တရုတ်-မြန်မာဆက်ဆံရေးကို လေ့လာရာတွင် မြန်မာနိုင်ငံမှ အမြင်များအပြင် တရုတ်နိုင်ငံမှ ရူထောင့်အမြင်များ၊ နိုင်ငံတကာ ပညာရှင်များ၏ သုံးသပ်ချက်များကို မြန်မာစာဖတ်ပရိသတ်များနှင့် မိတ်ဆက်ပေးရန် ရည်ရွယ်ပါသည်။ ဤကဏ္ဍတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ လေ့လာသူများမှ ထုတ်ပြန်သော တရုတ်-မြန်မာဆက်ဆံရေးနှင့် စပ်လျဉ်းသည့် သုတေသနစာတမ်းများ၊ အစီရင်ခံစာများကို အကျဉ်းချုပ်ရေးသားဖော်ပြထားပြီး မူရင်းစာတမ်းများအား ရယူနိုင်သည့် နေရာများကို ညွှန်ပြပေးထားပါသည်။
စာတမ်းခေါင်းစဉ် - Selling the Silk Road Spirit: China’s Belt and Road Initiative in Myanmarရေးသားသူ - TNIထုတ်ဝေသည့်အဖွဲ့ - TNIထုတ်ဝေသည့်ခုနှစ် - ၂၀၁၉၊ နိုဝင်ဘာခါးပတ်နှင့်လမ်းကြောင်းစီမံကိန်း(BRI)သည် ခမ်းနားကြီးကျယ်သည့်မဟာဗျူဟာတစ်ခုဟုထင်ရသော်လည်း တရုတ်နိုင်ငံ၏အရင်းရှင်စနစ်အကျပ်အတည်းကို ဖြေရှင်းရန်ရည်ရွယ်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ တပြိုင်နက်တည်းမှာပင် လုပ်ငန်းစဉ်တို့သည် ကျယ်ပြန့်ပြီး စီမံခန့်ခွဲမှုတို့က လျော့လျဲနေသည်။ မည်သည့်လုပ်ငန်းကို မည်သူက မည်သည့်နေရာတွင်လုပ်ဆောင်သည်ဖြစ်စေ BRI မူဘောင်အောက်သို့ ထည့်သွင်းနိုင်ကာ ယင်း၏စီမံကိန်းခွဲအဖြစ် သတ်မှတ်နိုင်သည်။ ထိုအခါ တရုတ်နိုင်ငံ၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် ပြည်နယ်အစိုးရတို့သည် Read more...
စာတမ်းခေါင်းစဉ် - Myanmar: Going from Pause to Fast Forward with China’s Belt and Road Initiative (BRI)ရေးသားသူ - U Myintထုတ်ဝေသည့်အဖွဲ့ - REPUBLIC OF THE UNION OF MYANMAR FEDERATION OF CHAMBERS OF COMMERCE AND INDUSTRY (UMFCCI)ထုတ်ဝေသည့်ခုနှစ် - ၂၀၁၉၊ ဇူလိုင်ဤစာတမ်းတွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း စီမံကိန်းများဖြင့် တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့် ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အကြောင်းအရာများကို သုံးသပ်အကြံပြုထားသည်။ Read more...
စာတမ်းခေါင်းစဉ် - မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးမှုဇုန် စီမံကိန်းရေးသားသူ - သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့ထုတ်ဝေသည့်အဖွဲ့ - သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့ထုတ်ဝေသည့်ခုနှစ် - ၂၀၁၉၊ နိုဝင်ဘာတရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC) ၏ အစိတ်အပိုင်းတခုဖြစ်ပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် လုပ်ဆောင်မည့် MEDZ စီမံကိန်းသည် ကချင်ပြည်နယ်၊ မြစ်ကြီးနား၏ မြေဧရိယာ ၂၀၀၀ ဟက်တာခန့်ကို အသုံးပြုမည်ဟု ခန့်မှန်းထားသောကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးကို အတိုင်းအတာတခုအထိ သက်ရောက်နိုင်မည်ဖြစ်ရာ သတိထားရမည့်ကိစ္စတခု Read more...
စာတမ်းခေါင်းစဉ် - On the Road to Kyauk Phyuရေးသားသူ - Felix Sternagelထုတ်ဝေသည့်အဖွဲ့ - Heinrich Boll Stiftungထုတ်ဝေသည့်ခုနှစ် - ၂၀၁၈၊ အောက်တိုဘာရပ်ဝန်းနှင့် လမ်းကြောင်းအဆိုပြုချက်၏ တစိတ်တဒေသအဖြစ် တရုတ်နိုင်ငံသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်းကို တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ မြို့ငယ်တစ်မြို့ဖြစ်သော ကျောက်ဖြူမြို့မှတဆင့် အိန္ဒိယသုမုဒ္ဒရာအား တိုက်ရိုက်ချိတ်ဆက်နိုင်ရန်ရည်ရွယ်ပြီး တချိန်တည်းမှာပင် မလက္ကာရေလက်ကြားအား မှီခိုမှုလျော့နည်းသွားစေရန် ဖြစ်သည်။ ကျောက်ဖြူနှင့် တရုတ်နိုင်ငံကို ချိတ်ဆက်ထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ဆောက်လုပ်ထားပြီးလည်း ဖြစ်သည်။ Read more...
စာတမ်းခေါင်းစဉ် - China’s Role in Myanmar’s Internal Conflictsရေးသားသူ - USIP Senior Study Groupထုတ်ဝေသည့်အဖွဲ့ - United States Institute of Peaceထုတ်ဝေသည့်ခုနှစ် - ၂၀၁၈၊ စက်တင်ဘာ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှကိုလိုနီအဖြစ်မှ လွတ်လပ်ရေးရပြီးချိန်မှစတင်ကာ မြန်မာနိုင်ငံသည် တိုင်းရင်းသား ပြဿနာများနှင့် ပဋိပက္ခများကို ရင်ဆိုင်ခဲ့ရသည်။ တပ်မတော်အနေနှင့် ၎င်း၏ဦးတည်ချက်သည် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုမပြိုကွဲရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေး ဖြစ်သည်ဟု အခိုင်အမာပြောဆိုနေသလို တိုင်းရင်းသားလူမျိုးစုများသည် ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံရေးလှုပ်ရှားမှုများ၊ စစ်ေရေးလှုပ်ရှားမှုများဖြင့် ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် Read more...