ISP China Desk
Mr. Li Chenggang(လီချိန်ကန်း) Photo - doj.gov.hk

တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီးဖြစ်သည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC) စီမံကိန်းများ သဘောတူညီမှုနှင့်အတူ မြန်မာနိုင်ငံအတွင်း တရုတ်နယ်စပ်တလျှောက်တွင် နယ်စပ်စီးပွားရေးဇုန်များ၊ စက်မှုဇုန်များတည်ဆောက်ရေးကိစ္စတို့အတွက် တာဝန်ရှိသူများနှင့် ဆွေး‌နွေးရာတွင် အဓိကပါဝင်ဆောင်ရွက်နေသူ ဖြစ်သည်။ အလားတူပင် တရုတ်-မြန်မာ ကုန်သွယ်ရေး မြှင့်တင်ရေးအတွက်လည်း အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေသူ ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဇွန်လက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့သည်။ အလားတူပင် ဇွန်လအတွင်းက ပြုလုပ်သည့်

တရုတ်-မြန်မာစီးပွားရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မတီ ပဉ္စမအကြိမ်အစည်း အဝေးကိုတက်ရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား သဘောတူထားချက်များကို အကောင်အထည်ဖော်ရေး၊ ခါးပတ်တကွင်းလမ်းတစင်း(BRI) အဆိုပြုချက်အောက်တွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့ကို ဆွေးနွေးပြောဆိုခဲ့သည်။ လီသည် အန်ဟွိုင်းပြည်နယ်ဇာတိဖြစ်ပြီး ၁၉၆၇ ခုနှစ်တွင် ဖွားမြင်သည်။ ဥပဒေပညာရှင်လည်း ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ၊ ဦးဆောင်အဖွဲ့တွင် လက်ထောက်ဝန်ကြီးနှင့် အဖွဲ့ဝင်လည်း ဖြစ်သည်။