ISP China Desk

တရုတ်-မြန်မာဆက်ဆံရေးကို လေ့လာရာတွင် မြန်မာနိုင်ငံမှ အမြင်များအပြင် တရုတ်နိုင်ငံမှ ရူထောင့်အမြင်များ၊ နိုင်ငံတကာ ပညာရှင်များ၏ သုံးသပ်ချက်များကို မြန်မာစာဖတ်ပရိသတ်များနှင့် မိတ်ဆက်ပေးရန် ရည်ရွယ်ပါသည်။ ဤကဏ္ဍတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ လေ့လာသူများမှ ထုတ်ပြန်သော တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် သုတေသနစာတမ်းများ၊ အစီရင်ခံစာများကို အကျဉ်းချုပ်ရေးသားဖော်ပြထားပြီး မူရင်းစာတမ်းများအား ရယူနိုင်သည့် နေရာများကို ညွှန်ပြပေးထားပါသည်။

စာတမ်းခေါင်းစဉ် - ပူးပေါင်းကြံစည်မှုနောက်ကွယ်မှ လျှို့ဝှက်အစီအစဉ် သို့မဟုတ် ကယား(ကရင်နီ)ပြည်နယ်တွင် အကောင်အထည်ဖော်ရန်လျာထားသည့် Myanmar-Global South Industrial Park စက်မှုဥယျာဉ်စီမံကိန်း

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ရပ်ဝန်းလမ်းကြောင်း(BRI)စီမံကိန်းများကို ပူးပေါင်းအကောင်အထည်ဖော်ရန် အတွက် သဘောတူညီမှုများရရှိထားပြီး ထိုမူဘောင်အောက်တွင် စီမံကိန်းများစွာကို ဆွေးနွေးအကောင်အထည် Read more...

စာတမ်းခေါင်းစဉ် - ယုံတမ်းများကိုကျော်လွန်၍ တရုတ်၏ ရပ်ဝန်းလမ်းကြောင်း အစီအမံအား လုံခြုံရေးရှုထောင့်မှ ဆန်းစစ်ခြင်း

ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ မလေးရှားနိုင်ငံက တရုတ်အခြေခံအဆောက်အအုံစီမံကိန်းတွေ၊ အင်ဒိုနီးရှားနိုင်ငံက ဂျာကာတာ-ဘန်ဒေါင်း ရထားလမ်းစီမံကိန်း၊ မြန်မာနိုင်ငံက မြစ်ဆုံဆည်စီမံကိန်းတွေဟာ သက်ဆိုင်ရာနိုင်ငံတွေက နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ကြုံနေရတာပါ။ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတွေဟာ တရုတ်နဲ့ စီးပွားရေးတိုးမြှင့်လိုပေမဲ့လည်း ဒေသတွင်းမှာ တရုတ်က တခုတည်းသော အင်အားကြီးနိုင်ငံဖြစ်လာမှာကိုတော့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီအတွက် ဘေဂျင်းကိုတော့ ဝါရှင်တန်နေရာမှာ Read more...

စာတမ်းခေါင်းစဉ် - ကြွေးမြီထောင်ချောက်ယုံတမ်းကို ဆန်းစစ်ခြင်း- ရပ်ဝန်းလမ်းကြောင်းစီမံကိန်းကို အိမ်ရှင်နိုင်ငံများက ဘယ်လို လွှမ်းမိုးပုံဖော်သလဲ

ဤစာတမ်းက အဓိကထောက်ပြထားသည်မှာ ပထမအချက်အနေဖြင့် BRI စီမံကိန်းသည် ပထဝီနိုင်ငံရေးကို အခြေပြုကာ ဘေဂျင်းအစိုးရ၏ ဗဟိုချုပ်ကိုင်မှုဖြင့် မဟာဗျူဟာ၊ လုပ်ငန်းစဉ်များဖြင့် စနစ်တကျ လည်ပတ်နေသော စီမံကိန်းမျိုးမဟုတ်ဘဲ တရုတ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းကြီးများ၏ အကျိုးစီးပွားကို အဓိကဦးစားပေးစဉ်းစားသော စီမံကိန်းဖြစ်သည်။ ဒုတိယအချက်အနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုဆိုင်ရာ ငွေကြေးထောက်ပံ့မှုစနစ်သည် ကျယ်ပြန့်လွန်းကာ ပေါင်းစပ်ညှိနှိုင်းမှု အားနည်းမှုရှိနေသည်။ တတိယအနေဖြင့် အဆိုပါ ငွေကြေးထောက်ပံ့စနစ်သည် Read more...

စာတမ်းခေါင်းစဉ် - မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲ – တရုတ်နှင့်အိန္ဒိယတို့၏ အကျိုးစီးပွားအားပြိုင်မှုများ

၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီက အများစုအနိုင်ရပြီး အစိုးရဖွဲ့နိုင်တယ်ဆိုတာကို နှစ်နိုင်ငံစလုံးက များစွာ စိုးရိမ်မှုရှိကြပုံ မပေါ်ပါဘူး။ နှစ်နိုင်ငံလုံးကလည်း အကျိုးစီးပွားကိုယ်စီကြောင့် ရွေးကောက်ပွဲအလွန်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှုမြင့်မားနေဖို့ အလိုရှိကြပေမယ့် အိန္ဒိယကာ ဒီမိုကရေစီနည်းကျ တိုက်တွန်းနိုင်တယ်လို့ စာတမ်းရေးသူက သုံးသပ်ထားပါတယ်။ အိန္ဒိယဟာ NLD ဦးဆောင်ပြီး တိုင်းရင်းသား ဒီမိုကရက်တစ်ပါတီတွေလည်းပါဝင်တဲ့ အစိုးရတရပ်ကို လိုလားမှာဖြစ်ပြီး တရုတ်ကတော့ NLD ဦးဆောင်ပြီး Read more...

စာတမ်းခေါင်းစဉ် - မြန်မာ့ သတင်းအချက်အလက် ရပ်ဝန်းကို ပုံဖော်ရန် တရုတ်၏ အားထုတ်မှုများ

တရုတ်သမ္မတ ရှီကျင့်ဖျင် ရေးထားတဲ့ ဆောင်းပါးကို နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြတာကစလို့ မြန်မာ-တရုတ်မီဒီယာတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဆက်သွယ်ရေးကဏ္ဍမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုတွေကို Facebook လူမှုကွန်ရက်အပါအဝင် မီဒီယာမျိုးစုံမှာ အကောင်းမြင် ဖော်ပြစေတာတွေအပြင် အခုနောက်ဆုံး ကိုဗစ်-၁၉ ကပ်ရောဂါဟာ အမေရိကန် သုတေသနစခန်းမှ စတင်တယ်လို့ တရုတ် CRI Facebook စာမျက်နှာကနေ မြန်မာဘာသာနဲ့ ဖော်ပြချက်တွေအထိ ထဲထဲဝင်ဝင် သုတေသနပြု လေ့လာထားပါတယ်။ တဆက်ထဲမှာပဲ ဒီလို Read more...