Social Archives - ISP Myanmar China Desk
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်း (၂၀၂၃ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလ အထိ)
( ISP-Myanmar က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်က စတင်ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ဇန်နဝါရီ ၃၁ ရက်နေ့အထိ ထပ်မံဖြည့်စွက် ဖော်ပြထားခြင်းဖြစ်သည်။)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ အငြင်းပွားဖွယ်ရာအဖြစ် ဆက်ရှိနေသည်။ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် မြန်မာ့အရေး ဆွေးနွေးကြရာ၌ တရုတ်နိုင်ငံသည် အာဏာသိမ်း စစ်ကောင်စီဘက်မှ အကြိမ်ကြိမ် ရပ်တည်ခဲ့သဖြင့် ပြည်တွင်း၌လည်း တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ဆန္ဒပြပွဲများ ဖြစ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံ အတွင်းရှိ နိုင်ငံရေး အပြောင်းအလဲများသည် ပြည်တွင်းရေးသားဖြစ်ပြီး ပြင်ပဖိအားဖြင့် ဝင်ရောက် စွက်ဖက် ခြင်း မပြုလုပ်ကြရန် တရုတ်နိုင်ငံက အကြိမ်ကြိမ် ပြောခဲ့ပါသည်။
၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်နိုင်ငံ၏ ရပ်တည်ချက်များသည် တရုတ်- မြန်မာ ဆက်ဆံရေးအပေါ် ပုံဖော်ခဲ့သည့် နည်းတူ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး ဖြစ်စဉ်များတွင် လည်း တရုတ်၏ လွှမ်းမိုးမှုများရှိခဲ့သည်။ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့ခြင်းများပြု လုပ်ခဲ့သော်လည်း ကုလသမဂ္ဂ စင်မြင့်အပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် စစ်အစိုးရကို ကာကွယ်ပေးခြင်း၊ နယ်စပ်စီးပွားရေး လမ်းကြောင်းများကို ဖွင့်လှစ်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းကို တရုတ်နိုင်ငံက ဖော်ဆောင်ခဲ့သဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသော မိတ်ဖက်နိုင်ငံတခုအဖြစ် ပေါ်ထွက်လာခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ယခုဖြစ်ခဲ့သည့် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်၏ တုန့်ပြန်မှု၊ နိုင်ငံတကာ အသိုင်းအဝိုင်း၌ ရပ်တည်ပေးမှု၊ စစ်ကောင်စီနှင့် အပြန်အလှန်ထိတွေ့ ဆက်ဆံမှုများသည် တရုတ်၏ မြန်မာ နိုင်ငံပေါ်ထားရှိသည့် ရပ်တည်ချက်၊ မူဝါဒ၊ သဘောထားမျာအပေါ် ထင်ဟပ်သည့် သမိုင်းမှတ်တမ်းများနှင့် စဉ်ဆက်မပြတ် လေ့လာအပ်သော အကြောင်းအရာများ ဖြစ်လာပါလိမ့်မည်။ အောက်တွင် ဖော်ပြထားသော အချက်အလက်များသည် စစ်ကောင်စီလက်ထက် တရုတ်နှင့်မြန်မာ အပြန်အလှန်ဆက်ဆံရေး၊ အရေးပါသော အချိုးအကွေ့မှတ်တမ်းများအပေါ် လေ့လာနိုင်မည်ဖြစ်ပါသည်။
(ISP-Myanmar က ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှူနိုင်ပါသည်။)
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်း (၂၀၂၂ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလ အထိ)
(ISP-Myanmar က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှူနိုင်ပါသည်။)
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်း (၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ)
The post စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်း (၂၀၂၃ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလ အထိ) appeared first on ISP Myanmar China Desk.
တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများနှင့် ပဋိပက္ခမြေပုံ
( ၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်မှ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်အထိ )
(အလေးထားရမည့် ညွှန်းပြမြေပုံများ အမှတ်- ၃)
မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ဖို့စီစဥ်နေတဲ့ တရုတ်စီးပွားရေးစင်္ကြံစီမံကိန်းတွေထဲက မဟာဗျူဟာကျတဲ့ စီမံကိန်းတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ  အများဆုံး ရှိနေပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲတွေတင် ပိုများလာတာမဟုတ်ဘဲ အသစ်ပေါ်ပေါက်လာတဲ့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေကြောင့် ပဋိပက္ခမြေပုံက ကျယ်ပြန့်လာပါတယ်။ တရုတ်စီမံကိန်းကြီးဖြစ်တဲ့  လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ တကောင်းနီကယ် စက်ရုံစီမံကိန်းတွေရှိတဲ့ မြို့နယ်တွေမှာလည်း   ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေ အားကောင်း လာပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိနဲ့ စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီး  ဝဏ္ဏမောင်လွင်တို့ တရုတ်အစိုးရကတရားဝင်ဖိတ်ခေါ်တဲ့ ခရီးစဥ်အတွင်းမှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ တရုတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုကို အသိအမှတ်ပြု သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် စစ်ကောင်စီကို ယွမ်ငွေသန်း ၆၅၀ ထောက်ပံ့ဖို့နဲ့ တရုတ်စီမံကိန်းတွေ ဆက်လက် အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ အဲဒီကြေညာချက်ထုတ်ပြန်ပြီး နှစ်ပတ်အကြာမှာတော့ စစ်ကောင်စီနဲ့  ပူးပေါင်းလုပ်ကိုင်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းက တရုတ် ကြေးနီစီမံကိန်းတွေ ဆက်လက်လုပ်ဆောင်ပါက နည်းမျိုးစုံနဲ့ တိုက်ခိုက်သွားမယ် လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၁၆ ဖွဲ့က သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအရပ်ဖက် အဖွဲ့အစည်း ၅၅၈ ဖွဲ့က လည်း တရုတ်အနေနဲ့ စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းနေပြီး စီမံကိန်းအသစ်တွေ ဆောင်ရွက်ပါက PDF တွေ ရဲ့ပစ်မှတ်ဖြစ်လာနိုင်ပြီး ဆုံးရှုံးမှုကြီးတွေဖြစ်လာနိုင်တယ်လို့  ဧပြီ ၂၅ ရက်ကတရုတ်သမ္မတ ရှီကျင့်ဖျင်ကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။ ဒီလို သတိပေးတာတွေရှိနေပေမယ့် လက်ရှိ အချိန်ထိတော့ တရုတ်စီမံကိန်းတွေ အနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စီမံကိန်းတွေအပေါ် သက်ရောက်မှု ကြီးကြီးမားမား မရှိသေးတာကို တွေ့ရပါတယ်။
∎ တရုတ် စီမံကိန်းကြီးများတိုက်ခိုက်ခံရမှုနှင့် တိုက်ပွဲများ
တရုတ်စီမံကိန်းကြီးတွေရဲ့ အခြေအနေကိုကြည့်မယ်ဆိုရင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့အတွင်းက တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်စက်ရုံက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နွားထိုးကြီးမြို့နယ် PDF က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ပိုက်လိုင်းကို ပစ်မှတ်ထားတာ မဟုတ်ဘူးလို့ PDF ရဲ့ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားခဲ့ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီရဲ့ လက်ပံတောင်းတောင် လုပ်ငန်းခွင်ကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှာ  ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်သတိ‌ပေးခဲ့တယ်လို့ Monywa Red Fire PDF က သတင်းထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီက မုံရွာနဲ့ ညောင်ပင်ကြီးရွာဘက်ကို လက်နက်ကြီးချိန်ထားတာကြောင့် ပစ်ခတ် သတိပေးခဲ့တာ ဖြစ်တယ်လို့ထည့်သွင်းရေးသားထားပါတယ်။
ISP-Myanmar က မှတ်တမ်းပြုစုထားတဲ့ စာရင်းတွေအရ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းတွေ အကောင်အထည် ဖော်ဖို့ စီစဥ်ထားတဲ့  မြို့နယ်ပေါင်း ၄၂ ခု မှာ ၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်အတွင်း တိုက်ပွဲပေါင်း ၇၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေထဲက ၃၄ ကြိမ်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ရက်နေ့မှ ဧပြီ ၂၅ရက်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဆိုပါ တရုတ်စီးပွားရေးစင်္ကြံ စီမံကိန်းတွေ အကောင်အထည် ဖော်ဖို့ စီစဥ်ထားတဲ့မြိို့နယ်တွေထဲမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲ ၄၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲ ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။  စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအရေအတွက်ဟာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲအရေအတွက်ထက် သုံးဆကျော် များပြားနေပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား တိုက်ပွဲအရေအတွက် ၁၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ မုံရွာမြို့နယ်မှာ  စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း ၂၂ ကြိမ်ထက်မနည်း အများဆုံး ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေ တည်ရှိရာ မူဆယ်မြို့နယ်အတွင်းမှာလည်း  စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲ ကိုးကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းလို စီမံကိန်းကြီးတွေ ဖြတ်သန်းသွားတဲ့ ကျောက်မဲမြို့နယ်မှာဆိုရင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ပွဲ ကိုးကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေရဲ့ အရေအတွက် ပမာဏကို အခုဖော်ပြထားတဲ့ မြေပုံမှာ အသေးစိတ် လေ့လာနိုင်ပါတယ်။
∎ ဘာကြောင့်အလေးထားသင့်သလဲ
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံနေရာအနှံ့ တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ တရုတ်စီမံကိန်းကြီးတွေကို  ပစ်မှတ်ထား တိုက်ခိုက်ခံလာရတဲ့ အခြေအနေတွေဟာ  တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့မူဝါဒရေးရာ စဥ်းစားချက်တွေအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိလာနိုင်ပါတယ်။ အထူးသဖြင့် အသစ်ပေါ်ပေါက်လာတဲ့ အင်အားစုတွေအပေါ်မှာ စဥ်းစားချက်တွေ တုံ့ပြန်ချက်တွေလည်း အပြောင်းအလဲ ရှိလာနိုင်ပါတယ်။ တရုတ်စီမံကိန်းတွေရဲ့ ဆုံချက်ဖြစ်တဲ့ ရှမ်းပြည်နယ်အတွင်းက EAOs တွေရဲ့   စစ်ရေးလှုပ်ရှားမှု၊ အထူးသဖြင့် စီးပွားရေးစင်္ကြံ တလျှောက်လှုပ်ရှားမှု၊ နယ်မြေစိုးမိုးမှုနဲ့ စစ်ရေးအရ အသာစီးရဖို့ ကြိုးပမ်းချက်တွေဟာ တရုတ်ရဲ့ သြဇာဖြန့်ကျက်ရေးမူဝါဒလား၊ လုံခြုံရေး အာမခံချက်ကို ရှာဖွေခြင်းလား ဆိုတာ အထူးအလေးထား စောင့်ကြည့်လေ့လာရမယ့်ကိစ္စရပ် ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံအနှံ့ အသစ်ပေါ်ပေါက်လာတဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ တရုတ်အကျိုးစီးပွားတွေအပေါ် သဘောထားတုံ့ပြန်မှုတွေကလည်း မြန်မာအပေါ် တရုတ်ရဲ့ မူဝါဒအပြောင်းအလဲ ဖြစ်လာနိုင်တာကြောင့် အထူးစောင့်ကြည့်စရာဖြစ်ပါတယ်။
∎ တွဲဖက်လေ့လာသင့်သည်များ
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ တရုတ်စီမံကိန်းတွေအကြား အဆက်အစပ်ကို လွတ်လပ်တဲ့သတင်းမီဒီယာတွေ၊ တိုင်းရင်းသားအခြေစိုက် သတင်းမီဒီယာတွေရဲ့ မြေပြင်အခြေအနေ ဖော်ပြချက်တွေအပြင်၊ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်တွေ၊ တရုတ်သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေနဲ့ လွတ်လပ်တဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေ၊ အစီရင်ခံစာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
The post တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများနှင့် ပဋိပက္ခမြေပုံ appeared first on ISP Myanmar China Desk.
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်း (၂၀၂၂ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလ အထိ)
( ISP-Myanmar က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်က စတင်ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ၂၀၂၂ ခုနှစ် ဩဂုတ် ၃၀ ရက်နေ့အထိ ထပ်မံဖြည့်စွက် ဖော်ပြထားခြင်းဖြစ်သည်။)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ အငြင်းပွားဖွယ်ရာအဖြစ် ဆက်ရှိနေသည်။ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် မြန်မာ့အရေး ဆွေးနွေးကြရာ၌ တရုတ်နိုင်ငံသည် အာဏာသိမ်း စစ်ကောင်စီဘက်မှ အကြိမ်ကြိမ် ရပ်တည်ခဲ့သဖြင့် ပြည်တွင်း၌လည်း တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ဆန္ဒပြပွဲများ ဖြစ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံ အတွင်းရှိ နိုင်ငံရေး အပြောင်းအလဲများသည် ပြည်တွင်းရေးသားဖြစ်ပြီး ပြင်ပဖိအားဖြင့် ဝင်ရောက် စွက်ဖက် ခြင်း မပြုလုပ်ကြရန် တရုတ်နိုင်ငံက အကြိမ်ကြိမ် ပြောခဲ့ပါသည်။
၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်နိုင်ငံ၏ ရပ်တည်ချက်များသည် တရုတ်- မြန်မာ ဆက်ဆံရေးအပေါ် ပုံဖော်ခဲ့သည့် နည်းတူ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး ဖြစ်စဉ်များတွင် လည်း တရုတ်၏ လွှမ်းမိုးမှုများရှိခဲ့သည်။ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့ခြင်းများပြု လုပ်ခဲ့သော်လည်း ကုလသမဂ္ဂ စင်မြင့်အပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် စစ်အစိုးရကို ကာကွယ်ပေးခြင်း၊ နယ်စပ်စီးပွားရေး လမ်းကြောင်းများကို ဖွင့်လှစ်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းကို တရုတ်နိုင်ငံက ဖော်ဆောင်ခဲ့သဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသော မိတ်ဖက်နိုင်ငံတခုအဖြစ် ပေါ်ထွက်လာခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ယခုဖြစ်ခဲ့သည့် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်၏ တုန့်ပြန်မှု၊ နိုင်ငံတကာ အသိုင်းအဝိုင်း၌ ရပ်တည်ပေးမှု၊ စစ်ကောင်စီနှင့် အပြန်အလှန်ထိတွေ့ ဆက်ဆံမှုများသည် တရုတ်၏ မြန်မာ နိုင်ငံပေါ်ထားရှိသည့် ရပ်တည်ချက်၊ မူဝါဒ၊ သဘောထားမျာအပေါ် ထင်ဟပ်သည့် သမိုင်းမှတ်တမ်းများနှင့် စဉ်ဆက်မပြတ် လေ့လာအပ်သော အကြောင်းအရာများ ဖြစ်လာပါလိမ့်မည်။ အောက်တွင် ဖော်ပြထားသော အချက်အလက်များသည် စစ်ကောင်စီလက်ထက် တရုတ်နှင့်မြန်မာ အပြန်အလှန်ဆက်ဆံရေး၊ အရေးပါသော အချိုးအကွေ့မှတ်တမ်းများအပေါ် လေ့လာနိုင်မည်ဖြစ်ပါသည်။
(ISP-Myanmar က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှူနိုင်ပါသည်။)
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်း (၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ)
၂၀၂၂၊ ဩဂုတ် ၃၀
“မဲခေါင်-လန်ချန်းစီမံကိန်း သတင်းအချက်အလက်ဗဟိုဌာန” အဆောက်အအုံဖွင့်ပွဲ ကျင်းပစဉ်
Photo – မြန်မာ့အလင်း
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ခဲ့သည့် “မဲခေါင်-လန်ချန်း စီမံကိန်း သတင်းအချက်အလက်ဗဟိုဌာန (Mekong-Lancang Projects Data Center)” အဆောက်အအုံကို နေပြည်တော်၌ ဖွင့်လှစ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည် ။ ၎င်းသတင်းအချက်အလက်ဗဟိုဌာနအနေဖြင့် လန်ချန်း-မဲခေါင်ဒေသတွင်းနိုင်ငံများအကြား စားနပ်ရိက္ခာလုံခြုံရေးအတွက် သတင်းအချက်အလက်များ လေ့လာသုံးသပ်ပြီး ညွှန်းကိန်းများအတွက် ပံ့ပိုးပေးနိုင်မည့် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဆိုင်ရာ သတင်းအချက်အလက်ဖလှယ်မှုစင်္ကြံအဖြစ် စီစဉ်ဆောင်ရွက်မည့် စီမံကိန်းဖြစ်ကြောင်းရေး သားထားသည်။ ထိုစင်္ကြံမှတဆင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် လယ်ယာကဏ္ဍ၊ ကျေးလက်ကဏ္ဍဆိုင်ရာစီမံကိန်းအချက်အလက်များနှင့်ညွှန်းကိန်းများကို ဒေသတွင်းနိုင်ငံများနှင့်အတူ အပြန်အလှန်ချိတ်ဆက် အသုံးပြုသွားမည်ဖြစ်သည်။ လန်ချန်း-မဲခေါင် အစီအမံအောက်တွင်၂၀၁၇ ခုနှစ်မှ စတင်ပြီး တရုတ်နိုင်ငံ၏ မတည်ရန်ပုံငွေဖြင့် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီမံကိန်း ၃၁ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သတင်းအချက်အလက်ဗဟိုဌာနစီမံကိန်းသည် ၂၀၁၈ ခုနှစ် ဒုတိယအသုတ်စီမံကိန်းကိုးခုတွင် အစိတ်အပိုင်းတခုအဖြစ် ပါဝင်သည်။ ၂၀၂၂ ခုနှစ်အထိ ထိုစီမံကိန်း ၃၁ ခုအတွက် တရုတ်၏မတည်ငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ သတင်းအချက်အလက်ဗဟိုဌာန ဖွင့်ပွဲအခမ်းအနားသို့  တရုတ်သံရုံးယာယီတာဝန်ခံ ဒေါက်တာကျန်းကျိဟုန် နှင့်အဖွဲ့အပါအဝင် စစ်ကောင်စီ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် နေပြည်တော်ကောင်စီဝင်များ တက်ရောက်ခဲ့ကြကြောင်းရေးသားထားသည်။
၂၀၂၂၊ ဩဂုတ် ၂၇
ပညာရည်ချွန်ဆုပေးအပ်ခြင်း အခမ်းအနားအားတွေ့ရစဉ်
Photo- Chinese Embassy in Myanmar
ခရီးသွားလာရေးအထူးပြုဘာသာရပ်တွင် ထူးချွန်ဆုရရှိသော မန္တလေးတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ရှိ ကျောင်းသား ၄၀ ဦးကို တရုတ်-မြန်မာချစ်ကြည်ရေး ပညာရည်ထူးချွန်ဆု ပေးခဲ့ကြောင်းတရုတ်သံရုံးကထုတ်ပြန်ခဲ့သည်။ ထိုဆုပေးပွဲကို နေပြည်တော်၌ ကျင်းပခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံခရီးသွားလာ‌ရေး ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်နိုင်ရန်အတွက် ရည်ရွယ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အခမ်းအနားတွင် စစ်ကောင်စီ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး  ဒေါက်တာဌေးအောင်နှင့် တရုတ်နိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး မစ္စတာပန်ဖုန်း တို့ တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ တက္ကသိုလ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံယဉ်ကျေးမှုသံမှူးသည် ဩဂုတ် ၂၆ တွင်လည်း စစ်ကောင်စီ သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း နှင့် နေပြည်တော်၌ တွေ့ဆုံကာ ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးနှင့် စပ်လျဉ်းပြီး တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။
၂၀၂၂၊ ဩဂုတ် ၂၆
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ သုံးလပတ်ကာလတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ပိုလျှံခဲ့သည်ဟု စစ်ကောင်စီ စီးပွားကူးသန်း၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။ ၂၀၂၂၊ ဧပြီလ ၁ ရက် မှ ဂျုလိုင်လ ၁ ရက်နေ့ထိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီနှင့် ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၈၇ သန်းရှိပြီး ပို့ကုန်ပမာဏမှာ ဒေါ်လာ ၄၉၈ သန်းကျော်နှင့် သွင်းကုန်ပမာဏမှာ ဒေါ်လာ ၈၈ သန်းကျော်ရှိကြောင်း ဖော်ပြထားသည်။ မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ဒေါ်လာ ၄၆၈ သန်းကျော် ကုန်သွယ်ခဲ့ပြီး ပို့ကုန်တန်ဖိုး ဒေါ်လာ ၄၁၄ သန်း‌ကျော်နှင့် သွင်းကုန်တန်ဖိုး ဒေါ်လာ ၅၄ သန်း ရှိခဲ့သည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ ဒေါ်လာ ၅၅ သန်း၊ ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၃၆ သန်းကျော်၊ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ၂၃ သန်းကျော် ကုန်သွယ်မှုပမာဏ အသီးသီးရှိခဲ့ပြီး ကျိုင်းတုံပို့ကုန်သွင်းကုန်ရုံးမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃ သန်းကျော်ရှိခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၂၊ ဩဂုတ် ၂၆
ယဉ်ကျေးမှုသံမှူးနှင့်ပန်ဖုန်းနှင့် စစ်ကောင်စီ ဒုဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း တို့တွေ့ဆုံစဉ်
Photo- Chinese Embassy in Myanmar
တရုတ်-မြန်မာ ယဉ်ကျေးမှု၊ အနုပညာဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ယဉ်ကျေးမှု အမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး တရုတ်သံရုံးမှ ယဉ်ကျေးမှုသံမှူး ပန်ဖုန်း နှင့် စစ်ကောင်စီ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။  နှစ်နိုင်ငံကြား ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်ရန်၊ သဗ္ဗညုဘုရား ပြန်လည်ပြုပြင် မွမ်းမံရေးစီမံကိန်းနှင့် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ရှင်စေတီတော် ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်း အစရှိသော စီမံကိန်းများကို ဆက်လက်ဆောင်ရွက်မည်ဟု ဆွေးနွေးခဲ့ကြောင်း တရုတ်သံရုံး လူမှုကွန်ရက်စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။
၂၀၂၂၊ ဩဂုတ် ၂၅
လေထုအရည်အသွေးတိုင်းတာခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပစဥ်
Photo – မြန်မာ့အလင်း
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ ၂၀၂၁ခုနှစ် ဖြင့်ဆောင်ရွက်သည့် နယ်စပ် ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ လေထုအရည်အသွေး‌ စောင့်ကြည့်တိုင်းတာ စစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာ စီမံကိန်း၏ လေထုအရည်အသွေးတိုင်းတာခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို နေပြည်တော်တွင်ကျင်းပကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ထိုအခမ်းအနားကို စစ်ကောင်စီ သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးထွန်းအုံတက်ရောက်ပီး ၅ရက်တာပြုလုပ်မည့် အဆိုပါသင်တန်းတွင် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ၀န်ထမ်းများ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ၂၀၁၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် စီမံကိန်း ၇၃ ခုကို အသုတ်လေးသုတ်ခွဲ၍ ပံ့ပိုးကူညီထားသည်။
၂၀၂၂၊ ဩဂုတ် ၂၄
မြန်မာနိုင်ငံစပ်မျိုးစပါး မျိုးစေ့ထုတ်လုပ်ရေးနည်းပညာလေ့ကျင့်ရေးသင်တန်းကို အွန်လိုင်းမှ တဆင့်ဖွင့်လှစ်စဉ်
Photo- Chinese Embassy in Myanmar
တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးစီးကာကျင်းပသည့်  မြန်မာနိုင်ငံစပ်မျိုးစပါး မျိုးစေ့ထုတ်လုပ်ရေး နည်းပညာလေ့ကျင့်ရေးသင်တန်းကို အွန်လိုင်းမှ တဆင့်ဖွင့်လှစ်ခဲ့သည်။ ထို သင်တန်းကိုဟူနန်ပြည်နယ်အခြေစိုက်Yuan Longping High-tech Agriculture Co., Ltd မှ ဦးစီးကာကျင်းပခြင်းဖြစ်ပြီးသင်တန်းဖွင့်ပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူးနှင့် ယူနန်ပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တတ်ရောက်ခဲ့ကြသည်။ မျိုးစေ့ထုတ်လုပ်ရေး သင်တန်းကို ၃၅ ရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး အထွက်နှုန်းမြင့်မားစေသော နည်းပညာများကို သင်ကြားပေးမည်ဟု တရုတ်သံရုံးမှ ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၂၊ ဩဂုတ် ၂၄
တရုတ်၏ မဟာဗျူဟာကျ စဥ်းစားချက်တခုဖြစ်သော တရုတ် (ယူနန်)-မြန်မာ(ရန်ကုန်)-အိန္ဒိယသမုဒ္ဒရာ ပင်လယ်ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်ရေးလမ်းကြောင်းသစ်ကို အသုံးပြုကာ ပို့ဆောင်ခဲ့သည့် ကုန်စည်ပို့ဆောင်မှုပမာဏမှာတနှစ်တာအတွင်း ယွမ်သန်း ၂၀၀ တန်ဖိုးရှိကြောင်း တရုတ်သံရုံးကထုတ်ပြန် ကြေညာခဲ့သည်။ တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာလမ်းကြောင်းသစ် (ရန်ကုန်-လင်ချန်း-ချိန်တူး) အဖြစ် တရုတ်က ဖော်ညွှန်းလေ့ရှိသော ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေးလမ်းကြောင်းသစ်ကို ၂၀၂၁ခုနှစ် သြဂုတ်လတွင် စမ်းသပ်ပြေးဆွဲခဲ့ပြီး ယခုနှစ် မေလတွင် လမ်းကြောင်းသစ်ကို တရားဝင်စတင်လည်ပတ်ကြောင်း တရုတ်သံရုံးက ကြေညာခဲ့သည်။ ပြီးခဲ့သည့်နှစ် စတင်လည်ပတ်ချိန်မှ တနှစ်တာ ကာလအတွင်း ၁၄ ကြိမ် ကုန်စည်သယ်ယူပို့ဆောင်ခဲ့ပြီး တန်ချိန် တသောင်းကျော်ပို့ဆောင်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထိုကုန်စည်လမ်းကြောင်းသည် တရုတ်၏အနောက်တောင်ဒေသနှင့် အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်ချိတ်ဆက်ပေးသော မဟာဗျူဟာကျသည့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလမ်းကြောင်းတခု ဖြစ်သည်။
၂၀၂၂၊ ဩဂုတ် ၂၃
တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်တွင် (၁၅)ကြိမ်မြောက် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု သီတင်းပတ်ဖွင့်ပွဲနှင့် တတိယအကြိမ်မြောက် အာဆီယံ-တရုတ် ပညာရေး၀န်ကြီးများ စကားဝိုင်းဆွေးနွေးပွဲကို အွန်လိုင်းစနစ်ဖြင့်ကျင်းပရာ ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါအခမ်းအနားကို တရုတ်ကွန်မြူနစ်ပါတီ ကွေ့ကျိုးပြည်နယ် အမြဲတမ်းကော်မတီဝင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယ၀န်ကြီးချုပ်၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်နှင့် အာဆီယံနိုင်ငံများမှ ပညာရေး၀န်ကြီးများ တက်ရောက်ပြီး တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
၂၀၂၂၊ ဩဂုတ် ၂၁
တရုတ်ဘာသာစကားပြော သင်တန်းဖွင့်ပွဲနှင့် နိုင်ငံအဆင့် Enchanting Myanmar Health & Safety Protocols အသိအမှတ်ပြု တံဆိပ်ပေးအပ်ခြင်း အခမ်းအနားကျင်းပစဥ်
Photo – ကြေးမုံသတင်းစာ
စစ်ကောင်စီ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ နေ့စဉ်သုံး တရုတ်ဘာသာစကားပြော သင်တန်းဖွင့်ပွဲနှင့် နိုင်ငံအဆင့် Enchanting Myanmar Health & Safety Protocols အသိအမှတ်ပြု တံဆိပ်ပေးအပ်ခြင်း အခမ်းအနားကို ကျောက်စိမ်းခန်းမတွင် ကျင်းပခဲ့သည်။ မြန်မာတွင် ကိုဗစ်ကာလမတိုင်မီ ခရီးသွားဝင်ရောက်မှုအများဆုံးနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ရာ တရုတ်ခရီးသွားများကို ဝန်ဆောင်မှုပေးနိုင်ရန် တရုတ်ဘာသာစကားပြောသင်တန်းများကို ဖူကျင့်နိုင်ငံတကာ ဘာသာစကားသင်တန်းဌာန နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖွင့်လှစ်ခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ သင်တန်းတွင် ပုဂံမြို့ ဟိုတယ်နှင့် ခရီးသွားလာရေးဌာနမှ ဝန်ထမ်းများ၊ ဟိုတယ်နှင့် တည်းခိုရိပ်သာများ၊ စားသောက်ဆိုင်၊ သယ်ယူပို့ဆောင်ရေး၊ ရှေးဟောင်းသုတေသန၊ ယွန်းကောလိပ် အစရှိသော ဟိုတယ်နှင့် ခရီးသွားလာရေးနှင့် ဆက်နွယ်သော ဌာနများမှ တာဝန်ရှိသူ သင်တန်းသားများ စုစုပေါင်း ၃၀၂ ဦး တက်ရောက်ခဲ့ကြသည်။ ထို့နောက် ပုဂံမြို့ရှိ ဟိုတယ် ၁၂ လုံးတွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အစီအစဉ်အရ (Enchanting Myanmar Health & Safety Protocols) သက်ဆိုင်ရာ အသိအမှတ်ပြုတံဆိပ်များပေးခဲ့ပြီး ကိုဗစ်ကာကွယ်ဆေးများကို ထပ်ဆောင်းထိုးနှံပေးခဲ့သည်။
၂၀၂၂၊ ဩဂုတ် ၂၀
ယူနန်မှ မဲခေါင်မြစ်တစ်လျှောက် ခိုးဝင်လာသည့် တရုတ်နိုင်ငံသား လေးဦးကိုဖမ်းဆီးစဉ်
Photo – Hsan Loi Voice (ရိုးမအသံ)
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းလပ်-တာလေ လမ်းမပေါ်တွင် စစ်ကောင်စီ၏ အဖွဲ့များမှ နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသည့် တရုတ်နိုင်ငံသား လေးဦးအား ဖမ်းဆီးရရှိကြောင်း ရိုးမအသံ သတင်းဌာနမှ ဖော်ပြထားသည်။ စစ်ဆေးရေးပြုလုပ်နေစဉ်တွင် မက်ခ်တူးအဖြူရောင်ကား တစင်းသည် အစစ်ဆေးမခံဘဲ မောင်းပြေးသောကြောင့် လိုက်လံဖမ်းဆီးရာတွင် နယ်စပ်ဖြတ်ကျော်က ခိုးဝင်လာသော တရုတ်နိုင်ငံသားများကို လိုက်လံဖမ်းဆီးရခဲ့သည်ဟုဆိုသည်။ ထိုတရုတ်နိုင်ငံသားများသည်​ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှတဆင့် မဲခေါင်မြစ်ကြောင်းတလျှောက် သင်္ဘောနှင့် လာရောက်ခြင်းဖြစ်ပြီး ကျိုင်းလပ်မြို့သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သတင်းဌာနမှ ရေးသားထားခဲ့သည်။ လက်ရှိတွင် ထိုလေးဦးနှင့်တကွ နယ်စပ် ဖြတ်ကျော်ရန် အကူအညီပေးသော မြန်မာအမျိုးသားတစ်ဦးကို စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးမှ အမှုဖွင့်ထားသည်။
၂၀၂၂၊ ဩဂုတ် ၁၉
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးတဝိုက် စစ်ကောင်စီတပ် ထောင်ထားသည့် နင်းမိုင်း ၇၈ လုံးကို သိမ်းဆည်းရမိစဉ်
Photo – မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ယင်းမာပင်မြို့
တရုတ်ဝမ်ပေါင်ကုမ္ပဏီတည်ရှိရာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးတဝိုက်တွင် စစ်ကောင်စီတပ်မှ ထောင်ထားသည့် နင်းမိုင်း ၇၈ လုံးကို သိမ်းဆည်းရရှိကြောင်း ဒေသခံကာကွယ်ရေးတပ်တခုဖြစ်သည့် ယင်းမာပင်အခြေစိုက် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပွားသည့် ပဋိပက္ခများတွင် တရုတ်ဝမ်ပေါင်ကုမ္ပဏီ၏စီမံကိန်းဧရိယာများနှင့်စီမံကိန်းကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သားနှင့်ရဲများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပြီး စီမံကိန်းကိုရပ်နားခဲ့သည်မှာ တနှစ်ကျော်ကြာမြင့်ပြီဖြစ်သည်။ ပြီးခဲ့သည့်ဇွန်လ ၂၇ ရက်နေ့ကလည်း တရုတ်ဝမ်ပေါင်ကုမ္ပဏီအနေဖြင့် ပဋိပက္ခအတွင်း ပါဝင်လိုခြင်းဆန္ဒမရှိကြောင်း သဘောထားထုတ်ပြန်ချက်တစောင် ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၂၊ ဩဂုတ် ၁၉
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း
Photo – BETV
တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အရေးပါဆုံးစီမံကိန်းတခုဖြစ်ပြီး တရုတ်အစိုးရပိုင် CITIC Consortium က အကောင်အထည်ဖော်မည့် ‘ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း’ စီမံကိန်း၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း (EIA/SIA) လုပ်ဆောင်မည့် အဖွဲ့နှင့် လူထုတွေ့ဆုံဆွေးနွေးမှုကို နှစ်ရက်တာပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ လူထုတွေ့ဆုံဆွေးနွေးမှုကို စီမံကိန်းအကောင်အထည်ဖော်မည့် ကျောက်ဖြူမြို့နှင့် မဒေးကျွန်းတို့တွင် ဩဂုတ် ၂၇-၂၈ နှစ်ရက်တာကျင်းပသွားမည်ဟု ကုမ္ပဏီက ကြေညာခဲ့သည်။ ထိုတွေ့ဆုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာအစိုးရဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအန်ဂျီအိုများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ သဘောထားအမြင်များကို တိုင်ပင်ဆွေးနွေးမည်ဟု ဖိတ်ကြားချက်တွင် ဖော်ပြထားသည်။ ထိုဆွေးနွေးပွဲတွင် ကျောက်ဖြူ အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီ၊​ CITIC Consortium၊ စီမံကိန်း စီမံခန့်ခွဲမှုအကြံပေး HATCHနှင့် EIA/SIA လေ့လာဆန်းစစ်ခြင်းများ ပြုလုပ်ရန်ဌားရမ်းထားသည့် Myanmar Survey Research (MSR) တို့ပါဝင်မည်ဖြစ်သည်။ CITIC Myanmar နှင့် Myanmar MSR Consulting Co.,Ltd.တို့ သည် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း (ESIA) ဝန်ဆောင်မှုဆောင်ရွက်ရန်သဘောတူညီမှုစာချုပ်ကို ၂၀၂၂၊ ဖေဖော်ဝါရီ ၁၀ရက်နေ့တွင်လက်မှတ်ရေးထိုးခဲ့သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်အကောင်အထည်ဖော်ရန်ပြင်ဆင်နေသည့် ရပ်ဝန်းလမ်းကြောင်းအစီအမံ (Belt and Road Initiative – BRI) ၏အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအတွက် အဓိကကျသည့် စီမံကိန်းတခုဖြစ်ပြီး အဆိုပါအထူးစီးပွားရေးဇုန်အတွင်း ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နှင့် အိမ်ရာစီမံကိန်းတို့ ပါဝင်မည်ဖြစ်သည်။
၂၀၂၂၊ ဩဂုတ် ၁၈-၂၁
‌‌ဟောင်ကောင်မြို့၌ International Travel Expo Hong Kong (ITE Hong Kong 2022) ဖွင့်ပွဲကျင်းပနေစဉ်
Photo- Ministry of Foreign Affairs Myanmar
‌‌ဟောင်ကောင်မြို့၌ ကျင်းပသော International Travel Expo Hong Kong (ITE Hong Kong 2022) တွင် မြန်မာနိုင်ငံမှာလည်း ကိုယ်စားပြုပြခန်းကို ပြသခဲ့သည်ဟု စစ်ကောင်စီ၏နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။  ဟောင်ကောင်မြို့တွင် Hong Kong Convention & Exhibition Centre တွင် 36th International Travel Expo Hong Kong နှင့် 17th MICE Travel Expo ကို ကျင်းပခဲ့ရာ ပြပွဲ ဖွင့်ပွဲသို့ စစ်ကောင်စီ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်ခဲ့သည်။ ပြပွဲတွင် နိုင်ငံ နှင့် ဒေသ (၂၇) ခုကျော်မှ ပြခန်းများ ပါဝင်ခဲ့သည်။
၂၀၂၂၊ ဩဂုတ် ၁၇
မန့်ဝိန်းဂိတ် နှင့် ကျယ်ဂေါင်-မူဆယ် နယ်စပ်ဂိတ်များဖွင့်လျစ်ရန် နှစ်နိုင်ငံ နယ်စပ်တာဝန်ရှိသူတွေ ဆွေးနွေးစဉ်
Photo- DVB Burmese
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသော နယ်စပ်ဂိတ်တခုဖြစ်သည့် ရှမ်းပြည်နယ် မူဆယ်ခရိုင်အတွင်းရှိ မန့်ဝိန်းဂိတ် အပါအဝင် ကျယ်ဂေါင်-မူဆယ် နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် နှစ်နိုင်ငံ မှ နယ်စပ်တာဝန်ရှိသူတွေက ရွှေလီနှင့် ကျင်စန်းကျော့တို့တွင် ဆွေးနွေးခဲ့သည်။ မူဆယ်မြို့နယ်အတွင်းရှိ နယ်စပ်ဂိတ်ပြန်ဖွင့်ရန် ဆွေးနွေးနေချိန်တွင် တရုတ်ဘက်က ကြူကုတ် (ပန်ဆိုင်း) ဝမ်တိန်ဂိတ် တွင်ကာရံထားသည့် အကာအရံများကို ဖယ်ရှားခဲ့သည်။ ၂၀၂၀ ခုနှစ် ကိုဗစ်ရောဂါ ကူးစက်မှု စတင်မြင့်တက်နေချိန်တွင် ရှမ်းမြောက်ပိုင်းတကျောရှိ နယ်စပ်လူဝင်ဂိတ်များကို တရုတ်ဘက်က အကာအရံများဖြင့် ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ကျင်စန်းကျော့ဂိတ်ကို ဖွင့်လှစ်ထားသော်လည်း ကုန်ကျစရိတ် ပိုများခြင်း၊ ကုမ္ပဏီအများစုက လက်ဝါးကြီးအုပ်ထိန်းချုပ်ထားခြင်းနှင့် နယ်စပ်ကုန်သွယ်မှုတွင် မြန်မာဖက်ခြမ်း၌ အခွန်အခမြင့်မားနေသည့်အပြင် အဖွဲ့အစည်း ငါးဖွဲ့ကိုလည်း အခွန်ဆောင်ရသောကြောင့် မြန်မာကုန်သည်များမှာ အခက်အခဲတွေ့နေရကြောင်း အစည်းအဝေးပွဲတွင် ဆွေးနွေးခဲ့သည်ဟု ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းဌာနတွင် ဖော်ပြထားသည်။ ထို့အပြင် ကိုဗစ်ကပ်ရောဂါ ထပ်မံဖြစ်ပွားပါက ကာကွယ်ရန်နှင့် တရုတ်ဘက်ခြမ်းတွင် ရောက်ရှိနေသည့် စာအုပ်သက်တမ်းကုန် မြန်မာနိုင်ငံသားများကို ဖမ်းဆီးခြင်း နှင့် ပြန်လည်ပို့ဆောင်ခြင်းတို့ကိုလည်းလုပ်ဆောင်ရန် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၂၊ ဩဂုတ် ၁၅
မြန်မာနိုင်ငံ အစားအစာတီထွင်ဆန်းသစ်မှုဌာန ဆောက်လုပ်ပြီးစီးခြင်းနှင့် သစ်သီးအခြောက်ခံမှု လေ့ကျင့်ရေးစတင်ခြင်းအခမ်းအနားသို့ သံမှူးကြီး Mr. Zheng Zhihong တက်ရောက်စဉ်
Photo – Chinese Embassy In Myanmar
တရုတ်အစိုးရ၏ အစီအမံတခုဖြစ်သော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ရန်ကုန်မြို့တွင်တည်ဆောက်ခဲ့သည့် မြန်မာနိုင်ငံ အစားအစာတီထွင်ဆန်းသစ်မှုဌာန ဆောက်လုပ်ပြီးစီးခြင်းနှင့် သစ်သီးအခြောက်ခံမှု လေ့ကျင့်ရေးစတင်ခြင်းအခမ်းအနားသို့ တရုတ်သံမှူး Zheng Zhihong တက်ရောက်ခဲ့ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်ခဲ့သည်။ ထိုအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံအခြေစိုက် မဲခေါင်မြစ်ဒေသ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဌာန၊ တက္ကသိုလ်နှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ပေါင်း လူ ၅၀ ကျော် တက်ရောက်ခဲ့သည်။ တရုတ်သံမှူးက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအရ မဲခေါင်မြစ်နိုင်ငံများမှ အစားအစာအချောကိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးပြီး လယ်ယာထွက်ကုန်များတင်ပို့မှုကို မြှင့်တင်နိုင်မည်ဟု ပြောကြားခဲ့သည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ခေါင်းစဥ်ဖြင့် မြန်မာနိုင်ငံတွင် တရုတ်၏အထောက်အပံ့ဖြင့်စီမံကိန်းပေါင်း ၉၀ ကျော် ဖော်ဆောင်ခဲ့ပြီးဖြစ်ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။
၂၀၂၂၊ ဇူလိုင် ၅
တရုတ်နိုင်ငံမှ ယွမ်ခြောက်သန်းကျော် တန်ဖိုးရှိသည့် ကိုဗစ်ကပ်ရောဂါထိန်းချုပ် ကုသရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်းပေးအပ်စဉ်
Photo – ကြေးမုံ
တရုတ်နိုင်ငံမှ ယွမ်ခြောက်သန်းကျော် တန်ဖိုးရှိသည့် ကိုဗစ်ကပ်ရောဂါထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့ကြောင်း စစ်ကောင်စီနှင့်တရုတ်သတင်းစာများတွင် ဖော်ပြထားသည်။ အဆိုပါပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယူနန်ပြည်နယ် ပေါင်စန်းပြည်နယ်ခွဲ ထိန်ချုံးမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။ ၎င်းအခမ်းအနားတွင် ပေါင်စန်းပြည်နယ်ခွဲ ဒုအုပ်ချုပ်ရေးမှူး ချိန်သဲ့ကျွမ် မှ ပစ္စည်းများလွှဲပြောင်းပေးအပ်ကာ ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် သော်တာအောင်က လက်ခံရယူခဲ့သည်။ ထိုပစ္စည်းများကို စစ်ကောင်စီခန့်အပ်သည့် ကချင်ပြည်နယ်အစိုးရအား လှူဒါန်းမည့်ဖြစ်ပြီး ကချင်ပြည်နယ်သို့ နယ်စပ်မှတဆင့် မော်တော်ယာဉ်များဖြင့် ပို့ဆောင်သွားမည့်အကြောင်း ရေးသားထားပါသည်။
၂၀၂၂၊ ဇူလိုင် ၄
ချင်းရွှေဟော်နယ်စပ်၌ ကုန်တင်ကားများ ဖြတ်သန်းသွားလာစဥ်
Photo – The Standard Time Daily
မြန်မာ-တရုတ်နယ်စပ်၊ ချင်းရွှေဟော်ကုန်သွယ်ရေးဂိတ်၌ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် ​​ယွမ်ငွေဖြင့် လွယ်ကူလျှင်မြန်စွာ ပေးချေနိုင်ရေးအတွက် မြန်မာနိုင်ငံမှ ပုဂ္ဂလိကဘဏ်ငါးဘဏ် ဖွင့်လှစ်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေးအသိုင်းအဝိုင်းထံမှ သိရသည်ဟု စံတော်ချိန်သတင်းစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံဗဟိုဘဏ်သည် မြန်မာ့စီးပွားရေးဘဏ်အပါအဝင် ယခုအခါ ပုဂ္ဂလိကဘဏ်များကို နယ်စပ်ကုန်သွယ်ရေးတွင် ယွမ်နှင့်ကျပ်လဲလှယ်၍ တိုက်ရိုက် ပေးချေအသုံးပြုနိုင်ရန် ထပ်မံတိုးချဲ့ခွင့်ပြုလိုက်ခြင်း ဖြစ်‌သည်ဟု ဆိုသည်။ အဆိုပါ ပုဂ္ဂလိကဘဏ်များသည် နယ်စပ်ကုန်သွယ်ရေးမြို့များ၌ ဘဏ်ခွဲရှိပြီး နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့်လိုင်စင်ရှိသည့် ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ ယူအေဘီဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့ ဖြစ်သည်။ ဘဏ်ရုံးခန်းများကို ချင်းရွှေဟော်နယ်စပ်ရှိ ဝမ်လီဟိုတယ် ခန်းမဆောင်၌ ဖွင့်လှစ်ထားပြီး ယွမ်ငွေအကောင့်ဖွင့်လှစ်ခြင်း၊ သွင်းကုန်ထုတ်ကုန်များအတွက် ယွမ်ငွေဖြင့် ငွေပေးချေခြင်းများကို ဝန်ဆောင်မှုပေးမည်ဖြစ်သည်ဟု ဆိုသည်။  စစ်ကောင်စီသည် နယ်စပ်ကုန်သွယ်ရေးတွင် ကျပ်/ယွမ်ငွေတိုက်ရိုက် အသုံးပြုမှုကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ က ခွင့်ပြုခဲ့သော်လည်း ၂၀၂၂ ခုနှစ် ဇူလိုင် ၃ တွင် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများတွင် ဆန်နှင့်ဆန်ကွဲများမှ လွဲ၍ တခြားသော တင်ပို့မှုများကို အမေရိကန်ဒေါ်လာဖြင့်သာ ပြန်လည်ပေးချေရမည်ဟု မူဆယ် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များသို့ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။
၂၀၂၂၊ ဇူလိုင် ၄
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်စဉ်
Photo – မြန်မာ့အလင်း
ပုဂံမြို့တွင်ကျင်းပသည့် သတ္တမကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးတွင် တရုတ်ဦးဆောင်ကာလုပ်ဆောင်သွားမည့် အစီအမံ ခြောက်ရပ် ကိုကြေညာခဲ့သည်။ ဝမ်ယိက အဆိုပြုခဲ့သော အစီအမံခြောက်ရပ်တွင်မဲခေါင်ငါးနိုင်ငံနှင့်  စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ ဒီဂျစ်တယ်စီးပွားရေး၊ အာကာသ၊ ပညာရေးနှင့် ပြည်သူ့ကျန်းမာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဥ်များ ပါဝင်ကြောင်း ဖော်ပြထားသည်။ အာကာသဆိုင်ရာ ပူးပေါင်းဆောင်မှုတွင် ကမ္ဘာလေ့လာရေးဂြိုဟ်တုများထုတ်လုပ်မှုဆိုင်ရာ ပူးတွဲဆောင်ရွက်နိုင်ရေး၊ တရုတ်နှင့်ရုရှားတို့ ဆောင်ရွက်ခဲ့သည့် နိုင်ငံတကာ လကမ္ဘာသုတေသနစခန်းတွင် ပါဝင်နိုင်ရေး၊ အာကာသနည်းပညာဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းပေးအပ်နိုင်ရေး စသည့်တို့၌ မြန်မာအပါအဝင် မဲခေါင်ဒေသ ငါးနိုင်ငံအား ဖိတ်ခေါ်ခဲ့သည်။ ပြည်သူ့ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွင်လည်း တရုတ်နိုင်ငံအနေဖြင့် အဆိုပါငါးနိုင်ငံအား ကိုဗစ်ကာကွယ်ဆေးများ ပေးအပ်ကာ ကိုဗစ်ဆေးသုတေသနနှင့်ဖွံ့ဖြိုးမှု (R&D) ၌ တိုးမြှင့်ဆောင်ရွက်မည့်အကြောင်း ရေးသားထားသည်။ ထို့အပြင် လန်ချန်း-မဲခေါင်နိုင်ငံများသည် တရုတ်-လာအိုရထားလမ်းမှ ရရှိသည့် အကျိုးခံစားမှုများကို ဆက်လက်တိုးချဲ့ပြီး ဒေသတွင်းကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များ၊ ဘဏ္ဍာရေးနှင့် စွမ်းအင်လုံခြုံမှုများ အကာအကွယ်ပေးနိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြထားသည်။ အစည်းအဝေးမှ ပူးတွဲကြေညာချက် (Joint Press Communique) အဖြစ်  အကောက်အခွန်၊ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ပြည်သူများအကြား အပြန်အလှန်သင်ယူမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဟူသော ကဏ္ဍလေးခုအတွက် သီးသန့်ထုတ်ပြန်ချက် လေးခုကို ထုတ်ပြန်ပြီး တရုတ်-မြန်မာပူးတွဲသတင်းစာရှင်းလင်းပွဲတရပ်လည်း ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ အစည်းအဝေးအပြီးတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) အဆောက်အအုံဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန မြေနေရာအတွင်းသို့ အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း ရေးသားထားသည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအောက်တွင် တရုတ်နိုင်ငံအနေဖြင့် မဲခေါင် မြစ်ဝှမ်းဒေသရှိနိုင်ငံများကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ စီမံကိန်း ၅၀၀ ကျော် ထောက်ပံ့ခဲ့ပြီး သည်။ မဲခေါင်ဒေသ ငါးနိုင်ငံမှ ကျောင်းသားပေါင်း ၂၀,၀၀၀ ကျော်အား ပညာတော်သင်ဆုများပေးအပ်ကာ တရုတ်နိုင်ငံသို့ ပညာသင်စေခဲ့ကြောင်း ဖော်ပြထားသည်။ စစ်ကောင်စီိနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က စီးပွားရေးပြန်လည်နာလန်ထူရေးအတွက် ဦးစားပေးပူးပေါင်းဆောင်ရွက်ရာတွင် တရုတ်၏ ‘ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်’ (Global Development Initiative) နှင့် ‘ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးလုပ်ငန်းစဉ် (Global Security Initiative)’ ကိုလည်းကောင်း ကြိုဆိုထောက်ခံကြောင်း ပြောဆိုခဲ့သည်။
၂၀၂၂၊ ဇူလိုင် ၄
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်တို့ ပုဂံမြို့၌ ကျင်းပပြုလုပ်သည့် သတ္တမကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်စဉ်ကာလအတွင်း တွေ့ဆုံစဉ်
Photo – ဆင်ဟွာ
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် တရုတ်၏ မျှော်မှန်းချက်သုံးခုကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က အာဆီယံအထူးသံတမန် ပရပ်ဆုတ်ခွန်းနှင့်ပုဂံမြို့တွင် တွေ့ဆုံချိန် ပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ၎င်းတို့မှာ ပထမအချက်- ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်များအောက်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြန်လည်သင့်မြတ်ရေး အတွက် တရုတ်နှင့် အာဆီယံ ပူးတွဲလုပ်ဆောင်ရန် မျှော်လင့်သည်။  မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအသီးသီးက နိုင်ငံ၏အခင်းအကျင်းနှင့် ပြည်သူလူထု အကျိုးစီးပွားကို အလေးထားပြီး ဆင်ခြင်တုံတရားနှင့် လက်တွေ့ကျမှု၊ အပြန်အလှန်နားလည်သည်းခံမှုများဖြင့် ဘက်ပေါင်းစုံ၏ ကျိုးကြောင်းဆီလျော်သော တောင်းဆို ချက်များကို ထည့်သွင်းစဉ်းစားကာ တည်ငြိမ်အေးချမ်းရေးကို ဆောလျင်စွာ ဖော်ဆောင်ကြရန် အားပေးသည်။ ဒုတိယအချက်- မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ပြီး တိုင်းပြည်အာဏာကို ပြည်သူများထံ ပြန်လည်အပ်နှင်းရေးအတွက် တရုတ်နှင့် အာဆီယံ အတူတွန်းအားပေးရင်း မြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီသော၊ မြန်မာ့ဝိသေသ လက္ခဏာဆောင်သော နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ရှာဖွေနိုင်ရန် မျှော်လင့်သည်။ တတိယအချက်- မြန်မာ့အကျပ်အတည်းဖြေရှင်းရေးအတွက် အာဆီယံက “အာဆီယံနည်းလမ်း” ကို လက်ကိုင်စွဲ၍ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမရှိရေး၊ ပေါင်းစပ်ညှိနှိုင်းရေး ဟူသော အခြေခံမူနှင့် နှောင့်ယှက်မှုများကို ဖယ်ရှားပြီး စိတ်ရှည်လက်ရှည် ညှိနှိုင်းခြင်းဖြင့် အာဆီယံဘုံတူညီမှု ငါးရပ် ကို အပြုသဘောဆောင်စွာ အကောင်အထည်ဖော်ရင်း အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် ဦးဆောင်မှုအခန်းကဏ္ဍကို ထိန်းသိမ်းရန် မျှော်လင့်သည်။
၂၀၂၂၊ ဇူလိုင် ၃
တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့ရာတွင် ယွမ်ငွေအစား အမေရိကန်ဒေါ်လာနှင့် အရောင်းအဝယ်ပြန်လုပ်ရန်  မြန်မာကုန်သွယ်ရေးဦးစီးဌာနမှ  မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်လုပ်ငန်းရှင်တွေ ကို ညွှန်ကြားချက် ပေးပို့ခဲ့သည်။​အဆိုပါ ညွှန်ကြားချက်ထဲတွင် ဆန်နှင့် ဆန်ကွဲကို တရုတ်ယွမ်ငွေနဲ့ ဆက်လက် အသုံးပြုခွင့် ပေးထားပြီး ကျန်လယ်ယာထွက်ကုန် ပို့ကုန်များကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် တပြေးညီ သတ်မှတ်ရန်အတွက် အမေရိကန်ဒေါ်လာသာ အသုံးပြုရမည်ဟု ဆိုသည်။ ဆက်လက်ပြီး ကုန်သွယ်မှုများမှ ရရှိလာမည့် အမေရိကန်ဒေါ်လာများကို ပို့ကုန်စတင် တင်ပို့သည့်ရက်မှ ၄၅ ရက်အတွင်း ပြည်တွင်းဘဏ်စာရင်းထဲ ထည့်သွင်းရမည်ဟုလည်း ဖော်ပြထားသည်။ တရုတ်နယ်စပ်အပါအဝင် မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့နေသော ပြောင်း၊ ရော်ဘာ၊ ပဲနှင့် ဆီထွက်သီးနှံများကို အမေရိကန်ဒေါ်လာ တမျိုးတည်းနှင့်သာ ယခုလမှစတင်ပြီး ဈေးနှုန်းသတ်မှတ် ဆောင်ရွက်သွားရန် စစ်ကောင်စီ၏ နိုင်ငံခြား သုံးငွေ ကြီးကြပ်မှုကော်မတီက ပြန်လည် သတ်မှတ်လိုက်ကြောင်း ကုန်သည်များထံမှ သိရသည်။
၂၀၂၂၊ ဇူလိုင် ၃
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ ချူအင်လိုင်းတန်ဆောင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးစဉ် Photo – ကြေးမုံ
သတ္တမကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ချူအင်လိုင်းတန်ဆောင်း ပြန်လည်ပြုပြင်မွမ်းမံပြီး တရားဝင်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီသတင်းများတွင် ဖော်ပြထားသည်။ ထိုအခမ်းအနားသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွှေစည်းခုံစေတီတော်ပရိဝုဏ်အတွင်းရှိ ချူအင်လိုင်းတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး စစ်ကောင်စီ၏နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်းဟိုင် လည်း တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို “တို့ခေါ်မယ် ပေါက်ဖော်” ရုပ်သံဗီဒီယိုဖြင့် ဖွင့်လှစ်ခဲ့ပြီး တရုတ်သံအမတ် ချန်းဟိုင်က မြန်မာသို့ ကိုးကြိမ်တိတိ လာရောက်ခဲ့ပြီး ၁၉၆၁ ခုနှစ်ခရီးစဉ်တွင် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းမှ ဆောက်လုပ်လှူဒါန်းခဲ့သည့် အဆိုပါချူအင်လိုင်းတန်ဆောင်းသည် တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှုအတွက် အမှတ်သင်္ကေတတခု ဖြစ်လာကြောင်း၊ ၎င်းဖွင့်ပွဲအခမ်းအနား တက်ရောက်ခြင်းသည် တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှုကို အမွေဆက်ခံခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
၂၀၂၂၊ ဇူလိုင် ၃
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး လွဲပြောင်းလွှာများ၊ သဘောတူညီချက်များ အသီးသီးလက်ခံရယူနေပုံ
Photo – မြဝတီ
တရုတ်သံအမတ် ချန်းဟိုင်နှင့် စစ်ကောင်စီ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ ရှေ့မှောက်၌ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်သည့် လက်ခံလွှာများ၊ သဘောတူညီချက်များကို အသီးသီး လွှဲပြောင်းပေးအပ်၊ လက်ခံခဲ့ကြသည်ဟု စစ်ကောင်စီ သတင်းစာများတွင် ထုတ်ပြန်ထားသည်။ ထိုလွှဲပြောင်းလက်ခံ၊ လဲလှယ်မှုများတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ၂၀၂၂ ခုနှစ် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းလက်ခံလွှာ၊ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်၊ တရုတ်၏အထောက်အပံ့ဖြင့် အမှတ်(၂) စက်မှု သင်တန်းကျောင်း(မန္တလေး) အဆင့်မြှင့်တင်ရေး စီမံကိန်းသဘောတူညီချက်၊ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း အဆင့်မြှင့်တင်ရေး စီမံကိန်းသဘောတူညီချက်၊ တရုတ်မှ လှူဒါန်းသည့် ယွမ် ၄၂ သန်းကျော်တန်ဖိုးရှိ အရေးပေါ်ကူးစက်ရောဂါကာကွယ်ရေး အထောက်အပံ့များဆိုင်ရာ လွှဲပြောင်းလက်ခံလွှာနှင့် အလွယ်တကူ တပ်ဆင်နိုင်သည့် အိမ်အလုံးရေ ၁,၀၀၀ လွှဲပြောင်းလက်ခံလွှာတို့ ပါဝင်သည်။
၂၀၂၂၊ ဇူလိုင် ၃
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံဆွေးနွေးစဉ်
Photo – Global New Light of Myanmar
သတ္တမကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး မစတင်မီ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့သည် ပုဂံမြို့တွင်သီးခြားတွေ့ဆုံခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်  စစ်ကောင်စီတို့က သတင်းထုတ်ပြန်ခဲ့သည်။ ထိုတွေ့ဆုံပွဲတွင် တရုတ်အနေဖြင့် မြန်မာနိုင်ငံနှင့် လက်တွေ့ကျသော ပူးပေါင်းဆောက်ရွက်မှုများလုပ်ဆောင်ရန် နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ရေး အရှိန်မြှင့် ဆောင်ရွက်ရန်၊ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်း အကောင်အထည်ဖော်ရန် နှင့် တရုတ်-မြန်မာရေနံပိုက်လိုင်း လုံခြုံရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်းဖော်ပြထားသည်။ ထို့အပြင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်သွားရန်၊ တရုတ်မှ ဓာတ်မြေဩဇာများ မြန်မာသို့ ပိုမိုတင်သွင်းနိုင်ရန်၊ မြန်မာမှ လယ်ယာနှင့်ရေထွက်ကုန်များ တရုတ်သို့ ပိုမိုတင်ပို့နိုင်ရန်၊ မြန်မာပညာသင်များ တရုတ်သို့ ပြန်လည်ဝင်ရောက်ခွင့်ရရှိရန်ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ထို့အပြင် နှစ်နိုင်ငံနယ်စပ်ဒေသတလျှောက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးထိန်းသိမ်းရန်နှင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များ၌ ကုန်သွယ်မှုချောမွေ့စေရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် စသည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီသတင်းစာက ရေးသားထားသည်။ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် က အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်နှင့် စစ်ကောင်စီ၏ရှေ့လုပ်ငန်းစဥ်ငါးရပ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဝမ်ယိကို ပြောဆိုခဲ့သည်။ ဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် လင်ချန်း-မဲခေါင်အစီအမံ အောက်တွင်လည်း မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားမည်ဖြစ်ပြီး တရုတ်သမ္မတရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ် (Global Development Initiative) နှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးလုပ်ငန်းစဉ် (Global Security Initiative) တို့နှင့် ပေါင်းစပ်ကာ မဲခေါင်နိုင်ငံများ  ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
၂၀၂၂၊ ဇူလိုင် ၂ မှ  ဇူလိုင် ၃
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်အဖွဲ့ သတ္တမကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်
Photo – ကြေးမုံ
မြန်မာအနေဖြင့် ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် သတ္တမကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် အဖွဲ့သည် ဇူလိုင် ၂ ရက်တွင် လေယာဉ်ဖြင့် ပုဂံ-ညောင်ဦးလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ ဇူလိုင်၃ရက်တွင်လည်း ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရပ်ဆုတ်ခွန်း (Prak Sokhonn)၊ လာအိုဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆလမ်မုဆေ ကိုမာဆစ် (Saleumxay Kommasith)၊ ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး  ဒွန်ပရာမွန်းဝီနိုင်း (Don Pramudwinai) နှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဗူရီသိုင်စွန်း (Bui Thanh Son) တို့လည်း ၎င်းတို့၏အဖွဲ့နှင့်အတူ ပုဂံ-ညောင်ဦးလေဆိပ်သို့ အသီးသီးရောက်ရှိခဲ့ကြသည်။ လာရောက်ကြသည့် နိုင်ငံခြားရေးဝန်ကြီးများအား စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ မန္တလေးတိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးတို့မှ သွားရောက်ကြိုဆိုခဲ့ကြကြောင်း ရေးသားထားသည်။
၂၀၂၂၊ ဇူလိုင် ၂
စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၇ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ
Photo – MRTV
သတ္တမကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တရုတ်နိုင်ငံအပါအဝင် သက်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခြင်းသည် “မြန်မာနိုင်ငံအစိုးရ၏ အချုပ်အခြာအာဏာနှင့်တည်ရှိမှုကို အသိအမှတ်ပြုခြင်းသာဖြစ်ကြောင်း”  စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပြောဆိုခဲ့သည်။ ထို့အပြင် အဆိုပါတက်ရောက်မှုသည် မဲခေါင်ဒေသနိုင်ငံအားလုံး တသားတည်းဖြစ်နေခြင်းကို ပြသရာဖြစ်ပြီး ယင်းအစည်းအဝေးတွင် တရုတ်-မြန်မာ နှစ်နိုင်ငံအကြားနှင့် ဒေသတွင်းနိုင်ငံများအကြား သဘောတူညီမှုစာချုပ်များ၊ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးသွားရန်ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
၂၀၂၂၊ ဇူလိုင် ၁
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ အာဆီယံဒေသခရီးစဉ်များနှင့်ပတ်သက်၍ ပြောခွင့်ရသူ ကျောက်လိကျန် (Zhao Lijian) က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
Photo – Ministry of Foreign Affairs of the People’s Republic of China
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် သတ္တမကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန် မြန်မာနိုင်ငံကိုလာရောက်မည်ဖြစ်သည့် အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့လည်းသွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန် က သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။  ထိုခရီးစဥ်မှ တရုတ်အနေဖြင့် အရှေ့တောင်အာရှ လေးနိုင်ငံတို့နှင့် မဟာဗျူဟာမြောက်ဆက်သွယ်ရေးတိုးမြှင့်ရန်၊ အဆင့်မြင့်ရပ်ဝန်းလမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်ရန်၊ လုံခြုံငြိမ်းချမ်းပြီး သာယာဝပြောသော အသိုက်အဝန်းတခု တည်ဆောက်ရန်တို့ပါဝင်ကြောင်း ထည့်သွင်းပြောဆိုထားသည်။ ထို့အပြင် အလုံးစုံလွှမ်းခြုံပြီး မဟာဗျူဟာကျသော တရုတ်-အာဆီယံမိတ်ဖက်ဖွဲ့မှု (China-ASEAN Comprehensive Strategic Partnership) ကို စတင်ရန် မျှော်မှန်းကြောင်း ပြောဆိုခဲ့သည်။အရှေ့တောင်အာရှနိုင်ငံများနှင့်အတူ တရုတ်နိုင်ငံက ‘ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ် (Global Development Initiative)’ နှင့် ‘ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးလုပ်ငန်းစဉ် (Global Security Initiative)’ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ စီးပွားရေးနာလန်ထူမှုမြှင့်တင်ရန်၊ တည်ငြိမ်မှုနှင့်ငြိမ်းချမ်းမှု ထိန်းသိမ်းရန်၊ ကြိုးပမ်းလုပ်ဆောင်သွားမည့်အကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးတွင်မူ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် အပြန်အလှန်နိုင်ငံရေးယုံကြည်မှု ပိုမိုခိုင်မာစေရန်၊ ပူးပေါင်းဆောင်ရွက်မှုအတွေ့အကြုံများ ဆင်ခြင်သုံးသပ်နိုင်ရန်၊ ဖွံ့ဖြိုးရေးဆိုင်ရာ အသေးစိတ်အစီအစဉ် (blueprint) များ အကြမ်းဖျင်းရေးဆွဲနိုင်ရန်၊ အဆင့်မြင့်ရပ်ဝန်းလမ်းကြောင်းပူးပေါင်းဆောက်ရွက်မှုမြှင့်တင်ရန်  အတွက် ပူးပေါင်းဆောင်ရွက်သွားရန် အခွင့်အလမ်းတရပ်အဖြစ် တရုတ်က ရှုမြင်ကြောင်း ဆိုပါသည်။
၂၀၂၂၊ ဇွန် ၃၀
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ပေးပို့သော လူသားချင်းစာနာမှုအကူအညီအဖြစ် ကိုဗစ်ကာကွယ်ဆေး နှစ်သန်းကို အာဆီယံအထူးသံတမန်က လက်ခံစဉ် Photo – ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန
တရုတ်နိုင်ငံမှ အာဆီယံကတဆင့် မြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေးနှစ်သန်းကို အာဆီယံ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆုက်ခွန်းထံ လွှဲပြောင်းခဲ့ကြောင်း တရုတ်သံရုံးကထုတ်ပြန်ခဲ့သည်။ တရုတ်သံအမတ်ချန်းဟိုင်က မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သဘောတူထားသည့် အာဆီယံဘုံသဘောတူညီမှု ၅ရပ်ကို အကောင်ထည်ဖော်ရန် မြန်မာနိုင်ငံ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အားဆောင်ရွက်ရန် တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်းပြောဆိုခဲ့သည်။ ပရက်ဆုက်ခွန်းက တရုတ်က လှူဒါန်းသည့် ကာကွယ်ဆေးများကို မြန်မာနိုင်ငံရှိလာရေးခက်ခဲသည့် ဒေသများသို့ ဖြန့်ဝေပေးသွားမည် ဟုပြောဆိုခဲ့ကြောင်းတရုတ်သံရုံးကထုတ်ပြန်ခဲ့သည်။ထို့အပြင်လူသားချင်းစာနာမှုအကူအညီပေးရာတွင် နိုင်ငံရေးမတူကွဲပြားချက်များကို ဘေးဖယ်ထားပြီး ပြင်ပမှ ပါဝင်သင့်သူအားလုံးအနေဖြင့် မြန်မာ့အရေးအခြေအနေတိုးတက်စေရန် အရောင် အသွေးမပါဘဲ ပါဝင်လုပ်ဆောင်သင့်ကြောင်း အာဆီယံ အထူးသံတမန်က ပြောဆိုခဲ့ကြောင်း ရေးသားထားသည်။
၂၀၂၂၊ ဇွန် ၃၀
လွယ်ဂျယ်-ဗန်းမော်လမ်းပိုင်းတွင် လမ်းနှင့်တံတားများပျက်စီးပြီး ခရီးသွားလာမှုအခက်အခဲဖြစ်နေစဉ်
Photo – DVB
ကချင်ပြည်နယ်အတွင်းရှိ မြန်မာ-တရုတ်ကုန်သွယ်ရေးတွင် အဓိက အရေးပါသော ဂိတ်တခုဖြစ်သည့် လွယ်ဂျယ်သို့သွားရာလမ်းပိုင်းသည်  မိုးရွာသွန်းမှုများကြောင့် လမ်းနှင့်တံတားများ ပျက်စီးပြီး ခရီးသွားလာမှုပြတ်တောက်လျက်ရှိကြောင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။ လွယ်ဂျယ်မြို့သို့ သွားသည့်လမ်းပိုင်းသည် လမ်းများနိမ့်ကျပျက်စီးခဲ့သလို တံတားအချို့ ကျိုးကျသွားခဲ့ကာ မော်တော်ယာဉ်များ အသွားအလာမလုပ်နိုင်ကြောင်းကို တာဝန်ရှိသူများက ဒေသအာဏာပိုင်များထံတွင် တင်ပြထားသော်လည်း အကြောင်းမထူးသေးကြောင်း ရေးသားထားသည်။ တရုတ်ပြည်ကို ကုန်သွယ်ကူးသန်းရာ အဓိကလမ်းမကြီးဖြစ်သည့် မိုင် ၅၀ ကျော်ခန့်ရှိ ဗန်းမော်-လွယ်ဂျယ် လမ်းပိုင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် တရုတ်ကုမ္ပဏီ ဟုန်ရှင်းကျန်းဖက တာဝန်ယူဆောက်လုပ်ရန် လက်မှတ်ထိုးခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကာလအတွင်း တရုတ်လုပ်သားများ တရုတ်နိုင်ငံသို့ ပြန်သွားခဲ့ရာမှ ယခုစစ်အာဏာသိမ်းကာလအထိ  ရပ်ဆိုင်းထားလျက်ရှိကြောင်း ဖော်ပြထားသည်။
