့သော တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ပါသည်။

“ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်းများကို နှစ်နိုင်ငံလုံးအတွက် အကျိုးရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနဲ့ ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ခြင်းတို့ဟာ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးရေးနဲ့ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ပိုမိုမြှင့်တင်ရေးတို့ကို အထောက် အကူပြုစေမှာ ဖြစ်သလို COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေး ထိခိုက်နစ်နာမှုများကိုလည်း လျှော့ချစေနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့သည်။

သမ္မတဦးဝင်းမြင့်၏ တရုတ်စီမံကိန်းများကို ပိုမိုမြှင့်တင်ပူးပေါင်းဆောင်ရွက်ရန် မိန့်ခွန်းပြောကြားခဲ့ပြီး နှစ်ရက်အကြာ နိုဝင်ဘာ ၂၉ ရက်တွင် လက်ပံတောင်းသပိတ်စခန်း ဖြိုခွင်းခံရမှု ရှစ်နှစ်ပြည့် နှစ်ပတ်လည် အစီအစဉ်ကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်နိုင်ငံပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ရန် တပ်မတော် အစိုးရလက်ထက်တွင် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ထိုစီမံကိန်းအတွင်းရှိ ရွာလေးရွာကို ရွှေ့ပြောင်းခဲ့ရပြီး ဒေသခံများ၏ လယ်ယာမြေ ဧက ၇,၈၀၀ ကျော်လည်း သိမ်းဆည်းခံခဲ့ရသည်။ ဖိအားပေးမြေယာသိမ်းဆည်းမှုကို ဆန့်ကျင်သောကြောင့် သိမ်းဆည်းခဲ့သော လယ်ယာမြေများအတွက် လျော်ကြေးကို လက်မခံသေးသော ဒေသခံများလည်း ရှိနေသေးသည်။

“သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေက ထိခိုက်ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေကို ဝန်ချ တောင်းပန်တာတွေ ဒီနေ့အထိ မလုပ်သေးတာကြောင့် အောက်မေ့ဖွယ်အစီအစဉ်တွေကို နှစ်စဉ်ကျင်းပနေတာလို့ အကြမ်းဖက် ဖြိုခွင်းတာကြောင့် ဒဏ်ရာရခဲ့တဲ့ ဆရာတော် ဦးဝဏ္ဏသိဒ္ဓိက မိန့်ပါတယ်” ဟု RFA သတင်းဌာနက ဖော်ပြထားသည်။

တပ်ချုပ်ခရီးစဉ်အပြီး ကချင်ပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား မြစ်ဆုံစီမံကိန်းအရေး သဘောထားကွဲလွဲ

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကချင်ဘာသာရေးခေါင်းဆောင်ဒေါက်တာ ခလမ်ဆမ်ဆွန် ဦးဆောင်သောအဖွဲ့တို့သည် ဒီဇင်ဘာ ၁ ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် တွေ့ဆုံခဲ့ပြီး မြစ်ဆုံစီမံကိန်းအပါအဝင် ကိုဗစ်ရောဂါကူးစက်မှု၊ ငြိမ်းချမ်းရေးနှင့် ဒုက္ခသည် နေရပ် ပြန်လည် အခြေချရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း RFA သတင်းဌာနတွင် ဖော်ပြခဲ့သည်။

တွေ့ဆုံမှုတွင် ကချင်နှစ်ခြင်းအသင်းတော် (KBC) ဥက္ကဋ္ဌ ‌ဒေါက်တာခလမ်ဆမ်ဆွန်က “မြစ်ဆုံကိုမထိဘဲ မေခ၊ မလိခမြစ်ဘက်မှာ စီမံကိန်းဆောင်ရွက်လျှင် လူထုကန့်ကွက်မှုမရှိနိုင်ကြောင်း” တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ပြောကြားခဲ့သည်။ ၎င်း၏ အကြံပြုချက်အပေါ် ကာကွယ်ရေးဦးစီးချုပ်ကလည်း ပိုမို နှစ်သက်သည့် သဘောလက္ခဏာ ဆောင်သော အရိပ်အယောင်တွေ့ရကြောင်း ဒေါက်တာခလမ်ဆမ်ဆွန်က ပြောကြားသည်။

ဒေါက်တာခလမ်ဆမ်ဆွန်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြစ်ဆုံအရေးပြောကြားမှုအပေါ် ကချင်ပြည် နယ် ပြည်သူ့ပါတီ KSPP ဒုတိယဥက္ကဋ္ဌ (၁) ကွမ်ဂေါင်အောင်ခမ်းက မြစ်ဆုံအပါအဝင် မေခနှင့် မလိခ မြစ်ရိုး တလျှောက်တွင် ပြုလုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းများကို လက်မခံနိုင်ဟု ပြန်လည်ပြောဆိုခဲ့သည်။

မေခနှင့် မလိခတွင် ဆောင်ရွက်လျှင် ပြည်သူသဘောတူနိုင်သည်ဟု  ဒေါက်တာခလမ်ဆမ်ဆွန်၏ ပြောကြားမှုကို ပြည်သူလူထုအနေဖြင့် လက်ခံမည်မဟုတ်ဟု ထင်မြင်ပြီး ထိုပြောဆိုမှုအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သဘောတူသည့်ပုံစံဖြစ်သွားလျှင် နောက်ဆက်တွဲပြဿနာများစွာဖြစ်ပွားနိုင်သည့် အနေအထားရှိကြောင်း KSPP ဒုဥက္ကဋ္ဌ ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်ဟု ဒီဇင်ဘာ ၄ ရက်ထုတ် The Daily Eleven သတင်းစာတွင် ဖော်ပြထားသည်။

တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး အခြေအနေ

မူဆယ်နယ်စပ်တွင် တရုတ်ကုမ္ပဏီတခုက ဆန်တန်ဖိုးငွေ ကျပ်သိန်း ၈၀,၀၀၀ ကျော် လိမ်လည်သွားသည်ဟု လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော သတင်းမှာ ကောလာဟလသာ ဖြစ်ကြောင်း မူဆယ်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌက ငြင်းဆိုထားခဲ့သည်။ တရုတ်လုပ်ငန်းရှင်မှာ ခရီးလွန်နေခြင်းနှင့် ရုတ်တရက်ငွေမပေါ်သေးခြင်းသာဖြစ်ပြီး ကုမ္ပဏီ၏ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များနှင့် ပုံမှန်အဆက်အသွယ်ရှိနေကြောင်း ဒုတိယဥက္ကဋ္ဌက Myanmar Times သတင်းဌာနသို့ နိုဝင်ဘာ ၂၇ ရက်တွင် ဖြေကြားခဲ့သည်။ ဤကဲ့သို့ သတင်းများ ပျံ့နှံ့သွားခြင်းကြောင့် မြန်မာကုန်သည်များ တရုတ်ဘက်သို့ ဆန်ရောင်းရန် တွေဝေလာပြီး နယ်စပ်ဆန်ဈေးကွက် အေးစက်သွားနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။  ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တရုတ်နိုင်ငံသို့ တင်ပို့သော ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှာ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှု စုစုပေါင်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ရှိပြီး အကြီးမားဆုံးဈေးကွက်လည်း ဖြစ်သည်။

ဆန်ဈေးကွက်သာမက ငါး၊ ပုစွန်အရှင်တင်ပို့သော ဈေးကွက်တွင် တရုတ်နိုင်ငံသို့ အမြောက်အမြားတင်ပို့ခဲ့သော်လည်း ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တရုတ်နိုင်ငံဘက်မှ ငါး၊ ပုစွန်ဝယ်လိုအားကျဆင်းခဲ့သည်။ တရုတ်ဝယ်လက် ကင်းမဲ့သွားသောကြောင့် မွန်ပြည်နယ်ရှိ ငါး၊ ပုစွန်လုပ်ငန်းများ ၅၀ ရာခိုင်နှုန်းခန့်အထိ လျော့ကျခဲ့ကြောင်း Myanmar Times သတင်းဌာန၌ ဖော်ပြထားသည်။

