ISP China Desk
Mr. Li Fuquan(လီဖူချွမ်) Photo - cm-ecd.org

တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်း၏ ဥက္ကဋ္ဌ ဖြစ်သည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးတက်လာစေရေးအတွက် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်နိုင်ရန် ၄င်းသည်လည်း အရေးပါသည့်အခန်းကဏ္ဍတွင် ရှိနေသည်။

၄င်းသည် ၂၀၁၉ ခုနှစ်၊ မေလအတွင်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့သည်။ အလားတူပင် ဖေဖော်၀ါရီလအတွင်းကလည်း ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ပါမောက္ခချုပ်နှင့် တွေ့ဆုံခဲ့သေးပြီး နှစ်ိနိုင်ငံ စီးပွားရေးတက္ကသိုလ်များ ပညာရပ်ဆိုင်ရာ ဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့ကို ဆွေး‌နွေးခဲ့သည်။

တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်း(China Myanmar Economic Cooperation and Development Promotion Association)  ကိုရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်တွင် ဖွင့်လှစ်ထားသည်။

လီအနေနှင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင်  ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ မြင့်ထွေး၊ ၂၀၁၉ ခုနှစ်၊ မတ်လတွင် ပို့ဆောင်ရေးဦးစီးဌာန၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ မောင်အောင်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။