၂၀၂၂၊ ဇွန် ၂၉
လန်ချန်း-မဲခေါင်အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်သည့် စီမံကိန်းများဆိုင်ရာအစည်းအဝေး ကျင်းပပြုလုပ်စဉ် Photo – မြန်မာ့အလင်း
၂၀၂၂ ခုနှစ်တွင် လန်ချန်း-မဲခေါင်အထူးရန်ပုံငွေဖြင့် စီမံကိန်းလုပ်ငန်း ခုနစ်ခု အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း စစ်ကောင်စီသတင်းစာများတွင် ဖော်ပြထားသည်။ လန်ချန်း-မဲခေါင်အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်သည့် စီမံကိန်းများဆိုင်ရာ အစည်းအဝေးကို စစ်ကောင်စီ၏စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံ၏ မတည်ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော လန်ချန်း-မဲခေါင်စီမံကိန်းလုပ်ငန်းများသည် စီမံကိန်းပထမအသုတ်ဖြစ်သော ၂၀၁၇ ခုနှစ်တွင် စီမံကိန်းငါးခု၊ ဒုတိယအသုတ် ၂၀၁၈ ခုနှစ်တွင် စီမံကိန်းကိုးခု၊ တတိယအသုတ် ၂၀၂၀ ပြည့်နှစ်တွင် စီမံကိန်းခြောက်ခု၊ စတုတ္ထအသုတ် ၂၀၂၁ ခုနှစ်တွင် စီမံကိန်းလေးခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုပဉ္စမအသုတ် ၂၀၂၂ ခုနှစ်တွင် စီမံကိန်းလုပ်ငန်း ခုနစ်ခု အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဖော်ပြပါစီမံကိန်းစုစုပေါင်း ၃၁ ခုအတွက် တရုတ်၏မတည်ငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ရေးသားထားသည်။
၂၀၂၂၊ ဇွန် ၂၉
ကျောက်ဖြူမြို့၊ ကံကော်တောဘုရားအနီးရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်း
Photo – Narinjara
တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများအောက်တွင် အရေးပါသည့် စီမံကိန်းတခုဖြစ်သည့် ကျောက်ဖြူ ဓာတ်အားပေးစက်ရုံစီမံကိန်းသည် ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း ကျောက်ဖြူခရိုင်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းက မီဒီယာများကိုပြောဆိုခဲ့သည်။  အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့် အကုန်အကျခံပြီး တည်ဆောက်နေသော အဆိုပါဓာတ်အားပေးစက်ရုံစီမံကိန်းသည် ၂၀၂၀ ပြည့်နှစ်မှ စတင်တည်ဆောက်ခဲ့ပြီး လက်ရှိတွင် ၈၁ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။ လျှပ်စစ်ဓာတ်အား ၁၃၅ မဂ္ဂါဝပ်ထွက်ရှိနိုင်မည့် အဆိုပါဓာတ်အားပေးစက်ရုံသည် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးစက်ရုံဖြစ်ပြီး ပြည်တွင်းတွင် ပထမဦးဆုံးအသုံးပြုမည့်  ဂျာမနီထုတ် စွမ်းအားမြင့်ဓာတ်ငွေ့သုံးစွဲမှု အသက်သာဆုံး SGT-800 ဖြင့် လည်ပတ်နိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း BETV Business သတင်းတွင် ဖော်ပြထားသည်။  IPP/BOT စနစ်ဖြင့်  တည်ဆောက်လျက်ရှိသည့် ၎င်းဓာတ်အားပေးစက်ရုံသည် ရွှေဓာတ်ငွေ့တွင်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို အသုံးပြုကာ ဓာတ်အားထုတ်လုပ်မည်ဖြစ်သည်။ ထိုစီမံကိန်းသည် တရုတ် Powerchina နှင့် မြန်မာ Supreme Groupတို့ ပူးတွဲအကောင်အထည်ဖော် နေသည့်စီမံကိန်းတခုဖြစ်သည်။
၂၀၂၂၊ ဇွန် ၂၈
မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် သတ္တမကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် အစည်းအဝေးတက်ရောက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာမည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက နိုင်ငံခြားသတင်းဌာနများကိုပြောခဲ့သည်။ အဆိုပါအစည်းအဝေးကို ဇူလိုင် ၂ ရက်မှ ၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ကြမည့်အကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ မှ ၂၀၂၁ ခုနှစ်အတွင်း တရုတ်ကျောထောက်နောက်ခံပြုထားသော အဆိုပါဒေသခွဲပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ဆောင်ရွက်သည့် စီမံကိန်း ၇၂ ခုအတွက် အမေရိကန်ဒေါ်လာ ၂၂ သန်းကျော် လက်ခံရရှိခဲ့ပြီဖြစ်ကြောင်း BETV Business သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
၂၀၂၂၊ ဇွန် ၂၇
တရုတ်သံအမတ် ချန်းဟိုင်နှင့် စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့ တွေ့ဆုံစဥ်
Photo – SAC’s Ministry of Foreign Affairs
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်းဟိုင် နှင့် စစ်ကောင်စီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကိုကိုလှိုင် နှင့်တွေ့ဆုံခဲ့ကြောင်း  နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်းအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ရေးသားထားသည်။
၂၀၂၂၊ ဇွန် ၂၇
ဝမ်ပေါင်ကုမ္ပဏီ၏ ‌ထုတ်ပြန်ချက်
Photo – Myanmar Wanbao Mining Copper Limited
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးတဝိုက် ပစ်ခတ်မှုများနှင့်ပတ်သက်၍ တရုတ်ဝမ်ပေါင်ကုမ္ပဏီမှ ပဋိပက္ခအတွင်း ၎င်းတို့ပါဝင်လိုခြင်းဆန္ဒမရှိကြောင်း သဘောထားထုတ်ပြန်ချက်တစောင် ထုတ်ပြန် ကြေညာခဲ့သည်။ လက်ပံတောင်းတောင်ဒေသတဝိုက် လက်နက်ကိုင်အဖွဲ့အစည်းများမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ အကြိမ်ကြိမ်ဖြစ်ပွားလာပြီး ဗို့အားမြင့် လျှပ်စစ်ဓာတ်အားတာဝါတိုင် ဖောက်ခွဲခံသော်လည်း လူသေဆုံးမှုမရှိသေးကြောင်း ဖော်ပြထားသည်။ ကုမ္ပဏီအနေဖြင့် စီမံကိန်းလည်ပတ်မှုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၁၆ လကျော်ကြာ ရပ်နားထားကာ ဝန်ထမ်းနှင့် ဒေသခံပြည်သူများအတွက် အကူအညီပေးလျက်ရှိပြီး ယခုဖြစ်ပွားနေသည့် ပဋိပက္ခများအတွင်း ပါဝင်ပတ်သက်လိုခြင်းမရှိကြောင်း၊ အပြစ်မဲ့ပြည်သူနှင့် အနီးဝန်းကျင်ရပ်ရွာများအား အန္တရာယ်မပြုစေလိုကြောင်း ရေးသားထားပါသည်။ ၎င်းတို့၏ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးနှင့် သူတို့၏ အသက်ရှင်နေထိုင်ခွင့်နှင့် ရွေးချယ်ခွင့်များအား အလေးထားစေလိုကြောင်း လက်နက်ကိုင်ဆောင်ထားသူနှင့် မကိုင်ဆောင်ထားသူ အဖွဲ့အစည်းများအားလုံးအား ဝမ်ပေါင်ကုမ္ပဏီက တောင်းဆိုထားသည်။
၂၀၂၂၊ ဇွန် ၂၁
မိုးကြိုးပြင် (မြောက်ရွာ) မီးရှို့ခံထားရသည်အား ၂၀၂၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo – RFA
တရုတ်ကုမ္ပဏီပိုင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတည်ရှိရာ ရွာအချို့ကို စစ်ကောင်စီတပ်မှ အင်အားသုံးရှင်းလင်းခဲ့ကြောင်း RFA တွင် ဖော်ပြထားသည်။ ဝမ်ပေါင်ကုမ္ပဏီလုံခြုံရေးအတွက် တာဝန်ယူထားသော စစ်ကောင်စီတပ်သား ၁၀၀ ခန့်သည် နံနက်ပိုင်းတွင် တိုက်ပွဲမရှိဘဲ စီမံကိန်းအနီးရှိ မိုးကြိုးပြင် (မြောက်) ရွာသို့ လက်နက်ကြီးများနှင့် ပစ်ခတ်ကာ အိမ်ခြေသုံးပုံနှစ်ပုံခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်းသတင်းဌာနက ရေးသားထားသည်။ Chindwin Post ဖော်ပြချက်တွင်မူ ညနေပိုင်း၌ ဆားလင်းကြီးတော်လှန်ရေးတပ် (SRA) နှင့် ချင်းတွင်းကာကွယ်ရေးအဖွဲ့ (CDF)  မဟာမိတ်တပ်များက ကြေးနီစီမံကိန်းလုပ်ဆောင်နေသော ဝမ်ပေါင်ကုမ္ပဏီဧရိယာသို့ ၆၀ မမ၊ ၁၂၀ မမများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်မှ အဆိုပါအင်အားသုံးစီးနင်းမှုကြောင့် အနီးတဝိုက်ရှိ ရွာပေါင်း ၂၀ ကျော်မှ ဒေသခံတစ်သောင်းကျော် ဘေးကင်းလုံခြုံရာသို့ ထွက်ပြေးပုန်းရှောင်နေရပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးလည်း သတ်ဖြတ်ခံခဲ့ရကြောင်း RFA သတင်းဖော်ပြချက်အရ သိရသည်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အပါအဝင် တရုတ်စီမံကိန်းများ ရပ်တန့်ထားရန်နှင့် ဝန်ထမ်းများ CDM လုပ်ကြရန် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ ထုတ်ပြန်ပြီးနောက်ပိုင်း စစ်ကောင်စီဝင်ရောက်စီးနင်းမှုများသည် အခုရက်ပိုင်းအတွင်း အဆိုးရွားဆုံးဖြစ်ကြောင်း ဒေသခံများက မှတ်ချက်ပေးကြောင်း ဖော်ပြထားသည်။
၂၀၂၂၊ ဇွန် ၂၀
တရုတ်-မြန်မာနယ်စပ် လင်ချန်း (မုန်တိန်)-ချင်းရွှေဟော်ဂိတ်မှတဆင့် ကြံကားများ ဖြတ်သန်းတင်ပို့နေစဉ်
Photo – Chinese Embassy in Myanmar
ပြီးခဲ့သော မေလအတွင်း တရုတ်-မြန်မာနယ်စပ် လင်ချန်း (မုန်တိန်)-ချင်းရွှေဟော်ဂိတ်တွင် ကုန်သွယ်မှုပမာဏနှင့်တန်ဖိုးသည် ယခင်နှစ်ထက် ပိုမိုတိုးတက်လာကြောင်း တရုတ်သံရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါနယ်စပ်ဂိတ်၌ ယခင်နှစ်နှင့် ကာလတူနှိုင်းယှဉ်လျှင် ကုန်စည်ပို့ဆောင်မှုပမာဏသည် ၈၁ ရာခိုင်နှုန်းခန့် တိုးလာပြီး ကုန်စည်ပို့ဆောင်မှု စုစုပေါင်းတန်ဖိုးမှာ ယွမ် ၃၃၄ သန်းရှိကြောင်း မုန်တိန်အကောက်ခွန်ဌာနစာရင်းအား ကိုးကားဖော်ပြထားသည်။ ထို့အပြင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ၏ ကြံရိတ်သိမ်းရာသီဖြစ်သည့် မေလတွင် ကြံတန်ချိန် ၁၁၃,၀၀၀ ခန့်ကို အဆိုပါနယ်စပ်ဂိတ်မှတဆင့် တရုတ်ဘက်သို့ တင်ပို့ခွင့်ပြုခဲ့ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၂၊ ဇွန် ၁၇
ဝမ်တိန်နယ်စပ်ဂိတ်၌ စမတ်စိစစ်ရေးစက် တပ်ဆင်စမ်းသပ်နေပုံ
Photo – မင်္ဂလာ
တရုတ်-မြန်မာနယ်စပ်ရှိ ကြူကုတ်(ပန်ဆိုင်း)-ဝမ်တိန်နယ်စပ်ဂိတ်တွင် စမတ်စိစစ်ရေးစက် စမ်းသပ်မှု ပထမဦးဆုံးအနေဖြင့် အောင်မြင်ခဲ့သည်ဟု မင်္ဂလာသတင်းတွင် ဖော်ပြထားသည်။ အဆိုပါစက်တပ်ဆင်မှုသည် နယ်စပ်ဂိတ်ရှိ အခြေခံအဆောက်အဦးများ ပြည့်စုံစေရန်နှင့် ဒီဂျစ်တယ် သတင်းအချက်အလက်စနစ်များ မြှင့်တင်ပြီး ပြည်ဝင်ပြည်ထွက်စနစ်များ ကောင်းမွန်စွာ စွမ်းဆောင်နိုင်ရန်ဟု ဖော်ပြထားသည်။ သို့သော် အဆိုပါစမတ်စိစစ်ရေးစက်ဖြင့် နယ်စပ်ရှိ လူဝင်-လူထွက် ဖြတ်သန်းမှုကို လျင်မြန်စွာ ဖြတ်သန်းနိုင်မည် ဖြစ်သည့်အတွက် လူတဦးချင်း၏ ပုဂ္ဂလိကအချက်အလက်များအား ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းထားနိုင်မည့် အနေအထားဖြစ်နေသည်။
၂၀၂၂၊ ဇွန် ၁၆
တရုတ်နိုင်ငံသို့ ငှက်ပျောသီးတင်ပို့လိုသည့် မြန်မာကုမ္ပဏီများအနေဖြင့် ဇွန် ၃၀ ရက် နောက်ဆုံးထား၍ မှတ်ပုံတင် လျှောက်ထားရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် မေလက မြန်မာနှင့်တရုတ် နှစ်နိုင်ငံချုပ်ဆိုထားသော အပင်ပိုးမွှားကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက်သဘောတူစာချုပ်အရ (Sanitary and Phytosanitary (SPS) Protocol) သတ်မှတ်ချက်များနှင့်အညီ နှစ်စဉ်ပုံမှန် စိစစ်မှတ်ပုံတင်ခြင်းကိုလည်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ပြည်ပတင်ပို့သည့် ကုမ္ပဏီမှတ်ပုံတင်ခြင်းကိစ္စတွင် ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာကိုယ်တိုင် တင်ပြလျှောက်ထား ရမည်ဟု ဆိုသည်။
၂၀၂၂၊ ဇွန် ၁၆
ဆဋ္ဌမအကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ဒေသ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအစည်းအဝေးကျင်းပနေပုံ
Photo – Chinese Embassy in Myanmar
ဆဋ္ဌမအကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ဒေသ ငှက်ဖျားရောဂါတိုက်ဖျက်ရေး အစည်းအဝေးကို ဗီဒီယိုစနစ်ဖြင့် ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ဖော်ပြထားသည်။ အဆိုပါအခမ်းအနားတွင် တရုတ်သံရုံးမှ စီးပွားရေးသံမှူး  Tan Shufu တက်ရောက်အမှာစကားပြောကြားခဲ့ပြီး တရုတ်နိုင်ငံသည် ကျန်းမာရေးကဏ္ဍကို တရုတ်-မြန်မာဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု၏ အဓိက အချက်အဖြစ် အမြဲတစေထားရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေးအပါအဝင် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများလှူဒါန်းခြင်း၊ မြန်မာနိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေးဗဟိုဌာန (CDC) တည်ဆောက်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးစီမံကိန်း ဖော်ဆောင်ခြင်း စသည့် အကူအညီများ ပေးအပ်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ယခုအခါတွင် တရုတ်-မြန်မာ နှစ်နိုင်ငံမှ ပညာရှင်များအနေဖြင့် တရုတ်-မြန်မာ နယ်စပ်ဒေသ ငှက်ဖျားရောဂါ ကာကွယ်ကုသရေးဆိုင်ရာ အကူအညီစီမံကိန်းများ၏ ဖြစ်နိုင်ခြေ လေ့လာမှုနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ မြန်မာ-တရုတ်နယ်စပ် ဒေသတလျှောက်တွင် ငှက်ဖျား ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို တစ်ဆင့်တိုးဖော်ဆောင်ရန်လိုအပ်ကြောင်း၊ ထည့်သွင်းဆွေးနွေး ခဲ့သည်။
၂၀၂၂၊ ဇွန် ၁၅
ပြည်ဝင်ခွင့်ဗီဇာအချို့ ပြန်လည်လျှောက်ခွင့်ပြုပြီဖြစ်ကြောင်း တရုတ်သံရုံးက လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။ ယခုပြန်လည်လျှောက်ခွင့်ပြုလိုက်သည့် ဗီဇာအမျိုးအစားများတွင် တရုတ်နိုင်ငံသား သို့မဟုတ် အမြဲနေထိုင်ခွင့်ဗီဇာရှိသူဆွေမျိုးထံ သွားရောက်တွေ့ဆုံသည့် ရက်ရှည်ဗီဇာ ‘Q1’ နှင့် ရက်တိုဗီဇာ ‘Q2’၊ အလုပ်လုပ်ကိုင်လျက်ရှိသော ဆွေမျိုးထံ သွားရောက်တွေ့ဆုံသည့် ရက်ရှည်ဗီဇာ ‘S1’ နှင့် ရက်တိုဗီဇာ ‘S2’၊ ရက်ရှည်အလုပ်လုပ်ကိုင်သူများအတွက် အလုပ်ဗီဇာ ‘Z’၊ စီးပွားရေးလုပ်ကိုင်သူများအတွက် ဗီဇာ ‘M’၊ အစည်းအဝေးတက်ရောက်သူများအတွက် ဗီဇာ ‘F’၊ လေကြောင်းလိုင်းဝန်ထမ်းများအတွက် ခေတ္တဖြတ်ကူးခွင့်ဗီဇာ ‘C’၊ အဆင့်မြင့်ပညာရှင်များအတွက် ဗီဇာ ‘R’ တို့ ပါဝင်သည်။ ဖော်ပြပါဗီဇာများအနက် မိသားစုကိစ္စနှင့်အလုပ်ကိစ္စဗီဇာအမျိုးအစားဖြစ်သည့် Z၊ S1၊ Q1 နှင့်  သတင်းမီဒီယာသမားအတွက် ရက်ရှည်ဗီဇာ ‘J1’ များကမူ သက်တမ်းမကုန်သေးပါက ဗီဇာထပ်မံလျှောက်ရန်မလိုဘဲ ပြည်ဝင်ခွင့်ရရှိနေမည်ဖြစ်သည်။သံတမန်အရာရှိများအတွက် ‘Diplomatic’ ဗီဇာ နှင့် အစိုးရဝန်ထမ်းများအတွက် ‘Service’ ဗီဇာ ဟူသော အထူးဗီဇာနှစ်မျိုးကိုမူ သံရုံးတွင် နံနက် ၉ နာရီမှ ၁၁ နာရီအထိ တိုက်ရိုက်လျှောက်ထားနိုင်ပြီဖြစ်ကြောင်းထုတ်ပြန်ထားသည်။ ယခုလျှောက်ထားခွင့်ရှိသည့် ဗီဇာအမျိုးအစားတွင် ဟောင်ကောင်ဗီဇာ၊ အလည်ဗီဇာနှင့် ဆေးကုသခံယူမှုဗီဇာများ မပါဝင်သေးပါ။ အဆိုပါအကြောင်းကြားစာတွင် အွန်လိုင်းစနစ်ဖြင့် ရက်ချိန်းရယူနည်း၊ လိုအပ်သောစာရွက်စာတမ်းများ၊ ကြာချိန်နှင့်ကုန်ကျစရိတ်၊ ခွင့်ပြုဗီဇာအမျိုးအစားနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်ဆိုင်ရာ အသိပေးချက်များအား အသေးစိတ် ဖော်ပြထားသည်။ တရုတ်နိုင်ငံ အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာနအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ၂၀၂၀ ပြည့်နှစ် မတ် ၂၈ ရက်မှစတင်၍ မြန်မာအပါအဝင် နိုင်ငံခြားသားများအား ပြည်ဝင်ခွင့်ဗီဇာယာယီပိတ်လာခဲ့ရာ ယခုမှသာ ပြန်လည်ဖွင့်ပေးခြင်းဖြစ်သည်။
၂၀၂၂၊ ဇွန် ၁၄
ငှက်ပျောသီးအစိမ်း
Photo – Pixabay/Produce Report
မြန်မာ့ငှက်ပျောသီးများကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ပြီဖြစ်ကြောင်း အကောက်ခွန်ဆိုင်ရာ အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)မှ ထုတ်ပြန်ကြေညာခဲ့သည်။။ ငှက်ပျောသီးတင်ပို့ရာတွင် ယခုနှစ် မေလအတွင်း မြန်မာနှင့်တရုတ် နှစ်နိုင်ငံချုပ်ဆိုထားသော အပင်ပိုးမွှားကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်(Sanitary and Phytosanitary (SPS) Protocol)အရ​ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ငှက်ပျောဖူးစထွက်ချိန်မှ ရက်သတ္တပတ် ၁၀-၁၁ ခန့်ကြာ အသီးဖြစ်ထွန်းသည့် ငှက်ပျောသီးအစိမ်းများကိုသာ တင်ပို့ခွင့်ရှိပြီး ငှက်ပျောသီးအမှည့်များတင်ပို့ခွင့် မရသေးကြောင်း၊ ပိုးမွှားနှင့်မှိုတက်ခြင်းမှ ကင်းစင်ရမည်ဟု တရုတ်ဘက်မှ သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစ၍ အကြီးစားငှက်ပျောသီးစိုက်ပျိုးမှုကို တရုတ်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ခဲ့ကာ တရုတ်သို့ ငှက်ပျောသီးတင်ပို့သည့် နိုင်ငံတနိုင်ငံဖြစ်သည်။ သို့ရာတွင် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တင်သွင်းခွင့်မရခဲ့သဖြင့် တရားဝင်တရုတ်စျေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပါ။
၂၀၂၂၊ ဇွန် ၁၄
တရုတ်ကျွမ်းကျင်ပညာရှင်များ၏ကူညီမှုဖြင့် အကောင်အထည်ဖော်နေသည့် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းကိုချိတ်ဆက်မည့်  သံလွင်တံတား (တာဆန်း) အဆင့်မြှင့်တင်ရေးစီမံကိန်းသည် ၂၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း စစ်ကောင်စီ မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါတံတားသည် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်း အကြားတွင် တည်ရှိပြီး   ယာဉ်အလေးချိန် ၇၅ တန်ဖြင့် ခံနိုင်ဝန်ရှိသည်ဟုရေးသားထားသည်။ တံတားအဆင့်မြှင့်တင်ရေးလုပ်ငန်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်တွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါတံတားပြီးစီးပါက မြန်မာနိုင်ငံအလယ်ပိုင်းမှ ရှမ်းပြည်နယ်တောင်ပိုင်းကို ဖြတ်ကာ ရှမ်းပြည်နယ်အရှေ့ပိုင်းမှတဆင့် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ချိတ်ဆက်သွားလာနိုင်မည်ဖြစ်သည်။ ထို့အပြင်  ဒေသထွက်ကုန်များကို ဒေသတွင်းသာမက အိမ်နီးချင်းနိုင်ငံများသို့ပါ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးအတွက် များစွာ ထောက်ပံ့နိုင်မည်ဖြ စ်ကြောင်း စစ်ကောင်စီသတင်းစာက ဖော်ပြထားသည်။
၂၀၂၂၊ ဇွန် ၁၄
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် ဖွဲနုမှ ဖွဲနုဆီ ဆီကြမ်းထုတ်စက်ရုံ တည်ဆောက်ရန်အတွက် တရုတ်အခြေစိုက် ကုမ္ပဏီ နှစ်ခုနှင့် အိန္ဒိယအခြေစိုက် ကုမ္ပဏီ သုံးခု ထံမှ  ဈေးနှုန်းအဆိုပြုလွှာများ တောင်းခံရရှိထားပြီဖြစ်ကြောင်း BETV သတင်းဌာနတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO) ၏ ၂၀၂၁-၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာတွင် ပါရှိခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃ သန်း (ကျပ် ၆.၅ ဘီလီယံခန့်) တန်ဖိုးရှိသည်ဟု ဆိုသည်။
၂၀၂၂၊ ဇွန် ၁၀
တရုတ်နိုင်ငံသို့ တင်ပို့သည့် မြန်မာ့ဆန်ကွဲအိတ်များ
Photo – မင်္ဂလာ
မြန်မာနိုင်ငံမှ ဆန်ကွဲ တန်ချိန် ၅၉၀ ကို ချင်းရွှေ‌ဟော်နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းခဲ့သည်ဟု  မင်္ဂလာသတင်းမှာ ဖော်ပြထားသည်။ အဆိုပါဆန်ကွဲများကို မြီးရှည်နဲ့ ဆန်ခေါက်ဆွဲလုပ်ရာတွင် အဓိက အသုံးပြုရန်အတွက် ယူနန် ထိန်ကွမ်း (Tengkun) ကုန်သွယ်ရေး ကုမ္ပဏီလီမိတက်က တင်သွင်းခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၂၂၊ ဇွန် ၁၀
တရုတ်သံရုံးမှ သံမှူး Zheng Zhihong သည် စစ်ကောင်စီ၏ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနသို့ သွားရောက်၍ လန်ချန်း-မဲခေါင်ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သိပ္ပံနှင့် နည်းပညာ စီမံကိန်းများ တိုးတက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်ဟု တရုတ်သံရုံးက ထုတ်ပြန်ထားသည်။ တရုတ်ဦးဆောင်သည့် လန်ချန်း-မဲခေါင်ပူးပေါင်း ဆောင်ရွက်မှု အစီအစဥ်အောက်တွင် ၂၀၁၈ခုနှစ်စတင်ကာ မြန်မာနိုင်ငံတွင် စီမံကိန်း ၉၂ အတွက်တရုတ်မှရန်ပုံငွေထောက်ပံ့ခဲ့ကြောင်းဖော်ပြထားသည်။ ထိုစီမံကိန်း အရေ အတွက်မှာ မဲခေါင်အဖွဲ့ဝင်နိုင်ငံများကို တရုတ်မှအကူအညီပေးအပ်သည့် စီမံကိန်းများတွင် အများဆုံးဖြစ်ကြောင်း ရေးသားထားသည်။ မြန်မာနိုင်ငံအနေဖြင့် လန်ချန်း- မဲခေါင် အစီအမံအောက်တွင် လယ်ယာ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းများ၊ သိပ္ပံနှင့် နည်းပညာ၊ ယဥ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပညာရေးစသည့် ကဏ္ဍအသီးသီးတို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
၂၀၂၂၊ ဇွန် ၉
တရုတ်နိုင်ငံ ဟွေကျိုးမြို့သို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား ၃၀၀ ကို တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ နန်းတော်ဂိတ်မှတစ်ဆင့် ဇွန် ၉ ရက် နံနက်ပိုင်းက လွှဲပြောင်းပေးခဲ့သည်ဟု စံတော်ချိန်သတင်းစာတွင် ဖော်ပြထားသည်။ လွှဲပြောင်းပေးခံရသူများတွင် ရခိုင်ပြည်နယ်မှ ၁၄၇ ဦး၊ ကချင်ပြည်နယ်မှ ၃၇ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၃၇ ဦး၊ ရှမ်းပြည်နယ်မှ ၂၄ ဦးအပါအဝင် အခြားသူများသည် မန္တလေးတိုင်းဒေသကြီးမှဖြစ်သည်ဟု ဆိုသည်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံသားများကို မူဆယ်မြို့နန်းတော်ဂိတ် မှတစ်ဆင့် လွှဲပြောင်းပေးနေသည်မှာ ၃၀၀၀၀ ကျော် ရှိပြီဖြစ်သည်ဟု ဖော်ပြထားသည်။
၂၀၂၂၊ ဇွန် ၈
ဗြိတိသျှကိုလိုနီအစိုးရမှ ဟောင်ကောင်ဒေသကို တရုတ်အစိုးရသို့ လက်လွှဲပေးအပ်ခြင်း ၂၅နှစ်မြောက် အထိမ်းအမှတ်ပွဲကို စစ်ကောင်စီနှင့်ဆက်စပ်နေသော Lotte ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ခြင်းကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ သံတမန်ရေးရာကန့်ကွက်လွှာ ထုတ်ပြန်ကြေညာခဲ့ကြောင်း Asia Times သတင်းစာနှင့် Justice For Myanmar (JFM) လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
၂၀၂၂၊ ဇွန် ၈
မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၂) နှစ်ပြည့် ဂုဏ်ပြုခြင်း အထိမ်းအမှတ်အဖြစ် ရန်ကုန်-တရုတ် ယဉ်ကျေးမှုစင်တာမှ “မြန်မာ-တရုတ်ရှုမျှော်ခင်း အလှတရား၊ ပေါက်ဖော်သံယောဇဉ် နက်ရှိုင်းစေသား” ဗီဒီယိုနှင့် ဓာတ်ပုံပြပွဲကို ကျင်းပခဲ့သည်။ အဆိုပါပွဲတွင် နှစ်နိုင်ငံ၏ သဘာဝရှုမျှော်ခင်းများ၊ သမိုင်းဝင်ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ထုံးတမ်းများ တင်ဆက်ပြသပြီး အိမ်နီးချင်းဆက်ဆံရေးနှင့် နှစ်နိုင်ငံပြည်သူများ၏ ရိုးရာမပျက် “ပေါက်ဖော်” ချစ်ကြည်ရေးကို လက်ဆင့်ကမ်း မျှဝေသွားမည်ဟု ဖော်ပြထားသည်။ အဆိုပါပြပွဲတွင် မြန်မာနိုင်ငံ၏ ရှုခင်းဓာတ်ပုံများကို မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း（Myanmar Hotelier Association）မှ ပံ့ပိုးတင်ဆက်ပေးပြီး တရုတ်နိုင်ငံ၏ ရှုခင်းဓာတ်ပုံများကို www.travelchina.org.cn နှင့် Beijing Sunny International Communications Ltd. တို့မှ ပံ့ပိုးတင်ဆက်ပေးထားသည်ဟု ဆိုသည်။
၂၀၂၂၊ ဇွန် ၈
တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲအစိုးရမှ ကူမင်းအခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံစဉ် Photo – ပေါက်ဖော်
တရုတ်-မြန်မာ ခင်မင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များအား  တိုးမြှင့်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ တက်ဟုန်းပြည်နယ်ခွဲအုပ်ချုပ်ရေးမှူးမှ ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ကြောင်း တက်ဟုန်းညီညွတ်ရေးသတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်-မြန်မာလူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု၊ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်ယွမ်ငွေပေးချေမှု၊ တရုတ်-မြန်မာ နိုင်ငံတကာလမ်းကြောင်း သယ်ယူပို့ဆောင်ရေးသဘောတူညီချက်၊ နယ်စပ်ဂိတ်စခန်း သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ အားကစားနှင့်  ခရီးသွားလာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့လုပ်ဆောင်ရန် တရုတ်ဘက်မှ မျှော်လင့်ကြောင်း ဖော်ပြထားသည်။ မြန်မာ့အလင်းသတင်းစာဖော်ပြချက်တွင် မြန်မာ-တရုတ် သံတမန်ထူထောင်သည့် ၇၂ နှစ် မြောက်နေ့အထိမ်းအမှတ်အဖြစ် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး နယ်စပ်ဂိတ်များ၌ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား နေထိုင်ခွင့်သက်တမ်း တိုးမြှင့်ပေးရေးနှင့် ပတ်သက်၍ မြန်မာဘက်က ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း ပါရှိသည်။
၂၀၂၂၊ ဇွန် ၈
တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၂) နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ်အဖြစ် တရုတ်သံရုံးက “တရုတ်နိုင်ငံနှင့် ရေစက်ဆုံခြင်း – ရုပ်ပုံဖြင့် မိမိနှင့် တရုတ်နိုင်ငံကြောင်းကို ပြောပြခြင်း” ခေါင်းစဉ်ဖြင့် အစီအစဉ်တခု ကျင်းပခဲ့သည်ဟု တရုတ်သံရုံးမှ ထုတ်ပြန်သည်။ အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံသားများမှ တရုတ်နိုင်ငံနှင့် ပတ်သက်သည့် ခရီးသွားခြင်းများ၊ ပညာတော်သင်နှင့် အလုပ်လုပ် ရသည့် အတွေ့အကြုံများ၊ စာအုပ်စာပေနှင့် ရုပ်ရှင်များအကြောင်း ဖော်ပြခြင်းများကို တရုတ်သံရုံးမှ လူမှုကွန်ရက်တွင် ပြန်လည်မျှဝေ ဖော်ပြခဲ့သည်။ ယခုအစီအစဉ်တွင် တက်တက်ကြွကြွ ပါဝင်သူများအား ကျေးဇူးတင်ရှိကြောင်းနှင့် လက်ဆောင်များ ပေးအပ်မည်ဟု ဆိုသည်။ ဆက်လက်ပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု များကို အားပေးရန်နှင့် ချစ်ကြည်ရင်းနှီးစွာ  ခေတ်ကာလသစ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ဖော်ဆောင်သွားရန် ကြိုဆိုပါသည်ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
၂၀၂၂၊ ဇွန် ၇
မဲခေါင်မြစ် ဝမ်ပုံဆိပ်ကမ်းဒီဇိုင်းပုံအား တွေ့ရစဉ်
Photo – Chinese Embassy in Myanmar
တရုတ်ဦးဆောင်သည့် အစီအမံတခုဖြစ်သော လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံဘက်ခြမ်းရှိ မဲခေါင်မြစ်ပေါ်တွင် ဝမ်ပုံဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရေး ဖြစ်တန်ခြေလေ့လာမှု” (The Feasibility Study on Myanmar Wan Pong Port Improvement Project) ကို ဆောင်ရွက်ခဲ့ကြောင်း တရုတ်သံရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါဖြစ်နိုင်ခြေ လေ့လာမှုတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများအား အကဲဖြတ်ခြင်း၊ ကုန်ကျစရိတ် ခန့်မှန်းတွက်ချက်ခြင်း၊ ဒီဇိုင်းပုံရေးဆွဲခြင်းနှင့် လုပ်ငန်းလည်ပတ်မှုလေ့ကျင့်ရေးအစီအစဉ်များ သတ်မှတ်ခြင်း စသည်တို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်ရှိ ဝမ်ပုံဆိပ်ကမ်းသည် မဲခေါင်မြစ်ပေါ်တွင်တည်ရှိပြီး လာအိုနိုင်ငံနှင့်ကုန်သွယ်ရေးတွင် အဓိကအရေးပါပြီး ကိုဗစ်ကာလတွင် မြန်မာနိုင်ငံမှကုန်များကို ထိုဆိပ်ကမ်းမှတဆင့် တရုတ်နိုင်ငံသို့ လမ်းကြောင်းသစ်များမှတဆင့် တင်ပို့ခဲ့သည်။ တရုတ်၏ မဲခေါင်နိုင်ငံများအပေါ်မှာ သြဇာဖြန့်ကျက်မှုအတွက် အရေးပါသည့် စီမံကိန်းတခုဖြစ်ပြီး ရေကြောင်းအခြေအနေ ကောင်းမွန်စေရန်အတွက်  တရုတ်နှင့်မြန်မာကြား လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အောက်တွင် ဆောင်ရွက်ရန် သဘောတူညီထားသည်။ ဝမ်ပုံဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရေးစီမံကိန်း ပြီးစီးပါက မြန်မာနိုင်ငံနှင့် အခြား လန်ချန်း-မဲခေါင်နိုင်ငံများအကြား ကုန်စည်ပို့ဆောင်ကူးသန်းရောင်းဝယ်မှုကို မြှင့်တင်ပေးပြီး မြန်မာနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမည်ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
၂၀၂၂၊ ဇွန် ၆
Photo – JOOX Myanmar
တရုတ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် JOOX Music သည် မြန်မာနိုင်ငံရှိ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုကို ရပ်ဆိုင်းတော့မည့်အကြောင်း JOOX Music Myanmar မှ ထုတ်ပြန်ကြေညာချက်ထားသည်။ ဈေးကွက်အပြောင်းအလဲများကြောင့် မြန်မာနိုင်ငံ၌ ၎င်း၏ရင်းနှီးမြှုပ်နှံမှုကို ရပ်ဆိုင်းလိုက်ရကြောင်း ကြော်ငြာချက်တွင် ပါရှိသည်။ JOOX Music သည် သီချင်းပုဒ်ရေ ၄၅ သန်းကျော်ကို နားထောင်နိုင်သည့် ဖုန်းအပ်ပလီကေးရှင်းတခုဖြင့် ၂၀၁၅ ခုနှစ်တွင် မြန်မာဈေးကွက်သို့ ဝင်ရောက်ခဲ့သော တန်စင့် (Tencent) ကုမ္ပဏီပိုင် တေးဂီတလွှင့်ဝန်ဆောင်မှုဖြစ်ကြောင်း ၎င်းသတင်းဖော်ပြချက်အရ သိရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပြီးနောက် အဆိုပါအပ်ပလီကေးရှင်းအသုံးပြုသူအချို့သည် ၎င်းတို့ဖုန်းများမှ ဖြုတ်ချခဲ့ကြပြီး မြန်မာအဆိုတော်အချို့က သူတို့၏သီချင်းများကို ဖယ်ရှားခဲ့ကြကြောင်းလည်း ဖော်ပြထားသည်။
၂၀၂၂၊ ဇွန် ၂
ချုံချင့်-လင်ချမ်း-မြန်မာ နိုင်ငံတကာအထူးရထားမှ ကုန်ပစ္စည်းများကို ချင်းရွှေဟော်နယ်စပ်ဂိတ်၌ ကုန်တင်ကားများဖြင့် ပြောင်းလဲတင်ဆောင်ပြီး မြန်မာနိုင်ငံသို့ ပို့ဆောင်နေစဉ်
Photo – Chinese Embassy in Myanmar
တရုတ်-မြန်မာလမ်းကြောင်းသစ်ပေါ်က ချုံချင့်-လင်ချမ်း-မြန်မာ နိုင်ငံတကာအထူးရထားဖြင့် သယ်ဆောင်လာခဲ့သော ပထမဆုံးအသုတ်ကုန်ပစ္စည်းများကို ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ကုန်တင်ကားများပေါ်သို့ ပြောင်းလဲတင်ဆောင်ပြီး ကုန်းလမ်းပို့ဆောင်ရေးဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း တရုတ်သံရုံးစာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါ နိုင်ငံတကာအထူးရထားသည် မေ ၂၃ ရက်တွင် စတင်ထွက်ခွာလာခဲ့ပြီး ၂၈ ရက်တွင် တရုတ်-မြန်မာနယ်စပ်ဂိတ်သို့ ရောက်ရှိကာ ဇွန် ၁၀ ရက်တွင် နောက်ဆုံးဂိတ် ဖြစ်သည့် မန္တလေးသို့ရောက်ရှိမည်ဟု တရုတ်သံရုံးကထုတ်ပြန်ထားသည်။
