ISP China Desk

စာတမ်းခေါင်းစဉ် - ပူးပေါင်းကြံစည်မှုနောက်ကွယ်မှ လျှို့ဝှက်အစီအစဉ် သို့မဟုတ် ကယား(ကရင်နီ)ပြည်နယ်တွင် အကောင်အထည်ဖော်ရန်လျာထားသည့် Myanmar-Global South Industrial Park စက်မှုဥယျာဉ်စီမံကိန်း

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ရပ်ဝန်းလမ်းကြောင်း(BRI)စီမံကိန်းများကို ပူးပေါင်းအကောင်အထည်ဖော်ရန် အတွက် သဘောတူညီမှုများရရှိထားပြီး ထိုမူဘောင်အောက်တွင် စီမံကိန်းများစွာကို ဆွေးနွေးအကောင်အထည် Read more...

စာတမ်းခေါင်းစဉ် - ကြွေးမြီထောင်ချောက်ယုံတမ်းကို ဆန်းစစ်ခြင်း- ရပ်ဝန်းလမ်းကြောင်းစီမံကိန်းကို အိမ်ရှင်နိုင်ငံများက ဘယ်လို လွှမ်းမိုးပုံဖော်သလဲ

ဤစာတမ်းက အဓိကထောက်ပြထားသည်မှာ ပထမအချက်အနေဖြင့် BRI စီမံကိန်းသည် ပထဝီနိုင်ငံရေးကို အခြေပြုကာ ဘေဂျင်းအစိုးရ၏ ဗဟိုချုပ်ကိုင်မှုဖြင့် မဟာဗျူဟာ၊ လုပ်ငန်းစဉ်များဖြင့် စနစ်တကျ လည်ပတ်နေသော စီမံကိန်းမျိုးမဟုတ်ဘဲ တရုတ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းကြီးများ၏ အကျိုးစီးပွားကို အဓိကဦးစားပေးစဉ်းစားသော စီမံကိန်းဖြစ်သည်။ ဒုတိယအချက်အနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုဆိုင်ရာ ငွေကြေးထောက်ပံ့မှုစနစ်သည် ကျယ်ပြန့်လွန်းကာ ပေါင်းစပ်ညှိနှိုင်းမှု အားနည်းမှုရှိနေသည်။ တတိယအနေဖြင့် အဆိုပါ ငွေကြေးထောက်ပံ့စနစ်သည် Read more...

စာတမ်းခေါင်းစဉ် - Understanding China’s Response to the Rakhine Crisis

ရိုဟင်ဂျာ(မူရင်းအသုံး)လက်နက်ကိုင်များက ရဲကင်းများကို တိုက်ခိုက်ပြီးနောက် ၄င်းတို့ကို ဦးတည်သော နယ်မြေရှင်းလင်းမှုများကြောင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှစတင်ကာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခဲ့ရသည်။ ရိုဟင်ဂျာပေါင်း ခြောက်သိန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ပြသော အစီရင်ခံစာများသည် နိုင်ငံတကာမှ၊ အထူးသဖြင့် အနာက်နိုင်ငံများနှင့် OIC နိုင်ငံများမှ ပြစ်တင်ရှုတ်ချမှုများကို Read more...

စာတမ်းခေါင်းစဉ် - North-East and the China Myanmar Economic Corridor

တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် လမ်းကြောင်းစီမံကိန်းအဆိုပြုချက်(BRI)အပါအ၀င် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံလမ်း အဆိုပြုချက်နှင့် နိုင်ငံများအကြား ဆက်သွယ်ထားသော စီးပွားရေးစင်္ကြံလမ်းစီမံကိန်းများသည် အာရှ၏ ပထဝီနိုင်ငံရေးတွင် ရေပန်းစားသော စကားရပ်တစ်ခုဖြစ်လာသည်။ အဆိုပြုထားသော တရုတ်-မြန်မာစီးပွားရေး စင်္ကြံလမ်းသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် စတင်မည်ဖြစ်ပြီး မန္တလေးမြို့နှင့် ဆက်သွယ်ကာ ထိုမှတဆင့် ရန်ကုန်မြို့နှင့် အနောက်ဘက်ရှိပြီး တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံထားသော Read more...

စာတမ်းခေါင်းစဉ် - Security and Economy on the Belt and Road: Three Country Case Study

ရပ်ဝန်းနှင့် လမ်းကြောင်း(BRI)စီမံကိန်း အဆိုပြုချက်သည် တရုတ်နိုင်ငံအနေနှင့် ၎င်း ကြုံတွေ့ရနေရသည့် ပြည်တွင်းနှင့် ပြည်ပ တွန်းအားများအား တုန့်ပြန်မှု တစ်ခုဖြစ်သည်။ ထိုစီမံကိန်းသည် စီမံကိန်းတွင်ပါဝင်သော နိုင်ငံများအကြား နီးကပ်စွာချိတ်ဆက်ရေးနှင့် တည်ငြိမ်မှုများကို ဖန်တီးပေးနိုင်မည့် အလားအလာများရှိသည်။ သို့သော် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန်နှင့် အပြုသဘောမဆောင်သော တုန့်ပြန်မှုများကို လျော့ပါးစေရန်အတွက် များပြားသောဒေသခံများနှင့် နိုင်ငံတကာမှပါဝင်ပတ်နိုင်သည့် သူများအား Read more...