ISP China Desk
Mr. Huang Kunming(ဟွမ်ခွန်းမင်) Photo - xinhuanet

တရုတ်ကွန်မြူနစ်ပါတီ၊ ပေါ်လစ်ဗျူရို၀င်တစ်ဦးဖြစ်ပြီး ဗဟိုအတွင်းရေးမှူးချုပ်ရုံး၊ အတွင်းရေးမှူးလည်း ဖြစ်သည်။ ယင်းအပြင် ပါတီ၀ါဒဖြန့်ချိရေးဌာန၏ အကြီးအကဲလည်း ဖြစ်သည်။

မြန်မာနှင့် တရုတ် နှစ်နိုင်ငံအကြား အစိုးရအတွေ့အကြုံများဖလှယ်ခြင်း၊ ယဥ်ကျေးမှုဆိုင်ရာကိစ္စများတွင် ပါ၀င်လုပ်ဆောင်ခြင်း၊  ပြည်သူ့သဘောထားနှင့် နိုင်ငံရေးဆိုင်ရာအမြင်ဆိုင်ရာကိစ္စတို့တွင် ကူညီထောက်ပံ့ခြင်းတို့ကို အဓိကလုပ်ဆောင်လျက်ရှိသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခဲ့သည်။ ၄င်းခရီးစဥ်တွင် ရန်ကုန်မြို့ရှိ တရုတ်ယဥ်ကျေးမှုစင်တာကို ဖွင့်လှစ်ပေးခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက ပြန်ကြားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ‌ဒေါက်တာ ဖေမြင့်၏ တရုတ်နိုင်ငံခရီးစဥ်တွင်လည်း ၄င်းနှင့် သီးသန့်တွေ့ဆုံခဲ့သည်။

ဟွမ်သည် တရုတ်နိုင်ငံ၊ အရှေ့တောင်ပိုင်းဒေသ၊ ဖူဂျန်းပြည်နယ်၊ ရှန်ဟန်းမြို့ဖွား ဖြစ်ပြီး အသက် ၁၈ နှစ်တွင် တပ်မတော်သို့ ၀င်ရောက်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ၊ ပါတီပြန်ကြားရေးဌာန၊ ပါတီ၀ါဒဖြန့်ချိရေးဌာနတို့တွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ်လည်း တာ၀န်ထမ်းဆောင်ခဲ့သည်။