ဆိတ်အရောင်းအဝယ်ဈေးကွက်တွင်လည်း ကိုဗစ်ကာလဖြစ်သောကြောင့် တရုတ်ဘက်မှ ဆိတ်ဝယ်ယူမှု ရပ်ဆိုင်းထားရာ မူဆယ်ကွင်းအတွင်း ဆိတ်ကောင်ရေများစွာပိတ်မိနေကြောင်း သတင်းဖော်ပြချက်များရှိခဲ့သည်။ ဆိတ်ကို တရုတ်နှင့် ထိုင်းသို့ အဓိကတင်ပို့နေပြီး တရုတ်ဈေးကွက်ကို အလွန်မှီခိုနေရ၍ ဈေးကွက် တည်ငြိမ်မှုမရှိဖြစ်ရခြင်းမှာ တင်ပို့သူ၊ မွေးမြူသူများအတွက် အဓိက စိန်ခေါ်မှုဖြစ်နေကြောင်း ​မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အကြံပေး ဒေါက်တာသက်ခိုင်က ပြောကြားခဲ့သည်။

ဆိတ်များသာမက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တရုတ်ဝယ်လက်မရှိသဖြင့် ကျွဲ၊ နွားများပါ အကောင်ရေသောင်းချီ၍ နယ်စပ်တွင် သောင်တင်နေကြောင်း သတင်းဖော်ပြချက်လည်း ရှိခဲ့သည်။ တရုတ်နိုင်ငံဘက်မှ ကျွဲ၊ နွား တင်ပို့သော ကုမ္ပဏီများကို ကုမ္ပဏီတခုလျှင် သုံးလသက်တမ်းဖြင့် တင်ပို့ခွင့်ပါမစ် ထုတ်ပေးခဲ့ပြီး အဆိုပါသုံးလအတွင်း တင်ပို့ခြင်းမရှိပါက အရေးယူမည့်စည်းကမ်းကိုလည်း ထည့်သွင်းထားခဲ့သည်။ ထို့အပြင် ပါမစ်၏ ခွင့်ပြုချက်မှာ မူဆယ်နယ်စပ်အထိသာ တင်ပို့ခွင့် ရရှိမည်ဖြစ်သည်။ သုံးလအတွင်း တင်ပို့နိုင်ရန် ကုမ္ပဏီ ၁၅၀ ခန့်မှ ကျွဲ၊ နွားကောင်ရေ သောင်းချီ၍ မူဆယ်နယ်စပ်သို့ တင်ပို့ခဲ့သော်လည်း ယခုအခါ ကပ်ရောဂါကြောင့် တရုတ်ဝယ်လက်မရှိသဖြင့် ကျွဲ၊ နွားများ နယ်စပ်တွင် သောင်တင်လျက် အခက်တွေ့နေရကြောင်း Myanmar Times သတင်းဖော်ပြချက် ရှိခဲ့သည်။

တဖက်တွင်လည်း ဖရဲ၊ သခွားဈေးကွက်၌ တရုတ်ဝယ်လိုအား မြင့်မားလျက်ရှိပြီး ကပ်ရောဂါကြောင့် မြန်မာဘက်၌ စိုက်ပျိုးမှုကျဆင်းခဲ့ရာ ဖရဲ၊ သခွားများမှာ ဆယ်စုနှစ်အတွင်း စံချိန်တင် ဈေးကောင်း ရရှိနေပြီး ယခုအခါ တရုတ်နိုင်ငံသာမက ဒူဘိုင်းနှင့် ကာတာနိုင်ငံများသို့ပါ တင်ပို့ရန် စီစဉ်နေကြောင်း သတင်းဖော်ပြချက်များ ရှိခဲ့သည်။

အခြားသတင်းများ

တရုတ်နိုင်ငံ Bank of China က မြန်မာနိုင်ငံ ကျောင်းသား/သူများအတွက် ပညာတော်သင် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့လည်း ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ အခမ်းအနားတွင် Bank of China နှင့် တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း (CFPA) တို့မှ တာဝန်ရှိသူများက ရန်ကုန်တက္ကသိုလ်သို့ တရုတ်ယွမ်ငွေ တသန်း (မြန်မာကျပ်ငွေ သိန်း ၁,၉၀၀ ခန့်)ကို လွှဲပြောင်းပေးအပ်ခဲ့သည်။ တရုတ်နိုင်ငံ၏ ပြောင်းလဲလာသော မူဝါဒတွင် အစိုးရချင်းဆက်ဆံရေးမှသည် ပြည်သူချင်းဆက်ဆံရေးဟူသော အလွှာစုံထိတွေ့ဆက်ဆံ‌ရေး မဟာဗျူဟာအရ မြန်မာနိုင်ငံရှိ အင်အားစုအသီးသီးအား ထိတွေ့ကာ လှုဒါန်းမှုများ ပြုလုပ်လေ့ရှိသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကန့်သတ်ချက်နှင့် တင်းကျပ်မှုများ ရှိနေသော်လည်း နယ်စပ်ဒေသများမှတဆင့် တရားမဝင် ဝင်ရောက်မှုများလည်း ရှိနေသည်ကို တွေ့ရပါသည်။ ယခုတပတ်အတွင်း တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၁၂ ဦးကို ဖမ်းမိခဲ့ကြောင်း ကမ္ဘောဇတိုင်း သတင်း ဖော်ပြချက်အရ သိရသည်။ ထူးခြားချက်မှာ တရုတ်-မြန်မာနယ်စပ်မှ ဝင်ရောက်လာခြင်းမဟုတ်ပဲ ထိုင်း-မြန်မာနယ်စပ်မှ ဝင်ရောက်လာခြင်းဖြစ်သည်။ အခြားမှုခင်းသတင်းတပုဒ်တွင် တရုတ်နိုင်ငံသို့ အဓမ္မ လက်ထပ်လူကုန်ကူးမှုများကို စုစည်းဖော်ပြထားပြီး နိုဝင်ဘာအတွင်း ခုနစ်မှုနှင့် အောက်တိုဘာအတွင်း လေးမှုရှိခဲ့ကြောင်း The Daily Eleven သတင်းစာဖော်ပြချက်အရသိရသည်။

The post တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ်  ဒီဇင်ဘာ ပထမပတ် (နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ) appeared first on ISP Myanmar China Desk.

တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် နိုဝင်ဘာ နောက်ဆုံးပတ် (နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ)
ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာဆက်ဆံရေးနှင့် သက်ဆိုင်သော ပြည်တွင်းပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၉၀ နီးပါးကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများမှ အလေးပေးအာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို ISP-Myanmar China Desk မှ အနှစ်ချုပ် ဖော်ပြပေးမည် ဖြစ်ပါသည်။

သံတမန်ရေးရာ

ယခုတပတ်အတွင်း ပုံမှန်အားဖြင့် ကျင်းပသော ဒေသတွင်း၊ နိုင်ငံတကာ အစည်းအဝေးများ/ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တွေ့ရှိရပါသည်။ ထူးခြားချက်အနေဖြင့် နိုဝင်ဘာ ၂၆ ရက်တွင် တရုတ်ကွန်မြူနစ်ပါတီနှင့် အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီများအကြား ဆွေးနွေးပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာများ ဖော်ပြချက်အရ သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာရေးရာ ဝန်ကြီးဌာန ဝန်ကြီး Mr. Song Tao လည်း တက်ရောက်ခဲ့သည်။ ဦးတီခွန်မြတ်၏မိန့်ခွန်းတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး တန်းတူရရှိရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည်။

