ISP China Desk

စာတမ်းအမည် – China and Myanmar’s Peace Process

ရေးသားသူ – Yun Sun

ထုတ်ဝေသည့်အဖွဲ့ – United States Institute of Peace

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၇၊ မတ်

စာတမ်းအပြည့်အစုံChina and Myanmar’s Peace Process

စာတမ်းအကျဉ်းချုပ်

မြန်မာ့နိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ်ရှိ အကျိုးစီးပွားကို တရုတ်နိုင်ငံ၏ စိတ်ဝင်စားမှုများသည် ကချင်နှင့် ရှမ်းပြည်နယ်များရှိ တိုင်းရင်းသားလက်နက်ကိုင်များ၊ အထူးသဖြင့် ကချင်လွက်မြောက်ရေးတပ်မတော်(KIA)၊ ဝ(UWSA)နှင့် ကိုးကန့်(MNDAA) လက်နက်ကိုင်တပ်ဖွဲ့တို့နှင့် အဓိကဆက်စပ်လျက်ရှိသည်။ 

ယင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တရုတ်နိုင်ငံအတွင်းတွင် နေထိုင်ကြသော တိုင်ရင်းသားများနှင့် သမိုင်းနှင့် ယဉ်ကျေးမှုချင်း နီးစပ်သည်သာမက နိုင်ငံရေးနှင့် စီးပွားရေး ချိတ်ဆက်မှုများပါ ရှိသည်။

တရုတ်နိင်သည်  အခြားနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများကို ပံ့ပေးပေးခြင်းဟူသော နိုင်ငံခြားရေးမှုဝါဒကို တရားဝင်ကိုင်စွဲထားသည်။ သို့သော် လက်တွေ့တွင် တရုတ်နိုင်ငံ၏ လုပ်ရပ်များမှာ ချမှတ်ထားသည့် မူဝါဒများနှင့် ကိုက်ညီမှုရှိ၊ မရှိ ဆိုသည်မှာ ဒွိဟဖြစ်စေသည်။

လက်တလောတွင် မြန်မာနိုင်ငံ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရကြား ငြိမ်းချမ်းရေး ရရှိနိုင်မည်ဟု တရုတ်နိုင်ငံအနေနှင့် မယုံကြည်ပါ။ ထို့ကြောင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း တရုတ်နိုင်ငံ၏ ပါဝင်မှုများသည် မရေရာသော အခြေအနေများစွာအတွက် ကြိုတင်ပြင်ဆင်ရန်နှင့်  လူးသာလွန့်သာရှိစေရန် ဦးစားပေးစဉ်းစားသည်။ 

တရုတ်-မြန်မာ နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသို့ အထူးအကျိုးစီးပွားများရှိသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ ငွေကြေးအထောက်အပံ့များပေးမှုများသည် မြန်မာ့ငြိမ်းချမ်းရေးတွင် တရုတ်နိုင်ငံ၏ ပါဝင်ပတ်သတ်မှုအခန်းကဏ္ဍကို ပိုမိုရူပ်ထွေးသွားစေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့(NLD) အစိုးရလက်ထက်တွင် တရုတ်-မြန်မာဆက်ဆံရေးမှာ တိုးတက်လာသည်။ ၂၀၁၆ ခုနှစ်တွင် ကျင်းပသော ငြိမ်းချမ်းရေး ညီလာခံတက်ရောက်ရန် တရုတ်နိုင်ငံသည် တိုင်းရင်းသား လက်နက်ကိုင်များကို ဖျောင်းဖျတိုက်တွန်းခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၏ အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံ၏ ပါဝင်မှုသည် နှစ်နိုင်ငံဆက်ဆံရေး၏လားရာနှင့် တရုတ်နိုင်ငံ၏ မိမိ၏အကျိုးစီးပွားကို အဓိပ္ပာယ်ဖွင့်၊ ရှုမြင်ပုံ ပြောင်းလဲမှုများအပေါ်တွင် အခြေခံမည်ဖြစ်ပါသည်။