ISP China Desk

စာတမ်းအမည် – Repositioning Yunnan: security and China’s geoeconomic engagement with Myanmar

ရေးသားသူ – Xiaobo Su

ထုတ်ဝေသည့်အဖွဲ့ – Routledge

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၆၊ ဇွန်

စာတမ်းအပြည့်အစုံ Repositioning Yunnan: security and China’s geoeconomic engagement with Myanmar

စာတမ်းအကျဉ်းချုပ်

မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ပထဝီစီးပွားရေး ဆက်ဆံမှုသည် တရုတ်-ယူနန် နယ်စပ် လူမှုလုံခြုံရေး၊  ကမ္ဘာလုံးဆိုင်ရာ ဖြန့်ကျက်လျက်ရှိသော တရုတ်ရင်းနှီးမြုပ်နှံမှုများ၏ စီးပွားရေးလုံခြုံရေးနှင့် စွမ်းအင်လုံခြုံရေးအပေါ် အခြေခံသည်။

ယင်းဆက်ဆံရေးတွင် ယူနန်ပြည်နယ်သည် မဟာဗျူဟာမြောက် ပေါင်းကူးတံတားသဖွယ် ပါဝင်လျက်ရှိသည်။ ထရုတ်-မြန်မာပထဝီစီးပွားရေး ဆက်စပ်မှုများကို နားလည်ရန် နိုင်ငံဖြတ်ကျော်အဓိက စီမံကိန်း နှစ်ခုဖြစ်သော မြန်မာနိုင်ငံမြောက်ပိုင်း၌ ယူနန်ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုနှင့် တရုတ်-မြန်မာ ရေနံနှင့် သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းအကြောင်းကို ယခုစာတမ်းတွင် လေ့လာသုံးသပ်ထားပါသည်။

ယူနန်ပြည်နယ်ကို ပေါင်းကူးတံတကားသဖွယ် မဟာဗျူဟာမြောက်စဉ်းစားချက်များသည် အရေးပါသော အနေအထားကောင်းရှိသည့် နေရာအဖြစ် ဦးတည်လာခြင်းသည် တရုတ်တို့က မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပထဝီနိုင်ငံရေးသာမက စီးပွားရေးသဘောတရားအရပါ ထည့်သွင်းစဉ်းစားလာကြောင်းကို ပြသနေသည်။ ထိုမှတဆင့် ယူနန်ပြည်နယ်၏ ပထဝီစီးပွားရေး အခန်းကဏ္ဍကို အလေးစဉ်းစားခြင်းဖြင့် တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများပါဝင်သော တရုတ်နိုင်ငံဗဟိုပြု ကုန်ထုတ်လုပ်မှုနှင့် စားသုံးမှုကွန်ရက် တည်ဆောက်ရန်ရည်ရွယ်သည်။