ISP China Desk

စာတမ်းခေါင်းစဉ် – China-Myanmar Relations Since Naypyidaw’s Political Transition: How Beijing Can Balance Short-Term Interests And Long-Term Values

ရေးသားသူ – Chenyang Li နှင့် James Char

ထုတ်ဝေသည့်အဖွဲ့ – Nanyang Technological University

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၅၊ မတ်

စာတမ်းအပြည့်အစုံChina-Myanmar Relations Since Naypyidaw’s Political Transition: How Beijing Can Balance Short-Term Interests And Long-Term Values

စာတမ်းအကျဉ်းချုပ်

၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် အရပ်သားပုံပြောင်းတပ်မတော်အစိုးရကို တည်ထောင်ခဲ့သည်။ ယင်းနှင့်ပတ်သက်သည့် နိုင်ငံရေးပြုပြင်ဆောင်ရွက်မှုများအကြောင်း ဆွေးနွေးရာတွင် လေ့လာသုံးသပ်သူအများစုသည် ဘေဂျင်းနှင့် နေပြည်တော်ကြား ဆက်ဆံရေးကျဆင်းလာမှုကို အလေးစိုက်ကြသည်။

မြန်မာ့နိုင်ငံရေးတံခါး ဖွင့်လိုက်ခြင်းနှင့်အတူ တရုတ်က အစိုးရမဟုတ်သောပါဝင်ပတ်သက်သူများ၏ အသံများကို ပိုမိုနားထောင်လာခဲ့သည်။ နိုင်ငံတကာအသိုင်းအဝန်းက မြန်မာ့နိုင်ငံခေါင်းဆောင်ပိုင်းများနှင့် ဆက်ဆံရေးထူထောင်ကြရန် အပြိုင်အဆိုင်ကြိုးပမ်းလာချိန်တွင် တရုတ်နိုင်ငံသည်လည်း  ၎င်း၏ မဟာဗျူဟာတို့ကို ပြန်လည်ချိန်ဆလာခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမူဝါဒကို ပြုပြင်မှုများဆောင်ရွက်ခဲ့သည်ဖြစ်ရာ ယခုစာတမ်းတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် ဖွံ့ဖြိုးရေးလိုအပ်ချက်ကို ကူညီခြင်းဖြင့် ၎င်း၏ အကျိုးစီးပွားကိုလည်း တိုးမြှင့်နိုင်ကြောင်းထောက်ပြထားသည်။

တချိန်တည်းမှာပင် မဝေးလှသည့်အနာဂတ်ကာလ၌ ယခင်ကကဲ့သို့ ခိုင်ခံ့သော နှစ်နိုင်ငံဆက်ဆံရေးအခြေအနေသို့ ပြန်လည်ရောက်ရှိရန်မှာ မလွယ်ကူသော်လည်း နေပြည်တော်၏ နိုင်ငံရေး အသွင်ကူးပြောင်းမှုကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်ချက်များကို ဘေကျင်းအနေဖြင့် ရေရှည်တွင် အမီလိုက်နိုင်မည်ဆိုလျှင် ကျော်လွှားရန်မျှော်လင့်ချက်ရှိသေးကြောင်း စာတမ်းတွင် နိဂုံးချုပ်ဖော်ပြထားသည်။