ISP China Desk

တရုတ်-မြန်မာဆက်ဆံရေးကို လေ့လာရာတွင် မြန်မာနိုင်ငံမှ အမြင်များအပြင် တရုတ်နိုင်ငံမှ ရူထောင့်အမြင်များ၊ နိုင်ငံတကာ ပညာရှင်များ၏ သုံးသပ်ချက်များကို မြန်မာစာဖတ်ပရိသတ်များနှင့် မိတ်ဆက်ပေးရန် ရည်ရွယ်ပါသည်။ ဤကဏ္ဍတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ လေ့လာသူများမှ ထုတ်ပြန်သော တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် သုတေသနစာတမ်းများ၊ အစီရင်ခံစာများကို အကျဉ်းချုပ်ရေးသားဖော်ပြထားပြီး မူရင်းစာတမ်းများအား ရယူနိုင်သည့် နေရာများကို ညွှန်ပြပေးထားပါသည်။

စာတမ်းခေါင်းစဉ် - Selling the Silk Road Spirit: China’s Belt and Road Initiative in Myanmar

ခါးပတ်နှင့်လမ်းကြောင်းစီမံကိန်း(BRI)သည် ခမ်းနားကြီးကျယ်သည့်မဟာဗျူဟာတစ်ခုဟုထင်ရသော်လည်း တရုတ်နိုင်ငံ၏အရင်းရှင်စနစ်အကျပ်အတည်းကို ဖြေရှင်းရန်ရည်ရွယ်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ တပြိုင်နက်တည်းမှာပင် လုပ်ငန်းစဉ်တို့သည် ကျယ်ပြန့်ပြီး စီမံခန့်ခွဲမှုတို့က လျော့လျဲနေသည်။ မည်သည့်လုပ်ငန်းကို မည်သူက မည်သည့်နေရာတွင်လုပ်ဆောင်သည်ဖြစ်စေ BRI မူဘောင်အောက်သို့ ထည့်သွင်းနိုင်ကာ ယင်း၏စီမံကိန်းခွဲအဖြစ် သတ်မှတ်နိုင်သည်။ ထိုအခါ တရုတ်နိုင်ငံ၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် ပြည်နယ်အစိုးရတို့သည် Read more...

စာတမ်းခေါင်းစဉ် - Myanmar: Going from Pause to Fast Forward with China’s Belt and Road Initiative (BRI)

ဤစာတမ်းတွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း စီမံကိန်းများဖြင့် တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့် ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အကြောင်းအရာများကို သုံးသပ်အကြံပြုထားသည်။ Read more...

စာတမ်းခေါင်းစဉ် - မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးမှုဇုန် စီမံကိန်း

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC) ၏ အစိတ်အပိုင်းတခုဖြစ်ပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် လုပ်ဆောင်မည့် MEDZ စီမံကိန်းသည် ကချင်ပြည်နယ်၊ မြစ်ကြီးနား၏ မြေဧရိယာ ၂၀၀၀ ဟက်တာခန့်ကို အသုံးပြုမည်ဟု ခန့်မှန်းထားသောကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးကို အတိုင်းအတာတခုအထိ သက်ရောက်နိုင်မည်ဖြစ်ရာ သတိထားရမည့်ကိစ္စတခု Read more...

စာတမ်းခေါင်းစဉ် - On the Road to Kyauk Phyu

ရပ်ဝန်းနှင့် လမ်းကြောင်းအဆိုပြုချက်၏ တစိတ်တဒေသအဖြစ် တရုတ်နိုင်ငံသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းကို တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ မြို့ငယ်တစ်မြို့ဖြစ်သော ကျောက်ဖြူမြို့မှတဆင့် အိန္ဒိယသုမုဒ္ဒရာအား တိုက်ရိုက်ချိတ်ဆက်နိုင်ရန်ရည်ရွယ်ပြီး တချိန်တည်းမှာပင် မလက္ကာရေလက်ကြားအား မှီခိုမှုလျော့နည်းသွားစေရန် ဖြစ်သည်။ ကျောက်ဖြူနှင့် တရုတ်နိုင်ငံကို ချိတ်ဆက်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ဆောက်လုပ်ထားပြီးလည်း ဖြစ်သည်။ Read more...

စာတမ်းခေါင်းစဉ် - China’s Role in Myanmar’s Internal Conflicts

၁၉၄၈ ခုနှစ်တွင် ဗြိတိသျှကိုလိုနီအဖြစ်မှ လွတ်လပ်ရေးရပြီးချိန်မှစတင်ကာ မြန်မာနိုင်ငံသည် တိုင်းရင်းသား ပြဿနာများနှင့် ပဋိပက္ခများကို ရင်ဆိုင်ခဲ့ရသည်။ တပ်မတော်အနေနှင့် ၎င်း၏ဦးတည်ချက်သည် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုမပြိုကွဲရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေး ဖြစ်သည်ဟု အခိုင်အမာပြောဆိုနေသလို တိုင်းရင်းသားလူမျိုးစုများသည် ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံရေးလှုပ်ရှားမှုများ၊ စစ်ေရေးလှုပ်ရှားမှုများဖြင့် ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် Read more...