ပြီးခဲ့သော ရက်သတ္တပတ်အတွင်း  တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်သည် NLD ပါတီ၏ ရွေးကောက်ပွဲရလဒ်အား တရားဝင် ဂုဏ်ပြုစကားဆိုပြီးနောက် ယခုတပတ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံပိုင်သတင်းစာများမှတဆင့် တရုတ်သံအမတ်ကြီး၏ နှစ်နိုင်ငံဆက်ဆံ‌ရေးဆိုင်ရာ ဆောင်းပါးဖြစ်သော “”တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအသစ်များနှင့် တရုတ်-မြန်မာဆက်ဆံရေးခေတ်ကာလသစ်” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။ အဆိုပါဆောင်းပါး၌ မြန်မာနိုင်ငံ၏  ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက အကူအညီပေးနေမှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံ၏ အကူအညီများ၊ တရုတ်-မြန်မာစီးပွား‌‌ရေးစင်္ကြံ စီမံကိန်းအကောင်အထည်ဖော်မှု ကိစ္စရပ်များ စသည်ဖြင့် အကြောင်းအချက်များစွာကို ဖော်ပြခဲ့သည်။ ထူးခြားချက်နှစ်ချက်အနေဖြင့်မူ ၂၀၂၀ အထွေထွေ‌ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်းအတွက် ဂုဏ်ပြုရေးသားထားခြင်းနှင့် မြန်မာနိုင်ငံတွင်း ဆင်းရဲမှုလျှော့ချခြင်း လုပ်ငန်းများတွင် အကူအညီပေးနေမှုများကို တရုတ်ကွန်မြူနစ်ပါတီမှ ပြည်သူကို ဗဟိုပြု၍ ဦးဆောင်သည်ဆိုသော တရုတ်ဝိသေသဆောင်သော ဆင်းရဲမှုလျှော့ချရေးပုံစံအဖြစ်  ဖော်ပြထားခြင်းများကို တွေ့ရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် တရုတ်-မြန်မာ နယ်စပ်

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်နိမိတ်‌ကျောက်တိုင် (BP-125) အနီး တရုတ်နိုင်ငံဘက်မှ နယ်စပ်မျဉ်း ဧရိယာအတွင်း ခြံစည်းရိုးခတ်ရန် စီစဉ်ခဲ့သော်လည်း မြန်မာဘက်မှ နယ်စပ်သဘောတူညီချက်စာချုပ်အတိုင်း ကန့်ကွက်ခဲ့ရာ ခြံစည်းရိုးခတ်ရန် အစီအစဉ်ကို တရုတ်ဘက်မှ ဖျက်သိမ်းခဲ့သည် ဟူသော သတင်းဖော်ပြချက် ရှိခဲ့သည်။ နှစ်နိုင်ငံ နယ်စပ်သဘောတူညီချက်အရ နယ်စပ်မျဉ်း၏ ၁၀ မီတာအတွင်းတွင် ခြံစည်းရုံးခတ်ခြင်းအပါအဝင် မည်သည့်အဆောက်အအုံမှာ မဆောက်လုပ်ရန် သဘောတူညီချက်တွင် ပါရှိသော်လည်း တရုတ်ဘက်မှ ကိုဗစ်-၁၉ ကပ်ရောဂါ အကြောင်းပြချက်ဖြင့် ခြံစည်းရိုးခတ်ရန် စီစဉ်ခဲ့သည်။ သို့သော် မြန်မာဘက်ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဦးစီးအဖွဲ့က သဘောတူညီချက်စာချုပ်အတိုင်းသာ လုပ်ဆောင်ရန် တရုတ်ဘက်သို့ ကန့်ကွက်စာပို့ခဲ့ပြီးနောက် ခြံစည်းရိုးခတ်ရန် အစီအစဉ်ကို ပယ်ဖျက်ကာ နယ်စပ်မျဉ်းတလျှောက် တူးထားသောမြေများကို ပြန်ဖို့၍ တိုင်များကိုလည်း ပြန်လည်နှုတ်ယူခဲ့ပြီး ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ အောက်တိုဘာ လဆန်းပိုင်းကလည်း တရုတ်-မြန်မာနယ်စပ် မူဆယ်ခရိုင် မန့်ဟီးရိုးမြို့တွင်လည်း တရုတ်ဘက်မှ နယ်စပ်မျဉ်းနှင့်ကပ်လျက် နေရာသုံးခုတွင် စည်းရိုးခတ်ရန် စီစဉ်ခဲ့သဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ခရိုင်အုပ်ချုပ်ရေးဌာနတို့က ကွင်းဆင်းကြည့်ရှုပြီး တရုတ်အစိုးရထံ ကန့်ကွက်စာများ ပေးပို့ခဲ့ဖူးသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ စိုးရိမ်မှုဖြင့် နယ်စပ်မျဉ်းတွင် စည်းရိုးခတ်ရန် လုပ်ဆောင်ခဲ့သည့်အပြင် တရုတ်-မြန်မာ နယ်စပ် ကျယ်ဂေါင်မြို့ရှိ မြန်မာများအားလုံးကိုလည်း ကိုဗစ် ရှိ၊မရှိ စစ်ဆေးရန် တရုတ်အစိုးရက အမိန့်ထုတ်ပြန်ထားခဲ့သည်။ ရွှေလီနှင့် ကျယ်ဂေါင်မြို့များတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား တသိန်းကျော်ရှိနေပြီး ထိုအလုပ်သမားအားလုံးကို နိုဝင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်များတွင် နောက်ဆုံးထား၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ စစ်ဆေးမှုခံယူကြရန် တရုတ်ကျန်းမာရေးဌာနက အမိန့်ထုတ်ပြန်ထားသည်။ စစ်ဆေးမခံဘဲ တိမ်းရှောင်နေသူများလည်း အရေးယူခံရမည် ဖြစ်ကြောင်း ကျယ်ဂေါင်ရှိ မြန်မာအရပ်ဘက်အဖွဲ့အစည်းများက သတိပေးထားသည်ဟု 7day Daily သတင်းစာ၏ သတင်းဖော်ပြချက် ရှိခဲ့သည်။

တရုတ်ဘက်မှ မြန်မာဖရဲသီးများအတွက် ဝယ်လိုအား မြင့်တက်နေပြီး ခုနစ်နှစ်အတွင်း အမြင့်ဆုံး ဈေးနှုန်းရရှိထားသော်လည်း နယ်စပ်ကုန်သွယ်ရေးဂိတ်များတလျှောက် တရုတ်ဘက်မှ တင်းကြပ်သော ကိုဗစ်-၁၉ ကာကွယ်ရေး စိစစ်မှုများကြောင့် သီးနှံများ၏ လတ်ဆတ်မှုကို ထိခိုက်ကာ ဈေးကွက်ပျက်မည်ကို ကုန်သည်များက စိုးရိမ်နေကြသည်။ ထိုကဲ့သို့ တင်းကြပ်သော စိစစ်မှုများကြောင့် နယ်စပ်ဂိတ်များတ‌လျှောက်ကုန်တင်ယာဉ်များ အစင်းရေများစွာ တန်းစီစောင့်ဆိုင်းနေကြရာ နှောင့်နှေးကြန့်ကြာမှုကို ကျော်လွားရန် မသမာသော နည်းလမ်းများ အသုံးပြုလာခြင်းများရှိသဖြင့် နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သည်များအကြား အငြင်းပွားမှုများလည်း ရှိလာကြောင်း The Daily Eleven သတင်းစာဖော်ပြချက်လည်း ရှိခဲ့သည်။

အချိန်မီမပြီးသော်လည်း ဒဏ်ငွေရိုက်ခံခဲ့ရဖွယ်မရှိသည့် LNG စီမံကိန်းများ

အငြင်းပွားဖွယ် တင်ဒါခေါ်ယူမှုရှိခဲ့သော သဘာဝဓာတ်ငွေ့ရည်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် သာကေတရှိ ၄၀၀ မဂ္ဂါဝပ် စီမံကိန်း၊ သန်လျင်ရှိ ၃၅၀ မဂ္ဂါဝပ် စီမံကိန်း၊ ကျောက်ဖြူရှိ ၁၅၀ မဂ္ဂါဝပ် စီမံကိန်းတို့ပါဝင်သည့်  အရေးပေါ်လျှပ်စစ်စီမံကိန်းသုံးခုအတွက် တန်ချိန် တသိန်းကျော်ရှိသဘာဝဓာတ်ငွေ့ရည်တင် သင်္ဘောကြီး သီလဝါဆိပ်ကမ်းသို့ နိုဝင်ဘာ ၆ ရက်က ဆိုက်ကပ်ခဲ့သည်။

