ISP China Desk

စာတမ်းခေါင်းစဉ် – Understanding China’s Response to the Rakhine Crisis

ရေးသားသူ – Adrienne Joy

ထုတ်ဝေသည့်အဖွဲ့ – United States Institute of Peace

စာတမ်းအမျိုးအစား – Special report

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၈၊ ဖေဖော်ဝါရီ

စာတမ်းအပြည့်စုံUnderstanding China’s Response to the Rakhine Crisis

စာတမ်းအပြည့်စုံ ရယူရန်Understanding China’s Response to the Rakhine Crisis [Download]

စာတမ်းအကျဉ်းချုပ်

ရိုဟင်ဂျာ(မူရင်းအသုံး)လက်နက်ကိုင်များက ရဲကင်းများကို တိုက်ခိုက်ပြီးနောက် ၄င်းတို့ကို ဦးတည်သော နယ်မြေရှင်းလင်းမှုများကြောင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှစတင်ကာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခဲ့ရသည်။

ရိုဟင်ဂျာပေါင်း ခြောက်သိန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ပြသော အစီရင်ခံစာများသည် နိုင်ငံတကာမှ၊ အထူးသဖြင့် အနာက်နိုင်ငံများနှင့် OIC နိုင်ငံများမှ ပြစ်တင်ရှုတ်ချမှုများကို ပေါ်ပေါက်စေခဲ့သည်။

သို့သော်  အကြမ်းဖက်မှုများကို တုံ့ပြန်တိုက်ခိုက်ခြင်းသာဖြစ်သည်ဟူသော မြန်မာအစိုးရ၏ သတ်မှတ်ချက်ကို တရုတ်နိုင်ငံက လက်ခံကာ အထက်ပါအရေးကိစ္စများတွင် မြန်မာနိုင်ငံအစိုးရဘက်မှ ရပ်တည်ထောက်ခံခဲ့သည်။ နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းမှုများကိုလည်း ဆက်လက်ဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ပဋိပက္ခများသည် စီးပွားရေးမဖွံ့ဖြိုးသောကြောင့်ဟုဆိုကာ တရုတ်နိုင်ငံသည် ယင်းဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ရေနက်ဆိပ်ကမ်းများအပါအဝင် ကြီးမားသော အခြေခံအဆောက်အအုံရင်းနှီးမြုပ်နှံမှုများကို ပဋိပက္ခအဖြေရှာရေး လမ်းကြောင်းတစ်ခုအဖြစ် ပုံဖော်ခဲ့သည်။

ရခိုင်ပြည်နယ်ရှိပဋိပက္ခများကို တရုတ်နိုင်ငံ၏ ချဉ်းကပ်ပုံသည် ၎င်း၏အကျိုးစီးပွားများကို အကောင်အထည်ဖော်ရန် လိုအပ်သော ပြဿနာတချို့ကို ပြေလည်စေရေး အထောက်အပံ့တစုံတရာဖြစ်နိုင်သော်လည်း လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ၏ ရှုပ်ထွေးလှသည့် အရင်းခံအကြောင်းအရင်းများကို ဖြေရှင်းရန် များစွာသက်ရောက်လွှမ်းမိုးနိုင်မှု မရှိသည်ကို တွေ့ရသည်။