ISP China Desk

တရုတ်-မြန်မာဆက်ဆံရေးကို လေ့လာရာတွင် မြန်မာနိုင်ငံမှ အမြင်များအပြင် တရုတ်နိုင်ငံမှ ရူထောင့်အမြင်များ၊ နိုင်ငံတကာ ပညာရှင်များ၏ သုံးသပ်ချက်များကို မြန်မာစာဖတ်ပရိသတ်များနှင့် မိတ်ဆက်ပေးရန် ရည်ရွယ်ပါသည်။ ဤကဏ္ဍတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ လေ့လာသူများမှ ထုတ်ပြန်သော တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် သုတေသနစာတမ်းများ၊ အစီရင်ခံစာများကို အကျဉ်းချုပ်ရေးသားဖော်ပြထားပြီး မူရင်းစာတမ်းများအား ရယူနိုင်သည့် နေရာများကို ညွှန်ပြပေးထားပါသည်။

စာတမ်းခေါင်းစဉ် - ပဋိပက္ခပွားစေသောမီးလျှံများ(ရခိုင့်ဘ၀များကိုတောက်လောင်နေသောရင်းနှီးမြုပ်နှံမှုများ)

သယံဇာတခွဲဝေမှုဆိုင်ရာ ပဋိပက္ခမီးများ၊ တန်းတူညီမျှမှုနှင့် နိုင်ငံရေးဆိုင်ရာ ပဋိပက္ခမီးတောက်များကို သတ္တုချကြည့်ပါက လက်ရှိ ကျင့်သုံးနေသော ဖွဲ့စည်းပုံအခြေခံဥပဒေသည် ထိုပဋိပက္ခမီးတောက်များကို ပိုမိုတောက်လောင်စေသည်ဟု အစီရင်ခံစာက ထောက်ပြသည်။ ၂၁ ရာစုတွင် အရှိန်အဟုန်ဖြင့် အင်အားကြီးမားလာသော ခါးပတ်တကွင်းလမ်းတစင်း စီမံကိန်းထဲတွင် ပါဝင်နေသော ရခိုင်ပြည်နယ်သည် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့ကို တည်မှီ၍ တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးဗဟိုချက် ဖြစ်လာမည့်အပြင် တရုတ်နိုင်ငံ၏ Read more...

စာတမ်းခေါင်းစဉ် - တရုတ်၏ BRI စီမံကိန်းနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ မြန်မာနိုင်ငံအတွက် အကန့်အသတ်များ

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းဖို့နဲ့ မြန်မာ့အကျိုးစီးပွားအသာရစေဖို့ မြန်မာနိုင်ငံအနေနဲ့ ဥပဒေရေးရာအရ ခိုင်မာအားကောင်းနေဖို့ လိုအပ်ပါတယ်။ နိုင်ငံတခုတည်းက ရင်းနှီးမြှုပ်နှံမှုတွေကို မှီခိုအားထားနေခြင်းဟာ ရေရှည်မှာ အချုပ်အခြာအာဏာနဲ့ ပထဝီနိုင်ငံရေးအရ လွှမ်းမိုးခံရမယ့် အန္တရာယ်ကလည်း ကြီးမားပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ သက်ဆိုင်တဲ့ တင်ဒါတွေ ခေါ်ယူရာမှာလည်း တနိုင်ငံထဲကို ဦးစားပေးတာထက် နိုင်ငံစုံ ညီမျှတဲ့ ကစားကွင်းမျိုး၊ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ Read more...

စာတမ်းခေါင်းစဉ် - ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးစီမံကိန်း

ရန်ကုန်မြို့သစ်စီမံကိန်း၏ မြေမျက်နှာသွင်ပြင်သည် ရေကြီးမှုကို ဖြစ်စေနိုင်သော‌ကြောင့် မြင့်မားများပြားလှသော အဆောက်အအုံများအတွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်၀န်းကျင်ဆိုင်ရာအန္တရာယ်များ စသည့် ဖြစ်နိုင်ခြေများကို တွေ့ရှိနိုင်သည်။ ထို့အပြင် ရေပေးဝေရေးနှင့်ပတ်သက်၍ မသေချာ မရေရာမှုများ၊ စီမံကိန်း ဆောင်ရွက်မည့် CCCC ကုမ္ပဏီ၏ ဂုဏ်သိက္ခာညံ့ဖျင်းခြင်းနှင့် စီမံကိန်းအတွက် များစွာသော သွင်းကုန်များ လိုအပ်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းများတွင် တရုတ်အလုပ်သမားများ Read more...

စာတမ်းခေါင်းစဉ် - ကုန်သွယ်မှုနှင့် ပဋိပက္ခများ " မြန်မာ-တရုတ် ဆက်ဆံရေးကို ပုံဖော်ခြင်း"

ပဋိပက္ခဒေသတွေမှာ ဆောင်ရွက်နေတဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေဟာ အသွားနှစ်ဖက်ပါတဲ့ ဓားလိုပါပဲ။ ဒေသခံတွေရဲ့ ဘ၀ကို တိုးတက်ကောင်းမွန်ဖို့အတွက် စီးပွားရေးအခွင့်အလမ်းသစ်တွေ ဖော်ဆောင်ပေးဖို့လိုပေမဲ့ လုပ်ပုံလုပ်နည်း မမှန်ခဲ့ရင် ပြည်သူလူထုရဲ့အကျိုးစီးပွားထက် လက်နက်ကိုင်တွေနဲ့ ၎င်းတို့နဲ့ အကျိုးစီးပွားချင်းထိစပ်နေတဲ့ သူတွေရဲ့ အကျိုးစီးပွားကိုပဲ ဖော်ဆောင်သလိုဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခတွေကိုလည်း ပိုမိုကြီးထွားလာစေနိုင်ပါတယ်။ Read more...

စာတမ်းခေါင်းစဉ် - တို့မြေများကို လောင်းကစားပစ်ခြင်း

ရွှေကုက္ကိုလ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသော ရာထိုက်နိုင်ငံတကာဦးပိုင်အုပ်စုသည် တရုတ်အစိုးရက အားပေးထောက်ခံသော တရားဝင်မှုရှိသည့် စီးပွားရေးအဖွဲ့အစည်းတခုအဖြစ် ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်မြှင့်တင်နေသလို၊ စီမံကိန်းအား တရုတ်နိုင်ငံ၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း၏ အစိတ်အပိုင်းတခု အဖြစ်ပုံဖော်နေသည်။ သို့သော် လက်တွေ့တွင်မူ ရာထိုက်ကုမ္ပဏီ၏ နောက်ခံအချက်အလက်များမှာ ဝေဝါးနေသလို အဆိုပါစီမံကိန်းအား တရုတ်အစိုးရ၏ အောက်းပေးထောက်ခံမှုရှိသည်ဟူသည့် ခိုင်မာသော သက်သေအထောက်အထားမရှိဘဲ Read more...