ISP China Desk

စာတမ်းခေါင်းစဉ် – China-Myanmar Cooperation to Combat Illegal Timber Trade and Promote Sustainable Forestry Investment

ရေးသားသူ – REN Peng နှင့် JI Lin

ထုတ်ဝေသည့်အဖွဲ့ – Global Environmental Institute

ထုတ်ဝေသည့်ခုနှစ် – ၂၀၁၅

စာတမ်းအပြည့်အစုံChina-Myanmar Cooperation to Combat Illegal Timber Trade and Promote Sustainable Forestry Investment

စာတမ်းအကျဉ်းချုပ်

မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၁၅ နှစ်အတွင်း သစ်တောပြုန်းတီးမှု၏ ၁၅% မှာ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်တွင် တရားမဝင်သစ်ကုန်သွယ်မှုကြောင့် ဖြစ်သည်။ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ သစ်တောရေးရာဝန်ကြီးဌာနက သစ်အကြမ်းထည်အလုံးလိုက် တရားမဝင်တင်ပို့မှုကို တားမြစ်ချက်ထုတ်ပြန်ခဲ့သော်လည်း  ထိရောက်သောလုပ်ဆောင်မှုဖြစ်ရန်မှာ တရုတ်နိုင်ငံ၏ ပူးပေါင်းပါဝင်မှုနှင့် အထောက်အပံ့လိုအပ်သည်။

တရားမဝင်ကုန်သွယ်မှုကို ရပ်တန့်ရန်နှင့် တရုတ်နှင့် မြန်မာကြား ယုံကြည်မှု တည်ဆောက်ရန် GEI(Global Environment Institute)က ၂၀၁၅ ခုနှစ်တွင် များစွာအရေးပါသော ပူးပေါင်းဆောင်ရွက်မှုများကို အစပျိုးပေးခဲ့သည်။

အထက်ပါစီမံကိန်းသည် နယ်စပ်သစ်ကုန်သွယ်မှုများကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော သစ်တောဆိုင်ရာရင်းနှီးမြုပ်နှံမှုများနှင့် ကုန်သွယ်ရေးအလေ့အထအတွက် သံတမန်နည်းလမ်းအရ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်တို့အတွက် အခွင့်အလမ်းများကို ပံ့ပိုး ဖြည့်ဆည်းပေးနိုင်သည်။