Border Security Archives - ISP Myanmar China Desk

တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများနှင့် ပဋိပက္ခမြေပုံ
( ၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်မှ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်အထိ )

(အလေးထားရမည့် ညွှန်းပြမြေပုံများ အမှတ်- ၃)

မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ဖို့စီစဥ်နေတဲ့ တရုတ်စီးပွားရေးစင်္ကြံစီမံကိန်းတွေထဲက မဟာဗျူဟာကျတဲ့ စီမံကိန်းတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ  အများဆုံး ရှိနေပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲတွေတင် ပိုများလာတာမဟုတ်ဘဲ အသစ်ပေါ်ပေါက်လာတဲ့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေကြောင့် ပဋိပက္ခမြေပုံက ကျယ်ပြန့်လာပါတယ်။ တရုတ်စီမံကိန်းကြီးဖြစ်တဲ့  လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ တကောင်းနီကယ် စက်ရုံစီမံကိန်းတွေရှိတဲ့ မြို့နယ်တွေမှာလည်း   ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေ အားကောင်း လာပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိနဲ့ စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီး  ဝဏ္ဏမောင်လွင်တို့ တရုတ်အစိုးရကတရားဝင်ဖိတ်ခေါ်တဲ့ ခရီးစဥ်အတွင်းမှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ တရုတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုကို အသိအမှတ်ပြု သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် စစ်ကောင်စီကို ယွမ်ငွေသန်း ၆၅၀ ထောက်ပံ့ဖို့နဲ့ တရုတ်စီမံကိန်းတွေ ဆက်လက် အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ အဲဒီကြေညာချက်ထုတ်ပြန်ပြီး နှစ်ပတ်အကြာမှာတော့ စစ်ကောင်စီနဲ့  ပူးပေါင်းလုပ်ကိုင်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းက တရုတ် ကြေးနီစီမံကိန်းတွေ ဆက်လက်လုပ်ဆောင်ပါက နည်းမျိုးစုံနဲ့ တိုက်ခိုက်သွားမယ် လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၁၆ ဖွဲ့က သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအရပ်ဖက် အဖွဲ့အစည်း ၅၅၈ ဖွဲ့က လည်း တရုတ်အနေနဲ့ စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းနေပြီး စီမံကိန်းအသစ်တွေ ဆောင်ရွက်ပါက PDF တွေ ရဲ့ပစ်မှတ်ဖြစ်လာနိုင်ပြီး ဆုံးရှုံးမှုကြီးတွေဖြစ်လာနိုင်တယ်လို့  ဧပြီ ၂၅ ရက်ကတရုတ်သမ္မတ ရှီကျင့်ဖျင်ကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။ ဒီလို သတိပေးတာတွေရှိနေပေမယ့် လက်ရှိ အချိန်ထိတော့ တရုတ်စီမံကိန်းတွေ အနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စီမံကိန်းတွေအပေါ် သက်ရောက်မှု ကြီးကြီးမားမား မရှိသေးတာကို တွေ့ရပါတယ်။

∎ တရုတ် စီမံကိန်းကြီးများတိုက်ခိုက်ခံရမှုနှင့် တိုက်ပွဲများ

တရုတ်စီမံကိန်းကြီးတွေရဲ့ အခြေအနေကိုကြည့်မယ်ဆိုရင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့အတွင်းက တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်စက်ရုံက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နွားထိုးကြီးမြို့နယ် PDF က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ပိုက်လိုင်းကို ပစ်မှတ်ထားတာ မဟုတ်ဘူးလို့ PDF ရဲ့ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားခဲ့ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီရဲ့ လက်ပံတောင်းတောင် လုပ်ငန်းခွင်ကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှာ  ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်သတိ‌ပေးခဲ့တယ်လို့ Monywa Red Fire PDF က သတင်းထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီက မုံရွာနဲ့ ညောင်ပင်ကြီးရွာဘက်ကို လက်နက်ကြီးချိန်ထားတာကြောင့် ပစ်ခတ် သတိပေးခဲ့တာ ဖြစ်တယ်လို့ထည့်သွင်းရေးသားထားပါတယ်။

ISP-Myanmar က မှတ်တမ်းပြုစုထားတဲ့ စာရင်းတွေအရ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းတွေ အကောင်အထည် ဖော်ဖို့ စီစဥ်ထားတဲ့  မြို့နယ်ပေါင်း ၄၂ ခု မှာ ၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်အတွင်း တိုက်ပွဲပေါင်း ၇၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေထဲက ၃၄ ကြိမ်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ရက်နေ့မှ ဧပြီ ၂၅ရက်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဆိုပါ တရုတ်စီးပွားရေးစင်္ကြံ စီမံကိန်းတွေ အကောင်အထည် ဖော်ဖို့ စီစဥ်ထားတဲ့မြိို့နယ်တွေထဲမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲ ၄၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲ ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။  စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအရေအတွက်ဟာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲအရေအတွက်ထက် သုံးဆကျော် များပြားနေပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား တိုက်ပွဲအရေအတွက် ၁၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ မုံရွာမြို့နယ်မှာ  စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း ၂၂ ကြိမ်ထက်မနည်း အများဆုံး ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေ တည်ရှိရာ မူဆယ်မြို့နယ်အတွင်းမှာလည်း  စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲ ကိုးကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းလို စီမံကိန်းကြီးတွေ ဖြတ်သန်းသွားတဲ့ ကျောက်မဲမြို့နယ်မှာဆိုရင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ပွဲ ကိုးကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေရဲ့ အရေအတွက် ပမာဏကို အခုဖော်ပြထားတဲ့ မြေပုံမှာ အသေးစိတ် လေ့လာနိုင်ပါတယ်။

∎ ဘာကြောင့်အလေးထားသင့်သလဲ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံနေရာအနှံ့ တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ တရုတ်စီမံကိန်းကြီးတွေကို  ပစ်မှတ်ထား တိုက်ခိုက်ခံလာရတဲ့ အခြေအနေတွေဟာ  တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့မူဝါဒရေးရာ စဥ်းစားချက်တွေအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိလာနိုင်ပါတယ်။ အထူးသဖြင့် အသစ်ပေါ်ပေါက်လာတဲ့ အင်အားစုတွေအပေါ်မှာ စဥ်းစားချက်တွေ တုံ့ပြန်ချက်တွေလည်း အပြောင်းအလဲ ရှိလာနိုင်ပါတယ်။ တရုတ်စီမံကိန်းတွေရဲ့ ဆုံချက်ဖြစ်တဲ့ ရှမ်းပြည်နယ်အတွင်းက EAOs တွေရဲ့   စစ်ရေးလှုပ်ရှားမှု၊ အထူးသဖြင့် စီးပွားရေးစင်္ကြံ တလျှောက်လှုပ်ရှားမှု၊ နယ်မြေစိုးမိုးမှုနဲ့ စစ်ရေးအရ အသာစီးရဖို့ ကြိုးပမ်းချက်တွေဟာ တရုတ်ရဲ့ သြဇာဖြန့်ကျက်ရေးမူဝါဒလား၊ လုံခြုံရေး အာမခံချက်ကို ရှာဖွေခြင်းလား ဆိုတာ အထူးအလေးထား စောင့်ကြည့်လေ့လာရမယ့်ကိစ္စရပ် ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံအနှံ့ အသစ်ပေါ်ပေါက်လာတဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ တရုတ်အကျိုးစီးပွားတွေအပေါ် သဘောထားတုံ့ပြန်မှုတွေကလည်း မြန်မာအပေါ် တရုတ်ရဲ့ မူဝါဒအပြောင်းအလဲ ဖြစ်လာနိုင်တာကြောင့် အထူးစောင့်ကြည့်စရာဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ တရုတ်စီမံကိန်းတွေအကြား အဆက်အစပ်ကို လွတ်လပ်တဲ့သတင်းမီဒီယာတွေ၊ တိုင်းရင်းသားအခြေစိုက် သတင်းမီဒီယာတွေရဲ့ မြေပြင်အခြေအနေ ဖော်ပြချက်တွေအပြင်၊ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်တွေ၊ တရုတ်သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေနဲ့ လွတ်လပ်တဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေ၊ အစီရင်ခံစာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။

The post တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများနှင့် ပဋိပက္ခမြေပုံ appeared first on ISP Myanmar China Desk.

တရုတ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများနှင့် ပဋိပက္ခမြေပုံ
(အလေးထားရမည့် ညွှန်းပြမြေပုံများ အမှတ်-၁)

မြန်မာနိုင်ငံအတွင်း တရုတ်စီးပွားရေးစင်္ကြံစီမံကိန်းတွေထဲက မဟာဗျူဟာကျတဲ့ စီမံကိန်းတွေဟာ အာဏာသိမ်းမှု မဖြစ်ခင်အချိန်ကတည်းက လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ အများဆုံး ရှိနေပါတယ်။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေ (EAOs) ထဲက အနည်းဆုံး ခုနစ်ဖွဲ့ထက်မနည်း လှုပ်ရှားနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းကြီးတွေ အခြေတည်မှာ ဖြစ်သလို၊ မူဆယ်-မန္တလေးရထားလမ်းလို စီမံကိန်းတွေကလည်း လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတဲ့ မြို့နယ်တွေကို အများဆုံးဖြတ်သန်း တည်ဆောက်မှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ EAOs အကြား၊ EAOs အချင်းချင်းအကြား၊ အသစ်ပေါ်ပေါက်လာတဲ့ ဒေသခံကာကွယ်ရေးတပ် (PDF/LDF/CDF/KNDF စသဖြင့်) တွေနဲ့ စစ်ကောင်စီ အကြား တိုက်ပွဲတွေကြောင့် ပဋိပက္ခမြေပုံက ကျယ်ပြန့်ပြောင်းလဲလာပါတယ်။

အာဏာသိမ်းပြီးနောက်မှာ ရှမ်းပြည်မြောက်ပိုင်းရှိ ရှမ်းတိုင်းရင်းသား လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)  နဲ့  ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား နယ်မြေလွှမ်းမိုးရေး စစ်ပွဲတွေပိုမိုပြင်းထန်ခဲ့ပါတယ်။ တရုတ်နဲ့နီးစပ်တယ်လို့ မကြာခဏ အညွှန်းခံရတဲ့ SSPP အဖွဲ့၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ရဲ့ ပူးပေါင်းထိုးစစ်ကြောင့် RCSS အဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ထိန်းချုပ်ထားတဲ့ နယ်မြေအများအပြားကို လက်လွှတ်ခဲ့ရသလို  မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA (ကိုးကန့်) ရဲ့ နယ်မြေချဲ့ထွင်မှုဟာလည်း မြင်သာခဲ့ပါတယ်။  ဒါ့အပြင် တရုတ်ရဲ့ အဓိကျတဲ့ စီမံကိန်းကြီးတွေရှိတဲ့  လက်ပတောင်းတောင် ကြေးနီစီမံကိန်းနဲ့ တကောင်းနီကယ်စက်ရုံစီမံကိန်းတွေရှိတဲ့ မြို့နယ်တွေမှာလည်း   ဒေသခံကာကွယ်ရေးတပ်တွေ အားကောင်းလာပါတယ်။

တရုတ် စီမံကိန်းကြီးများတိုက်ခိုက်ခံရမှုနှင့် တိုက်ပွဲများ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ တရုတ်ဆန့်ကျင်ရေး အရှိန် ပိုကောင်းလာပေမဲ့ တရုတ်စီမံကိန်း ကြီးတွေအပေါ် ကြီးကြီးမားမား တိုက်ခိုက်မှုမျိုးတော့ မဖြစ်ခဲ့ပါဘူး။  ၂၀၂၁ ခုနှစ် မတ်လအတွင်းက တရုတ်အထည်ချုပ်စက်ရုံ ၃၂ မီးရှို့တိုက်ခိုက်ခံရတာ ရှိပေမဲ့ ဒီဖြစ်ရပ်အပေါ် တရုတ်ဘက်က တင်းမာတဲ့ သဘောထား ထုတ်ပြန်ပြီးနောက်ပိုင်း ထပ်ဖြစ်ခဲ့တာ မရှိတော့ပါဘူး။ ဒီနောက်ပိုင်း တရုတ်ဂတ်စ်ပိုက်လိုင်း  အစောင့်ရဲတွေ တိုက်ခိုက်ခံရတာ၊ ပုသိမ်စက်မှုဇုန်မှာရှိတဲ့ တရုတ်အထည်ချုပ်စက်ရုံအတွင်း အသံဗုံးပေါက်ကွဲတာတွေ၊ လက်ပံတောင်းတောင် စီမံကိန်းအတွက် သွယ်တန်းထားတဲ့ ရေပိုက်လိုင်း မိုင်းခွဲခံရ တာမျိုးတွေ ရှိခဲ့ပေမဲ့ ကြီးမားကျယ်ပြန့်ခဲ့တာမျိုးတော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ တကောင်းနီကယ်စက်ရုံကို သွယ်တန်းထားတဲ့ လျှပ်စစ်တာဝါတိုင် သုံးတိုင်ကို ထီးချိုင့် PDF က မိုင်းခွဲတိုက်ခိုက်မှု အပြီးမှာတော့ တရုတ်စီးပွားရေး လုပ်ငန်းတွေနဲ့ စီမံကိန်းတွေကို မတိုက်ခိုက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရုတ်က ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးမှုအတွင်း အဲဒီဖြစ်စဉ်ဟာ မြေပြင်တပ်ဖွဲ့တွေရဲ့ နားလည်မှုအရ လုပ်ခဲ့တာ ဖြစ်ပြီး အနာဂတ်မှာ ဒီလိုမျိုးမဖြစ်အောင် NUG အနေနဲ့ ကြိုးစားဆောင်ရွက်သွားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားနဲ့ လုပ်ငန်းတွေကလည်း စစ်ကောင်စီတပ် တွေနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

ISP-Myanmar  က မှတ်တမ်းပြုစုထားတဲ့ စာရင်းတွေအရ   စစ်အာဏာသိမ်းပြီးနောက် မူဆယ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်၊ မူဆယ်-မန္တလေး မြန်နူန်းမြင့် လျှပ်စစ်ရထားလမ်း၊ တရုတ်-မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစတဲ့ တရုတ်စီမံကိန်းကြီးတွေ တည်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုတွေရှိတဲ့ မြို့နယ်တွေနဲ့ ထိစပ်တဲ့ နေရာတွေမှာလည်း  ဒေသခံကာကွယ်ရေးတပ် တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှု အများအပြား ရှိခဲ့ပါတယ်။ ဒီတိုက်ပွဲတွေရဲ့ သက်ရောက်မှုက တရုတ်စီမံကိန်းကြီးတွေနဲ့ ကင်းလွတ်နေတာကို အခုဖော်ပြထားတဲ့ မြေပုံမှာ အသေးစိတ် လေ့လာနိုင်ပါတယ်။

ဘာကြောင့်အလေးထားသင့်သလဲ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံနေရာအနှံ့ တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ တရုတ်စီမံကိန်းကြီးတွေကို  ပစ်မှတ်ထား တိုက်ခိုက်ခံလာရတဲ့ အခြေအနေတွေဟာ  တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့မူဝါဒရေးရာ စဥ်းစားချက်တွေအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိလာနိုင်ပါတယ်။ အထူးသဖြင့် အသစ်ပေါ်ပေါက်လာတဲ့ အင်အားစုတွေအပေါ်မှာ စဥ်းစားချက်တွေ တုန့်ပြန်ချက်တွေလည်း အပြောင်းအလဲ ရှိလာနိုင်ပါတယ်။ တရုတ်စီမံကိန်းတွေရဲ့ ဆုံချက်ဖြစ်တဲ့ ရှမ်းပြည်နယ်အတွင်းက EAOs တွေရဲ့   စစ်ရေးလှုပ်ရှားမှု၊ အထူးသဖြင့် စီးပွားရေးစင်္ကြံ တလျှောက်လှုပ်ရှားမှု၊ နယ်မြေစိုးမိုးမှုနဲ့ စစ်ရေးအရ အသာစီးရဖို့ ကြိုးပမ်းချက်တွေဟာ တရုတ်ရဲ့ သြဇာဖြန့်ကျက်ရေးမူဝါဒလား၊ လုံခြုံရေး အာမခံချက်ကို ရှာဖွေခြင်းလား ဆိုတာ အထူးအလေးထား စောင့်ကြည့်လေ့လာရမယ့်ကိစ္စရပ် ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံအနှံ့ အသစ်ပေါ်ပေါက်လာတဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ တရုတ်အကျိုးစီးပွားတွေအပေါ် သဘောထားတုန့်ပြန်မှုတွေကလည်း မြန်မာအပေါ် တရုတ်ရဲ့ မူဝါဒအပြောင်းအလဲ ဖြစ်လာနိုင်တာကြောင့် အထူးစောင့်ကြည့်စရာဖြစ်ပါတယ်။

တွဲဖက်လေ့လာသင့်သည်များ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ တရုတ်စီမံကိန်းတွေအကြား အဆက်အစပ်ကို လွတ်လပ်တဲ့သတင်းမီဒီယာတွေ၊ တိုင်းရင်းသားအခြေစိုက် သတင်းမီဒီယာတွေရဲ့ မြေပြင်အခြေအနေ ဖော်ပြချက်တွေအပြင်၊ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်တွေ၊ တရုတ်သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေနဲ့ လွတ်လပ်တဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေ၊ အစီရင်ခံစာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။

The post တရုတ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများနှင့် ပဋိပက္ခမြေပုံ appeared first on ISP Myanmar China Desk.

တရုတ်အကျိုးစီးပွားရေချိန် – နိုင်ငံရေးဘောဂဗေဒအမြင်ဖြင့် ရှုမြင်ရန် ပိုမိုလိုအပ်လာသော အခြေအနေ
✤ အကျဉ်းချုပ်

◉ အာဏာသိမ်းပြီး ခုနစ်လအတွင်း တရုတ်နိုင်ငံနဲ့ စုစုပေါင်းကုန်သွယ်မှုဟာ အာဏာမသိမ်းခင် ခုနစ်လက ထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံကျော် ကျဆင်းခဲ့ပါတယ်။ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးကလည်း ကိုဗစ်ကပ်ဘေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှု တွေကြောင့် ၂၀၂၁ ခုနှစ်အတွင်း စံချိန်တင် ကျဆင်းခဲ့ပါတယ်။ နယ်စပ်ဂိတ်အချို့ကို ပြန်ဖွင့်ခဲ့ပေမဲ့ တရုတ် ဘက်က မူဝါဒအပြောင်းအလဲ တွေကြောင့် ကုန်သွယ်မှု အကျပ်အတည်း ဆက်ဖြစ်နေပါတယ်။

◉ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဓိကကျတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မရှိတော့တဲ့အပြင် လအလိုက် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေလည်း လျော့နည်းကျဆင်းခဲ့ပါတယ်။ အသစ်ဝင်တာထက် ရှိပြီးသား လုပ်ငန်း တွေမှာ အနည်းငယ်ထပ်မံရင်းနှီးမြှုပ်နှံတာမျိုးပဲ ရှိပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်စီမံကိန်း အချို့ တိုက်ခိုက်ခံခဲ့ရသလို စစ်အာဏာရှင်ဖြုတ်ချရေး ခုခံ တွန်းလှန်စစ်တွေ ပိုမိုကျယ်ပြန့် ပြင်းထန်လာတာကြောင့် စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုရင်တောင် ငွေပင်ငွေရင်းနဲ့ ဝင်ရောက် အကောင်အထည်ဖော်ဖို့ ခက်ဦးမှာပါ။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီက လုပ်နေပါ တယ်။ ဒါပေမဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ကျောရိုး စီမံကိန်းတွေကို လက်တွေ့မှာ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပါဘူး။ တရုတ်ဆန့်ကျင်ရေး ရေချိန်မြင့်လာနိုင်တာနဲ့ ဖြစ်လာနိုင်တဲ့ ပဋိပက္ခအခင်း အကျင်းကို တရုတ်ကိုယ်တိုင် တွက်ချက်ပြီး စောင့်ကြည့်နေပုံ ရပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ ကတဆင့် အိန္ဒိယသမုဒ္ဒရာကို ချိတ်ဆက်တဲ့ လမ်းကြောင်းသစ်ကို ဖွင့်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် စီးပွားရေး စင်္ကြံစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ နှိုးဆော်တာကို အာဏာသိမ်းပြီး ဆယ်လအကြာမှာ ထုတ်ပြောလာပါတယ်။

◉ အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ (EAOs) အကြား၊ EAOs အချင်းချင်း အကြား၊ အသစ်ပေါ်ပေါက်လာတဲ့ ဒေသခံ ကာကွယ် ရေးတပ်တွေ (PDF/LDF/CDF/ KNDF စသဖြင့်)နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေကြောင့် ပဋိပက္ခမြေပုံလည်း ကျယ်ပြန့် ပြောင်းလဲ လာပါတယ်။ စီးပွားရေးစင်္ကြံ စီမံကိန်းတွေရဲ့ဆုံချက် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ EAOs တွေရဲ့ လှုပ်ရှားမှု၊ နယ်မြေစိုးမိုးမှုနဲ့ စစ်ရေး အရ အသာစီးရဖို့ ကြိုးပမ်းချက်တွေ ရှိနေပါတယ်။ ဒါက ပထဝီနိုင်ငံရေးအရ သံလွင်မြစ်အရှေ့ခြမ်းကို လွှမ်းမိုးထားဖို့ တရုတ်ဘက်က ပြင်ဆင်နေခြင်းလား၊ ဒါမှမဟုတ် သူနဲ့နီးစပ်တယ်လို့ အညွှန်းခံရလေ့ရှိတဲ့ EAOs တွေကတဆင့် ဩဇာဖြန့်ကျက်မှု ပိုခိုင်မာ အောင် ကြားခံတည်ဆောက်ထားလိုခြင်းလားနဲ့ တရုတ် အကျိုးစီးပွားများအတွက် ဘက်စုံ လုံခြုံရေးအာမခံ ချက် ပိုခိုင်မာစေလိုခြင်းလားဆိုတာ စောင့်ကြည့်ရမယ့် ကိစ္စ ဖြစ်ပါတယ်။

◉ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်ရဲ့ တုံ့ပြန်ချဉ်းကပ်ပုံတွေဟာ (၁) နိုင်ငံရေး ရေခံမြေခံကို ပိုသတိထားပြီး မြန်မာ့အရေးကြောင့် တရုတ်ရဲ့ပုံရိပ် ဗီလိန်အဖြစ် သမုတ်ခံမယ့် အခြေအနေမျိုးကို ဂရုထား ရှောင်ကြဉ်လိုတာ၊ အနောက်နိုင်ငံတွေက မြန်မာ့အရေးပေါ် မူတည်ပြီး မြန်မာနဲ့ ဒေသတွင်း နိုင်ငံရေး (ဥပမာ- အာဆီယံ-တရုတ်ဆက်ဆံရေး)မှာ တရုတ်ရဲ့ဩဇာကို လျှော့ချဖို့ ကြိုးပမ်းမှုမျိုးကို ရှောင်ရှားလိုတာ၊ (၂) သမားရိုးကျ မဟာဗျူဟာ လုံခြုံရေးနဲ့ စီးပွားရေး အကျိုးစီးပွားတွေကိုလည်း ဆုံးရှုံးစရာမလိုဘဲ အချိန်တန်တာနဲ့ လက်ဦးမှုယူနိုင်အောင် လုံခြုံရေးအား၊ ဓန ဩဇာအားကြီးသူ အဆုံးအဖြတ်ပေးနိုင်သူ အခန်းကဏ္ဍမျိုးကို တရစ်ချင်း တည်ဆောက်တာ (၃) ကိုဗစ် ရောဂါဘေးလို မြန်မာပြည်တွင်းကနေ အပြင်ကို ဖိတ်လျှံကျလာမယ့် သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးပြဿ နာတွေကြောင့် တရုတ်နိုင်ငံအပေါ် ဆက်နွှယ် ထိခိုက်မယ့်အရေးကို အထူးအရေးပေး ကိုင်တွယ်လာတာ စတဲ့ အချက်သုံးချက်ကို တွေ့ရပါတယ်။ ဒါကြောင့် တရုတ်အကျိုးစီးပွားရေချိန်ကို ချိန်ထိုးတဲ့အခါ ဒီအချက် သုံးချက်ကို ဆက်စပ်ပေါင်းစည်း စဉ်းစားတဲ့ နိုင်ငံရေး ဘောဂဗေဒအမြင်က ပိုမိုလိုအပ်လာပါတယ်။

Download as PDF

∎ နိဒါန်း

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေးလည်း အလှည့် အပြောင်း ဖြစ်လာပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရခေတ်ကလို စစ်အာဏာရှင်တွေဘက်က ရပ်ပြီး ပြောင်ပြောင်တင်းတင်း ကာကွယ်ပြောဆိုတာမျိုးကို တရုတ်က သတိထားလာပါတယ်။ စစ်အာဏာသိမ်းမှုဟာ မြန်မာ့ပြည်တွင်းရေး ဖြစ်တယ်ဆိုပြီး ကုလသမဂ္ဂမှာ သံတမန်ရေးဖိအား ရင်ဆိုင်နေရတဲ့ စစ်ကောင်စီကို ကာကွယ်ပေးတာမျိုးတော့ ရှိပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံက ဘက်အသီးသီးဟာ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲတရားဥပဒေ မူဘောင်အတွင်း ညှိနှိုင်း ဆွေးနွေးမှုတွေကတဆင့် ဖြေရှင်းပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုလုပ်ငန်းတွေ ပြန်စဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။ တခါ နိုင်ငံတကာမှာ မျက်နှာမပျက်ရအောင် အာဆီယံကို ကြားခံထားပြီး မြန်မာ့အရေးကို ကိုင်တွယ်ဆောင်ရွက်ခဲ့သလို၊ ဒီလမ်းကြောင်းကို အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အုပ်စုကလည်း လက်ခံခဲ့ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂစင်မြင့်ထက် ကိုယ်စားပြုခွင့်ကို စစ်ကောင်စီ မရခဲ့တဲ့အပြင် တရုတ်-အာဆီယံထိပ်သီးလို တရုတ်ကိုယ်တိုင် ကမကထလုပ်တဲ့ အစည်းအဝေးကိုတောင် စစ်ကောင်စီ ဥက္ကဋ္ဌ တက်ခွင့်မရခဲ့ပါဘူး။

