ISP China Desk

စာတမ်းအမည် – North-East and the China Myanmar Economic Corridor

ရေးသားသူ – Rangan Dutta

ထုတ်ဝေသည့်အဖွဲ့ – Institute for Strategic, Political, Security and Economic Consultancy (Germany)

စာတမ်းအမှတ် – No. 529

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၈၊ ဇန်နဝါရီ

စာတမ်းအပြည့်အစုံရယူရန် North-East and the China Myanmar Economic Corridor

စာတမ်းအကျဉ်းချုပ်

တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် လမ်းကြောင်းစီမံကိန်းအဆိုပြုချက်(BRI)အပါအ၀င် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံလမ်း အဆိုပြုချက်နှင့် နိုင်ငံများအကြား ဆက်သွယ်ထားသော စီးပွားရေးစင်္ကြံလမ်းစီမံကိန်းများသည်  အာရှ၏ ပထဝီနိုင်ငံရေးတွင် ရေပန်းစားသော စကားရပ်တစ်ခုဖြစ်လာသည်။

အဆိုပြုထားသော တရုတ်-မြန်မာစီးပွားရေး စင်္ကြံလမ်းသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် စတင်မည်ဖြစ်ပြီး မန္တလေးမြို့နှင့် ဆက်သွယ်ကာ ထိုမှတဆင့် ရန်ကုန်မြို့နှင့်  အနောက်ဘက်ရှိပြီး တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံထားသော ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့အထိ သွယ်တန်းသွားမည်ဖြစ်သည်။ ထို့ပြင် ကျောက်ဖြူသည် မြန်မာနိုင်ငံသို့ဖြတ်ကာ တရုတ်နိုင်ငံ၊ ကူမင်းနှင့် ချိတ်ဆက်ထားသော ကီလိုမီတာတစ်ထောင်ကျော်(မိုင် ၆၀၀ ကျော်)ရှည်လျားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စတင်ရာနေရာလည်းဖြစ်သည်။

တရုတ်နိုင်ငံ၏ ဒေသတွင်းသက်ရောက်လွှမ်းမိုးလာမှု များပြားလာခြင်းအတွက် အိန္ဒိယနိုင်ငံက ပူပန်နေခြင်းများရှိနေသည်။ အထူးသဖြင့် ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့ အငြင်းပွားနေသည့် ကရှ်မီးယားဒေသ ကိုဖြတ်သွားမည့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံလမ်းစီမံကိန်းကို စတင်ခဲ့ခြင်းများကြောင့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ- မြန်မာ(BCIM) စီးပွားရေးစင်္ကြံလမ်းစီမံကိန်းများမှာ အကောင်အထည်မပေါ်နိုင်ဖြစ်နေရသည်။

ရိုဟင်ဂျာ(မူရင်းအသုံး)များ ရခိုင်ပြည်နယ်သို့ ပြန်လည် နေရာချထားနိုင်ရေးအတွက် မကြာသေးမီက ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့အကြား ရရှိခဲ့သော သဘောတူညီချက်များက တရုတ်နိုင်ငံသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား လတ်တလော ဖြစ်ပွားနေသည့် ရိုဟင်ဂျာပြဿနာတို့ကို ကြားဝင်စေစပ်နိုင်သည့် အခြေအနေကောင်းများရှိနေသည်ကို ဖော်ပြနေသည်။

ကမ္ဘာ့ဘဏ်၏ အနောက်တောင်ဥရောပအတွေ့အကြုံအရ စင်္ကြံလမ်းတစ်ခုအောင်မြင်ရန်အတွက် ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်စေရန်နှင့် ဘုံဈေးကွက် တည်ဆောက်နိုင်ရန် အရေးကြီးသည်။

ထိုကဲ့သို့သော အသေးစိတ်မူဝါဒများကို တရုတ်-မြန်မာစီးပွားရေး စင်္ကြံလမ်းနှင့် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံလမ်းတို့တွင် မတွေ့ရသေးပေ။ အသေးစိတ်မူဝါဒများကို မြန်မာ-ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေးစီမံကိန်း စသည်တို့နှင့် လိုက်လျောညီထွေစေရန် ပြင်ဆင်ပြီး အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသများအား ရခိုင်ပြည်နယ်၊ စစ်တွေဆိပ်ကမ်းနှင့် ဘုံဈေးကွက်တခုဖြစ်စေရန် တည်ဆောက်နိုင်ပါက အရှေ့တောင်အာရှ ပထဝီစီးပွားရေးများတွင် အရေးကြီးသည့် အလှည့်အပြောင်းတစ်ခုဖြစ်လာနိုင်ပါသည်။