ISP China Desk
Mr. Deng Boqing(တိန့်ပေါ်ချင်း) Photo - UNFPA Chinaj Website

တရုတ်နိုင်ငံ၊ နိုင်ငံတကာဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ(China International Development Cooperation Agency -CIDCA)၏ ဒုတိယအုပ်ချုပ်ရေးမှူး ဖြစ်သည်။

မြန်မာနိုင်ငံကိုပေးအပ်သည့် တရုတ်၏အလှူငွေနှင့် ကူညီထောက်ပံ့မှုအစီအစဉ်များ၊ မြန်မာနိုင်ငံတွင် ဆောင်ရွက်မည့်စီမံကိန်းများ လွယ်ကူချောမွေ့စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် စေ့စပ်ညှိနှိုင်းသူ၊ ကြိုးပမ်းသူလည်း ဖြစ်သည်။ တချိန်တည်းမှာပင် ပုဂံဒေသရှိ စေတီဘုရားဟောင်းများ ပြန်လည်ပြုပြင်ခြင်းကိစ္စများကို အကူအညီပေးရာတွင် ပါဝင်လုပ်ဆောင်နေသူဖြစ်သည်။

၂၀၁၉ ခုနှစ်၊ မတ်လအတွင်းက မြန်မာနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံခဲ့သလို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းရှိ ပုဂံဘုရာများပြန်လည်ပြုပြင်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့သည်။

၎င်းသည် ၁၉၆၃ ခုနှစ်ဖွားဖြစ်ပြီး နိုက်ဂျီးရီးယားနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသည်။