မြန်မာ့အရေးမှာ ဗီလိန်ဖြစ်ချင်ပုံမရတဲ့ တရုတ်ဟာ တချိန်က ရွေးကောက်ခံအစိုးရနဲ့ ပလဲနံပသင့်ခဲ့ပြီး၊ စစ်ကောင်စီကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်တာ မရှိခဲ့ပါဘူး။ ဒါကြောင့်ပဲ နွေဦးတော်လှန်ရေး လှုပ်ရှား မှုနဲ့အတူ မြန်မာလူထုရဲ့ တရုတ်ဆန့်ကျင်ရေးရေချိန်က မြင့်တက်ခဲ့ပါတယ်။ ဒီလိုဆန့်ကျင်မှုဟာ ၂၀၁၁ ခုနှစ် မြစ်ဆုံဆည်ဖျက်သိမ်းရေး လှုပ်ရှားမှုနောက်ပိုင်း အမြင့်ဆုံးလို့တောင် ပြောနိုင်ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှုကာလအတွင်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့မှာ နေ့စဉ်ရက်ဆက် ဆန္ဒပြသူတွေရှိခဲ့ပြီး စစ်ကောင်စီကို အကာအကွယ်မပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ တရုတ်စီမံကိန်းတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ ကြွေးကြော်လှုပ်ရှားမှုတွေလည်း ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် မတ်လ ဒုတိယပတ်အတွင်း လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေထဲက တရုတ်အလုပ်ရုံတချို့ မီးရှို့ ဖျက်ဆီးခံခဲ့ရတာကလွဲပြီး တရုတ်ရဲ့ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းတွေနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလို စီမံကိန်းကြီးတွေ ကြီးကြီးမားမားထိခိုက်ခြင်း မရှိခဲ့ပါဘူး။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနည်းပေါင်းစုံ လှုပ်ရှားမှုအတွင်း တရုတ်စီမံကိန်းကြီးတွေ ထိခိုက်တာမရှိခဲ့ပေမဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးကတော့ အာဏာ သိမ်းပြီးနောက်ပိုင်း စံချိန်တင်ကျဆင်းခဲ့ပါတယ်။

အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်ငြိမ်တာ အပါအဝင် ကိုဗစ်ကပ်ဘေး ကာကွယ်တားဆီးရေး အစီအမံတွေ ကြောင့် ကုန်သွယ်ရေးဟာ ပုံမှန်လည်ပတ်နိုင်ခဲ့ခြင်း မရှိပါဘူး။ ရင်းနှီးမြှုပ်နှံမှုအသစ် ဝင်လာတာလည်း နည်းပါး ခဲ့ပြီး ရှိရင်းစွဲလုပ်ငန်းတွေမှာပဲ ထပ်တိုးရင်းနှီးခဲ့ပါတယ်။ စစ်ကောင်စီကတော့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်း အစီအမံအောက်က စီမံကိန်းတွေကို အမြန်အကောင်အထည်ဖော်ချင်ပုံ ရပါတယ်။ နယ်စပ် ကုန်သွယ်ရေး ပြန်စနိုင်ဖို့နဲ့ အားကောင်းဖို့အတွက် နည်းပေါင်းစုံသုံး ကြိုးပမ်းနေသလို လက်ရှိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ယွမ်ငွေ တိုက်ရိုက်အသုံးပြုတဲ့စနစ်ကိုလည်း ခွင့်ပြုခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နဲ့ လုပ်ဆောင်ဖို့ သဘောတူထားတဲ့ စီမံကိန်းကြီးတွေ အမြန်ပြန်စဖို့ကိုလည်း စစ်ကောင်စီက ကြေညာချက်ထုတ် တောင်းဆိုခဲ့ပါတယ်။

ခေတ်အဆက်ဆက် အာဏာရှင်တွေရဲ့ ကျောထောက်နောက်ခံ နိုင်ငံကြီးတခုအဖြစ် ရပ်တည်ခဲ့ပြီး၊ အခုလည်း ရပ်တည်ဆဲဖြစ်တဲ့ တရုတ်နဲ့ ဆက်ဆံရေးမှာ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီမံကိန်းဆိုင်ရာ အချက်အလက်တွေက တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ မူဝါဒစဉ်းစားချက်တွေအပေါ် တစုံတရာ ထင်ဟပ်စေပါတယ်။ ဒါကြောင့် ISP-Myanmar က အခုဖော်ပြမယ့် အထူးကဏ္ဍမှာ ၂၀၂၁ ခုနှစ်အတွင်း တရုတ်-မြန်မာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေးစင်္ကြံစီမံကိန်းတွေရဲ့ အခြေအနေကို စုစည်းဖော်ပြပေးပါမယ်။

◉ ကျဆင်းနေသော တရုတ်-မြန်မာ ကုန်သွယ်ရေး

ဒီမိုကရေစီ အသွင်ကူးပြောင်းကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် နောက်ပိုင်းကစလို့ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်ရေးက တနှစ်ထက်တနှစ် တိုးတက်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်သက်ရောက်တဲ့အချိန် (၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်) မှာတောင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကထက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ပိုမို ကုန်သွယ်နိုင် ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာ့ကုန်သွယ်ရေးဟာ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ အာဏာမသိမ်းခင် ခုနစ်လ (၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ အထိ) မှာ စုစုပေါင်း ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံကျော် ရှိခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ခုနစ်လ (၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဩဂုတ်လ အထိ)မှာတော့ စုစုပေါင်း ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံနီးပါးပဲ ရှိပါတယ်။ ဒါကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုက လေးပုံတပုံခန့် ကျဆင်းသွားတယ်လို့ သုံးသပ်နိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံတွေက တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဂျပန် နဲ့ အိန္ဒိယတို့ဖြစ်ပြီး ဒီအထဲမှာမှ တရုတ်နိုင်ငံတခုတည်းရဲ့ ကုန်သွယ်မှုဟာ မြန်မာ့ကုန်သွယ်မှု စုစုပေါင်းရဲ့ သုံးပုံတပုံဝန်းကျင်မှာ အမြဲတမ်း ရှိနေခဲ့တာပါ။ ဒါကြောင့် တရုတ်နဲ့ ကုန်သွယ်မှု အတက်အကျက မြန်မာ့ ပြည်ပကုန်သွယ်မှုအပေါ် သက်ရောက်မှု ကြီးမားပါတယ်။

စစ်အာဏာသိမ်းပြီး ခုနစ်လအတွင်း တရုတ်နဲ့ စုစုပေါင်းကုန်သွယ်မှုဟာ စစ်အာဏာမသိမ်းခင် ခုနစ်လကထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ကျော်ကျဆင်းခဲ့ပါတယ်။ ဒါဟာ တရုတ်-မြန်မာကုန်သွယ်မှု စုစုပေါင်းရဲ့ သုံးပုံတပုံ ကျော်ပါတယ်။ အာဏာမသိမ်းခင် ခုနစ်လအတွင်း တရုတ်-မြန်မာ ကုန်သွယ်ရေးဟာ အနိမ့်ဆုံး တလ ကို အမေရိကန်ဒေါ်လာ သန်း ၈၀ဝ ခန့်ရှိခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ အမေရိကန်ဒေါ်လာ သန်း ၃၈၀ အထိ စံချိန်တင်ကျဆင်း သွားပါတယ်။ ဒီကျဆင်းမှုဟာ တရုတ်-မြန်မာ ကုန်သွယ်မှုပြုလုပ်တဲ့ ကာလတလျှောက် ၂၀၁၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ဒီလို ကျဆင်းရတဲ့ အဓိကအကြောင်းရင်းတခုက နယ်စပ်ကုန်သွယ်မှု ကျဆင်းလာတာကြောင့် ဖြစ်ပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ နှစ်နိုင်ငံကုန်သွယ်ရေးရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေပြီးတော့ တရုတ်-မြန်မာ စုစုပေါင်းကုန်သွယ်မှု ပမာဏရဲ့ ထက်ဝက်ခန့် ကူးသန်းရောင်းဝယ်နေတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုဟာ ရပ်တန့်လုနီးပါး ဖြစ်ခဲ့ပါတယ်။ တရုတ်-မြန်မာနယ်စပ်မှာ မြန်မာဘက်က တရားဝင်သတ်မှတ်ထားတဲ့ ကုန်သွယ်ရေးစခန်း ငါးခုရှိပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ခုနစ်လမှာ ကျိုင်းတုံနယ်စပ်စခန်း တခုကလွဲလို့ ကျန်တဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း လေးခု မှာ ကုန်သွယ်မှုပမာဏ သိသိသာသာ ကျဆင်းခဲ့ပါတယ်။ မြန်မာ့နယ်စပ်ကုန်သွယ်ရေးမှာ အကြီးဆုံး ဖြစ်တဲ့ မူဆယ်နယ်စပ်စခန်းမှာဆိုရင် အာဏာမသိမ်းခင် ခုနစ်လကထက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံနီးပါး ကျသွားပါတယ်။

နယ်စပ်ကုန်သွယ်ရေး ကျဆင်းရတဲ့ အဓိကအကြောင်းရင်းတခုကတော့ မြန်မာနိုင်ငံ (အထူးသဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း)မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုတွေကြောင့် တရုတ်အစိုးရက နယ်စပ်ဂိတ် အဝင်အထွက်ကို တင်းတင်း ကျပ်ကျပ် ကိုင်တွယ်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ရိုက်ခတ်စပြုတဲ့ ဇူလိုင်လမှာ နယ်စပ်ဂိတ်အများစုကို တရုတ်က လုံးဝပိတ်ချခဲ့တာကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်လုနီးပါး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကာလ (၂၀၂၀ ပြည့်နှစ် မတ်လမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ)တွေမှာ သိသိသာသာ ကျဆင်းမှု မရှိခဲ့တာက သတိချပ်စရာဖြစ်ပါတယ်။ ဒါကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှု တွေကလည်း နယ်စပ်ကုန်သွယ်ရေးအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ သုံးသပ်နိုင်ပါတယ်။

တရုတ်ရဲ့ နယ်စပ်ပိတ်မူဝါဒက စစ်ကောင်စီအတွက် ပြင်းထန်တဲ့ရိုက်ချက်တွေ ဖြစ်ပါတယ်။ နယ်စပ် ကုန်သွယ်ရေးကနေ ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ကုန်သွယ်မှု ပြုလုပ်ရင် မြန်မာအစိုးရအနေနဲ့ အခွန်အခအဖြစ် အမေရိကန်ဒေါ်လာ လေးသန်း လောက် ရရှိတယ်လို့ မူဆယ်ဒေသခံ ကုန်သည် တဦး ကို ကိုးကားပြီး ဘီဘီစီသတင်းဌာနက ဖော်ပြဖူးပါတယ်။ အာဏာသိမ်းပြီး ခုနစ်လအကြာမှာ အာဏာမသိမ်းခင် ခုနစ်လကထက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်း ၁,၈၀ဝ နီးပါး ကျဆင်းခဲ့တာ ကြောင့် စစ်ကောင်စီအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော် ဆုံးရှုံးသွားတယ်လို့ အကြမ်းဖျင်း တွက်နိုင် ပါတယ်။ နယ်စပ်ကုန်သွယ်ရေးထဲကမှ ပို့ကုန်၊ သွင်းကုန် အပိုင်းကို ကြည့်ရင်လည်း ထူးထူးခြားခြားပဲ ပို့ကုန်က သွင်းကုန်ထက် ပိုများခဲ့ပါတယ်။

စစ်ကောင်စီကတော့ နယ်စပ်ပြန်ဖွင့်ဖို့ အစည်းအဝေးတွေ အကြိမ်ကြိမ် လုပ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၂ ရက်ကစပြီး ကျင်စန်းကျော့ဂိတ်ကို စမ်းသပ်ဖွင့်လှစ်ခဲ့ပြီး ချင်းရွှေဟော်ဂိတ်ကိုပါ အကန့်အသတ်နဲ့ ပြန်ဖွင့်ခဲ့ ပါတယ်။ ကွန်တိန်နာစနစ်၊ အစားထိုးယာဉ်မောင်းစနစ်တွေ ပြောင်းလဲခဲ့တာကြောင့် ကုန်ကျစရိတ် ပိုများခဲ့ပြီး အရင် ကုန်သွယ်မှုလုပ်ခြင်းရဲ့ ၂၀-၃၀ ရာခိုင်နှုန်း လောက်ပဲ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

အခုလည်း မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့နှုန်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အများဆုံးဖြစ်နေပြီး ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် (Omicron) ရဲ့ ခြိမ်းခြောက်မှုလည်း ရှိလာပါတယ်။ ဒီမျိုးကွဲသစ်သာ မြန်မာ၊ ဒါမှမဟုတ် တရုတ်နိုင်ငံ အတွင်းမှာ ကူးစက်လာခဲ့မယ်ဆိုရင်၊ အထူးသဖြင့် ယူနန်ပြည်နယ်ထဲမှာ တွေ့ရှိ မယ်ဆိုရင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး အခြေအနေဟာ ၂၀၂၁ ခုနှစ်အတွင်း စံချိန်တင် ကျဆင်းနေခဲ့ပြီး အချိန်တိုအတွင်း ပုံမှန် ပြန်ဖြစ်ဖို့ ခက်ခဲပါဦးမယ်။

◉ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေ

၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၁၀ ပြည့်နှစ်အထိ စစ်အစိုးရခေတ်တွေမှာ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ခမ်းခြောက်ခဲ့ပြီး တရုတ်၊ စင်ကာပူနဲ့ ဟောင်ကောင်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေသာ ထိပ်တန်းမှာရှိခဲ့ပါတယ်။ အဲဒီနောက် ဒီမိုကရေစီ အသွင်ကူး ပြောင်းကာလ ဆယ်စုနှစ်အတွင်းမှာလည်း အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကို အများအပြား ဆွဲဆောင်နိုင်စွမ်းမရှိခဲ့ဘဲ ဒေသတွင်းနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကသာ ဦးဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လောက်ဝင်ရောက်ခဲ့လဲဆိုတာကို ကြည့်ခြင်းအားဖြင့် နိုင်ငံကြီးတွေရဲ့ မြန်မာ့အရေး ပါဝင်ပတ်သက်မှု အခန်းကဏ္ဍတွေကို ချဉ်းကပ်လေ့လာရာမှာ အရေးပါတဲ့ အကြောင်းအချက်တခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဒေသတွင်း အာဆီယံနိုင်ငံတွေက စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံကျော်နဲ့ တရုတ်နိုင်ငံက ၁၄ ဒသမ ၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမှု အများဆုံးလုပ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု က အမေရိကန်ဒေါ်လာ သန်း ၃၀ဝ ကျော်၊ ဥရောပသမဂ္ဂက အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်၊ ဗြိတိန်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ကျော် ရင်းနှီးခဲ့တာကိုကြည့်ရင် ဒေသတွင်းနိုင်ငံတွေထက် သိသိသာသာ နည်းပါးခဲ့တာကို မြင်သာပါတယ်။

တခါ နိုင်ငံရေးဖြစ်စဉ်တွေအပေါ် မူတည်ပြီး ရင်းနှီးမြှုပ်နှံမှု ဝင်‌ရောက်ခြင်းက အပြောင်းအလဲ အတက်အကျ များစွာ ရှိခဲ့ပါတယ်။ ဥပမာ- ၂၀၁၁ ခုနှစ် မြစ်ဆုံ ဆည်စီမံကိန်း ရပ်တန့်ပြီးနောက်ပိုင်း တရုတ်ရင်းနှီးမြုပ်နှံမှု ပမာဏ ၁၈ ဆ လောက် ကျသွားတာမျိုးဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးကိစ္စကလည်း ရင်းနှီးမြှုပ်နှံ မှုကဏ္ဍအတွက် ကြီးမားတဲ့ အလှည့်အပြောင်းတခု ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်ကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် ထင်ရှားကြီးမားတဲ့ သက်ရောက်မှုတွေ၊ ထိခိုက်မှုတွေ ဖြစ်လာပါတယ်။

အာဏာမသိမ်းခင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်နဲ့ ကိုဗစ်ကပ်ဘေးကို ရင်ဆိုင်ခဲ့ရတဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွေကို ကြည့်ရင် အာဆီယံ၊ တရုတ်၊ အိန္ဒိယ စတဲ့ အာရှဒေသတွင်းနိုင်ငံများရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဆက်တိုက် ကျဆင်းနေခဲ့တာကို တွေ့ရပါတယ်။ အဲဒီလိုကျဆင်းနေမှုကို စစ်အာဏာသိမ်းမှုက ထပ်မံ ထိုးနှက်ခဲ့ပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှု မြင့်တက်ခဲ့ပေမဲ့ ဒါဟာ တိုက်ရိုက်ဝင်ရောက်ခဲ့တာမျိုး မဟုတ်ဘဲ ဗြိတိသျှဗားဂျင်းကျွန်းစု ကတဆင့် ဝင်ခဲ့တာမျိုးဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ဆိုင်းပြီး ပြန်လည်ထွက်ခွာသွားတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ၂၀ ကျော်ရှိပြီး အဲဒီ စီးပွားရေးလုပ်ငန်းတွေထဲမှာ တရုတ် စီးပွားရေးလုပ်ငန်းတွေ၊ စီမံကိန်းကြီးတွေ ပါဝင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ အာဏာမသိမ်းခင် ခုနစ်လနဲ့ အာဏာသိမ်းပြီး ခုနစ်လအတွင်း တရုတ် ရင်းနှီးမြှုပ်နှံမှုပမာဏကို နှိုင်းယှဉ်တဲ့အခါ ပမာဏအားဖြင့် သိသိသာသာ လျော့နည်း သွားပါတယ်။

၂၀၂၁ ခုနှစ် ဇူလိုင်၊ ဩဂုတ် စတဲ့လတွေမှာ လစဉ် အမေရိကန်ဒေါ်လာ တသန်းအောက်ပဲ ဝင်ခဲ့ပါတယ်။ အဲဒီ ရင်းနှီးမြှုပ်နှံမှုတွေကလည်း လုပ်ငန်းသစ် ဝင်ရောက်လာတာမျိုးမဟုတ်ဘဲ လက်ရှိလည်ပတ်နေတဲ့ လုပ်ငန်း တွေမှာ ထပ်တိုး ရင်းနှီးမြှုပ်နှံခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဇွန်၊ ဇူလိုင်နဲ့ ဩဂုတ်လ တွေမှာတော့ တရုတ် ရင်းနှီးမြှုပ်နှံမှုကလွဲပြီး အခြားပြည်ပရင်းနှီးမြှုပ်နှံမှု တစုံတရာ ဝင်ခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် ဟောင်ကောင် စီးပွားရေးလုပ်ငန်းတခုဖြစ်တဲ့ V Power စွမ်းအင်ကုမ္ပဏီဟာ မူလက လုပ်ပိုင်ခွင့်ရထားတဲ့ မြင်းခြံ စွမ်းအင် စီမံကိန်း အမှတ်-၁ နဲ့ ကျောက်ဖြူ စွမ်းအင်စီမံကိန်း အမှတ်-၂ တို့ကို အာဏာသိမ်းပြီးနောက်ပိုင်း စာချုပ် သက်တမ်းမတိုးတော့ဘဲ လုပ်ငန်းရပ်နားခဲ့ပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်နဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နှစ်ခုအတွင်း ကဏ္ဍအလိုက် ဝင်ရောက်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ ဘဏ္ဍာနှစ် နှစ်ခုလုံးမှာ စွမ်းအင်ကဏ္ဍ ဝင်ရောက်မှုဟာ အများဆုံးဖြစ်ပါတယ်။ အခုလည်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော် ပမာဏရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှု မီးလင်းချိုင် စွမ်းအင်စီမံကိန်းကို စစ်ကောင်စီက ခွင့်ပြုပေးခဲ့တာကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကထက် စွမ်းအင်ကဏ္ဍကို ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်း နှစ်ဆနီးပါး မြင့်တက်သွားပါတယ်။ တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း တွေကလည်း ဆိုလာစီမံကိန်းတွေမှာ လုပ်ကိုင်ဖို့ တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်တာမျိုးကိုလည်း တွေ့ရပါတယ်။

ကုန်ထုတ်လုပ်ရေးကဏ္ဍမှာတော့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၉၁၅ သန်းကျော် ဝင်ခဲ့တာကနေ ၂၆၂ သန်းကျော်အထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေး၊ အိမ်ခြံမြေနဲ့ အခြားဝန်‌ဆောင်မှု ကဏ္ဍတွေမှာလည်း အာဏာသိမ်းမှု နောက်ဆက်တွဲ အဖြစ် ရင်းနှီးမြှုပ်နှံမှုတွေ သိသိသာသာ ကျဆင်းခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ကျဆင်းချိန်မှာ စစ်ကောင်စီဟာ တရုတ်အတွက် အရေးပါတဲ့ စီမံကိန်းကြီးများကို ခွင့်ပြုပေးပြီး ကျားကန်ဖို့ ကြိုးစားနေပုံရပါတယ်။ ၂၀၂၁ ခုနှစ် မေလအတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) မှာပါဝင်တဲ့ မီးလင်းချိုင်စီမံကိန်းကို အတည်ပြုပေးခဲ့ပါတယ်။ ဒီစီမံကိန်းဟာ ဗြိတိသျှဗားဂျင်းကျွန်းမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ ကနေတဆင့် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းတန်ဖိုးကို ထည့်တွက်ရင် အာဏာသိမ်းပြီး ခုနစ်လတာကာလမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂,၅၃၈ ဒသမ ဝ၄၃ သန်း ရှိပါမယ်။ အဲဒီစီမံကိန်းတန်ဖိုးကို ဖယ်ထုတ်လိုက်ရင်တော့ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဩဂုတ်လအထိ တရုတ်ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၃၃ သန်း ကျော်ပဲ ရှိပါမယ်။

ဒါပေမဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ တရုတ်ဆန့်ကျင်ရေး အရှိန်မြင့်မားမှုတွေကြောင့် တရုတ်အနေနဲ့ သတိကြီးကြီးထားပြီး ကိုင်တွယ်နေပုံရပါတယ်။ တဖက်မှာတော့ ၂၀၂၁ ခုနှစ် မတ်လအတွင်း တရုတ်အလုပ်ရုံ တွေ မီးရှို့တိုက်ခိုက် ခံရတာနဲ့ ပတ်သက်ပြီး တင်းမာတဲ့ သဘောထားထုတ်ပြန်ခဲ့တာ၊ ဒီလို တိုက်ခိုက်ခံရမှု ဖြစ်ခဲ့တဲ့ နယ်မြေတချို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့တာ၊ တခါ အရေးကြီးတဲ့ တရုတ်စီမံကိန်း တွေမှာ စစ်ကောင်စီက လုံခြုံရေးရယူပေးတာတွေကို ကြည့်ခြင်းအားဖြင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေကို နှစ်ဖက်စလုံးက သတိထားပုံရပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံအနှံ့ ခုခံတွန်းလှန်စစ်ဆင်နွှဲကြဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်မှာ ကြေညာခဲ့ပြီး နောက်တရက်မှာပဲ တရုတ်ကွန်မြူနစ်ပါတီအာဘော် Global Times သတင်းစာက ‘မြန်မာနိုင်ငံမှာရှိတဲ့ တရုတ် စီးပွားရေးလုပ်ငန်း တွေဟာ အနှောင့်အယှက်များနဲ့ ရင်ဆိုင်နေရကြောင်း’ ရေးသားဖော်ပြခဲ့ပါတယ်။ ဒါကိုကြည့်ရင်လည်း တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ စီမံကိန်း အကျိုးစီးပွားတွေအပေါ် စိုးရိမ်စိတ်ရှိနေတာ မြင်သာ ပါတယ်။ ဒါကြောင့် လတ်တလောမှာ စစ်ကောင်စီက တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို အတည်ပြု ခွင့်ပြုပေးရင် တောင် လက်တွေ့မှာ ငွေပင်ငွေရင်းနဲ့ ဝင်လာဖို့ခက်ဦးမယ်လို့ ဆိုနိုင်ပါတယ်။

