ISP China Desk
Mr. Guan Mu(ကွမ်မု) Photo - Bangkok Post

တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုမြင့်တင်ရေးအသင်း(China – Myanmar Economic Cooperation and Development Promotion Association) ကိုယ်စားလှယ်ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးဟောင်းလည်း ဖြစ်သည့် ၎င်းအနေနှင့် တရုတ်ကုန်သည်ကြီးများနှင့် မြန်မာကိုယ်စားလှယ်များအကြား ချိတ်ဆက်ပေးနေသူ ဖြစ်သည်။

တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုမြင့်တင်ရေးအသင်းကို ၂၀၁၉ ခုနှစ်၊ မေလတွင် စတင်ဖွင့်လှစ်ခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဇွန်လအတွင်းက ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးရာ သုတေသနအဖွဲ့(Chinese People’s Institute of Foreign Affairs)၏ ဒုတိယဥက္ကဋ္ဌတို့ တွေ့ဆုံရာတွင် ၎င်းလည်း ပါဝင်ခဲ့သည်။

Mr. Guan Mu သည် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။