တရုတ်-မြန်မာဆက်ဆံရေးကို လေ့လာရာတွင် မြန်မာနိုင်ငံမှ အမြင်များအပြင် တရုတ်နိုင်ငံမှ ရူထောင့်အမြင်များ၊ နိုင်ငံတကာ ပညာရှင်များ၏ သုံးသပ်ချက်များကို မြန်မာစာဖတ်ပရိသတ်များနှင့် မိတ်ဆက်ပေးရန် ရည်ရွယ်ပါသည်။ ဤကဏ္ဍတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ လေ့လာသူများမှ ထုတ်ပြန်သော တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် သုတေသနစာတမ်းများ၊ အစီရင်ခံစာများကို အကျဉ်းချုပ်ရေးသားဖော်ပြထားပြီး မူရင်းစာတမ်းများအား ရယူနိုင်သည့် နေရာများကို ညွှန်ပြပေးထားပါသည်။
စာတမ်းခေါင်းစဉ် - China and Myanmar’s Peace Processရေးသားသူ - Yun Sunထုတ်ဝေသည့်အဖွဲ့ - United States Institute of Peaceထုတ်ဝေသည့်ခုနှစ် - ၂၀၁၇၊ မတ်မြန်မာ့နိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ်ရှိ အကျိုးစီးပွားကို တရုတ်နိုင်ငံ၏ စိတ်ဝင်စားမှုများသည် ကချင်နှင့် ရှမ်းပြည်နယ်များရှိ တိုင်းရင်းသားလက်နက်ကိုင်များ၊ အထူးသဖြင့် ကချင်လွက်မြောက်ရေးတပ်မတော်(KIA)၊ ဝ(UWSA)နှင့် ကိုးကန့်(MNDAA) လက်နက်ကိုင်တပ်ဖွဲ့တို့နှင့် အဓိကဆက်စပ်လျက်ရှိသည်။ ယင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တရုတ်နိုင်ငံအတွင်းတွင် နေထိုင်ကြသော တိုင်ရင်းသားများနှင့် သမိုင်းနှင့် ယဉ်ကျေးမှုချင်း နီးစပ်သည်သာမက နိုင်ငံရေးနှင့် စီးပွားရေး ချိတ်ဆက်မှုများပါ Read more...
စာတမ်းခေါင်းစဉ် - Geopolitics, Ethnic Conflicts along the Border, and Chinese Foreign Policy Changes toward Myanmarရေးသားသူ - Enze Hanထုတ်ဝေသည့်အဖွဲ့ - Routledgeထုတ်ဝေသည့်ခုနှစ် - ၂၀၁၇၊ ဖေဖော်ဝါရီဒီမိုကရေစီနိုင်ငံသို့ စတင်အသွင်ကူးပြောင်းချိန်၊ ၂၀၁၀ ခုနှစ်မှစတင်ပေါ်ပေါက်ခဲ့သော မြန်မာ့နိုင်ငံခြားရေးမူဝါဒပြောင်းလဲမှုများအကြားတွင် မြန်မာနှင့် အနောက်နိုင်ငံတို့အကြားဆက်ဆံရေးမှာ တိုးတက်လာသည်။ တရုတ်နှင့် အမေရိကန်တို့၏ ပထဝီနိုင်ငံရေး အားပြိုင်မှုတွင် တရုတ်အစိုးရအနေနှင့် မြန်မာနိုင်ငံအပေါ် မည်သို့ ပြောင်းလဲချဉ်းကပ်မည်နည်း၊ တရုတ်နိုင်ငံ၏မဟာဗျူဟာနှင့် စီးပွားရေးအကျိုးအပေါ် မထင်မှတ်ထားသော ဖိအားပေးမှုများကို မည်သို့ ရင်ဆိုင်မည်နည်း။ ယခုစာတမ်းတွင် မြန်မာနိုင်ငံ၏ Read more...
