ISP China Desk

စာတမ်းအမည် – Gambling as Development: A Case Study of Myanmar’s Kokang Self-administered Zone

စာတမ်းရေးသားသူ – Myint Myint Kyu

ထုတ်ဝေသည့်အဖွဲ့အစည်း – Regional Center for Social Science and Sustainable Development (RCSD)

ထုတ်ဝေသည့်ရက်စွဲ – ၂၀၁၈၊ ဖေဖော်ဝါရီ

စာတမ်းအကျဉ်းချုပ်

ဤစာတမ်းသည် မြန်မာနိုင်ငံအရှေ့မြောက်ဘက်၊ နယ်စပ်ဒေသဖြစ်သော ကိုးကန့်ဒေသတွင် လွှမ်းမိုးပျံ့နှံ့လျက်ရှိသည့် ကာစီနိုလောင်းကစားလုပ်ငန်းများကို လေ့လာဆန်းစစ်ထားခြင်း ဖြစ်ပါသည်။

ကိုးကန့်သည် မြန်မာနိုင်ငံ၏ဗဟိုအစိုးရမှ တရားဝင်အသိအမှတ်ပြုထားသော တရုတ်စကားပြောသည့် လူနည်းစုတိုင်းရင်းသားဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် လူသိများသော ကိုးကန့်ဒေသသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တည်ရှိပြီး တချိန်က ဘိန်းထုတ်လုပ်မှုနှင့်ပတ်သက်၍ နာမည်ကြီးခဲ့သည်။ ကာစီနိုလုပ်ငန်းများသည် ၁၉၈၉ ခုနှစ်နောက်ပိုင်းတွင်  ပေါ်ပေါက်ခဲ့ပြီး ထိုလုပ်ငန်းများအနေနှင့် ဒေသ၏ စီးပွားရေး၊ လူမှုရေးကဏ္ဍတို့တွင် မည်သို့သက်ရောက်နေသည်ကို လေ့လာရန် ကာစီနိုရုံအလုပ်သမားများနှင့် ကိုးကန့်ဒေသခံများအား ဤစာတမ်းအတွက်တွေ့ဆုံမေးမြန်းထားသည်။