ISP China Desk

တရုတ်-မြန်မာဆက်ဆံရေးကို လေ့လာရာတွင် မြန်မာနိုင်ငံမှ အမြင်များအပြင် တရုတ်နိုင်ငံမှ ရူထောင့်အမြင်များ၊ နိုင်ငံတကာ ပညာရှင်များ၏ သုံးသပ်ချက်များကို မြန်မာစာဖတ်ပရိသတ်များနှင့် မိတ်ဆက်ပေးရန် ရည်ရွယ်ပါသည်။ ဤကဏ္ဍတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ လေ့လာသူများမှ ထုတ်ပြန်သော တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် သုတေသနစာတမ်းများ၊ အစီရင်ခံစာများကို အကျဉ်းချုပ်ရေးသားဖော်ပြထားပြီး မူရင်းစာတမ်းများအား ရယူနိုင်သည့် နေရာများကို ညွှန်ပြပေးထားပါသည်။

စာတမ်းခေါင်းစဉ် - Security and Economy on the Belt and Road: Three Country Case Study

ရပ်ဝန်းနှင့် လမ်းကြောင်း(BRI)စီမံကိန်း အဆိုပြုချက်သည် တရုတ်နိုင်ငံအနေနှင့် ၎င်း ကြုံတွေ့ရနေရသည့် ပြည်တွင်းနှင့် ပြည်ပ တွန်းအားများအား တုန့်ပြန်မှု တစ်ခုဖြစ်သည်။ ထိုစီမံကိန်းသည် စီမံကိန်းတွင်ပါဝင်သော နိုင်ငံများအကြား နီးကပ်စွာချိတ်ဆက်ရေးနှင့် တည်ငြိမ်မှုများကို ဖန်တီးပေးနိုင်မည့် အလားအလာများရှိသည်။ သို့သော် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန်နှင့် အပြုသဘောမဆောင်သော တုန့်ပြန်မှုများကို လျော့ပါးစေရန်အတွက် များပြားသောဒေသခံများနှင့် နိုင်ငံတကာမှပါဝင်ပတ်နိုင်သည့် သူများအား Read more...

စာတမ်းခေါင်းစဉ် - China and Myanmar’s Peace Process

မြန်မာ့နိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ်ရှိ အကျိုးစီးပွားကို တရုတ်နိုင်ငံ၏ စိတ်ဝင်စားမှုများသည် ကချင်နှင့် ရှမ်းပြည်နယ်များရှိ တိုင်းရင်းသားလက်နက်ကိုင်များ၊ အထူးသဖြင့် ကချင်လွက်မြောက်ရေးတပ်မတော်(KIA)၊ ဝ(UWSA)နှင့် ကိုးကန့်(MNDAA) လက်နက်ကိုင်တပ်ဖွဲ့တို့နှင့် အဓိကဆက်စပ်လျက်ရှိသည်။ ယင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တရုတ်နိုင်ငံအတွင်းတွင် နေထိုင်ကြသော တိုင်ရင်းသားများနှင့် သမိုင်းနှင့် ယဉ်ကျေးမှုချင်း နီးစပ်သည်သာမက နိုင်ငံရေးနှင့် စီးပွားရေး ချိတ်ဆက်မှုများပါ Read more...

စာတမ်းခေါင်းစဉ် - Geopolitics, Ethnic Conflicts along the Border, and Chinese Foreign Policy Changes toward Myanmar

ဒီမိုကရေစီနိုင်ငံသို့ စတင်အသွင်ကူးပြောင်းချိန်၊ ၂၀၁၀ ခုနှစ်မှစတင်ပေါ်ပေါက်ခဲ့သော မြန်မာ့နိုင်ငံခြားရေးမူဝါဒပြောင်းလဲမှုများအကြားတွင် မြန်မာနှင့် အနောက်နိုင်ငံတို့အကြားဆက်ဆံရေးမှာ တိုးတက်လာသည်။ တရုတ်နှင့် အမေရိကန်တို့၏ ပထဝီနိုင်ငံရေး အားပြိုင်မှုတွင် တရုတ်အစိုးရအနေနှင့် မြန်မာနိုင်ငံအပေါ် မည်သို့ ပြောင်းလဲချဉ်းကပ်မည်နည်း၊ တရုတ်နိုင်ငံ၏မဟာဗျူဟာနှင့် စီးပွားရေးအကျိုးအပေါ် မထင်မှတ်ထားသော ဖိအားပေးမှုများကို မည်သို့ ရင်ဆိုင်မည်နည်း။ ယခုစာတမ်းတွင် မြန်မာနိုင်ငံ၏ Read more...