ISP China Desk

တရုတ်-မြန်မာဆက်ဆံရေးကို လေ့လာရာတွင် မြန်မာနိုင်ငံမှ အမြင်များအပြင် တရုတ်နိုင်ငံမှ ရူထောင့်အမြင်များ၊ နိုင်ငံတကာ ပညာရှင်များ၏ သုံးသပ်ချက်များကို မြန်မာစာဖတ်ပရိသတ်များနှင့် မိတ်ဆက်ပေးရန် ရည်ရွယ်ပါသည်။ ဤကဏ္ဍတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ လေ့လာသူများမှ ထုတ်ပြန်သော တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် သုတေသနစာတမ်းများ၊ အစီရင်ခံစာများကို အကျဉ်းချုပ်ရေးသားဖော်ပြထားပြီး မူရင်းစာတမ်းများအား ရယူနိုင်သည့် နေရာများကို ညွှန်ပြပေးထားပါသည်။

စာတမ်းခေါင်းစဉ် - On the Road to Kyauk Phyu

ရပ်ဝန်းနှင့် လမ်းကြောင်းအဆိုပြုချက်၏ တစိတ်တဒေသအဖြစ် တရုတ်နိုင်ငံသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းကို တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ မြို့ငယ်တစ်မြို့ဖြစ်သော ကျောက်ဖြူမြို့မှတဆင့် အိန္ဒိယသုမုဒ္ဒရာအား တိုက်ရိုက်ချိတ်ဆက်နိုင်ရန်ရည်ရွယ်ပြီး တချိန်တည်းမှာပင် မလက္ကာရေလက်ကြားအား မှီခိုမှုလျော့နည်းသွားစေရန် ဖြစ်သည်။ ကျောက်ဖြူနှင့် တရုတ်နိုင်ငံကို ချိတ်ဆက်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ဆောက်လုပ်ထားပြီးလည်း ဖြစ်သည်။ Read more...

စာတမ်းခေါင်းစဉ် - China’s Role in Myanmar’s Internal Conflicts

၁၉၄၈ ခုနှစ်တွင် ဗြိတိသျှကိုလိုနီအဖြစ်မှ လွတ်လပ်ရေးရပြီးချိန်မှစတင်ကာ မြန်မာနိုင်ငံသည် တိုင်းရင်းသား ပြဿနာများနှင့် ပဋိပက္ခများကို ရင်ဆိုင်ခဲ့ရသည်။ တပ်မတော်အနေနှင့် ၎င်း၏ဦးတည်ချက်သည် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုမပြိုကွဲရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေး ဖြစ်သည်ဟု အခိုင်အမာပြောဆိုနေသလို တိုင်းရင်းသားလူမျိုးစုများသည် ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံရေးလှုပ်ရှားမှုများ၊ စစ်ေရေးလှုပ်ရှားမှုများဖြင့် ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် Read more...

စာတမ်းခေါင်းစဉ် - Gambling as Development: A Case Study of Myanmar’s Kokang Self-administered Zone

ဤစာတမ်းသည် မြန်မာနိုင်ငံအရှေ့မြောက်ဘက်၊ နယ်စပ်ဒေသဖြစ်သော ကိုးကန့်ဒေသတွင် လွှမ်းမိုးပျံ့နှံ့လျက်ရှိသည့် ကာစီနိုလောင်းကစားလုပ်ငန်းများကို လေ့လာဆန်းစစ်ထားခြင်း ဖြစ်ပါသည်။ ကိုးကန့်သည် မြန်မာနိုင်ငံ၏ဗဟိုအစိုးရမှ တရားဝင်အသိအမှတ်ပြုထားသော တရုတ်စကားပြောသည့် လူနည်းစုတိုင်းရင်းသားဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် လူသိများသော ကိုးကန့်ဒေသသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တည်ရှိပြီး တချိန်က ဘိန်းထုတ်လုပ်မှုနှင့်ပတ်သက်၍ နာမည်ကြီးခဲ့သည်။ ကာစီနိုလုပ်ငန်းများသည် ၁၉၈၉ Read more...

စာတမ်းခေါင်းစဉ် - Understanding China’s Response to the Rakhine Crisis

ရိုဟင်ဂျာ(မူရင်းအသုံး)လက်နက်ကိုင်များက ရဲကင်းများကို တိုက်ခိုက်ပြီးနောက် ၄င်းတို့ကို ဦးတည်သော နယ်မြေရှင်းလင်းမှုများကြောင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှစတင်ကာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခဲ့ရသည်။ ရိုဟင်ဂျာပေါင်း ခြောက်သိန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ပြသော အစီရင်ခံစာများသည် နိုင်ငံတကာမှ၊ အထူးသဖြင့် အနာက်နိုင်ငံများနှင့် OIC နိုင်ငံများမှ ပြစ်တင်ရှုတ်ချမှုများကို Read more...

စာတမ်းခေါင်းစဉ် - တရုတ်၏ အလွှာစုံဆက်ဆံရေးမဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ

ယခုစာတမ်းသည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)က ထုတ်ဝေသည့် ဆေးနွေးချက်စာတမ်းများ၏ ပထမဆုံး ခြေလှမ်းဖြစ်သည်။ တရုတ်နိုင်ငံအရေး သုတေသနစီမံချက်အတွက် ထုတ်ဝေသည့် စာတမ်းများအနက်လည်း ပထမဆုံးဖြစ်သည်။ Read more...

စာတမ်းခေါင်းစဉ် - North-East and the China Myanmar Economic Corridor

တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် လမ်းကြောင်းစီမံကိန်းအဆိုပြုချက်(BRI)အပါအ၀င် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံလမ်း အဆိုပြုချက်နှင့် နိုင်ငံများအကြား ဆက်သွယ်ထားသော စီးပွားရေးစင်္ကြံလမ်းစီမံကိန်းများသည် အာရှ၏ ပထဝီနိုင်ငံရေးတွင် ရေပန်းစားသော စကားရပ်တစ်ခုဖြစ်လာသည်။ အဆိုပြုထားသော တရုတ်-မြန်မာစီးပွားရေး စင်္ကြံလမ်းသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် စတင်မည်ဖြစ်ပြီး မန္တလေးမြို့နှင့် ဆက်သွယ်ကာ ထိုမှတဆင့် ရန်ကုန်မြို့နှင့် အနောက်ဘက်ရှိပြီး တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံထားသော Read more...