၂၀၂၂၊ ဇွန် ၁
ရန်ကုန်မြို့ သီရိမင်္ဂလာလက်ကားဈေးရှိ သစ်သီးအရောင်းဆိုင်တစ်ဆိုင်အား တွေ့ရစဉ်
Photo – Xinhua
မြန်မာ-တရုတ်နယ်စပ် ဝမ်တိန်ဘက်မှ  တရုတ်နိုင်ငံသို့ဝင်ရောက်မည့်  သစ်သီးတင်ကားများအနေနဲ့ ဆေးစစ်စရာမလိုဘဲ တင်ပို့မည့်တရုတ်ဘက်က မြို့များသို့ တိုက်ရိုက်သွားနိုင်ပြီ ဖြစ်ကြောင်းတရုတ်ဘက်က ကြေညာခဲ့သည်။ ယခင် သစ်သီးများကို ဆေးစစ်ရုံ သာမကဘဲ ကွာရန်တင်းသုံးရက်ခန့်ဝင်ရသောကြောင့် သစ်သီးကားများအနေဖြင့် အချိန်မှီမရောက်ဘဲ ကြန့်ကြာခြင်းများဖြစ်ခဲ့သည်။ မြန်မာဘက်မှ တရုတ်ဘက်သို့ ဖရဲ၊ သခွား၊ သရက်သီးများ အများဆုံးတင်ပို့နေသည်။
၂၀၂၂ မေ ၂၉
တရုတ်အစိုးရက စစ်ကောင်စီကို ကိုဗစ်-၁၉ ကာကွယ်ဆေး (​Sinopharm) ၁၀ သန်း၊ ကာကွယ်ဆေး ဆေးထိုးအပ် ၁၃ သန်းနှင့် Mobile Laboratory Vehicles နှစ်စီးတို့ကိုလှူဒါန်းခဲ့သည်။ အဆိုပါအခမ်းအနားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကျင်းပခဲ့ပြီး တရုတ်သံ အမတ်ချန်းဟိုင် နှင့် စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက်ခဲ့ကြသည်။ ဒေါက်တာသက်ခိုင်ဝင်းက ယခုအကြိမ် တရုတ်မှ လှူဒါန်းသည့် ကာကွယ်ဆေး များကို  လူငယ်နှင့်ကလေးသူငယ်များအတွက် အဓိကထား ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ Mobile Laboratory Vehicles နှစ်စီးကို နယ်စပ်ဂိတ်များတွင် ဦးစားပေးအသုံးပြုမည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုများ မြန်ဆန်ချောမွေ့ရေးနှင့်  နယ်စပ်ကုန်သွယ်ရေး ကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အသုံးဝင်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု တရုတ်သံရုံးကထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ထောက်ပံ့ပေးသည့် ကာကွယ်ဆေး ပမာဏ စုစုပေါင်း ၅၁ ဒသမ ၁၉ သန်းရှိပြီး ၂၁ ဒသမ ၁ သန်းသည် အခမဲ့လှူဒါန်းပေးအပ်ခြင်းဖြစ်ပြီး ကာကွယ်ဆေး ၃၀ ဒသမ ၀၉ သန်းကမူ သက်သာသောစျေးနှုန်းဖြင့် မြန်မာနိုင်ငံကို ရောင်းချခဲ့ခြင်း ဖြစ်ကြောင်းထည့်သွင်းထုတ်ပြန်ထားသည်။
၂၀၂၂ မေ ၂၈
တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ လှူဒါန်းမည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်းနှင့် ဆေးထိုးအပ် ၁၃ သန်းမှ တတိယအသုတ်အဖြစ် ဆေးထိုးအပ် ၅ ဒသမ ၄၂ သန်းကို ရန်ကုန်မြို့သို့ ပို့ဆောင်ခဲ့သည်ဟု တရုတ်သံရုံးမှ ထုတ်ပြန်ခဲ့သည်။
၂၀၂၂၊ မေ ၂၇
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တံခါးပိတ်အစည်းအဝေး
Photo – AFP
ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ငြိမ်းချမ်းစွာအဖြေရှာရန် အစီအမံများချမှတ်ရေးအတွက် စစ်ကောင်စီကို တွန်းအားပေးရန် ရည်ရွယ်သောထုတ်ပြန်ချက်တစ်ရပ်နှင့် ပတ်သက်ပြီး တရုတ်နှင့် ဗြိတိန်တို့သဘောထားကွဲလွဲမှုကြောင့် သဘောတူညီမှုမရခဲ့ပေ။  တရုတ်၏တောင်းဆိုမှု များပြားလွန်းခြင်းက ဆွေးနွေးမှုများ ပျက်ပြားစေရန် ဦးတည်ခဲ့ကြောင်း ဗြိတိန်ဘက်က ပြောဆိုခဲ့ပြီး အာဆီယံ၏သဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဆောင်ရာမှာ “အကန့်အသတ်ရှိတိုးတက်မှု” နှင့်ပတ်သက်၍ လုံခြုံရေးကောင်စီက အလွန်စိုးရိမ်နေသည်ဟု မူလစာသားတွင် တရုတ်ဘက်က “အကန့်အသတ်” ဟူသောစာသားထက် “တိုးတက်မှုနှေးကွေးသည်” ဟူသောစာသားကို အသုံးပြုရန်သာ အဆိုပြုခဲ့သည်ဖြစ်ကြောင်း AFP သတင်းဌာနဖော်ပြချက်အရ သိရသည်။
၂၀၂၂၊ မေ ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-ကျင်စန်းကျော့ဂိတ်မှတဆင့်  တရက်လျှင် ကုန်တင်ယာဉ်အစီးရေ ၈၀ ခန့်ဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှု ပြုလုပ်နေကြောင်းစစ်ကောင်စီသတင်းစာတွင်ဖော်ပြထားသည်။ မြန်မာမှ ဆန်နှင့် ဆန်ကွဲတို့ ပါဝင်သော လယ်ယာထွက် ကုန်ပစ္စည်းများ တင်ဆောင်သော ကုန်တင်ယာဉ်အစီးရေ ၄၀ ခန့်တင်ပို့နေပြီး တရုတ်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးနှင့် လူသုံးကုန်ပစ္စည်းများ တင်ဆောင်သော ကုန်တင်ယာဉ် အစီးရေ ၄၀ ခန့်တင်သွင်းနေကြောင်းရေးသားထားသည်။  မေ ၁၆ ရက်မှ စတင်ကာ ကျင်စန်းကျော့ဂိတ်မှ တရုတ်နိုင်ငံသို့ကုန်စည်ပို့ဆောင်ရာတွင် တရုတ်ခေါက်တို အစားထိုးယာဥ်မောင်း (ရှန်တိန်)​ဖြင့် တင်ပို့နေရာမှ အစားထိုး ယာဉ်မောင်းစနစ် (ရှန်တိန်စနစ်) ဖြင့်ကုန်တင်ယာဥ်များ အပြန်အလှန်ဝင်ထွက်ခွင့်ပြုခဲ့သည်။
၂၀၂၂၊ မေ ၂၇
၁၁၇ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်စဉ်
Photo – CRI Myanmar
၁၁၇ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ်ဝှမ်းတလျှောက် ပူးတွဲ ကင်းလှည့်ကြပ်မတ်ရေးအစီအစဥ်ပြီးစီးကြောင်း ကြေညာခဲ့သည်။ ထိုအစီအစဉ်သည် မဲခေါင်မြစ်ကြောင်း တလျှောက် မူးယစ်ဆေးဝါး မှောင်ခိုမှုများ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းများ၊ တရားမဝင် ဝင်ရောက်မှုများ၊ တရားမဝင် အင်တာနက် ဆက်သွယ် ရာဇဝတ်မှုခင်း လှုပ်ရှားမှုများစသော ရာဇဝတ်မှုခင်းများ တားဆီးနှိမ်နင်းရေးတို့ အတွက် ရည်ရွယ်သော အစီအစဥ်ဖြစ်သည်။
၂၀၂၂၊ မေ ၂၆
စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အခွန်ကိစ္စရပ်များနှင့် ပတ်သက်၍ မေ ၂၆ ရက်တွင် ဌာနတွင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ထိုဆွေးနွေးပွဲတွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (Regional Comprehensive Economic Partnership-RCEP) နှင့် ဆက်စပ်အကြောင်းအရာများ၊ အကောက်ခွန် သက်သာခွင့်နှင့် ကုန်သွယ်ဖက် နိုင်ငံများ၏ စည်းမျဉ်းများ၊ အကောက်ခွန်မဟုတ်သော စီမံ ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ပြီး RCEP၊ အာဆီယံ-တရုတ်နှင့် တရုတ်နိုင်ငံမှ တဖက်သတ်ပေးသော အကောက်ခွန် သက်သာခွင့်နှင့် ပတ်သက်ပြီး မြန်မာနှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်မှု အခြေအနေများကို သုံးသပ်ဆွေးနွေး ပြောကြားခဲ့သည်ဟု ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
၂၀၂၂၊ မေ ၂၆
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတည်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်အနီးတွင် စစ်ကောင်စီက ဒေသခံငါးဦးကို  မိုင်းဆွဲသည့်သူများအဖြစ် စွပ်စွဲဖမ်းဆီးပြီးနောက် နှစ်ဦးအား ပစ်သတ်ခဲ့သည်။ ဖမ်းဆီးပစ်သတ်ခံရသည့်သူများမှာ ကြေးနီစီမံကိန်း ဝန်ထမ်းများဖြစ်နေကြောင်း Myanmar Now ၏ ဖော်ပြချက်အရ သိရသည်။ တရုတ်စီမံကိန်းဝန်ထမ်းများအား စစ်ကောင်စီဘက်မှ ဖမ်းဆီးသတ်ဖြတ်မှုသည် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။
၂၀၂၂၊ မေ ၂၅
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် “လန်ချန်း-မဲခေါင်ဒေသ မက္ကဒေးမီးယားခြံပိုင်ရှင်များ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး” စီမံကိန်းကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၌ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ မက္ကဒေးမီးယားပျိုးပင် ၃၀,၂၈၂ ပင်၊ အခွံမာခွဲကိရိယာနှင့် အခွံနွှာစက် ၂၀၆ လုံးတို့ကို တောင်သူ ၁၁၈ ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ အဆိုပါစီမံကိန်းအား အမေရိကန်ဒေါ်လာ ၃၈၄,၃၀၀ ဖြင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။  စီမံကိန်းကာလမှာ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဖြစ်ကာ မြန်မာနိုင်ငံမှ မက္ကဒေးမီးယားစိုက်ပျိုးသော တောင်သူများကို လက်တွေ့အကျိုးပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၂၊ မေ ၂၅
တရုတ်နိုင်ငံမှ အကူအညီပေးသည့် အားကစားနည်းပညာစီမံကိန်းအစီအစဥ်ဖြင့်    တရုတ်နိုင်ငံသို့ သွားရောက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည့် မြန်မာ့ အားကစားအဖွဲ့ ခြောက် ဖွဲ့မှ အားကစားသမား ၇၉ ဦးမှအားကစားသမားများသည်  (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၉ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၄ ခု ရရှိခဲ့ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။ ၂၀၂၂ ခုနှစ် မတ်လတွင် မြန်မာအားကစားအဖွဲ့သည် တရုတ်နိုင်ငံ၌ လေ့ကျင့်မှုပြီးဆုံး၍ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီးသည့် နောက်ပိုင်းတွင်လည်း မြန်မာအားကစားသမားများကို အဝေးမှနည်းပြသင်ကြားပေးပြီး ပြိုင်ပွဲအကြို လေ့ကျင့်ပေးကာ ကူညီပေးခဲ့သည်ဟု သံရုံးက ဆိုသည်။
၂၀၂၂၊ မေ ၂၃
တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ) နိုင်ငံတကာရထားလမ်းပေါ်က နိုင်ငံတကာအထူးရထားတွဲသည် ချုံချင့်မြို့ ကော်ယွမ်ဆိပ်ကမ်း ယွီကြွေဘူတာမှ စတင်ထွက်ခွာလာစဉ်
တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ) နိုင်ငံတကာရထားလမ်းပေါ်က နိုင်ငံတကာအထူးရထားတွဲသည် ချုံချင့်မြို့ ကော်ယွမ်ဆိပ်ကမ်း ယွီကြွေဘူတာမှ စတင်ထွက်ခွာလာစဉ်
Photo – Chinese Embassy in Myanmar
တရုတ်၏ မဟာဗျူဟာကျ စဥ်းစားချက်တခုဖြစ်သော တရုတ် (ချုံချင့်) – မြန်မာ (ရန်ကုန်) မှ တဆင့် အိန္ဒိယသမုဒ္ဒရာ အထိ မီးရထားလမ်း၊ ကုန်းလမ်း၊ ရေလမ်းများချိတ်ဆက်မည့်   တရုတ်-မြန်မာ နိုင်ငံတကာလမ်းကြောင်းသစ် စတင်ပြေးဆွဲခဲ့ကြောင်းတရုတ်သံရုံးက ကြေညာခဲ့သည်။  ရထားတွဲသည် ချုံချင့်မြို့ ကော်ယွမ်ဆိပ်ကမ်း ယွီကြွေဘူတာမှစတင်ထွက်ခွာလာပြီး နေစွမ်းအင်သုံးစက်ပစ္စည်းများ၊ အီလက်ထရောနစ်အပိုပစ္စည်းများ၊ ကားနှင့်ဆိုင်ကယ်အပိုပစ္စည်းများ စသဖြင့်ပါဝင်သော စံချိန်မီ ကွန်တိန်နာအလုံးပေါင်း ၆၀ သယ်ဆောင်လာသည်။ ရထားမှာ ချုံချင့်မြို့မှ လန်ချန်းမြို့အထိ ပြေးဆွဲမည်ဖြစ်ပြီး ချင်းရွှေဟော်မှတစ်ဆင့် မန္တလေးမြို့သို့ ကုန်တင်ယာဉ်များဖြင့် ပို့ဆောင်သွားမည်ဖြစ်သည်။ ကီလိုမီတာ ၂,၀၀၀ ခန့်ရှည်လျားသော အဆိုပါ “ကားလမ်းနှင့်ရထားလမ်း” ပူးပေါင်းပို့ဆောင်ခြင်း အစီအမံအောက်တွင် ကုန်ပစ္စည်းများသည် ၁၅ ရက်အတွင်း မန္တလေးမြို့သို့ ရောက်ရှိမည်ဖြစ်သည်။  ချုံချင့်နှင့်မြန်မာနိုင်ငံအကြား ကုန်စည်ပို့ဆောင်မှုကြာချိန်သည် သမားရိုးကျ နည်းလမ်းထက် ရက် ၂၀ လျော့နည်းသွားစေမည်ဖြစ်သောကြောင့် ကုန်စည်စီးဆင်းမှုအရင်းအနှီး ၂၀% အထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း တရုတ်သံရုံး၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ၎င်းလမ်းကြောင်းအသုံးပြုခြင်းအားဖြင့် ချုံချင့်နှင့်အနီးတဝိုက်ဒေသထုတ်ကုန်များကို မန္တလေးမှတဆင့် ရေကြောင်းပို့ဆောင်မှုဖြင့် ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့်တောင်အာရှဒေသအထိ တင်ပို့နိုင်မည်ဖြစ်ပြီး အပြန်တွင် မြန်မာနှင့် အရှေ့တောင်အာရှဒေသထွက်ကုန်များကို တင်ဆောင်နိုင်မည်ဖြစ်ကြောင်း Global Timesသတင်းဌာနက ဖော်ပြထားသည်။ ထိုရထားလမ်းဖွင့်ပွဲသို့ ချုံချင်းမြို့ရှိ အသစ်ဖွင့်လှစ်ထားသော မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးဇော်လင်းဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ တရုတ်ဘက်က ထိုလမ်းကြောင်းကိုပြီးခဲ့သည့် သြဂုတ်လတွင် ပထမအကြိမ်စမ်းသပ်ပြေးဆွဲခဲ့သည်။
၂၀၂၂၊ မေ ၂၁
တရုတ်နိုင်ငံဘက်ခြမ်း ကျယ်ဂေါင်တွင် ပိတ်မိနေခဲ့သည့် မြန်မာကုန်ကားများနှင့် ကုန်ပစ္စည်းများကို ကျင်စန်းကျော့ဂိတ်မှတဆင့် ပြန်လည်ထုတ်ပေးနေစဉ်
Photo – Channel News Independent
ကိုဗစ်-၁၉ ကူးစက်ရောဂါ‌ကြောင့် တရုတ်နိုင်ငံဘက်ခြမ်း ကျယ်ဂေါင်နှင့် ဝမ်တိန်တွင် ပိတ်မိနေခဲ့သည့် မြန်မာကုန်ကားများနှင့် ကုန်ပစ္စည်းများကို ကျင်စန်းကျော့ဂိတ်မှ ပြန်လည်ထုတ်ပေးမည်ဟု တရုတ်အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ ကုန်ကားများနှင့်ကုန်ပစ္စည်းများ ဝမ်တိန်တွင် ပိတ်မိနေသည်မှာ သုံးလဝန်းကျင်ရှိနေပြီဖြစ်ကြောင်း မြန်မာသတင်းမီဒီယာများတွင် ရေးသားထားသည်။ မေ ၂၃ ရက်မှစ၍ ကျယ်ဂေါင်မှ ကုန်ပစ္စည်းများကို အရေအတွက်၊ ပစ္စည်းအမျိုးအမည်နှင့် အခြားလိုအပ်သည့် အချက်အလက်များကို ဖောင်ဖြည့်ပြီးမှ ထုတ်ယူခွင့်ရမည်ဖြစ်ပြီး ထိုစာရင်းဝင်ပစ္စည်းတိုင်းအား စိစစ်ပြီး ကျင်စန်းကျော့ဂိတ်ပေါက်မှသာ ပေးထွက်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ အဓိကတင်ပို့သော ကုန်ပစ္စည်းအများစုတွင် အလှကုန်ပစ္စည်း၊ ယာဉ်ယန္တရားအပိုပစ္စည်းနှင့် ကုန်မာပစ္စည်းများ ပါဝင်သည်။ ထိုသို့ ရက်ကြာပိတ်မိနေသော ကုန်ပစ္စည်းများကို  ပြန်လည်ထုတ်ယူခွင့်ရသော်လည်း ကျယ်ဂေါင်တွင် မြန်မာဘက်မှကိုယ်စားလှယ်များ မရှိတော့သည့်အတွက် ဂိုဒေါင်မှပစ္စည်းများထုတ်ယူရာတွင် အခက်အခဲရှိ နေကြောင်း၊ တရုတ်နိုင်ငံဘက်မှ အကောက်ခွန်ရှင်းလင်းမှုမှာ အနည်းငယ် ရှုပ်ထွေးမှုရှိနေကြောင်း၊ လမ်းခရီးကြန့်ကြာမှုနှင့် ကုန်ကျစရိတ်များမှုရှိနေကြောင်းကိုလည်း ကုန်သည်များက သတင်းမီဒီယာများကို ထုတ်ဖော် ပြောဆိုထားသည်။
၂၀၂၂၊ မေ ၂၀
တက်ဟုန်းကော်ဖီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ တက်ရောက်လာသူများ
Photo – ပေါက်ဖော်
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲ ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ဝှေ့ကန်း သည် တက်ဟုန်း ကော်ဖီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံသို့ တက်ရောက်လာကြသည့် ကူမင်းအခြေစိုက် မြန်မာအပါအဝင် ဘင်္ဂလားဒေရှ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့မှ ကောင်စစ်ဝန်ချုပ်များနှင့် မန်စီဟိုတယ်၌ တွေ့ဆုံခဲ့သည်။ ထိုညီလာခံတွင် တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်ကပ်ရောဂါကူးစက်မှုကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကော်ဖီ ထုတ်လုပ်မှုနှင့်လုပ်ငန်းများကို ပြန်လည်ထူ ထောင်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း၊ ယခု ညီလာခံသည် ကော်ဖီလုပ်ငန်းအား စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို ရည်ရွယ်ကြောင်း၊ တက်ဟုန်းပြည်နယ်ခွဲနှင့်လည်း ပိုမိုခိုင်မာသော  ချစ်ကြည်ရင်းနှီးသော  ဆက်ဆံရေး    တည်ထောင်ကာ နိုင်ငံအသီးသီးတို့နှင့် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်လိုသည်ဟု တွေ့ဆုံပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။
၂၀၂၂၊ မေ ၂၀
တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီကိုအားပေးထောက်ခံခြင်းမပြုရန် နှင့် စစ်ကောင်စီအပေါ် ထောက်ခံမှုများ အပေါ်ကန့်ကွက်ကြောင်း ဗြိတိန်၊ ပြင်သစ်နှင့် နော်ဝေနိုင်ငံတို့အပါအဝင် ဥရောပနိုင်ငံအချို့ရှိ တရုတ်သံရုံးများရှေ့တွင်  မြန်မာနိုင်ငံသားများက စုရုံးဆန္ဒပြခဲ့ကြသည်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ တရုတ်သံရုံးက ဆန္ဒပြသူများပေးသည့် တိုက်တွန်းစာကို လက်မခံခဲ့ဘဲ ပြင်သစ်တွင်မှု တရုတ်သံရုံးရှေ့ ဆန္ဒပြခွင့်မရခဲ့သည့်အတွက် ပဲရစ်မျှော်စင်ရှေ့တွင် စုရုံးဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟုသတင်းမီဒီယာများတွင် ဖော်ပြထားသည်။ ဆက်လက်ပြီး သြစတြေးလျနှင့် တောင်ကိုရီးယားနိုင်ငံများရှိ တရုတ်သံရုံးများရှေ့တွင်လည်း ဆန္ဒပြဖို့ စီစဉ်ထား ကြောင်းလည်းရေးသားထားသည်။
၂၀၂၂၊ မေ ၁၉
မူဆယ်နန်းတော်ဂိတ်တွင် နယ်စပ်ဖြတ်ကျော်မည့်သူများအားတွေ့ရစဥ်
Photo – Mizzima
တရုတ်နိုင်ငံအတွင်းရှိ အကျဉ်းထောင်များမှ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသူ မြန်မာနိုင်ငံသား ၁၇၀ ဦးကို တရုတ်အစိုးရက မြန်မာဘက်ကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ်ဖြစ်သော နန်းတော်ဂိတ်တွင် လွှဲပြောင်းပေးခဲ့သည်။ ထိုလွှဲပြောင်းပြည်နှင်ခံရသူများသည် တရုတ်အကျဉ်းထောင်းအသီးသီးတွင် ခြောက်လကျော်မှ နှစ်နှစ်ကြာ ထိန်းသိမ်းခံထားရသူ အမျိုးသား ၁၁၆ ဦး၊ အမျိုးသမီး ၅၄ ဦးတို့ရှိပြီး ၎င်းတို့တွင် အချို့သည် ဖမ်းဆီးခံရစဉ်က ပါရှိသွားသည့် ရွှေဆွဲကြိုး၊ လက်စွပ်၊ ငွေနှင့် မြန်မာနိုင်ငံသားမှတ်ပုံတင်ကဒ်များ ပြန်လည်ပေးအပ်ခံရခြင်းမရှိကြောင်း Eleven သတင်းဌာနဖော်ပြချက်အရ သိရသည်။ ၂၀၂၁ ခုနှစ် နှစ်စပိုင်းမှစတင်ကာ တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများကို မူဆယ်နန်းတော်ဂိတ်မှ ပြန်ပို့လျက်ရှိရာ ၂၀၂၂ ခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံသား ၂၀,၀၀၀ ကျော် ပြန်လည်ပို့ဆောင်ပြီးဖြစ်ကြောင်း သိရသည်။
၂၀၂၂၊ မေ ၁၉
တရုတ်နိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေပြီး ရှမ်းပြည်မြောက်ပိုင်းရှိ မြောက်ပိုင်းမဟာမိတ်အဖွဲ့၊ စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့ သွားလာလှုပ်ရှားမှုရှိသည့် ဒေသတစ်ခုဖြစ်သည့် နမ့်ခမ်းမြို့အနီးတွင် မေ ၁၉ ရက်၊ မနက် ၇ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲသံများ အဆက်မပြတ်ကြားရသဖြင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း သျှမ်းသံတော်ဆင့်၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါ ပေါက်ကွဲသံများသည် တရုတ်နိုင်ငံဘက်မှ လာသည့်အသံဖြစ်ပြီး တရုတ်စစ်သားများ၏ စစ်ရေးလေ့ကျင့်မှုများကြောင့် ဖြစ်သည်ဟုလည်း ဒေသခံများက ပြန်လည်ဖြေကြားကြသည်ဟု ဖော်ပြထားသည်။
၂၀၂၂ မေ ၁၈
တရုတ်မှ မြန်မာသို့ လှူဒါန်းမည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆိုင်နိုဖမ်း (Sinopharm) ဆေးအလုံး ၁၀ သန်းနှင့် ဆေးထိုးအပ် ၁၃ သန်းကျော် ထဲမှ ပထမအသုတ်အနေဖြင့် ဆိုင်နိုဖမ်း ဆေးအလုံး ငါးသန်းနှင့် ဆေးထိုးအပ် ၁ ဒသမ ၉၈ သန်း ရောက်ရှိခဲ့ကြောင်းတရုတ်သံရုံးက ထုတ်ပြန်သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များကို တရုတ်သံရုံးမှ တာဝန်ရှိသူများက စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနသို့ ပေးအပ်ခဲ့သည်။ အဆိုပါ ပေးပို့လှူဒါန်းလာသော ဆိုင်နိုဖမ်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း၌ ထားရှိ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကုန်းလမ်း၊ လေကြောင်းလမ်းတို့ဖြင့် အအေးလမ်းကြောင်း မပျက် ဆက်လက်ဖြန့်ဝေသွားမည်ဟု စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။
၂၀၂၂၊ မေ ၁၈
“မြန်မာနိုင်ငံစိုက်ပျိုးထွက်ကုန်များ ထုတ်လုပ်မှုနှင့် သိုလှောင်မှုနည်းပညာလေ့ကျင့်ရေးသင်တန်း” အား အွန်လိုင်းမှ သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ အဆိုပါ သင်တန်းဖွင့်ပွဲသို့ စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သင်တန်းသား၊ သင်တန်းသူပေါင်း ၄၅ ဦးတက်ရောက်သည်။ သင်တန်းတွင် တရုတ်စိုက်ပျိုးရေးထွက်ကုန်များအကြောင်းကို  နားလည်သိရှိစေပြီး မြန်မာဘက်မှ စိုက်ပျိုးရေးထွက်ကုန်နှင့် စားသောက်ကုန်များထုတ်လုပ်သည့် စံနှုန်းအဆင့်အတန်းမြှင့်တင်ရေး မျှဝေသွားမည်ဖြစ်ကြောင်း ရေးထားသည်။ ဆက်လက်ပြီး တရုတ်စီးပွားရေးသံမှူးက ရပ်ဝန်းလမ်းကြောင်း အစီအမံ (Belt and Road) နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအား ပူးတွဲတည်ဆောက်လျက်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများသည် နှစ်ဦးနှစ်ဖက်အတွက် လက်တွေ့ကျကျ ဆောင်ရွက်နိုင်သည့် အရေးပါသည့် အစိတ်အပိုင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
၂၀၂၂၊ မေ ၁၈
တရုတ်နိုင်ငံသို့ ပြောင်းဆန်များ တရားဝင်တင်ပို့နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOIs) တောင်းခံရာတွင် ကုမ္ပဏီပေါင်း ၁၄၂ ခုအထိ အဆိုပြုတင်သွင်းပြီဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ တရားဝင်တင်ပို့မည့် ပြောင်းဆန်များကို စစ်ကောင်စီ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်တို့ ပါဝင်သော အလုပ်အဖွဲ့၊ စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထွေထွေအကောက်ခွန်ဌာန (GACC)တို့က  အဆင့်ဆင့် စစ်ဆေးကြကြောင်းရေးသားထားသည်၊၊ တင်ပို့မည့် ပြောင်းဆန်များ၏ ဇီဝလုံခြုံရေးအတွက် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အပင်/တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင် သန့်ရှင်းရေးသဘောတူစာချုပ် (Sanitary and Phytosanitary – SPS Protocol) ကို ၂၀၂၂ ဇန်နဝါရီ ၃၁ ရက်တွင် စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်အကောက်ခွန်ဝန်ကြီးဌာနတို့ တရားဝင် လက်မှတ်ရေးထိုးခဲ့ကြသည်။
၂၀၂၂၊ မေ ၁၆
ရွှေလီမြို့ ဝမ်တိန်နယ်စပ်ဂိတ် မက်မန့်လမ်းကြောင်းတွင် ကုန်ပစ္စည်းများ ပြန်လည်သယ်ယူပို့ဆောင်နေစဉ်
Photo – Chinanews.com
တရုတ်-မြန်မာ ကုန်သွယ်ရေးတွင် အရေးပါသည့် နယ်စပ်ဂိတ်တခုဖြစ်သည့် ကျင်စမ်းကျော့-မက်မန့် ဂိတ်ကို ပုံမှန်လည်ပတ်နိုင်ခဲ့ပြီး ကုန်သွယ်ရေးပမာဏ အဆက်မပြတ် ပြန်လည်တိုးတက်လာခဲ့သည်ဟု တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ကုန်သွယ်မှု ပမာဏမှာ တန်ချိန် ၂၇၆,၄၀၀ တန်ရှိပြီး နေ့စဥ် သွင်းကုန်၊ပို့ကုန်သယ်ဆောင်မှု တန်ချိန် ၂,၆၀၀ ကျော် ရှိကြောင်း ရေးသားထားသည်။ နေ့စဥ် ကုန်သွယ်မှုတန်ဖိုးမှာ တရုတ်ယွမ် ၁၇ သန်းရှိပြီး ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ကာလနဲ့ နှိုင်းယှဥ်ပါက ၂၅၆ရာခိုင်နူန်း တိုးမြှင့်လာကြောင်း ဖော်ပြထားသည်။ ထိုကုန်စည်လမ်းကြောင်းတွင် ခေတ်မှီနယ်စပ်ဂိတ်စီမံအုပ်ချုပ်ရေးစနစ် (Smart Cross-border Border Port Managment) ကို စတင်အသုံးပြုနေပြီး ကွန်တိန်နာနယ်စပ်ဂိတ်ဖြတ်သန်းရာမှာ  ခွဲခြားသိရှိနိုင်သည့်စနစ်တပ်ဆင်ကာ နိုင်ငံတကာကုန်စည်စီးဆင်းမှု အချက်အလက်ပလက်ဖောင်း စတင်အသုံးပြုခဲ့ကြောင်း သံရုံး၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။  နယ်စပ်ဂိတ်များတွင် One Stop Services  စီမံအုပ်ချုပ်ရေး ပလက်ဖောင်းထားရှိပြီး   နယ်စပ်ဂိတ် ဝန်ဆောင်မှု အရည်အသွေးအား မြှင့်တင်ထားကြောင်းကိုလည်း ရေးသားထားသည်။
၂၀၂၂၊ မေ ၁၆
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်
Photo – မင်္ဂလာ
နှစ်နိုင်ငံ အဓိက ကုန်စည်ကူးသန်းသည့် နယ်စပ်ဂိတ်တစ်ခုဖြစ်သော ကျင်စန်းကျော့-မန့်မိုင် (ဝမ်တိန်) ဂိတ်မှတဆင့် မြန်မာကုန်ကားများကို တရုတ်နိုင်ငံအတွင်းသို့ မေ ၁၆ ရက်မှ စတင်၍ ဝင်ထွက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းတရုတ်မီဒီယာများကဖော်ပြခဲ့သည်။၂၀၂၁ နှစ်ကုန်ပိုင်းကစပြီး အဆိုပါ နယ်စပ်ဂိတ်ကို ဖွင့်လှစ်ခဲ့သော်လည်း နှစ်နိုင်ငံ နယ်စပ် အဝင်အထွက်ကို တရုတ်ဘက်မှ ကုန်တင်ကား အစားထိုးယာဉ်မောင်း (ရှန်တိန်) စနစ်ဖြင့်သာ ကုန်တင်ယာဉ်ဝင်ထွက်ခွင့် ကန့်သတ်ထားခြင်းကို ဖြေလျှော့ပေးလိုက်ချင်းဖြစ်ပြီး ယခုအခါ မြန်မာကုန်တင်ကားများအား တိုက်ရိုက် ပြန်လည်ဝင်ထွက်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်ဟုသိရသည်။
၂၀၂၂၊ ဧပြီ ၁၈-မေ ၁၆
ကျယ်ဂေါင်မြစ်သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဥ်
Photo – မင်္ဂလာ
ရွှေလီမြို့ ကျယ်ဂေါင်နယ်စပ်ကုန်သွယ်ရေးဇုန်နှင့် မူဆယ်မြို့ပြတည်ဆောက်ရေးဌာနတို့မှ တာဝန်ရှိသူများသည် ကျယ်ဂေါင်မြစ် သန့်ရှင်းရေးလုပ်ဆောင်မှုကို ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ပေါက်ဖော်သတင်းဌာနက ဖော်ပြသည်။ မြန်မာနိုင်ငံမူဆယ်မြို့နှင့်ကပ်လျပ်တည်ရှိသည့် ကျယ်ဂေါင်မြို့တွင် ကောင်းမွန်သော လူနေမှုပတ်ဝန်းကျင် ရရှိစေရန်နှင့် ရေလွှမ်းသည့် မိုးရာသီအတွင်း ရေဘေးအန္တရာယ်ကင်းစေရန်အတွက် နှစ်နိုင်ငံတာဝန်ရှိသူများ ချိတ်ဆက်ကာ ဆွေးနွေးညှိနှိုင်းပြီး ကျယ်ဂေါင်မြစ်ချောင်းအထက်ပိုင်းရှိ အမှိုက်နှင့် နုန်းမြေများကို ပူးပေါင်းရှင်းလင်းကြသည်ဟု ရေးသားထားသည်။
၂၀၂၂၊ မေ ၁၅
တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့နယ်ရှိ ကျင်စန်းကျော့ဂိတ်မှ တရုတ်နိုင်ငံဘက်သို့ ကြံတင်ပို့ခွင့်ပြုခဲ့သည်။ ကြံတင်ပို့ရာတွင်  နယ်စပ်ဂိတ်တွင် ကရိန်းဖြင့် သယ်ယူရန် မလိုအပ်တော့ဘဲ မြန်မာနိုင်ငံဘက်က ကြံကုန်ကားများအား တရုတ်ယာဥ်မောင်းများဖြင့် တရုတ်နိုင်ငံတွင်းသို့ တိုက်ရိုက်တင်ပို့နိုင်ပြီ ဖြစ်ကြောင်းကိုလည်းသတင်းမီဒီယာများတွင် ရေးသားထားသည်။ မြန်မာနိုင်ငံဘက်က တရုတ်ဘက်သို့ ကြံတန်ချိန် အနည်းဆုံး တသိန်းခွဲ၊ နှစ်သိန်းနီးပါး တင်ပို့ရန်ရှိပြီး တရုတ်ဘက်ကမူ မေလကုန်အထိသာ ကြံတင်ပို့မှုကို လက်ခံသွားမည် ဖြစ်ကြောင်း သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ ယမန်နှစ်က မူဆယ်မြို့နယ် မြန်မာ-တရုတ် နယ်စပ်တကြောတွင် စိုက်ပျိုးသည့်  ကြံအများစုကို ကြူကုတ် (ပန်ဆိုင်း)-ဝမ်တိန် ဂိတ်ပေါက်မှ တင်ပို့ခဲ့သည်။ ၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံဘက်မှ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့်ဟုဆိုကာ နယ်စပ်ဂိတ်များအား အလျင်အမြန် ပိတ်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံဘက်သို့ ရောက်ရှိနေသည့် မြန်မာကုန်ကားများ လနှင့်ချီကြာ ပိတ်မိနေခဲ့သည်။
၂၀၂၂၊ မေ ၁၃
တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်မှုတို့အား ဆွေးနွေးနေစဉ်
Photo – Popular News Journal
မြန်မာနိုင်ငံ၏လျှပ်စစ်စွမ်းအားကဏ္ဍနှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းများနှင့် ရေအားလျှပ်စစ်စီမံကိန်းများ အကြောင်း စစ်ကောင်စီလျှပ်စစ်ဝန်ကြီး ဦးသောင်းဟန်နှင့် တရုတ်သံအမတ် ချန်းဟိုင်တို့တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းစာတွင် ဖော်ပြခဲ့သည်။  ထို့အပြင် သဘာဝဓာတ်ငွေ့နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ၌ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု တို့ကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။ ထိုသို့ဆွေးနွေးခြင်းမပြုမီ မေ ၃ ရက်တွင် တရုတ်ကုမ္ပဏီများက အကောင်အထည်ဖော်ရန်တင်ဒါရရှိထားသည့် စီမံကိန်း ၂၉ ခုအနက် အကောင်အထည်မဖော်ရသေးသည့် စီမံကိန်း ၂၆ ခုကို တင်ဒါရပ်ဆိုင်းကာ ကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းခဲ့သည်။
၂၀၂၂၊ မေ ၁၃
မြန်မာနိုင်ငံ၏ ပထမဆုံး ၁၀၀ မဂ္ဂါဝပ်အဆင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စီမံကိန်းသည် မကွေးတိုင်းရှိ ကင်းတားတွင် အပြည့်အဝ စတင်တည်ဆောက်နေပြီဟု တရုတ်မီဒီယာများတွင်ဖော်ပြခဲ့သည်။ အဆိုပါစီမံကိန်းသည် လျှပ်စစ်ဓာတ်အား ၃၀ မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်ပြီး  တရုတ်နိုင်ငံ လျှပ်စစ်စွမ်းအင်ဆောက်လုပ်ရေးအုပ်စု ကုမ္ပဏီလီမိတက် (Power China) မှ တည်ဆောက်နေကြောင်းဖော်ပြထားသည်။ အဆိုပါစီမံကိန်းမှာ စီမံကိန်းငါးခုဖြင့်စုစုပေါင်း လျှပ်စစ်ဂာဓာတ်အား ၁၆၀ မဂ္ဂါဝပ် ထွက်ရှိမည့် စီမံကိန်းအုပ်စု၏ အစိတ်အပိုင်းဖြစ်သည်။ စီမံကိန်းပြီးစီးပါက နိုင်ငံဓာတ်အားလိုင်းနှင့်ချိတ်ဆက်မည်ဖြစ်ပြီ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မန္တလေး၊ မကွေးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းတွင် ဓာတ်အားဖြန့်ဝေရန် အစီအစဥ်ရှိကြောင်း ရေးသားထားသည်။
၂၀၂၂၊ မေ ၁၁
တရုတ်နိုင်ငံသို့ တင်ပို့မည့် သရက်သီးများ
Photo – သျှမ်းသံတော်ဆင့်
မြန်မာပြည်မှ တရုတ်ဘက်သို့ တင်ပို့သည့် သစ်သီးများတွင် ကိုဗစ်ပိုးတွေ့ရှိပါက မီးရှို့ဖျက်ဆီးပစ်မည်ဟု တရုတ်ဘက်မှ သတိပေးခဲ့ကြောင်း သျှမ်းသံတော်ဆင့်သတင်းစာတွင် ဖော်ပြထားသည်။ ဧပြီလနှောင်းပိုင်းမှ မြန်မာ့ထုတ်ကုန်နှင့် သစ်သီးတင်သွင်းမှုများကို စတင်လက်ခံကာ ကားသမားတဦးလျှင် ဆေးစစ်ခ ၃၂၀ ယွမ်ဖြင့် စစ်ဆေးမှုခံယူရပြီး ကိုဗစ်ပိုးတွေ့ရှိပါက ကားတစ်စီးနှင့် အပြည့်တင်ထားသည့် သရက်သီးများအားလုံး မီးရှို့ဖျက်ဆီးခံရမည်ဖြစ်ကြောင်း ၎င်းသတင်းစာဖော်ပြချက်အရ သိရသည်။
၂၀၂၂၊ မေ ၁၁
တရုတ်အစိုးရက အာဆီယံနိုင်ငံများကို အကူအညီပေးသည့် အစီအစဥ်ဖြစ်သော Initiatie for ASEAN Intergration (IAI) အရ မြန်မာနိုင်ငံတွင် တိရစ္ဆာန်ရောဂါဓာတ်ခွဲခန်းစီမံကိန်းအကောင်အထည်ဖော်ရန် တရုတ်နှင့်မြန်မာကြား စာလွှာ (​Exchange Letter) လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ ထိုအစီအစဥ်အရ တရုတ်နိုင်ငံက ဓာတ်ခွဲခန်းသုံး စက်ကိရိယာများ ထောက်ပံ့ပေးမည့်အပြင် ဝန်ထမ်းများကိုလေ့ကျင့်သင်ကြားပေးမည့် အစီအစဥ်များ ပါဝင်ကြောင်း ရေးသားထားသည်။
၂၀၂၂၊ မေ ၁၁
စွမ်းအင်သစ်သုံး ယာဉ်များကို မြန်မာနိုင်ငံ၊ မတ် ၉ ရက်တွင် ရန်ကုန်မြို့ရှိ Khaingkhaing Sangda Motorcar Development Center ၌ တွေ့ရစဉ်
Photo – Xinhua
တရုတ်ကုမ္ပဏီများက အကောင်အထည်ဖော်ရန် တင်ဒါအောင်ထားသည့် နေရောင်ခြည် စွမ်းအင်စီမံကိန်း တချို့ကို စစ်ကောင်စီက လုပ်ပိုင်ခွင့် ရပ်နားလိုက်သော်လည်း တရုတ် ရင်းနှီးမြှုပ်နှံသူအများစုက မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု အလားအလာများကို ယုံကြည်စိတ်ချကြကြောင်း တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်ဖြစ်သော Global Times သတင်းစာ၌ ဖော်ပြထားသည်။ တရုတ်ကုမ္ပဏီအနည်းစုကသာ  နိုင်ငံရေးမတည်ငြိမ်မှုသည် သူတို့၏စီးပွားရေး လုပ်ငန်းများအား သက်ရောက်နိုင်စွမ်းနှင့်ပတ်သက်၍ စိုးရိမ်ကြကြောင်းကိုလည်း ထည့်သွင်းရေးသားထားသည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် စီမံကိန်းများဆက်လက် အကောင်အထည်ဖော်နိုင်မရှိကြောင်း၊  စီမံကိန်းလုပ်ပိုင်ခွင့်များ ရပ်နားလိုက်ရသော်လည်း မြန်မာနိုင်ငံတွင် ဆက်လက်ရင်းနှီးမြှုပ်နှံမည့် တရုတ်ကုမ္ပဏီအများစု၏  ယုံကြည်မှုအပေါ်တွင် ထိခိုက်မှုမရှိကြောင်း ရေးသားထားသည်။ မေ ၃ ရက်တွင် စစ်ကောင်စီက ခွင့်ပြုပြီးသား တရုတ်ဆိုလာစီမံကိန်း ၂၉ ခုအနက် အကောင်အထည်မဖော်ရသေးသည့် စီမံကိန်း ၂၆ ခုကို  တင်ဒါရပ်ဆိုင်းကာ ကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