◉ ရပ်ဝန်းလမ်းကြောင်း စီမံကိန်းများအခြေအနေ

ရပ်ဝန်းလမ်းကြောင်း အစီအမံ (Belt and Road Initiative) ရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို NLD အစိုးရလက်ထက်မှာ စတင် အဆိုပြုခဲ့ပါတယ်။ မိုင်ပေါင်း ၁,ဝဝဝ ကျော်ရှည်လျားမယ့် အင်္ဂလိပ်အက္ခရာ ‘Y’ ပုံသဏ္ဌာန် စီးပွားရေးစင်္ကြံဟာ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ နေပြည်တော်၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်တို့ကို နယ်စပ်စီးပွားရေးဇုန် စီမံကိန်းကြီးတွေ၊ အမြန်လမ်းမကြီးတွေ၊ မြန်နှုန်းမြင့် လျှပ်စစ်ရထားလမ်း၊ စက်မှုမြို့သစ်၊ ကုန်းတွင်းဆိပ်ကမ်းတွေ၊ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်တွေ၊ ကုန်လှောင်ရုံကြီးတွေနဲ့ ချိတ်ဆက်မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံက NLD အစိုးရ လက်ထက်မှာ တရားဝင်အဆိုပြုခဲ့တဲ့ ရပ်ဝန်း လမ်းကြောင်းစီမံကိန်း စုစုပေါင်း ၃၃ ခုထက်မနည်း ရှိခဲ့ပါတယ်။ တကယ်တော့ အဲဒီအထဲက မဟာဗျူဟာကျတဲ့ စီမံကိန်းကြီးတွေဟာ စီးပွားရေးစင်္ကြံကို တရားဝင် မကြေညာခင်ကတည်းက အကောင်အထည်ဖော်ဖို့ အရင် စစ်အစိုးရလက် ထက်မှာရော ဦးသိန်းစိန်အစိုးရ လက်ထက်မှာပါ တရုတ်က အစဉ်တစိုက် ကြိုး ပမ်းခဲ့တာ ဖြစ်ပါတယ်။

စီးပွားရေးစင်္ကြံအောက်က စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ NLD အစိုးရ လက်ထက်မှာ ဖိအားပေးတိုက်တွန်းတာတွေကို တရုတ်က အကြိမ်ကြိမ် လုပ်ခဲ့ပါတယ်။ အထူးသဖြင့် ၂၀၂၀ ပြည့်နှစ်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်အတွင်း ရပ်ဝန်းလမ်းကြောင်း အစီအမံအောက်မှာ မြန်မာနိုင်ငံအတွက် အဓိကကျတဲ့ ပင်မစီမံကိန်းတွေလို့ သတ်မှတ်လိုက်တဲ့ ‘ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်း၊ ရန်ကုန် မြို့သစ်စီမံကိန်းနဲ့ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းတွေ’ကို အမြန်အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။ စီမံကိန်းတွေရဲ့ တင်ပြချက်တွေကို ပြန်လည်စစ်ဆေးတာ၊ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်လျှော့ချတာ၊ ရှယ်ယာခွဲဝေမှု ပြန်လည်ညှိနှိုင်းတာ၊ တခြားနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေ ပါဝင်ဖို့ဖိတ်ခေါ်တာတွေကြောင့် NLD အစိုးရလက်ထက်မှာ စီမံကိန်းတွေ အမှန်တကယ် အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပါဘူး။

အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ဝန်းလမ်းကြောင်း အစီအမံအောက်မှာ အဓိကကျတဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော်နိုင်ဖို့ စစ်ကောင်စီဘက်က ကြိုးပမ်းခဲ့တာတွေ ရှိပါတယ်။ အာဏာသိမ်းပြီး တလအကြာမှာ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းတွေ အကောင်အထည်ဖော်တဲ့အခါ မူဝါဒချမှတ်မှုအပိုင်း၊ စီမံခန့်ခွဲမှုနဲ့ လက်တွေ့ အကောင်အထည်ဖော်မှုတွေမှာ ကိုင်တွယ်မယ့် ကော်မတီ တွေကို ပြန်¸ခဲ့ပါတယ်။

ဒါ့အပြင် NLD အစိုးရလက်ထက်မှာ အကောင်အထည်ဖော်ဖို့ စိုင်းပြင်းနေတဲ့ ‘အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန် မီးလင်းချိုင်စွမ်းအင်စီမံကိန်းနဲ့ ဒေါ်လာ ၂၂ ဒသမ ၄ သန်းတန် ကန်ပိုက်တီ-ထိန်ချုံး နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်း’ တွေကို စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြု ပေးခဲ့ပါတယ်။ စီမံကိန်းနှစ်ခု စလုံးဟာ နိုင်ငံရေးအကျပ်အတည်းကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေ၊ ကိုဗစ်ကန့်သတ်မှုနဲ့ မရေရာတဲ့ အခြေအနေတွေကြောင့် အောက်ခြေမှာ အမှန်တကယ် တည်ဆောက်နိုင်ခြင်း မရှိသေးပါဘူး။

၂၀၂၁ ခုနှစ်အတွင်း တရုတ်-မြန်မာ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းမှာ အရေးအပါဆုံးဖြစ်စဉ်က ‘တရုတ်(ယူနန်)-မြန်မာ(ရန်ကုန်)-အိန္ဒိယသမုဒ္ဒရာ ကွန်တိန်နာ ပင်လယ်ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်မှု လမ်းကြောင်းသစ်’ကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက် အချက်အခြာ ကျတဲ့ ချင်းရွှေဟော်-လင်ချမ်း နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းနဲ့ တရုတ်ရဲ့ ရပ်ဝန်းလမ်းကြောင်း အစီအမံ ချိတ်ဆက်ရေးအတွက် အရေးပါတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကွမ်းလုံတံတားသစ်ကို ၂၀၂၃ ခုနှစ်မှာ အပြီးတည်ဆောက်သွားမယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းမှုဇုန်မှာ အဓိကလမ်းကြောင်းဖြစ်လာမယ့် ချင်းရွှေဟော်-မိန်းတိန် နယ်စပ်ဂိတ်ပေါက်အသစ် ဖွင့်လှစ်ဖို့ နှစ်နိုင်ငံ ကွင်းဆင်းလေ့လာတာတွေ၊ ဝန်ကြီးအဆင့်ဆွေးနွေးမှုတွေ ရှိပေမဲ့ ကိုဗစ်ကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ် တွေကို ပိတ်ထားရတာတွေ၊ နယ်စပ်မှာ ကုန်သွယ်မှုမမျှတခြင်းနဲ့ တင်းမာမှုတွေကြောင့် ရှေ့ဆက်နိုင်ခြင်း မရှိသေးတာ တွေ့ရပါတယ်။

ဒါပေမဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းကစပြီး တရုတ်သံရုံးရဲ့ Facebook စာမျက်နှာမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း အတူတကွအကောင်အထည်ဖော်ရေးကို အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ဖော်ထုတ် ပြောဆို လာပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မူဝါဒအပြောင်းအလဲလုပ်တဲ့အခါမှာ အာဘော် ဖန်တီးလေ့ရှိတာကြောင့် ဒီလို ပြန်လည်ပြောဆိုလာတာဟာ သတိချပ်စရာဖြစ်ပါတယ်။ ဆွေးနွေးနေဆဲ စီမံကိန်းတွေကို အလျင်အမြန် အတည်ပြုဖို့ ကြိုးပမ်းမှုတွေ ရှိလာနိုင်ပေမဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ကိုဗစ်ကပ်ဘေး ထိန်းချုပ်ကန့်သတ်မှု တွေကြောင့် စီမံကိန်းတွေ မြေပြင်မှာ အကောင်အထည်ဖော်ဖို့တော့ စိန် ခေါ်မှုတွေ များစွာရှိနေဦးမှာ ဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ လက်ရှိ ကျင့်သုံးနေတဲ့ ကုန်သွယ်ရေးဂိတ်တွေပိတ်တာ၊ တံတိုင်းတွေ တည်ဆောက်ပြီး နယ်စပ်ကိုတင်းကျပ်တဲ့ မူဝါဒနဲ့ နှစ်နိုင်ငံနယ်စပ် ကူးလူးဆက်ဆံရေးကို ဦးတည်တဲ့ စီးပွားရေး စင်္ကြံစီမံကိန်းဟာ ပြဒါးတလမ်းသံတလမ်း ဖြစ်နေပါတယ်။ ဒါ့အပြင် မြစ်ဆုံဆည်စီမံကိန်းကရတဲ့ အတွေ့အကြုံ အရ မြန်မာပြည်သူလူထုရဲ့ တရုတ်နိုင်ငံနဲ့ တရုတ်စီမံကိန်းတွေအပေါ်ထားတဲ့ သဘောထားဟာလည်း စီးပွားရေး စင်္ကြံလမ်း စီမံကိန်းတွေ အဓိကရင်ဆိုင်ရမယ့် စိန်ခေါ်မှုပဲဖြစ်ပါတယ်။

◉ တရုတ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများနှင့် ပဋိပက္ခလားရာ

မြန်မာနိုင်ငံအတွင်း စီးပွားရေးစင်္ကြံစီမံကိန်းတွေထဲက မဟာဗျူဟာကျတဲ့ စီမံကိန်းတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသများမှာ အများဆုံးဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် (EAOs) အနည်းဆုံး ခုနစ်ဖွဲ့ထက်မနည်း လှုပ်ရှားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းကြီးတွေ အခြေတည်မှာဖြစ်သလို မူဆယ်-မန္တလေးရထား လမ်းလို စီမံကိန်းကလည်း လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေတဲ့ မြို့နယ်တွေကို အများဆုံးဖြတ်သန်းပြီး တည်ဆောက်ရမှာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ EAOS တွေ အကြား၊ EAOs အချင်းချင်း အကြား၊ အသစ်ပေါ် ပေါက်လာတဲ့ ဒေသခံကာကွယ်ရေးတပ် (PDF/LDF/CDF/KNDF စသဖြင့်) တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေကြောင့် ပဋိပက္ခမြေပုံလည်း ကျယ်ပြန့်ပြောင်းလဲလာပါတယ်။

ဒါ့အပြင် စီးပွားရေးစင်္ကြံစီမံကိန်းများရဲ့ ဆုံချက်ဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှမ်းတိုင်းရင်းသား လက်နက် ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား နယ်မြေလွှမ်းမိုးရေး စစ်ပွဲတွေက ပဋိပက္ခအခင်းအကျင်းကို အဓိကပုံဖော်နေပါတယ်။

SSPP အဖွဲ့ဟာ (တရုတ်နဲ့ နီးစပ်တဲ့ အဖွဲ့တွေလို့ အညွှန်းခံရလေ့ရှိကြတဲ့) တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့နဲ့ ပူးပေါင်းပြီး ရှမ်းပြည်နယ် အတွင်း ထိုးစစ်ဆင်ခဲ့တာကြောင့် RCSS အဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သူထိန်းချုပ်ထားတဲ့ နယ်မြေ အများအပြားဆုံးရှုံးခဲ့ရပါတယ်။ ဒီအထဲကမှ RCSS အဖွဲ့ နောက်ဆုတ်ပေးလိုက်ရတဲ့ မန့်ဟီးရိုးမြို့နယ်က လှုပ်ရှားနယ်မြေတွေဟာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ဖို့ တရုတ်က ပြင်ဆင်ထားတဲ့ နေရာတွေ ဖြစ်ပါတယ်။ တခါ မူဆယ်-မန္တလေး ရထားလမ်းဖြတ်သွားမယ့် ကျောက်မဲမြို့နယ်အတွင်းက နယ်မြေတွေကိုလည်း RCSS အဖွဲ့ ဆုံးရှုံးခဲ့ရသလို ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့အထိ နယ်မြေဆုတ်ခွာ ပေးရခြင်းတွေ ရှိခဲ့ပါတယ်။

ထူးခြားချက်တခုက ရှမ်းပြည်မြောက်ပိုင်းမှာ RCSS အဖွဲ့ကို အပြင်းအထန် တိုက်ထုတ်ပြီး စစ်ရေးအရ တရုတ်နဲ့ နီးစပ်တဲ့ အဖွဲ့တွေလို့ အညွှန်းခံရလေ့ရှိကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ အားသာနေချိန် ဩဂုတ်လကုန်ပိုင်းမှာ တရုတ်(ယူနန်)-မြန်မာ(ရန်ကုန်)-အိန္ဒိယသမုဒ္ဒရာ ကွန်တိန်နာ ပင်လယ်ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲ ပို့ဆောင်မှု လမ်းကြောင်းသစ်ကို စတင်ပြေးဆွဲခဲ့တာဖြစ်ပါတယ်။

ဒီပြေးဆွဲမှုမတိုင်မီ ဇူလိုင်လထဲ စစ်ကောင်စီနဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ မူဆယ်မြို့နယ် မုန်းကိုးမြို့အနီးမှာ တိုက်ပွဲတွေ ဆက်တိုက်နီးပါး ဖြစ်ခဲ့ပါသေးတယ်။ အခုချိန်အထိလည်း MNDAA အဖွဲ့ရဲ့ တိုက်ပွဲဆင်မှုတွေ ဆက်ရှိနေ ပါတယ်။

MNDAA အဖွဲ့ဟာ ကိုးကန့်ဒေသမှာ လှုပ်ရှားနေရာက မုန်းကိုး၊ ဖောင်းဆိုင် အထိ နယ်မြေချဲ့ထွင်လာသလို သိန္နီဘက်ကိုလည်း လှုပ်ရှားလာတာကို တွေ့ရပါတယ်။ သိန္နီလမ်းကြောင်းဟာ ချင်းရွှေဟော်ကနေ ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်မှုလမ်းကြောင်းသစ်ရဲ့ အစိတ်အပိုင်းဖြစ်လာမှာက သတိပြု စရာပါပဲ။ မူဆယ်မြို့နယ်၊ မုန်းကိုးမြို့နယ်ခွဲနဲ့ ကြူကုတ်-ပန်ဆိုင်းမြို့နယ်ခွဲတွေမှာပါ စစ်ကောင်စီနဲ့ MNDAA အဖွဲ့အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ပါတယ်။ မြင်သာတဲ့အချက်တခုက အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်-မြန်မာနယ်စပ်မှာ MNDAA အဖွဲ့က အခြေစိုက်စခန်း ချဲ့ထွင်လိုတဲ့ အနေအထားကိုပါ တွေ့မြင်ရပါတယ်။ ကြူကုတ်-ပန်ဆိုင်းဘက်မှာလည်း စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီနေရာမှာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ဖို့ တရုတ်ဘက်က ရည်မှန်းထားပါတယ်။ MNDAA အဖွဲ့နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေကြောင့် တရုတ်ဘက်ခြမ်းကို လက်နက်ကြီးကျည်ကျခဲ့တာတွေ ရှိခဲ့ပြီး မြန်မာသံအမတ်ကို တရုတ်ဘက်က ချက်ချင်းခေါ်တွေ့ပြီး သတိပေးမှု လုပ်ခဲ့ပါတယ်။

နိုင်ငံအနှံ့ အပြန်အလှန်ပစ်ခတ်မှုနဲ့ တိုက်ပွဲတွေ အရှိန်မြင့်နေချိန်မှာ တရုတ်စီမံကိန်းတွေရဲ့ ဆုံချက်ဖြစ်တဲ့ ရှမ်းပြည်နယ်အတွင်း တရုတ်နဲ့နီးစပ်တဲ့ အဖွဲ့တွေလို့ အညွှန်းခံရလေ့ရှိကြတဲ့ EAOs တွေရဲ့ စစ်ရေးလှုပ်ရှားမှု၊ အထူးသဖြင့် စီးပွားရေးစင်္ကြံ တလျှောက်လှုပ်ရှားမှု၊ နယ်မြေ စိုးမိုးမှုနဲ့ စစ်ရေးအရအသာစီးရဖို့ ကြိုးပမ်းချက်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပထဝီနိုင်ငံရေးအရ သံလွင်မြစ်အရှေ့ခြမ်းကို လွှမ်းမိုးထားဖို့ တရုတ်ဘက်က ပြင်ဆင်နေခြင်းလား၊ ဒါမှမဟုတ် သူနဲ့နီးစပ်တယ်လို့ အညွှန်းခံရလေ့ရှိတဲ့ EAOs တွေကတဆင့် ဩဇာဖြန့်ကျက်မှု ပိုခိုင်မာအောင် ကြားခံတည်ဆောက်ထားလိုခြင်း၊ တရုတ် အကျိုးစီးပွားများအတွက် ဘက်စုံ လုံခြုံရေးအာမခံချက် ပိုခိုင်မာစေလိုခြင်းလားဆိုတာ စောင့်ကြည့်ရမယ့်ကိစ္စ ဖြစ်ပါတယ်။

∎ နိဂုံး

ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အချက်အလက်တွေကနေ သုံးသပ်ရင် မြန်မာ့အရေး ကိုင်တွယ်ရာမှာ တရုတ်နိုင်ငံရဲ့ မူဝါဒကို လွှမ်းမိုးပုံဖော်တဲ့ အခြေခံစဉ်းစားချက် သုံးချက်ကို တွေ့ရပါတယ်။ ပထမတချက်ကတော့ နယ်စပ်တလျှောက် ကိုဗစ် ထိန်းချုပ်ကာကွယ်ရေးအတွက် နယ်စပ်ကုန်သွယ်ရေးတွေကို ပိတ်ခဲ့တာတွေအပြင် နယ်စပ်ခြံစည်းရိုးတွေကို အရှိန်မြှင့် တည်ဆောက်ခဲ့တာတွေဟာ ကိုဗစ်ကပ်ဘေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုရဲ့ နောက်ဆက်တွဲ လူမှုစီးပွား ဂယက်တွေ တရုတ်နိုင်ငံဘက်ကို လျှံကျမလာရေး ဦးစားပေး ကိုင်တွယ်နေတယ် လို့ သုံးသပ်ရပါတယ်။ နယ်စပ်ကုန်သွယ်ရေး အလုံးစုံ ပြန်လည်ဖွင့်ဖို့ ကြိုးပမ်းမှုတွေရှိနေပေမဲ့ ကပ်ဘေးနဲ့ နိုင်ငံရေး အခြေအနေ ပေးထားချက်တွေအရတော့ နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်ဖြစ်ဖို့ အလားအလာ နည်းနိုင်ပါတယ်။ ဒုတိယတချက်ကတော့ တရုတ်နိုင်ငံအတွက် အရေးပါတဲ့ စီမံကိန်းကြီးတွေရှိတဲ့ ဒေသတွေမှာ တရုတ်နဲ့ နီးစပ်တဲ့ အဖွဲ့တွေလို့ အညွှန်းခံရလေ့ရှိကြတဲ့ EAOs တွေ နယ်မြေစိုးမိုးဖို့ ဆောင်ရွက်လာတာကလည်း မြန်မာ့နိုင်ငံရေးမှာ တရုတ်နိုင်ငံရဲ့ ပထဝီနိုင်ငံရေး စဉ်းစားချက်ကို လျစ်လျူရှုထားလို့ မရနိုင်တာကို ဖော်ပြနေ ပါတယ်။ နောက်ဆုံးတချက်ကတော့ စစ်ကောင်စီအနေနဲ့ စီးပွားရေးစင်္ကြံလမ်း စီမံကိန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု တွေဝင်လာဖို့ အားထုတ်ကြိုးပမ်းမှုတွေရှိပေမဲ့ တရုတ်နိုင်ငံဘက်ကနေ သိသာတဲ့ ရင်းနှီးမြှုပ်နှံမှုမရှိတာဟာလည်း နိုင်ငံရေးအကဲဆတ်မှုတွေကြောင့် (နိုင်ငံတကာနဲ့ မြန်မာပြည်တွင်းမှာ တရုတ်ကို ဗီလိန်အဖြစ် လုံးလုံး လျားလျား ရှုမြင်ခံရမယ့်အရေး ရှောင်ရှားချင်တာကြောင့်) စီမံကိန်းတွေကို တွန်းတွန်းတိုက်တိုက်မလုပ်ဘဲ အချိန်တခုကို စောင့်နေတယ်လို့ သုံးသပ်ရပါ တယ်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရဲ့ အဓိကကျတဲ့ စီမံကိန်းတွေဖြစ်ပြီး တရုတ်သမ္မတခရီးစဉ်အတွင်း အကောင် အထည်ဖော်ဖို့ တိုက်တွန်းထားတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ စီးပွားရေးဇုန်စီမံကိန်း၊ မူဆယ်-ရွှေလီ နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ချင်းရွှေဟော်-လင်ချမ်း နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီဘက်က တွန်းတွန်းတိုက်တိုက် ပြင်ဆင်တာတွေ ရှိနေပေမဲ့ တကယ်တမ်း အောက်ခြေမှာ သိသာတဲ့ တိုးတက်ပြောင်းလဲမှု မရှိသေးပါဘူး။ အခြား အရေးပါတဲ့ တရုတ်စီမံကိန်းကြီးတွေကိုလည်း အကောင် အထည်ဖော်ရေး လုပ်ငန်းစဉ်ပိုင်းဆိုင်ရာ ဆွေးနွေး ပြင်ဆင်တာတွေ ရှိပေမဲ့ မြေပြင်မှာ လက်တွေ့အကောင်အထည်ဖော်မှုတွေ မရှိခဲ့တာ တွေ့ရပါတယ်။

အထူးသဖြင့် တရုတ် အကျိုးစီးပွား ရေချိန်ကို စဉ်းစားတဲ့အခါ အမြင်ဟောင်း ဖြစ်တဲ့ ‘မြန်မာနိုင်ငံမှာ တက်လာသမျှ အစိုးရတိုင်းကို သူ့အစိုးရသဖွယ် သဘောထားပြီး ကာကွယ်မှုပေးလိမ့်မယ်’ဆိုတဲ့ ရှုမြင်ချက်က လုံလောက်မှု မရှိတော့ပါဘူး။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ တုံ့ပြန် ချဉ်းကပ်ပုံတွေကို ပိုင်းခြားတဲ့အခါ (၁) နိုင်ငံရေး ရေခံမြေခံကို ပိုသတိထားပြီး မြန်မာ့အရေးကြောင့် တရုတ်ရဲ့ပုံရိပ် ဗီလိန်အဖြစ် သမုတ်ခံမယ့် အခြေအနေမျိုးကို ဂရုထား ရှောင်ကြဉ်လိုတာ၊ အနောက်နိုင်ငံတွေက မြန်မာ့အရေးပေါ် မူတည်ပြီး မြန်မာနဲ့ ဒေသတွင်းနိုင်ငံရေး (ဥပမာ အာဆီယံ-တရုတ်ဆက်ဆံရေး)မှာ တရုတ်ရဲ့ဩဇာကို လျှော့ချဖို့ ကြိုးပမ်းမှု မျိုးကို ရှောင်ရှားလိုတာ၊ (၂) သမားရိုးကျ မဟာဗျူဟာ လုံခြုံရေးနဲ့စီးပွားရေး အကျိုးစီးပွားတွေကိုလည်း ဆုံးရှုံးစရာ မလိုဘဲ အချိန်တန်တာနဲ့ တပြိုင်နက်လက်ဦးမှုယူနိုင်အောင် လုံခြုံရေးအား၊ ဓနဩဇာအားကြီးသူ၊ အဆုံးအဖြတ်ပေးနိုင်သူ အခန်းကဏ္ဍမျိုးဖြစ်အောင် တရစ်ချင်းတည်ဆောက်တာ (၃) ကိုဗစ်ရောဂါဘေးလို မြန်မာပြည်တွင်းကနေ အပြင်ကို ဖိတ်လျှံကျလာမယ့် သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးပြဿနာတွေကြောင့် တရုတ်နိုင်ငံအပေါ် ဆက်နွှယ်ထိခိုက်မယ့်အရေးကို အထူးအရေးပေး ကိုင်တွယ်လာတာ စတဲ့ အချက်သုံးချက်ကို တွေ့ရပါတယ်။ ဒါကြောင့် တရုတ်အကျိုးစီးပွားရေချိန်ကို ချိန်ထိုးရာမှာ ဖော်ပြပါအချက်သုံးချက်ကို ဆက်စပ်ပေါင်းစည်း စဉ်းစားတဲ့ နိုင်ငံရေးဘောဂဗေဒအမြင် ပိုမိုလိုအပ်လာပါတယ်။

The post တရုတ်အကျိုးစီးပွားရေချိန် – နိုင်ငံရေးဘောဂဗေဒအမြင်ဖြင့် ရှုမြင်ရန် ပိုမိုလိုအပ်လာသော အခြေအနေ appeared first on ISP Myanmar China Desk.

တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ တတိယပတ်(၁၆ မှ ၂၂ ရက် အထိ)
ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာ ဆက်ဆံရေးနှင့်သက်ဆိုင်သော ပြည်တွင်း၊ ပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၆၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော အကြောင်းအရာများထဲမှ သတိပြုစရာအဖြစ် –

၁။ သတင်းများ

၂။ ပဋိပက္ခများ အရှိန်မြင့်တက်နေဆဲ ကချင်ပြည်နယ်ရှိ တစ်ရှူးငှက်ပျော စိုက်ခင်းများ

၃။ ပြည်တွင်းနှင့် နိုင်ငံတကာသုံးသပ်ချက်များ

၄။ ကိန်းဂဏန်းအချက်အလက်များ စသည်တို့ကို ထုတ်နုတ်တင်ပြသွားမည် ဖြစ်ပါသည်။

၁။ သတင်းများ

တရုတ်စီမံကိန်း သတင်းများ

တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အဓိကစီမံကိန်းကြီးတခုဖြစ်သော ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့်အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ဧပြီလတွင် သိရှိနိုင်မည်ဖြစ်ကြောင်း မြဝတီသတင်း ဖော်ပြချက်အရ သိရသည်။ နိုဝင်ဘာလအတွင်းက အဆိုပြုဖိတ်ခေါ်လွှာများ (Request For Proposal – RFP) ထုတ်ယူသွားခဲ့သော အဖွဲ့အစည်း ကိုးခုသည် လက်ရှိဖွဲ့စည်းထားမှုအတိုင်းဖြစ်စေ၊ နည်းပညာနှင့် ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ဖြစ်စေ တင်ဒါအဆိုပြုလွှာ တင်သွင်းနိုင်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၈ ရက် နောက်ဆုံးထား၍ အဆိုပြုလွှာများကို ပြန်လည်တင်သွင်းရမည် ဖြစ်သည်။ ရန်ကုန်မြို့သစ်စီမံကိန်းသည် ၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော တရုတ်သမ္မတရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်း သဘောတူညီခဲ့သည့် ၃၃ ချက်အနက် တခုအပါအဝင်ဖြစ်သည်။ အဆိုပါ စီမံကိန်း အကောင်အထည်ဖော်ဆောင်ပါက သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများလည်း ရှိလာမည်ဖြစ်ပြီး ယခုအချိန်တွင်ပင် မိုးတွင်းအခါ ရေကြီးမှုများ ကြုံတွေ့နေရသည့် မြစ်တဖက်ကမ်း ရန်ကုန်မြို့‌နေရာအများစုတွင် အန္တရာယ်ကြုံတွေ့နိုင်ရကြောင်း ပညာရှင်များက တွက်ချက်သတိပေးထားသည်။

စိတ်ဝင်စားဖွယ် သတင်းတပုဒ်မှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ မြေယာသိမ်းဆည်းခံတောင်သူများ၏ တောင်းဆိုချက်များကို ကုမ္ပဏီဘက်က သဘောတူကြောင်း သတင်းဖြစ်သည်။ ထို့ကြောင့် မြေယာလျော်ကြေးကို အမြန်ဆုံးထုတ်ပေးနိုင်ရေး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက ပြောကြားထားကြောင်း Eleven နေ့စဉ်သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။ မြေသိမ်းခံတောင်သူများ တောင်းဆိုသည့် အချက်ကိုးချက်အနက် ငါးချက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဝမ်ပေါင်ကုမ္ပဏီတို့အကြား သဘောတူညီမှုရရှိခဲ့ပြီး မြေသိမ်းခံတောင်သူများအတွက် ၂၀၁၃ ခုနှစ်မှစ၍ ဘဏ်စာအုပ်များတွက်ချက်ပေးရန်နှင့် ငွေလဲနှုန်းကွာခြားချက်များကို တွက်ချက်ပေးချေရန် စသည့်အချက်များ ပါဝင်သည်။ ယခင်က မြေယာသိမ်းဆည်းသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဒေသခံတောင်သူများနှင့် ကာလရှည်ကြာစွာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး မြေယာလျော်ကြေးငွေကိစ္စတွင်လည်း သဘောတူညီမှုရရှိခဲ့ခြင်း မရှိဘဲ အများစုမှာ လျော်ကြေးငွေထုတ်ယူခဲ့ခြင်း မရှိပေ။ အဆိုပါသတင်းဖော်ပြချက်တွင်ပင် တောင်သူအားလုံးထုတ်ယူလိမ့်မည်ဟု မပြောနိုင်ကြောင်း ဒေသခံတဦး၏ ပြောကြားချက်လည်း ရှိနေသည်။

တရုတ်ခြံစည်းရိုး ဖယ်ရှား

တရုတ်နိုင်ငံဘက်က ဆောက်လုပ်နေသည့် နယ်စပ်ခြံစည်းရိုးနှင့်ပတ်သက်၍ ပြီးခဲ့သည့်တပတ်က မြန်မာနိုင်ငံဘက်က ကန့်ကွက်ပြီးသည့်နောက် ဇန်နဝါရီ ၁၉ ရက်တွင် သံတိုင်များ၊ သံဆန်ခါများဖြင့် အခိုင်အမာကာပြီး ဖြစ်နေ သည့် ခြံစည်းရိုးကို တရုတ်ဘက်က ပြန်လည်ဖြုတ်သိမ်းသွားခြင်းဖြစ်ကြောင်း 7 Day သတင်းဌာနက ဖော်ပြသည်။  နယ်စပ်နေရာ ငါးခုအထိ ခြံစည်းရိုးများ တည်ဆောက်နေပြီး ယခုအခါ လွယ်ဂျယ်မြို့နှင့် နယ်စပ်နေရာကို ပထမဆုံးအကြိမ်အဖြစ် တရုတ်က နောက်ဆုတ်ပေးခဲ့ခြင်း ဖြစ်သည်။ ကျန် ကန့်ကွက်ထားဆဲ လေးနေရာတွင်မူ တရုတ်သည် ခြံစည်းရိုးကို ဆက်လက်ကာရံနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး

အာရုံစိုက်ဖွယ်ရာ သတင်းတပုဒ်မှာ နိုင်ငံပိုင်သတင်းစာတွင် ပါဝင်သော အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ဒုတိယဝန်ကြီးအဆင့် သုံးပွင့်ဆိုင် အလွတ်သဘောဆွေးနွေးပွဲအား ဇန်နဝါရီ ၁၉ ရက်က ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ဆိုသည့် သတင်းဖြစ်သည်။ ယခုအစည်းအဝေးမှာ ဝမ်ယိ၏ ဇန်နဝါရီ ၁၁-၁၂ ရက် မြန်မာနိုင်ငံ ခရီးစဉ်အပြီးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြားတွင် သံတမန်ရေးရာ တင်းမာမှုအချို့ရှိနေပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ၌ ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း နယူးယောက်မြို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကြီးမှူးကျင်းပပေးခဲ့သော သုံးပွင့်ဆိုင် ဆွေးနွေးပွဲလည်း ရှိခဲ့သည်။ ရခိုင်ပြည်နယ်တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ အဆိုပါစီမံကိန်းနှင့် အပြိုင် ကားလမ်း၊ ရထားလမ်းများဖော်ဆောင်လာမည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ တည်ရှိနေရာ ယခုနှစ်ပိုင်းများအတွင်း နေရပ်စွန့်ခွာသူများအရေး၊ AA အဖွဲ့နှင့် လက်နက်ကိုင်ပဋိပက္ခအရေးတို့၌ တရုတ်နိုင်ငံ၏ ထဲထဲဝင်ဝင်ပါဝင်လာမှုများကို တွေ့ရှိလာရသည်။

(ရခိုင်ပြည်နယ်အကျပ်အတည်းတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍ ကို ISP-Myanmar China Desk က လက်လှမ်းမီသမျှပြုစုထားရှိပါသည်။ ဖတ်ရှုရန် နှိပ်ပါ။)

၂။ ပဋိပက္ခများ အရှိန်မြင့်တက်နေဆဲ ကချင်ပြည်နယ်ရှိ တစ်ရှူးငှက်ပျော စိုက်ခင်းများ

ယခင်က ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံသို့ တစ်ရှူးငှက်ပျောများ အဓိက တင်ပို့ရောင်းချသောနိုင်ငံ ဖြစ်ခဲ့သော်လည်း တောင်တရုတ်ပင်လယ်အရေးကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာလာပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ် ဝန်းကျင်မှစ၍ တရုတ်နိုင်ငံက ဖိလစ်ပိုင်ငှက်ပျောများကို တားမြစ်ခဲ့သည်။ ထိုစဉ်မှစ၍ မြန်မာနိုင်ငံသည် တရုတ်သို့ တစ်ရှူးငှက်ပျော တင်ပို့သော အဓိကနိုင်ငံဖြစ်လာခဲ့သည်။

ဇန်နဝါရီ ၁၅ ရက်က ထုတ်ဝေသော မြစ်ကြီးနား သတင်းဂျာနယ်တွင် တစ်ရှူးငှက်ပျောစိုက်ခင်းအတွင်း မွေးဖွားခဲ့သည့် ကလေးငယ်၏ မိသားစုအကြောင်းကို ဖော်ပြထားသည်။ ကလေးငယ်၏ မိဘများမှာ ဝိုင်းမော်မြို့ရှိ တစ်ရှူးငှက်ပျော စိုက်ခင်းများအတွင်း အလုပ်လုပ်ကိုင်နေသည်မှာ တနှစ်ခန့်ရှိပြီဖြစ်သည်။ အသက် သုံးလခန့်ရှိပြီဖြစ်သော ကလေးငယ်မှာ ဦးခေါင်းအတွင်း ရေများစွာရှိနေခြင်းကြောင့် တနေ့တခြား ဦးခေါင်းမှာကြီးထွားလာပြီး ခွဲစိတ်ရန်လိုအပ်နေသည်ဟု ကျန်းမာရေးဝန်ထမ်းများက သတိပေးထားသည်။ ကိုယ်ဝန်ဆောင်စဉ်တွင် ဆေးဖြန်းခြင်းမှလွဲ၍ ဆေးဖြန်းထားသော စိုက်ခင်းများအား ပေါင်းသင်ခြင်းအပါအဝင် အခြားသောတာဝန်များ လုပ်ကိုင်ခဲ့ရကြောင်းဖော်ပြထားသည်။ စိုက်ခင်းအလုပ်သမားများအတွက် မည်သည့် လူမှုဖူလုံရေး ထောက်ပံ့မှု အကူအညီမှ မရရှိကြောင်း ဖော်ပြထားသည်။ ကချင်ပြည်နယ်ရှိ ငှက်ပျောစိုက်ခင်းများတွင် အများဆုံးအသုံးပြုနေသော ပိုးသတ်ဆေးမှာ အခြားသောအပင်များနှင့် သက်ရှိများအားလုံးကို အဆိပ်အတောက်ဖြစ်နိုင်သောကြောင့် ကမ္ဘာ့နိုင်ငံအများစုက တားမြစ်ထားသည့် Carbofuran ပိုးသတ်ဆေးဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်တွင်ထုတ်ဝေသည့် Mekong Region Land Governance၏ သုတေသနစာတမ်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင်လည်း အတည်ပြုပြီးဖြစ်သော ပတ်ဝန်းကျင်သက်ရောက်မှု ဆန်းစစ်ချက် ဥပဒေများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ဥပဒေများ ရှိနှင့်ပြီး ဖြစ်သည်။ သို့သော် ယင်းဥပဒေများနှင့် မူဝါဒများမှာ ဧကသိန်းချီ ရှိနေသော တစ်ရှူးငှက်ပျောစိုက်ခင်းများအပေါ် မည်သို့မျှ သက်ရောက်မှု ရှိမနေသည်မှာ သတိပြုဖွယ်ဖြစ်သည်။

ထို့အပြင် ယခု ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တရုတ်လုပ်ငန်းရှင်များမှာ နေရပ်သို့ ပြန်သွားခြင်းကြောင့် စိုက်ခင်းအလုပ်သမားများ၏ လုပ်ခလစာ ပြဿနာများမှာလည်း တနေ့တခြား များပြားလာလျက်ရှိသည်။ ဇန်နဝါရီ ၁၃ ရက်တွင် ထုတ်ဝေသော မြစ်ကြီးနားသတင်းဂျာနယ်တွင် တရုတ်လုပ်ငန်းရှင်ပြန်သွားသောကြောင့် လုပ်အားခ ကျပ်သိန်းတထောင်ခန့် ဆုံးရှုံးနေရသော အလုပ်သမားတို့အကြောင်း ရေးသားဖော်ပြထားသည်။ ငှက်ပျောစိုက်ခင်းလုပ်သားများ လုပ်ခမရရှိသောကြောင့် တိုင်ကြားထားသော အမှုပေါင်းမှာ ၂၀၁၉ တွင် အမှု ၂၀ ကျော်ရှိပြီး ၂၀၂၀ တွင် အမှုပေါင်း ၅၀ ကျော် ရှိပြီးဖြစ်သည်။ အလုပ်ရှင်-အလုပ်သမား ပြဿနာများမှာ ကိုဗစ်ကပ်ရောဂါမတိုင်မီကပင် ရှိနှင့်ခဲ့ပြီးဖြစ်သည်။ စိုက်ခင်းအလုပ်သမားများအနေဖြင့် တရားဝင်အလုပ်သမားစာချုပ် မချုပ်ဆိုရခြင်း၊ မည်သည့် လူမှုဖူလုံရေးအထောက်အပံ့မှ မရရှိခြင်း၊ စိုက်ခင်းအတွင်း ပိုးသတ်ဆေးများနှင့် အကာအကွယ်မဲ့ တိုက်ရိုက်ထိတွေ့နေရခြင်း၊ အသက် ၁၆ နှစ်ဝန်းကျင်ခန့် ကလေးလုပ်သားများ အသုံးပြုခြင်း၊ လခနှုန်းမှာ တရားသေမရှိဘဲ ထွက်နှုန်းပေါ်မူတည်ပြောင်းလဲခြင်းနှင့် အထွက်နည်းလျှင် လခလျှော့ခြင်း၊ အလုပ်မှထုတ်ပယ်ခြင်းတို့ကြောင့် အလုပ်သမားမျာမှာ စိုက်ခင်းမှ နှစ်ချီ မထွက်ခွာဘဲ နေ့စဉ် တရားဝင်အလုပ်ချိန်ထက်ပို၍ လုပ်ကိုင်ရန် အကျပ်ကိုင်ဖိအားပေးခံရသကဲ့သို့ ရှိနေကြောင်း Mekong Region Land Governance အဖွဲ့၏ သုတေသနစာတမ်းအရ သိရသည်။ ကိုဗစ်ကပ်ရောဂါမှာ နှစ်ကာလရှည်ရှိနေသော အဆိုပါ အလုပ်ရှင်-အလုပ်သမား အရေးကို ဘူးလေးရာ ဖရုံဆင့်သကဲ့သို့ ပိုမိုအရှိန်မြင့်လာစေခြင်းသာဖြစ်၍ ကပ်ရောဂါကို ကျော်လွှားနိုင်ခဲ့သည့်တိုင် အဆိုပါအလုပ်သမား၏ အရေးကို အာရုံစိုက်ဖြေရှင်းရန် အားထုတ်ခြင်းမရှိပါက အလုပ်ရှင်-အလုပ်သမား ပြဿနာများမှာ အဆုံးမသတ်နိုင်ဘဲ ဆက်လက်ရှိနေဦးမည်သာဖြစ်သည်။

၃။ ပြည်တွင်းနှင့် နိုင်ငံတကာသုံးသပ်ချက်များ

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်အပေါ်  ပြည်တွင်းပြည်ပ အမြင်များ

ဇန်နဝါရီ ၁၁ နှင့် ၁၂ ရက်တို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး နိုင်ငံ၏အဆင့်မြင့်တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးခဲ့သည်။ ဤသို့လာရောက်ခဲ့မှုအပေါ် ပြည်တွင်းပြည်ပ ပညာရှင်များမှ မှတ်ချက်အမျိုးမျိုးပြုခဲ့ကြသည်။ ရခိုင်အမျိုးသားပါတီ ဗဟိုဦးဆောင်မှုကော်မတီဝင် ဦးဖေသန်းက ကျောက်ဖြူ-ကူမင်း ရထားလမ်းသည် ဆင်းရဲနေဆဲဖြစ်သော ရခိုင်ပြည်နယ်၏ ပင်လယ်ထွက်ကုန်များနှင့် တရုတ်ကုန်စည်များ လဲလှယ်စီးဆင်းနိုင်မည့် အခွင့်အလမ်းဖြစ်သောကြောင့် များစွာမျှော်လင့်ကြောင်း ပြောကြားထားသည်။ ၈၈ မျိုးဆက်နိုင်ငံရေးသမားဖြစ်သူ ဦးမြအေးကမူ ယခုအချိန်၌ မြန်မာပြည်သည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဆက်ဆံရေး မပြေပြစ်ဖြစ်နေပြီး တရုတ်ကလည်း မြန်မာနိုင်ငံကို ၎င်း၏ထီးရိပ်အောက်ရှိစေချင်မည်ဖြစ်၍ သတိထားရမည့် အိမ်နီးချင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။

မစ္စတာဝမ်ယိ၏ ခရီးစဉ်အတွင်း အမေရိကန်ဒေါ်လာ လေးသန်းခန့် တန်ဖိုးရှိ မြစ်ကြီးနား စီးပွားရေးဇုန်တည်ဆောက်ရေး၊ ကန်ပိုက်တီကုန်သွယ်ရေးဇုန် တည်ဆောက်ရေးနှင့် ဗန်းမော်ဆိပ်ကမ်း တည်ဆောက်ရေးများ ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ ကချင်ပြည်နယ်ရှိ နေရပ်စွန်ခွာခဲ့ရသူများ ပြန်လည်ကူညီပေးရေးတွင် တရုတ်က ကူညီခဲ့သည့်အတွက် မစ္စတာဝမ်ယိ၏ ယခုခရီးစဉ်တွင် ယင်းအကူအညီအပေါ် အသိအမှတ်ပြု လက်မှတ် အပ်နှင်းခဲ့ပါသည်။ ဤသို့ ကချင်ဒေသအတွက် အများအပြား ကူညီပေးခဲ့ခြင်းမှာ အကြောင်းအရင်းနှစ်ချက်ရှိကြောင်း South Asia Analysis Groupမှ Dr.  S. Chandrasekharan က သုံးသပ်ထားသည်။ ပထမအချက်မှာ ကချင်ဒေသရှိ တရုတ်၏ စီမံကိန်းများအပေါ်  ဒေသခံလူထု၏ ကန့်ကွက်မှုများ မြင့်တက်လျက်ရှိခြင်းကြောင့်ဟု သုံးသပ်ထားသည်။ မြစ်ဆုံစီမံကိန်းကဲ့သို့ပင် ဒေသခံလူထုမှ မည်သည့်အခြေအနေမျိုးနှင့်မျှ လက်ခံနိုင်ခြင်းမရှိသော စီမံကိန်းများရှိနေပြီး တရုတ်နိုင်ငံမှလည်း မြစ်ဆုံစီမံကိန်းကိုပင် ယခုထိ မစွန့်လွှတ်သေးကြောင်း သုံးသပ်ထားသည်။ ဒုတိယအချက်မှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ ရေကြောင်းလမ်းအတွက် အလွန်အရေးကြီးသော ကချင်ဒေသအနီး ဧရာဝတီမြစ်ကြောင်းပေါ်ရှိ ဗန်းမော်ဆိပ်ကမ်းစီမံကိန်းကြောင့် ဖြစ်ကြောင်း သုံးသပ်ထားသည်။

မစ္စတာဝမ်ယိနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံစဉ်က မဲစာရင်းကိစ္စနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်အပေါ် တရုတ်နိုင်ငံအနေဖြင့် ရွေးကောက်ပွဲရလဒ်ထက် တင်မြှောက်ခံရမည့် အစိုးရသစ်နှင့်ချိတ်ဆက်ကာ စင်္ကြံလမ်းတလျှောက်ရှိ စီမံကိန်းများ အလျင်အမြန်အကောင်အထည်ဖော်ရေးကိုသာ လိုလားမည်ဖြစ်ကြောင်း ၎င်း၏ သုံးသပ်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ မစ္စတာဝမ်ယိ၏ ခရီးစဉ်အတွင်း တရုတ်-မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေးချက်အပေါ် Dr.  S. Chandrasekharan က တရုတ်နိုင်ငံ၏ အမြင်တွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း အောင်မြင်ရေးအတွက် စီမံကိန်းအများစုတည်ရှိရာ နယ်စပ်ဒေသ၏ တည်ငြိမ်မှုက အရေးပါသဖြင့် စီမံကိန်းဒေသတလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လက်နက်အထောက်အပံ့ပေးထားပြီး အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံ၏စီမံကိန်းများကို အတိုက်မခံမပြုရန် အပေးအယူသဘောပြုထားသည်ဟု မှတ်ချက်ပြုထားသည်။ ရခိုင်ပြည်မြောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ စီမံကိန်းများမှလွဲ၍ အခြားသောစီမံကိန်းများအား လက်နက်ကိုင်အဖွဲ့တို့က တိုက်ခိုက်နေခြင်းမှာ ဖော်ပြပါအပေးအယူသဘောဖြစ်ကြောင်း မှတ်ချက်ပြုထားသည်။

၄။ အချက်လက်များ

ယခုတပတ်သတိပြုစရာ ကိန်းဂဏန်းမှာ ငှက်ပျောစိုက်ခင်းလုပ်သားများ လုပ်ခမရရှိသောကြောင့် တိုင်ကြားထားသော အမှုအရေအတွက်ဖြစ်ပြီး အမှုပေါင်းမှာ ၂၀၁၉ ခုနှစ်တွင် အမှု ၂၀ ကျော်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် အမှုပေါင်း ၅၀ ကျော် ရှိပြီဖြစ်သည်။

The post တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ်  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ တတိယပတ်(၁၆ မှ ၂၂ ရက် အထိ) appeared first on ISP Myanmar China Desk.

တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ဒုတိယပတ် (ဇန်နဝါရီ ၉ ရက်မှ ၁၅ ရက် အထိ)
ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာ ဆက်ဆံရေးနှင့်သက်ဆိုင်သော ပြည်တွင်း၊ ပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၁၄၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော အကြောင်းအရာများထဲမှ သတိပြုစရာ –

၁။ သတင်းများ

၂။ သဘောတူညီမှုများ

၃။ နိုင်ငံတကာသုံးသပ်ချက်များ

၄။ ကိန်းဂဏန်းအချက်အလက်များကို ထုတ်နုတ်တင်ပြသွားမည် ဖြစ်ပါသည်။

၁။ သတင်းများ

နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်

၂၀၂၁ ခုနှစ်အတွက် ပထမဆုံး တရုတ်-မြန်မာ သံတမန်ရေးလှုပ်ရှားမှုကို ဇန်နဝါရီ ၁၁ မှ ၁၂ ရက်အတွင်း လာရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ခရီးစဉ်ဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ ၎င်းမှာ ၂၀၂၀ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးလည်း ဖြစ်သည်။  တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ဝမ်ယိသည် နှစ်သစ်အတွက် အရှေ့တောင်အာရှခရီးစဉ်အဖြစ် မြန်မာ၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့  သွားရောက်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ပြီးခဲ့သော ရက်သတ္တပတ်အတွင်း သတင်းများတွင် ၎င်းခရီးစဉ်နှင့် စပ်လျဉ်းသည့် ခန့်မှန်းမှုများ၊ ထုတ်ပြန်ချက်များ၊ သတင်းများ၊ သုံးသပ်ချက်များများစွာ ပေါ်ထွက်ခဲ့သည်။  မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် နှစ်ရက်တာ ခရီးစဉ်အတွင်းတွင် ဝမ်ယိသည်  နိုင်ငံတော်အတိုင်ပင်ခံ ၊ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံခဲ့သည်။

သမ္မတ ဦးဝင်းမြင့်နှင့်တွေ့ဆုံရာတွင် မြန်မာနှင့် တရုတ် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေး၊ နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်သွားရေး အတွက် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအကြား ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ ယဉ်ကျေးမှု ခရီးသွားနှစ် အကောင်အထည်ဖော်ရေးဆိုင်ရာကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်သွားရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု  သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သုံးသိန်းနှင့် ယွမ် သုံးသန်း(အမေရိကန်ဒေါ်လာ လေးသိန်းခြောက်သောင်းကျော်)တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ဆေးပစ္စည်းများ ကူညီပံ့ပိုးသွားမည်ဟု ကတိပြုခဲ့ပြီး အထူးလေယာဉ်ဖြင့် သယ်ဆောင်လာသော ယွမ်ငွေ နှစ်သိန်းခွဲ(အမေရိကန် ဒေါ်လာ သုံးသောင်းရှစ်ထောင်ကျော်)တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ဆေးပစ္စည်းများကို ပထမအသုတ်အဖြစ် ပေးအပ်ခဲ့သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စာချုပ်၊ နားလည်မှုစာချွန်လွှာ၊ မှတ်တမ်းလွှာ၊ စာလွှာနှင့် အစီအစဉ်တို့ အပါအဝင် သဘောတူညီချက် ခြောက်ချက်ကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ထပ်မံတွေ့ဆုံကာ ယမန်နှစ်ကလာရောက်ခဲ့သည့် သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရရှိခဲ့သော အရေးကြီးသဘောတူညီချက်များကို ဘက်စုံ အကောင်အထည်ဖော်ဆောင်ရွက်သွားလိုကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။

ဇန်နဝါရီလ ၁၂ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ ရခိုင်အရေးနှင့် နယ်စပ်ဒေသတည်ငြိမ်ရေးတို့အပြင် အခြား နှစ်နိုင်ငံအရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ယင်းတွေ့ဆုံမှုအပြီး တရက်အကြာမှာပင်  ရိုဟင်ဂျာအရေးနှင့်စပ်လျဉ်းပြီး တရုတ်၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ တွေ့ဆုံပွဲကို လာမည့် ဇန်နဝါရီ ၁၉ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက္ကာမြို့၌ ကျင်းပသွားမည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်က သတင်းထုတ်ပြန်ခဲ့ခြင်းမှာ သတိပြုစရာဖြစ်ပါသည်။  ထိုသို့ သုံးပွင့်ဆိုင် တွေ့ဆုံရန်အတွက် တရုတ်နိုင်ငံအနေနှင့် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစကာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံခေါင်းဆောင်များကို တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ဖိတ်ကြားကာ တိုက်တွန်းကြိုးပမ်းနေခဲ့ခြင်း ဖြစ်သည်။

ရွှေကုက္ကိုအရေးကြောင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF တဖွဲ့လုံး နုတ်ထွက်စာတင်

ဇန်နဝါရီ ၈ ရက်က ကျင်းပခဲ့သည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရွှေကုက္ကိုစီမံကိန်းသည် အစိုးရ ခွင့်ပြုချက်ထက် ကျော်လွန်လုပ်ဆောင်ခဲ့ခြင်းကြောင့်  စီမံကိန်းအား ရပ်ဆိုင်းထားပြီး အစိုးရအုပ်ချုပ်ရေး ယန္တရားအောက် ထည့်သွင်းနိုင်ရေး ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် တပ်မတော်လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ၏ ချစ်လင်းမြိုင်ကုမ္ပဏီနှင့် တရုတ်လုပ်ငန်းစု Yatai International ကုမ္ပဏီတို့ ပူးပေါင်းတည်ထောင်ထားသော Myanmar Yatai International ကုမ္ပဏီနှင့်ပတ်သက်၍ အရေးယူ၊ ပြုပြင်၊ ဖျက်သိမ်း ဟူသော မူအရ အရပ်ဘက်အုပ်ချုပ်ရေးလက်အောက်မှ ဆောင်ရွက်လျက်ရှိပြီး နယ်ခြားစောင့်တပ်(BGF)နှင့် ပတ်သက်၍မူ တပ်ပိုင်းဆိုင်ရာအရ ဆောင်ရွက်ရန်အတွက် လမ်းညွှန်ထားသည်ဟု ဆိုသည်။

