ISP China Desk

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး ကဏ္ဍအသီးသီးတွင် သက်ရောက်လွှမ်းမိုးနိုင်မှု များစွာရှိသည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာရာတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍကို ချန်လှပ်ထား၍ မရနိုင်ပါ။ ထို့အတူ တရုတ်နိုင်ငံမှ တိုက်တွန်းနှိုးဆော်လျက်ရှိသော ခါးပတ်တစ်ကွင်း လမ်းတစ်စင်းအဆိုပြုချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း စီမံကိန်းများကို အကောင်အထည်ဖော်ရန် စိုင်းပြင်းနေချိန်ဖြစ်ပါသည်။ ထိုစီမံကိန်းသည် မြန်မာနိုင်ငံလူဦးရေ၏ ၆၆ ရာခိုင်နှုန်းကျော်ရှိသော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ နေပြည်တော်ကောင်စီ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်တို့ကို ဖြတ်သန်းသွားမည် ဖြစ်သည်။ 

ရထားလမ်း၊ ကားလမ်းများ၊ စက်မှုဇုံများ၊ ဆိပ်ကမ်းများ ပါဝင်သော ထိုစီမံကိန်းများသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် များစွာဆက်စပ်နေသလို ဒေသခံပြည်သူလူထု၏ နေ့စဉ်လူမှုဘဝများအပေါ်တွင် များစွာသက်ရောက်မှုများ ရှိလာမည်။  သို့ဖြစ်ရာ မြစ်ဆုံဆည်အရေး၊ မူဆယ်-မန္တလေးရထားလမ်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ ရန်ကုန်မြို့သစ်စီမံကိန်း အစရှိသည့် ပမာဏကြီးမားပြီး  မြန်မာနိုင်ငံ၏ ပြည်တွင်းရေး၊ နိုင်ငံခြားဆက်ဆံရေး၊ လူမှုစီးပွားရေး ကဏ္ဍများအပေါ်တွင် သက်ရောက်မှုများနိုင်သော စီမံကိန်းများ၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံ၏ ပါဝင်မှုများနှင့် အလေးပေးသင့်သည်ဟု ယူဆသည့် အကြောင်းအရာများအား အထူးကဏ္ဍတရပ်အနေဖြင့် ဖော်ပြသွားမည်ဖြစ်ပါသည်။

Economic

မူဆယ်-မန္တလေး မီးရထားလမ်း

(Published on August 16, 2019) မူဆယ်-မန္တလေး မီးရထားလမ်းသည် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကုန်သွယ်ရေးအချက်အချာဖြစ်သော မန္တလေးမြို့ကို ချိတ်ဆက်ဖောက်လုပ်မည့် အမြန်ရထားလမ်းဖြစ်သည်။ ထိုစီမံကိန်းသည် တရုတ်နိုင်ငံမှ အဆိုပြုထားသော တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ တရုတ်-မြန်မာစီးပွားရေး စင်္ကြံလမ်းသည် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတမ်းရှိ ကျောက်ဖြူမြို့၊ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တို့နှင့် မူဆယ်မြို့အား မန္တလေး မြို့မှတဆင့် အမြန်ရထားလမ်းများ၊ ကာားလမ်းများ၊ ကုန်သွယ်မှုမြှင့်တင်ရေး အခြေခံအဆောက်အအုံများဖြင့် ချိတ်ဆက်ရန် Read more...

PeacePolitic

တရုတ်နိုင်ငံနှင့် မြန်မာ့ငြိမ်းချမ်းရေး

(Published on August 20, 2019) မြန်မာ့လက်နက်ကိုင်ပဋိပက္ခ နောက်ခံအခြေအနေအကျဉ်းချုပ် မြန်မာ့ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခသည် အင်္ဂလိပ်ကိုလိုနီအစိုးရထံမှ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ် ၀န်းကျင်တွင် စတင်သန္ဓေတည်ပေါ်‌ပေါက်ခဲ့ခြင်း ဖြစ်သည်။ လွတ်လပ်ရေးတိုက်ပွဲ၀င် နိုင်ငံရေးခေါင်းဆောင်အချို့ပါ၀င်သည့် မြန်မာပြည်ကွန်မြူနစ်ပါတီ(ဗကပ)၊ ကရင်၊ ကရင်နီတို့အပါအ၀င် Read more...

EconomicBRICMEC

မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဇုန် (သို့မဟုတ်) နန်ကျင် စီးပွားရေးစက်မှုဇုန် စီမံကိန်း

(Published on September 11, 2020) မြစ်ကြီးနားစီးပွားဖွံ့ဖြိုးတိုးတက်ရေးဇုန် (သို့မဟုတ်) နန်ကျင် စီးပွားရေးစက်မှုဇုန် စီမံကိန်းသည် မြစ်ကြီးနားမြို့၏ အနောက်မြောက်ဘက် နန်ကျင်ရွာနှင့် ၁၀ ကီလိုမီတာခန့် အကွာအဝေးရှိ နန့်ကွေ့ချောင်းအနီး၊ လီဒိုလမ်းမကြီးပေါ် မြေဧက ၄,၇၀၀ ကျော်တွင် တည်ဆောက်ရန် လျာထားသည့် ဘက်စုံစီးပွားရေးဇုန်များ ပါဝင်မည့် Read more...

Security

ရခိုင်ပြည်နယ်အကျပ်အတည်းတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍ

(Published on December 6, 2019) လူမျိုးရေးအမှတ်အသား၊ လုံခြုံရေး၊ စီးပွားရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်တွင် ဒေသခံရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်များအကြား တင်းမာမှုများနှင့် မကျေလည်မှုများ အခြေတည်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော် နှစ်ဖက်လူမှုအသိုင်းအဝိုင်းအကြားက ပဋိပက္ခ၏ဒီဂရီကို မြင့်လာစေသည်မှာ ၂၀၁၂ ခုနှစ်တွင်ဖြစ်သည်။ Read more...