ISP China Desk

စာတမ်းခေါင်းစဉ် – China and Myanmar: Beijing’s Conflicting Role in the Kachin Peace Process

ရေးသားသူ – Loreen Tsin(Qin Liwen)

ထုတ်ဝေသည့်အဖွဲ့ – Mercator Institute for China Studies

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၄ ဇွန်

စာတမ်းအပြည့်အစုံChina and Myanmar: Beijing’s Conflicting Role in the Kachin Peace Process

စာတမ်းအကျဉ်းချုပ်

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုအောင်မြင်ရေးကို အဆုံးအဖြတ်ပေးနိုင်ပြီး ပြဿနာများစွာရှိသည့် မြန်မာအစိုးရနှင့် ကချင်ပြည်နယ်တို့အကြား ဆက်ဆံရေးတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍသည် အငြင်းပွားစရာတရပ် ဖြစ်နေသည်။

၂၀၁၂ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၁၃ အစောပိုင်းကာလများအတွင်း တရုတ်-မြန်မာ နယ်စပ်တွင်ဖြစ်ပွားသည့် တင်းမာမှုများသည် တရုတ်နိုင်ငံ၏ နယ်စပ်လုံခြုံရေးကို ခြိမ်းခြောက်လာသည်နှင့်အမျှ တရုတ်နိုင်ငံသည် နှစ်များစွာကြာအောင် ကျင့်သုံးလာခဲ့သော ဝင်ရောက်မစွက်ဖက်ရေးမူဝါဒမှသွေဖယ်ကာ ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တရားဝင်လက်ခံကျင်းပကာ စေ့စပ်ညှိနှိုင်းပေးခဲ့သည်။

ဘေဂျင်းရှိ မဟာဗျူဟာမြောက်စဉ်းစားသောဗဟိုအစိုးရမှသည် အကျိုးအမြတ်ရှာဖွေမှုကို ဦးစားပေးသည့် ယူနန်ပြည်နယ်အစိုးရများအထိပါဝင်သည့် မြောက်မြားစွာသော တရုတ်နိုင်ငံမ်ပါဝင်ပတ်သတ်သူများသည် မြန်မာပြည်နှင့်ပတ်သက်၍ ကွဲပြားသောအကျိုးစီးပွားများကို မျှော်မှန်းလျက်ရှိသည်။

ယင်းအကျိုးစီးပွားများ၏အချို့မှာ တခုနှင့် တခု ပဋိပက္ခဖြစ်လျက်ရှိရာ အကျိုးဆက်သည် ကချင်ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်၏ တသမတ်တည်းမဟုတ်သောမူဝါဒပင် ဖြစ်သည်။