ISP China Desk

စာတမ်းအမည် – Myanmar: Going from Pause to Fast Forward with China’s Belt and Road Initiative (BRI)

ရေးသားသူ – U Myint

ထုတ်ဝေသည့်အဖွဲ့ – REPUBLIC OF THE UNION OF MYANMAR FEDERATION OF CHAMBERS OF COMMERCE AND INDUSTRY (UMFCCI)

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၉၊ ဇူလိုင်

စာတမ်းအပြည့်အစုံMyanmar: Going from Pause to Fast Forward with China’s Belt and Road Initiative (BRI)

စာတမ်းအကျဉ်းချုပ်

ဤစာတမ်းတွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း စီမံကိန်းများဖြင့် တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့် ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အကြောင်းအရာများကို သုံးသပ်အကြံပြုထားသည်။

တရုတ်နိုင်ငံသည် တရုတ်-မြန်မာစီးပွားရေး စင်္ကြံလမ်းစီမံကိန်းများကို အကောင်အထည်ဖော်ရန် ဆန္ဒရှိနေပြီး တဖက်တွင်လည်း မြန်မာနိုင်ငံသည် အခြေခံအဆောက်အဦများ ပိုမိုကောင်းမွန်လာစေရေး၊ အမျိုးသားညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ငွေကြေးအပါအဝင် တရုတ်နိုင်ငံ၏ပံ့ပိုးကူညီမှုများ လိုအပ်နေသည်ဖြစ်ရာ အထက်ပါစီမံကိန်းများမှ နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းနိုင်မည့် အလားအလာများရှိသည်။

သို့ဖြစ်ရာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အောက်ပါအချက်များကို အကြံပြု ထားသည်။

တရုတ်-မြန်မာဆက်ဆံရေးတွင် အဖုအထစ်တစ်ခုဖြစ်နေသာ မြစ်ဆုံဆည်စီမံကိန်းအား အပြီးတိုင်ရပ်စဲပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းစီမံကိန်းနှင့် အစားထိုးကြောင်းကြေငြာရန် ပထမဆုံး အကြံပြုထားသည်။ ဒုတိအနေဖြင့် စီမံကိန်းကြီးများအကောင်အထည်ဖော်ရာတွင် ကြံတွေ့လာရနိုင်သည့် သဘာဝပတ်ဝန်းကျင် ပြဿနာများ၊ လူမှုရေး၊ စီးပွားရေး ပြဿနာများ၊ အကျင့်ပျက်ခြစားမှုပြဿနာများကို နှစ်ဖက်ဆွေးနွေးညှိနှိုင်းကြသည့်အခါ ထည့်သွင်းစဉ်းစားရန် ဆွေးနွေးထားသည်။ ထို့အပြင် စီမံကိန်းနှင့် စပ်လျဉ်းသော သတင်းအချက်အလက်များကို ပြည်သူလူထုလက်လှမ်းမီသိရှိစေရန် ထုတ်ပြန်ပေးရေး၊ စီမံကိန်း လမ်းကြောင်းတလျှောက်ရှိ လူနည်းစုတိုင်းရင်းသားများ၏အခွင့်အရေးများကို ဥပဒေများဖြင့် ကာကွယ်ပေးရေး၊ မျှတသောကုန်သွယ်မှုရှိစေရန် မြန်မာနိုင်ငံမှ ဆောင်ရွက်သင့်သည့် အကြံပြုချက်များနှင့်အတူ တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းအကောင်အထည်ဖော်ရာတွင် သတိချပ်ရမည့် အခြားအကြံပြုချက်များကိုလည်း ဖော်ပြထားသည်။