ISP China Desk

တရုတ်-မြန်မာဆက်ဆံရေးကို လေ့လာရာတွင် မြန်မာနိုင်ငံမှ အမြင်များအပြင် တရုတ်နိုင်ငံမှ ရူထောင့်အမြင်များ၊ နိုင်ငံတကာ ပညာရှင်များ၏ သုံးသပ်ချက်များကို မြန်မာစာဖတ်ပရိသတ်များနှင့် မိတ်ဆက်ပေးရန် ရည်ရွယ်ပါသည်။ ဤကဏ္ဍတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ လေ့လာသူများမှ ထုတ်ပြန်သော တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် သုတေသနစာတမ်းများ၊ အစီရင်ခံစာများကို အကျဉ်းချုပ်ရေးသားဖော်ပြထားပြီး မူရင်းစာတမ်းများအား ရယူနိုင်သည့် နေရာများကို ညွှန်ပြပေးထားပါသည်။

စာတမ်းခေါင်းစဉ် - A Multi-level Analysis of Sino-Myanmar Relations amidst Political Changes in Myanmar

ယခုစာတမ်းတွင် တရုတ်နှင့် မြန်မာအကြား ဆက်ဆံရေးကို အလွှာစုံ အုပ်ချုပ်ရေးဆန်းစစ်ယူဆနည်းအား အသုံးပြုထားသည်။ နှစ်နိုင်ငံဆက်ဆံရေး အရွေ့အား ဒေသန္တရအဆင့်၊ နိုင်ငံတော်အဆင့်နှင့် ဒေသတွင်းနိုင်ငံများအဆင့်တို့ဖြင့် လေ့လာထားသည်။ မြန်မာနိုင်ငံ၏ အားနည်းချက်မှာ နယ်စပ်ဖြတ်ကျော်ကိစ္စရပ်များအား ကိုင်တွယ်ရာတွင် သေချာဆောင်ရွက်နိုင်မှု မရှိခြင်းဖြစ်သည်ဟု ဆိုကြသည်။ Read more...

စာတမ်းခေါင်းစဉ် - China-Myanmar Cooperation to Combat Illegal Timber Trade and Promote Sustainable Forestry Investment

မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၁၅ နှစ်အတွင်း သစ်တောပြုန်းတီးမှု၏ ၁၅% မှာ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်တွင် တရားမဝင်သစ်ကုန်သွယ်မှုကြောင့် ဖြစ်သည်။ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ သစ်တောရေးရာဝန်ကြီးဌာနက သစ်အကြမ်းထည်အလုံးလိုက် တရားမဝင်တင်ပို့မှုကို တားမြစ်ချက်ထုတ်ပြန်ခဲ့သော်လည်း ထိရောက်သောလုပ်ဆောင်မှုဖြစ်ရန်မှာ တရုတ်နိုင်ငံ၏ ပူးပေါင်းပါဝင်မှုနှင့် အထောက်အပံ့လိုအပ်သည်။ Read more...

စာတမ်းခေါင်းစဉ် - Sino-Myanmar Relations: Is Pauk-Phaw Pragmatic or Rhetoric?

စာတမ်းခေါင်းစဉ် – Sino-Myanmar Relations: Is Pauk-Phaw Pragmatic or Rhetoric ရေးသားသူ – Ricky Wai-Kay Yue ထုတ်ဝေသည့်အဖွဲ့ – Journal of Comparative Asian Development ထုတ်ဝေသည့်ခုနှစ် – ၂၀၁၄ သြဂုတ် စာတမ်းအပြည့်အစုံရယူရန် – Sino-Myanmar Relations: Is Pauk-Phaw Pragmatic or Rhetoric စာတမ်းအကျဉ်းချုပ် ယခုစာတမ်း၏ရည်ရွယ်ချက်မှာ အနောက်တိုင်းနိုင်ငံတကာဆက်ဆံရေးသီအိုရီများ၏ သရုပ်မှန်ဝါဒ၊ လစ်ဘရယ်ဝါဒနှင့် တည်ဆောင်ပြုပြင်ဝါဒတို့ကိုကျော်လွန်ပြီး ပေါက်ဖော်ဆက်ဆံရေးကို အကျယ်ချဲ့ပြထားခြင်းဖြစ်သည်။ ပေါက်ဖော်သည် ဗမာစကားဖြစ်ပြီး ဆွေမျိုးရင်းချာဆက်ဆံရေး၊ အထူးအားဖြင့် တရုတ်-မြန်မာ အချိုးမညီဆက်ဆံရေးကို Read more...

စာတမ်းခေါင်းစဉ် - China and Myanmar: Beijing’s Conflicting Role in the Kachin Peace Process

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုအောင်မြင်ရေးကို အဆုံးအဖြတ်ပေးနိုင်ပြီး ပြဿနာများစွာရှိသည့် မြန်မာအစိုးရနှင့် ကချင်ပြည်နယ်တို့အကြား ဆက်ဆံရေးတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍသည် အငြင်းပွားစရာတရပ် ဖြစ်နေသည်။ ၂၀၁၂ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၁၃ အစောပိုင်းကာလများအတွင်း တရုတ်-မြန်မာ နယ်စပ်တွင်ဖြစ်ပွားသည့် တင်းမာမှုများသည် တရုတ်နိုင်ငံ၏ နယ်စပ်လုံခြုံရေးကို ခြိမ်းခြောက်လာသည်နှင့်အမျှ တရုတ်နိုင်ငံသည် နှစ်များစွာကြာအောင် ကျင့်သုံးလာခဲ့သော ဝင်ရောက်မစွက်ဖက်ရေးမူဝါဒမှသွေဖယ်ကာ Read more...

စာတမ်းခေါင်းစဉ် - China, the United States and the Kachin Conflict

ကာလရှည်ကြာဖြစ်ပွားခဲ့သော ကချင်ပဋိပက္ခသည် မြန်မာ့အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အဓိက အတားအဆီးတခုဖြစ်ပြီး ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်အတွက် စိန်ခေါ်စမ်းသပ်ချက်တရပ်လည်း ဖြစ်သည်။ကေအိုင်အိုနှင့် မြန်မာအစိုးရအကြားတွင် အပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ ဦးစားပေးချက်များ ကွဲလွဲလျက်ရှိသည်။ ဤကွဲလွဲချက်များကို ဖြေရှင်းခြင်းမပြုလျှင် အစိုးရကအဆိုပြုသော နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးသဘောတူညီချက်တွင် ကေအိုင်အိုပါဝင်ရန်မှာ Read more...