၂၀၂၂၊ မေ ၁၀
တရုတ်-မြန်မာ နိုင်ငံတကာ ကုန်သွယ်ရေး လမ်းကြောင်း၏ အဓိကအစိတ်အပိုင်း ဖြစ်သော တာလီ-ရွှေလီ  ရထားလမ်းတွင် တာလီမှပေါင်စန်းလမ်းပိုင်းအထိ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းနှင့် တံတားတည်ဆောက်ရေး စီမံကိန်းများအပါအဝင် ရထားလမ်းခင်းခြင်းအလုံးစုံ ပြီးစီးပြီ ဖြစ်ကြောင်း တရုတ်သံရုံးကထုတ်ပြန်သည်။ ထိုရထားလမ်းမှာ ယခုနှစ်တွင်စတင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းထုတ်ပြန်ထားသည်။ တာလီ-ရွှေလီရထားလမ်းသည် စုစုပေါင်း ၃၃၀ ကီလိုမီတာရှည်ပြီး တာလီမှပေါင်စန်း၊ ပေါင်စန်းမှရွှေလီဟူ၍ အပိုင်းလိုက် တည်ဆောက်ခြင်းဖြစ်ပြီး ယခုအကြိမ် ရထားလမ်းခင်းမှုသည် စုစုပေါင်းအရှည် ၁၃၃ ကီလိုမီတာ ပြီးစီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါရထားလမ်းသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာစဥ်းစားချက်တခုဖြစ်သည့် ယူနန်ပြည်နယ်ကို  အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရရေး အတွက်အရေးပါသည့် အစိတ်အပိုင်းဖြစ်သည်။ ထိုရထားလမ်းသည် မြန်မာနိုင်ငံတွင် တရုတ်က ရပ်ဝန်းလမ်းကြောင်းအစီအမံအောက်တွင် အကောင်အထည်ဖော်မည့် မူဆယ်-မန္တလေးရထားလမ်း၊ မန္တလေး-ကျောက်ဖြူရထားလမ်းတို့နှင့်ချိတ်ဆက်ရန် ရည်ရွယ်ထားသည်။
၂၀၂၂၊ မေ ၉
နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပရက်ခ် ဆုက်ခွန်းတို့နှင့်အတူ ဗီဒီယိုကွန်ဖရင့်အစည်းအဝေး ကျင်းပစဉ်
Photo – Wang Wenbin
အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူပြီးနောက် မြန်မာ့အရေးကို ကြားဝင်ဖျန်ဖြေဖို့ ကမ္ဘောဒီးယား၏ ကြိုးပမ်းအားထုတ်မှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက ချီးမွမ်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝိန်းပင်း (Wang Wenbin) က ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆက်ဆံရာတွင် အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်ထည်ဖော်ရန်၊ ကမ္ဘောဒီးယား၏ မူဝါဒကို အားပေးထောက်ခံကြောင်း၊ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်ကို ပြန်လည်စတင်ရန် အစုအဖွဲ့အားလုံး၏ သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာဖြေရှင်းနိုင်ရန် ပါဝင်ပတ်သက်သူများအား တိုက်တွန်းပြောဆိုကြောင်း ဖော်ပြထားသည်။
၂၀၂၂၊ မေ ၉
မတ်လတွင် တရုတ်-မြန်မာနယ်စပ်ရှိ အဓိက ပို့ကုန်သွင်းကုန် နယ်စပ်ဂိတ်ဖြစ်သည့် ရွှေလီမှ လဲ့ယွင် နှင့် လားမန်း လမ်းကြောင်းနှစ်ခု ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်ကုန်စည်ပို့ဆောင်မှု ပြန်လည် ကောင်းမွန်လာပြီဖြစ်ကြောင်း မင်္ဂလာသတင်းတွင် ဖော်ပြထားသည်။ နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်ချိန်ကစပြီး မတ် ၁၃ ရက်မှ ဧပြီ ၂၉ ရက်အထိ  ကုန်တင်အလေးချိန် တန် ၁၆,၀၀၀ နီးပါး ဖြတ်သန်းခဲ့ကြောင်းရေးသားထားသည်။
၂၀၂၂၊ မေ ၇
ဟူနန်ပြည်နယ်ရှိ Sunward Intelligent Equipment Co., Ltd. မှ မြန်မာနိုင်ငံသို့ တင်ပို့သော တူးဖော်ရေးစက် ခုနှစ်လုံးအတွက် RCEP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးစဉ်
Photo – Mingala News
တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ ရှင်းရှားအကာက်ခွန်သည် Sunward Intelligent Equipment Co., Ltdမှ    မြန်မာနိုင်ငံသို့တင်ပို့သော တူးဖော်ရေးစက် ခုနှစ်လုံးအတွက် တရုတ်ဦးဆောင်သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) အသိမှတ်ပြုလက်မှတ် ပထမဆုံးအကြိမ် ထုတ်ပေးခဲ့ကြောင်း Mingala News၏ ဖော်ပြချက်အရ သိရသည်။ RCEP အောက်တွင် တရုတ်နှင့်မြန်မာကြား တင်သွင်းတင်ပို့နေသည့်ကုန်ပစ္စည်းများအတွက် အခွန်သက်သာခွင့်များ သတ်မှတ်ထားသည်။ သဘောတူညီထားသည့် ရှင်းရှားအကောက်ခွန်၏အဆိုအရ ၂၀၂၁ ခုနှစ်တွင် ဟူနန်ပြည်နယ်နှင့်မြန်မာအကြား သွင်းကုန်ကုန်သွယ်မှုပမာဏ ယွမ် ၂ ဘီလီယံ ရှိပြီး ယခုနှစ်ပထမသုံးလပတ်တွင် ယွမ် ၄၉၇ သန်းခန့်ရှိကြောင်း၊ မြန်မာနိုင်ငံသို့ ဟူနန်ပြည်နယ်၏ အဓိက တင်ပို့သည့် ကုန်စည်များမှာ ဂဟေပိုက်များ၊ တူးဖော်ရေးစက်များ၊ ကြွေပန်းကန်ခွက်ယောက်များ၊ ဖိနပ်နှင့် ဦးထုပ်များ စသည်တို့ဖြစ်ကြောင်း သိရသည်။
၂၀၂၂၊ မေ ၆
ကိုဗစ်ကာကွယ်ဆေးအား တွေ့ရစဥ်
Photo – Chinese Embassy in Myanmar
Myancopharm
တရုတ်-မြန်မာပူးပေါင်းထုတ်လုပ်သည့် Myancopharm ကိုဗစ်-၁၉ ကာကွယ်ဆေးကို နေပြည်တော်စသည့် ဒေသဆေးရုံများတွင် စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် တရုတ်အမျိုးသား ဆေးဝါးထုတ်လုပ်ရေး အဖွဲ့အစည်း (China National Pharmaceutical Group Corp – CNPGC) မှ ပညာရှင်များအဖွဲ့က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ကာကွယ်ဆေးထုတ်လုပ်ရေးနှင့် အရည်အသွေး စစ်ဆေးမှုနည်းပညာပိုင်း ဆိုင်ရာလမ်းညွှန်ခဲ့ကြောင်း ရေးသားထားသည်။ တရုတ်၏ အကူအညီဖြင့်  မြန်မာနိုင်ငံသည် အာရှပစိဖိတ်ဒေသတွင် မထုပ်ပိုးရသေးသော ကာကွယ်ဆေးအရည် ပူးပေါင်းထုပ်ပိုးသည့်စက်ရုံကို ပထမဦးဆုံး စတင်လည်ပတ်နိုင်ခဲ့ကြောင်း တရုတ်သံရုံး၏ထုတ်ပြန်ချက်တွင်ထည့်သွင်းထုတ်ပြန်ထားသည်။
၂၀၂၂၊ မေ ၅
တရုတ်နိုင်ငံသို့ တင်ပို့မည့် ငှက်ပျောခိုင်များအား တွေ့ရစဉ်
Photo – Xinhua
မြန်မာ့ငှက်ပျောသီးများကို တရုတ်နိုင်ငံသို့ ငှက်ပျောသီးတင်ပို့ရာတွင် ရောဂါပိုးမွှားကင်းရှင်းကြောင်း အသိအမှတ်ပြုလွှာ ထုတ်ပေးသွားမည်ဖြစ်ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့အကြား ငှက်ပျောသီးတင်ပို့ရန် တရားဝင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သောကြောင့် ထိုသို့အသိမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းဖြစ်ကြောင်း ရေးသားထားသည်။  ကချင်ပြည်နယ်ရှိ တစ်သျှူးငှက်ပျောစိုက်ပျိုးမှုအပါအဝင် ငှက်ပျောစိုက်ပျိုးသူများ လိုက်နာရမည့် အချက်အလက်များ၊ အသီးခူးရမည့်ကာလနှင့် ဒေသအပါအဝင် ဖျက်ပိုး ကာကွယ်နှိမ်နင်းခြင်းအတွက် စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများ စနစ်တကျသုံးစွဲခြင်းနှင့် ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့် (GAP) ဆိုင်ရာ စံချိန်စံနှုန်းများအား လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း စစ်ကောင်စီ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာက ညွှန်ကြားထားကြောင်းသိရသည်။
၂၀၂၂၊ မေ ၅
စစ်ကောင်စီ၏ စီးပွားရေးဦးပိုင်လီမိတက်နှင့် အကျိူးတူဖက်စပ်လုပ်ကိုင်နေမှုကြောင့် ဒေသတွင်းတော်လှန်ရေး အဖွဲ့အစည်းများ၏ လက်ပံတောင်းကြေးနီစီမံကိန်းဆက်မလုပ်ရန် သတိပေးထုတ်ပြန်မှုများအပေါ် လွန်စွာစိုးရိမ်ပူပန်နေသည်ဟု တရုတ် ကြေးနီစီမံကိန်းကုမ္ပဏီများက ကြေညာချက်ထုတ်ပြန်ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြသည်။ မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီ ကြေးနီစီမံကိန်းကုမ္ပဏီများ၏ ဒုတိယအထွေထွေမန်နေဂျာ Dong Shiyong လက်မှတ်ထိုးထားသော ယင်းကြေညာချက်တွင် စီမံကိန်းဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များ၊ ကန်ထရိုက်တာများနှင့် ပတ်ဝန်းကျင်လူ့အသိုက်အဝန်း ဘေးကင်းလုံခြုံရေးအတွက် လက်ရှိ အခြေအနေအပေါ် ဂရုတစိုက် လေ့လာစောင့်ကြည့်နေကြောင်းလည်း ရေးထားသည်။ “မကြာသေးမီက မိမိတို့စီမံကိန်းနှင့် ပတ်သက်သည့် ကောလာဟလများ၊ မှားယွင်းသောယူဆချက်များ၊ အခြေအမြစ်မရှိသော စွပ်စွဲချက်အများအပြားရှိခဲ့ပြီး မိမိတို့၏ ဝန်ထမ်းအချို့နှင့် မိသားစုကို ခြိမ်းခြောက်မှုများရှိသည့် အခြေအနေကို မိမိတို့ လွန်စွာစိုးရိမ်ပူပန်သည်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့ပြင် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် တည်ရှိနေခြင်းကြောင့် ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးအပေါ် မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ပြီး စီမံကိန်းရပ်တန့်ထားစဉ်မှာလည်း ဝန်ထမ်းများအား ဆက်လက် ထောက်ပံ့ပေးခဲ့သည့်အပြင် ဒေသတွင်း ကျန်းမာရေး၊ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် ငွေကြေးမြောက်မြားစွာ ရင်းနှီးသုံးစွဲထားသည်ဟု ဆိုသည်။ ထို့ပြင် စီမံကိန်းတွင် အရေးပါသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းအတွက် ဝန်ထမ်းအဖွဲ့တဖွဲ့ကိုသာ သတ္တုတွင်းလုပ်ငန်းခွင်အတွင်း ဆန္ဒအလျှောက်လုပ်ကိုင်စေပြီး ကျန်းမာရေးအကာအကွယ်ပေးသည့် အထူးသဖြင့် မိုးရာသီတွင် စီမံကိန်းမှ ဓာတုပစ္စည်းနေရာများနှင့် ရေကန်များ လျှံထွက်မသွားစေရေးအတွက် လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြောင်းကိုလည်းထည့်သွင်းရေးသားထားသည်ဟုဆိုသည်။
၂၀၂၂၊ မေ ၄
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရှိ စစ်ကောင်စီပိုင် ဦးပိုင်နှင့် တရုတ်ကုမ္ပဏီများအတွက် လုံခြုံရေးယူပေးနေသည့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုကထုတ်ပြန်သည်။ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ တပ်သားနှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ စစ်ကားတစီး ပျက်စီးသွားကြောင်း ဖော်ပြထားသည်။ ယခုတိုက်ခိုက်ခံရမှုသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် လက်ပတောင်းတောင်ကြေးနီစီမံကိန်းအား လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်များ ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခံရမှုဖြစ်သည်။
၂၀၂၂၊ မေ ၄
မကွေးတိုင်း မင်းဘူးမြို့နယ်ရှိ မြန်မာ့ပထမဆုံး ဆိုလာစီမံကိန်း
Photo – The Irrawaddy
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  အစိုးရလက်ထက်တွင် ဆိုလာပါဝါစီမံကိန်းများကို လုပ်ကိုင်ခွင့်တင်ဒါ အောင်မြင်ခဲ့သော စီမံကိန်း ၂၉ ခုအနက် လုပ်ငန်းဆက်လက်အကောင်အထည်ရန် ကြန့်ကြာနေသည့် စီမံကိန်း ၂၆ ခုကို စစ်ကောင်စီက တင်ဒါဖျက်သိမ်းပြီး ကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း ဧရာဝတီသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ NLD အစိုးရလက်ထက်တွင် တင်ဒါအောင်မြင်ခဲ့သော တရုတ်ကုမ္ပဏီအများစုသည် စစ်ကောင်စီလက်ထက်တွင် စီမံကိန်း သုံးခုကိုသာ အကောင်အထည် ဖော်လျက်ရှိပြီး ကျန်စီမံကိန်း ၂၆ ခုကို ဆက်လက်အကောင်အထည်ဖော်နိုင်ခြင်းမရှိပေ။ စစ်ကောင်စီအမည်ပျက်စာရင်းဝင်ကုမ္ပဏီ ကိုးခုအနက် Sungrow Power Supply ကုမ္ပဏီသည် ဆိုလာပါဝါစီမံကိန်း ၁၂ ခုဖြင့် အများဆုံး တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီဖြစ်ကြောင်း၊ စီမံကိန်းတစ်ခုစီ၌ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၂၀ မှ သန်း ၃၀ အထိ ရင်းနှီးမြှုပ်နှံမှုပမာဏရှိပြီး ယခုနှစ် နွေရာသီအတွက် လိုအပ်လာမည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရန်အတွက် ရည်ရွယ်ထားသည့် စီမံကိန်းများဖြစ်ကြောင်း သိရသည်။
၂၀၂၂၊ မေ ၂
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက မြန်မာ-တရုတ် ဗုဒ္ဓဘာသာ ချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့ မှတဆင့် ဘုန်းတော်ကြီးကျောင်း ၄၉ ကျောင်း၊ ဘိုးဘွားရိပ်သာ ၁၂ ခု၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်တိုင်း လူမှုဝန်ထမ်းဦးစီးဌာနတို့ထံ နှာခေါင်းစည်း ၃၆၀,၀၀၀ ခု စသည့် ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်ကြောင်း သိရသည်။ မြန်မာပြည်သူများ ကပ်ရောဂါအတွက် ကိုယ်ခံအားအတားအဆီး မြှင့်တင်ပေးကာ ကပ်ရောဂါကာကွယ်ရေး ရလဒ်ခိုင်မာစေရန် ကူညီ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း တရုတ်သံရုံးက ဖော်ပြသည်။
၂၀၂၂၊ မေ ၂
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ဝမ်‌ပေါင်ကုမ္ပဏီနှင့် စစ်ကောင်စီပိုင် ဦးပိုင်ကုမ္ပဏီတို့ လုပ်ကိုင်နေသော လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား ပြန်လည်စတင်ရန် ခွင့်မပြုကြောင်း  Salingyi People’s Force နှင့် အခြားသော ဒေသခံမဟာမိတ်တပ်ဖွဲ့များက ထပ်မံကြေညာခဲ့သည်။ ကြေးနီစီမံကိန်းတွင် အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ရောက်ကြရန်နှင့် စီမံကိန်းပတ်ဝန်းကျင်ရှိ စျေးဆိုင်ခန်းများအားလုံး မဖွင့်ကြရန် သတိပေးခြင်း ဖြစ်သည်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် ကျေးရွာ ၂၆ ရွာရှိ မြေယာများကို သိမ်းဆည်းကာ နှစ် ၆၀ စီမံကိန်းဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သတင်းမီဒီယာများက ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ် ဧပြီ ၂၁ ရက်တွင်လည်း ဆားလင်းကြီး – ယင်းမာပင်မြို့နယ်များ ဝန်းကျင်ရှိ တရုတ်ကြေးနီစီမံကိန်းများကို ရပ်ဆိုင်းရန်နှင့် ဝန်ထမ်းများ မေ ၅ ရက် နောက်ဆုံးထား CDM ဝင်ရောက်ရန် ဒေသကာကွယ်ရေးတပ်ဖွဲ့ ၁၆ ဖွဲ့က သဘောထားထုတ်ပြန်ချက်တရပ် ထုတ်ပြန်ခဲ့သေးသည်။
၂၀၂၂၊ မေ ၁
မြန်မာနိုင်ငံသည် ဘက်စုံလွှမ်းခြုံမှုရှိသော ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) အစီအစဥ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် စတင် အသက်ဝင်ပြီဖြစ်ကြောင်း စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။ အဆိုပါအစီအစဥ်သည် တရုတ်အစိုးရ၏ ဦးဆောင်မှုဖြင့်အဓိက အကောင်အထည်ဖော်နေသည့် ဒေသတွင်း လွတ်လပ်စွာကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှု တခုဖြစ်သည်။ အဆိုပါစာချုပ်အသက်ဝင်ခြင်းကြောင့် တရုတ်နှင့်မြန်မာကြားကုန်သွယ်မှု တွင် ကုန်စည် အမျိုးအစား ၅,၀၀၀ ကျော် အကောက်ခွန်သက်သာခွင့်ရမည်ဖြစ်ကြောင်း ထည့်သွင်းရေးသားထားသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ တင်သွင်းလာသည့် ကုန်စည်များ၏ ၆၇ ဒသမ ၉ ရာခိုင်နှုန်းကို အကောက်ခွန်မဲ့ စည်းကြပ်ခွန်အဖြစ် ခွင့်ပြုပေးမည်ဖြစ်ပြီး ကျန်ရှိသည့် ၂၂ ဒသမ ၆ ရာခိုင်နှုန်းကို ၁၀ နှစ်မှ နှစ် ၂၀ အတွင်း အကောက်ခွန် သုညရာခိုင်နှုန်းသို့ လျော့ချသွားမည် ဖြစ်ကြောင်း သိရသည်။ ထိုစာချုပ်တွင် မြန်မာနိုင်ငံ သာမက ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို၊ ဘရုနိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တောင်ကိုးရီးယား၊ တရုတ်၊ ဂျပန်၊ သြစတေးလျ၊ နယူးဇီလန် စသည့် အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်ကြသည်။
၂၀၂၂၊ မေ ၁
တရုတ်သံအမတ် ချန်းဟိုင် မီးရထားစက်ခေါင်းစက်ရုံ (နေပြည်တော်) ၌ သွားရောက်အားပေးနေစဥ်
Photo – Chinese Embassy in Myanmar
တရုတ်သံအမတ် ချန်းဟိုင်သည် တရုတ်အစိုးရ၏ အစီအစဥ်ဖြင့် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နေသည့် စီမံကိန်းများမှ တရုတ်ဝန်ထမ်းများကိုအပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင်  အားပေးစကားပြောကြားခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ အကူအညီပေးနေသည့် စီမံကိန်းများတွင် မြန်မာနိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေးဗဟိုဌာန၊ ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးဌာန၊ မြန်မာနိုင်ငံ အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြုပြင်မွမ်းမံရေးစီမံကိန်းနှင့် မီးရထား စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) စသည်တို့ ပါဝင်ကြောင်း ရေးသားထားသည်။ မြန်မာနိုင်ငံတွင် တရုတ်အစိုးရက အကူအညီပေးနေသည့် စီမံကိန်းများသည် ပေါက်ဖော်ဆက်ဆံရေး အားကောင်းစေရန်အတွက် အရေးပါသလို ကိုဗစ်ကာလတွင်းမှာပင် မရပ်တန့်ဘဲ ဆက်လက်အကောင်အထည် ဖော်ခဲ့ခြင်းမှာ တရုတ်နိုင်ငံ၏ တာဝန်ယူမှု တာဝန်ခံမှုကို ပြသနေကြောင်း တရုတ်သံရုံးက ထည့်သွင်းထုတ်ပြန်ထားသည်။
၂၀၂၂၊ မေ ၁
နယ်စပ်ခြံစည်းရိုးကို တရုတ်က အခိုင်အမာ တည်ဆောက်ထားသည့်အတွက် ကြံများကို ကရိန်းဖြင့်ကျော်ပြီး တင်ပို့နေစဉ်
Photo – Shwe Phee Myay News Agency
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်တွင် နယ်စပ်ခြံစည်းရိုးကို တရုတ်က အခိုင်အမာ တည်ဆောက်ထားသည့်အတွက် ကြံများကို ကရိန်းဖြင့်ကျော်ပြီး တင်ပို့နေရကြောင်း သတင်းဌာနများကဖော်ပြခဲ့သည်။ တရုတ်ဘက်က ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် မုံးကိုးဒေသတလျှောက် နယ်စပ်ခြံစည်းရိုး တည်ဆောက်ထားသည့်အပြင် ကျင်စန်းကျော့ဂိတ်ကိုလည်း ကိုဗစ်ကပ်ရောဂါ အကြောင်းပြပြီး ရပ်ဆိုင်းထားသည်။ ကျင်စန်းကျော့ဂိတ် ပိတ်ထားခြင်းကြောင့် မူဆယ် (၁၀၅) မိုင်၊ ပန်ဆိုင်းနှင့် မုံးကိုးမှ ကြံတင်ကား အစီးရေနှစ်ရာကျော် မုံးကိုးမြို့ပေါ်တွင် သောင်တင်နေသည်။ ထို့ကြောင့်ကုန်သည်များအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး တိုက်ပွဲဖြစ်ပွားသည့် ဒေသများနှင့် အနီးတဝိုက်တွင် စစ်ကောင်စီဘက်က ကြံခုတ်ခွင့် မပေးခြင်း၊ ကရိန်းဖြင့် တင်ပို့ရသောကြောင့် အချိန်ကြန့်ကြာခြင်း၊ အချိန်လွန်မှ တင်ပို့ရသည့်အတွက် ဈေးကောင်းမရခြင်းများ ဖြစ်ပေါ်နေသည်။ ကြံကုန်သည်များက ကျင်စန်းကျော့ဂိတ်မှ ပြန်လည်တင်ပို့နိုင်ရန် တောင်းဆိုနေကြပြီး မုံးကိုးနှင့် တရုတ်ကြားရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်ကိုလည်း ပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုနေကြကြောင်း ဖော်ပြထားသည်။
၂၀၂၂၊ ဧပြီ ၃၀
တရုတ်၏မဟာဗျူဟာကျ အစီအမံတခုဖြစ်သည့် “တရုတ်-မြန်မာ ဧရာဝတီမြစ်စီးပွားရေးရပ်ဝန်း’ သို့မဟုတ် ‘တရုတ်-မြန်မာ ရေကြောင်းခါးပတ်လမ်း’ စီမံကိန်း၏ အစိတ်အပိုင်းဖြစ်ပြီး  ယူနန်ပြည်နယ် လုံချွမ်ခရိုင်၊ ကျန်းဖုန်းမြို့နယ်မှကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ချိတ်ဆက်ရန် စီစဥ်ထားသည့် နယ်စပ်ဖြတ်ကျော် ကားလမ်းဖောက်လုပ်ရေးလုပ်ငန်းခွင်ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း တရုတ်မီဒီယာများ တွင် ဖော်ပြခဲ့သည်။ တရုတ်-မြန်မာ ရေကြောင်းခါးပတ်လမ်းမှာ ဧရာ၀တီမြစ်ကြောင်းတလျောက် ဗန်းမော်မြို့ဆိပ်ကမ်းမှ မကွေးမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့တို့ကို ဖြတ်သန်း၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ အက်ဒမန်ပင်လယ်ပြင်၊ ထို့မှတဆင့် အိန္ဒိယသမုဒ္ဒရာသို့ ချိတ်ဆက်မည့်တရုတ်၏ အစီအမံတခုဖြစ်သည်။ ဗန်းမော်-ကျန်းဖုန်း ကားလမ်းပေါ်ရှိ လွယ်ဂျယ်-လိုင်းရင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား ကိုဗစ်ရောဂါ ဖြစ်ပွားမှုကြောင့် ခြောက်လကြာ ပိတ်ထားခဲ့ပြီးနောက် ၂၀၂၂ ဇန်နဝါရီ ၁၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။
၂၀၂၂၊ ဧပြီ ၂၉
တရုတ်အစိုးရ၏ မြန်မာနိုင်ငံအား ကိုဗစ်ကာကွယ်ဆေး ၁၀ သန်းထပ်မံ ပံ့ပိုးမည့် အစီအစဥ်ကို  တရုတ်သံရုံးက ကြေညာခဲ့သည်။ တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကူညီပေးနိုင်ရန်  အဆိုပါကာကွယ်ဆေး၏ ပထမအသုတ်ကို မေလအတွင်းတွင် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ တရုတ်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားသည့်အချိန်ကစ၍ မြန်မာနိုင်ငံသို့ ကာကွယ်ဆေး အလုံးပေါင်း ၁၁ ဒသမ ၁ သန်းအခမဲ့ ပံ့ပိုး ကူညီပေးခဲ့ကြောင်းနှင့် မြန်မာနိုင်ငံအား တရုတ်ကိုဗစ်ကာကွယ်ဆေး အလုံးပေါင်း သန်း ၃၀ ကျော် စျေးသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
၂၀၂၂၊ ဧပြီ ၂၈
မြေဩဇာများကို တရုတ်နိုင်ငံမှ G to G စနစ် ဝယ်ယူတင်သွင်းခွင့်ရရှိရေး စစ်ကောင်စီသမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက သံတမန်လမ်းကြောင်းမှတဆင့် ဆောင်ရွက်ထားပြီဖြစ်ကြောင်း စစ်ကောင်စီသတင်းစာတွင်ဖော်ပြထားသည်။ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် ယူရီးယားအပါအဝင် လိုအပ်သည့် မြေဩဇာများကို တရုတ်နိုင်ငံမှနေ၍ အစိုးရချင်း ချိတ်ဆက်ဝယ်ယူတင်သွင်းခွင့်ရရှိရေး ဆောင်ရွက်ထားကြောင်းနှင့် တရုတ်ဘက်မှ ခွင့်ပြုချက်မရမီ အချိန်အတွင်း အခြားနိုင်ငံများမှ အချိန်မီဝယ်ယူတင်သွင်းရရှိနိုင်ရေး ဆောင်ရွက်ထားရန်လိုကြောင်း စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးလှမိုးက ပြောကြားသည်။
၂၀၂၂၊ ဧပြီ ၂၈
ယင်းမာပင်မြို့နယ်၊ ယမားတံတားပေါ်တွင် လက်ပံတောင်းတောင်ဒေသ လူငယ်များဦးဆောင်၍ ဆန္ဒထုတ်ဖော်နေစဉ်
Photo – မြေလတ်အသံ – Myaelatt Athan
တရုတ်အစိုးရက မြန်မာပြည်သူများ၏ အသံကို အလေးထားရန် လက်ပံတောင်းဒေသခံများက ဆန္ဒထုတ်ဖော်ကြောင်း မြေလတ်အသံ သတင်းဌာနက ဖော်ပြသည်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ယမားတံတားပေါ်တွင် လက်ပံတောင်းတောင်ဒေသ လူငယ်များဦးဆောင်ပြီး တရုတ်အစိုးရအား မြန်မာပြည်သူများ၏ဆန္ဒကို အလေးထားရန်နှင့် ဖက်ဆစ်ရာဇဝတ်ကောင်များအား ထောက်ခံပံ့ပိုးနေခြင်းကို ရပ်တန်းကရပ်တန့်ပါဟု အဓိပ္ပါယ်ရသည့် “China: Respect Myanmar People’s Voice, Stop Supporting Fascist Criminals” စာတန်းကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း ရေးသားထားသည်။
၂၀၂၂၊ ဧပြီ ၂၈
တရုတ်-မြန်မာ နယ်စပ်ဂိတ် ကုန်စည်စီးဆင်းမှုဆိုင်ရာ အွန်လိုင်းဗီဒီယိုညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ ဆွေးနွေးပွဲအား တရုတ်သံအမတ် ချန်းဟိုင်၊ မန္တလေး တရုတ်ကောင်စစ်ဝန်ချုပ်၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ ပြည်ပရေးရာ ဌာနမှူး၊ ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီး ဌာနမှူး၊ စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ကချင်နှင့် ရှမ်းပြည်နယ်များမှ တာဝန်ရှိသူများနှင့် ကူမင်း မြန်မာကောင်စစ်ဝန်ချုပ်တို့ တက်ရောက်ကြသည်။ ဆွေးနွေးပွဲတွင် နယ်စပ်ကုန်သွယ်ရေး အဆင်ပြေချောမွေ့စေရေး ကြုံတွေ့နေရသော အခက်အခဲများအတွက် ဖြေရှင်းရေးနည်းလမ်းများ ရှာဖွေခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေး၊ နယ်စပ်ဒေသ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း တရုတ်သံရုံးကထုတ်ပြန်ခဲ့သည်။
၂၀၂၂၊ ဧပြီ ၂၇
မြန်မာပြည်တွင်းဘဏ်တခု ဖြစ်သော CB Bank သည် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် ယွမ်-ကျပ် တိုက်ရိုက်ပေးချေအသုံးပြုနိုင်သည့် Foreign Currency Account (Chinese Yuan) ယွမ်ငွေအကောင့် ဖွင့်လှစ်နိုင်ကြောင်း ကြေညာခဲ့သည်။ ၂၀၂၁ ခုနစ် ဒီဇင်ဘာ ၁၄ ရက်တွင် စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ်ထားသည့် ကုန်ပစ္စည်း ၃၈ မျိုးကို မူဆယ်နယ်စပ်ဂိတ်တွင် ယွမ်-ကျပ် တိုက်ရိုက်ပေးချေကာ ကုန်သွယ်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယွမ်-ကျပ် တိုက်ရိုက်ပေးချေကာ ဆောင်ရွက်နိုင်သည့် ဘဏ်များတွင် မြန်မာ့စီးပွားရေးဘဏ်၊ ဟောင်ကောင်အခြေစိုက် Bank of China – Hong Kong နှင့် Industrial and Commercial Bank of China (ICBC) တို့ ပါဝင်ကြသည်။ အဆိုပါ ယွမ်ငွေအကောင့်ဖြင့် တရုတ်နိုင်ငံရှိ မည်သည့်ဘဏ်ကိုမဆို ယွမ်ငွေ တိုက်ရိုက်လွှဲပြောင်းနိုင်ပြီး ဝင်ရောက်လာသည့် ယွမ်ငွေများကိုလည်း ကျပ်ငွေအကောင့်သို့ ပြန်လည်လွှဲပြောင်းနိုင်ကြောင်း သိရသည်။
၂၀၂၂၊ ဧပြီ ၂၇
တရုတ်အလံအား မီးရှို့ဆန္ဒပြနေစဥ်
Photo – Mekong News
မန္တလေးမြို့တွင် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြခဲ့သည့် မန္တလေးသပိတ်အင်အားစုက တရုတ်နိုင်ငံအလံကို မီးရှို့၍ ဆန္ဒပြခဲ့ကြကြောင်း သတင်းမီဒီယာများက ဖော်ပြထားသည်။ မီးရှို့ဆန္ဒပြရာတွင် တရုတ်အစိုးရအနေဖြင့် မြန်မာပြည်သူလူထု၏ သဘောထားဆန္ဒကို အလေးထားသည့်အနေဖြင့် စစ်ကောင်စီအား ထောက်ပံ့ပေးနေခြင်းကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။ ဧပြီလဆန်းပိုင်းတွင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်၏ တရုတ်ပြည်ခရီးစဥ် နောက်ပိုင်းတွင် နွေဦးတော်လှန်ရေး အင်အားစုများ၏ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပိုမိုများပြားလာသည်ကို တွေ့ရသည်။ စစ်ကောင်စီအား တရုတ်က ထောက်ခံ‌ပေးနေသည်ဟူသော အယူအဆသည် အဆိုပါခရီးစဥ်နောက်ပိုင်းတွင် ပိုမိုအားကောင်းလာပြီး တရုတ်အလံမီးရှို့ဆန္ဒပြခြင်း၊ အိတ်ဖွင့်ပေးစာပေးပို့ခြင်း တို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တရုတ်စီမံကိန်းများ ရပ်ဆိုင်းထားရန် ထုတ်ပြန်ချက်များပါ ပေါ်ထွက်လာခဲ့သည်ကို တွေ့ရသည်။
၂၀၂၂၊ ဧပြီ ၂၆
တရုတ်နယ်စပ်တွင် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာမှ မြန်မာကျပ်သို့ တရက်အတွင်း လဲလှယ်ရန် ညွှန်ကြားချက်မှ ကင်းလွတ်ခွင့်ပြုကြောင်း စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဧပြီ ၃ ရက်တွင် စစ်ကောင်စီက နိုင်ငံခြားသုံး‌ငွေဖြင့် ရရှိလာသော ဝင်ငွေများကို ရောက်ရှိပြီး တရက်အတွင်း နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ဘဏ်များတွင် မြန်မာကျပ်ငွေသို့ လဲလှယ်ရောင်းချရန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၂၊ ဧပြီ ၂၅
တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ကာကွယ်စောင့်ရှောက်ရန် စစ်ကောင်စီဥက္ကဋ္ဌက လမ်းညွှန်မှာကြားထားကြောင်း စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး အောင်နိုင်ဦးက နိုင်ငံတကာသတင်းမီဒီယာများနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တရုတ်ကုမ္ပဏီအချို့၏ စက်ရုံများကို မီးရှို့ဖျက်ဆီးမှု ကြုံတွေ့ခဲ့ရပြီးနောက် အလားတူဖြစ်ရပ်များ မဖြစ်ပေါ်စေရန် ညွှန်ကြားထားခြင်း ဖြစ်ကြောင်း စစ်ကောင်စီ၏သတင်းစာက ရေးထားသည်။ ထို့ပြင် တရုတ်စီးပွားရေးလုပ်ငန်းများအပေါ် အကောင်းမမြင်စေရန်နှင့် မှားယွင်းအပြစ်တင်စေရန်အတွက် အနောက်နိုင်ငံများက သွေးထိုးပေးနေပြီး ရင်းနှီးမြှုပ်နှံသူများနှင့် ဒေသခံများအကြား အထင်အမြင်မမှားစေရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ပေးနေကြောင်းလည်း ဆိုသည်။
၂၀၂၂၊ ဧပြီ ၂၅
တက်ဟုန်း-မူဆယ် တာဝန်ရှိသူများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းဆိုင်ရာ ဗီဒီယိုကွန်ဖရင့်အစည်းအဝေး ကျင်းပနေစဉ်
Photo – ပေါက်ဖော်သတင်းဌာန
တက်ဟုန်းပြည်နယ်ခွဲနှင့် စစ်ကောင်စီ မူဆယ်ခရိုင်တာဝန်ရှိသူများအကြား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းဆိုင်ရာ ဗီဒီယိုကွန်ဖရင့်အစည်းအဝေး ကျင်းပပြုလုပ်သည်။ အစည်းအဝေးတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အရေးပေါ်ဆက်သွယ်ရေးလိုင်းကို ဆက်လက်အသုံးပြုခြင်း၊ နယ်စပ်ဖြတ်ကျော် အရေးပေါ်အခြေအနေများကို ပူးတွဲကိုင်တွယ် ဖြေရှင်းခြင်း၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းခြင်းအတွက် ထိရောက်သော အစီအမံများကို လုပ်ဆောင်ထားရမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး ဥပဒေနှင့် မူဝါဒကို လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အွန်းလိုင်းမှ ထုတ်ဝေခြင်း၊ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခြင်းစသည့် နည်းမျိုးစုံဖြင့် ဆောင်ရွက်နေကြောင်း ရေးထားသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွင် နယ်စပ်ဖြတ်ကျော် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ထိရောက်အားကောင်းစေရန်အတွက် ပုံမှန်အစည်းအဝေးကျင်းပခြင်းနှင့် အရေးပေါ်ကိစ္စရပ်များအတွက် ဆွေးနွေးဖလှယ်ရေးယန္တရားကို ထူထောင်ခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၂၊ ဧပြီ ၂၅
မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်များ၊ သပိတ်စစ်ကြောင်းများ၊ ပညာရှင်များ၊ နိုင်ငံရေးပါတီများ၊ အလုပ်သမားသမဂ္ဂများနှင့် ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်အစုအဖွဲ့  ၅၅၈ ခုတို့က တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ အိတ်ဖွင့်ပေးစာ တစောင် ပေးပို့ခဲ့သည်။ အဆိုပါအိတ်ဖွင့်ပေးစာတွင် တောင်းဆိုချက် ခုနစ်ချက် ပါဝင်ခဲ့ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်၏ တရုတ်ပြည်ခရီးစဥ်အား စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုသည့် လုပ်ရပ်အဖြစ် သတ်မှတ်ပြီး ကန့်ကွက်ခဲ့ကြသည်။ တရုတ်အစိုးရအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နိုင်ငံရေးဆွေးနွေးမှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်မှတ်ထားနိုင်သောကြောင့် တရုတ်အစိုးရအတွက် ကြီးမားသည့် ဆုံးရှုံးမှုများ ဖြစ်လာနိုင်သည်ကို စိုးရိမ်ကြောင်း၊ ရပ်ဝန်းလမ်းကြောင်း အစီအမံ (BRI) အား တရားဝင်အစိုးရ ပြန်လည်တင်မြောက်နိုင်ရန်အတွက် အထောက်အကူ ပြုနိုင်သည့် အစီအစဥ်အဖြစ် ကြိုဆိုကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်သူလူထု၏ ဆုံးဖြတ်ချက်ကို လေးစားပြီး စစ်ကောင်စီအား ထောက်ပံ့နေခြင်းကို အမြန်ဆုံးရပ်တန့်ရန် စသည့် တောင်းဆိုချက်များ ပါဝင်ကြောင်း သိရသည်။
