ISP China Desk

တရုတ်-မြန်မာဆက်ဆံရေးကို လေ့လာရာတွင် မြန်မာနိုင်ငံမှ အမြင်များအပြင် တရုတ်နိုင်ငံမှ ရူထောင့်အမြင်များ၊ နိုင်ငံတကာ ပညာရှင်များ၏ သုံးသပ်ချက်များကို မြန်မာစာဖတ်ပရိသတ်များနှင့် မိတ်ဆက်ပေးရန် ရည်ရွယ်ပါသည်။ ဤကဏ္ဍတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ လေ့လာသူများမှ ထုတ်ပြန်သော တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် သုတေသနစာတမ်းများ၊ အစီရင်ခံစာများကို အကျဉ်းချုပ်ရေးသားဖော်ပြထားပြီး မူရင်းစာတမ်းများအား ရယူနိုင်သည့် နေရာများကို ညွှန်ပြပေးထားပါသည်။

စာတမ်းခေါင်းစဉ် - The March 2015 Bombings of Yunnan and the Decline in Sino- Myanmar Relations 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၈ ရက်နှင့် ၁၃ ရက်နေ့တို့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းသို့ မြန်မာနိုင်ငံဘက်မှ မတော်တဆဗုံးကြဲချခဲ့ခြင်းသည် လက်ရှိတရုတ်-မြန်မာဆက်ဆံရေးကို လျော့ကျသွားစေသည့် ရှေ့ပြေးလက္ခဏာ ဖြစ်သည်။ ယခုစာတမ်းတွင် ပထမဦးစွာ ယူနန်ပြည်နယ်ဘက်သို့ ဗုံးကြဲချမှုကို ဦးတည်စေသော မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသဘက်က လက်ရှိမငြိမ်မသက်မှုကို လေ့လာထားသည်။ Read more...

စာတမ်းခေါင်းစဉ် - China-Myanmar Relations Since Naypyidaw’s Political Transition: How Beijing Can Balance Short-Term Interests And Long-Term Values

၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် အရပ်သားပုံပြောင်းတပ်မတော်အစိုးရကို တည်ထောင်ခဲ့သည်။ ယင်းနှင့်ပတ်သက်သည့် နိုင်ငံရေးပြုပြင်ဆောင်ရွက်မှုများအကြောင်း ဆွေးနွေးရာတွင် လေ့လာသုံးသပ်သူအများစုသည် ဘေဂျင်းနှင့် နေပြည်တော်ကြား ဆက်ဆံရေးကျဆင်းလာမှုကို Read more...

စာတမ်းခေါင်းစဉ် - China’s Myanmar Policy: Dilemma or Strategic Ambiguity?

စာတမ်းခေါင်းစဉ် – China’s Myanmar Policy: Dilemma or Strategic Ambiguity ရေးသားသူ – Bernt Berger ထုတ်ဝေသည့်အဖွဲ့ – Institute for Security and Development Policy ထုတ်ဝေသည့်ခုနှစ် – ၂၀၁၅၊ မတ် စာတမ်းအပြည့်အစုံ – China’s Myanmar Policy: Dilemma or Strategic Ambiguity စာတမ်းအကျဉ်းချုပ် မြန်မာ့တိုင်းရင်းသားပဋိပက္ခများနှင့် တရုတ်နိုင်ငံအကြား တိုက်ရိုက်ရော၊ သွယ်ဝိုက်၍ပါ ပတ်သက်ဆက်နွယ်မှုများရှိသည်ဖြစ်ရာ မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်ရှိတိုက်ပွဲများတွင် ပါဝင်ပတ်သတ်လျက်ရှိသော တရုတ်မျိုးနွယ်ဝင် တိုင်းရင်းသားလက်နက်ကိုင်များအား မည်သို့ဆက်ဆံရမည်ဆိုသည်မှာ တရုတ်နိုင်ငံအတွက် အကျပ်တွေ့စရာ Read more...

