ISP China Desk
Mr. Chen Hai(ချိန်ဟိုင်) Photo - Phyo Min Thein Facebook Page

တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဇွန်တွင် မြန်မာနိုင်ငံ၌ တာဝန်စတင်ထမ်းဆောင်သည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်၏ မဟာစီမံကိန်း ရပ်ဝန်းနှင့် လမ်းကြောင်း(BRI) စီမံကိန်းများ အကောင်အထည်ပေါ်လာရေးအတွက် သံတမန်နည်းလမ်းဖြင့် ကြိုးပမ်းလျက်ရှိသူလည်း ဖြစ်သည်။

သံအမတ်ကြီးအဖြစ် တာဝန်ယူလိုက်ပြီး မကြာခင်မှာပင် မြန်မာနိုင်ငံ၏ သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံတို့အပြင် ပြည်ထောင်စုဝန်ကြီးဌာန၊ ၀န်ကြီးများ စသည့် အရေးပါသည့် အကြီးအကဲများနှင့် တောက်လျှောက် တွေ့ဆုံထားသည်။ ယင်းအပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်တွင် အကျုံးဝင်ပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အကောင်အထည်ဖော်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်တည်ဆောက်ရေးစီမံကိန်းကို သွားရောက်ကြည့်ရှုခဲ့သည်။

ချိန်ဟိုင်သည် ၁၉၇၁ ခုနှစ်ဖွားဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ အင်တာနက်စာမျက်နှာတွင်  ဖော်ပြထားပြီး ၁၉၉၅ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အလုပ်စတင်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းမခံရမီက နိုင်ငံခြာရေးဝန်ကြီးဌာန၊ အာရှရေးရာဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။