ထိုသတင်းစာရှင်းလင်းပွဲအပြီး တရက်အကြာတွင် ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ရင်း ၁၀၂၂ မှ တပ်ရင်းမှူး ဗိုလ်မှူးစောမောသို(စောမုတ်သုန်)မှာ ရာထူးတာဝန်များမှ နုတ်ထွက်သွားခဲ့သည်။ ရွှေကုက္ကိုမြို့သစ်စီမံကိန်းအပါအဝင် ဒေသတွင်း တရားမဝင် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးစောတင်ဝင်းနှင့် ဗိုလ်မှူးစောမောသိုတို့အား နုတ်ထွက်ရန် တပ်မတော်က ညွှန်ကြားခဲ့သည်။ စောမောသို နုတ်ထွက်အပြီး ငါးရက်အကြာ၊ ဇန်နဝါရီ ၁၄ ရက်တွင်မူ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF တပ်မှူး ၁၃ ဦးအပါအဝင် အင်အား ၁၀၀ နီးပါးမှာ တိုင်းစစ်ဌာနချုပ်မှတဆင့် နုတ်ထွက်စာတင်ခဲ့ကြသည်။ ၎င်းတို့သည် BGF မှ နုတ်ထွက်ပြီးပါက ပြန်လည်တောခိုရန် (လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရန်) စီစဉ်ထားသည်။ ယင်းသို့ BGF နှင့် တင်းမာမှုကို လျော့ချရန်အတွက် မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးတဦး ဦးဆောင်ကာ ဇန်နဝါရီ ၁၅ ရက်တွင် ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသ၌ တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။ တွေ့ဆုံမှုအပြီးတွင် BGF ဘက်မှ နုတ်ထွက်စာ ၁၀၀ ကျော်ကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး မူလအတိုင်း ဆက်လက်တာဝန်ထမ်းဆောင်ရန် သဘောတူညီမှု ရရှိခဲ့သည်။

ကရင်ပြည်နယ် နယ်ခြားစောင့်(BGF) တပ်ဖွဲ့သည် DKBA(တိုးတက်သော ကရင်အမျိုးသားဗုဒ္ဓဘာသာ တပ်မတော်) မှ တပ်ရင်း ၁၂ ရင်း၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF မှ တပ်ရင်း တရင်းတို့က ၂၀၁၀ ပြည့်နှစ် သြဂုတ်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်းပြောင်းလဲခဲ့ပြီး လက်ရှိတွင် စုစုပေါင်းတပ်အင်အားမှာ ခန့်မှန်းခြေအားဖြင့် သုံးထောင်ကျော် ရှိမည်ဟု ဆိုသည်။

တရုတ်၏ ယာယီခြံစည်းရိုးများ ပြန်ဖျက်ပေးရမည်

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ရှမ်းပြည်နယ်၊ လောက်ကိုင်ခရိုင်၊ မူဆယ်ခရိုင်၊ ဟိုပန်ခရိုင်နှင့် ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ကချင်ပြည်နယ်၊ လိုင်ဇာမြို့နှင့် ပါဂျောင်ဒေသတို့တွင် တရုတ်နိုင်ငံဘက်က ခြံစည်းရိုးများ ကာရံခဲ့သည်။ ကိုဗစ်ကာလအတွင်း လူအကူးအသန်းများသော နေရာများတွင် ကူးလူးဆက်ဆံမှု မရှိစေရန်အတွက် ယာယီ ခြံစည်းရိုးများ ကာရံခဲ့ခြင်းဖြစ်သည်ဟု တရုတ်ဘက်က ဆိုသည်။ သို့သော် ကာရံထားသည့် သံဆူးလိပ် ခြံစည်းရိုးများသည် နှစ်နိုင်ငံ နယ်နိမိတ်အတွင်းရှိ မှတ်တိုင်များကြားသို့ ရောက်ရှိနေပြီး နှစ်နိုင်ငံ နယ်နိမိတ် စာချုပ်ပါ အချက်အလက်များကို ဖောက်ဖျက်ထားသည့်အတွက်   ပြန်လည်ဖျက်သိမ်းပေးရမည်ဟု သမ္မတရုံးက ပြောသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်နိမိတ် သဘောတူစာချုပ်ကို ၁၉၆၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်တွင် သဘောတူညီ ချုပ်ဆိုခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် နယ်နိမိတ် မှတ်တိုင်များကို စိုက်ထူခဲ့သည်။ ထို့နောက် မြန်မာ-တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် နှစ်ဦးကို စေလွှတ်ကာ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းများ ပြန်လည်ဖော်ထုတ်ရေး၊ နယ်နိမိတ် သဘောတူစာချုပ်ပါအချက်များအရ ခြံစည်းရိုးများကို စနစ်တကျ ကာရံရေးနှင့် ခြံစည်းရိုးကာရံလိုသောသူက  ကုန်ကျစရိတ်ကျခံရန် စသည့်အချက်များကို တရုတ်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမည်ဟု ဇန်နဝါရီ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

၂။ သဘောတူညီမှုများ

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ တရက်အလို၊ ဇန်နဝါရီ ၁၀ ရက်တွင် မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု(Feasibility Study)ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့သည်။ အဆိုပါ နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံဘက်မှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံကုမ္ပဏီ China Railway Eryuan Engineering Group Co., Limited(CREEG) တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါတရုတ်ကုမ္ပဏီသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီက လာရောက်ခဲ့သည့်  တရုတ်သမ္မတ ခရီးစဉ်အတွင်း ရရှိခဲ့သော သဘောတူညီချက် ၃၃ ချက်ထဲမှ တခုဖြစ်သည့် မူဆယ်-မန္တလေး အမြန်ရထားလမ်းစီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာဆန်းစစ်မှုကို ပြုလုပ်ခဲ့သည့် ကုမ္ပဏီလည်း ဖြစ်ပြီး တရုတ်အစိုးရ၏ ကျောထောက်နောက်ခံပြု ကုမ္ပဏီတခု ဖြစ်သည်။ CREEG ကုမ္ပဏီသည် ကူမင်း-ကျောက်ဖြူ ရထားလမ်းတည်ဆောက်ရန်အတွက် ၂၀၁၁ ခုနှစ်မှ စတင်ကာ မြန်မာအစိုးရထံ အဆိုပြုခဲ့ပြီး စီမံကိန်းဖြစ်နိုင်ခြေ လေ့လာမှုနားလည်မှုစာချွန်လွှာသည် ၂၀၁၄ တွင် သက်တမ်းကုန်ခဲ့သည်။ ထို့နောက် ၂၀၁၇ နှစ်လယ်ပိုင်းတွင် မူဆယ်-မန္တလေး ရထားလမ်းအတွက် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုပြုလုပ်ရန် ထပ်မံအဆိုပြုခဲ့ပြီး တနှစ်အကြာတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း(CMEC)အရ တရုတ်နိုင်ငံ၏ ဘေဂျင်း-ကူမင်း-ရွှေလီ အမြန်ရထားလမ်းပိုင်းနှင့် မြန်မာနိုင်ငံမှ မူဆယ်- မန္တလေး– ကျောက်ဖြူ အမြန်ရထားလမ်း စီမံကိန်းတို့ကို ချိတ်ဆက် ဆောင်ရွက်မည် ဖြစ်သည်။ ထိုမှတဆင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့နှင့် ချိတ်ဆက် ဆောင်ရွက်မည် ဖြစ်သည်။ ယခု မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံမှ အဆိုပြုထားသော  တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း၏ အစိတ်အပိုင်းတခုဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ၏ ယူနန်ပြည်နယ်၊ တာလီမှ ရွှေလီအထိ ရထားလမ်းပိုင်းကို ၂၀၂၃ ခုနှစ်ကုန်တွင် ဖောက်လုပ်ပြီးစီးရန် လျာထားပြီး ရထားစတင်ပြေးဆွဲနိုင်မည်ဆိုပါက တရုတ်-မြန်မာ နယ်စပ်အထိ ပေါက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ တရုတ်-မြန်မာ ရထားလမ်း ချိတ်ဆက်ခြင်းနှင့် မြန်မာနိုင်ငံအတွင်း ရထားလမ်းဖောက်လုပ်ခြင်းသည် မြန်မာနိုင်ငံအား လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသော ကြီးမားသည့်စျေးကွက်ကြီးနှင့် ကျယ်ပြန့်သော အာရှ-ဥရောပကုန်းမြေ(Eurasia)ကို ပိုမိုနီးကပ်စွာ ချိတ်ဆက်ပေးနိုင်မည်ဖြစ်ကာ မြန်မာ့စီးပွားရေးတိုးတက်ရေးနှင့် ပြည်သူလူထုဘဝ ကောင်းမွန်ရေးကို အထောက်အကူ ပြုမည့်အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားဖြည့်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ဆိုသည်။

မန္တလေး-မူဆယ် အမြန်ရထားလမ်းသည် ကီလိုမီတာ ၅၀၀(မိုင် ၃၁၀ ကျော်) ရှည်လျားမည်ဖြစ်ပြီး တနာရီလျှင်  ကီလိုမီတာ ၁၆၀(မိုင် ၁၀၀)နှုန်းဖြင့် မောင်းနှင်နိုင်ရန် ဒီဇိုင်းထုတ်ထားသည်။ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ကိုးဘီလီယံခန့် ရှိမည်ဖြစ်သည်။

ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းတည်ဆောက် ထားသော တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့်အပြိုင် ဖောက်လုပ်မည့် အဆိုပါ ရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကိုသာ အလေးထားလုပ်ဆောင်နေသော စီမံကိန်းဖြစ်သည်ဟု ပြည်တွင်းမှ လေ့လာစောင့်ကြည့်သူများ၏ ပြောကြားချက်ကို ဧရာ၀တီသတင်းဌာနနှင့် RFA သတင်းဌာနတို့တွင် ဖော်ပြထားသည်။

စစ်ရေးနှင့် စီးပွားရေးမဟာဗျူဟာ လိုအပ်ချက်များအရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှတဆင့် အိန္ဒိယသမုဒ္ဒရာအား ပိုမိုစိုးမိုးလာနိုင်ရန် ကြိုးပမ်းနေကြောင်း လေ့လာသူများ၏ ပြောကြားချက်ကိုလည်း ဧရာ၀တီသတင်းဌာန၏ အင်္ဂလိပ်ဘာသာ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

၃။ နိုင်ငံတကာသုံးသပ်ချက်များ

ယခုတပတ်၌ နိုင်ငံတကာမီဒီယာများဖြစ်သော တရုတ်နိုင်ငံအခြေစိုက် South China Morning Post သတင်းဌာနနှင့် South Asian Monitor တို့တွင် ဖော်ပြခဲ့သည့်အချို့ကို ထုတ်နုတ်တင်ပြရလျှင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ နေပြည်တော်ခရီးစဥ်အတွင်း ကတိပြုခဲ့သော မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဥ်တိုးတက်စေရန်နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း အကောင်အထည်ဖော်မှု တိုးတက်စေရန်တို့အတွက် တရုတ်-မြန်မာ နယ်စပ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအား တရုတ်နိုင်ငံက ကူညီဆောင်ရွက်သွားမည်ဟူသော ကတိပြုချက်များမှာ တရုတ်နိုင်ငံအနေနှင့် အမေရိကန်၊ ဂျပန်၊ အိန္ဒိယနိုင်ငံများနှင့် ဒေသတွင်းအားပြိုင်မှုများအတွက် အထောက်အကူဖြစ်‌စေရန် ဦးတည်သော ဟန်ပြအကူအညီ(Show of Support)သာ ဖြစ်သည်ဟု ဆောင်းပါးရှင်က သုံးသပ်ထားသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းကလည်း အိန္ဒိယမီဒီယာအများစုတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား တရုတ်အစိုးရက ငွေကြေးနှင့် လက်နက်အကူအညီများ ထောက်ပံ့ပေးနေသည်ဟူသော ရေးသားချက် အများအပြားကို တွေ့မြင်ခဲ့ရသလို ယခုအခါတွင်လည်း တရုတ်အစိုးရ၏ ကတိပြုချက်များသည် ဟန်ပြ(Show)သက်သက်သာ ဖြစ်သည်ဟူသော သုံးသပ်ချက်များကို နိုင်ငံတကာမီဒီယာများတွင် မြင်တွေ့ရခြင်းဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးဝင်းမြင့်အား တရုတ်နိုင်ငံအနေနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာအရေးကို ကူညီသွားမည်ဟူသော ကတိပြုပြောကြားမှုနှင့်ပတ်သက်၍ ဂျပန်နိုင်ငံအခြေစိုက် Nikkei Asia သတင်းဌာနကလည်း တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ အစိုးရအပြောင်းအလဲမတိုင်ခင် အိမ်နီးချင်းနိုင်ငံများနှင့် နီးကပ်သောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ကြိုးပမ်းခြင်းဖြစ်သည်ဟု သုံးသပ်ထားသည်။

၄။ အချက်အလက်များ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဥ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စာချုပ်၊ နားလည်မှုစာချွန်လွှာ၊ မှတ်တမ်းလွှာ၊ စာလွှာနှင့် အစီအစဉ်တို့ အပါအဝင် အောက်ပါ သဘောတူညီချက် ခြောက် ချက်ကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။

၁။ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်၊

၂။ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊

၃။ ကချင်ပြည်နယ် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် ငွေကြေးအထောက်အပံ့ပေးအပ်ရေး စာလွှာ၊

၄။ တရုတ်နိုင်ငံ၏ အတိုးမဲ့ ချေးငွေဖြင့် ဝယ်ယူသည့် လူစီးရထားတွဲများဆိုင်ရာ စာလွှာ၊

၅။ ကျေးလက် လမ်းတံတား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ အစည်းအဝေး မှတ်တမ်းလွှာ၊

၆။ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် ဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်အစီအစဉ် တို့ဖြစ်သည်။

ထို့အပြင် အဆိုပါခရီးစဥ်နှင့် ပတ်သက်၍လည်း မြန်မာအစိုးရ၏ ထုတ်ပြန်ချက်နှင့် တရုတ်နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်များမှာ အချက်အလက်တချို့ ကွာခြားမှုရှိသည်ကို တွေ့ရသည်။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ နှစ်နိုင်ငံဆွေးနွေးချက် ခုနစ်ချက်ရှိပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌မူ ဆွေးနွေးချက် ၁၀ ချက် ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ကွာဟနေသောအချက် သုံးချက်မှာ –

၁။ အစိုးရအသစ် အောင်မြင်စွာဖွဲ့စည်းနိုင်ရေးကို မျှော်လင့်ကြောင်းနှင့် ဝမ်းမြောက်ကြိုဆိုခြင်း၊

၂။ မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုနှင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ Code of Conduct ရေးဆွဲရာ၌ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူစဥ်အတွင်း အာဆီယံ-တရုတ် ဆက်ဆံရေး တိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ပေးရန်နှင့်

၃။ မြန်မာနိုင်ငံအနေဖြင့် ထိုင်ဝမ်အရေး၊ ဟောင်ကောင်အရေးနှင့် ရှင်းကျန့်ပြည်နယ်အရေးတို့တွင် တရုတ်တနိုင်ငံတည်းမူဝါဒ(One China Policy) အရ တရုတ်နိုင်ငံဘက်မှ ခိုင်မာစွာ ရပ်တည်သည်ဟူသော အချက်များဖြစ်သည်။

မြန်မာနိုင်ငံအစိုးရဘက်မှ သတင်းထုတ်ပြန်ချက်များတွင် အထက်ပါ ဆွေးနွေးချက်သုံးချက်ကို မည်သည့်အတွက်ကြောင့် ချန်လှပ်ထားခဲ့သနည်းဆိုသည်မှာ ပဟေဠိတခုအဖြစ် သတိပြုစရာဖြစ်သည်။

စဉ်

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနထုတ်ပြန်ချက်

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်

၁

အေးအတူပူအမျှအသိုက်အဝန်း ထူထောင်ရေး လုပ်ငန်းစီမံချက်ရေးဆွဲရန်နှင့် နိုင်ငံတော်ခရီးစဥ်များအတွင်း ရေးထိုးနိုင်ရေး

ပါရှိသည်။

၂

CMEC ပူးပေါင်းဆောင်ရွက်ရေး

ပါရှိသည်။

၃

ကိုဗစ်-၁၉ ပူးပေါင်းတိုက်ဖျက်ရေး

ပါရှိသည်။

၄

မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထောက်ပံ့ပေးရေး

ပါရှိသည်။

၅

မြန်မာ-တရုတ် ယဥ်ကျေးမှုခရီးသွားနှစ်ဖော်ဆောင်ရေး

ပါရှိသည်။

၆

နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဥ် တိုးတက်ရေး

ပါရှိသည်။

၇

ကုလသမဂ္ဂနှင့် နိုင်ငံတကာစာမျက်နှာတွင် ပိုမို ပူးပေါင်းဆောင်ရွက်ရေး

ပါရှိသည်။

၈

မပါရှိပါ။

အစိုးရအသစ် အောင်မြင်စွာ ဖွဲ့စည်းနိုင်ရေးကို မျှော်လင့်ကြောင်းနှင့် ဝမ်းမြောက်ကြိုဆိုသည်။

၉

မပါရှိပါ။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုနှင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ Code of Conductရေးဆွဲရာ၌ မြန်မာနိုင်ငံသည် ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

၁၀

မပါရှိပါ။

ထိုင်ဝမ်၊ ဟောင်ကောင်နှင့် ရှင်းကျန့်ပြည်နယ် အရေးတို့တွင် မြန်မာနိုင်ငံသည် One China Policy အပေါ် ရပ်တည်သည်။

ဇေရှိုင်းဗိုလ်၊ လင်းထက်အောင်

The post တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ဒုတိယပတ် (ဇန်နဝါရီ ၉ ရက်မှ ၁၅ ရက် အထိ) appeared first on ISP Myanmar China Desk.

တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ဒီဇင်ဘာ စတုတ္ထပတ်(၁၉ မှ ၂၅ ရက် အထိ)
ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာ ဆက်ဆံရေးနှင့်သက်ဆိုင်သော ပြည်တွင်း၊ ပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၇၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများထဲမှ အလေးပေးအာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို အနှစ်ချုပ် ဖော်ပြမည် ဖြစ်ပါသည်။

တရုတ်-မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်

အာရုံစိုက်ဖွယ် သတင်းတပုဒ်မှာ မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးဇုန်စီမံကိန်း၏ အစိတ်အပိုင်းတခုဖြစ်သော ကြူကုတ်-ပန်ဆိုင်း စီမံကိန်းကို တရုတ်ဘက်က ဖြုတ်ချခဲ့သည်ဟူသော Myanmar Times သတင်းဌာန၏ သတင်းဖော်ပြချက်ဖြစ်သည်။ မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးဇုန်စီမံကိန်းသည် နိုင်ငံတကာ စီးပွားရေးပင်မဇုန် (Core Zone)၊ ပို့ကုန်ထုတ်လုပ်မှုဇုန်နှင့် ကုန်လှောင်ရုံဇုန်များ၊ သွင်းကုန်ထုတ်လုပ်မှုဇုန်နှင့် ကုန်လှောင်ရုံဇုန်များ တည်ဆောက်ရန် နှစ်နိုင်ငံသဘောတူထားသော စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းတွင် ပို့ကုန်ထုတ်လုပ်မှုဇုန်နှင့် ကုန်သိုလှောင်ရုံဇုန်များ၊ အခြားစီမံကိန်းအစိတ်အပိုင်းများနှင့် ချိတ်ဆက် ဆက်သွယ်သော လမ်းကွန်ရက်များ တည်ဆောက်ရန် ကြူကုတ်-ပန်ဆိုင်း၊ ဝမ်တိန်-ကျင်စမ်းကျော့ ဒေသတို့ကို ထောက်ပံရေးဇုန်များအဖြစ် စီမံကိန်းစတင်ရေးစွဲစဉ်က တရုတ်နိုင်ငံဘက်မှ အဆိုပြုခဲ့သည်။ ကြေးမုံ သတင်းစာ၏ ဖော်ပြချက်အရ ဒီဇင်ဘာ ၁၇ ရက်တွင် မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေး ဆိုင်ရာ ဗဟိုကော်မတီ၏ (ဆဋ္ဌမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပြီး ထိုအစည်းအဝေးတွင် တရုတ်ဘက်က ကြူကုတ်-ပန်ဆိုင်း စီမံကိန်းကို ပယ်ချခဲ့ခြင်းဖြစ်သည်။ ကြူကုတ်-ပန်ဆိုင်း စီမံကိန်းကို တရုတ်က စတင်အဆိုပြုစဉ်ကပင် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသောနယ်မြေ ဖြစ်၍ မြန်မာအစိုးရက တရားဝင်အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။ ယခုအခါ တရုတ်ဘက်မှလည်း ပြန်လည်ပယ်ဖျက်ခဲ့ပြီး မူဆယ်-ရွှေလီနယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တွင် မူဆယ်-ရွှေလီဒေသကို ပင်မဇုန် (Core Zone) အဖြစ်လည်းကောင်း၊ ဝမ်တိန်-ကျင်းစမ်းကျော့ဒေသကို ထောက်ပံ့ရေးဇုန်အဖြစ်လည်းကောင်း နှစ်နေရာတွင်သာ အကောင်အထည်ဖော်ရန် ဒီဇင်ဘာ ၁၇ ရက်တွင် ကျင်းပသော ဗွီဒီယိုကွန်ဖရင့်အစည်းအဝေး၌ သဘောတူခဲ့သည်။

ကချင်ကျောက်စိမ်း တရုတ်ဝယ်လက်

ဖားကန့်မြို့၌ ပထမဆုံး အဆင့်မြင့် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစင်တာ တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီး ဆိုသော နိုင်ငံပိုင်သတင်းစာ၏ သတင်းဖော်ပြချက်လည်း ရှိခဲ့သည်။ အဆိုပါ စင်တာအတွက် ဖားကန့်ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက ဒေသခံလူငယ်များအား မန္တလေး၊ နေပြည်တော်နှင့် ရွှေလီတို့သို့ ပညာသင်စေလွှတ်ထားခဲ့သည်။ အဆိုပါ စင်တာတွင် ကျောက်အရောင်းအဝယ်ပြုလုပ်နိုင်သည့် ရုံသုံးရုံပါဝင်ပြီး တရုံလျှင် ၂၁၆ ခန်းဖြင့် ၆၄၈ ခန်းပါဝင်မည် ဖြစ်ကာ သုံးခန်းတွဲ သုံးထပ်အဆောက်အအုံ နှစ်လုံး၊ စားသောက်ရုံနှစ်ခန်းတွဲ နှစ်လုံးနှင့် စားသောက်ဆိုင် သုံးခန်းတွဲနှစ်လုံးတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။ ထိုအတွက် ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာပြီး နိုင်ငံတော်အတွက်လည်း အခွန်စနစ်တကျရရှိလာမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း မီဒီယာဖော်ပြချက်များတွင်မူ ကျောက်စိမ်းဈေးကွက်တွင် တရုတ်ကုန်သည်များလွှမ်းမိုးနေခြင်း၊ ရှိနှင့်ပြီးဖြစ်သော မန္တလေးကျောက်စိမ်းဈေးကွက်တွင်ပင် တရုတ်မိုဘိုင်းလ်ပိုက်ဆံ App ဖြစ်သော WeChat ကို လုံးဝ အားကိုးရောင်းဝယ်နေရပြီး ဈေးအနှိမ်ခံရခြင်းများလည်း ရှိနေကြောင်း တွေ့ရသည်။

တစ်ရှူးငှက်ပျော

ကချင်ပြည်နယ်တွင် စိုက်ဧက တသိန်းခွဲခန့် စိုက်ပျိုးထားပြီး အပင်ပေါင်း သန်း ၂ဝဝ ကျော်ရှိနေသော တစ်ရှူးငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းတွင် တနှစ်ကျော် အရှုံး‌ပေါ်ပြီးနောက် တရုတ်ကုမ္ပဏီ သုံးခုသည်  မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည်ဟု The Daily Eleven သတင်းစာက ဖော်ပြသည်။ လက်ရှိအချိန်တွင် တရုတ်ကုမ္ပဏီသုံးခုသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အသွားအလာ၊ ပို့ဆောင်ရေးများ အခက်အခဲကြုံရပြီး တိကျသော ဥပဒေမရှိခြင်းနှင့် မြေပြိုခြင်း၊ ရေကြီးခြင်းများကြောင့် အရှုံးပေါ်ကာ ထွက်ခွာကြသည်ဟုဆိုပြီး ၎င်းတို့အနေဖြင့် လာအိုနိုင်ငံဘက်သို့ ‌ရွှေ့ပြောင်းလုပ်ကိုင်ကြမည်ဟု ဆိုသည်။ အရှုံးပေါ်ကာ ထွက်ပြေးကြသောကုမ္ပဏီ  သုံးခုလည်းရှိပြီး အဆိုပါကိစ္စအတွက် ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းက တရုတ်အစိုးရထံ တိုင်ကြားထားသည်ဟု ဆိုသည်။

အခြားသတင်းများ

ယခုတပတ်အတွင်း ထူးခြားသော တရုတ်လှူဒါန်းမှုများအဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသော SSPP/ SSA နှင့် UWSP/ UWSA တို့သို့ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်၍ လှူဒါန်းခဲ့သည်ကိုလည်း တွေ့ရသည်။ ‘၀’ အထူးဒေသအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများက ကိုဗစ် ကာကွယ်ရေးအတွက် အစားအသောက်၊ ဆေးဝါးနှင့် ပစ္စည်းများလှူဒါန်းခဲ့သည်ဟု The Daily Eleven သတင်းစာက ဖော်ပြခဲ့ပြီး SSPP/ SSA သို့ လှူဒါန်းမှုမှာ လေးကြိမ်မြောက်ဟု သိရသည်။

ဈေးကွက်လက်ဝါးကြီးအုပ်မှုကြောင့် တရုတ်နိုင်ငံအတွင်းတွင် အလီဘာဘာ ကုမ္ပဏီ စုံစမ်းစစ်ဆေးခံနေရကြောင်း BBC သတင်းဖော်ပြချက်လည်း ရှိခဲ့သည်။ အလီဘာဘာ ကုမ္ပဏီအနေဖြင့် အထူးကုန်သွယ်ရေး သဘောတူစာချုပ်များ လက်မှတ်ထိုးရန် အရောင်းအဝယ်လုပ်သော ကုန်သည်များကို ဖိအားပေးခဲ့ခြင်းနှင့် ပတ်သက်၍ ဈေးကွက်စည်းမျဉ်းဆိုင်ရာ ထိန်းချုပ်သူများဘက်က မကြာသေးခင်က သတိပေးခဲ့သည်။ ယင်းသဘောတူစာချုပ်အရ အရောင်းအဝယ်လုပ်သူများသည် ပြိုင်ဘက်ကုမ္ပဏီ၏ ဈေးကွက်များတွင် ကုန်ပစ္စည်းတင်သွင်းရောင်းချမှုကို တားမြစ်ထားသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တရုတ်အစိုးရ တာဝန်ရှိသူများက အလီဘာဘာ၏ ဘဏ္ဍာရေးဆိုင်ရာ နည်းပညာကုမ္ပဏီကြီး Ant Group နှင့် တွေ့ဆုံသွားရန်လည်း ရှိနေသည်။ Ant Group သည် မြန်မာနိုင်ငံ၌လည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်လျက်ရှိပြီး Wavemoney တွင် အမေရိကန် ဒေါ်လာ ၇၃ ဒသမ ၅ သန်း ထည့်ဝင်ထားသည်။

The post တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ်  ဒီဇင်ဘာ စတုတ္ထပတ်(၁၉ မှ ၂၅ ရက် အထိ) appeared first on ISP Myanmar China Desk.

တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ဒီဇင်ဘာ တတိယပတ်(၁၂ မှ ၁၈ ရက် အထိ)
ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာ ဆက်ဆံရေးနှင့်သက်ဆိုင်သော ပြည်တွင်း၊ ပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၇၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများထဲမှ အလေးပေးအာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို အနှစ်ချုပ် ဖော်ပြမည် ဖြစ်ပါသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအရွေ့

မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ၏(ဆဋ္ဌမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၇ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်တက်ရောက်ခဲ့ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ရှမ်းပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်းတို့လည်း တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ယင်းစီမံကိန်းအတွက် တည်နေရာ၊ ဧရိယာသတ်မှတ်နိုင်ရေးနှင့် ကွင်းဆင်းလေ့လာခဲ့သည့် အခြေအနေတို့ကို ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံပိုင်သတင်းစာ ဖော်ပြချက်အရ သိရသည်။ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များကို မြန်မာ-တရုတ် နယ်စပ် သုံးနေရာဖြစ်သော ကန်ပိုက်တီ-ထိန်ချုံး၊ မူဆယ်-ရွှေလီ၊ ချင်းရွှေဟော်-လင်ချမ်းတို့၌ ဆောင်ရွက်ရန်စီမံထားသည်။ အဆိုပါစီမံကိန်းများသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ(CMEC)အောက်တွင် ဦးစားပေးအဖြစ် အကောင်အထည်ဖော်ရန် အစောဆုံး ထည့်သွင်းခံရသော စီမံကိန်းများလည်းဖြစ်သည်။

ဒီဇင်ဘာ ၁၁ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် Zhejiang ပြည်နယ် ကုန်သွယ်ရေးဦးစီးဌာနတို့ ဦးဆောင်၍ Zhejiang  အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဗဟိုဌာန၊ Chinese Enterprises Chamber of Commerce နှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ ပူးပေါင်းစီစဉ်မှုဖြင့် ကျင်းပသည့် “Matchmaking Conference China (Zhejiang) – Myanmar Investment Cooperation Promotion” ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း The Daily Eleven သတင်းစာဖော်ပြချက်အရ သိရသည်။ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းလည်း တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့သစ်စီမံကိန်း၊ ပုသိမ်စက်မှုမြို့တော်စီမံကိန်း၊ အလားအလာရှိသော မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းများ၊ ချည်မျှင်အထည်အလိပ်ကဏ္ဍနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း ၁၄၀ ခန့် တက်ရောက်ခဲ့ကြသည်။

နေပြည်တော်တွင် ကျပ်လေးဘီလီယံအကုန်အကျခံကာ စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားသည်ဆိုသော Myanmar Now ၏ သတင်းဖော်ပြချက်ကိုလည်း ယခုအပတ်အတွင်း စိတ်ဝင်စားဖွယ်ရာတွေ့ရသည်။ နေပြည်တော် လုံခြုံရေးအတွက် မြို့နယ် ရှစ်မြို့နယ်တွင် ကျပ် လေးဘီလီယံကျော် အကုန်ကျခံကာ ဉာဏ်ရည်တုနည်းပညာ(AI) သုံး စောင့်ကြည့်ကင်မရာ(CCTV)  ၃၃၅ လုံး တပ်ဆင်ရန်အတွက် ၂၀၁၉ ခုနှစ်အတွင်း နေပြည်တော်ကောင်စီက တင်ဒါခေါ်ယူခဲ့သည်။ ထိုတင်ဒါတွင် ကုမ္ပဏီ ၁၂ ခု ဝင်ရောက်ယှဉ်ပြိုင်ပြီး နေပြည်တော်အခြေစိုက် Linn IT Solution ကုမ္ပဏီက ထိန်းချုပ်စင်တာနှင့် ကွန်ရက်စနစ်တည်ဆောက်ခွင့်၊ နောင်ရိုးနည်းပညာကုမ္ပဏီက ကင်မရာတပ်ဆင်ခြင်းနှင့် ဆက်သွယ်ရေးကြိုးသွယ်တန်းခြင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိခဲ့သည်။ စီမံကိန်းတွင် အသုံးပြုထားသည့် နည်းပညာပစ္စည်းအများစုမှာ တရုတ် ဟွာဝေးကုမ္ပဏီထုတ် ပစ္စည်းများဖြစ်သည်။ တရုတ်ဒစ်ဂျစ်တယ်ပိုးလမ်းမ စီမံကိန်းမှာ တရုတ်၏ ရည်မှန်းချက်ကြီးမားသော ရပ်ဝန်းလမ်းကြောင်းအစီအမံ(BRI) ၏ အစိတ်အပိုင်းတခုဖြစ်ပြီး ယင်းစီမံကိန်း၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော အချက်အလက်များကို ISP-Myanmar China Desk က စုစည်းဖော်ပြထားပါသည်။

တရုတ်-မြန်မာ နယ်စပ်ရေးရာ

ကိုဗစ်ကာလအတွင်း တရုတ်၏ဝယ်လိုအား မြင့်တက်လာသဖြင့် မြန်မာဖရဲသီးများ ဈေးကောင်းရခဲ့သည်။ နယ်စပ်ကုန်သွယ်ရေးဂိတ်များ၌ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှုများကြောင့် ဖရဲသီးတင်ပို့မှုမှာ ကြန့်ကြာခဲ့ရသော်လည်း ခုနစ်နှစ်အတွင်း အမြင့်မားဆုံး စံချိန်တင် ဈေးကောင်းရရှိခဲ့သည်။ ထို့အပြင် တရုတ်ဈေးကွက်သာမက ယူအေအီး၊ ဒူဘိုင်း၊ ကာတာ၊ စင်ကာပူဈေးကွက်များသို့ပါ မြန်မာ့ဖရဲသီးများကို ပထမဆုံးအကြိမ်တင်ပို့နိုင်ရန် ဒီဇင်ဘာ ၁၃ ရက်တွင် သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ ဤကဲ့သို့ တရုတ်နိုင်ငံ၏ ဝယ်လိုအား မြင့်တက်လာရခြင်းမှာ ကိုဗစ်ကပ်ဘေးကာလအတွင်း တရုတ်စိုက်ပျိုးရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံသို့ လာရောက်၍ တရားမဝင် ဖရဲစိုက်ပျိုးခြင်းကို မလုပ်ဆောင်နိုင်သောကြောင့်ဖြစ်ကြောင်း ဧရာဝတီသတင်းဌာနက သတင်းဖော်ပြခဲ့သည်။ ပုံမှန်နှစ်များတွင် တရုတ်နိုင်ငံနိုင်ငံသားများသည် မြန်မာနိုင်ငံဘက်အခြမ်းတွင် ဖရဲစိုက်ဧက ခြောက်သောင်းကျော် နှစ်စဉ်လာရောက် စိုက်ပျိုးလေ့ရှိပြီး ယခုနှစ်တွင် လာရောက်စိုက်ပျိုးနိုင်ခြင်းမရှိသလို မြန်မာဘက်ကလည်း ယခုနှစ်တွင် စိုက်ဧကလျှော့ချခြင်းကြောင့် စိုက်ဧက သုံးသောင်းခန့်မှထွက်ရှိသော ဖရဲများကိုသာ ဈေးကွက်သို့ တင်ပို့ရောင်းချရလျက်ရှိသဖြင့် ဈေးနှုန်းမှာ နှစ်ဆကျော် မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံဘက်သို့ တင်ပို့သည့် ဖရဲသီးအပြင် မြန်မာနိုင်ငံတွင် တစ်ရှူးငှက်ပျောနှင့် မက္ကာဒေးမီးယား အများအပြားကို တရားမဝင် စိုက်ပျိုးလျက်ရှိရာ ပြည်တွင်းတောင်သူများအား အကာအကွယ်ပေးရန် ထိုကိစ္စများကို အစိုးရအနေဖြင့် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းပေးရန်လိုအပ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

အခြားသော အာရုံစိုက်ဖွယ်ဖြစ်သည့် နယ်စပ်ကုန်သွယ်ရေး သတင်းတပုဒ်မှာ တရုတ်ဝယ်လက်မရှိသဖြင့် နယ်စပ်တွင် ပိတ်မိနေသော အကောင်ရေသောင်းနှင့်ချီသည့် ကျွဲ၊ နွားများအတွက် မွေးမြူရေးခြံတခုကို မန္တလေးတိုင်းအတွင်း ဆောက်လုပ်မည်ဟူသော သတင်းဖော်ပြချက်ဖြစ်သည်။ တရုတ်နိုင်ငံသို့ ကျွဲ၊ နွား အရှင်တင်ပို့ခွင့်ကို တရားဝင် ခွင့်ပြု၍ လိုင်စင်ထုတ်ပေးခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် တရားဝင် ကျွဲ၊ နွား ကုန်သွယ်ရေးမှာ ရပ်တန့်သွားပြီး ကုမ္ပဏီ ၁၅၀ ကျော်မှ ကျွဲ၊ နွား ကောင်ရေ ၁၅၀၀၀ ကျော်သည် မူဆယ်နယ်စပ်တွင် ပိတ်မိနေခဲ့သည်။ ဤကိစ္စကိုဖြေရှင်းရန်အတွက် တရုတ်နိုင်ငံမှ အကောက်ခွန်ဌာနနှင့် ညှိနှိုင်းနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဒေါက်တာထွန်းလွင်က Myanmar Times သတင်းဌာနသို့ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသို့ ကျွဲ၊ နွားအရှင်တင်ပို့မှုကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီမှစတင်ပြီး တရားဝင် ပြန်လည်တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ဆင်ဟွာသတင်းဌာနသို့ ဒီဇင်ဘာ ၁၂ ရက်တွင်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်တက်လာခဲ့ပြီးနောက် တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် နယ်စပ်တလျှောက် ကီလိုမီတာ ၂၀၀၀(မိုင် ၁၂၀၀ ကျော်) ရှည်လျားသည့် သံဆူးကြိုးပတ် နယ်စပ်တံတိုင်းကို တည်ဆောက်နေကြောင်း The Diplomat သတင်းဌာန၏ သတင်းဖော်ပြချက်ရှိခဲ့သည်။ RFA သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါတံတိုင်းကို တောင်ပိုင်းမဟာတံတိုင်းဟု တင်စားပြီး ယခုအခါ ၆၅၉ ကီလိုမီတာ(မိုင် ၄၀၀ ကျော်)ကျော် ဆောက်လုပ်ပြီးစီးပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ တံတိုင်းတည်ရှိရာ နယ်စပ်တလျှောက်သည် မြန်မာပြည်တွင်းမှ တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ရာဒေသဖြစ်ပြီး ကျောက်စိမ်း၊ မူးယစ်ဆေး စသည့်ပစ္စည်းများ၏ တရားမဝင်ကုန်သွယ်ရေးဈေးကွက်နှင့် တရားမဝင်လူကုန်ကူးသည့် ဈေးကွက်များ အခိုင်အမာရှိရာဒေသ ဖြစ်သည်။ ဤတံတိုင်းကို မြန်မာအစိုးရသို့ ကြိုတင်အသိပေးခြင်းမရှိဘဲ ဆောက်လုပ်ခဲ့ပြီး တရုတ်အစိုးရအဆိုအရ ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးအတွက် အဓိကရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ကာကွယ်ဆေး သံခင်းတမန်ခင်း

တောင်တရုတ်ပင်လယ်ပြင် ရေပြင်နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေကြသည့် အရှေ့တောင်အာရှနိုင်ငံ အများစုသည် တရုတ်၏ “ကာကွယ်ဆေး သံခင်းတမန်ခင်း” တွင် အဓိက ဦးတည်ထားသည့်နိုင်ငံများ ဖြစ်လာနေသည်။

တရုတ်သည် ဗိုင်းရပ်စ်ကာကွယ်ဆေးအား ထုတ်လုပ်ပြီး ကာကွယ်ဆေး သန်းနှင့်ချီပြီး ဖြန့်ချိရောင်းချရန် ၎င်းနှင့် ဆက်ဆံရေး အဆင်မပြေသည့် နိုင်ငံများ အပါအဝင် နိုင်ငံအများအပြားနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

တရုတ်သံတမန်များသည် မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့နှင့် ဗိုင်းရပ်စ်ကာကွယ်ဆေး သဘောတူညီချက်များ ရေးထိုးခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံတွင်လည်း ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်မည့် စက်ရုံကို တည်ဆောက်ခဲ့သည်။ ယင်းနှစ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ပိုင်နက်အငြင်းပွားနေကြသည့် နိုင်ငံများဖြစ်သည်။

“ဗိုင်းရပ်စ်ကာကွယ်ဆေးဟာ တရုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုနဲ့ ပထဝီနိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းရာမှာ အကူအညီပေးနိုင်မယ့် ကိရိယာတစ်ခုဖြစ်တယ်” ဟု နိုင်ငံခြားဆက်ဆံရေးကောင်စီ(CFR) ၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆိုင်ရာ အကြီးတန်းအဖွဲ့ဝင် ဟွမ်ရန်ကျုံးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

တရုတ်သည် လက်တင်အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံများအား ဗိုင်းရပ်စ်ကာကွယ်ဆေး ဝယ်ယူနိုင်ရန် ဒေါ်လာ တဘီလီယံ ထုတ်ချေးသွားမည်ဟုလည်း ကတိပြုထားပြီး လာမည့်နှစ်တွင် ဗိုင်းရပ်စ် ကာကွယ်ဆေးအလုံးရေ တဘီလီယံကို အရှိန်အဟုန်မြှင့် ထုတ်လုပ်သွားမည်ဖြစ်ကာ နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သောကြောင့် ပိုလျှံသည့် ဗိုင်းရပ်စ်ကာကွယ်ဆေးများမှာ ရောင်းချသွားရန်အတွက်သာ ဖြစ်သည်။

ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသည့်နိုင်ငံများတွင် စျေးကွက်၏ ၁၅ ရာခိုင်နှုန်းမျှ လက်ဝါးကြီး အုပ်ထားနိုင်ခဲ့မည်ဆိုလျှင် တရုတ်နိုင်ငံသည် ဗိုင်းရပ်စ်ကာကွယ်ဆေး ရောင်းချမှုမှ အမြတ်ငွေ ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံရရှိလိမ့်မည်ဟု ဟောင်ကောင်အခြေစိုက် အကျိုးဆောင်ကုမ္ပဏီ Essence Securities က ခန့်မှန်းထုတ်ပြန်ထားသည်။

“လူမှုအသိုင်းအဝိုင်းတွေက တရုတ်အပေါ် ယုံကြည်မှု မရှိခြင်းဟာ တရုတ်နိုင်ငံထုတ် ဗိုင်းရပ်စ်ကာကွယ်ဆေးအပေါ် ယုံကြည်မှု နည်းပါးနိုင်ပါတယ်” ဟု တရုတ်မူဝါဒဆိုင်ရာ သုံးသပ်သူ နာတာရှာကက်ဆမ်က ပြောကြားခဲ့သည်။

အထက်ပါ သုံးသပ်ချက်များနှင့် တရုတ်နိုင်ငံ၏ ကာကွယ်ဆေးသံခင်းတမန်ခင်းအကြောင်းအရာကို ဒီဇင်ဘာ ၁၈ ရက်ထုတ် The Daily Eleven သတင်းစာတွင် “တရုတ်၏ ကာကွယ်ဆေးနှင့် သံတမန် ပရိယာယ်” ခေါင်းစဉ်ဖြင့်  ဆောင်းပါးရေးသားဖော်ပြထားသည်။

ထို့အတူ ISP-Myanmar China Desk ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသော ဆောင်းပါးရှင် သုတေသီ ခင်ခင်ကျော်ကြီး၏ “တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ” ဆောင်းပါးတွင် တရုတ်၏ကာကွယ်ဆေးသံခင်းတမန်ခင်း လှုပ်ရှားမှုများနှင့် တရုတ်နိုင်ငံတွင်းနှင့် အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးဖြန့်ကျက်နိုင်မှု အလားအလားကို သုံးသပ်ထားပါသည်။

အခြားသတင်းများ

လူကုန်ကူးသူလက်ထဲမှ ပြန်လည်လွတ်မြောက်လာသူ မြန်မာနိုင်ငံသား အမျိုးသမီးသုံးဦးကို တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်၊ ချီလင့်ရဲဌာနနှင့် ရွှေလီမြို့ ပြည်ပရေးရာဌာနတို့က မြန်မာနိုင်ငံ၊ မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ တပ်ဖွဲ့စု ၁၇ ထံသို့ ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက မူဆယ်မြို့ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက်စစ်ဆေးရေးဂိတ် အမှတ် ၁ နန်းတော်ဂိတ်တွင် ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း The Daily Eleven သတင်းစာ ဖော်ပြချက်အရ သိရသည်။ တရုတ်နိုင်ငံသို့ အဓမ္မ လက်ထပ်လူကုန်ကူးမှုများကို စုစည်းထားချက်အရ နိုဝင်ဘာအတွင်း ခုနစ်မှုနှင့် အောက်တိုဘာအတွင်း လေးမှုရှိခဲ့သည်။

The post တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ်  ဒီဇင်ဘာ တတိယပတ်(၁၂ မှ ၁၈ ရက် အထိ) appeared first on ISP Myanmar China Desk.

တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် နိုဝင်ဘာ နောက်ဆုံးပတ် (နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ)
ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာဆက်ဆံရေးနှင့် သက်ဆိုင်သော ပြည်တွင်းပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၉၀ နီးပါးကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများမှ အလေးပေးအာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို ISP-Myanmar China Desk မှ အနှစ်ချုပ် ဖော်ပြပေးမည် ဖြစ်ပါသည်။

သံတမန်ရေးရာ

ယခုတပတ်အတွင်း ပုံမှန်အားဖြင့် ကျင်းပသော ဒေသတွင်း၊ နိုင်ငံတကာ အစည်းအဝေးများ/ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တွေ့ရှိရပါသည်။ ထူးခြားချက်အနေဖြင့် နိုဝင်ဘာ ၂၆ ရက်တွင် တရုတ်ကွန်မြူနစ်ပါတီနှင့် အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီများအကြား ဆွေးနွေးပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာများ ဖော်ပြချက်အရ သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာရေးရာ ဝန်ကြီးဌာန ဝန်ကြီး Mr. Song Tao လည်း တက်ရောက်ခဲ့သည်။ ဦးတီခွန်မြတ်၏မိန့်ခွန်းတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး တန်းတူရရှိရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည်။

ပြီးခဲ့သော ရက်သတ္တပတ်အတွင်း  တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်သည် NLD ပါတီ၏ ရွေးကောက်ပွဲရလဒ်အား တရားဝင် ဂုဏ်ပြုစကားဆိုပြီးနောက် ယခုတပတ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံပိုင်သတင်းစာများမှတဆင့် တရုတ်သံအမတ်ကြီး၏ နှစ်နိုင်ငံဆက်ဆံ‌ရေးဆိုင်ရာ ဆောင်းပါးဖြစ်သော “”တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအသစ်များနှင့် တရုတ်-မြန်မာဆက်ဆံရေးခေတ်ကာလသစ်” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။ အဆိုပါဆောင်းပါး၌ မြန်မာနိုင်ငံ၏  ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက အကူအညီပေးနေမှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံ၏ အကူအညီများ၊ တရုတ်-မြန်မာစီးပွား‌‌ရေးစင်္ကြံ စီမံကိန်းအကောင်အထည်ဖော်မှု ကိစ္စရပ်များ စသည်ဖြင့် အကြောင်းအချက်များစွာကို ဖော်ပြခဲ့သည်။ ထူးခြားချက်နှစ်ချက်အနေဖြင့်မူ ၂၀၂၀ အထွေထွေ‌ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်းအတွက် ဂုဏ်ပြုရေးသားထားခြင်းနှင့် မြန်မာနိုင်ငံတွင်း ဆင်းရဲမှုလျှော့ချခြင်း လုပ်ငန်းများတွင် အကူအညီပေးနေမှုများကို တရုတ်ကွန်မြူနစ်ပါတီမှ ပြည်သူကို ဗဟိုပြု၍ ဦးဆောင်သည်ဆိုသော တရုတ်ဝိသေသဆောင်သော ဆင်းရဲမှုလျှော့ချရေးပုံစံအဖြစ်  ဖော်ပြထားခြင်းများကို တွေ့ရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် တရုတ်-မြန်မာ နယ်စပ်

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်နိမိတ်‌ကျောက်တိုင် (BP-125) အနီး တရုတ်နိုင်ငံဘက်မှ နယ်စပ်မျဉ်း ဧရိယာအတွင်း ခြံစည်းရိုးခတ်ရန် စီစဉ်ခဲ့သော်လည်း မြန်မာဘက်မှ နယ်စပ်သဘောတူညီချက်စာချုပ်အတိုင်း ကန့်ကွက်ခဲ့ရာ ခြံစည်းရိုးခတ်ရန် အစီအစဉ်ကို တရုတ်ဘက်မှ ဖျက်သိမ်းခဲ့သည် ဟူသော သတင်းဖော်ပြချက် ရှိခဲ့သည်။ နှစ်နိုင်ငံ နယ်စပ်သဘောတူညီချက်အရ နယ်စပ်မျဉ်း၏ ၁၀ မီတာအတွင်းတွင် ခြံစည်းရုံးခတ်ခြင်းအပါအဝင် မည်သည့်အဆောက်အအုံမှာ မဆောက်လုပ်ရန် သဘောတူညီချက်တွင် ပါရှိသော်လည်း တရုတ်ဘက်မှ ကိုဗစ်-၁၉ ကပ်ရောဂါ အကြောင်းပြချက်ဖြင့် ခြံစည်းရိုးခတ်ရန် စီစဉ်ခဲ့သည်။ သို့သော် မြန်မာဘက်ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဦးစီးအဖွဲ့က သဘောတူညီချက်စာချုပ်အတိုင်းသာ လုပ်ဆောင်ရန် တရုတ်ဘက်သို့ ကန့်ကွက်စာပို့ခဲ့ပြီးနောက် ခြံစည်းရိုးခတ်ရန် အစီအစဉ်ကို ပယ်ဖျက်ကာ နယ်စပ်မျဉ်းတလျှောက် တူးထားသောမြေများကို ပြန်ဖို့၍ တိုင်များကိုလည်း ပြန်လည်နှုတ်ယူခဲ့ပြီး ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ အောက်တိုဘာ လဆန်းပိုင်းကလည်း တရုတ်-မြန်မာနယ်စပ် မူဆယ်ခရိုင် မန့်ဟီးရိုးမြို့တွင်လည်း တရုတ်ဘက်မှ နယ်စပ်မျဉ်းနှင့်ကပ်လျက် နေရာသုံးခုတွင် စည်းရိုးခတ်ရန် စီစဉ်ခဲ့သဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ခရိုင်အုပ်ချုပ်ရေးဌာနတို့က ကွင်းဆင်းကြည့်ရှုပြီး တရုတ်အစိုးရထံ ကန့်ကွက်စာများ ပေးပို့ခဲ့ဖူးသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ စိုးရိမ်မှုဖြင့် နယ်စပ်မျဉ်းတွင် စည်းရိုးခတ်ရန် လုပ်ဆောင်ခဲ့သည့်အပြင် တရုတ်-မြန်မာ နယ်စပ် ကျယ်ဂေါင်မြို့ရှိ မြန်မာများအားလုံးကိုလည်း ကိုဗစ် ရှိ၊မရှိ စစ်ဆေးရန် တရုတ်အစိုးရက အမိန့်ထုတ်ပြန်ထားခဲ့သည်။ ရွှေလီနှင့် ကျယ်ဂေါင်မြို့များတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား တသိန်းကျော်ရှိနေပြီး ထိုအလုပ်သမားအားလုံးကို နိုဝင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်များတွင် နောက်ဆုံးထား၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ စစ်ဆေးမှုခံယူကြရန် တရုတ်ကျန်းမာရေးဌာနက အမိန့်ထုတ်ပြန်ထားသည်။ စစ်ဆေးမခံဘဲ တိမ်းရှောင်နေသူများလည်း အရေးယူခံရမည် ဖြစ်ကြောင်း ကျယ်ဂေါင်ရှိ မြန်မာအရပ်ဘက်အဖွဲ့အစည်းများက သတိပေးထားသည်ဟု 7day Daily သတင်းစာ၏ သတင်းဖော်ပြချက် ရှိခဲ့သည်။