ယခုဆိုက်ကပ်သော သင်္ဘောသည် သာကေတရှိ ၄၀၀ မဂ္ဂါဝပ် နှင့် သန်လျင်ရှိ ၃၅၀ မဂ္ဂါဝပ် LNG to Power စီမံကိန်း အတွက် ဖြစ်သည်။သာကေတ စီမံကိန်းအတွက် ယာယီ စမ်းသပ်လည်ပတ်နိုင်ရန် လျှပ်စစ်ဓာတ်အား ၂၀၀ မဂ္ဂါဝပ်ကို ၁၄ ရက်ကြာ ထုတ်လုပ်နိုင်မည့် LNG ပမာဏ တန်ချိန် ၃၆၀၀၀ ခန့် ကို တင်ဆောင်နိုင်သည့် သင်္ဘောသည် ပြီးခဲ့သည့် ဇွန် ၆ ရက်က ရောက်ရှိလာခဲ့ပြီး ဖြစ်သည်။

ယခုနွေရာသီ မီးမှန်ရေးအတွက် ၂၀၁၉ ခုနှစ် နှစ်လယ်က CNTIC နှင့် VPower တို့ တင်ဒါအောင်မြင်သွားသည့် အဆိုပါအရေးပေါ်စီမံကိန်းများသည် ၂၀၂၀ ပြည့်နှစ် ဧပြီ ၃ ရက်တွင် စီမံကိန်း စတင်လည်ပတ်နိုင်ရမည်ဖြစ်သည်။ သို့သော် ယခုချိန်ထိ လျှပ်စစ်ဓာတ်အား စတင်မထုတ်လုပ်နိုင်သေးသည့် ထိုစီမံကိန်းများ ပြီးစီးရန်မှာ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်ဦးမည်ဖြစ်သည်။ တင်ဒါဆိုင်ရာသဘောတူညီမှုများအရ တင်ဒါအောင်မြင်သည့် လုပ်ငန်းစုသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သဘောတူညီကြောင်း စာကိုလက်ခံရရှိပြီး ရက် ၂၁၀ အကြာ ဧပြီ ၃ ရက်တွင် လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်နေရမည်ဖြစ်သည်။ ထို့သို့မဟုတ်ပါက သာကေတရှိ ဓာတ်အားပေးစက်ရုံအတွက် တစ်ရက်လျှင် ဒဏ်ငွေ ကျပ် သန်း ၂၀၀၊ သန်လျင်ရှိ စီမံကိန်းအတွက် တစ်ရက်လျှင် ဒဏ်ငွေ ကျပ် သန်း ၁၈၀ နှင့် ကျောက်ဖြူရှိ စီမံကိန်းအတွက် တစ်ရက်လျှင် ဒဏ်ငွေ ကျပ် သန်း ၃၀ ဖြင့် စုစုပေါင်း တစ်ရက်လျှင် ကျပ်သန်း ၄၁၀(အမေရိကန်ဒေါ်လာ သုံးသိန်းကျော်) ပေးဆောင်ရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် CNTIC နှင့် VPower ကုမ္ပဏီလုပ်ငန်းစုသည် ဒဏ်ငွေများစွာပေးဆောင်ရမည့် အခြေအနေမှ သက်သာခွင့်ရရှိနိုင်ချေ ရှိနေသည်။ ထိုစီမံကိန်းများနှင့် ပတ်သက်၍လည်း ဒဏ်ငွေကောက်ယူမှု အခြေအနေနှင့် စီမံကိန်းအခြေအနေတို့ကို အစိုးရတာဝန်ရှိသူများက ထုတ်ပြန်ကြေညာခြင်းကို မတွေ့ရှိရသေးပေ။

(မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင်တရုတ်၏ပါဝင်မှုကို ISP-Myanmar China Desk တွင် ဖော်ပြထားပါသည်။ အသေးစိတ်ဖတ်ရှုရန် နှိပ်ပါ။)

အခြား

နိုဝင်ဘာ တတိယပတ်အတွင်း ယူနန်ပြည်နယ်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အား ယွမ်ငွေ ၄၆၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆၉၉၀၀ နီးပါး)နှင့် ယွမ်ငွေ ၄၁၀,၀၀၀ခန့် တန်ဖိုးရှိသော ကူးစက်ရောဂါတိုက်ဖျက်ရေး ပစ္စည်းကိရိယာများ လှုဒါန်းခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာတွင် ဖော်ပြထားသည်။ နိုဝင်ဘာလဆန်းပိုင်း၌လည်း ယွမ်ငွေ ရှစ်သန်းခန့် တန်ကြေးရှိ ကူးစက်ရောဂါတိုက်ဖျက်ရေး ပစ္စည်းကိရိယာများ ယူနန်ပြည်နယ်အစိုးရက မြန်မာနိုင်ငံသို့ လှုဒါန်းခဲ့သည်ဟု ဖော်ပြသည်။ ပြည်တွင်းမီဒီယာများ၌လည်း ရန်ကုန်နှင့် မန္တလေး တိုင်းအစိုးရအဖွဲ့များသို့ တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ လှုဒါန်းမှုများကို ဖော်ပြခဲ့ကြသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကန့်သတ်ချက်နှင့် တင်းကျပ်မှုများ ရှိနေသော်လည်း နယ်စပ်ဒေသများမှတဆင့် တရားမဝင် ဝင်ရောက်မှုများလည်း ရှိနေသည်ကို တွေ့ရပါသည်။ ယခုတပတ်အတွင်း သိန္နီမြို့တွင် အထောက်အထားမဲ့ တရုတ်နိုင်ငံသား သုံးဦးကို ဖမ်းမိခဲ့ပါသည်။

The post တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် နိုဝင်ဘာ နောက်ဆုံးပတ် (နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ) appeared first on ISP Myanmar China Desk.

တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် နိုဝင်ဘာ တတိယပတ် (နိုဝင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိ)
ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာဆက်ဆံရေးနှင့် သက်ဆိုင်သော ပြည်တွင်းပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၆၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများမှ အလေးပေးအာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို ISP-Myanmar China Desk မှ အနှစ်ချုပ် ဖော်ပြပေးမည် ဖြစ်ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ရွေးကောက်ပွဲတွင် အနိုင်ရခြင်းအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို  ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မူပြီး မစ္စတာ ရှီကျင့်ဖျင်က နိုဝင်ဘာ ၁၆ ရက်တွင် ပေးပို့ခဲ့သည်။ မစ္စတာ ရှီကျင့်ဖျင်သည် ယခုသဝဏ်လွှာအား တရုတ်နိုင်ငံသမ္မတအနေဖြင့် ပေးပို့ခြင်းမဟုတ်ဘဲ  တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး အဖြစ် ပေးပို့ခဲ့ခြင်းဖြစ်သကဲ့သို့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မူခဲ့ပြီး မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံထံ ပေးပို့ခြင်း မဟုတ်ခဲ့ခြင်းက တရုတ်နိုင်ငံ၏ ပါတီချင်းဆက်ဆံရေးနှင့် အစိုးရချင်း ဆက်ဆံရေး တိကျစွာ ကဏ္ဍခွဲ ဆောင်ရွက်မှုများကို ပေါ်လွင်စေပါသည်။ သဝဏ်လွှာတွင် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး၊ နှစ်ပါတီနှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ ရပ်ဝန်းလမ်းကြောင်းအစီအမံ (BRI)နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) အစရှိသည့် အကြောင်းအရာများ ပါရှိသည်။

