ISP China Desk
Mr. Chen Hao(ချိန်ဟောင်) Photo - chineseleders.org

ယူနန်ပြည်နယ်၏ အုပ်ချုပ်ရေးမှူးနှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ယူနန်ပြည်နယ်၏ အတွင်းရေးမှူး ဖြစ်သည်။

မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေး၊ ကုန်သွယ်ရေးပူးပေါင်းဇုန်များ အကောင်အထည်ဖော်ရေး၊ ရင်းနှီးမြှုပ်နှံမှု စသည့်ကိစ္စတို့တွင် ချင်းဟောင်သည် အ‌ရေးပါသည့်အခန်းကဏ္ဍက ရှိနေသည်။ တရုတ်-မြန်မာ နယ်စပ်တလျှောက် တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက်အနီးကပ် ပူးပေါင်းဆောင်ရွက်ရေးတို့ပြင် သယ်ယူပို့ဆောင်ရေး၊ ဆင်းရဲမှုလျှော့ချရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စတို့အတွင်လည်း အရေးပါသည့် စေ့စပ်ညှိနှိုင်းသူ ဖြစ်သည်။

၂၀၁၈ ခုနှစ်ဒီဇင်ဘာလက မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံ၏ ပြည်ထောင်စု၀န်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးသန့်စင်မောင်၊ ‌ဒေါက်တာ သန်းမြင့်၊ ဦးစိုး၀င်း၊ ဦးကျော်တင်၊ ဦးဆက်အောင်တို့အပါအ၀င် အဆင့်မြင့်အရာရှိကြီးအချို့သည် ၂၀၁၈ ခုနှစ်က ပြုလုပ်သည့် ချိန်ဟောင်၏ ညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနှင့်လည်း ၂၀၁၉ ခုနှစ်၊ ဧပြီလ ခရီးစဥ်အပါအ၀င် ၄င်း၏ တရုတ်နိုင်ငံခရီးစဥ်များတွင် မစ္စတာ ချိန်ဟောင်နှင့် တွေ့ဆုံခဲ့သေးသည်။

၄င်းသည် အစောပိုင်းကာလတွင် ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့သေးကာ ၁၉၇၆ ခုနှစ်၊ အသက် ၂၂ အရွယ်တွင်  ကွန်မြူနစ်ပါတီသို့ ၀င်င်ရောက်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ယူနန်ပြည်နယ်၏ အုပ်ချုပ်ရေးမှူးဖြစ်လာခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီက ယူနန်ပြည်နယ်၏ ပါတီအတွင်းရေးမှူးအဖြစ်လည်း ရွေးချယ်ခဲ့သည်။