ISP China Desk

တရုတ်-မြန်မာဆက်ဆံရေးကို လေ့လာရာတွင် မြန်မာနိုင်ငံမှ အမြင်များအပြင် တရုတ်နိုင်ငံမှ ရူထောင့်အမြင်များ၊ နိုင်ငံတကာ ပညာရှင်များ၏ သုံးသပ်ချက်များကို မြန်မာစာဖတ်ပရိသတ်များနှင့် မိတ်ဆက်ပေးရန် ရည်ရွယ်ပါသည်။ ဤကဏ္ဍတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ လေ့လာသူများမှ ထုတ်ပြန်သော တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် သုတေသနစာတမ်းများ၊ အစီရင်ခံစာများကို အကျဉ်းချုပ်ရေးသားဖော်ပြထားပြီး မူရင်းစာတမ်းများအား ရယူနိုင်သည့် နေရာများကို ညွှန်ပြပေးထားပါသည်။

စာတမ်းခေါင်းစဉ် - တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းတလျှောက် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း

ယခုစာတမ်းသည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)မှ ထုတ်ဝေသော တရုတ်-မြန်မာဆက်ဆံရေး သုတေသနစာတမ်းတွဲများအနက် တတိယမြောက်စာတမ်းဖြစ်သည်။တရုတ်နိုင်ငံသည် ရပ်ဝန်းလမ်းကြောင်းအဆိုပြုချက်ခေါင်းစဉ်အောက်မှ စီမံကိန်းများကို မြန်မာနိုင်ငံ၌ ဖော်ဆောင်လျက်ရှိသည်။ ယခုစာတမ်းတွင် ထိုစီမံကိန်းများအနက်မှ အဓိကစီမံကိန်းတခုဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းစိမံကိန်းကို လေ့လာထားပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် စင်္ကြံလမ်း၏ သက်ရောက်နိုင်မှုအား Read more...

စာတမ်းခေါင်းစဉ် - တရုတ်၏ ဗဟို-ဒေသန္တရဆက်ဆံရေးမူဘောင်

ယခုစာတမ်းသည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)မှ ထုတ်ဝေသော တရုတ်-မြန်မာဆက်ဆံရေး သုတေသနစာတမ်းတွဲများအနက် ဒုတိယမြောက်စာတမ်းဖြစ်သည်။၂၀၀၉ ခုနှစ်နောက်ပိုင်းမှစ၍ တရုတ်-မြန်မာဆက်ဆံရေးအခန်းကဏ္ဍတွင် တရုတ်နိုင်ငံ၏ ဗဟိုအစိုးရက ပို၍ ထဲထဲဝင်ဝင်နှင့် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာမှုကို ဤစာတမ်း၌ လေ့လာထားသည်။ ထို့အတူ ဘေဂျင်း၏ မူဝါဒဆုံးဖြတ်ချက်များအပေါ်တွင် ယူနန်ပြည်နယ်အစိုးရ၏ အကျိုးစီးပွားစဉ်းစားချက်တို့က မည်သို့သက်ရောက်လွှမ်းမိုးမှုများ ရှိနေသနည်းဆိုသည်ကိုလည်း Read more...

စာတမ်းခေါင်းစဉ် - Selling the Silk Road Spirit: China’s Belt and Road Initiative in Myanmar

ခါးပတ်နှင့်လမ်းကြောင်းစီမံကိန်း(BRI)သည် ခမ်းနားကြီးကျယ်သည့်မဟာဗျူဟာတစ်ခုဟုထင်ရသော်လည်း တရုတ်နိုင်ငံ၏အရင်းရှင်စနစ်အကျပ်အတည်းကို ဖြေရှင်းရန်ရည်ရွယ်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ တပြိုင်နက်တည်းမှာပင် လုပ်ငန်းစဉ်တို့သည် ကျယ်ပြန့်ပြီး စီမံခန့်ခွဲမှုတို့က လျော့လျဲနေသည်။ မည်သည့်လုပ်ငန်းကို မည်သူက မည်သည့်နေရာတွင်လုပ်ဆောင်သည်ဖြစ်စေ BRI မူဘောင်အောက်သို့ ထည့်သွင်းနိုင်ကာ ယင်း၏စီမံကိန်းခွဲအဖြစ် သတ်မှတ်နိုင်သည်။ ထိုအခါ တရုတ်နိုင်ငံ၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် ပြည်နယ်အစိုးရတို့သည် Read more...

စာတမ်းခေါင်းစဉ် - Myanmar: Going from Pause to Fast Forward with China’s Belt and Road Initiative (BRI)

ဤစာတမ်းတွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း စီမံကိန်းများဖြင့် တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့် ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အကြောင်းအရာများကို သုံးသပ်အကြံပြုထားသည်။ Read more...

စာတမ်းခေါင်းစဉ် - မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးမှုဇုန် စီမံကိန်း

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC) ၏ အစိတ်အပိုင်းတခုဖြစ်ပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် လုပ်ဆောင်မည့် MEDZ စီမံကိန်းသည် ကချင်ပြည်နယ်၊ မြစ်ကြီးနား၏ မြေဧရိယာ ၂၀၀၀ ဟက်တာခန့်ကို အသုံးပြုမည်ဟု ခန့်မှန်းထားသောကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးကို အတိုင်းအတာတခုအထိ သက်ရောက်နိုင်မည်ဖြစ်ရာ သတိထားရမည့်ကိစ္စတခု Read more...