၂၀၂၂၊ ဧပြီ ၂၂
နိုင်ငံဖြတ်ကျော် ယူနန် e-commerce ဖြင့် ပို့ဆောင်သော ကုန်စည်များသည် ချင်းရွှေဟော်နယ်စပ်ဂိတ် မှတဆင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာခဲ့ကြောင်း မင်္ဂလာသတင်းဌာနက ဖော်ပြသည်။ ယူနန် Teng Kun စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးကုမ္ပဏီလီမိတက်မှ ဆောက်လုပ်ရေးပစ္စည်းများသည် ယူနန်ပြည်နယ် လင်ချမ်းမြို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ထွက်ခွာပြီး မြန်မာနိုင်ငံသို့ ၉၈၁၀ e-commerce ပုံစံဖြင့် ပို့ဆောင်ခဲ့ကြောင်း ရေးထားသည်။ ၉၈၁၀ ပုံစံဖြင့် နိုင်ငံဖြတ်ကျော် e-commerce ဆောင်ရွက်လျှင် ရောင်းချသူက ကုန်ပစ္စည်းရောင်းဝယ်ရေးအခြေအနေအလိုက် အချိန်နှင့်အမျှ ကုန်စည်များ ဖြည့်သွင်းနိုင်ပြီး ကုန်စည်ရောင်းချပြီးနောက် နိုင်ငံခြားငွေလဲလှယ်ရှင်းလင်းခြင်းကို ဆောင်ရွက်နိုင်ကြောင်းနှင့် သာမန်နိုင်ငံဖြတ်ကျော် ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းနှင့် နှိုင်းစာလျှင် e-commerce သည်ဝယ်ယူသူနှင့် ရောင်းချသူ နှစ်ဖက်လုံးအတွက် ပိုမိုအကျိုးရှိစေမည်ဖြစ်ကြောင်း ပါရှိသည်။ လက်ရှိတွင် လင်ချမ်း-ချင်းရွှေဟော်နယ်စပ်ဂိတ်အနေဖြင့် ကုမ္ပဏီမှ တရုတ်ပြည်ပြင်ပပုဂ္ဂိုလ်များဆီသို့ (B2C) ပို့ကုန်တင်ပို့ရောင်းချသော ၉၆၁၀၊ နိုင်ငံဖြတ်ကျော် B2B တိုက်ရိုက်ပို့ကုန် တင်ပို့သော ၉၇၁၀ နှင့် ၉၈၁၀ စသည့်နိုင်ငံဖြတ်ကျော် e-commerce အကောက်ခွန်ရှင်းလင်းခြင်းပုံစံ သုံးမျိုးရှိပြီး လင်ချမ်းမြို့ နန်စန်နယ်စပ်ဂိတ်တွင်လည်း ၉၈၁၀ ပို့ကုန်ပုံစံ အကောက်ခွန်ရှင်းလင်းခြင်းကို စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း ရေးထားသည်။
၂၀၂၂၊ ဧပြီ ၂၁
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏စွမ်းအင်ကဏ္ဍတွင် အရေးပါသည့် အခန်းကဏ္ဍတွင်ရှိနေမည်ဖြစ်ပြီး စစ်ကောင်စီ အနေဖြင့် စွမ်းအင်ကဏ္ဍတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများ ပိုမိုဝင်ရောက်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု စစ်ကောင်စီပြန်ကြားရေးဝန်ကြီးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်ဆံရေးဝန်ကြီးတို့ ပူးတွဲ၍ သတင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် မေလတွင် စစ်ကောင်စီက ခွင့်ပြုပေးခဲ့သည့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန် မီးလင်းချိုင် စွမ်းအင်စီမံကိန်းသည်မှ ရရှိမည့်ဓာတ်အားကို ဧရာဝတီတိုင်းအပြင် ရန်ကုန်တိုင်းကိုလည်း နိုင်ငံဓာတ်အားလိုင်းမှ တဆင့်ဖြန့်ဝေပေးသွားမည်ဟုထည့်သွင်း ရေးသားထားသည်။ လက်ရှိအချိန်တွင် တည်ဆောက်ရေးနှင့် ဒီဇိုင်း ရေးဆွဲခြင်း ကနဦးစတင်နေပြီဖြစ်သည်။ ထို့အပြင် မီးလင်းချိုင်စီမံကိန်းကို အထူးဦးစားပေး စွမ်းအင်စီမံကိန်းအဖြစ် တရုတ်-မြန်မာစီးပွား‌ရေးစင်္ကြံ၏ ကနဦးအကောင်အထည် ဖော်မည့်စာရင်းတွင် ထည့်သွင်းရန် စစ်ကောင်စီမှ အဆိုပြုထားကြောင်း ထည့်သွင်းရေးသားထားသည်။ မီးလင်းချိုင်စီမံကိန်းသည် စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းဇယားများ၌ ဗြိတိသျှဗားဂျင်းကျွန်းစုတွင် စာရင်းသွင်းထားသော်လည်း ယခုထုတ်ပြန်ချက်တွင်မူ စစ်ကောင်စီကိုယ်တိုင်က တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတခုအဖြစ် အတည်ပြုခဲ့ခြင်းဖြစ်သည်။ထို့အပြင်  တရုတ်ကုမ္ပဏီများက တည်ဆောက်ခဲ့သည့် တာပိန်(၁) ရေအားလျှပ်စစ်စီမံကိန်းမှလည်း လျှပ်စစ်ဓာတ်အား မီဂါဝပ် ၁၂၀ ဝယ်ယူရန် ညှိနှိုင်း နေကြောင်းဖော်ပြထားသည်။
၂၀၂၂၊ ဧပြီ ၂၁
ဆားလင်းကြီး-ယင်းမာပင် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များ၏ ‌ဒေသတွင်းကြေးနီစီမံကိန်းများနှင့်ပတ်သက်၍ သတိပေးချက်
Photo – PDF Facebook Page
ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်များတဝိုက်ရှိ တရုတ်ကြေးနီစီမံကိန်းများ အားလုံးကို ရပ်ဆိုင်းရန် ဒေသကာကွယ်ရေးတပ်ဖွဲ့ ၁၆ ဖွဲ့က ပူးပေါင်းပြီး သဘောထားထုတ်ပြန်ချက်တရပ် ထုတ်ပြန်ခဲ့သည်။ ဝမ်ပေါင်ကုမ္ပဏီနှင့် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေသည့် ကြေးနီစီမံကိန်းများတွင် အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းအနေဖြင့် မေ ၅ ရက် နောက်ဆုံးထား CDM ဝင်ရောက်ရန်နှင့် ကြေးနီစီမံကိန်းများအား ရပ်ဆိုင်းထားရန်၊ မရပ်ဆိုင်းပါက ဖယ်ရှားတိုက်ဖျက်သွားမည်ဖြစ်ကြောင်း ပါရှိခဲ့သည်။ အဆိုပါထုတ်ပြန်ချက်သည် ၂၀၂၂ ခုနှစ် ဧပြီလဆန်းပိုင်း၌ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်၏ တရုတ်ပြည်ခရီးစဥ်နောက်ပိုင်း စစ်ကောင်စီအပေါ် တရုတ်နိုင်ငံက ထောက်ခံပေးနေသည်ဆိုသော သုံးသပ်ချက်များ ကျယ်ပြန့်လာပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်သည်။
၂၀၂၂၊ ဧပြီ ၁၉
ပေါင်စန်းလိုဏ်ခေါင်း ဖောက်လုပ်ပြီးစီးခဲ့သည်ကို တွေ့ရစဥ်
Photo – Chinese Embassy in Myanmar
တရုတ်-မြန်မာ ကုန်သွယ်ရေးတွင် ရထားလမ်းကြောင်းများချိတ်ဆက်ရန်အရေးပါမည့်   တာလီ-ရွှေလီရထားလမ်းပိုင်းအတွင်း ပေါင်စန်းလိုဏ်ခေါင်း ဖောက်လုပ်ပြီးစီးခဲ့ကြောင်း တရုတ်သံရုံးက ဖော်ပြခဲ့သည်။ တာလီ-ရွှေလီရထားလမ်းတွင် လိုဏ်ခေါင်း ၄၄ ခု တည်ရှိပြီး ဖောက်လုပ်ရန် ကျန်ရှိနေသည်မှာ နှစ်ခုသာ ရှိတော့သည်ဟု ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင်လည်း တာလီ-ရွှေလီရထားလမ်းပိုင်းရှိ တာလီ-ပေါင်စန်းလမ်းပိုင်းအား အပြီးသတ်ဖောက်လုပ်နိုင်ခဲ့ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြခဲ့ကြသည်။ အဆိုပါရထားလမ်းသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာစဥ်းစားချက်တခုဖြစ်သည့် ယူနန်ပြည်နယ်နှင့် အိန္ဒိယသမုဒ္ဒရာ ချိတ်ဆက်ရေးအတွက် အရေးပါသော အစိတ်အပိုင်းတခုဖြစ်ပြီး မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် မူဆယ်-မန္တလေး ရထားလမ်း၊ မန္တလေး-ကျောက်ဖြူ ရထားလမ်းတို့မှတဆင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ချိတ်ဆက်နိုင်မည်ဖြစ်သည်။
၂၀၂၂၊ ဧပြီ ၁၈
လှုဒါန်းပွဲအခမ်းအနား ကျင်းပနေစဥ်
Photo – ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း
တရုတ်နိုင်ငံ ငြိမ်းချမ်း‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (China Foundation for Peace and Development) သည် မြန်မာ-တရုတ်ဆက်ဆံရေးဗဟိုအသင်းနှင့် ပူးပေါင်းကာ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနသို့ Computer နှင့် Colour Printer (၃၅) စုံ လှုဒါန်းပေးအပ်ခဲ့ကြောင်း ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းက ဖော်ပြထားသည်။ အဆိုပါ ပစ္စည်းများအား ပြည်သူ့စာကြည့်တိုက်များအား ပေးပို့သွားမည်ဟုလည်း သိရသည်။ အဆိုပါလှုဒါန်းပွဲကို စစ်ကောင်စီပြန်ကြား‌ရေးဝန်ကြီး မောင်မောင်အုန်းလည်း တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။ မြန်မာ-တရုတ်ဆက်ဆံရေးဗဟိုအသင်းမှ  ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းကို  ထုတ်ဝေဖြန့်ချိနေခြင်း ဖြစ်သည်။
၂၀၂၂၊ ဧပြီ ၁၈
တရုတ်ရင်းနှီးမြှုပ်နှံမှုတခုဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းတခုအား ရွှေကျင်မြို့နယ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။ ၎င်းစီမံကိန်းသည် တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတခုဖြစ်သည့် Power China က ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်ပြီး ၄၀ မဂ္ဂါဝပ် ထွက်ရှိမည် ဖြစ်ပြီး မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အာဏာသိမ်းပြီးနောက်ပိုင်း စွမ်းအင်ကဏ္ဍတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခဲ့သည့်အနက် ၂၀၂၁ ခုနှစ် မတ်လတွင် ဝင်ရောက်ခဲ့သည့် မီးလင်းချိုင်စွမ်းအင် စီမံကိန်းသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန်ကြေးဖြင့် အများဆုံး ဖြစ်ခဲ့သည်။
၂၀၂၂၊ ဧပြီ ၁၆
ဝမ်တိန်နယ်စပ်ဂိတ်တွင် ကုန်ကားများအား ပိုးသတ်ဆေး ဖြန်းနေစဥ်
Photo – Mingala News
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် ဂိတ်တခုဖြစ်သော ဝမ်တိန်နယ်စပ်ဂိတ်ကို  ပြန်လည်ဖွင့်လှစ်ပြီး ချိန်မှစ၍ ဧပြီ ၁၆ရက်နေ့အထိ ပို့ကုန် သွင်းကုန် ပစ္စည်းတန်ဖိုး ယွမ်‌ငွေအားဖြင့် ၁ ဒသမ ၈ ဘီလီယံကျော်ကုန်သွယ်ခဲ့ကြောင်း မင်္ဂလာသတင်းဌာနက ဖော်ပြသည်။ ၂၀၂၁ ခုနှစ်တွင်း ကိုဗစ်ကပ်ရောဂါများ ပြင်းထန်စွာ ဖြစ်ပွားမှုကြောင့် တရုတ်-မြန်မာနယ်စပ်ဂိတ်များအား ပိတ်ထားခဲ့ပြီးနောက် ဝမ်တိန်နယ်စပ်ဂိတ်ကို  ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ စ၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ဝမ်တိန်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ချိန်မှစ၍ ယခုအထိ ကုန်စည်ပို့ဆောင်မှုပေါင်း တန်ချိန် ၂၈,၀၀၀ ကျော်နှင့် အဝင်အထွက် မော်တော်ယာဥ် စုစုပေါင်း ၁၁,၀၀၀ ကျော် အထိ ရှိခဲ့သည်ဟုလည်း ဖော်ပြထားသည်။
၂၀၂၂၊ ဧပြီ ၁၁
ကူမင်းမြို့ရှိ “ပစိဖိတ်-အာရှ အဝေးပြေးလမ်းမကြီး ငါးခု”ကို မြန်နှုန်း အဆင့်မြှင့်တင်ခြင်း အောင်မြင်ခဲ့ကြောင်း မင်္ဂလာသတင်းဌာနက ဖော်ပြသည်။ G320 (ဟူရွေ)၊ G56 (ဟန်ရွေ)၊ G8511 (ကူးမို)၊ G213 (လန်မို)၊ G326 (ရှုဟယ်) ဟူသော အဝေးပြေးလမ်းမကြီး ငါးခုသည် ဗီယက်နမ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တို့ကို ဆက်သွယ်ထားကာ ကူမင်းမှတဆင့် ရောက်ရှိနိုင်သည်။ ကူမင်းမြို့သည် Jinhong၊ Huangma၊ Chengcheng နှင့် Southeast Ring ကဲ့သို့သော အမြန်လမ်းများကို ဆက်တိုက်တည်ဆောက်ခဲ့ပြီး လာအိုနှင့် ဗီယက်နမ်ကို ဆက်သွယ်ထားသည့် အဝေးပြေးလမ်းများပိုမို များပြားလာသည်ဟု ရေးထားသည်။ ကူမင်းမြို့သည် နောက်ပိုင်းတွင် ကျင်းရိအဝေးပြေးလမ်း ပဏာမလုပ်ငန်းကို အရှိန်မြှင့် ဆောင်ရွက်မည်ဖြစ်ပြီး ကျောက်ဖြူဆိပ်ကမ်းကို ဆက်သွယ်ကာ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနှင့် မြန်မာတို့၏ နိုင်ငံတကာ ရေလမ်းကြောင်းကို ဆက်သွယ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၂၂၊ ဧပြီ ၁၁
ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် တရုတ်နိုင်ငံဘက်သို့ ကြံတင်ပို့နိုင်ရန် ဆောင်ရွက်နေစဥ်
Photo – Chinese Embassy in Myanmar
ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ကာ MACCS (Myanmar Automated Cargo Clearance System – မြန်မာကုန်ပစ္စည်းအလိုအလျောက် ရှင်းလင်းရေးနှင့် ထိန်းချုပ်ရေးစနစ်) အား စတင်အသုံးပြုခဲ့ပြီး နေ့စဥ်ကုန်စည်တင်ပို့မှပမာဏမှာ တန်ချိန် ၂,၀၀၀ကျော်ရှိကြောင်း တရုတ်သံရုံးကထုတ်ပြန်ခဲ့သည်။ ယခုနှစ်စမှ ဧပြီ လအထိ  မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည့် ကြံတန်ချိန်ပေါင်း ၁၁၃,၀၀၀ အထိ ရှိခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ ချင်းရွှေဟော်နယ်စပ်ဂိတ်တွင်  တရုတ်နိုင်ငံသို့ ကြံတင်ပို့နိုင်ရေးအတွက် နေ့စဥ် တာဝန်ချိန် နှစ်ကြိမ်ဖြင့် ရဲအင်အား ၃၀ ကျော် အသုံးပြုကာ စစ်ဆေးဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။
၂၀၂၂၊ ဧပြီ ၇
တရုတ်-မြန်မာ ကုန်သွယ်ရေးချောမွေ့စေရေးလုပ်ငန်းအဖွဲ့ တတိယအကြိမ်အစည်းအဝေး ကျင်းပနေစဥ်
Photo – Chinese Embassy in Myanmar
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့ တတိယအကြိမ် အစည်းအဝေးကို ဗီဒီယိုစနစ်ဖြင့် ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ အဆိုပါအစည်းအဝေးတွင် ကနဦး စတင်အကောင်ထည်ဖော်နေသည့် အထည်ဖော်မည့် စီးပွား‌ရေးစင်္ကြံ စီမံကိန်းများ စာရင်း တွင်ပါဝင်သည့် (Early Harvest List of China- Myanmar Economic Corridor) ကားလမ်းမကြီးများ၊ ရထားလမ်း၊ ဆိပ်ကမ်းစီမံကိန်းနှင့် တရုတ်-မြန်မာအပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ ရေကြောင်းပညာရေး လေ့ကျင့်ရေးနှင့် တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာပင်လယ်-ကုန်းကြောင်း-ရေလမ်း ကုန်သွယ်ရေးလမ်းကြောင်းသစ်၊ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၂၊ ဧပြီ ၇
တရုတ်အစိုးရ၏ အစီအမံတခုဖြစ်သော လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ခြောက်နှစ်ပြည့် အခမ်းအနားကို ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ကျင်းပခဲ့ကြောင်း Mingala News သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါအခမ်းအနားသို့ စစ်ကောင်စီ၏ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်လည်း တက်ရောက်ခဲ့ကြောင်း သိရသော်လည်း စစ်ကောင်စီ၏ သတင်းဖော်ပြချက်များတွင် ပါဝင်ခဲ့ခြင်း မရှိပေ။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်အစိုးရ၏ မဲခေါင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်‌ရေး မြင့်တင်နိုင်ရန်အတွက် အလေးထားလုပ်ဆောင်နေခြင်း ဖြစ်သည်။
၂၀၂၂၊ ဧပြီ ၅
(၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးကို ဂျကာတာတွင် ဗီဒီယိုစနစ်ဖြင့် ကျင်းပခဲ့ကြောင်း မင်္ဂလာသတင်းဌာနက ဖော်ပြသည်။ အစည်းအဝေးတွင် အာဆီယံဆိုင်ရာ တရုတ်သံအမတ် တန်းရှိကျွင့်က ယမန်နှစ်က တရုတ်နှင့် အာဆီယံတို့အကြား တွေ့ဆုံဆွေးနွေးဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့် နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ကြောင်းနှင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း တရုတ်-အာဆီယံ ဆက်ဆံရေးသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး အာရှ-ပစိဖိတ်ဒေသတွင်း အအောင်မြင်ဆုံးနှင့် အတက်ကြွဆုံး ပူးပေါင်းဆောင်ရွက်မှု စံနမူနာတစ်ခု ဖြစ်လာခဲ့ကြောင်း ရေးထားသည်။ တရုတ်နိုင်ငံအနေဖြင့် အာဆီယံ၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းအဖြစ် အမြဲရှိနေမည်ဖြစ်ပြီး တရုတ်-အာဆီယံ အသိုက်အဝန်းတည်ဆောက်မှု မြှင့်တင်ရေးအတွက် အာဆီယံနိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါ အစည်းအဝေးကို မြန်မာအပါအဝင် အာဆီယံနိုင်ငံများမှ အမြဲတမ်းကိုယ်စားလှယ်များလည်း တက်ရောက်ကြပြီး ၎င်းတို့က အာဆီယံ၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်လာခြင်းအတွက် တရုတ်နိုင်ငံအား နွေးထွေးစွာ ဂုဏ်ပြုကြပြီး အာဆီယံ၏ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိကြောင်းနှင့် ပြီးခဲ့သည့်နှစ်မှစ၍ နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရာ၌ အောင်မြင်မှုများ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၂၊ ဧပြီ ၅
ချူအင်လိုင်းတန်ဆောင်းဖွင့်ပွဲအခမ်းအနားအား တွေ့ရစဥ်
Photo – Chinese Embassy in Myanmar
တရုတ်သံရုံး၏ အကူအညီဖြင့် ပြင်ဆင်တည်ဆောက်နေသော ပုဂံရှိ ချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်း စီမံကိန်း ပြီးစီးခဲ့ကြောင်း တရုတ်သံရုံးက ဖော်ပြခဲ့သည်။ အဆိုပါချူအင်လိုင်းတန်ဆောင်း ပြင်ဆင်ခြင်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် စတင်ခဲ့ပြီး တရုတ်နိုင်ငံမှ အလုပ်သမားများနှင့် အင်ဂျင်နီယာများက ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၆၁ ခုနှစ်တွင် တရုတ်ဝန်ကြီးချုပ်ချူအင်လိုင်း ပုဂံကို လာရောက်စဥ်က ရွှေစည်းခုံစေတီအတွက် လှူဒါန်းခဲ့သည့် ငွေဖြင့် အဆိုပါတန်ဆောင်းအား တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ချူအင်လိုင်းတန်ဆောင်းအပြင် သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးအတွက်လည်း တရုတ်အစိုးရက ၂၀၁၉ ခုနှစ်တည်းက လုပ်ဆောင်နေကြောင်း သိရသည်။
၂၀၂၂၊ ဧပြီ ၅
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို တရုတ် သို့လာရောက်ရန်ဖိတ်ကြားခြင်းနှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဖော်ပြသည့် အတွက်ကန့်ကွက်သည့်ကြေညာချက်တစောင်ကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ကထုတ်ပြန်ခဲ့သည်။ အဆိုပါကြေငြာချက်တွင် တရားမဝင်စစ်ကောင်စီ၏ အဖွဲ့ဝင်များအား တလေးတစား ဖိတ်ကြားခြင်းသည် အာဏာသိမ်းမှုကိုဖီဆန်နေသော လူထုအပေါ် အလေးဂရုမပြုရာ၊ စိတ်ကသိကအောက် ဖြစ်စေသော လုပ်ရပ်တခုဖြစ်ကြောင်းနှင့် အကြမ်းဖက်စစ်တပ်နှင့် မည်သို့သော လက်တွဲဆောင်ရွက်မှုဖြစ်စေ တရုတ်ပြည်အစိုးရ၏ ဂုဏ်သတင်းကို ပိုမိုထိခိုက်စေရုံသာရှိမည်ဖြစ်ကြောင်း ရေးသားထားသည်။  ပြည်သူချင်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရန် တရုတ်ပြည်အတွက် အကောင်းဆုံးအလုပ်သင့်ဆုံး နည်းလမ်းမှာ အကြမ်းဖက်မှုများရပ်တန့်ရေး၊ အရပ်သားအစိုးရ ပြန်လည်ပေါ်ပေါက်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရေး အတွက် တိုင်းရင်းသားလူမျိုးစုများအပါအဝင် NUGနှင့် အတူပူးပေါင်းပြီး စစ်တပ်ကို ဖိအားပေးရေးပင် ဖြစ်သည်။ ဤနည်းဖြင့်သာ ခိုင်မာအားကောင်းသော တရုတ်-မြန်မာ အနာဂတ်အကျိုးစီးပွားကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ရေးထားသည်။ NUG အနေဖြင့် တရုတ်ပြောကြားသော မြန်မာပြည်တွင်း နိုင်ငံရေးအရ ပြန်လည်ရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီအကူးအပြောင်းပြန်လည်စတင်နိုင်ရန် “အစိုးရနှင့်ဖွံ့ဖြိုးရေး” ဆိုင်ရာ အတွေ့အကြုံ မျှဝေခြင်း ကမ်းလှမ်းချက်ကို ကြိုဆိုသည်။ မြန်မာပြည်သူတို့၏ ဆန္ဒကိုအလေးအနက်ထား၍ မြန်မာပြည်သူတို့၏ အသံကို နားစွင့်ကာ ယခုကဲ့သို့ ထိခိုက်ယိုယွင်းလာသည့် ဆက်ဆံရေးအား “ဆွေမျိုးပေါက်ဖော်” ဆက်ဆံရေး ပုံစံသစ်တရပ်ထူ ထောင်ခြင်းဖြင့် ရှေ့ဆက်သွားရန် အသင့်ရှိနေကြောင်း ဖော်ပြထားသည်။
၂၀၂၂၊ ဧပြီ ၃
တရုတ်-မြန်မာ ဘာသာပြန်စာပေ တိုးတက်ဖွံ့ဖြိုးရေးဆွေးနွေးပွဲဖိုရမ် ကျင်းပနေစဥ်
Photo – Mingala News
တရုတ်-မြန်မာ ဘာသာပြန်စာပေ တိုးတက်ဖွံ့ဖြိုးရေးဆွေးနွေးပွဲဖိုရမ် အမည်ဖြင့် တရုတ်သံရုံးက ကျင်းပပြုလုပ်ခဲ့သည်။ တရုတ်သံရုံး၏ ထောက်ပံ့မှုဖြင့် တရုတ်စာအုပ် ၁၀ အုပ် အား မြန်မာနိုင်ငံတွင် ဘာသာပြန်ဆို ထုတ်ဝေသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံတွင် နာမည်ကျော်ဝတ္ထုရှည် “အရှေ့က နေဝန်းထွက်သည့် ပမာ” စာအုပ်အား တရုတ်ဘာသာသို့ ဘာသာပြန်ဆိုသူ ပေကျင်းတက္ကသိုလ်မှ မြန်မာစာပါမောက္ခ Ji Lianfang၊ Jiang Yongren နှင့် Yang Guoyin တို့က အွန်လိုင်းမှ တဆင့် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ဘာသာပြန်ဆိုမှုနည်းလမ်း၊ မူပိုင်ခွင့်ရယူမှု၊ ယဥ်ကျေးမှုကွာခြားချက် စသည်တို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
၂၀၂၂၊ ဧပြီ ၂
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအပ် သုံးသန်းလှူဒါန်းခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ တရုတ်သံရုံးမှ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနသို့ အရေးပေါ်လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအပ် နှစ်သန်းကို မူဆယ်၌ လွှဲပြောင်းပေးအပ်ခဲ့ပြီး ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံသို့ လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအပ် တသန်းကိုလည်း တပြိုင်တည်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။ လက်ရှိအချိန်ထိ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ထောက်ပံ့သော ကိုဗစ်-၁၉ ကာကွယ်ဆေးအရေအတွက်မှာ ၄၁ သန်းကျော် ရှိကြောင်း ရေးထားသည်။
၂၀၂၂၊ ဧပြီ ၂
ချုံချင့်မီးရထားကွန်တိန်နာစင်တာမှ တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာ ပူးတွဲသယ်ယူပို့ဆောင်ရေး ရထားစတင်ထွက်ခွာလာစဉ်
Photo – Chinese Embassy in Myanmar
ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ်ဖြစ်သော တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာ ပူးတွဲသယ်ယူပို့ဆောင်ရေး (ချုံချင့်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ) ရထားသည် ချုံချင့်မီးရထားကွန်တိန်နာစင်တာမှ အောင်မြင်စွာ စတင်ထွက်ခွာခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ ချုံချင့်မှထုတ်လုပ်သော မော်တော်ဆိုင်ကယ်တွဲဖက်ပစ္စည်းများ သယ်ဆောင်လာသည့် အပြည်ပြည်ဆိုင်ရာ ပူးတွဲသယ်ယူပို့ဆောင်ရေးရထားသည် ယူနန်ပြည်နယ် မိုဟန်မှတစ်ဆင့် လာအိုနိုင်ငံတွင်းသို့ ဝင်ရောက်ပြီးနောက် ဗီယင်ကျန်း၌ ကုန်းလမ်းပို့ဆောင်ရေးသို့ ပြောင်းလဲမည်ဖြစ်သည်။ ထို့နောက် ထိုင်းနိုင်ငံမှတဆင့် ဖြတ်သန်းပြီး နောက်ဆုံးတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်းကလည်း မဟာဗျူဟာကျသည့် တရုတ်(ယူနန်)-မြန်မာ(ရန်ကုန်)- အိန္ဒိယသမုဒ္ဒရာ ကွန်တိန်နာပင်လယ် ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲ ပို့ဆောင်မှု လမ်းကြောင်းသစ်ကို ပထမအကြိမ် ပြေးဆွဲခဲ့သေးသည်။
၂၀၂၂၊ ဧပြီ ၁
တရုတ်အစိုးရ၏ အစီအမံတခုဖြစ်သော လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ၏ ပံ့ပိုးမှုဖြင့် လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော်ကို မန္တလေး၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ​ယခုအကြိမ် လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော်ကို လန်ချန်း-မဲခေါင်ခြောက်နိုင်ငံမှ အနုပညာရှင် ၃၀ ဦးကျော် ပါဝင်တက်ရောက်ပြီး ဖွင့်ပွဲအခမ်းအနား ဖျော်ဖြေတင်ဆက်ခြင်း၊ ဟောပြောခြင်း၊ ရုပ်သေးအက ဒြပ်မဲ့ယဉ်ကျေးမှု လက်ဆင့်ကမ်းခြင်းဆိုင်ရာ ဆွေးနွေးပွဲ၊ ရုပ်သေးပညာရပ် အပြန်အလှန်သရုပ်ပြလေ့လာခြင်းနှင့် လန်ချန်း-မဲခေါင် ခြောက်နိုင်ငံမှ ရုပ်သေးအက တင်ဆက်ကပြခြင်း စသည့်အစီအစဉ်များ ပါဝင်ကြောင်း ရေးထားသည်။
၂၀၂၂၊ ဧပြီ ၁
မူဆယ်နှင့် ချင်းရွှေဟော်တွင် MACCS (Myanmar Automated Cargo Clearance System – မြန်မာကုန်ပစ္စည်းအလိုအလျောက် ရှင်းလင်းရေးနှင့် ထိန်းချုပ်ရေးစနစ်) စနစ်အား အပြည့်အဝ စတင်အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက အသိပေးကြေညာသည်။ MACCS စနစ်ကို ရန်ကုန်နှင့် မြဝတီတို့၌ ဆောင်ရွက်နေပြီဖြစ်ပြီး အဆိုပါစနစ်နှင့် ပတ်သက်၍ သင်တန်းပို့ချပေးခြင်းများလည်း ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။
၂၀၂၂၊ ဧပြီ ၁
မြန်မာသံအမတ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး တို့သည် မြန်မာ-တရုတ် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် မြန်မာနိုင်ငံမှ ငှက်ပျောသီးကို တရုတ်သို့ တင်ပို့ရန် အပင်/တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင် သန့်ရှင်းရေး (Sanitary and Phytosanitary-SPS) သဘောတူစာချုပ်များ လဲလှယ်ခဲ့သည်။ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်အရ တရုတ်နိုင်ငံမှ ယွမ်သန်း ၆၅၀ ကို မြန်မာအတွက် ကူညီထောက်ပံ့သွားရန်ရှိကြောင်းနှင့် ငှက်ပျောသီး တင်ပို့ရန် သဘောတူစာချုပ်အရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ငှက်ပျောသီးတင်ပို့မှု အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်ကြောင်း ရေးထားသည်။
၂၀၂၂၊ ဧပြီ ၁
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်တို့ တွေ့ဆုံစဉ်
Photo – Global Times
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ (အာဆီယံနိုင်ငံခြားရေးဝန်ကြီးအချို့ကို သီးခြား)ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ၊ အန်းဟွေး ပြည်နယ်၊ ဟွမ်းရှမ်မြို့သို့ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ဆွေးနွေးပွဲတွင် ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေး၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ စီမံကိန်းများကို နှစ်ဖက်အပြန်အလှန်အကျိုးရှိစေမှုအပေါ်မူတည်ပြီး  အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်သွားရေး၊ တရုတ်နိုင်ငံ၊ ချုံချင်းမြို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်သွားရေး၊ မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထုတ်ကုန်များအတွက် နယ်စပ်ကုန်သွယ်ရေး လျင်မြန်ချောမွေ့စေရေးနှင့် နှစ်နိုင်ငံအကြား ယာယီနယ်စပ်ဂိတ်နှင့် အမြဲတမ်းနယ်စပ်ဂိတ်တိုးမြှင့် ဖွင့်လှစ်သွားနိုင်မည့် အလားအလာများကို ဆွေးနွေးကြောင်း ဖော်ပြထားသည်။ ထို့နောက် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်အကောင်အထည်ဖော်မှုအခြေအနေကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ရေးထားသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် ဝမ်ယိက အခြေအနေများ မည်သို့ပင် ပြောင်းလဲနေစေကာမူ တရုတ်အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်စိုးမှုကို အသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း ပါရှိသည်။ ထို့နောက် ဝမ်ယိက တရုတ်အနေဖြင့် မြန်မာ့အဖွဲ့အစည်းများကို အုပ်ချုပ်မှုဆိုင်ရာနည်းနာများ မျှဝေပေးရန် အသင့်ရှိနေပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းများ ပြန်လည်စတင်ရာတွင် ကူညီရန်လည်း အသင့်ရှိနေကြောင်း ပြောကြားသည်။ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ၂၀၂၀ ခရီးစဉ်အတွင်း သဘောတူညီချက်များကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းနှင့် တရုတ်တနိုင်ငံတည်း မူဝါဒကိုသာ အခိုင်အမာထောက်ခံကြောင်း ပြောဆိုခဲ့သည်ဟု ဖော်ပြထားသည်။ တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း ရေးသားထားသည်။
၂၀၂၂၊ မတ် ၃၀
တရုတ်-မြန်မာ ကုန်သွယ်ရေးချောမွေ့စေရေးလုပ်ငန်းအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးကို ဗီဒီယိုစနစ်ဖြင့်ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ အစည်းအဝေးတွင် နယ်စပ်ကုန်သွယ်ရေးချောမွေ့စေရေး၊ နယ်စပ်ဂိတ်များဖွင့်လှစ်ရေး၊ စိုက်ပျိုးရေးထုတ်ကုန်များ စစ်ဆေးရေး၊ အစားထိုးစိုက်ပျိုးရေးနှင့် တရုတ်နိုင်ငံသို့တင်ပို့ရေး၊ ကုန်သွယ်ရေးနှင့် စာရင်းရှင်းမှုအဆင်ပြေချောမွေ့ရေးစသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ရေးထားသည်။ ထို့အပြင် လုပ်ငန်းအဖွဲ့ယန္တရားအား ကောင်းမွန်စွာအသုံးပြုရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးတည်ငြိမ်စွာ တိုးတက်ရေးအတွက် သဘောတူညီချက်များ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၂၊ မတ် ၂၉
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် တရုတ်သံအမတ်ချန်းဟိုင်တို့ တွေ့ဆုံစဉ် Photo – ပြည်သူ့ပါတီ
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် တရုတ်သံအမတ်ချန်းဟိုင်တို့ တရုတ်သံရုံးတွင် တွေ့ဆုံခဲ့ကြောင်း ပြည်သူ့ပါတီက ထုတ်ပြန်သည်။ တွေ့ဆုံရာတွင် လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများနှင့် ရှေ့ဆက်ဖြစ်ပေါ်လာနိုင်မည့် အနာဂတ်နိုင်ငံရေး အလားအလာ အခြေအနေများအပေါ် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရေးထားသည်။ အဆိုပါတွေ့ဆုံမှုကို တရုတ်သံရုံးမှ သတင်းထုတ်ပြန်ခြင်း မရှိပေ။
၂၀၂၂၊ မတ် ၂၈
၂၀၂၂ ခုနှစ် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စီးပွားရေးဖိုရမ် ကျင်းပနေစဉ်
Photo – မင်္ဂလာသတင်းဌာန
၂၀၂၂ခုနှစ် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စီးပွားရေးဖိုရမ်ကို ကူမင်းတွင် ကျင်းပကြောင်း မင်္ဂလာသတင်းဌာနက ဖော်ပြသည်။ ဖိုရမ်တွင် လေးနိုင်ငံ စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှု ယန္တရားတည်ဆောက်မှုကို မြှင့်တင်နိုင်ရန်၊ ကူးစက်ရောဂါဆိုးကျိုးများကို ကျော်လွှားနိုင်ရန်၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းများနှင့် နည်းလမ်းများကို စူးစမ်းလေ့လာပြီး မြှင့်တင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းနှင့် တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီနှင့် တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သည်ကြီးများအသင်းတို့သည် လေးနိုင်ငံမှ စီးပွားရေးအသိုင်းအဝိုင်းများနှင့် လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ရေးထားသည်။ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) သည် အရေးပါသော စင်္ကြံလမ်းတခုဖြစ်သော်လည်း ၂၀၁၉ ခုနှစ်အတွင်းက အိန္ဒိယအနေဖြင့် ရပ်ဝန်းလမ်းကြောင်း (BRI) ဖိုရမ်တက်ရောက်ခဲ့ခြင်း မရှိသောကြောင့် BCIM မှာ ရပ်ဝန်းလမ်းကြောင်း အစီအမံတွင် ပါဝင်ခြင်း မရှိတော့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ အဆိုပါ ပြောဆိုချက်များကို တရုတ်က တရားဝင် ငြင်းဆိုထားသည်။
၂၀၂၂၊ မတ် ၂၈
မြန်မာ-တရုတ်ဗုဒ္ဓဘာသာ ကူးလူးဖလှယ်ရေးအသင်းမှတဆင့် စမ်းချောင်းမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း ၃၃ ကျောင်းသို့ ကပ်ရောဂါကာကွယ်ရေး ပစ္စည်းများ ဖြန့်ဝေပေးလျက်ရှိကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။
