တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး ကဏ္ဍအသီးသီးတွင် သက်ရောက်လွှမ်းမိုးနိုင်မှု များစွာရှိသည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာရာတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍကို ချန်လှပ်ထား၍ မရနိုင်ပါ။ ထို့အတူ တရုတ်နိုင်ငံမှ တိုက်တွန်းနှိုးဆော်လျက်ရှိသော ခါးပတ်တစ်ကွင်း လမ်းတစ်စင်းအဆိုပြုချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း စီမံကိန်းများကို အကောင်အထည်ဖော်ရန် စိုင်းပြင်းနေချိန်ဖြစ်ပါသည်။ ထိုစီမံကိန်းသည် မြန်မာနိုင်ငံလူဦးရေ၏ ၆၆ ရာခိုင်နှုန်းကျော်ရှိသော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ နေပြည်တော်ကောင်စီ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်တို့ကို ဖြတ်သန်းသွားမည် ဖြစ်သည်။ ရထားလမ်း၊ ကားလမ်းများ၊ စက်မှုဇုံများ၊ ဆိပ်ကမ်းများ ပါဝင်သော ထိုစီမံကိန်းများသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် များစွာဆက်စပ်နေသလို ဒေသခံပြည်သူလူထု၏ နေ့စဉ်လူမှုဘဝများအပေါ်တွင် များစွာသက်ရောက်မှုများ ရှိလာမည်။ သို့ဖြစ်ရာ မြစ်ဆုံဆည်အရေး၊ မူဆယ်-မန္တလေးရထားလမ်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ ရန်ကုန်မြို့သစ်စီမံကိန်း အစရှိသည့် ပမာဏကြီးမားပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေး၊ နိုင်ငံခြားဆက်ဆံရေး၊ လူမှုစီးပွားရေး ကဏ္ဍများအပေါ်တွင် သက်ရောက်မှုများနိုင်သော စီမံကိန်းများ၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံ၏ ပါဝင်မှုများနှင့် အလေးပေးသင့်သည်ဟု ယူဆသည့် အကြောင်းအရာများအား အထူးကဏ္ဍတရပ်အနေဖြင့် ဖော်ပြသွားမည်ဖြစ်ပါသည်။
EconomicSecurityBRICMECရွှေကုက္ကိုစီမံကိန်း(Published on May 11, 2020) ရွှေကုက္ကို နိုင်ငံတကာအဆင့်မီ မြို့သစ်စီမံကိန်းသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၏ မြောက်ဘက်ဆယ်မိုင်အကွာ(၁၅ ကီလိုမီတာခန့်)အကွာတွင် အကောင်အထည်ဖော်နေသော စီမံကိန်းတခုဖြစ်သည်။ ရွှေကုက္ကိုမြိုင်မြို့သစ်စီမံကိန်းသည် ကရင်ပြည်နယ်၏ China Town ဟု Read more... Updated On June 29, 2021
EconomicBRIကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း(Published on July 4, 2019) ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင်တည်ရှိသည်။ မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင်ရှိပြီး ဘင်္ဂလားပင်လယ်အော်ကို Read more... Updated On February 15, 2022
EconomicBRICMECမြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်စီမံကိန်း(မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်)(Published on August 25, 2020) မူဆယ်(ဟိုဆောင်)- ရွှေလီ(ကျယ်ဂေါင်) နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တွင် နိုင်ငံတကာ စီးပွားရေးပင်မဇုန် (Core Zone)၊ ပို့ကုန်ထုတ်လုပ်မှုဇုန်နှင့် ကုန်လှောင်ရုံဇုန်များ ၊ သွင်းကုန်ထုတ်လုပ်မှုဇုံနှင့် ကုန်လှောင်ရုံဇုန်များ Read more... Updated On January 5, 2021
EconomicSecurityBRIတရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း(Published on December 6, 2019) တရုတ်- မြန်မာနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ် အနောက်ဘက်ကမ်းရိုးတန်းမှ အရှေ့မြောက် ရှမ်းပြည်နယ်ကတဆင့် တရုတ်နိုင်ငံ၏ အနောက်ဘက်ပြည်နယ်များအထိ ဆက်သွယ်ထားသော စီမံကိန်းကြီးဖြစ်သည်။ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအတွင်း စုစုပေါင်း ကီလိုမီတာ ၂၅၂၀(မိုင် ၁၅၀၀ ကျော်) ရှည်လျားသော အဆိုပါပိုက်လိုင်းများစီမံကိန်းသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုအနောက်ကျဆုံးဖြစ်သည့် အနောက်တောင်ဘက်ဒေသ၏ စွမ်းအင်လိုအပ်ချက်များကို Read more... Updated On December 31, 2020
EconomicSecurityDiplomacySoft powerBRIPoliticCMECတရုတ် ဒစ်ဂျစ်တယ် ပိုးလမ်းမစီမံကိန်းနှင့် မြန်မာနိုင်ငံ(Published on November 19, 2020) ရပ်ဝန်းလမ်းကြောင်း အစီအမံ(BRI) ၏ အစိတ်အပိုင်းဖြစ်သည့် ဒစ်ဂျစ်တယ်ပိုးလမ်းမ (Digital Silk Road – DSR)ကို ၂၀၁၅ ခုနှစ်တွင် တရုတ်အစိုးရက တရားဝင် မိတ်ဆက်ခဲ့သည်။ ဒစ်ဂျစ်တယ် ပိုးလမ်းမကြီးသည် စတုတ္ထ စက်မှုတော်လှန်ရေးတွင် တရုတ်၏ ဦးဆောင်မှုကဏ္ဍနှင့် တရုတ်၏ စံချိန်စံညွှန်းများကို ကမ္ဘာ့နိုင်ငံများအကြားတွင် မြှင့်တင်ရန်လည်း ဖြစ်သည်။ ဘေဂျင်းက ကမ္ဘာ့နည်းပညာရေးရာ ကဏ္ဍတွင် ဦးဆောင်သူ တဦးအဖြစ် ရပ်တည်ရန် ရည်ရွယ်သည့် “တရုတ် စံချိန်စံညွှန်းများ ၂၀၃၅ ခုနှစ်”ဆိုသည့် စက္ကူဖြူစာတမ်းကို ထုတ်ဝေခဲ့သည်။ ထိုစာတမ်းတွင် DSR ၏ အဓိက မူဘောင်မှာ “သတင်းအချက်အလက် ပိုးလမ်းမကြီး”အကောင်အထည်ဖော်ရန် ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ Read more... Updated On July 9, 2021
EconomicSecurityDiplomacyBRICMECရန်ကုန်မြို့သစ်စီမံကိန်း(Published on July 3, 2020) မြို့သစ်တွင် စက်မှုဇုန်များ၊ အဆင့်မြင့်အိမ်ရာများ၊ အပန်းဖြေအိမ်ရာများ၊ ဈေးဝယ်စင်တာ များ၊ မြို့တွင်း ပြေးဆွဲမည့် အမြန်ရထား၊ ဘတ်စ်ကား ဆက်သွယ်ရေးလမ်းကြောင်းများ စသည့် မြို့တမြို့၏အင်္ဂါရပ်များ အစုံအလင်ထည့်သွင်းတည်ဆောက်ရန် စီမံထားသည့် နည်းပညာသုံး စက်မှုမြို့သစ် စီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် Read more... Updated On November 24, 2020