ISP China Desk
Mr. Li Fanrong(လီဖန်ရုန်) Photo - RENA Twitter Page

တရုတ်နိုင်ငံ၊ အမျိုးသားစွမ်းအင်အုပ်ချုပ်ရေးအဖွဲ့ ဒုတိယ အုပ်ချုပ်ရေးမှူး ဖြစ်သည်။

တရုတ်နှင့် မြန်မာအကြား လျှပ်စစ်စွမ်းအားနှင့် အခြေခံအဆောက်အအုံကဏ္ဍတို့တွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်စေရေးအတွက် ၄င်းက အရေးပါသည့် နေရာတွင် ရှိသည်။

၂၀၁၈ ခုနှစ်၊ မေလအတွင်း နေပြည်တော်တွင် တရုတ်၊ မြန်မာနှင့် ဘင်္ဂလား‌ဒေ့ရှ် သုံးနိုင်ငံအကြား လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးကိစ္စ ဝန်ကြီးအဆင့်အစည်းအဝေးသို့ ၄င်း တက်ရောက်ခဲ့ပြီး သုံးနိုင်ငံမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များပါဝင်သော ပူးတွဲလုပ်ငန်းအဖွဲ့ကိုဖွဲ့စည်း၍ လုပ်ငန်း ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု လုပ်ဆောင်ရန် လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦး၀င်းခိုင်သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လအတွင်းက တရုတ်နိုင်ငံသို့သွားရောက်ခဲ့ပြီး လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးကိစ္စများကို လေ့လာခဲ့ရာတွင်လည်း ၄င်းနှင့် တွေ့ဆုံခဲ့သည်။

လီသည် ၁၉၆၃ ခုနှစ်ဖွားဖြစ်ပြီး ရေနံထုတ်လုပ်ရေးဆိုင်ရာ ကျွမ်းကျင်သူလည်းဖြစ်သည်။ လက်ရှိတွင် တရုတ်နိုင်ငံ ကမ်းလွန်ရေနံထုတ်လုပ်ရေးကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။