၂၀၂၂၊ မတ် ၂၈
၁၄ နှစ်ကြာ ခက်ခဲကြမ်းတမ်းစွာ ကြိုးပမ်းပြီးနောက် တရုတ်-မြန်မာ နိုင်ငံတကာဆက်သွယ်ရေး လမ်းကြောင်းကြီး၏ အဓိကအစိတ်အပိုင်းဖြစ်သော ယူနန်ပြည်နယ် တာလီ-ရွှေလီရထားလမ်းပိုင်းရှိ စန်းရန်ဥမင်လိုဏ်ခေါင်းကြီးကို ဘေးကင်းစွာဖောက်လုပ်ပြီးစီးခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ ထို့ကြောင့် တာလီ-ရွှေလီရထားလမ်း၏ တာလီမှပေါင်စန်းလမ်းပိုင်းရှိ ဥမင်လိုဏ်ခေါင်း ၂၁ ခုလုံးဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ပြီး တာလီမှ ပေါင်စန်းလမ်းပိုင်း ကနဦးလည်ပတ်မှုအတွက် အခြေခံအုတ်မြစ်ချမှတ်ပေးနိုင်လိုက်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါရထားလမ်းမှာ တရုတ်နိုင်ငံ၏ မဟာဗျူဟာစဉ်းစားချက်ဖြစ်သည့် ယူနန်ပြည်နယ်နှင့် အိန္ဒိယသမုဒ္ဒရာချိတ်ဆက်ရေးအတွက် အရေးပါသောအစိတ်အပိုင်းတခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖောက်လုပ်ရန်စီစဉ်ထားသည့် မူဆယ်-မန္တလေး လျှပ်စစ်ရထားလမ်း၊ ရွှေလီ-မန္တလေး-ကျောက်ဖြူ ရထားလမ်းတို့မှ တဆင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ချိတ်ဆက်နိုင်မည် ဖြစ်သည်။
၂၀၂၂၊ မတ် ၂၇
ကိုဗစ်ကပ်ရောဂါကြောင့် မတ် ၂ ရက်မှစ၍ ယာယီပိတ်ခဲ့ရသော ကျင်စန်းကျော့ဂိတ် (မူဆယ်-ဝမ်တိန်-မန်မိုင် လမ်းကြောင်း)ကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ ပြည်တွင်းသတင်းမီဒီယာများက မတ် ၁၂ ရက်နေ့တွင် ကျင်စန်းကျော့ဂိတ်ပြန်လည်ဖွင့်လှစ်ကြောင်း‌ ရေးသားကြသော်လည်း နောက်ပိုင်းရက်များတွင်မူ အဆိုပါလမ်းပိုင်းတွင် ကုန်တင်ယာဉ်စီးရေ ရာနှင့်ချီပိတ်မိနေဆဲဖြစ်ကြောင်း သတင်းဖော်ပြချက်များ ရှိခဲ့သည်။
၂၀၂၂၊ မတ် ၂၅
မြန်မာ-တရုတ်ဗုဒ္ဓဘာသာ ကူးလူးဖလှယ်ရေးအသင်းမှတဆင့် ဗိုလ်တစ်ထောင်မြို့နယ်အတွင်းရှိ ဘုန်ကြီးကျောင်း ၁၆ ကျောင်းသို့ ကပ်ရောဂါကာကွယ်ရေး ပစ္စည်းများ ဖြန့်ဝေပေးလျက်ရှိကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။
၂၀၂၂၊ မတ် ၂၅
အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာပြည်ခရီးစဉ်မှာ အရေးပါသော ခြေလှမ်းတရပ်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဝမ်ဝိန်းပင်းကသတင်းစာရှင်းလင်းပွဲတွင်  ပြောကြားသည်။ ယခုခရီးစဉ်မှာ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်လိုက်နာခဲ့ခြင်းလည်း ဖြစ်ပြီး တရုတ်အနေဖြင့် မြန်မာ့အရေး အာဆီယံကြားဝင်စေ့စပ်ခြင်းကို ထောက်ခံကြောင်း ပြောခဲ့သည်။အာဆီယံအထူးသံတမန် ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆော့ခွန်းသည်  မတ်လ ၂၁ရက်မှ  ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံကိုလာရောက်ခဲ့သည်။
၂၀၂၂၊ မတ် ၂၅
တရုတ်-မြန်မာနယ်စပ်ဂိတ်များ ပိတ်ထားရခြင်းကြောင့် မြန်မာနိုင်ငံမှ မြေရှားသတ္တုကုန်ကြမ်းတင်သွင်းသော တရုတ်မြေရှားသတ္တုထုတ်လုပ်ရေး လုပ်ငန်းစုများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည် အနည်းဆုံး ၂၅ ရာခိုင်နှုန်းလျော့နည်းကာ ထုတ်လုပ်နေရကြောင်း တရုတ်ကွန်မြူနစ်ပါတီအာဘော် Global Times သတင်းဌာနက ရေးသားသည်။ တရုတ်သတ္တုကုန်ကြမ်းလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှ တင်သွင်းနေရသောကြောင့် ကမ္ဘာ့ဈေးကွက်တွင် သတ္တုကုန်ကြမ်းယာယီပြတ်တောက်မှုများ ဖြစ်နိုင်ကြောင်းလည်း ဖော်ပြထားသည်။
၂၀၂၂၊ မတ် ၂၃
စစ်ကောင်စီက ကချင်လွတ်လပ်ရေးတပ်မတော်/ကချင်လွတ်လပ်ရေးအဖွဲ့ (KIA/KIO)  ဌာနချုပ် လိုင်ဇာအနီး  လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် လက်နက်ကြီးကျည် နှစ်လုံး တရုတ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း Network Media Groupနှင့် ကချင်ဘာသာဖြင့်ဖော်ပြသောသတင်းဌာနများ က ဖော်ပြသည်။ လိုင်ဇာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA တို့အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်း ဖြစ်ကြောင်းရေးသားထားသည်။ တရုတ်ဘက်သို့ လက်နက်ကြီးကျည်ကျရောက်ခြင်းနှင့်ပတ်သက်၍ တရုတ်ဘက်မှ တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
၂၀၂၂၊ မတ် ၂၃
တရုတ်-မြန်မာ ပူးပေါင်းထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထုတ်လုပ်မှုအခမ်းအနားကို ရန်ကုန်မြို့၌ ကျင်းပသည်။ အဆိုပါ အခမ်းအနားသို့ တရုတ်သံအမတ်ချန်းဟိုင်၊ စစ်ကောင်စီအတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ စစ်ကောင်စီဝန်ကြီးများနှင့် စစ်ကောင်စီရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ တက်ရောက်ကြသည်။ အဆိုပါ ကာကွယ်ဆေးရည် RTF Bulk ပူးပေါင်းထုတ်လုပ်မှုစက်ရုံသည် Sinopharm အုပ်စုက အာရှ-ပစိဖိတ်ဒေသ၌ ပထမဆုံးတရားဝင် ထုတ်လုပ်သည့် စက်ရုံဖြစ်ကြောင်း တရုတ်သံရုံးက ရေးသားသည်။ ထို့အပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်းသို့ ယွမ် ၁၀ ဒသမ ၅ သန်း တန်ဖိုးရှိ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ ထပ်မံထောက်ပံ့ပေးမည် ဖြစ်ပြီး တရုတ်သံရုံးနှင့် ယူနန်ပြည်နယ်အစိုးရက မြန်မာနိုင်ငံအတွက် ကာကွယ်ဆေးထိုးအပ်သုံးသန်း အရေးပေါ်လှူဒါန်းရန် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
၂၀၂၂၊ မတ် ၂၂
တရုတ်-လာအို-မြန်မာ-ထိုင်း နိုင်ငံလေးနိုင်ငံသည် ၁၁၅ ကြိမ်မြောက် မဲခေါင်မြစ်ပေါ် ပူးတွဲကင်းလှည့်ရေးနှင့် ဥပဒေစိုးမိုးရေး ကင်းလှည့်အစီအစဉ်လုပ်ဆောင်ခဲ့သည်။ ထိုအစီအစဉ်သည် မဲခေါင်မြစ်ကြောင်း တလျှောက် မူးယစ်ဆေးဝါး မှောင်ခိုမှုများ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းများ၊ တရားမဝင် ဝင်ရောက်မှုများ၊ တရားမဝင် အင်တာနက် ဆက်သွယ် ရာဇဝတ်မှုခင်း လှုပ်ရှားမှုများစသော ရာဇဝတ်မှုခင်းများ တားဆီးနှိမ်နင်းရေးတို့ အတွက် ရည်ရွယ်ပါသည်။
၂၀၂၂၊ မတ် ၂၂
တရုတ်သံရုံးက အမျိုးသားပြတိုက်များ၊ အမျိုးသားစာကြည့်တိုက်နှင့် ယဉ်ကျေးမှုတက္ကသိုလ်များသို့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် လှူဒါန်းခဲ့သည့် ကိုယ်အပူချိန်စမ်းသပ်ရေးနှင့် လုံခြုံရေးစစ်ဆေးမှုတို့ ပေါင်းစပ်ထားသော စက်ပစ္စည်းများတပ်ဆင်ပြီးစီး၍ စတင်အသုံးပြုနေပြီဖြစ်ကြောင်း ဖော်ပြသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင်း အများပြည်သူများအတွက် ဘေးကင်း၍စနစ်တကျဖွင့်လှစ်ရေး၊ တရုတ်-မြန်မာယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရေးအတွက် လှူဒါန်းခြင်းဖြစ်ကြောင်း ရေးထားသည်။
၂၀၂၂၊ မတ် ၂၀
‘လန်ချန်း-မဲခေါင် သီတင်းပတ်’ အထိမ်းအမှတ်အနေဖြင့် ‘လန်ချန်း-မဲခေါင်ဗဟုသုတ အမေးအဖြေအစီအစဉ်’ကို ကျင်းပမည် ဖြစ်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ မတ် ၂၁ ရက်မှ ၂၅ ရက်အထိ တရုတ်သံရုံး တရားဝင် Facebook စာမျက်နှာတွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရွေးချယ်စရာမေးခွန်း လေးခုကို နေ့စဉ် ထုတ်ပြန်ပေးမည်ဖြစ်ပြီး မေးခွန်း အားလုံးကို မှန်မှန်ကန်ကန်ဖြေဆိုနိုင်သူများထဲမှ သုံးဦးကို ရွေးချယ်၍ လက်ဆောင်များ ပေးအပ်သွားမည် ဖြစ်၍ တက်တက်ကြွကြွပါဝင်ကြရန် ဖိတ်ခေါ်ကြောင်း ရေးထားသည်။
၂၀၂၂၊ မတ် ၁၆
တရုတ်-မြန်မာ ပူးပေါင်းထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး တရားဝင် စတင်ထုတ်လုပ်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ မြန်မာ့ဆေးဝါးလုပ်ငန်း (MPI) နှင့် တရုတ်နိုင်ငံ Sinopharm (CNBG) တို့ ပူးပေါင်းထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအမည်မှာ Myancopharm ဖြစ်ကြောင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံအနေဖြင့် ကာကွယ်ဆေးထုတ်လုပ်မှုနည်းပညာ လွှဲပြောင်းခြင်းနှင့် မထုပ်ပိုးရသေးသောဆေးရည် (RTF Bulk) ပံ့ပိုးပေးခြင်းအပြင် ပညာရှင်များ စေလွှတ်ကာ ကာကွယ်ဆေး ထုတ်လုပ်မှုလုပ်ငန်းကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ရေးထားသည်။
၂၀၂၂၊ မတ် ၁၅
မန္တလေးအခြေစိုက်ကောင်စစ်ဝန်ချုပ်ရုံးမှ ဦးဆောင်ကာ ယူနန်ပြည်နယ်နှင့် မန္တလေးမြို့ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတို့အကြား ကိုဗစ်-၁၉ ရောဂါကုသမှုဆိုင်ရာ အတွေ့အကြုံဆွေးနွေးဖလှယ်ပွဲ ကျင်းပခဲ့သည်ဟု ပေါက်ဖော်သတင်းဌာနတွင် ဖော်ပြသည်။ ဆွေးနွေးပွဲကို ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ ဒုကောင်စစ်ဝန်ချုပ် ကျန်းဝေ့၊  ယူနန်ပြည်နယ်  ပြည်ပဆိုင်ရာ ရုံးခန်းကိစ္စရပ်များ ဒုတိယအဆင့်  လှည့်လည်စစ်ဆေးသူ ချွေးဟွမ့်ရုံ၊ ကူမင်းဆေး တက္ကသိုလ် ဒုဆေးရုံအုပ်ကြီး ရှဲ့ပေါင်စိန်းနှင့် မန္တလေးမြို့တော်ဆေးရုံ စီမံခန့်ခွဲရေးဒါရိုက်တာ လီကျိရွှင့်တို့တက်ရောက်ကြသည်။ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံမြောက်ပိုင်း ဒေသသို့ ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် ကူညီပံ့ပိုးခြင်းသည်လည်း ကြီးမားသော အထောက်အကူပြုခြင်းဖြစ်ပြီး တရုတ်-မြန်မာ ကူးစက်ရောဂါ ပူးပေါင်းတိုက်ဖျက်ရေးတွင် ထင်ရှားသော အကျိုးသက်ရောက်မှုရှိစေခဲ့ကြောင်း ရေးထားသည်။ လက်ရှိမြန်မာနိုင်ငံတွင် ကူးစက်ရောဂါ စတုတ္ထလှိုင်းခြိမ်းခြောက်လာနေသည့်အတွက် ယခုအကြိမ် နှီးနှောဖလှယ်ပွဲသည် မန္တလေးတိုင်းဒေသကြီး၏ ရောဂါကုသမှုအတွက် ကောင်းကျိုးပေးနိုင်လိမ့်မည်သာမက မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ရောဂါတိုက်ဖျက်ရေးအတွက် ကူညီမှုဖြစ်လာနိုင်ကြောင်း ဖော်ပြထားသည်။
၂၀၂၂၊ မတ် ၁၅
မြန်မာမှ  ဆန်၊ ဆန်ကွဲအပါအဝင် ကုန်စည် ခုနစ်မျိုးကို တရုတ်ဘက်သို့ တင်သွင်းခြင်းကို ယာယီရပ်နားကြောင်း ရွှေလီမြို့ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး Task Force က မြန်မာဘက်ခြမ်းကို အကြောင်းကြားခဲ့သည်။ ယာယီရပ်နားကြောင်း အကြောင်းကြားရာတွင် ကိုဗစ်ရောဂါ ကူးစက်ဝင်ရောက်မှုကို သိပ္ပံနည်းကျ တားဆီးကာကွယ်ရန်နှင့်  ဝမ်တိန်-မန့်မန်ဂိတ် ကုန်စည်သယ်ပို့မှု ပြန်လည်ဖွင့်လှစ်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါ ညွှန်ကြားချက်ကြောင့် မြန်မာကုန်သည်များ ဆက်တိုက်အရှုံးပေါ်နေကြောင်းလည်းသတင်းမီဒီယာများတွင် ပြောဆိုကြသည်။ တရုတ်၏ ကြေညာချက်တွင် ဆန်၊ ဆန်ကွဲ၊ ငရုတ်စိမ်း၊ အအေးခန်းစနစ်သုံး သယ်ယူကုန်စည်၊ အေးခဲလတ်ဆတ်/အေးခဲကုန်စည်၊ ရေထွက်ကုန်စည်၊ နေ့စဉ်သုံးကုန်ပစ္စည်းနှင့် ထုပ်ပိုးလွယ်သော စားသောက်ကုန်များ ပါဝင်ကြောင်း ရေးထားသည်။
၂၀၂၂၊ မတ် ၁၅
တရုတ်သံရုံးက ဗုဒ္ဓဘာသာအသင်းအဖွဲ့များနှင့် သက်ကြီးရွယ်အိုများအား ကပ်ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်နေစဉ်
Photo – Chinese Embassy in Myanmar
ဗုဒ္ဓဘာသာအသင်းအဖွဲ့များနှင့် သက်ကြီးရွယ်အိုများအား ကပ်ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်သည့်အခမ်းအနားကို သံရုံး၌ ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ အခမ်းအနားသို့ တရုတ်သံအမတ်ချန်းဟိုင်၊ မြန်မာ-တရုတ် ဗုဒ္ဓဘာသာကူးလူးဖလှယ်ရေးအသင်း ဥက္ကဋ္ဌ၊ ရွှေသံလွင်ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်ဝင်းတို့ တက်ရောက်ကြပြီး မြန်မာ-တရုတ် ဗုဒ္ဓဘာသာကူးလူးဖလှယ်ရေးအသင်းမှတစ်ဆင့် မြန်မာနိုင်ငံတနိုင်ငံလုံးရှိ ဒေသအသီးသီးမှ ဘုန်းကြီးကျောင်း၊ ဘိုးဘွားရိပ်သာနှင့် ကိုဗစ်-၁၉ ကုသရေးစင်တာများသို့ ကပ်ရောဂါကာကွယ်ရေးသုံး နှာခေါင်းစည်းပေါင်း ၃၆၀,၀၀၀ လှူဒါန်းပေးအပ်ကြောင်း ရေးထားသည်။
၂၀၂၂၊ မတ် ၁၅
တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့-မူဆယ်လမ်းပိုင်းတွင် ကုန်တင်ယာဉ်အစီးရေ ၄၀၀ ကျော် ပိတ်မိနေကြောင်း စစ်ကောင်စီသတင်းစာက ဖော်ပြသည်။ မတ် ၂ ရက်မှစ၍ ကိုဗစ်ပိုး အကြောင်းပြုကာ တရုတ်ဘက်က ကျင်စန်းကျော့ဂိတ်ကို ပိတ်ထားခဲ့ပြီးနောက် မတ် ၁၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ သို့သော် တရုတ်အကောက်ခွန်စည်းမျဉ်းများနှင့် ကိုဗစ်ထိန်းချုပ်စစ်ဆေးခြင်းများကြောင့် ကုန်သွယ်ရေးတွင် ကြန့်ကြာမှုများ ဖြစ်ပေါ်နေရကြောင်း ဒေသခံကုန်သည်များက ပြောဆိုကြသည်။ ကျင်စန်းကျော့တွင် ကုန်တင်ယာဉ်စီးရေ ရာနှင့်ချီပိတ်မိနေသောကြောင့် လားရှိုး၊ မန္တလေးနှင့် တရုတ်သို့ ကုန်စည်တင်ပို့နေသော ဒေသများတွင်လည်း ကုန်တင်ယာဉ်များ ရပ်တန့်နေရကြောင်း ရေးထားသည်။ ထို့အတူ ခေါက်တိုယာဉ်ငှားရမ်းခများလည်း ဆက်လက်မြင့်တက်လျက်ရှိနေသည်။
၂၀၂၂ ၊ မတ် ၁၃
မြန်မာ-တရုတ်နယ်စပ်ကချင်လွတ်လပ်ရေးတပ်မတော်/ကချင်လွတ်လပ်ရေးအဖွဲ့ (KIA/KIO)  ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သည့် လိုင်စင် အထက်ဘက်ရှိ မဂါးယန် စစ်ရှောင်စခန်းအနီးတွင် စစ်ကောင်စီတပ်များနှင့် KIA တပ်များ ထိတွေ့တိုက်ပွဲများ ရှိခဲ့ပြီး တရုတ်နိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးအချို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ကချင်ဘာသာဖြင့်ဖော်ပြသည့်သတင်းဌာနများကရေးသားထားသည်။ လတ်တလော ပစ်ခတ်မှုများနှင့်ပတ်သက်၍ တရုတ်ဘက်မှ တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
၂၀၂၂၊ မတ် ၁၃
၂၀၂၂ ခုနှစ်အတွင်း ချင်းရွှေဟော်နယ်စပ်ဂိတ်မှတဆင့် ကြံတန်ချိန် ၃၇,၄၀၀ ကျော်ကို ကြံသယ်ယူပို့ဆောင်ရေးယာဉ် ၃,၈၃၁ စီးဖြင့် တင်သွင်းနိုင်ခဲ့ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။ ကြံတင်ပို့မှုကိစ္စနှင့် ပတ်သက်၍တရုတ်နိုင်ငံယူနန်ပြည်နယ် လင်ချန်းရှိ ချင်းရွှေဟော်နယ်စပ်ဂိတ်မှတဆင့် တင်သွင်းနိုင်ရေး နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးခဲ့သည်။ ထို့နောက် ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ကြံသယ်ယူပို့ဆောင်ရေးယာဉ်များအတွက် ‘အစိမ်းရောင်လမ်းကြောင်း’ ဖွင့်လှစ်ပြီး တရုတ်နိုင်ငံဘက်သို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရေးအတွက် လုပ်ဆောင်ခဲ့ကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်။
၂၀၂၂၊ မတ် ၁၂
တရုတ်ယာဉ်မောင်းတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသဖြင့် ဆယ်ရက်ကြာပိတ်ထားခဲ့သည့် တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ရက်ကြာရှည်ပိတ်ထားခဲ့သောကြောင့် နယ်စပ်တွင်ကုန်ကားများ ရာနှင့်ချီပိတ်ဆို့နေပြီး ပုပ်သိုးလွယ်သည့် သီးနှံများနှင့် ကုန်စိမ်းကားများကို ဦးစားပေးကာ တင်ပို့ခွင့်ပေးထားကြောင်း ကုန်သည်များက သတင်းမီဒီယာများကို ပြောခဲ့သည်။
၂၀၂၂၊ မတ် ၁၀
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း “မြန်မာနိုင်ငံ ခရီးသွားလာရေးသုတေသနစင်တာ တည်ဆောက်မှု” စီမံကိန်းပမာဏဆိုင်ရာသုတေသန (Quantitative Research) လေ့ကျင့်ရေးသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပနေစဉ်
Photo – Chinese Embassy in Myanmar
တရုတ်အစိုးရ၏ အစီအမံတခုဖြစ်သော လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေအစီအစဉ် ၏ ထောက်ပံ့မှုဖြင့် ပြုလုပ်ခဲ့သည့် “မြန်မာနိုင်ငံ ခရီးသွားလာရေးသုတေသနစင်တာ တည်ဆောက်မှု” စီမံကိန်းပမာဏဆိုင်ရာသုတေသန (Quantitative Research) လေ့ကျင့်ရေးသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ အဆိုပါသင်တန်းသို့ စစ်ကောင်စီ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးဌေးအောင်၊ တရုတ်သံရုံးတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ ဌာနများနှင့် အသင်းအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ သင်တန်းမှာ ၁၅ ရက်ကြာမြင့်ခဲ့ပြီး မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ ဌာနများ၊ ကျောင်းများနှင့် ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့မှ သင်တန်းသား ၅၀ ဦး တက်ရောက်ခဲ့ပါသည်။
၂၀၂၂၊ မတ် ၁၀
တရုတ်နိုင်ငံအထောက်အပံ့ဖြင့် တည်ဆောက်သည့် မြန်မာနိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများလေ့ကျင့်ရေးဌာန စီမံကိန်းအကြောင်း တရုတ်သံရုံးက ဗီဒီယိုဖိုင်ထုတ်လွှင့်ခဲ့သည်။ စီမံကိန်းတွင် CDC အဆောက်အအုံ၊ လေ့ကျင့်ရေးအဆောက်အအုံ၊ စီမံအုပ်ချုပ်ရေးအဆောက်အအုံ၊ ပြင်ပဆောက်လုပ်ရေးလုပ်ငန်းများ ပါဝင်သည့်အပြင် ဓာတ်ခွဲခန်းစက်ပစ္စည်းများလည်း တွဲဖက်ထားပြီး မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတော်အဆင့် ဇီဝလုံခြုံမှုအဆင့် ၃ (Biosafety level P3) ဓာတ်ခွဲခန်းဖြစ်လာမည်ဖြစ်သည်။ အဆောက်အအုံများအပြင် တရုတ်နိုင်ငံက နှစ်နှစ်တာ နည်းပညာပူးပေါင်းဆောင်ရွက်မှုလည်း ထောက်ပံ့ပေးပြီး မြန်မာနိုင်ငံအတွက် ကျန်းမာရေးနှင့် နည်းပညာဝန်ထမ်းများ လေ့ကျင့်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ စီမံကိန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ဆောက်ခဲ့ပြီး တရုတ်ကညာရှင်များကကပ်ရောဂါ၏ အကျိုးသက်ရောက်မှုကိုကျော်ဖြတ်ကာ လုပ်ငန်းတည်ဆောက်ပြီးစီးမှုကို အာမခံခဲ့သဖြင့် ယခုနှစ်မေလ မိုးရာသီမတိုင်မီ ပြီးစီးနိုင်ရန် မျှော်လင့်ကြောင်း ဖော်ပြထားသည်။
၂၀၂၂၊ မတ် ၁၀
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် မဲခေါင်-လန်ချန်းရုပ်သေးပွဲတော်ကို မတ် ၃၀ ရက်မှ ၃၁ ရက်အထိ မန္တလေး၌ Virtual စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကောင်စီသတင်းစာက ဖော်ပြသည်။ အဆိုပါပွဲတော်ကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းအဖွဲ့ဝင်နိုင်ငံများမှ ရုပ်သေးပညာရှင်များဖြင့် ပူးပေါင်းကျင်းပမည်ဖြစ်ပြီး ပွဲတော်တွင် နိုင်ငံအလိုက်ရုပ်သေးဖျော်ဖြေ တင်ဆက်မှုများ၊ သက်ဆိုင်ရာနိုင်ငံအလိုက် ရုပ်သေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားမည့် စာတမ်းဖတ်ပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်း ရေးထားသည်။
၂၀၂၂၊ မတ် ၈
တရုတ်-မြန်မာ နယ်စပ်ကပ်ရောဂါကာကွယ်ရေးနှင့် ကုန်သွယ်မှုချောမွေ့စေရေး တို့နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို တရုတ်သံရုံး၊ ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဦးစီးဌာနနှင့် စစ်ကောင်စီ အစိုးရဌာနများအကြား ကျင်းပခဲ့ ကြောင်း တရုတ်သံရုံးကထုတ်ပြန်သည်။ အစည်းအဝေးတွင် နှစ်နိုင်ငံကြား ကိုဗစ်ရောဂါတိုက်ဖျက် ရေးအတွက် ပိုမိုတိုးမြှင့်ဆောက်ရွက်ရန်၊ နယ်စပ်ဂိတ်ပေါက်ရွှေ့ရန်တို့ ကိုသဘောတူညီခဲ့ကြောင်းရေးသားထားသည်။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရေး၊ နယ်စပ်ဖြတ်ကျော် မှောင်ခိုရောင်းဝယ်မှု၊ လောင်းကစားမှု၊ ဆက်သွယ်ရေးလိမ်လည်မှု စသည့် တရားမဝင်လှုပ်ရှားမှုများ တိုက်ဖျက်ရေး တို့နှင့်စပ်လျဉ်း၍ တရုတ်၏ရပ်တည်ချက်နှင့် ဂရုပြုမှုများကို ထပ်လောင်း ပြောကြားခဲ့ကြော င်းထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။​ မြန်မာဘက်ကလည်း သက်ဆိုင်ရာကိစ္စရပ်များကို အထူးအလေးထားပြီး တရုတ်နိုင်ငံနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်၍ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိန်းသိမ်းမည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၂၊ မတ် ၈
စစ်ကောင်စီကချင်ပြည်နယ်အစိုးရ၏ မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပနေစဉ်
Photo – မြန်မာ့အလင်း
ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး အတွက် စစ်ကောင်စီကချင်ပြည်နယ်အစိုးရ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။ အစည်းအဝေးတွင် စစ်ကောင်စီ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကန်ပိုက်တီ၊ လွယ်ဂျယ်နယ်စပ်ဂိတ်များအပြင် ပန်ဝါနှင့် ဖီမော်နယ်စပ်ဂိတ်များတွင်လည်း ကုန်စည်စီးဆင်းနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောခဲ့သည်။  ထို့အပြင် အစည်းအဝေး တက်ရောက်လာကြသူများက ထိန်ချုံးပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်းနှင့် ညှိနှိုင်း၍ ယာဉ်ဝင်/ ထွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်ရေးလုပ်ငန်းအတွက် နားလည်မှုစာချွှန်လွှာ (MoU) ရေးထိုးနိုင်ရေး ညှိနှိုင်းလျက်ရှိကြောင်းနှင့်  တရုတ်နယ်စပ်တွင် မြန်မာပိုင်ကားများ ပိတ်မိနေမှုနှင့် တစ်သျှူးငှက်ပျောများ အချိန်မီတင်ပို့နိုင်ရေး ဆွေးနွေးကြသည်။
၂၀၂၂၊ မတ် ၇
ကန်ပိုင်တည်နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်ရန် မြန်မာ-တရုတ်နယ်စပ် ဟိုချောင်ဝ်တွင် တရုတ်ငှက်ပျောလုပ်ငန်းရှင်များက တရုတ်အစိုးရတာဝန်ရှိသူများကို ဆန္ဒပြမှုတောင်းဆိုမှု  ဖြစ်ပွားကြောင်း သတင်းမီဒီယာများက ဖော်ပြသည်။ ကန်ပိုက်တီနယ်စပ်ဂိတ်ပိတ်ထားသဖြင့် တရုတ်ငှက်ပျော လုပ်ငန်းရှင်များတရက်လျှင်ယွမ်ငွေသိန်း ၂၀၀၀ ခန့် ဆုံးရှုံးနေရသောကြောင့် ဆန္ဒပြခြင်းဖြစ်ကြောင်း ရေးသားထားသည်။ မြန်မာဘက်ခြမ်းတွင်လည်း ငှက်ပျောကား အစီးရေ ၈၀၀ ခန့်ပိတ်မိနေပြီး မကြာမှီ ပုပ်သိုးပျက်ဆီးတော့မည်ဖြစ်သည်ဟု ထည့်သွင်းဖော်ပြထားသည်။ တရုတ်ရောဂါကာကွယ်ရေးအဖွဲ့အနေဖြင့် ဗဟိုက အမိန့်မရရှိဘဲ ပိတ်လိုက်ခြင်းဖြစ်သည်ဟု အော်ဟစ်ဆန္ဒထုတ်ဖော်နေကြကြောင်း ဖော်ပြထားသည်။
၂၀၂၂၊ မတ် ၅
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကျင့်စန်းကျော့ဂိတ် ပြန်ဖွင့်လှစ်ပြီဟူသော သတင်းများပေါ်ထွက်ခဲ့သော်လည်း ကျင်စန်းကျော့နှင့် လွယ်ဂျယ်ဂိတ် ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း စံတော်ချိန်က ဖော်ပြသည်။ တရုတ်နိုင်ငံနယ်စပ်ရှိ အကောက်ခွန်ဝန်ထမ်းများနှင့် ရှန်တိန်ယာဉ်မောင်းများတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည့်အတွက် ကျင်စန်းကျော့ကုန်သွယ်ရေးဂိတ်ကို မတ် ၁ ရက် နံနက်ပိုင်းမှစတင်ကာ ယာယီပိတ်လိုက်ခြင်းဖြစ်ပြီး ရွှေလီမြို့ကိုလည်း နှစ်ရက်ကြာ လော့ဒေါင်းချထားခဲ့သည်။ ထို့အတူ တရုတ်ပြည်သို့ တင်ပို့မည့် တစ်သျှူးငှက်ပျောဖာတွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့ပြီး ယာဉ်မောင်းလေးဦးတွင်လည်း ပိုးတွေ့ရှိခဲ့ခြင်းကြောင့် လွယ်ဂျယ်ဂိတ်ကို မတ် ၁ ရက်မှစတင်ကာ ယာယီပိတ်ထားခဲ့ရသည်။
၂၀၂၂၊ မတ် ၂
မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ရေးတွင် အဓိကျသောဂိတ်တခုဖြစ်သည့် ကျင်စမ်းကျော့ဂိတ်ကို မတ်လ ၂ရက်မှ ၃ရက်အထိပိတ်ထားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံပြည်ပရေးရာဌာနမှ မြန်မာဘက်သို့ အကြောင်းကြားသည်။မြန်မာဘက်သို့ဝင်ရောက်မည့်  တရုတ်ရှန်တိန်ယာဉ်မောင်းတဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ရှန်တိန်ယာဉ်မောင်းအဖွဲ့ကို  အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊ သွားလာနေထိုင်ခဲ့သည့်နေရာများကို ပိုးသတ်ဆေးဖြန်းခြင်းနှင့် အသွားအလာကန့်သတ်မှု နှစ်ရက်ထားရှိမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုန်သည်များနှင့် ကုမ္ပဏီများကို ချိတ်ဆက်အသိပေးရန်လိုအပ်ကြောင်းကိုလည်း  ရေးထားသည်။
၂၀၂၂၊ မတ် ၁
တရုတ်သို့တင်ပို့မည့် တစ်သျှူးငှက်ပျောဖာတွင် ကိုဗစ်ပိုးတွေ့ရှိသဖြင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို သုံးရက်ပိတ်မည်ဟုအာဏာပိုင်က ကြေညာခဲ့ကြောင်း သတင်းဌာနများကဖော်ပြခဲ့သည်။ ဗန်းမော်ကျောက်စခန်းတွင်လည်း ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၃၀၀ ကျော်ကိုစစ်ဆေးခဲ့ရာ လေးဦးတွင် ပိုးတွေ့ကြောင်း ရေးသားထားသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကိုဗစ်ရောဂါအကြောင်းပြကာ တရုတ်အစိုးရဘက်က ၂၀၂၁ ခုနှစ် ဇူလိုင်လမှ စတင်ပိတ်ထားခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့သည်။
၂၀၂၂၊ ဖေဖော်ဝါရီ ၂၈
မြဝတီ၊ တာချီလိတ်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ သတိထား၍ သွားလာကြရန် တရုတ်နိုင်ငံသားများအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်သည်။ မကြာသေးမီက တရုတ်နိုင်ငံသား အချို့ကို မြင့်မားသောလစာဖြင့် အလုပ်ခန့်မည်ဆိုပြီး မြန်မာနိုင်ငံတွင်းသို့ သွားရောက်အလုပ်လုပ်ရာတွင် အင်တာနက်လိမ်လည်မှု၊ လောင်းကစားမှုကဲ့သို့သော တရားမဝင်လုပ်ဆောင်မှုများကို အတင်းအကျပ် ခိုင်းစေခံရသည့်အပြင် ရိုက်နှက်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ငွေညှစ်ခြင်းတို့ကိုလည်း ခံရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများသည် ဥပဒေကို တင်းတင်းကျပ်ကျပ် လိုက်နာကြရန်၊ အင်တာနက်လိမ်လည်မှု၊ လောင်းကစားမှုကဲ့သို့သော တရားမဝင် လှုပ်ရှားမှုများကို ကင်းဝေးရှောင်ရှားရန်၊ တကိုယ်ရေလုံခြုံမှုကို ဂရုစိုက်ရန်၊ လိမ်လည်မှုနှင့် လောင်းကစားနှင့်ပတ်သက်သည့် အချက်အလက်များကို အချိန်မီသတင်းပေးပို့သင့်ကြောင်း သတိပေးနှိုးဆော်ထားသည်။ ပြန်ပေးဆွဲခြင်း သို့မဟုတ် ဖမ်းဆီးချုပ်နှောင်ခြင်းကဲ့သို့သော အရေးပေါ် အခြေအနေများကြုံတွေ့လာလျှင် မြန်မာနိုင်ငံရှိ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ထံသို့ အချိန်မီ သတင်းပို့ပြီး အကူအညီရယူရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ ကောင်စစ်ဝန်ရုံးတို့နှင့် ဆက်သွယ်ကြရန် တိုက်တွန်းထားသည်။ အဆိုပါသတိပေးချက်သည် ၂၀၂၂ ခုနှစ် ဩဂုတ် ၃၀ ရက်အထိ အကျုံးဝင်ကြောင်း ဖော်ပြထားသည်။
၂၀၂၂ ဖေဖော်ဝါရီ ၂၄
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု “ခရီးသွားလာရေးသုတေသနစင်တာတည်ဆောက်မှု” စီမံကိန်းစတင်ခြင်းအခမ်းအနားမြင်ကွင်း
Photo – Chinese Embassy in Myanmar
တရုတ်အစိုးရ ဦးဆောင်သည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ထောက်ပံ့မှုဖြင့် အကူအညီဖြင့်  ဖော်ဆောင်သည့် “ခရီးသွားလာရေးသုတေသနစင်တာတည်ဆောက်မှု” စီမံကိန်းစတင်ခြင်း အခမ်းအနားနှင့် စီမံကိန်းပမာဏဆိုင်ရာသုတေသန (Quantitative Research) လေ့ကျင့်ရေးသင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ “ခရီးသွားလာရေးသုတေသနစင်တာတည်ဆောက်ခြင်း” စီမံကိန်းကာလသည် တစ်နှစ်ဖြစ်ပြီး သုတေသန စင်တာနှင့် သုတေသနအဖွဲ့ ဖွဲ့စည်းတည်ဆောက်ကာ မြန်မာနိုင်ငံထံ ခရီးသွားလုပ်ငန်းသက်ဆိုင်ရာ အသိပညာ ဗဟုသုတ၊ ဆော့ဖ်ဝဲလ်နှင့် လေ့ကျင့်မှု ထောက်ပံ့သွားမည်ဖြစ်ကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်။ တရုတ်သံအမတ်ချန်းဟိုင်က တရုတ်နိုင်ငံအနေဖြင့်  မြန်မာနိုင်ငံ၏ ခရီးသွားလာရေးကဏ္ဍတွင် ကပ်ရောဂါ ကာကွယ်ရေးနှင့် ပြန်လည်ဦးမော့လာရေး အတွေ့အကြုံကို မျှဝေလိုပြီး၊ နှစ်နိုင်ငံနှင့် လန်ချန်း-မဲခေါင်နိုင်ငံ လူမှုရေးနှင့်ယဉ်ကျေးမှုခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှုကို အတူတကွဖော်ဆောင်သွားလိုကြောင်း ပြောခဲ့သည်။  စီမံကိန်းတွင် ယူနန်ဘဏ္ဍာရေးတက္ကသိုလ် ခရီးသွားလာမှုစီမံခန့်ခွဲမှုပညာရှင် ပါရဂူ ကျန်းမင် က ပြည်ပအတိုင်ပင်ခံပညာရှင်အနေဖြင့် ပါဝင်မည်ဖြစ်သည်။
၂၀၂၂ ဖေဖော်ဝါရီ ၂၃
မူဆယ်နယ်စပ် မန်ဝိန်းဂိတ်ကို ဖေဖော်ဝါရီလကုန်မှ မတ်လအတွင်း တရုတ်ဘက်က ပြန်ဖွင့်နိုင်ခြေရှိကြောင်း ခန့်မှန်းထားသော်လည်း တရုတ်ဘက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ကို မတွေ့ရသေးကြောင်း  စစ်ကောင်စီသတင်းစာက ဖော်ပြထားသည်။ မန်ဝိန်းဂိတ်မှာ ပိတ်ထားမြဲအတိုင်းရှိနေပြီး ဂိတ်ပေါက်အနီးရှိ ရုံးခန်းများမှာလည်း ပြန်ဖွင့်ရန် ပြင်ဆင်ထားခြင်းမရှိသေးကြောင်း၊ သို့သော် နယ်စပ်ဂိတ်ပြန်ဖွင့်ရန်ကိုမှု တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြောင်း ရေးသားထားသည်။
၂၀၂၂ ဖေဖော်ဝါရီ ၂၃
မြန်မာ-တရုတ် ကုန်စည် ပြန်လည်စီးဆင်းနိုင်ရေးလုပ်ငန်းကော်မတီနှင့် ကုန်သည်လုပ်ငန်းရှင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပစဉ်
Photo – မြန်မာ့အလင်း
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက်  စစ်ကောင်စီ ကချင်ပြည်နယ်အစိုးရအဖွဲ့က ညှိနှိုင်းအစည်းအဝေးတခု ကျင်းပခဲ့ကြောင်း စစ်ကောင်စီ သတင်းစာက ဖော်ပြခဲ့သည်။ ၂၀၂၁ ဒီဇင်ဘာ ၁၇ ရက်တွင် ကန်ပိုက်တီ-ထိန်ချူံး နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် လွယ်ဂျယ်၊ ပန်ဝါ၊ ဖီမော် နယ်စပ်ဂိတ်များ ဆက်လက်ဖွင့်လှစ်နိုင်ရေးနှင့် တစ်သျှူးငှက်ပျောအပါအဝင် စိုက်ပျိုးရေး ထွက်ကုန်များအား တရုတ်ဘက်သို့ တင်ပို့နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရန်အတွက် ကြိုးစားနေကြောင်း ဖော်ပြထားသည်။
၂၀၂၂ ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ရှိ ဝမ်ပေါင်ကုမ္ပဏီ၏ လုပ်ငန်းခွင်သို့ ရှော့တိုက်ဒုံးဖြင့် လက်ပံတောင်း တောင်ခြေအနီးမှ ပစ်ခတ်သတိ‌ပေးခဲ့ကြောင်း Monywa Red Fire ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ အဆိုပါပစ်ခတ်မှုကို Monywa Red Fire နှင့် ရပ်ရွာကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် မုံရွာနှင့် ညောင်ပင်ကြီးရွာဘက်သို့ ချိန်ထားသောကြောင့် ယခုလို ပစ်ခတ် သတိပေးခဲ့ကြောင်း ရေးသားထားသည်။
၂၀၂၂ ဖေဖော်ဝါရီ ၁၈
မြန်မာ့ပြောင်းချဉ်ဖတ်ကို ချင်းရွှေဟော်နယ်စပ်မှ ပထမဆုံးအကြိမ် တရုတ်ဘက်သို့ တရားဝင်တင်ပို့နေစဉ်
Photo – Chinese Embassy in Myanmar
