ISP China Desk

စာတမ်းအမည် – Geopolitics, Ethnic Conflicts along the Border, and Chinese Foreign Policy Changes toward Myanmar

ရေးသားသူ – Enze Han

ထုတ်ဝေသည့်အဖွဲ့ – Routledge

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၇၊ ဖေဖော်ဝါရီ

စာတမ်းအပြည့်အစုံ Geopolitics, Ethnic Conflicts along the Border, and Chinese Foreign Policy Changes toward Myanmar

စာတမ်းအကျဉ်းချုပ်

ဒီမိုကရေစီနိုင်ငံသို့ စတင်အသွင်ကူးပြောင်းချိန်၊ ၂၀၁၀ ခုနှစ်မှစတင်ပေါ်ပေါက်ခဲ့သော မြန်မာ့နိုင်ငံခြားရေးမူဝါဒပြောင်းလဲမှုများအကြားတွင် မြန်မာနှင့် အနောက်နိုင်ငံတို့အကြားဆက်ဆံရေးမှာ တိုးတက်လာသည်။

တရုတ်နှင့် အမေရိကန်တို့၏ ပထဝီနိုင်ငံရေး အားပြိုင်မှုတွင် တရုတ်အစိုးရအနေနှင့် မြန်မာနိုင်ငံအပေါ် မည်သို့ ပြောင်းလဲချဉ်းကပ်မည်နည်း၊ တရုတ်နိုင်ငံ၏မဟာဗျူဟာနှင့် စီးပွားရေးအကျိုးအပေါ်  မထင်မှတ်ထားသော ဖိအားပေးမှုများကို မည်သို့ ရင်ဆိုင်မည်နည်း။

ယခုစာတမ်းတွင် မြန်မာနိုင်ငံ၏ မူဝါဒပြောင်းလည်းမှုအလိုက် တရုတ်-မြန်မာနယ်စပ်ဒေသရှိ လက်နက်ကိုင်ပဋိပက္ခများကို တရုတ်နိုင်ငံ၏ တုံ့ပြန်ပုံသည် မည်သို့ပြောင်းလဲခဲ့သည်ကို လေ့လာထားခြင်းဖြစ်ပါသည်။

တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်နှင့် ၂၀၀၉ နှင့် ၂၀၁၅ တို့တွင် ဖြစ်ပွားခဲ့သည့် ကိုးကန့် ဒေသစစ်ပွဲများနှင့် ၂၀၁၁ နှင့် ၂၀၁၃ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်စစ်ပွဲများကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံသတင်းမီဒီယာများမှ သတင်းအရ မြန်မာနိုင်ငံအပေါ် တရုတ်၏ မူဝါဒပြောင်းလဲ ချဉ်းကပ်ပုံကို ပထဝီနိုင်ငံရေးအပြောင်းအလဲနှင့် ပြည်တွင်းရှိ အမျိုးသားရေးဝါဒ ရူထောင့်များမှ နားလည်နိုင်ပါသည်။

ဤစာတမ်းသည်  တရုတ်နှင့် အမေရိကန် ပထဝီနိုင်ငံရေးအားပြိုင်မှုတွင် အရှေ့တောင်အာရှသို့ တရုတ်၏ မူဝါဆိုင်ရာချဉ်းကပ်မှုများကို နားလည်နိုင်ရန် အထောက်ပံ့ဖြစ်စေနိုင်ပါသည်။