ISP China Desk
China Communications Construction Company-CCCC

တရုတ်နိုင်ငံ၊ ဘေဂျင်းတွင် အခြေစိုက်ပြီး ဟောင်ကောင်တွင် အမည်စာရင်းပေါက်သည့် ကုမ္ပဏီကြီးဖြစ်သည်။ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၅၀၀ တွင်လည်း ပါဝင်သည်။ တည်ဆောက်ရေးဆိုင်ရာ နိုင်ငံတကာကုမ္ပဏီဖြစ်ပြီး အဝေးပြေးလမ်းမများ၊ တံတားမား၊ ဥမင်များ၊ မြေပေါ်မြေအောက် မီးရထားလမ်းများ၊ လေဆိပ်များ၊ ဆိပ်ကမ်းများ တည်ဆောက်သည်။ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလတွင် တရားဝင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ကုမ္ပဏီသည် ရန်ကုန်မြို့သစ်စီမံကိန်း၊ ပထမအဆင့်အတွက် ကနဦးတည်ဆောက်ရေးလုပ်ငန်း ၉ ခုကို လုပ်ကိုင်ခွင့်ရရှိထားသည်။ အဆိုပါလုပ်ငန်းများတွင် လမ်းများ၊ တံတားများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ရေဆိုးစွန့်ပစ်မှုလုပ်ငန်းနှင့် စက်မှုဇုန်များ စသည်တို့ပါဝင်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂ သန်း ဖော်ဆောင်ပေးနိုင်မည်ဟု ဆိုထားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းသည် ရပ်ဝန်းနှင့်လမ်းကြောင်း(BRI) အစီအစဥ်အောက်ရှိ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC) စီမံကိန်း၏ အစိတ်အပိုင်းတရပ်လည်း ဖြစ်သည်။ ကုမ္ပဏီအနေနှင့် လက်ရှိတွင် လက်အောက်ခံကုမ္ပဏီခွဲပေါင်း ၃၄ ခု ရှိသည်။