တရုတ်ဘက်မှ မြန်မာဖရဲသီးများအတွက် ဝယ်လိုအား မြင့်တက်နေပြီး ခုနစ်နှစ်အတွင်း အမြင့်ဆုံး ဈေးနှုန်းရရှိထားသော်လည်း နယ်စပ်ကုန်သွယ်ရေးဂိတ်များတလျှောက် တရုတ်ဘက်မှ တင်းကြပ်သော ကိုဗစ်-၁၉ ကာကွယ်ရေး စိစစ်မှုများကြောင့် သီးနှံများ၏ လတ်ဆတ်မှုကို ထိခိုက်ကာ ဈေးကွက်ပျက်မည်ကို ကုန်သည်များက စိုးရိမ်နေကြသည်။ ထိုကဲ့သို့ တင်းကြပ်သော စိစစ်မှုများကြောင့် နယ်စပ်ဂိတ်များတ‌လျှောက်ကုန်တင်ယာဉ်များ အစင်းရေများစွာ တန်းစီစောင့်ဆိုင်းနေကြရာ နှောင့်နှေးကြန့်ကြာမှုကို ကျော်လွားရန် မသမာသော နည်းလမ်းများ အသုံးပြုလာခြင်းများရှိသဖြင့် နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သည်များအကြား အငြင်းပွားမှုများလည်း ရှိလာကြောင်း The Daily Eleven သတင်းစာဖော်ပြချက်လည်း ရှိခဲ့သည်။

အချိန်မီမပြီးသော်လည်း ဒဏ်ငွေရိုက်ခံခဲ့ရဖွယ်မရှိသည့် LNG စီမံကိန်းများ

အငြင်းပွားဖွယ် တင်ဒါခေါ်ယူမှုရှိခဲ့သော သဘာဝဓာတ်ငွေ့ရည်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် သာကေတရှိ ၄၀၀ မဂ္ဂါဝပ် စီမံကိန်း၊ သန်လျင်ရှိ ၃၅၀ မဂ္ဂါဝပ် စီမံကိန်း၊ ကျောက်ဖြူရှိ ၁၅၀ မဂ္ဂါဝပ် စီမံကိန်းတို့ပါဝင်သည့်  အရေးပေါ်လျှပ်စစ်စီမံကိန်းသုံးခုအတွက် တန်ချိန် တသိန်းကျော်ရှိသဘာဝဓာတ်ငွေ့ရည်တင် သင်္ဘောကြီး သီလဝါဆိပ်ကမ်းသို့ နိုဝင်ဘာ ၆ ရက်က ဆိုက်ကပ်ခဲ့သည်။

ယခုဆိုက်ကပ်သော သင်္ဘောသည် သာကေတရှိ ၄၀၀ မဂ္ဂါဝပ် နှင့် သန်လျင်ရှိ ၃၅၀ မဂ္ဂါဝပ် LNG to Power စီမံကိန်း အတွက် ဖြစ်သည်။သာကေတ စီမံကိန်းအတွက် ယာယီ စမ်းသပ်လည်ပတ်နိုင်ရန် လျှပ်စစ်ဓာတ်အား ၂၀၀ မဂ္ဂါဝပ်ကို ၁၄ ရက်ကြာ ထုတ်လုပ်နိုင်မည့် LNG ပမာဏ တန်ချိန် ၃၆၀၀၀ ခန့် ကို တင်ဆောင်နိုင်သည့် သင်္ဘောသည် ပြီးခဲ့သည့် ဇွန် ၆ ရက်က ရောက်ရှိလာခဲ့ပြီး ဖြစ်သည်။

ယခုနွေရာသီ မီးမှန်ရေးအတွက် ၂၀၁၉ ခုနှစ် နှစ်လယ်က CNTIC နှင့် VPower တို့ တင်ဒါအောင်မြင်သွားသည့် အဆိုပါအရေးပေါ်စီမံကိန်းများသည် ၂၀၂၀ ပြည့်နှစ် ဧပြီ ၃ ရက်တွင် စီမံကိန်း စတင်လည်ပတ်နိုင်ရမည်ဖြစ်သည်။ သို့သော် ယခုချိန်ထိ လျှပ်စစ်ဓာတ်အား စတင်မထုတ်လုပ်နိုင်သေးသည့် ထိုစီမံကိန်းများ ပြီးစီးရန်မှာ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်ဦးမည်ဖြစ်သည်။ တင်ဒါဆိုင်ရာသဘောတူညီမှုများအရ တင်ဒါအောင်မြင်သည့် လုပ်ငန်းစုသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သဘောတူညီကြောင်း စာကိုလက်ခံရရှိပြီး ရက် ၂၁၀ အကြာ ဧပြီ ၃ ရက်တွင် လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်နေရမည်ဖြစ်သည်။ ထို့သို့မဟုတ်ပါက သာကေတရှိ ဓာတ်အားပေးစက်ရုံအတွက် တစ်ရက်လျှင် ဒဏ်ငွေ ကျပ် သန်း ၂၀၀၊ သန်လျင်ရှိ စီမံကိန်းအတွက် တစ်ရက်လျှင် ဒဏ်ငွေ ကျပ် သန်း ၁၈၀ နှင့် ကျောက်ဖြူရှိ စီမံကိန်းအတွက် တစ်ရက်လျှင် ဒဏ်ငွေ ကျပ် သန်း ၃၀ ဖြင့် စုစုပေါင်း တစ်ရက်လျှင် ကျပ်သန်း ၄၁၀(အမေရိကန်ဒေါ်လာ သုံးသိန်းကျော်) ပေးဆောင်ရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် CNTIC နှင့် VPower ကုမ္ပဏီလုပ်ငန်းစုသည် ဒဏ်ငွေများစွာပေးဆောင်ရမည့် အခြေအနေမှ သက်သာခွင့်ရရှိနိုင်ချေ ရှိနေသည်။ ထိုစီမံကိန်းများနှင့် ပတ်သက်၍လည်း ဒဏ်ငွေကောက်ယူမှု အခြေအနေနှင့် စီမံကိန်းအခြေအနေတို့ကို အစိုးရတာဝန်ရှိသူများက ထုတ်ပြန်ကြေညာခြင်းကို မတွေ့ရှိရသေးပေ။

(မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင်တရုတ်၏ပါဝင်မှုကို ISP-Myanmar China Desk တွင် ဖော်ပြထားပါသည်။ အသေးစိတ်ဖတ်ရှုရန် နှိပ်ပါ။)

အခြား

နိုဝင်ဘာ တတိယပတ်အတွင်း ယူနန်ပြည်နယ်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အား ယွမ်ငွေ ၄၆၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆၉၉၀၀ နီးပါး)နှင့် ယွမ်ငွေ ၄၁၀,၀၀၀ခန့် တန်ဖိုးရှိသော ကူးစက်ရောဂါတိုက်ဖျက်ရေး ပစ္စည်းကိရိယာများ လှုဒါန်းခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာတွင် ဖော်ပြထားသည်။ နိုဝင်ဘာလဆန်းပိုင်း၌လည်း ယွမ်ငွေ ရှစ်သန်းခန့် တန်ကြေးရှိ ကူးစက်ရောဂါတိုက်ဖျက်ရေး ပစ္စည်းကိရိယာများ ယူနန်ပြည်နယ်အစိုးရက မြန်မာနိုင်ငံသို့ လှုဒါန်းခဲ့သည်ဟု ဖော်ပြသည်။ ပြည်တွင်းမီဒီယာများ၌လည်း ရန်ကုန်နှင့် မန္တလေး တိုင်းအစိုးရအဖွဲ့များသို့ တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ လှုဒါန်းမှုများကို ဖော်ပြခဲ့ကြသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကန့်သတ်ချက်နှင့် တင်းကျပ်မှုများ ရှိနေသော်လည်း နယ်စပ်ဒေသများမှတဆင့် တရားမဝင် ဝင်ရောက်မှုများလည်း ရှိနေသည်ကို တွေ့ရပါသည်။ ယခုတပတ်အတွင်း သိန္နီမြို့တွင် အထောက်အထားမဲ့ တရုတ်နိုင်ငံသား သုံးဦးကို ဖမ်းမိခဲ့ပါသည်။

The post တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် နိုဝင်ဘာ နောက်ဆုံးပတ် (နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ) appeared first on ISP Myanmar China Desk.

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံခြားရေး – ပိုနေမြဲကျားနေမြဲမူဝါဒ အလုပ်ဖြစ်နိုင်မည်လား
နိဒါန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်  ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရခဲ့တာကြောင့် နောက်ထပ်ငါးနှစ်စာ အစိုးရသက်တမ်းကို ထပ်မံ တာဝန်ယူမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ နိုင်ငံ ခြားဆက်ဆံရေးကို ဆက်လက်ဦးဆောင် မောင်းနှင်ရမှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲ NLD ပါတီ အနိုင်ရခဲ့တုန်းက မြန်မာ့ နိုင်ငံခြားဆက်ဆံရေးအခင်းအကျင်း ပိုမိုအားကောင်းနိုင်တယ် ဆိုတဲ့ ခန့်မှန်း မျှော်လင့်ခဲ့ချက်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အစိုးရအဖြစ် တာဝန်ယူပြီး မကြာခင်မှာပဲ ရိုဟင်ဂျာအရေး ဖြစ်ပွား ခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေးဟာ ပြီးခဲ့တဲ့ ငါးနှစ်တာကာလလုံး ရုန်းကန်နေခဲ့ရပါတယ်။ ဒါ့အပြင် အတိုက်အခံပါတီဘ၀တုန်းက ဆက်ဆံရေးကောင်းမွန်ခဲ့တဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးဟာလည်း လူ့အခွင့်အရေးဝေဖန်မှုတွေကြောင့် ပြန်လည်အေးစက်လာခဲ့ပြီး တရုတ်နဲ့ ဒေသတွင်းနိုင်ငံတွေကို ပိုမို အားကိုးခဲ့တာ တွေ့ရပါတယ်။

ဒီဆောင်းပါးမှာ ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံခြားဆက်ဆံရေးကို အဓိက ဆွေးနွေးမှာဖြစ်ပါတယ်။ လာမယ့် ငါးနှစ်တာကာလမှာ NLD အစိုးရဟာ ယခင်ငါးနှစ်တုန်းက ကျင့်သုံးခဲ့တဲ့ လက်ရှိ နိုင်ငံခြားရေးမူဝါဒကို ပဲ ဆက်လက် ကိုင်စွဲသွားမယ့်ပုံရှိပါတယ်။ အခုချိန်မှာ ရိုဟင်ဂျာအရေး နိုင်ငံတကာဖိအားတွေကြောင့် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်နိုင်တဲ့ အနေအထားရှိမနေပါဘူး။ တဖက်မှာလည်း အမေရိကန်နိုင်ငံရဲ့ ၂၀၂၀ အလွန် အစိုးရသစ်လက်ထက် နိုင်ငံခြားရေးမူဝါဒမှာ လစ်ဘရယ်နှုန်းစံတွေ၊ နိုင်ငံတကာစနစ်တွေဟာ ရှေ့တန်း ရောက်လာဖို့ များတာကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံနဲ့ ဆက်ဆံရေးဟာလည်း ပိုမိုခက်ခဲလာနိုင်ပါတယ်။ ဒါကြောင့် အစိုးရဒုတိယသက်တမ်းနိုင်ငံခြားဆက်ဆံရေးမှာ ရိုဟင်ဂျာအရေးကို ပြင်းပြင်းထန်ထန် မဝေဖန်၊ ဖိအားမပေးတဲ့ တရုတ်နဲ့အခြားဒေသတွေဟာ ပိုမိုအရေးပါလာဖွယ်ရာရှိပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးက ပျားရည်ဆမ်းကာလကို ကျော်လွန်ခဲ့ပုံရပြီး ပြီးခဲ့တဲ့ငါးနှစ်ကထက် ပိုမို သက်ရောက်မှုကြီးမယ့် ဖိအားတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒါအပြင် ကိုဗစ် ကပ်ရောဂါဘေး နောက်ဆက်တွဲ စီးပွားရေး သက်ရောက်မှုတွေကလည်း မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ စီမံကိန်းကြီးတွေကို အလျင်အမြန် အကောင်အထည်ဖော်ဖို့ တွန်းအားတွေဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် အစိုးရသစ်ဟာ မြန်မာနိုင်ငံ  ပြီးခဲ့တဲ့ ငါးနှစ်တာကာလ နိုင်ငံခြားဆက်ဆံရေးကို  ခြေခြေမြစ်မြစ်ပြန်လည် သုံးသပ်မှုတွေ ပြုလုပ်ရပါတော့မယ်။ ပိုမိုတက်ကြွပြီး လက်ဦးမှုရယူတဲ့ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်နိုင်မှသာ နိုင်ငံခြားဆက်ဆံရေး အကျပ်အတည်း ဝဲဂယက်ကနေ ရုန်းထွက်နိုင်ဖို့ မျှော်လင့်ရပါတယ်။

မီးစင်ကြည့်က နိုင်ငံခြားရေး မူဝါဒ

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး အစိုးရသစ်ကို ဖွဲ့စည်းချိန်မှာ  ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ဩဇာတိက္ကမ ကြီးမားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ယူခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေး ကမ္ဘာမှာ ပိုမိုဖြန့်ကျက်လာနိုင်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။။ ဒါပေမဲ့ လက်တွေ့မှာတော့ အစိုးရသစ်တက်ပြီး မကြာခင်မှာပဲ ပေါ်ပေါက်ခဲ့တဲ့ ရိုဟင်ဂျာ အရေးကြောင့် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးအေးစက်ခဲ့ရပြီး နိုင်ငံခြားရေးကိစ္စရပ်တွေမှာ ဒေသတွင်း နိုင်ငံတွေကို ပိုမိုအားပြုခဲ့ရပါတယ်။

နိုင်ငံအလိုက်ပြန်ကြည့်ရင် တရုတ်နိုင်ငံကို လေးကြိမ်နဲ့ အများဆုံး သွားရောက်ခဲ့ပြီး ဂျပန်၊ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံကို သုံးကြိမ်စီ၊ အိန္ဒိယနိုင်ငံကို နှစ်ကြိမ် သွားရောက်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာခရီးစဉ်တွေကို ပြန်ကြည့်ရင်လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ဆက်ဆံရေးအခြေအနေကို ပေါ်လွင်စေပါတယ်။ အစိုးရအဖြစ် စတင်တာဝန်ယူတဲ့ ၂၀၁၆ ခုနှစ်၊ ဧပြီ ၁ ရက်က စပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာအထိ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံပေါင်း ၃၀ ကျော်ကို သွားခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်၊ ကနေဒါနဲ့ အခြား အနောက်ဥရောပနိုင်ငံတွေကို သွားခဲ့တဲ့ ခရီးစဉ်တွေအားလုံးဟာ အစိုးရသစ်ရဲ့ ပထမနှစ် သက်တမ်းအတွင်းသာ ဖြစ်ပါတယ်။  ရိုဟင်ဂျာကိစ္စအရှိန်ရပြီးတဲ့ ၂၀၁၇ ခုနှစ်၊ ဩဂုတ် နောက်ပိုင်းမှာ အနောက်နိုင်ငံတွေကို သွားရောက်ခြင်း မရှိတော့ပါဘူး။ (၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ နယ်သာလန်နိုင်ငံကို သွားခဲ့ပေမဲ့ ဒါဟာလည်း နိုင်ငံတကာခုံရုံးမှာ လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ စွဲချက်တွေကို ဖြေရှင်းဖို့ သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်)။ တခြားသွားရောက်ခဲ့တဲ့ ခရီးစဉ် ၂၄ ခုမှာ အများစုက အာဆီယံနဲ့ ဒေသတွင်းက အခြားနိုင်ငံတွေကို ဖြစ်ပါတယ်။ နိုင်ငံအလိုက်ပြန်ကြည့်ရင် တရုတ်နိုင်ငံကို လေးကြိမ်နဲ့ အများဆုံး သွားရောက်ခဲ့ပြီး ဂျပန်၊ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံကို သုံးကြိမ်စီ၊ အိန္ဒိယနိုင်ငံကို နှစ်ကြိမ် သွားရောက်ခဲ့ပါတယ်။

ဒါကြောင့် နောင်လာမယ့် နှစ်တွေမှာလည်း ရိုဟင်ဂျာ အရေးနိုင်ငံတကာဖိအားတွေရဲ့ အကျိုးဆက်ကြောင့် ပေါ် ပေါက်လာတဲ့ တရုတ်နဲ့ ဒေသတွင်းနိုင်ငံတွေအပေါ် အားပြုသော နိုင်ငံခြားရေးမူဝါဒဟာ ကြီးကြီးမားမား ပြောင်း လဲမယ့်ပုံ မရှိဘူးလို့ ပဏာမသုံးသပ်ရပါတယ်။ အခုချိန်မှာ သံတမန်ရေး ပြဿနာရဲ့ အရင်းခံဖြစ်တဲ့ ရိုဟင်ဂျာ လူ့အခွင့်အရေး ပြဿနာတွေကို နိုင်ငံတကာက လက်ခံနိုင်လောက်တဲ့ ဖြေရှင်းမှုမျိုး ပေးနိုင်မယ့် အနေအထားမျိုး မရှိသလို နိုင်ငံတကာ ဖိအားတွေကို လျှော့ချနိုင်တဲ့ သံတမန်ရေး အားထုတ် ဆွေးနွေးမှုမျိုးလည်း မတွေ့ရသေးပါဘူး။  ဒါ့အပြင် NLD ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ခေတ်အဆက်ဆက်က စွဲကိုင်ခဲ့တဲ့ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးအခြေခံမူတွေ၊ လွတ်လပ်စွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးရပ် စတဲ့ အခြေခံမူတွေထက် ကျော်လွန်တဲ့ တိကျတဲ့ နိုင်ငံခြားရေးမူဝါဒတွေ၊ မဟာဗျူဟာတွေကို ချပြတာ၊ ဆွေးနွေးတာမျိုး မတွေ့ရသေးပါဘူး။ ဒါကြောင့် NLD ဒုတိယသက်တမ်း နိုင်ငံခြားရေးမူဝါဒဟာလည်း တရုတ်နဲ့ ဒေသတွင်းနိုင်ငံတွေကိုပဲ အဓိက အားထားရမယ့်အနေအထားမှာရှိပါတယ်။

အမေရိကန်အစိုးရအပြောင်းအလဲနဲ့ လစ်ဘရယ်နှုန်းစံအခြေပြုနိုင်ငံခြားရေး

မြန်မာနိုင်ငံရဲ့  ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ဟာ နိုင်ငံခြားရေးမူဝါဒအပေါ် များစွာ သက်ရောက်မှု မရှိပေမယ့် နိုဝင် ဘာ ၃ ရက်က ပြုလုပ်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် ရှုံးနိမ့်ပြီး ဂျိုးဘိုင်ဒန်က သမ္မတ အဖြစ်အရွေးခံရတာကြောင့် အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အပြောင်းအလဲတွေ ကြီးကြီးမားမားရှိလာမှာပါ။

ထရမ့်လက်ထက်  အမေရိကန်နိုင်ငံခြားရေးမူဝါဒမှာ မြန်မာနိုင်ငံဟာ မထင်မရှားရှိနေခဲ့သလို ရိုဟင်ဂျာ အရေးမှာ လည်း အထူးအာရုံစိုက်မခံခဲ့ရပါဘူး။ ဒါပေမယ့်  ဘိုင်ဒန် ဦးဆောင်တဲ့ အစိုးရသစ်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ လစ်ဘရယ်တန်ဖိုးနှုန်းစံတွေကို ပိုပြီးအလေးပေးလာမှာကြောင့် ရိုဟင်ဂျာ အရေးဟာ အမေရိကန်ရဲ့ မြန်မာမူဝါဒအပေါ် အဓိက လွှမ်းမိုးလာမယ့် အလားအလာရှိပါတယ်။ သမ္မတသစ် လက်ထက်မှာ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် လျာထားခြင်းခံရတဲ့ အန်တိုနီဘလင်ကန်ဟာ သမ္မတ အိုဘားမား လက်ထက်မှာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် ရိုဟင်ဂျာအရေးကို အလေးထား ဆွေးနွေးနေခဲ့သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက ရိုဟင်ဂျာအရေးဖြစ်ပွားခဲ့တာ သုံးနှစ်ပြည့်ပြီဖြစ်ပြီး ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ တရားမျှတမှု ဖော်ဆောင်နိုင်ရေး ဆောင်ရွက်သွားမယ် ဆိုပြီး သူရဲ့ တွစ်တာမှာ ရေးခဲ့ပါသေးတယ်။ ဒီအချက်အလက်တွေကို သုံးသပ်ရင် အမေရိကန်အစိုးရသစ်လက်ထက်မှာ ရိုဟင်ဂျာအရေးကို ပိုမို အာရုံစိုက်လာဖွယ်ရှိပါတယ်။

အမေရိကန်ရဲ့ တရုတ်မူဝါဒမှာ မြန်မာနိုင်ငံရဲ့ အရေးပါမှု တိုးတက်လာနိုင်ပေမယ့် ဒါဟာ အမေရိကန်ရဲ့ ရိုဟင်ဂျာအရေးအပေါ်မှာ ထားရှိမယ့် မူဝါဒအပေါ်မှာ များစွာသက်ရောက်နိုင်မှာမဟုတ်ပါဘူး။

အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား အားပြိုင်မှုတွေကတော့ အစိုးရသစ်လက်ထက်မှာလည်း ဆက်လက် ရှိနေဦးမှာ ဖြစ်ပေမဲ့ ဒီအားပြိုင်မှုတွေကို ကိုင်တွယ်တဲ့ ဗျူဟာတွေ၊ နည်းနာတွေမှာတော့ ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာရေးရာတွေမှာ အမေရိကန်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ပြန်လည်မြှင့်တင်လာတာ၊ မဟာမိတ်တွေနဲ့ ပိုမို ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာနိုင်တာ၊ နိုင်ငံတကာ အဖွဲ့အစည်း၊ အသင်းအပင်းတွေ ပိုမိုအားကောင်းရေးကို ဆောင်ရွက်လာမယ့် အလားအလာတွေရှိပါတယ်။ အမေရိကန်ရဲ့ တရုတ်မူဝါဒမှာ မြန်မာနိုင်ငံရဲ့ အရေးပါမှု တိုးတက်လာနိုင်ပေမယ့် ဒါဟာ အမေရိကန်ရဲ့ ရိုဟင်ဂျာအရေးအပေါ်မှာ ထားရှိမယ့် မူဝါဒအပေါ်မှာ များစွာသက်ရောက်နိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် အမေရိကန် အစိုးရသစ်ရဲ့ နိုင်ငံခြားရေးမူဝါဒတွေ ခိုင်ခိုင်မာမာပုံပေါ်မလာခင်မှာ မြန်မာနိုင်ငံအနေနဲ့ အမေရိကန်ရဲ့ မြန်မာမူဝါဒကို သက်ရာက်ပုံဖော်နိုင်ဖို့ သံတမန်ရေးရာအရ တက်ကြွစွာကြိုးပမ်းသင့်ပါတယ်။ တခု သတိပြုစရာက ဒီဆောင်းပါးရေးသားနေတဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့ အထိ မြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ကို ဝမ်းမြောက်ကြောင်း သဝဏ်လွှာမပို့ရသေးပါဘူး။ မြန်မာနိုင်ငံအနေနဲ့ အမေရိကန် အစိုးရသစ်ရဲ့ အာရှမူဝါဒ၊ တရုတ်နိုင်ငံမူဝါဒတွေမှာ ရိုဟင်ဂျာအရေး နဲ့ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍတွေ ကို ပုံဖော်လွှမ်းမိုးနိုင်ဖို့ လက်ဦးမှုရယူပြီး တက်တက်ကြွကြွ ချိတ်ဆက်ဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်နေပါပြီ။

ပျားရည်ဆမ်းအလွန် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး

အနောက်နိုင်ငံတွေရဲ့ ဖိအားတွေ မြင့်တက်လာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးချိန်ခွင်လျှာဟာ တရုတ်ဘက်ကို ပိုအလေးသာလာမှာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ-တရုတ် ဆက်ဆံရေးရဲ့ ပထမငါးနှစ်တာ ပျားရည်ဆမ်းကာလ ပြီးဆုံးပြီး  လာမယ့်ငါးနှစ်အတွင်း ပိုပြီးလက်တွေ့ကျတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်လာရဖွယ်ရှိပါတယ်။