အင်အားကြီးအိမ်နီးချင်း နိုင်ငံတခုအနေဖြင့် ရွေးကောက်ပွဲအပြီး သဝဏ်လွှာပေးပို့ရန် ကြန့်ကြာနေခဲ့သည့်အတွက်လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများ မြင့်တက်ခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ တရုတ်နိုင်ငံပိုင် သတင်းဌာနကြီး တခုဖြစ်သော Global Times ကမူ NLD ပါတီ တောင်ပြိုကမ်းပြို အနိုင်ရခြင်းကြောင့် တရုတ်-မြန်မာ ဆက်ဆံရေး ပိုမိုနွေးထွေးလာမည်ဟူသော သုံးသပ်ချက်များကို နိုဝင်ဘာ ၁၅ ရက်က ဖော်ပြခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်း၊ ရန်ကုန်မိုးပျံလမ်း နှင့် မြို့ပတ်လမ်းစီမံကိန်းများ

ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ် ပထမအဆင့်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားကြောင်း အဆိုပြုလွှာ (Expression of Interest-EOI) တင်သွင်းထားသည့် အဖွဲ့အစည်း (၁၆) ဖွဲ့က အဆိုပြုဖိတ်ခေါ်လွှာများ (Request For Proposal – RFP) ကို ထုတ်ပေးခဲ့ပြီး အဖွဲ့အစည်း ကိုးဖွဲ့မှ  လာရောက်ထုတ်ယူခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။  အဆိုပါ အဆိုပြုဖိတ်ခေါ်လွှာများ ထုတ်ပေးခဲ့သည့် အဖွဲ့ ကိုးဖွဲ့မှာ

(1) BES Engineering Corporation (ထိုင်ဝမ် အခြေစိုက်)

(2) BYMA Myanmar Limited, a Bouygues Construction Group subsidiary (ပြင်သစ်နိုင်ငံ အခြေစိုက်)

(3) Dragon Power Company Limited (မြန်မာနိုင်ငံ အခြေစိုက်)

(4) EDF HQ Singapore Pte Ltd (ပြင်သစ်နိုင်ငံ အခြေစိုက်)

(5) Myanmar National Brotherhood Consortium (မြန်မာနိုင်ငံ အခြေစိုက်)

(6) NTPC Limited (အိန္ဒိယနိုင်ငံ အခြေစိုက်)

(7) Nylect Technology (Myanmar) Ltd (စင်ကာပူနိုင်ငံ အခြေစိုက်)

(8) Southern Metal Industry Co. Ltd (မြန်မာနိုင်ငံ အခြေစိုက်)

(9) SUEZ Group (ပြင်သစ်နိုင်ငံ အခြေစိုက်) တို့ ဖြစ်သည်။

အဆိုပါအဖွဲ့အစည်းများသည် လက်ရှိဖွဲ့စည်းထားမှုအတိုင်းဖြစ်စေ၊ နည်းပညာနှင့် ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖြစ်စေ တင်ဒါအဆိုပြုလွှာ တင်သွင်းနိုင်မည်ဖြစ်ကြောင်းနှင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက် နောက်ဆုံးထား၍ အဆိုပြုလွှာများကို ပြန်လည်တင်သွင်းရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Swiss Challenge သဘောတရားအရ တင်ဒါအဆိုပြု ဖိတ်ခေါ်စာရအဖွဲ့အစည်းကိုးခုတို့မှာ အသာစီးရထားသည့် မူလအဆိုပြုသူ တရုတ် CCCC ကုမ္ပဏီနှင့်  ယှဉ်ပြိုင် အရွေးခံရမည်ဖြစ်သည်။

ထို့အပြင် ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ-NYDC သည် အစိုးရမဟုတ်ဘဲ ကုမ္ပဏီသာ ဖြစ်၍  NYDC အား ရန်ကုန်မြို့သစ်ကို တင်ဒါမယှဉ်ပြိုင်ဘဲ ပေးခွင့်ရှိ၊ မရှိကို နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁/၂၀၁၇ အရ ကိုက်ညီမှုရှိ/မရှိ ပြန်လည်စိစစ်ရန် လိုလာပြီဖြစ်ပြီး ရန်ကုန်မြို့သစ်အား စီမံခန့်ခွဲမှု ရွေးချယ်မှုက ပြည်ထောင်စုအစိုးရ၏ လက်ထဲတွင်မဟုတ်သလို၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏လက်ထဲတွင်လည်း မရှိပဲ NYDC ၏လက်ထဲတွင် ရောက်နေ၍ NYDC ကို ရန်ကုန်မြို့သစ် ဆောင်ရွက်ခွင့်ပေးမှုက ဥပဒေနှင့်ညီ၊မညီ မေးခွန်းထုတ်မှုများရှိလာသည့်အတွက် အစိုးရအနေဖြင့် ပြန်လည်ရှင်းပြရမည့် အရေးကြီးကိစ္စဖြစ်လာမည်ဟု  Myanmar Harp သတင်းဌာန facebook စာမျက်နှာတွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၁၈ ရက်က ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင်ပတ်လမ်း စီမံကိန်း ဦးဆောင်ကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပခဲ့သည်ဟု နိုင်ငံပိုင်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ အမေရိကန်ဒေါ်လာသန်း ၈၀၀ ခန့်ကုန်ကျမည့် ရန်ကုန်မိုးပျံအမြန်လမ်းတွင် အကြိုအရည်အချင်းစစ် အောင်မြင်ထားသည့် ကုမ္ပဏီ ၁၀ ခုရှိပြီး ၎င်းတို့အနက် တရုတ်ကုမ္ပဏီအများစု ပါဝင်ပါသည်။

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုစာချုပ်

ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်ဖြစ်လာသည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ် (RCEP)ကို နိုဝင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံအပါအဝင် အာဆီယံ  ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သော တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန် စုစုပေါင်း ၁၅ နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် စတင်အဆိုပြုခဲ့သော အဆိုပါ စာချုပ်သည် ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းနှင့် ကုန်သွယ်ရေး၏ ၂၈ ရာခိုင်နှုန်းတို့ကို ကိုယ်စားပြုသောကြောင့် အာဆီယံနိုင်ငံများကို ကိုဗစ်ကာလအတွင်း စီးပွားရေးအကြပ်အတည်းမှ လွတ်မြောက်ရန် အထောက်အကူပြုနိုင်ပြီး ဒေသတွင်း၌ အာဆီယံနိုင်ငံများ၏ အရေးပါမှုကို ပိုမိုမြင့်တက်လာစေသည်ဟု သတင်းမီဒီယာများက ဖော်ပြထားသည်။  စာချုပ်တွင် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး၊ အသေးစား၊ အလတ်အစား လုပ်ငန်းများနှင့် ဉာဏမူပိုင်ခွင့် စသည်တို့ကို ထည့်သွင်းရေးဆွဲထားသောကြောင့် ပြည်တွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းများအနေဖြင့် ကိုဗစ်-၁၉ အလွန်ကာလတွင် နိုင်ငံတကာဈေးကွက်နှင့် ချိတ်ဆက်ယှဉ်ပြိုင်လာနိုင်မည်ဟု နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က The Daily Eleven သို့ပြောကြားခဲ့သည်။

