ISP China Desk

တရုတ်-မြန်မာဆက်ဆံရေးကို လေ့လာရာတွင် မြန်မာနိုင်ငံမှ အမြင်များအပြင် တရုတ်နိုင်ငံမှ ရူထောင့်အမြင်များ၊ နိုင်ငံတကာ ပညာရှင်များ၏ သုံးသပ်ချက်များကို မြန်မာစာဖတ်ပရိသတ်များနှင့် မိတ်ဆက်ပေးရန် ရည်ရွယ်ပါသည်။ ဤကဏ္ဍတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ လေ့လာသူများမှ ထုတ်ပြန်သော တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် သုတေသနစာတမ်းများ၊ အစီရင်ခံစာများကို အကျဉ်းချုပ်ရေးသားဖော်ပြထားပြီး မူရင်းစာတမ်းများအား ရယူနိုင်သည့် နေရာများကို ညွှန်ပြပေးထားပါသည်။

စာတမ်းခေါင်းစဉ် - China’s Engagement in Myanmar: From Malacca Dilemma to Transition Dilemma

အာရှတွင် အိမ်နီးနားချင်းနိုင်ငံဖြစ်သော တရုတ်နှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးသည် ပထဝီနိုင်ငံရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါသည်။ မြန်မာနိုင်ငံ ကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရပြီးနောက် နှစ်နိုင်ငံစလုံးသည် ပဋိပက္ခနှင့် နိုင်ငံရေးကသောင်းကနင်းဖြစ်မှုတို့ကို ရင်ဆိုင်ရသည်။ သို့သော် မြန်မာ-ယူနန် နယ်စပ်ဒေသတို့တွင် လူမှုရေးနှင့် နိုင်ငံရေးအပြောင်းအလဲတို့ကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ တိုးတက်လာသည်။ ယခင်စစ်အစိုးရများလက်ထက်တွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် Read more...

စာတမ်းခေါင်းစဉ် - Repositioning Yunnan: security and China’s geoeconomic engagement with Myanmar

မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ပထဝီစီးပွားရေး ဆက်ဆံမှုသည် တရုတ်-ယူနန် နယ်စပ် လူမှုလုံခြုံရေး၊ ကမ္ဘာလုံးဆိုင်ရာ ဖြန့်ကျက်လျက်ရှိသော တရုတ်ရင်းနှီးမြုပ်နှံမှုများ၏ စီးပွားရေးလုံခြုံရေးနှင့် စွမ်းအင်လုံခြုံရေးအပေါ် အခြေခံသည်။ ယင်းဆက်ဆံရေးတွင် ယူနန်ပြည်နယ်သည် မဟာဗျူဟာမြောက် ပေါင်းကူးတံတားသဖွယ် ပါဝင်လျက်ရှိသည်။ ထရုတ်-မြန်မာပထဝီစီးပွားရေး ဆက်စပ်မှုများကို နားလည်ရန် နိုင်ငံဖြတ်ကျော်အဓိက စီမံကိန်း နှစ်ခုဖြစ်သော မြန်မာနိုင်ငံမြောက်ပိုင်း၌ ယူနန်ပြည်နယ်၏ Read more...

စာတမ်းခေါင်းစဉ် - The Logic of Myanmar’s China Policy

မြန်မာနိုင်ငံအစိုးရအဆက်ဆက်သည် အချိုးမညီဖြစ်နေသော တရုတ်-မြန်မာဆက်ဆံရေး၏ ပကတိအနေအထားတွင် မိမိနိုင်ငံ၏ လွတ်လပ်ရေး၊ နိုင်ငံရေးအခွင့်အာဏာ၊ အချုပ်ခြာအာဏာနှင့် နယ်မြေပေါင်းစည်းမှုကို ထိန်းသိမ်းရန် တရုတ်-မြန်မာဆက်ဆံရေးကို မည်သို့ကိုင်တွယ်မည်ကို စဉ်းစားကြသည်။ ၁၉၅၀ ခုနှစ်များတွင် မြန်မာအစိုးရသည် တရုတ်-မြန်မာဆက်ဆံရေးကို ဆွေမျိုးပေါက်ဖော်ဟု စတင်အသုံးပြုခဲ့သည်။ မြန်မာအစိုးရသည် ပေါက်ဖော်ဟူသော အသုံးအနှုန်းအောက်တွင် နှစ်နိုင်ငံအကြား ပေါ်ပေါက်ခဲ့သော ပြသနာများကို ကိုင်တွယ်ဖြေရှင်ခဲ့ကြပြီး Read more...