ISP China Desk

စာတမ်းခေါင်းစဉ် - မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုများနှင့် ပဋိပက္ခတို့အကြား ဆုံမှတ်

ပွင့်လင်းမြင်သာမှု အားနည်းနေဆဲဖြစ်တဲ့ တရုတ်-မြန်မာ စီးပွား ရေးစင်္ကြံလမ်းတလျှောက် စီမံကိန်းတွေ ပိုမို ပွင့်လင်းမြင်သာလာဖို့ အတွက် အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဒေသခံပြည်သူလူထု၊ အစိုးရတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ အရပ်ဘက်အဖွဲ့အစည်း တွေဟာ ပဋိပက္ခနယ်ပယ်များစွာမှာ ဆောင်ရွက်နေတဲ့အတွက် ရင်းနှီး မြှုပ်နှံမှု အဟန့်အတားတွေကို တခြားဒေသတွေက အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ဒေသခံတွေအပေါ် ထိခိုက်မှု အနည်းဆုံးနဲ့ အကျိုးရှိအောင် ကူညီဆောင်ရွက်ပေးနိုင်တယ်လို့ Read more...

စာတမ်းခေါင်းစဉ် - တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းတလျှောက် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း

ယခုစာတမ်းသည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)မှ ထုတ်ဝေသော တရုတ်-မြန်မာဆက်ဆံရေး သုတေသနစာတမ်းတွဲများအနက် တတိယမြောက်စာတမ်းဖြစ်သည်။တရုတ်နိုင်ငံသည် ရပ်ဝန်းလမ်းကြောင်းအဆိုပြုချက်ခေါင်းစဉ်အောက်မှ စီမံကိန်းများကို မြန်မာနိုင်ငံ၌ ဖော်ဆောင်လျက်ရှိသည်။ ယခုစာတမ်းတွင် ထိုစီမံကိန်းများအနက်မှ အဓိကစီမံကိန်းတခုဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းစိမံကိန်းကို လေ့လာထားပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် စင်္ကြံလမ်း၏ သက်ရောက်နိုင်မှုအား Read more...

စာတမ်းခေါင်းစဉ် - North-East and the China Myanmar Economic Corridor

တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် လမ်းကြောင်းစီမံကိန်းအဆိုပြုချက်(BRI)အပါအ၀င် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံလမ်း အဆိုပြုချက်နှင့် နိုင်ငံများအကြား ဆက်သွယ်ထားသော စီးပွားရေးစင်္ကြံလမ်းစီမံကိန်းများသည် အာရှ၏ ပထဝီနိုင်ငံရေးတွင် ရေပန်းစားသော စကားရပ်တစ်ခုဖြစ်လာသည်။ အဆိုပြုထားသော တရုတ်-မြန်မာစီးပွားရေး စင်္ကြံလမ်းသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် စတင်မည်ဖြစ်ပြီး မန္တလေးမြို့နှင့် ဆက်သွယ်ကာ ထိုမှတဆင့် ရန်ကုန်မြို့နှင့် အနောက်ဘက်ရှိပြီး တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံထားသော Read more...