ပြီးခဲ့တဲ့ ငါးနှစ်ကာလအပြီးမှာ တရုတ်နိုင်ငံကအကောင်အထည်ဖော်ဖို့ တိုက်တွန်းနေတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်း၊ ရန်ကုန်မြို့သစ်စီမံကိန်း၊ မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်း စတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေဟာ မျှော်မှန်းသလောက် ခရီးမပေါက်ဘဲ ကြန့်ကြာမှုတွေရှိနေတာကြောင့် တရုတ်နိုင်ငံအနေနဲ့ အားမလိုအားမရမှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ တရုတ်နဲ့ ဆက်ဆံရေးကို ထိန်းညှိဖို့အတွက် ဂျပန်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေနဲ့ စီးပွားရေးအရ၊ လုံခြုံရေးအရ အကူအညီတွေ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နေတာကြောင့် ဒါဟာ တရုတ်နိုင်ငံအတွက် စိတ်အနှောက်အယှက် ဖြစ်စေနိုင်တဲ့ အနေအထားမှာရှိပါတယ်။ အထူးသဖြင့်  ဂျပန်နိုင်ငံ ရဲ့ အထူးကိုယ်စားလှယ်ဖြစ်တဲ့ မစ္စတာ ဆာဆာကာဝါဟာ  ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ အကန့်အသတ်အတွေကြားကပဲ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကိုလာရောက် လေ့လာခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ခဲ့တာ၊ မြန်မာ့ငြိမ်းချမ်းရေးမှာ ပိုပြီး ထဲထဲဝင်ဝင် ပါဝင်လာတာတွေက တရုတ်နိုင်ငံကို ရတက်မအေး ဖြစ်စေနိုင်ပါတယ်။

တဖက်မှာလည်း ရွေးကောက်ပွဲကာလအတွင်း မြန်မာနိုင်ငံပြည်သူတွေအကြား တရုတ်ဆန့်ကျင်ရေး အာဘော် တွေ အတော်ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေခဲ့တာလည်း သတိချပ်စရာပါ။ ဒါက လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသာ ရွေးကောက်ပွဲမှာ ဆက်လက်အနိုင်မရင် တရုတ်နိုင်ငံရဲ့ မြေပုံထဲမှာ မြန်မာပြည်ပါသွားမယ်။ မြန်မာတွေ တရုတ်စာသင်ထားရတော့မယ် စတဲ့ အာဘော်တွေက လူမှုကွန်ရက် သုံးစွဲသူတွေအကြား ပျံနှံ့နေခဲ့တာပါ။

ဒါကြောင့် NLD အစိုးရ ဦးဆောင်မယ့် ဒုတိယငါးနှစ်သက်တမ်းမှာတော့ တရုတ်နိုင်ငံအနေနဲ့ သူတို့ရဲ့ အကျိုးစီးပွား အကောင်အထည်ဖော်ရေးကို ပထမငါးနှစ်ကထက် ပိုမိုတိုက်တိုက်တွန်းတွန်းရှိလာမယ်လို့ သုံးသပ်ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရုတ်ကို စီးပွားရေး၊ နိုင်ငံရေး၊ သံတမန်ရေးရာအရ ပိုမိုမှီခိုလာရတာကြောင့် အလျော့အတင်းလုပ်နိုင်တဲ့ အခွင့်အလမ်း နည်းပါးနေပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးမှာ တရုတ်နိုင်ငံက အသာစီး ရရှိနေတာကြောင့် တရုတ်ရဲ့ တွန်းအားတွေကို လွန်ဆန်ဖို့ ပိုမိုခက်ခဲလာနိုင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာလည်း ကပ်ဘေးရဲ့ တိုက်ရိုက်သက်ရောက်မှုဖြစ်တဲ့ ပြည်သူလူထုရဲ့ ကျမ်းမာရေးဆိုင်ရာ ထိခိုက်မှုတွေသာမက နောက်ဆက်တွဲ ရိုက်ခတ်မှုတွေဖြစ်တဲ့ လူမှုစီးပွားသက်ရောက်မှုတွေကိုပါ ခါးစည်းခံနေရတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေး ပြန်လည်ထူထောင်ဖို့အတွက် ပမာဏကြီးမားတဲ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေကို ပိုမိုလိုလားလာနိုင်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးစင်္ကြံလမ်းစီမံကိန်းတွေ အတွက် တွန်းအား တရပ်ဖြစ်လာနိုင်ပါတယ်။

တဖက်မှာလည်း ရွေးကောက်ပွဲကာလအတွင်း မြန်မာနိုင်ငံပြည်သူတွေအကြား တရုတ်ဆန့်ကျင်ရေး အာဘော် တွေ အတော်ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေခဲ့တာလည်း သတိချပ်စရာပါ။ ဒါက လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီသာ ရွေးကောက်ပွဲမှာ ဆက်လက်အနိုင်မရင် တရုတ်နိုင်ငံရဲ့ မြေပုံထဲမှာ မြန်မာပြည်ပါသွားမယ်။ မြန်မာတွေ တရုတ်စာသင်ထားရတော့မယ် စတဲ့ အာဘော်တွေက လူမှုကွန်ရက် သုံးစွဲသူတွေအကြား ပျံနှံ့နေခဲ့တာပါ။ အဲဒီပြောဆိုချက်တွေဟာ Subscribers သောင်းနဲ့ သိန်းနဲ့ချီသလို ဗီဒီယိုကြည့်ရှုနှုန်း သန်းနဲ့ချီရှိတဲ့ သတင်းဌာနအမည်ခံ ယူကျူ့ချန်နယ်(Youtube Channel) တချို့ကနေ စတင်ပျံ့နှံ့လာခဲ့ပြီး လူမှုကွန်ရက်သုံးစွဲသူတွေအကြား နှစ်ခြိုက်မှုနဲ့ မျှဝေမှုတွေ သောင်းဂဏန်းရှိခဲ့ပါတယ်။ ဒီအာဘော်တွေက တရုတ်နိုင်ငံ အပေါ်မှာရှိတဲ့ မြန်မာပြည်သူတွေရဲ့ အမြင်တွေကို ဘယ်လောက်အတိုင်းအတာထိ ထင်ဟပ်နိုင်မလဲဆိုတာ တိုင်းတာရတာ ခက်ခဲပေမဲ့ တရုတ်အပေါ်မှာ အပြုသဘောမဆောင်တဲ့ အမြင်တွေက ပြည်သူလူထုအကြားမှာ အတော်အတန်ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအချက်တွေကလည်း တရုတ်နိုင်ငံက တိုက်တွန်းနေတဲ့ စီးပွားရေး စင်္ကြံလမ်းစီမံကိန်းတွေ အကောင်အထည် ဖော်ရေးမှာ ရင်ဆိုင်ရဖွယ်ရှိတဲ့ စိန်ခေါ်မှုတရပ်ဖြစ်ပါတယ်။

ရိုဟင်ဂျာအရေးကြောင့် ဆက်လက်ရှိနေဦးမယ့် သံတမန်ရေးရာ အကန့်အသတ်တွေအကြား တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်နေဖို့ လိုအပ်သလို တရုတ်နိုင်ငံရဲ့ ဘက်မညီဆက်ဆံရေး ပိုမိုကြီးထွားမလာရေး၊ ပြီးတော့ ပြည်သူလူထုရဲ့ တရုတ်ဆန့်ကျင်ရေးအမြင်တွေအကြား တရုတ်ရဲ့စီမံကိန်းတွေ အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်ရေး တွန်းအားတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာဟာ လာမယ့်ငါးနှစ်အစိုးရသက်တမ်းအတွက် စမ်းသပ်မှုတရပ်အဖြစ် ဆက်လက်ရှိနေမယ်လို့ သုံးသပ်ရပါတယ်။

အရင်ငါးနှစ်ရဲ့ နောက်ဆက်တွဲအဖြစ်နဲ့ ပိုနေမြဲ ကျားနေမြဲ နိုင်ငံခြားရေးမူဝါဒကိုပဲ ဆက်ကျင့်သုံးနေမယ်ဆိုရင် မြန်မာ့အကျိုးစီးပွားကို မဆောင်ကျဉ်းနိုင်ရုံသာမက အဆုံးရှုံးကြီးစေနိုင်ကြောင်း သုံးသပ်ရပါတယ်။

နိဂုံး

ပြန်ချုပ်ရရင် လက်ရှိအခြေနေအတိုင်းဆိုရင် ရွေးကောက်ပွဲလွန်အစိုးရသစ်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အပြောင်းအလဲ များမျာစားစား တွေ့ရဖွယ်မရှိပါဘူး။ ရိုဟင်ဂျာအရေး သံတမန်ရေး အကန့်အသတ်တွေကြားထဲမှာ မြန်မာ့နိုင်ငံခြားဆက်ဆံရေးဟာ တရုတ်နဲ့ ဒေသတွင်းနိုင်ငံတွေကို အားပြုနေရဦးမှာပါပဲ။  မြန်မာနိုင်ငံဟာ အမေရိကန် အပါအဝင်အနောက်နိုင်ငံတွေနဲ့ အကျိုးစီးပွားချိတ်ဆက်မှုအားနည်းတာကြောင့်  အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးမပြေလည်ခြင်းဟာ ပြဿနာမဟုတ်ပါဘူး၊ ဒေသတွင်းနိုင်ငံတွေနဲ့ အဆင်ပြေရုံနဲ့ လုံလောက်ပါတယ် ဆိုတဲ့စဉ်းစားချက်မျိုးက အလုပ်မဖြစ်နိုင်ပါဘူ။ တရုတ်နိုင်ငံနဲ့ ပျားရည်ဆမ်းကာလ ဆက်ဆံရေးကလည်း ကျော်လွန်သွားပါပြီ။ လာမယ့်ငါးနှစ်မှာတော့ တရုတ်နိုင်ငံဘက်က နှောင့်နှေးနေတဲ့ သူတို့ရဲ့စီမံကိန်းတွေနဲ့ အခြားအကျိုးစီးပွားတွေကို ပိုမိုတွန်းအားပေးဖော်ဆောင်လာနိုင်ပါတယ်။ ဒီသံတမန်ရေးရာအကျပ်အတည်းတွေကနေ ဖောက်ထွက်ဖို့ အတွက် ရွေးကောက်ပွဲအလွန် အစိုးရသစ်ရဲ့ နိုင်ငံခြားရေးမူဝါဒကို ပုံဖော်သူတွေဟာ တက်တက်ကြွကြွနဲ့ ကိုယ့်ဘက်ကစလို့ နိုင်ငံတကာကို ချဉ်းကပ် ချိတ်ဆက်ပြီး မူဝါဒအခင်းအကျင်းသစ်ကို တီထွင်ကြံစမှုရှိရှိနဲ့ လက်ဦးမှုရှိရှိ ဖန်တီး အားထုတ်သင့်ပါတယ်။ အရင်ငါးနှစ်ရဲ့ နောက်ဆက်တွဲအဖြစ်နဲ့ ပိုနေမြဲ ကျားနေမြဲ နိုင်ငံခြားရေးမူဝါဒကိုပဲ ဆက်ကျင့်သုံးနေမယ်ဆိုရင် မြန်မာ့အကျိုးစီးပွားကို မဆောင်ကျဉ်းနိုင်ရုံသာမက အဆုံးရှုံးကြီးစေနိုင်ကြောင်း သုံးသပ်ရပါတယ်။

ခင်ခင်ကျော်ကြီး

၂၇.၁၁.၂၀၂၀

ခင်ခင်ကျော်ကြီးသည် ISP-Myanmar ၏ China Desk တာဝန်ခံနှင့် သုတေသနဌာန လက်ထောက်ဒါရိုက်တာဖြစ်သည်။

အယ်ဒီတာမှတ်ချက်

မြန်မာနိုင်ငံတွင် တည်ဆဲအစိုးရအဖွဲ့နှင့် မီဒီယာများက “ရိုဟင်ဂျာ” အစား ‘ဘင်္ဂါလီ’ ဟု သုံးစွဲပါသည်။

The post ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံခြားရေး – ပိုနေမြဲကျားနေမြဲမူဝါဒ အလုပ်ဖြစ်နိုင်မည်လား appeared first on ISP Myanmar China Desk.

တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် နိုဝင်ဘာ ပထမပတ် (အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ)
ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာဆက်ဆံရေးနှင့် သက်ဆိုင်သော ပြည်တွင်းပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၈၀ နီးပါးကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများမှ အလေးပေးအာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို ISP-Myanmar China Desk မှ အနှစ်ချုပ် ဖော်ပြပေးမည် ဖြစ်ပါသည်။

နိုင်ငံတကာသတင်းစာမျက်နှာများပေါ်မှ မြန်မာနိုင်ငံနှင့်ဆက်စပ်သောတရုတ် သတင်းများ

ယခုရက်သတ္တပတ်အတွင်း နိုင်ငံတကာသတင်းစာများတွင် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲသတင်းများက ကြီးစိုးနေသော်လည်း အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ပထဝီနိုင်ငံရေးဆိုင်ရာသတင်းများကလည်း နိုင်ငံတကာသတင်းမျက်နှာစာတွင်သာမက မြန်မာပြည်တွင်းသတင်းဌာနများတွင်ပါ အလေးပေးဖော်ပြလာခဲ့သည်။ ယခင် အောက်တိုဘာ စတုတ္ထပတ် သတင်းအနှစ်ချုပ်တွင် အိန္ဒိယ သတင်းဌာနများ၏ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ပထဝီနိုင်ငံရေးဆိုင်ရာ အခင်းအကျင်းများကို ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတကာသတင်းစာမျက်နှာများပေါ်မှ မြန်မာနိုင်ငံနှင့်ဆက်စပ်သောတရုတ် သတင်းများတွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးအတွက် အထောက်အပံ့ပစ္စည်းများ လှူဒါန်းမှုသတင်းများ၊ လန်ချန်း-မဲခေါင်နှင့်ဆက်စပ်သော သတင်းများအပြင် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ပထဝီနိုင်ငံရေးဆိုင်ရာသတင်းများကို အများအပြား ပိုမိုတွေ့မြင်လာရသည်။ အိန္ဒိယသတင်းစာများတွင် ကုလားတန်စီမံကိန်းရှေ့ဆက်မရမှုများ၊ ရခိုင်ဒေသရှိ တိုက်ပွဲများအပြင် ယူနန်ပြည်နယ်တွင် အခြေစိုက်နေထိုင်နေသည့် နာဂဒေသရှိ လက်နက်ကိုင်အဖွဲ့များ အကြောင်း၊ ကျောက်ဖြူရှိ တရုတ်စီမံကိန်းများသည် အကြွေးထောက်ချောက်တခုဖြစ်လာမည်ကို စိုးရိမ်သင့်ကြောင်း အိန္ဒိယသတင်းဌာန Hindustan Times ကရေးသားဖော်ပြခဲ့သည်။ အဆိုပါ သတင်းနှင့် ခေါင်းစဉ်တူနှင့် ကျောရိုးတူ သတင်းများကို အိန္ဒိယသတင်းဌာနအများအပြားနှင့် အနောက်တိုင်းသတင်းဌာနအချို့ တွင်လည်း ဖော်ပြခဲ့ပြီး မြန်မာနိုင်ငံနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးသံခင်းတမန်ခင်းသတင်းများကိုပါ ဖော်ပြခဲ့သည်။ မြန်မာပြည်တွင်း သတင်းဌာနတခုဖြစ်သော ဧရာ၀တီသတင်းဌာနကလည်း “ကုလားတန်စီမံကိန်းကို ပစ်မှတ်ထားတဲ့ နောက်ကွယ်မှာ တရုတ်လက်ပါနေဟု အိန္ဒိယ သတင်းစာဖော်ပြ” ၊ “အိန္ဒိယသူပုန်များကို ကူညီရန် တရုတ်ခြိမ်းခြောက်မှု နောက်ကွယ်” ဟူသော သတင်းများကို ပြန်လည်ဖော်ပြရေးသားခဲ့သည်။ ထိုသို့ တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့၏ အာရှအင်အားပြိုင်ဆိုင်မှုနှင့် နယ်စပ်တင်းမာမှုအလွန် လေလှိုင်းမီဒီယာတိုက်ပွဲများအကြားတွင် မြန်မာ့အရေးကိစ္စများကိုလည်း ထည့်သွင်းဖော်ပြကာ ရေးသားဖော်ပြနေမှုများသည် ပထဝီနိုင်ငံရေးအကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ရာ  မြန်မာနိုင်ငံ အနေဖြင့်အလေးထားစောင့်ကြည့်သင့်ပါသည်။

တရုတ်ကုမ္ပဏီများ ဝင်ရောက်ယှဉ်ပြိုင်ထားသော ရန်ကုန်မိုးပျံရထားလမ်း စီမံကိန်း

ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်ရန် မိုးပျံရထားလမ်းစီမံကိန်းကို ရန်ကုန်မြို့အရှေ့နှင့် အနောက်ကို ဆက်သွယ်မည့် လမ်းကြောင်း (၂) အတွက် တိုးကြောင်ကလေး(ဒဂုံမြို့သစ်တောင်ပိုင်း)မှ လှိုင်သာယာအထိ ဘူတာပေါင်း ၂၄ ခု ကို  တည်ဆောက်မည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောကြားထားသည်။ အဆိုပါ မိုးပျံရထားလမ်းစီမံကိန်းကို ဂျပန်နိုင်ငံ JICA မှ စီမံကိန်းဖော်ဆောင်ရန်အဓိကထား ဦးဆောင်နေသော်လည်း စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံမှ ကုမ္ပဏီများအပြင် အခြားပြည်တွင်းပြည်ပ ကုမ္ပဏီများလည်း ပါဝင်ရန် အဆိုပြုထားကြသည်။ လမ်းကြောင်း (၂) အတွက် စီမံကိန်း ပထမအဆင့်အနေဖြင့် လှိုင်သာယာမှ ပါရမီအထိ ဦးစားပေး တည်ဆောက်နိုင်ရန် ဂျပန်ကုမ္ပဏီတခုနှင့် အသေးစိတ်ညှိနှိုင်းနေပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စတင်နိုင်ရန် လျာထားကြောင်းသိရသည်။ ထို့အပြင် လမ်းကြောင်း (၂)  စီမံကိန်းများ ပြီးစီးပါက ရန်ကုန်မြို့တောင်နှင့် မြောက်ကို ဆက်သွယ်မည့် လမ်းကြောင်း (၁) အတွက် ဒလမှ မင်္ဂလာဒုံ အထိ ဘူတာပေါင်း ၂၂ ခု ကို  တည်ဆောက်မည်ဟု ဆိုသည်။ ရန်ကုန်မိုးပျံရထား လမ်းကြောင်း (၁)၏ အစိတ်အပိုင်းတခုဖြစ်သော ကြည့်မြင်တိုင်မှ မင်္ဂလာဒုံ ၊ မင်္ဂလာဒုံမှ မြောက်ဥက္ကလာ လမ်းပိုင်းကို China Railway Eryuan Engineering Group Co., Ltd.(CREEC) မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ အကုန်အကျခံကာ ရင်းနှီးမြှုပ်နှံရန် အဆိုပြုထားသည်။ CREECသည် ရပ်ဝန်းလမ်းကြောင်းအစီအမံ(BRI) ဦးဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည်။

(ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်းသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း၏ အစိတ်အပိုင်းတခုဖြစ်ပါသည်။ မြေပုံတွင် အသေးစိတ်ကြည့်ရှုရန် နှိပ်ပါ။)

မြန်မာ့ရွေးကောက်ပွဲနှင့် တရုတ်

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ အသုံးပြုခဲ့သော  ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများမှာ တရုတ်နိုင်ငံမှ ဝယ်ယူထားခဲ့ခြင်းဖြစ်ပြီး၊ သယ်ယူပို့ဆောင်စရိတ်အပါအဝင် ယူရို ၂၃ သန်းကျော်ဖိုးကျသင့်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း Myanmar Timesသတင်းဌာနတွင် ဖော်ပြခဲ့သည်။ ဝယ်ယူခဲ့သော ပစ္စည်းများတွင် KN95 Mask များ၊ PPE Medical Protective clothing များ၊ Medical Cap များ၊ Goggles များ ပါဝင်ပြီး အောက်တိုဘာ ၁၈ ရက်မှ စတင်၍ နိုဝင်ဘာ ၃ ရက်အထိ ရန်ကုန်နှင့် မန္တလေး လေဆိပ်များသို့ စုစုပေါင်း ၁၁၄ ခေါက်ကျော် ရောက်ရှိပို့ဆောင်ခဲ့ပါသည်။

ထို့အပြင် ရွေးကောက်ပွဲတွင် NLDကို မဲပေးထောက်ခံခြင်းက တရုတ်ထောက်ခံခြင်း ဖြစ်သည်ဟူသော ဆောင်းပါး တပုဒ်ကိုလည်း Asia Times media ကဖော်ပြခဲ့သည်။ NLDသည် ယခင်နှစ်များတွင် တရုတ်လိုလားသော မူဝါဒများကို ကိုင်စွဲထား၍ မြန်မာပြည်တွင်း၌ တရုတ်တို့ လွှမ်းမိုးမှု ကြီးထွားလာပြီး ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများကို မဲပေးထောက်ခံခြင်းက အငြင်းပွားဖွယ် တရုတ်စီမံကိန်းများကို လူ့အဖွဲ့အစည်းအောက်ခြေအဆင့်တွင် ဆန့်ကျင်နိုင်ရန် အထောက်အကူပြုလိမ့်မည်ဟု ဖော်ပြထားသည်။

ရွေးကောက်ပွဲနှင့် ဆက်စပ်သော နောက်ထပ် သတင်းတစ်ပုဒ်အနေဖြင့် မူဆယ်မြို့နယ် ပန်ဆိုင်း (ကြူကုတ်) မြို့ ရပ်ကွက် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်၌ မဲရုံဖွင့်လှစ်၍ ကြိုတင်မဲပေးခြင်းလုပ်ငန်းနှင့် မဲပုံထားရှိ သိမ်းဆည်းခြင်းကို SNLD ကိုယ်စားလှယ်လောင်းက ကန့်ကွက်ခဲ့သောကြောင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်က မဲပုံးများအား စာသင်ကျောင်းသို့ ပြောင်းရွှေ့ထားရှိစေခဲ့ကြောင်း Eleven Media Group က ဖော်ပြထားသည်။ မဲရုံထားရှိသော အိမ်သည် စောင့်ကြည့်လေ့လာသူများအတွက် သွားလာရန်ခက်ခဲခြင်း၊ မဲရုံကို စီမံခန့်ခွဲနေသူများနှင့် လာရောက်မဲပေးသူအားလုံးမှာ တရုတ်ဘာသာစကားသာ ပြောဆိုသောကြောင့် နားလည်ရခက်ခဲခြင်း၊ ကြိုတင်မဲပေးခြင်းအပြင် ကိုယ်စားပြုလာရောက်မဲပေးခြင်းများလည်း ရှိနေခြင်းတို့ကြောင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ မြန်မာ့ရွေးကောက်ပွဲကာလအတွင်း မီဒီယာများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ(NGOs) များကို အစိုးရမေးလ်လိပ်စာအတုများဖြင့် ဆိုက်ဘာတိုက်ခိုက်မှုများ ရှိခဲ့ပြီး တရုတ်နိုင်ငံမှ ဟက်ကာများ၏ ခြိမ်းခြောက်မှု ဖြစ်သည်ဟု နည်းပညာသတင်းဌာနတခုဖြစ်သော Security Week တွင် ဖော်ပြထားသည်။

အခြား

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် မြန်မာဘက်မှ ကုန်သွယ်ရေးလိုငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံခန့် ရှိကြောင်း Global New Light of Myanmar သတင်းစာတွင်ဖော်ပြထားသည်။ တရုတ်ဘက်မှ အကောက်ခွန်နှုန်းထားများ မြင့်မားခြင်း၊ ယခုနှစ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် တရုတ်ဘက်မှ စည်းမျဉ်းတင်းကျပ်မှုများ များလာခဲ့ခြင်း၊ တရားမဝင် နယ်စပ်ကုန်သွယ်ရေး အရှိန်ကောင်းနေခြင်းတို့ကြောင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွင် သိသိသာသာ ပြောင်းလဲမှုမရှိသော်လည်း နှစ်နိုင်ငံ ကုန်သွယ်ရေးတွင်မူ မြန်မာနိုင်ငံဘက်မှ ကုန်သွယ်ရေးလိုငွေ ပမာဏများခဲ့ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ တယ်ဟုန်ပြည်နယ်ခွဲအစိုးရက မြန်မာနိုင်ငံရှိ တရုတ်-မြန်မာချစ်ကြည်ရေးအသင်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းအပါအဝင် အဖွဲ့အစည်းအသီးသီးသို့ ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း တရုတ်သံရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ ထို့အပြင် ရှမ်းပြည်နယ်အစိုးရသို့လည်း တရုတ်ယွမ်ငွေ ငါးသိန်းခန့် တန်ဖိုးရှိ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းများ လှူဒါန်းခဲ့သည်။

မှုခင်းသတင်းများအရ နိုဝင်ဘာ ၃၀ရက့်တွင် တရုတ်-မြန်မာ မူဆယ်ရှိ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် မြန်မာကျပ်ငွေ သိန်း၁၀၀၀ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းဖော်ပြချက်ရှိခဲ့သည်။ အခြားသတင်းများအရ ဆယ်လအတွင်း လူကုန်ကူးမှုပေါင်း ၉၈ခု တိုင်တန်းမှုရှိခဲ့ရာ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် အများဆုံး ဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူ ၁၄၀ကျော်မှာ တရုတ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံများသို့ ပို့ဆောင်၍ အဓမ္မ လုပ်အားခိုင်းစေခြင်း၊ ထိန်းမြားလက်ထပ်စေခြင်းနှင့် ပြည့်တန်ဆာပြုစေခြင်းများ ရှိခဲ့သည်ဟု ဖော်ပြထားသည်။

The post တရုတ်-မြန်မာဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ်  နိုဝင်ဘာ ပထမပတ် (အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ) appeared first on ISP Myanmar China Desk.