စာတမ်းခေါင်းစဉ် - Myanmar’s China Policy since 2011: Determinants and Directions

ယခုစာတမ်း၏ အဆိုပြုချက်သည် ၂၀၁၁ နှစ်မှစတင်ကာ မြန်မာနိုင်ငံက တရုတ်အပေါ် မူဝါဒပုံစံအသစ်နှင့် ချဉ်းကပ်လာစေသည့် အဓိကတွန်းအားတစ်ခုမှာ နိုင်ငံတကာနှင့် ပြန်လည်ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်သည့် မြန်မာနိုင်ငံအစိုးရ၏ နိုင်ငံခြားရေးမူဝါဒရည်မှန်းချက် ဖြစ်သည်။ ယင်းချဉ်းကပ်မှု အောင်မြင်ရန်မှာ မြန်မာနိုင်ငံနှင့် အမေရိကန်တို့အကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်မှုအပေါ်တွင် Read more...

စာတမ်းခေါင်းစဉ် - Myanmar’s foreign policy towards China 1988-2012: To what extent has Myanmar’s foreign policy towards China been determined by global geopolitical concerns in the period 1988-2012?

ယခုစာတမ်းတွင် ၁၉၈၈-၂၀၁၂ အတွင်း တရုတ်နိုင်ငံအပေါ်ချမှတ်သော မြန်မာနိုင်ငံ၏နိုင်ငံခြားရေးမူဝါဒမှာ ပထဝီနိုင်ငံရေး သို့မဟုတ် ပြည်တွင်းနိုင်ငံရေးအပေါ် အခြေခံပြီး စဉ်းစားဆုံးဖြတ်သလားဟူ၍ မေးခွန်းထုတ်ထားသည်။ ပထမဦးစွာ ဝေဖန်ဆွေးနွေးမှုများမပြုမီ ၁၉၈၈-၂၀၁၂ ကာလအတွင်း တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးနှင့် စီးပွားရေးဆက်ဆံရေးကို ခြုံငုံသုံးသပ်ထားသည်။ အဓိကဆွေးနွေးချက်မှာ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် နိုင်ငံတကာပထဝီနိုင်ငံရေးကို အလေးထားသည်။ Read more...

စာတမ်းခေါင်းစဉ် - A Multi-level Analysis of Sino-Myanmar Relations amidst Political Changes in Myanmar

ယခုစာတမ်းတွင် တရုတ်နှင့် မြန်မာအကြား ဆက်ဆံရေးကို အလွှာစုံ အုပ်ချုပ်ရေးဆန်းစစ်ယူဆနည်းအား အသုံးပြုထားသည်။ နှစ်နိုင်ငံဆက်ဆံရေး အရွေ့အား ဒေသန္တရအဆင့်၊ နိုင်ငံတော်အဆင့်နှင့် ဒေသတွင်းနိုင်ငံများအဆင့်တို့ဖြင့် လေ့လာထားသည်။ မြန်မာနိုင်ငံ၏ အားနည်းချက်မှာ နယ်စပ်ဖြတ်ကျော်ကိစ္စရပ်များအား ကိုင်တွယ်ရာတွင် သေချာဆောင်ရွက်နိုင်မှု မရှိခြင်းဖြစ်သည်ဟု ဆိုကြသည်။ Read more...

စာတမ်းခေါင်းစဉ် - China-Myanmar Cooperation to Combat Illegal Timber Trade and Promote Sustainable Forestry Investment

မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၁၅ နှစ်အတွင်း သစ်တောပြုန်းတီးမှု၏ ၁၅% မှာ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်တွင် တရားမဝင်သစ်ကုန်သွယ်မှုကြောင့် ဖြစ်သည်။ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ သစ်တောရေးရာဝန်ကြီးဌာနက သစ်အကြမ်းထည်အလုံးလိုက် တရားမဝင်တင်ပို့မှုကို တားမြစ်ချက်ထုတ်ပြန်ခဲ့သော်လည်း ထိရောက်သောလုပ်ဆောင်မှုဖြစ်ရန်မှာ တရုတ်နိုင်ငံ၏ ပူးပေါင်းပါဝင်မှုနှင့် အထောက်အပံ့လိုအပ်သည်။ Read more...