ISP China Desk

စာတမ်းအမည် – Security and Economy on the Belt and Road: Three Country Case Study

ရေးသားသူ – Henrik Hallgren and Richard Ghiasy

ထုတ်ဝေသည့်အဖွဲ့ – SIPRI Insights on Peace and Security

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၇၊ ဒီဇင်ဘာ

စာတမ်းအပြည့်အစုံ Security and Economy on the Belt and Road: Three Country Case Study

စာတမ်းအကျဉ်းချုပ်

ရပ်ဝန်းနှင့် လမ်းကြောင်း(BRI)စီမံကိန်း အဆိုပြုချက်သည် တရုတ်နိုင်ငံအနေနှင့်  ၎င်း ကြုံတွေ့ရနေရသည့် ပြည်တွင်းနှင့် ပြည်ပ တွန်းအားများအား တုန့်ပြန်မှု တစ်ခုဖြစ်သည်။ ထိုစီမံကိန်းသည် စီမံကိန်းတွင်ပါဝင်သော နိုင်ငံများအကြား နီးကပ်စွာချိတ်ဆက်ရေးနှင့် တည်ငြိမ်မှုများကို ဖန်တီးပေးနိုင်မည့် အလားအလာများရှိသည်။

သို့သော် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန်နှင့် အပြုသဘောမဆောင်သော တုန့်ပြန်မှုများကို လျော့ပါးစေရန်အတွက် များပြားသောဒေသခံများနှင့် နိုင်ငံတကာမှပါဝင်ပတ်နိုင်သည့် သူများအား ပိုမိုကျယ်ပြန့်စွာ ထည့်သွင်းစဉ်းစာရန် လိုအပ်သည်။

ဤစာတမ်းမှ ထောက်ပြထားသည်မှာ ရပ်ဝန်းနှင့် လမ်းကြောင်း(BRI)အဆိုပြုချက်အောက်တွင်ရှိသော စီမံကိန်းများသည် စီမံကိန်းဒေသများနှင့် နယ်စပ်ဖြတ်ကျော်လုံခြုံရေးတွင် သက်ရောက်မှုများရှိလာမည်ဖြစ်သည်။ ထိုစီမံကိန်းများသည် အိမ်ရှင်နိုင်ငံများရှိ ယန္တရားများ၊ အဖွဲ့အစည်းများ၏ အားနည်းချက်များကို ပိုမိုသိသာလာစေသလို ဘယ်လာရု၊ မြန်မာနှင့် ဥဇဘက်ကစ္စတန် နိုင်ငံများ၏ ဥပမာများတွင် တွေ့ရှိနိုင်သည်။

ရပ်၀န်းနှင့် လမ်းကြောင်း(BRI)အဆိုပြုချက် အောင်မြင်ရေးအတွက်  လိုအပ်ချက်များနှင့်အတူ တရုတ်နိုင်ငံသည် လုံခြုံရေးရာပူးပေါင်းဆောင်ရွက်မှုများတွင် ပိုမိုတက်ကြွစွာပါဝင်လာသည်။ တရုတ်နိုင်ငံ၏ဆောင်ရွက်မှုများသည် ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ခြင်းဟူသည့် ၄င်း၏ မူဝါဒများ တစတစပြောင်းလဲလာမှုများကို ထင်ဟပ်လျက်ရှိသည်။ သို့သော် မျက်မှောက်အချိန်အထိ လေ့လာချက်များအရ တရုတ်နိုင်ငံ၏ ရပ်၀န်းနှင့် လမ်းကြောင်း(BRI)စီမံကိန်းများနှင့် စပ်လျဉ်းသည့် လုံခြုံရေးရာကိစ္စရပ်များကို ကိုင်တွယ်ပုံသည် တသတ်မတ်ထဲမရှိသေးသည်ကို တွေ့ရသည်။

ယခု စာတမ်းတွင် တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်းတွင်ပါဝင်သော နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေး အနောက်ခံ မတူညီသည့် ဘယ်လာရု၊ မြန်မာနှင့် ဥဇဘက်ကစ္စတန် နိုင်ငံတို့တွင် မည်သို့သော စီးပွားရေးနှင့် လုံခြုံရေးရှုထောင့်များကို အသုံးပြုသည်ကို ရေးသားထားပါသည်။