ISP China Desk

စာတမ်းခေါင်းစဉ် - On the Road to Kyauk Phyu

ရပ်ဝန်းနှင့် လမ်းကြောင်းအဆိုပြုချက်၏ တစိတ်တဒေသအဖြစ် တရုတ်နိုင်ငံသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းကို တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ မြို့ငယ်တစ်မြို့ဖြစ်သော ကျောက်ဖြူမြို့မှတဆင့် အိန္ဒိယသုမုဒ္ဒရာအား တိုက်ရိုက်ချိတ်ဆက်နိုင်ရန်ရည်ရွယ်ပြီး တချိန်တည်းမှာပင် မလက္ကာရေလက်ကြားအား မှီခိုမှုလျော့နည်းသွားစေရန် ဖြစ်သည်။ ကျောက်ဖြူနှင့် တရုတ်နိုင်ငံကို ချိတ်ဆက်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ဆောက်လုပ်ထားပြီးလည်း ဖြစ်သည်။ Read more...

စာတမ်းခေါင်းစဉ် - Geopolitics, Ethnic Conflicts along the Border, and Chinese Foreign Policy Changes toward Myanmar

ဒီမိုကရေစီနိုင်ငံသို့ စတင်အသွင်ကူးပြောင်းချိန်၊ ၂၀၁၀ ခုနှစ်မှစတင်ပေါ်ပေါက်ခဲ့သော မြန်မာ့နိုင်ငံခြားရေးမူဝါဒပြောင်းလဲမှုများအကြားတွင် မြန်မာနှင့် အနောက်နိုင်ငံတို့အကြားဆက်ဆံရေးမှာ တိုးတက်လာသည်။ တရုတ်နှင့် အမေရိကန်တို့၏ ပထဝီနိုင်ငံရေး အားပြိုင်မှုတွင် တရုတ်အစိုးရအနေနှင့် မြန်မာနိုင်ငံအပေါ် မည်သို့ ပြောင်းလဲချဉ်းကပ်မည်နည်း၊ တရုတ်နိုင်ငံ၏မဟာဗျူဟာနှင့် စီးပွားရေးအကျိုးအပေါ် မထင်မှတ်ထားသော ဖိအားပေးမှုများကို မည်သို့ ရင်ဆိုင်မည်နည်း။ ယခုစာတမ်းတွင် မြန်မာနိုင်ငံ၏ Read more...

စာတမ်းခေါင်းစဉ် - China’s Engagement in Myanmar: From Malacca Dilemma to Transition Dilemma

အာရှတွင် အိမ်နီးနားချင်းနိုင်ငံဖြစ်သော တရုတ်နှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးသည် ပထဝီနိုင်ငံရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါသည်။ မြန်မာနိုင်ငံ ကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရပြီးနောက် နှစ်နိုင်ငံစလုံးသည် ပဋိပက္ခနှင့် နိုင်ငံရေးကသောင်းကနင်းဖြစ်မှုတို့ကို ရင်ဆိုင်ရသည်။ သို့သော် မြန်မာ-ယူနန် နယ်စပ်ဒေသတို့တွင် လူမှုရေးနှင့် နိုင်ငံရေးအပြောင်းအလဲတို့ကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ တိုးတက်လာသည်။ ယခင်စစ်အစိုးရများလက်ထက်တွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် Read more...

စာတမ်းခေါင်းစဉ် - Myanmar’s foreign policy towards China 1988-2012: To what extent has Myanmar’s foreign policy towards China been determined by global geopolitical concerns in the period 1988-2012?

ယခုစာတမ်းတွင် ၁၉၈၈-၂၀၁၂ အတွင်း တရုတ်နိုင်ငံအပေါ်ချမှတ်သော မြန်မာနိုင်ငံ၏နိုင်ငံခြားရေးမူဝါဒမှာ ပထဝီနိုင်ငံရေး သို့မဟုတ် ပြည်တွင်းနိုင်ငံရေးအပေါ် အခြေခံပြီး စဉ်းစားဆုံးဖြတ်သလားဟူ၍ မေးခွန်းထုတ်ထားသည်။ ပထမဦးစွာ ဝေဖန်ဆွေးနွေးမှုများမပြုမီ ၁၉၈၈-၂၀၁၂ ကာလအတွင်း တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးနှင့် စီးပွားရေးဆက်ဆံရေးကို ခြုံငုံသုံးသပ်ထားသည်။ အဓိကဆွေးနွေးချက်မှာ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် နိုင်ငံတကာပထဝီနိုင်ငံရေးကို အလေးထားသည်။ Read more...