စာတမ်းခေါင်းစဉ် - China’s Engagement in Myanmar: From Malacca Dilemma to Transition Dilemmaရေးသားသူ - ထုတ်ဝေသည့်အဖွဲ့ - Transnational Instituteထုတ်ဝေသည့်ခုနှစ် - ၂၀၁၆၊ ဇူလိုင်အာရှတွင် အိမ်နီးနားချင်းနိုင်ငံဖြစ်သော တရုတ်နှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးသည် ပထဝီနိုင်ငံရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါသည်။ မြန်မာနိုင်ငံ ကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရပြီးနောက် နှစ်နိုင်ငံစလုံးသည် ပဋိပက္ခနှင့် နိုင်ငံရေးကသောင်းကနင်းဖြစ်မှုတို့ကို ရင်ဆိုင်ရသည်။ သို့သော် မြန်မာ-ယူနန် နယ်စပ်ဒေသတို့တွင် လူမှုရေးနှင့် နိုင်ငံရေးအပြောင်းအလဲတို့ကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ တိုးတက်လာသည်။ ယခင်စစ်အစိုးရများလက်ထက်တွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် Read more...
စာတမ်းခေါင်းစဉ် - Repositioning Yunnan: security and China’s geoeconomic engagement with Myanmarရေးသားသူ - Xiaobo Suထုတ်ဝေသည့်အဖွဲ့ - Routledgeထုတ်ဝေသည့်ခုနှစ် - ၂၀၁၆၊ ဇွန်မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ပထဝီစီးပွားရေး ဆက်ဆံမှုသည် တရုတ်-ယူနန် နယ်စပ် လူမှုလုံခြုံရေး၊ ကမ္ဘာလုံးဆိုင်ရာ ဖြန့်ကျက်လျက်ရှိသော တရုတ်ရင်းနှီးမြုပ်နှံမှုများ၏ စီးပွားရေးလုံခြုံရေးနှင့် စွမ်းအင်လုံခြုံရေးအပေါ် အခြေခံသည်။ ယင်းဆက်ဆံရေးတွင် ယူနန်ပြည်နယ်သည် မဟာဗျူဟာမြောက် ပေါင်းကူးတံတားသဖွယ် ပါဝင်လျက်ရှိသည်။ ထရုတ်-မြန်မာပထဝီစီးပွားရေး ဆက်စပ်မှုများကို နားလည်ရန် နိုင်ငံဖြတ်ကျော်အဓိက စီမံကိန်း နှစ်ခုဖြစ်သော မြန်မာနိုင်ငံမြောက်ပိုင်း၌ ယူနန်ပြည်နယ်၏ Read more...
စာတမ်းခေါင်းစဉ် - The Logic of Myanmar’s China Policyရေးသားသူ - Maung Aung Myoeထုတ်ဝေသည့်အဖွဲ့ - Asian Journal of Comparative Politicsထုတ်ဝေသည့်ခုနှစ် - ၂၀၁၆မြန်မာနိုင်ငံအစိုးရအဆက်ဆက်သည် အချိုးမညီဖြစ်နေသော တရုတ်-မြန်မာဆက်ဆံရေး၏ ပကတိအနေအထားတွင် မိမိနိုင်ငံ၏ လွတ်လပ်ရေး၊ နိုင်ငံရေးအခွင့်အာဏာ၊ အချုပ်ခြာအာဏာနှင့် နယ်မြေပေါင်းစည်းမှုကို ထိန်းသိမ်းရန် တရုတ်-မြန်မာဆက်ဆံရေးကို မည်သို့ကိုင်တွယ်မည်ကို စဉ်းစားကြသည်။ ၁၉၅၀ ခုနှစ်များတွင် မြန်မာအစိုးရသည် တရုတ်-မြန်မာဆက်ဆံရေးကို ဆွေမျိုးပေါက်ဖော်ဟု စတင်အသုံးပြုခဲ့သည်။ မြန်မာအစိုးရသည် ပေါက်ဖော်ဟူသော အသုံးအနှုန်းအောက်တွင် နှစ်နိုင်ငံအကြား ပေါ်ပေါက်ခဲ့သော ပြသနာများကို ကိုင်တွယ်ဖြေရှင်ခဲ့ကြပြီး Read more...