ISP China Desk

စာတမ်းခေါင်းစဉ် – China, the United States and the Kachin Conflict

ရေးသားသူ – Yun Sun

ထုတ်ဝေသည့်အဖွဲ့ – The Stimson Center

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၄ ဇန်နဝါရီ

စာတမ်းအပြည့်အစုံရယူရန်China, the United States and the Kachin Conflict

စာတမ်းအကျဉ်းချုပ်

ကာလရှည်ကြာဖြစ်ပွားခဲ့သော ကချင်ပဋိပက္ခသည် မြန်မာ့အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အဓိက အတားအဆီးတခုဖြစ်ပြီး ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်အတွက် စိန်ခေါ်စမ်းသပ်ချက်တရပ်လည်း ဖြစ်သည်။

ကေအိုင်အိုနှင့် မြန်မာအစိုးရအကြားတွင် အပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ ဦးစားပေးချက်များ ကွဲလွဲလျက်ရှိသည်။ ဤကွဲလွဲချက်များကို ဖြေရှင်းခြင်းမပြုလျှင် အစိုးရကအဆိုပြုသော နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးသဘောတူညီချက်တွင် ကေအိုင်အိုပါဝင်ရန်မှာ မလွယ်ကူပါ။

အပစ်အခတ်ရပ်စဲရေးအခြေအနေများနှင့်ပတ်သက်၍ သဘောတူညီချက်မရရှိခြင်းက တရားဝင်အပစ်အခတ်ရပ်စဲရေးကို နှောင့်နှေးစေသည်။ ထို့အပြင် အဖွဲ့အစည်းအချို့သည် လက်နက်ကိုင်ပဋိပက္ခမှ စီးပွားရေးအကျိုးအမြတ်ရရှိနေခြင်းက ငြိမ်းချမ်းရေးဖြစ်စဉ်၏ အလားအလာများကို ပိုမိုနှောင့်နှေးစေခဲ့သည်။

၂၀၁၃ ခုနှစ်၊ ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တရုတ်နိုင်ငံကကြားဝင်ဖျန်ဖြေခဲ့ခြင်းမှာ ၎င်း၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်အတွက် ဖြစ်သည်။ ဤသို့ပါဝင်လာရန်အတွက် အရေးပါသော လှုံ့ဆော်ချက်မှာ ကချင်အရေးကိစ္စသည် နိုင်ငံတကာအရေးဖြစ်လာမည်ကို စိုးရိမ်းခြင်းများနှင့် တရုတ်နယ်စပ်တလျှောက်တွင်ဖြစ်ပေါ်လာမည့် အမေရိကန်၏အခန်းကဏ္ဍအနေအထားတို့ကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို မြှင့်တင်ရန်မှာ မြန်မာနိုင်ငံအပေါ်ထားသော အမေရိကန်၏ မူဝါဒတခုဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံအစိုးရသည် မိမိ၏ပြည်တွင်းရေးဖြစ်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် နိုင်ငံတကာပါဝင်ပတ်သက်မှုကို သတိကြီးစွာထားသည်ဖြစ်ရာ အမေရိကန်နိုင်ငံသည် ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများအပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း လွန်လွန်ကျူးကျူးပါဝင်မှုမရှိစေရန် ဂရုစိုက်လျက်ရှိသည်။