တဖက်တွင်လည်း စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းကြောင့် အခွန်ကင်းလွတ်ခွင့်ဖြင့် ပြည်တွင်းသို့ ဝင်ရောက်လာသော နိုင်ငံတကာမှ ဈေးနှုန်းသက်သာသည့် ကုန်စည်များကို ပြည်တွင်းလုပ်ငန်းများက မယှဉ်ပြိုင်နိုင်သဖြင့် အသေးစားအလတ်စား လုပ်ငန်းများ အထိနာလိမ့်မည်ဖြစ်ပြီး၊ နဂိုက လုပ်ခလစာ များသော နိုင်ငံများရှိ အလုပ်သမားများသည်လည်း ကုန်ထုတ်လုပ်မှု ယှဉ်ပြိုင်လုပ်ဆောင်ရသောကြောင့် လုပ်ခလစာလျော့ကျလာမည့် စိန်ခေါ်ချက် ရှိကြောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက Myanmar Times သတင်းဌာနသို့ ဖြေကြားခဲ့သည်။ ဤစာချုပ်ကြောင့် တရုတ်၏ BRI စီမံကိန်းနှင့် ဒေသတွင်း ပထဝီနိုင်ငံရေး ရည်မှန်းချက်များကို ချဲ့ထွင်ရာတွင် ပိုမိုအားကောင်းလာစေနိုင်ကြောင်း စင်ကာပူ စီးပွားရေးတက္ကသိုလ်မှ ကုန်သွယ်ရေး ကျွမ်းကျင်သူ အလက်ဇန်းဒါး ကာပရီက ပြောကြားခဲ့သည်။ စာချုပ်၌ အသိဉာဏ်ပစ္စည်း နှင့် ပတ်သက်သည့် သဘောတူညီချက်များ ပါဝင်သော်လည်း သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် အလုပ်သမားအခွင့်များ ပါဝင်ခဲ့ခြင်းမရှိကြောင်း AFP သတင်းကို ကိုးကား၍ The Daily Eleven သတင်းစာတွင် ဖော်ပြထားသည်။

ကုန်သွယ်ရေး

စိတ်ဝင်စားဖွယ်ရာ စီးပွားရေးသတင်း တပုဒ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလဖြစ်သော်လည်း တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသော အထည်ချုပ်လုပ်ငန်းကဏ္ဍ၏ ကုန်သွယ်မှု တန်ဖိုးမှာ ယခင်ဘဏ္ဍာနှစ်ကို ကျော်လွန်၍ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၉၈ ဘီလီယံရှိပြီ ဖြစ်ကြောင်း The Global New Light of Myanmar သတင်းစာတွင် ဖော်ပြထားသည်။ ဧပြီလအတွင်းမှစ၍ မြန်မာအစိုးရက စက်ရုံအလုပ်သမားများကို ကိုဗစ်ကပ်ရောဂါကြောင့် ကုန်စည်စီးဆင်းမှုများ နှေးကွေးသွားသဖြင့် လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းကိုသာ ယူကြရန် ကမ်းလှမ်းခဲ့သည်။ ကိုဗစ်ကပ်ရောဂါကာလဖြစ်၍ အထည်ချုပ်အလုပ်သမားများမှာ လုပ်ခလစာများ ထက်ဝက်ကျိုးမက လျော့ပါးခဲ့ရသော်လည်း အထည်ချုပ်ကဏ္ဍမှ တင်ပို့ခဲ့သော ကုန်စည်တန်ဖိုးမှာ ကျဆင်းသွားခြင်းမရှိသည့်အပြင် ပိုမိုတင်ပို့လာနိုင်သည့်အချက်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။

အခြားသတင်းတပုဒ်တွင် တရုတ်နိုင်ငံဘက်မှ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းများကြောင့် ကျင်စမ်းကျော့ နယ်စပ်တွင် မြန်မာဘက်မှ ဖရဲသီးတင်ပို့ရန်လာသော ကုန်ကားများ ရာနှင့်ချီ၍ တန်းစီပိတ်ဆို့နေကြောင်း The Global New Light of Myanmar၏ သတင်းဖော်ပြချက် ဖြစ်သည်။ ဤကဲ့သို့ တရုတ်နိုင်ငံဘက်မှ စစ်ဆေးမှုများကြာမြင့်နေခြင်းကြောင်း သီးနှံဈေးကွက်ထိခိုက်မည်ကို ကုန်သည်များ စိုးရိမ်နေကြကြောင်း Myanmar Times သတင်းဌာန၏ ဖော်ပြချက်လည်း ရှိခဲ့သည်။ ဝယ်လိုအားကောင်းသဖြင့် မြန်မာဖရဲသခွားများ စျေးကောင်းရနေချိန်တွင် ဤသို့ စစ်ဆေးမှုကြာမြင့်ခြင်းကြောင့် သီးနှံများ၏ လတ်ဆတ်မှု ထိခိုက်ပြီး ဈေးကွက်ပါထိခိုက်လာမည်ကို ကုန်သည်များက စိုးရိမ်နေကြသည်။

နယ်စပ်ကုန်သွယ်ရေးသတင်းများတွင် တရုတ်အစိုးရက လွန်ခဲ့သော တနှစ်ခန့်က ပိတ်သိမ်းခဲ့သော ရွှေလီကျယ်ဂေါင်မြို့ရှိ မြန်မာကုန်သည်များ၏ ဘဏ်အကောင့်များကို ပြန်ဖွင့်ပေးရန်အတွက် တရုတ်ဗဟိုအစိုးရအား တင်ပြပေးရန် ကုန်သည်များက မြန်မာအစိုးရကို တောင်းဆိုထားသည်ဟူသော သတင်းဖော်ပြချက်ဖြစ်သည်။ အွန်လိုင်းလောင်းကစား၊ ငွေ‌ကြေးခဝါချမှု၊ မူးယစ်ဆေးဝါး သို့မဟုတ် တရားမဝင်နည်း လမ်းများဖြင့် ငွေကြေးများရှိ‌နေခြင်း‌ကြောင့် အကြောင်းပြချက်ဖြင့် တရုတ်အစိုးရက ဘဏ်အကောင့် ၂၀၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး အောက်တိုဘာတွင် အကောင့် ၃၀ ခန့် ပြန်ဖွင့်ပေးခဲ့သည်။

အခြား

ဒဂုံဆိပ်ကမ်းမြို့နယ် ၈၇ ရပ်ကွက်၌ လိုတရ-ရွှေစံလှ မုန့်နှင့်ပေါက်စီလုပ်ငန်းတွင် (တရုတ်နိုင်ငံ ပတ်စ်ပို့ကိုင်ဆောင်ထားသူ) တရုတ်နိုင်ငံသား ပိုင်ရှင်လင်မယားနှစ်ယောက်၏  အလုပ်လုပ်ကိုင်ရန် အသက်မပြည့်သေးသော ကလေးငယ်များကို နှိပ်စက်ခိုင်းစေမှုသတင်းကို Myanmar Now အပါအဝင် သတင်းမီဒီယာအများစုတွင် ဖော်ပြခဲ့သည်ကို တွေ့ရသည်။ ထွက်ပြေးလွတ်မြောက်လာသူကလေးတစ်ဦး၏ ပြောဆိုချက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကလေးငယ် ၁၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုခံထားရပြီး ပိုင်ရှင်လင်မယားနှင့် ၎င်းတို့၏ ညီဖြစ်သူအား အမှုဖွင့်အရေးယူထားပြီး ထိုဖြစ်ရပ်အပေါ် အခြေခံကာ ရာနှင့်ချီသော လူအုပ်စုက “တရုတ်အား အကာအကွယ်ပေးနေသော ရဲတပ်ဖွဲ့”ဟူသော စကားရပ်များဖြင့် အဓိကရုဏ်းတစ်ခုဖြစ်ပွားစေရန် လုပ်ဆောင်မှုများရှိခဲ့သည်ဟု ဖော်ပြကြသည်။

အခြားမှုခင်း သတင်းတပုဒ်တွင် တာချီလိတ်မြို့၌ တရုတ်နိုင်ငံသား အချင်းချင်း ဓားဖြင့်ထိုး၍ ပြန်ပေးဆွဲခဲ့သူများကို ဖမ်းဆီးထားကြောင်း ကမ္ဘောဇတိုင်းက ရေးသားသည်။ ယခုတပတ်အတွင်း ကျိုင်းလပ်မြို့နှင့် ကျိုက်မရောမြို့တို့တွင် တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၁၉ ဦးကို ဖမ်းမိခဲ့ကြောင်း မြန်မာတိုင်းမ် သတင်းတွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ယွမ်သိန်း ၄၀ (မြန်မာငွေကျပ် သိန်း ၈၀၀၀ခန့်) နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ငွေကျပ် သိန်း ၈၀၀၀ တန်ဖိုးရှိ အထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ပါသည်။

The post တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် နိုဝင်ဘာ တတိယပတ် (နိုဝင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိ) appeared first on ISP Myanmar China Desk.

တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် နိုဝင်ဘာ ဒုတိယပတ် (နိုဝင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ)
ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာဆက်ဆံရေးနှင့် သက်ဆိုင်သော ပြည်တွင်းပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၇၀ နီးပါးကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများမှ အလေးပေးအာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို ISP-Myanmar China Desk မှ အနှစ်ချုပ် ဖော်ပြပေးမည် ဖြစ်ပါသည်။

ရွေးကောက်ပွဲ နောက်ဆက်တွဲ

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သော မြန်မာ့အထွေထွေရွေးကောက်ပွဲရလဒ်နှင့်အတူ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသော သတင်းနှင့်ဆောင်းပါးအချို့ကို တရုတ်မီဒီယာများတွင် ယခုရက်သတ္တပတ်အတွင်း တွေ့ရှိရသည်။

နိုဝင်ဘာ ၁၁ ရက်က The Global Times မီဒီယာတွင် ဖော်ပြခဲ့သော ဆောင်းပါးတပုဒ်၌ မြန်မာ့ရွေးကောက်ပွဲအပေါ် ပူပန်မှုများရှိ၍ အနီးကပ်စောင့်ကြည့်လေ့လာသွားမည်ဟု ပြောကြားခဲ့သော အမေရိကန်နိုင်ငံ၏ Secretary of State (နိုင်ငံခြားရေးဝန်ကြီးနှင့် အဆင့်တူ)ဖြစ်သူ Mike Pompeo အနေဖြင့် ယင်းပူပန်မှုကို စွန့်လွှတ်သင့်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။ အနောက်နိုင်ငံများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဒီမိုကရေစီပုံရိပ်ဟု အမည်တပ်ကာ တရုတ်ဆန့်ကျင်ရေးလမ်းစဉ်ကို လိုက်လိမ့်မည်ဟု ယူဆခဲ့ကြသော်လည်း မြန်မာနိုင်ငံသည် လက်ရှိအချိန်ထိ ဘက်မလိုက်၍ လွတ်လပ်သော နိုင်ငံခြားရေး မူဝါဒကိုသာ ကိုင်စွဲထားပြီး အာဆီယံနိုင်ငံများအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ခိုင်မာသော ဆက်ဆံရေးထူထောင်ကာ နိုင်ငံ၏ တိုးတက်ဖွံဖြိုးရေးကို လက်တွေ့ကျကျ ဦးစားပေးခဲ့သည်ဟု ဖော်ပြထားသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံအနေဖြင့်လည်း နှစ်ဦးနှစ်ဖက် အကျိုးများဖွယ်ဖြစ်သည့် BRI စီမံကိန်းကို ပူပေါင်းဆောင်ရွက်နေကာ အနောက်နိုင်ငံများအနေဖြင့် အခြားနိုင်ငံတနိုင်ငံ၏ ရွေးချယ်ခွင့်အပေါ် ဝင်ရောက်ချယ်လှယ်နိုင်သည်ဟု ထင်မှတ်နေသည့် အတ္တစိတ်ကို လျှော့ချသင့်ပြီဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။

နိုဝင်ဘာ ၁၂ ရက်တွင် ဖော်ပြသော အခြားဆောင်းပါးတပုဒ်တွင်လည်း ရွေးကောက်ပွဲရလဒ်များကို ဖော်ပြကာ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးမှုကို ဦးစားပေးသင့်ကြောင်း၊ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးအတွက် ပြင်းထန်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝါဒများ၊ သယံဇာတအရင်းအမြစ်အစွဲများကို ဖယ်ရှားပစ်ရမည်ဟု သတိပြုဖွယ် ဖော်ပြထားသည်။ မြန်မာနှင့် အမေရိကန်တို့၏ ဆက်ဆံရေးတွင် ပျားရည်ဆမ်းကာလများ ရှိခဲ့ကြသော်လည်း ရခိုင်မြောက်ပိုင်းအရေးနှင့်ပတ်သက်၍ ဖိအားပေးမှုများရှိလာချိန်တွင် မြန်မာလူထု၏ အနောက်နိုင်ငံများအပေါ် သဘောထားများလည်း ပြောင်းလဲလာကြောင်း ရေးသားထားသည်။ အဆိုပါဆောင်းပါးကို ရေးသားသူ ပီရှိဟုန်သည် တရုတ်အိမ်နီးချင်းနိုင်ငံများ သံတမန်ရေးရာ လေ့လာရေးစင်တာ၏ ပါမောက္ခတဦး ဖြစ်သည်။

အခြားသော ရွေးကောက်ပွဲနှင့် ဆက်စပ်သောသတင်းတပုဒ်မှာ မိုင်းတုံမြို့နယ်အတွင်းရှိ “ဝ” အဖွဲ့ ထိန်းချုပ်နယ်မြေမှ မဲရုံများတွင် အသက်မပြည့်သူများနှင့် မှတ်ပုံတင် မပါသူများ မဲလာပေးသဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ကိုယ်စားလှယ်လောင်းက ကော်မရှင်အဖွဲ့ခွဲထံ တိုင်ကြားခဲ့ကြောင်း Eleven Media Group ၏ သတင်းဖော်ပြချက်ဖြစ်သည်။ မဲပေးသူများမှာ မဲစာရင်းတွင်လည်းမပါဝင်၊ မှတ်ပုံတင်လည်းမပါဝင်ဘဲ တိုကင်ကိုင်ကာ လာရောက်မဲပေးခဲ့၍ SNLD ကိုယ်စားလှယ်လောင်းက သွားရောက်လေ့လာရာ အသက်မပြည့်သူများ မဲလာမပေးရန် မဲအဖွဲ့တာဝန်ရှိသူများက တရုတ်စကားဖြင့် သတိပေးခဲ့ရကြောင်း ဖော်ပြထားသည်။

ထူးခြားချက်အနေဖြင့် အနောက်နိုင်ငံကြီးများဖြစ်ကြသော အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော ထိုင်းနှင့် အိန္ဒိယတို့က မြန်မာ့ရွေးကောက်ပွဲအတွက် ချီးကျူးဂုဏ်ပြုကြောင်း ပေးပို့ခဲ့ကြပြီး တရုတ်နိုင်ငံကမူ ရွေးကောက်ပွဲအပြီး တပတ်ကျော်အကြာ(ယနေ့ နိုဝင်ဘာ ၁၆ ရက် အထိ) ရွေးကောက်ပွဲနှင့် ပတ်သက်၍ တစုံတရာ ထုတ်ပြန်ခြင်း၊ ပေးပို့ခြင်း မရှိသေးပေ။

တရုတ်အကူအညီများ

တရုတ်နိုင်ငံမှ မူဆယ်မြို့အတွက် လှူဒါန်းပေးထားသော ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေးသည့်စက်ကို အမြန်ဆုံးစမ်းသပ်အသုံးပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ မူဆယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးစိုင်းဖိုးမြတ်က နိုဝင်ဘာ ၅ ရက်တွင် ပြည်သူများကိုယ်စား စာတင်တောင်းဆိုခဲ့ကြောင်း Eleven Media Group က ဖော်ပြထားသည်။

