ISP China Desk

စာတမ်းခေါင်းစဉ် – China’s Myanmar Policy: Dilemma or Strategic Ambiguity?

ရေးသားသူ – Bernt Berger

ထုတ်ဝေသည့်အဖွဲ့ – Institute for Security and Development Policy

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၅၊ မတ်

စာတမ်းအပြည့်အစုံChina’s Myanmar Policy: Dilemma or Strategic Ambiguity?

စာတမ်းအကျဉ်းချုပ်

မြန်မာ့တိုင်းရင်းသားပဋိပက္ခများနှင့် တရုတ်နိုင်ငံအကြား တိုက်ရိုက်ရော၊ သွယ်ဝိုက်၍ပါ ပတ်သက်ဆက်နွယ်မှုများရှိသည်ဖြစ်ရာ မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်ရှိတိုက်ပွဲများတွင် ပါဝင်ပတ်သတ်လျက်ရှိသော တရုတ်မျိုးနွယ်ဝင် တိုင်းရင်းသားလက်နက်ကိုင်များအား မည်သို့ဆက်ဆံရမည်ဆိုသည်မှာ တရုတ်နိုင်ငံအတွက် အကျပ်တွေ့စရာ စဉ်းစားချက်တစ်ခုဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အဆိုပါအဖွဲ့များအား ထောက်ပံ့နေသည်၊ ကြိုးကိုင်ထားသည်ဟူသော သံသယများကို လျော့နည်းသွားအောင် မဖြေရှင်းနိုင်ခြင်းသည် တရုတ်-မြန်မာဆက်ဆံရေးနှင့် အိမ်နီးနားချင်းများနှင့် ပတ်သက်သည့် တရုတ်၏မူဝါဒတို့မှာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။