တရုတ်-မြန်မာဆက်ဆံရေးကို လေ့လာရာတွင် မြန်မာနိုင်ငံမှ အမြင်များအပြင် တရုတ်နိုင်ငံမှ ရူထောင့်အမြင်များ၊ နိုင်ငံတကာ ပညာရှင်များ၏ သုံးသပ်ချက်များကို မြန်မာစာဖတ်ပရိသတ်များနှင့် မိတ်ဆက်ပေးရန် ရည်ရွယ်ပါသည်။ ဤကဏ္ဍတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ လေ့လာသူများမှ ထုတ်ပြန်သော တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် သုတေသနစာတမ်းများ၊ အစီရင်ခံစာများကို အကျဉ်းချုပ်ရေးသားဖော်ပြထားပြီး မူရင်းစာတမ်းများအား ရယူနိုင်သည့် နေရာများကို ညွှန်ပြပေးထားပါသည်။
စာတမ်းခေါင်းစဉ် - လူ့အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲချက်များအပေါ် သက်ရောက်နေသည့် တရုတ်၏ ပြည်ပရင်းနှီးမြှုပ်နှံမှုများရေးသားသူ - Business & Human Rights Resource Centre မှ သုတေသန ပညာရှင်များထုတ်ဝေသည့်အဖွဲ့ - Business & Human Rights Resource Centre ထုတ်ဝေသည့်ခုနှစ် - ၂၀၂၁၊ ဩဂုတ်တံခါးပိတ် မူဝါဒကျင့်သုံးခဲ့တဲ့ တရုတ်နိုင်ငံဟာ ၁၉၉၉ ခုနှစ်မှာ " ပြင်ပသို့ ဖြန့်ကျက်ခြင်း မူဝါဒ (ဒါမှမဟုတ်) အပြင်ထွက် မူဝါဒ" ကို ကျင့်သုံးပြီး တရုတ်စီးပွားရေး လုပ်ငန်းတွေကို နိုင်ငံရပ်ခြားမှာ ခြေဆန့်ကြဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်လာပြီး ရပ်ဝန်း လမ်းကြောင်း အစီအမံကို ကြေညာပြီး နောက်ပိုင်း အရှေ့တောင်အာရှ၊ တောင်အာရှကနေ အရှေ့ အလယ်ပိုင်း၊ အာဖရိက နိုင်ငံတွေအထိ ချိတ်ဆက်မယ့် စီးပွားရေးကွန်ရက် Read more...
စာတမ်းခေါင်းစဉ် - အထူးစီးပွားရေးဇုန်တွေကို ချိတ်ဆက်ခြင်းက မဲခေါင်ဒေသတွင်း တရုတ်၏ အင်အားလွှမ်းမိုးမှု ပုံစံသစ်တခု ဖြစ်လာနိုင်လားရေးသားသူ - Greg Raymondထုတ်ဝေသည့်အဖွဲ့ - Lowy Instituteထုတ်ဝေသည့်ခုနှစ် - ၂၀၂၁၊ ဇွန်မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်သလို မဲခေါင်အဖွဲ့၀င် နိုင်ငံတွေလည်း ဖြစ်ပါတယ်။ အဲဒီ နိုင်ငံတွေအပေါ် တရုတ်ရဲ့ လွှမ်းမိုးမှုက နိုင်ငံရေးအရရော စီးပွားရေးအရပါ သမိုင်းတလျှောက် အများအပြား Read more...
စာတမ်းခေါင်းစဉ် - ပူးပေါင်းကြံစည်မှုနောက်ကွယ်မှ လျှို့ဝှက်အစီအစဉ် သို့မဟုတ် ကယား(ကရင်နီ)ပြည်နယ်တွင် အကောင်အထည်ဖော်ရန်လျာထားသည့် Myanmar-Global South Industrial Park စက်မှုဥယျာဉ်စီမံကိန်းရေးသားသူ - ကရင်နီအကြီးစားရင်းနှီးမြှုပ်နှံမှုစောင့်ကြည့်ရေးကွန်ရက်(KMIW)ထုတ်ဝေသည့်အဖွဲ့ - ကရင်နီအကြီးစားရင်းနှီးမြှုပ်နှံမှုစောင့်ကြည့်ရေးကွန်ရက်(KMIW)ထုတ်ဝေသည့်ခုနှစ် - ၂၀၂၀၊ နိုဝင်ဘာတရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ရပ်ဝန်းလမ်းကြောင်း(BRI)စီမံကိန်းများကို ပူးပေါင်းအကောင်အထည်ဖော်ရန် အတွက် သဘောတူညီမှုများရရှိထားပြီး ထိုမူဘောင်အောက်တွင် စီမံကိန်းများစွာကို ဆွေးနွေးအကောင်အထည် Read more...