အဆိုပါ တရုတ်ယွမ်ငွေ ၂၀,၁၇၆,၂၆၄ ယွမ်(မြန်မာကျပ်ငွေ သိန်းလေးထောင်ကျော်) တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးသည့် Gene Quantitative Detection စက်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီအစိုးရက မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အောက်တိုဘာ ၁၄ ရက်က လှူဒါန်းပေးခဲ့သည်။ စက်ပစ္စည်းများကို မူဆယ်ခရိုင် ပြည်သူ့ဆေးရုံသစ်ကြီး၌ တရုတ်ပညာရှင်များ ပါဝင်သောအဖွဲ့က အောက်တိုဘာ ၁၅ ရက်မှ   ၁၉ ရက်အထိ တပ်ဆင်ပေးခဲ့ကာ တရုတ်ကျွမ်းကျင်ပညာရှင်များက မူဆယ်ခရိုင်ရှိ ဓာတ်ခွဲဝန်ထမ်းများကို လေးရက်ကြာ လက်တွေ့စမ်းသပ် သင်ပြပေးခဲ့သည်။

တရုတ်အစိုးရက ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို ကိုဗစ်-၁၉ ကင်းစင်မှသာလျှင် ဝင်ရောက်သယ်ဆောင်ကုန်ချခွင့်များ ခွင့်ပြုနေပြီး ယခုအခါ COVID-19 Antigen Test Kit နည်းပါးလာကာ အလုံအလောက်စစ်ဆေးပေးနိုင်ခြင်းမရှိခြင်းတို့ကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာနေကြောင်း Eleven Media Group တွင် ဖော်ပြထားသည်။ မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားကူးသန်းရောင်းဝယ်ဖောက်ကားရာ နယ်စပ်ကုန်သွယ်မြို့ မူဆယ်သည် နေ့စဉ်ကုန်စည်သယ်ယူပို့ဆောင်မှု ကုန်ကားများ ပျမ်းမျှတစ်ရက်လျှင် ၁၀၀၀ နီးပါး ဝင်ထွက်သွားလာမှု ပြုလုပ်လျက်ရှိသည်။

ထို့အပြင် ယခုရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ခြောက်သိန်းကျော် တန်ဖိုးရှိ အားကစားပစ္စည်း နှင့် အားကစားနည်းပညာ ကူညီထောက်ပံ့ရေး စီမံကိန်းဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး PPE ဝတ်စုံ နှစ်သိန်းလေးသောင်း၊ နှာခေါင်းစည်း သုံးသိန်းကျော် ကိုလည်း လှူဒါန်းခဲ့သည်။ ထို့အတူ မကာအိုနှင့် ယူနန်အစိုးရတို့မှ စုစုပေါင်းယွမ် ရှစ်သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းခန့်) တန်ဖိုးရှိသော  N95 မျက်နှာဖုံး လေးသောင်းခြောက်ထောင်၊ PPE ဝတ်စုံပြည့် သုံးသောင်း နှင့် Ventilators ဆယ်ခု ကို လှူဒါန်းခဲ့သည်။ တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနကို အမြန်ဆုံးစတင်တည်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာက ဖော်ပြခဲ့သည်။

ကုန်သွယ်ရေး

တရုတ်နိုင်ငံတွင် နိုင်ငံတကာကုန်စည်ပြပွဲများ ပြုလုပ်လျက်ရှိပြီး မြန်မာ့ထွက်ကုန်များပြသရန် အခွင့်အလမ်းများရှိနေကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ ကုန်စည်ပြပွဲများမှာ ရှန်ဟိုင်းမြို့၌ နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့သော The 3rd China International Import Expo (CIIE) 2020 ESihf Hongqiao International Economic Forum၊ နန်နင်းမြို့၌ နိုဝင်ဘာ ၂၇ ရက် မှ ၃၀ ရက်အထိ ပြုလုပ်မည်ဖြစ်သော တရုတ်-အာဆီယံကုန်စည်ပြပွဲ၊ ကူမင်းမြို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်မှ ဖေဖော်ဝါရီ ၉ ရက်အထိ ကျင်းပသွားမည့် Kunming Spring Festival Shopping Expo ပြပွဲတို့ ဖြစ်ပြီး ပြပွဲအားလုံးသို့ မြန်မာနိုင်ငံအား တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၃၀ ရက်အထိ ယာယီစာရင်းအရ ဆန်နှင့် ဆန်ကွဲ အများဆုံးတင်ပို့ခဲ့သည့် နိုင်ငံများအနက် တရုတ်ပါဝင်ကြောင်း Eleven Media Group ၏သတင်းဖော်ပြချက်အရ သိရသည်။ တန်းမြင့်ဆန်များကို ရေကြောင်းမှတဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့နေခြင်း၊ မြန်မာ့ဆန်ကို နှစ်အနည်းငယ်ကြာ ဝယ်ယူမှုရပ်နားထားခဲ့သည့် ပြည်ပနိုင်ငံတချို့ ပြန်လည်ဝယ်ယူလာခြင်းများ ရှိနေသော်လည်း ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းနေသည့်အတွက် ရေကြောင်းကုန်သည်များအနေဖြင့် ဈေးပိုပေးနိုင်ခြင်းမရှိသောကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေးသို့ ပိုမိုရောင်းချနေရကြောင်း မြဝတီသတင်းဖော်ပြချက်အရ သိရသည်။

နိုဝင်ဘာလ ၉ ရက်က ရွှေလီမြို့တွင် မြန်မာနိုင်ငံသား လေးဦး၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း 7 Day Daily သတင်းစာ ဖော်ပြချက်အရ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာက ရွှေလီမြို့တွင် ရောဂါပိုးကူးစက်ခံရသူ နှစ်ဦးတွေ့ရှိပြီးနောက် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး တပတ်ခန့်ရပ်နားခဲ့ရပြီး ရွှေလီမြို့ကိုလည်း တရုတ်အစိုးရက Lock Down ချခဲ့သည်။ ထို့ကြောင့် မူဆယ်မြို့ရှိ ကုန်သည်များအနေဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းမည်ကို စိုးရိမ်လျက်ရှိသည်။

နိုင်ငံတော် အစိုးရက တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိပြီး ယခုတပတ်အတွင်း မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတလျှောက် နေ့စဉ် ပို့ကုန်ယာဉ် ၄၀၀ ကျော်၊ သွင်းကုန်ယာဉ် ၂၅၀ ခန့်ရှိကြောင်း နိုင်ငံပိုင် သတင်းစာ ဖော်ပြချက်အရသိရသည်။

အောက်တိုဘာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၂၃ သန်းကျော် ရရှိထားကြောင်း မြဝတီသတင်းစာ ဖော်ပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကို  မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီ၊ ချင်းရွှေဟော်၊ ကျိုင်းတုံ နယ်စပ်ဂိတ် ငါးခုမှတဆင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ကိန်းဂဏန်းအချက်အလက်များကို ပုံကားချပ်များဖြင့် မြင်သာအောင် ISP China Desk က ပြုလုပ်ထားပါသည်။

အခြား

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအရွေ့အဖြစ် မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးဇုန် တည်ဆောက်ရန်အတွက် အတည်ပြုချက်ရယူရန် ပါဝင်သည့် မြေနေရာများကို စိစစ်နေကြောင်း မြဝတီသတင်းဖော်ပြချက်အရ သိရသည်။ တရုတ်-မြန်မာ နယ်စပ်တွင် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် သုံးခုတည်ဆောက်သွားမည် ဖြစ်ပြီး မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်အပြင် ကန်ပိုက်တီနှင့် ချင်းရွှေဟော်တို့၌ တည်ဆောက်သွားရန် အစီအမံရှိသည်။

တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှု သတင်းများကို တွေ့ရှိရခြင်း မရှိသည်မှာ ရက်သတ္တပတ် နှစ်ပတ်ခန့် ရှိလာပြီ ဖြစ်သည်။

The post တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် နိုဝင်ဘာ ဒုတိယပတ် (နိုဝင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ) appeared first on ISP Myanmar China Desk.