မြန်မာနိုင်ငံမှ ပြောင်းချဉ်ဖတ် များကို တရုတ်သို့ တရားဝင်တင်ပို့ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင် အဖွဲ့၏ဝက်ဆိုက်တွင် ထုတ်ပြန်ခဲ့သည်။​ တရုတ်နိုင်ငံအနေဖြင့် ဂျုံ၊ ပြောင်း အစရှိသော အစေ့အဆန် တင်သွင်းမှုတွင် ဒေသတွင်းနိုင်ငံများ စျေးကွက်များကို ပိုမိုချဲ့ထွင် လိုကြောင်း ထုတ်ပြန်ထားသည်။ ထို့အပြင် မြန်မာမှ ပြောင်းချဉ်ဖတ် စုစုပေါင်း တန်ချိန် ၅၁ တန်ကို ချင်းရွှေဟော်နယ်စပ်မှ တရားဝင် ပထမဆုံးအကြိမ် တရုတ်ဘက်သို့တင်ပို့ခဲ့ကြောင်းကိုလည်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ ပြောင်းဖူးစေ့များကို ကျွဲနွားများကိုအစာကျွေးရန် တရုတ်ဘက်က ဝယ်ယူခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင် ခြောက်ဦးက တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင် အဖွဲ့တွင်ကုန်စည်တင်သွင်းခွင့် မှတ်ပုံတင် ခဲ့ကြောင်းသိရသည်။
၂၀၂၂ ဖေဖော်ဝါရီ ၁၈
မန္တလေးတရုတ်ကောင်စစ်ဝန်ရုံးမှ မန္တလေးတိုင်းရှိ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး အဖွဲ့သို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း ရွှေဇာမဏီ သတင်းဌာနက ရေးသားခဲ့သည်။
၂၀၂၂ ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်တွင် တရုတ်နှင့် ကုန်သွယ်မှုအများဆုံးပြုလုပ်ရာတွင် ကုန်ကားများ မောင်းနှင်နေသည့် ယာဉ်မောင်းများ ယာဉ်နောက်လိုက်များတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိနေကြောင်း စစ်ကောင်စီ သတင်းစာကဖော်ပြထားသည်။ အထူးသဖြင့် မန္တလေး၊ လားရှိုး၊ ကွတ်ခိုင်မှ မူဆယ်ဘက်သို့ ဆင်းလာသော သူများတွင် အများဆုံးတွေ့ရှိရကြောင်း ရေးသားထားသည်။
၂၀၂၂ ဖေဖော်ဝါရီ ၁၆
စစ်ကောင်စီရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် တရုတ် နိုင်ငံချုံချင့် မြို့အခြေစိုက် South Aisa Future Investment Group Pte.Ltd မှ ဥက္ကဋ္ဌ ကျန်းကျွင်း နှင့်အဖွဲ့ မှ တွေ့ဆုံခဲ့ကြောင်းစစ်ကောင်စီ၏ သတင်းစာတွင် ဖော်ပြခဲ့သည်။ South Asia Future Investment Group မှ မြန်မာနိုင်ငံတွင် ရေထွက် ပစ္စည်း မွေးမြူထုတ်လုပ်တင်ပို့မှု၊ အိမ်ခြံမြေကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှု မြို့ပြအခြေခံ အဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး၊ အွန်လိုင်းမှ တဆင့် မြန်မာ့ထွက်ကုန်များ ရောင်းချရေးနှင့် ကျောက်မျက်ရတနာလုပ်ငန်း ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြောင်းဖော်ပြထားသည်။ ထို့အပြင် မြန်မာနိုင်ငံ ရန်ကုန်ဆိပ်ကမ်းမှ တဆင့် ရှမ်းပြည်နယ်မြောက်ပိုင်းကိုဖြတ်သန်းကာ တရုတ်နိုင်ငံ တောင်ပိုင်းနှင့် အနောက်ပိုင်းရှိ ပြည်နယ်များကို နိုင်ငံတကာ ကုန်စည်များတင်ပို့ ဖြန့်ဖြူးနိုင်ရေးအတွက် ကုန်သွယ်ရေး လမ်းကြောင်းသစ်ကို စတင်အကောင်အထည်ဖော်ရေးဆွေးနွေးခဲ့ကြောင်း ကိုလည်း ထည့်သွင်းဖော်ပြထားသည်။
၂၀၂၂ ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့အတွင်း တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်စက်ရုံရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု နွားထိုးကြီးမြို့နယ်၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) ထုတ်ပြန်ခဲ့သည်။ ထိုနေရာမှာ မြင်းခြံ-မန္တလေးလမ်းမကြီးဘေး၊ နွားထိုး ကြီးအရှေ့ဘက် နှစ်မိုင်ခန့် အကွာတွင် တည်ရှိပြီး ထိုသို့ တိုက်ခိုက်ခြင်းမှာ ပိုက်လိုင်းကို ပစ်မှတ်ထားခြင်း မဟုတ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထည့်သွင်းရေးသားထားသည်။
၂၀၂၂ ဖေဖော်ဝါရီ ၁၄
တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အစိတ်အပိုင်းဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်တည်ဆောက်ရေး အပါအဝင် အထူးစီးပွားရေးဇုန်စီမံကိန်း သုံးခုကို ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် စစ်ကောင်စီစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး၀န်ကြီးဌာန ဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောခဲ့ကြောင်း စစ်ကောင်စီသတင်းစာက ရေးသား ထားသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ဒေသခံများအလုပ်အကိုင်အခွင့်အလမ်း ရရှိရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး  အတွက် အကျိုးကျေးဇူး များစွာ ရရှိနိုင်မည်ဖြစ်သဖြင့် လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
၂၀၂၂၊ ဖေဖော်ဝါရီ ၁၁
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တရုတ်အစိုးရ ပညာတော်သင်ဆုကို လျှောက်ထားနိုင်ပြီဖြစ်ကြောင်း တရုတ်သံရုံးက ဗီဒီယိုဖိုင်တခုထုတ်လွှင့်ခဲ့သည်။ ပညာသင်ဆု လျှောက်ထားရာတွင် ကြုံတွေ့ရနိုင်သည့် အခက်အခဲများနှင့်ပတ်သက်၍ လျှောက်ထားရန်အဆင့်များနှင့် သတိပြုရန်အချက်များကို ဗီဒီယိုဖိုင်တွင် ဖော်ပြထားသည်။ တရုတ်အစိုးရပညာတော်သင်ဆုကို လက်ရှိဆယ်စုနှစ်များတွင် မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူ ထောင်သောင်းချီ၍ ပေးအပ်နိုင်ခဲ့ကြောင်းလည်း ရေးသားထားသည်။
၂၀၂၂၊ ဖေဖော်ဝါရီ ၁၀
ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် EIA ဝန်ဆောင်မှု စာချုပ်ကို လက်မှတ်ရေးထိုးနေစဉ်
Photo – ကျောက်ဖြူခရိုင်ဒေသခံတိုင်းရင်းသားများဖွံ့ဖြိုးရေးအသင်း
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတည်ဆောက်ရာတွင် အရေးပါသည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း (ESIA) ဝန်ဆောင်မှုဆောင်ရွက်ရန်သဘောတူညီမှု စာချုပ်ကို CITIC Myanmar နှင့် Myanmar MSR Consulting Co.,Ltd.တို့  လက်မှတ်ရေးထိုးခဲ့သည်။ ထို အခမ်းအနားကို စီမံကိန်းစီမံခန့်ခွဲမှု အတိုင်ပင်ခံ ကုမ္ပဏီ HATCH မှ တာဝန်ရှိသူများလည်းတက်ရောက်ခဲ့သည်။ ကျောက်ဖြူစီမံကိန်း၏ ESIA ကို MSR Consortium မှတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း CITIC Myanmar ကသတင်းထုတ်ပြန်ခဲ့သည်။​ MSR လုပ်ငန်းစုမှာ မြန်မာ၊ သြစတြေးလျ၊ ဘရူနိုင်းနှင့် တောင်ကိုရီးယားမှအကြံပေးများပါဝင်ဖွဲ့စည်းထားပြီး စျေးကွက်ရှာဖွေရေး၊ လူမှုရေးဆိုင်ရာ သုတေသန၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ခြင်း (EIA)၊ စက်မှု ကဏ္ဍသုတေသနနှင့် အတိုင်ပင်ခံလုပ်ငန်းတို့ကို လုပ်ကိုင်နေသော ပညာရှင်အဖွဲ့ဖြစ်ကြောင်း MSR တရားဝင် website တွင်ဖော်ပြထားသည်။ ESIA ဆောက်ရွက်ခြင်းအတွက် တရားဝင် အသိမှတ်ပြုလက်မှတ်ရရှိထားပြီး ဟိုတယ်ဆောက်လုပ်ရေး၊ နေစွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အိမ်ခြံမြေ၊ စက်ရုံများနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများအတွက် EIA နှင့် ပဏာမ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာသက်ရောက်မှု စစ်ဆေးချက်များကို  လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၂၊ ဖေဖော်ဝါရီ ၉
မြန်မာနိုင်ငံရှိ ရှည်ကြာလာသော လက်နက်ကိုင်ပဋိပက္ခများကို တားဆီးနိုင်ရန်  တရုတ်အနေဖြင့် မြန်မာစစ်အာဏာသိမ်းဗိုလ်ချုပ်များကို ဖိအားပေးစေလိုကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က South China Morning Post နှင့် အင်တာဗျူးတွင် ပြောဆိုသည်။ တရုတ်အပေါ်များစွာ မျှော်လင့်ထားခြင်းမရှိသော်လည်း ၎င်းတို့အနေဖြင့် စစ်အာဏာသိမ်းမှုကို လက်မခံနိုင်ပါက စစ်ကောင်စီကို အသိအမှတ်ပြုခြင်းနှင့် ထောက်ပံ့ခြင်းမပြုသင့်ကြောင်းလည်း ဆိုသည်။ ယခုအကြိမ် စစ်အာဏာသိမ်းမှုအပေါ် တရုတ်၏ တုံ့ပြန်ပုံမှာ ယခင်အကြိမ်များနှင့် တူညီခြင်းမရှိကြောင်းနှင့် ကုလသံအမတ်ဦးကျော်မိုးထွန်းကို ကန့်ကွက်မှုမပြုခဲ့ခြင်းမှာ ထူးခြားသည့်အချက်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။ အပြုသဘောဆောင်သည့် ခြေလှမ်းများကို NUG အနေဖြင့် အမြဲကြိုဆိုလျက်ရှိပြီး တရုတ်အနေဖြင့် NUG ၏ တရားဝင်မှုကို အသိအမှတ်ပြုဆက်ဆံလိမ့်မည်ဟု ယူဆကြောင်း ပြောသည်။ NUG အနေဖြင့် ဘေဂျင်းနှင့် တရားဝင်စကားပြောဆိုလိုကြောင်းနှင့် တရုတ်သာမက အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်ရန်အတွက်လည်း အမြဲတမ်းတံခါးဖွင့်ထားကြောင်း ပြောကြားသည်။ သို့သော် လက်ရှိအချိန်ထိ တရုတ်အစိုးရနှင့် မည်သည့် တိုက်ရိုက်ဆက်ဆံရေးမျှမရှိသေးကြောင်း ၎င်းကဆိုသည်။ တရုတ်သို့ ကြိမ်ဖန်များစွာ NUGက စာပေးပို့ခဲ့ဖူးသော်လည်းဘေဂျင်းမှ​တိုက်ရိုက် အကြောင်းခြင်းပြုလုပ်လေ့မရှိဘဲ ရန်ကုန်တရုတ်သံရုံးမှ တဆင့်သာ NUG ကို ဆက်သွယ်လေ့ရှိသည်။
၂၀၂၂၊ ဖေဖော်ဝါရီ ၉
“Microsoft Cloud Computing နှင့် Cloud Security နည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ်
Photo – Chinese Embassy in Myanmar
တရုတ်အစိုးရ၏ အစီအမံတခုဖြစ်သော လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေအစီအစဉ်ဖြင့်  “Microsoft Cloud Computing နှင့် Cloud Security နည်းပညာသင်တန်း” ကျင်းပကြောင်း တရုတ်သံရုံးက ထုတ်ပြန်သည်။ တရုတ်နိုင်ငံသည် လန်ချန်း-မဲခေါင်ရန်ပုံငွေအစီအမံအောက်တွင် “မြန်မာနိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ဖွံ့ဖြိုးတိုးတက်ရေးသုတေသနဌာန ထူထောင်ခြင်း” စီမံကိန်းဆောက်ရွက်နေသည်။ ယခုသင်တန်းမှာ လန်ချန်း-မဲခေါင်နိုင်ငံများမှ သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်သူများအား အတတ်ပညာကျွမ်းကျင်မှုများ တိုးတက်လာစေရန် ရည်ရွယ်ပြီး တရုတ်နိုင်ငံသည်ဒေသတွင်းနိုင်ငံများ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု အရှိန်မြင့်လာစေရန်၊ ကပ်ရောဂါအလွန် စီးပွားရေး ပြန်လည်ဦးမော့လာစေရန်၊ ရပ်ဝန်းတခုလမ်းတခု အစီအမံ အရည်အသွေးမြင့်စွာ အတူတည်ဆောက်ရန် တို့အတွက် မြန်မာနိုင်ငံအပါအဝင် မဲခေါင်နိုင်ငံများနှင့် အတူလက်တွဲဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ထုတ်ပြန်ချက်တွင်ထည့်သွင်းရေးသားထားသည်။ အဆိုပါအခမ်းအနားသို့ စစ်ကောင်စီ သိပွံနှင့်နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် အရာရှိများ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာနမှ ကြီးမှူးကျင်းပခဲ့သည် ဟုဆိုသည်။ အဆိုပါသင်တန်းမှာ ဖေဖော်ဝါရီ ၉ ရက်မှ ၂၅ ရက်အထိ ကြာမြင့်မည်ဖြစ်သည့်အပြင် လန်ချန်း-မဲခေါင်နိုင်ငံများမှ သင်တန်းသား ၅၂ ဦး တက်ရောက်ကြပြီး ၎င်းအနက် မြန်မာနိုင်ငံမှ ၃၉ ဦး ပါဝင်သည်။
၂၀၂၂၊ ဖေဖော်ဝါရီ ၈
တရုတ်ပိုင် Power China ကုမ္ပဏီအနေဖြင့် ကျောက်ဖြူမြို့နယ် အုန်းတောရွာ၌ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် ဒေသခံများက ဝေဖန်နေကြောင်း နိရဉ္စရာသတင်းဌာနက ဖော်ပြသည်။ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းက ကျောက်ဖြူချောင်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး လယ်ယာမြေ ၄၄ ဧကပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ရေးထားသည်။ သို့သော် သဘာဝပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူများက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအကဲဖြတ်ခြင်း (EIA) နှင့် မဟာဗျူဟာကျအကဲဖြတ်ခြင်း (SEA) တို့ကို အများပြည်သူသိရှိအောင် ထုတ်ပြန်ထားခြင်းမရှိကြောင်းဆိုသည်။ ကုမ္ပဏီက ရေလှောင်တမံကိုလည်း တည်ဆောက်နေပြီး စီမံကိန်းလည်ပတ်ပါက ထွက်ရှိလာမည့် ဓာတ်အားများကို ဒေသခံများသို့လည်း ရောင်းချမည်ဖြစ်သည်။ ဒေသခံများက ကုမ္ပဏီသို့ အချက် ခြောက်ချက်ပါ တောင်းဆိုချက်ကို ပေးပို့ထားပြီး ကျေးရွာနှင့် လယ်ယာမြေများ ရေလွှမ်းမိုးခံရခြင်းကို လျှော့ချပေးရန်ထည့်သွင်းတောင်းဆိုထားသည်။ ယခုစီမံကိန်းမှာ ကျောက်ဖြူချောင်းကို ပိတ်၍ တည်ဆောက်နေခြင်းဖြစ်သောကြောင့် အုန်းတောနှင့် ဆိပ်ချောင်းပြင်ရွာများမှ လယ်သမားများနှင့် ရေလုပ်သားများအနေဖြင့် စားဝတ်နေရေးထိခိုက်မည်ကို စိုးရိမ်နေရသည်။ ထို့ကြောင့် ဒေသခံများက Power China ကုမ္ပဏီအနေဖြင့်  ပိုမိုပွင့်လင်းမြင်သာမှုရှိရန် လိုလားနေသည်။
၂၀၂၂၊ ဖေဖော်ဝါရီ ၃
ဖေဖော်ဝါရီ ၇ ရက်မှစ၍ မူဆယ် ၁၀၅ မိုင်မှ တရုတ်သို့ တင်ပို့မည့် ကုန်ပစ္စည်းများကို ဒေါ်လာဖြင့် အခွန်ဆောင်ရမည့်အပြင် ယွမ်ငွေဖြင့်ပါ ထပ်မံအခွန်ဆောင်ရမည်ဖြစ်ကြောင်း သတင်းမီဒီယာများက ဖော်ပြသည်။ ဒေါ်လာဖြင့် အခွန်ဆောင်ထားသော ကုန်ပစ္စည်းများကို ဖေဖော်ဝါရီ ၇ ရက် မတိုင်ခင်အထိသာ ပုံမှန်အတိုင်း တင်ပို့ခွင့်ပြုမည်ဖြစ်သည်။ ထို့နောက်ပိုင်းတွင်မူ ဒေါ်လာဖြင့် အခွန်ဆောင်ပြီးပါကလည်း ယွမ်ငွေဖြင့် ထပ်မံပေးဆောင်ရမည်ဖြစ်ကြောင်း ရေးထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက် စာထွက်လာချိန်တွင် အဆိုပါကောက်ခံမှုကို ကုန်သည်များက သဘောမတူကြောင်းပြောဆိုခဲ့သဖြင့် ဖေဖော်ဝါရီ ၈ ရက်အထိ ကင်းလွတ်ခွင့်ပြုမည်ဟု အကြောင်းပြန်ခဲ့ကြောင်း ရေးထားသည်။ မူဆယ် ၁၀၅ မိုင်ရှိ ဂိုဒေါင်များတွင် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ ရော်ဘာ၊ ဆီးသီးခြောက်နှင့် စားသောက်ကုန်များသည် တွဲကားအစီးတထောင်ကျော်စာ ကျန်ရှိနေပြီး ယင်းကုန်ပစ္စည်းများကို တပတ်အတွင်း တင်ပို့ရန် မဖြစ်နိုင်ကြောင်းဆိုသည်။ ယခုကောက်ခံသည်မှာ ကုန်ပစ္စည်းဈေးနှုန်းနှင့် တန်ဖိုးပေါ်တွင် ပေးဆောင်ရသည့် အကောက်ခွန်ဖြစ်၍ ဆန်တတန်လျှင် ၁၂,၀၀၀ ကျပ်ကျသင့်မည်ဖြစ်ပြီး တွဲကားတစီးလျှင် ဆန် ၂၅ တန်ခန့်ဆန့်သဖြင့် ကျပ်သုံးသိန်းခန့် ထပ်မံပေးဆောင်ရမည် ဖြစ်သည်။ ထို့ပြင်နယ်စပ်ဂိတ်များတွင် မြန်မာနိုင်ငံသားယာဉ်မောင်းများကို ၀င်ခွင့်မပြုဘဲ တရုတ်နိုင်ငံသားယာဉ်မောင်းများကိုသာ ၀င်ခွင့်ပြုသည့်အပြင် တရုတ်နှစ်သစ်ကူးကာလဖြစ်သောကြောင့် တရုတ်နိုင်ငံသား ဒရိုင်ဘာများလည်း နည်းပါးလာနေသည့်အတွက် ပြေးဆွဲနေသောယာဉ်စီးရေ ထက်ဝက်ခန့်လျော့ကျသွားကာ တရုတ်ဘက်ကို တင်ပို့နိုင်မှု အလွန်နည်းနေကြောင်းသိရသည်။
၂၀၂၂၊ ဖေဖော်ဝါရီ ၂
မြန်မာပိုင်နက်အတွင်း စိုက်ထူထားသော တရုတ်အလံကို တွေ့ရစဉ်
Photo – BBC Burmese Facebook
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားလာသော မြန်မာ-တရုတ်နယ်စပ် တလျှောက် မူဆယ်မြို့နယ် ပန်ဆိုင်းဒေသ၊ မုံးကိုးဒေသများနှင့် စစ်ဘေးရှောင်စခန်းများအနီးတွင် တရုတ်ဘက်က နယ်ခြားခြံစည်းရိုးအခိုင်အမာ တည်ဆောက်နေသည်မှာပြီးစီးခဲ့ပြီဖြစ်ကြောင်း ဘီဘီစီသတင်းဌာနက ရေးသားထားသည်။  ၂၀၂၁ ခုနှစ် ဇူလိုင် နောက်ဆုံးပတ်မှစ၍ စစ်ကောင်စီနှင့် MNDAAတပ်များသည် မူဆယ်ခရိုင် ပန်ဆိုင်းဒေသတွင် တိုက်ပွဲစတင် ဖြစ်ပွားခဲ့ပြီး မြန်မာစစ်ရှောင်များအနေဖြင့် မြန်မာ-တရုတ်နယ်စပ်စည်းမျဉ်းကိုကျော်၍ တရုတ်ဘက်သို့ တိမ်းရှောင်ခဲ့ရသည်။ ထို့နောက် ဩဂုတ် ဒုတိယပတ်တွင်မူ နယ်စပ်စည်းမျဉ်းကျော်စစ်ရှောင်များကို မြန်မာဘက်ခြမ်းသို့ ပြန်လည်ပြောင်းရွှေ့စေပြီး တရုတ်ဘက်က စစ်ရှောင်များ ယာယီနေထိုင်ရာနေရာနှင့် ကပ်၍ ပန်ဆိုင်းဒေသတလျှောက်တွင် နယ်ခြားခြံစည်းရိုး အခိုင်အမာ စတင်တည်ဆောက်ခဲ့သည်။ နယ်ခြားခြံစည်းရိုးမှာ အချို့သောနေရာများတွင် မြန်မာဘက်ခြမ်းကိုပါ ကျူးကျော်ရောက်ရှိနေပြီး တရုတ်အလံများကို မြန်မာပိုင်နက်ထဲတွင် စိုက်ထူထားသည်ဟု ဒေသခံများက ပြောသည်။ တရုတ်ဘက်က ယခုကဲ့သို့လုပ်ဆောင်နေမှုအပေါ် စစ်ကောင်စီဘက်က တစုံတရာတုံ့ပြန်ခြင်း မရှိသေးပေ။
၂၀၂၂၊ ဇန်နဝါရီ ၃၁
မြန်မာ့ပြောင်းနှင့် ပြောင်းချဉ်ဖတ်ကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးနှင့် တရုတ်အကောက်ခွန်အာဏာပိုင်ဝန်ကြီးများသည် အပင်နှင့် တိရစ္ဆာန်ကျန်းမာရေးနှင့် ပိုးမွှားကင်းစင်ရေး (Sanitary and Phytosanitary Protocol – SPS) စာချုပ်ကို လက်မှတ်ရေးထိုးသည်။ အဆိုပါသဘောတူစာချုပ်အရ ပြောင်းနှင့် ပြောင်းချဉ်ဖတ်ကို တရုတ်သို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တရားဝင် တင်ပို့နိုင်မည်ဖြစ်ပြီး မြန်မာနှင့် တရုတ်ကြား လယ်ယာထွက်ကုန် တရားဝင်ကုန်သွယ်မှု တိုးမြင့်လာနိုင်မည်ဖြစ်သည့်အပြင် ပြောင်းစိုက်တောင်သူများကိုလည်း အကျိုးရှိစေမည်ဖြစ်ကြောင်း ရေးသားထားသည်။ ထို့ပြင် ပဲပုပ်၊ ပီလောပီနံ၊ ကန်စွန်းဥ တင်ပို့ရေးတို့အတွက် နှစ်ဖက်သဘောတူစာချုပ်များ ရေးထိုးနိုင်ရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်အတွင်း တရုတ်သို့ လယ်ယာထွက်၊ တိရစ္ဆာန်ထွက်နှင့် ရေထွက်ပစ္စည်း စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၅,၄၂၇ ဒသမ ၉၅၈ တင်ပို့နိုင်ခဲ့သည်။ အဆိုပါ သဘောတူ စာချုပ်လက်မှတ်ရေးထိုးခြင်းကို တရုတ်သံရုံး၏ဖေ့ဘုတ်စာမျက်နှာတွင်လည်း ဖော်ပြခဲ့သည်။
၂၀၂၂၊ ဇန်နဝါရီ ၃၁
စစ်ကောင်စီ၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၂) ကျင်းပနေစဉ်
Photo – မြန်မာ့အလင်း
စစ်ကောင်စီ၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၂)တွင် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က အိမ်နီးချင်းနိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ပြီး နယ်စပ်ဒေသများတွင် ထာဝရတည်ငြိမ်အေးချမ်းရန်လိုကြောင်း ပြောသည်။ ထို့နောက် ၂၀၂၀ ပြည့်နှစ် တရုတ်သမ္မတခရီးစဉ်အတွင်း ရေးထိုးခဲ့သည့် စာချုပ်စာတမ်း ၃၃ ခုနှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် တရုတ်နိုင်ငံထုတ် ဆိုင်နိုဖမ်း (Sinopharm) ကာကွယ်ဆေးကို ပုလင်းတွင်းဖြည့်သွင်းရန်အသင့် (Ready to Fill Bulk) စနစ်ဖြင့် ဝယ်ယူထုတ်လုပ်နိုင်ရေး သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် ကာကွယ်ဆေးကို ဖေဖော်ဝါရီလအတွင်း စတင်ထုတ်လုပ်မည်ဖြစ်ပြီး ယခုနှစ်အတွင်း ကြိမ်ရေ ၁၀ သန်းခန့် ထုတ်လုပ်သွားမည် ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောဆိုခဲ့သည်။
၂၀၂၂၊ ဇန်နဝါရီ ၃၀
တရုတ်နိုင်ငံမှအကူအညီပေးသော စီမံကိန်းများအား ကပ်ရောဂါအခက်အခဲများကို ကျော်ဖြတ်ပြီး ဖော်ဆောင်နေကြောင်း တရုတ်သံရုံးက ဗီဒီယိုဖိုင် ထုတ်လွှင့်ခဲ့သည်။ တရုတ်နှစ်သစ်ကူးနွေဦးပွဲတော် ကျရောက်တော့မည့် အချိန်တွင်ပင် ကူညီပေးသော တရုတ်ဝန်ထမ်းများမှာ အိမ်မပြန်ပဲ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း ဖော်ပြထားသည်။ အဆိုပါဖိုင်တွင် သုဝဏ္ဏအားကစားရုံ၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစီမံကိန်း၊ မန္တလေးစက်မှုသင်တန်းကျောင်း၊ ကူးစက်ရောဂါထိန်းချုပ်ရေးစင်တာ၊ သဗ္ဗညုဘုရားပြုပြင်ရေးစီမံကိန်း၊ အမျိုးသားဇာတ်ရုံ၊ ကွမ်းလုံတံတားစီမံကိန်းတို့မှ တရုတ်-မြန်မာ ဝန်ထမ်းများ ပါဝင်သည်။
၂၀၂၂၊ ဇန်နဝါရီ ၃၀
စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက် (တရုတ်နှစ်သစ်ကူးနေ့)တွင် ဆိုင်များကို အတင်းဖွင့်ခိုင်းသောကြောင့် နှစ်ကူးကာလ ဆိုင်ပိတ်မည့် တရုတ်နွယ်ဖွားများ အခက်တွေ့နေရကြောင်း သတင်းမီဒီယာများကရေးသားခဲ့သည်။  နွေဦးတော်လှန်ရေး အင်အားစုများက ဖေဖော်ဝါရီ ၁ ရက်၌ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ပြုလုပ်ရန် နှိုးဆော်ထားသည်။ ထို့ကြောင့် စစ်ကောင်စီက ဆိုင်ရှင်အများစုကို ဖေဖော်ဝါရီ ၁ ရက်တွင် မဖြစ်မနေဆိုင်ဖွင့်ရမည်ဟု လက်မှတ်ထိုးခိုင်းခြင်း၊ သပိတ်ပါဝင်ရန် ဆော်ဩသူများကို အရေးယူခြင်းနှင့် ဆိုင်များပိတ်ထားခြင်းက ဉပဒေချိုးဖောက်ကြောင်း ဖော်ပြထားသောသတိပေးစာ ဖြန့်ဝေခြင်းများ ပြုလုပ်လျက်ရှိသဖြင့် တရုတ်လူမျိုးအသိုင်းအဝိုင်းတွင် ဝေဖန်မှုများမြင့်တက်နေကြောင်း ရေးသားထားသည်။ ထို့အပြင် တောင်ကြီးမြို့တွင် နှစ်သစ်ကူးနေ့ဆိုင်ပိတ်လိုသည့် တရုတ်လုပ်ငန်းရှင်များက စစ်ကောင်စီထံ အသနားခံစာတင်ထားသော်လည်း အကြောင်းပြန်ချက် ရရှိခြင်း မရှိကြပေ။
၂၀၂၂၊ ဇန်နဝါရီ ၂၈
ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် ကျန်းကျွင်း
Photo – China Daily
မြန်မာနိုင်ငံတွင် ပိုမိုပြင်းထန်သော အကြမ်းဖက်မှုများနှင့် ပြည်တွင်းစစ်ဖြစ်ပွားမှုကို ကမ္ဘာ့နိုင်ငံများအနေဖြင့် တားဆီးရန်လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် ကျန်းကျွင်း က လုံခြုံရေးကောင်စီ၏ နှစ်နာရီကြာ တံခါးပိတ်အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုရင်းဟေဇာအနေဖြင့် မြန်မာနိုင်ငံသို့သွားရောက်ရန် စစ်ကောင်စီထံ တောင်းဆိုထားပြီး သက်ဆိုင်ရာ ပါဝင်ဘက်အားလုံးနှင့် ဆွေးနွေးလျက်ရှိကြောင်း၊ နိုရင်းဟေဇာကို အချိန်ထပ်ပေးရန် လိုအပ်ကြောင်း ကျန်းကျွင်းက ထည့်သွင်းပြောဆိုခဲ့သည်။​
၂၀၂၂၊ ဇန်နဝါရီ ၂၈
လွယ်ဂျယ်-လိုင်းရင်းနယ်စပ်ဂိတ်ရှိ ကရိန်းဖြင့် ကုန်ပစ္စည်းပို့ဆောင်နေသော ကုန်ကားတစီးအား တွေ့ရစဉ်
Photo – Kachin News Group
တရုတ်-မြန်မာနယ်စပ်ရှိ လွယ်ဂျယ်-လိုင်းရင်းနယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း မိုင်ဂျာယန်ရှိ ကြံစိုက်ပျိုးသူများ အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သတင်းမီဒီယာများက ဖော်ပြသည်။ တရုတ်ဘက်က ဇန်နဝါရီ ၁၇ ရက်တွင် လွယ်ဂျယ်-လိုင်းရင်းနယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးခဲ့သော်လည်း ကြံနှင့် တစ်သျှူးငှက်ပျောတင် ကုန်ကားများမှာ တရုတ်ဘက်ကို ဝင်ခွင့်မရဘဲ ကရိန်းဖြင့်သာ သယ်ဆောင်ပြီး တရုတ်ဘက်ကို တင်ပို့နေရသည်။ ထို့ကြောင့် နေ့စဉ် ပို့ဆောင်နိုင်သော ကုန်တင်ကားအစီးရေမှာ ဆယ်ဂဏန်းသာ ရှိကြောင်း ရေးသား ထားသည်။ ထို့အပြင် ကုန်ပစ္စည်းများကို စက်ရုံမပို့ခင်တွင် တရုတ်ဘက်ရှိ ပိုးသတ်စခန်းမှာ ခုနစ်ရက်ကြာ ထားရှိနေရသောကြောင့် ကြံအရည်အသွေးထိခိုက်ကာ စိုက်ပျိုးသူများ နစ်နာ နေရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်တွင်လည်း တရုတ်လုပ်ငန်းရှင်များက ကုန်ပစ္စည်းများစိစစ်မှု ကြန့်ကြာခြင်းများအတွက် တရုတ်အစိုးရကို ဆန္ဒပြခဲ့ကြသေးသည်။
၂၀၂၂၊ ဇန်နဝါရီ ၂၇
တရုတ်-မြန်မာစီးပွားရေးစင်္ကြံအစည်းအဝေးကျင်းပနေစဥ်
Photo – မြန်မာ့အလင်း
တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အကောင်အထည်ဖော်မှုနှင့် ပတ်သက်သည့် ဝန်ကြီးများအဆင့် အစည်းအဝေးကို စစ်ကောင်စီ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနကဦးစီးကာ ကျင်းပခဲ့ကြောင်း စစ်ကောင်စီသတင်းစာက ဖော်ပြခဲ့သည်။ အဆိုပါအစည်းအဝေးကို တရုတ်-မြန်မာစီးပွားရေးစင်္ကြံအကောင်အထည်ဖော်ရာတွင် အဓိကကျသည့် ပူးတွဲကော်မတီမှ ဒုဝန်ကြီးများ၊ ဗဟိုဘဏ် ဒုတိယဥက္ကဌနှင့် စီမံကိန်းများအကောင်အထည်ဖော်မည့် ဖြတ်သန်းသွားမည့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ရှမ်းပြည်နယ်နှင့် ဧရာ၀တီတိုင်းတို့မှ ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့များ တတ်ရောက်ခဲ့သည်။ အစည်းအဝေးတွင် တရုတ်နှင့်ကနဦးအကောင်အထည်ဖော်ရန် သဘောတူညီထားသည့် စီမံကိန်းများသတ်မှတ်ချိန်အတွင်းပြီးစီးရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးညွှန်ကြားခဲ့ကြောင်းဖော်ပြထားသည်။  စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းနှင့် ပတ်သက်သည့် စစ်ကောင်စီ၏ ပထမဆုံးအကြိမ်အစည်းအဝေးဖြစ်သည်။
၂၀၂၂၊ ဇန်နဝါရီ ၂၆
KIO ၏ သဘောထားထုတ်ပြန်ချက်
Photo – KIO
တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ၂၄ ကြိမ်မြောက် ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲနှင့် ၁၃ ကြိမ်မြောက် ကိုယ်လက်အင်္ဂါမသန်စွမ်းအားကစားပြိုင်ပွဲတို့ကို တရုတ်နှစ်သစ်ကူး ကာလအတွင်း ကျင်းပမည်ဖြစ်သဖြင့် တရုတ်-မြန်မာ နယ်စပ်ဒေသများအပါအဝင် မြန်မာတနိုင်ငံလုံးတွင် တိုက်ပွဲများရပ်တန့်ထားရန် တရုတ်ဘက်မှ တိုက်တွန်းမှုများ ရှိနေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization)မှထုတ်ပြန်သည့် သဘောထားထုတ်ပြန်ချက် တွင် ထည့်သွင်းထုတ်ပြန်ခဲ့သည်။
၂၀၂၂၊ ဇန်နဝါရီ ၂၅
လှိုင်သာယာမြို့နယ်၊ ‌ပန်းလှိုင်ဂေါက်ကွင်းလမ်းပေါ်တွင် ဖွင့်လှစ်ထားသည့် တရုတ်နိုင်ငံသားပိုင် ဆိုသည့် ကာစီနိုလောင်းကစားရုံကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာတော်ဝင်ကျောက်စိမ်းစင်တာကုမ္ပဏီလိမိတက် အမည်ဖြင့် ဖွင့်လှစ်ထားသည့် အဆိုပါကာစီနိုရုံသည် တရားမဝင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ ဝင်ရောက်ဖမ်းဆီးရာတွင် တရုတ်နိုင်ငံသား ၆၀ဦး အပါအဝင် စုစုပေါင်း လူ ၁၆၀ ခန့် ဖမ်းဆီးရမိကြောင်းနှင့် အချို့မှာ မြန်မာစကား လုံးဝမပြောတတ်သူများ ဖြစ်ကြောင်း သိရသည်။
၂၀၂၂၊ ဇန်နဝါရီ ၂၄
စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် ကျောက်ဖြူအထူးစီးပွားရေးဇုန်အား သွားရောက်ကြည့်ရှု
Photo – မြန်မာ့အလင်း
တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ ကျောရိုးစီမံကိန်း တခုဖြစ်သော ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း၏ အစိတ်အပိုင်း အထူးစီးပွားရေးဇုန်စီမံကိန်းကို  စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က သွားရောက်ကြည့်ရှုခဲ့ကြောင်း စစ်ကောင်စီသတင်းစာက ဖော်ပြခဲ့သည်။ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတခုဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းသည် တရုတ်သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဥ်အတွင်း တရုတ်-မြန်မာစီးပွားရေးစင်္ကြံတွင် အဓိကစီမံကိန်းတခုအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းသည် China International Trust Investment Corporation (CITIC) နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းအကောင်အထည်ဖော်ရန်အတွက် ပြင်ဆင်နေခြင်းဖြစ်သည်။ စစ်ကောင်စီလက်ထက်တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံခန့်ခွဲမှု ကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။
၂၀၂၂၊ ဇန်နဝါရီ ၂၄
မဲခေါင်ဒေသ ဆန်းသစ်တီထွင်သော ဝါးထုတ်ကုန်ပစ္စည်း စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အွန်လိုင်းလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနား ကျင်းပ‌နေစဥ်
Photo – Chinese Embassy in Myanmar
တရုတ်အစိုးရ၏ အစီအမံတခုဖြစ်သော လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရံပုံငွေအစီအစဥ်ဖြင့်  မြန်မာနိုင်ငံထွက်ဝါးများကို နည်းပညာအသုံးပြုကာထုတ်လုပ်ပြီး တရုတ်စျေးကွက်ကို တင်ပို့နိုင်ရေးအတွက် စွစွမ်းရည်မြှင့် သင်တန်းတခုကျင်းပပေးခဲ့ကြောင်း တရုတ်သံရုံးကထုတ်ပြန်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သိပွံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ အရာရှိများ တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။ အဆိုပါသင်တန်းသည် ၅ရက်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသူ/သား ၃၈ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
၂၀၂၂၊ ဇန်နဝါရီ ၂၃
တရုတ်နိုင်ငံသို့ တင်ပို့မည့် တစ်သျှူးငှက်ပျောတင်ဆောင်ထားသည့် ကုန်ကားများအား တွေ့ရစဥ်
Photo – ‌ရွှေဇာမဏီ
ကချင်ပြည်နယ်ရှိ လွယ်ဂျယ်-လိုင်းရင်း မြန်မာတရုတ်နယ်စပ်ဂိတ် တွင်တရုတ် အာဏာပိုင်တွေက  ကုန်အဝင်အထွက် စိစစ်မှုကြန့်ကြာနေသောကြောင့် မြန်မာနိုင်ငံ၌ တစ်သျှူးငှက်ပျော လာရောက်စိုက်ပျိုးနေသည့် တရုတ်လုပ်ငန်းရှင်များက တရုတ်အစိုးရကို ဆန္ဒပြခဲ့သည်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကျန်းဖုန်းမြို့တွင် ဆန္ဒပြမှုဖြစ်ပွားခဲ့သည့် ဗီဒီယိုများ လူမူကွန်ယက်စာမျက်နှာများတွင်ပျံ့နှံခဲ့သည်။ တရုတ်အစိုးရအနေဖြင့် လွယ်ဂျယ်-လို င်းရင်းနယ်စပ်ဂိတ်အား ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း တရုတ်ဘက်ခြမ်းတွင် ကုန်အဝင်အထွက် စိစစ်မှုကြန့်ကြာနေသောကားများ ပိတ်ဆို့နေပြီး ငှက်ပျောသီးများပျက်စီးမှုများဖြင့် ကြုံတွေ့နေရသည်။တရုတ်လုပ်ငန်းရှင်အများစုမှာ တရုတ်အစိုးရထံမှချေးငွေများဖြင့် မြန်မာဘက်ခြမ်းတွင် တစ်သျှူးငှက်ပျောစိုက် ကြပြီး ကိုဗစ်ကြောင့် ၂နှစ်ဆက်တိုက်အရူံးပေါ်နေ သောကြောင့် အရင်းငွေပြန်မရပါက လုပ်ငန်းများလုံးဝရပ်နားပစ်ရမည့် အခြေအနေဖြင့် ရင်ဆိုင်နေရသည်။ ပြန်ဖွင့်သည့်အချိန်မှစတင်ကာ လွယ်ဂျယ်-လိုင်းရင်း နယ်စပ်ဂိတ်တွင် တစ်သျှူးငှက်ပျောကား ၁၀ စီးနှင့် ကြံကား ၁၅ စီးခန့် နေ့စဥ်ကုန်သွယ်လျက်ရှိသည်။ တစ်သျှူးငှက်ပျောသယ်ဆောင်မည့် ကုန်ကားများ မြန်မာနိုင်ငံသို့ ဝင်ရောက်မှုမှာ နေ့စဥ် အစီး ၅၀ ခန့်ရှိသဖြင့် ကုန်ကားများ ရာနှင့်ချီ ပိတ်မိနေခြင်း ဖြစ်ကြောင်း သိရသည်။ခြောက်လကျော်ကြာ ပိတ်ထားရာမှ ၂၀၂၂ ဇန်နဝါရီ ၁၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည့် လွယ်ဂျယ်-လိုင်းရင်းနယ်စပ်ဂိတ်သည် တရက်လျှင် အစီးရေ ဆယ်ဂဏန်းသာ ကုန်သွယ်နိုင်သေးကြောင်း သိရသည်။
၂၀၂၂၊ ဇန်နဝါရီ ၂၂
လွယ်ဂျယ်-လိုင်းရင်းနယ်စပ်ဂိတ်တွင် တွေ့ရှိရသော နယ်စပ်ကုန်တင်ကားများအား တွေ့ရစဥ်
Photo – ‌ရွှေဇာမဏီ
တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်-လိုင်းရင်းနယ်စပ်ဂိတ်တည်ရှိရာဖြစ်သော တရုတ်နိုင်ငံဘက်ရှိ လိုင်းရင်းမြို့တွင် မြန်မာကုန်ကား ၄၀၀ ကျော် ပိတ်မိနေသည်မှာ ၇လကျော်  ကျော်ကြာမြင့်နေပြီဖြစ်သော်လည်းထွက်ခွင့်မရသေးကြောင်းကုန်သည်များက သတင်းမီဒီယာများ ကိုပြောခဲ့သည်။ ၂၀၂၁ ဇူလိုင် ၁၁ရက်တွင် တရုတ်အစိုးရက လွယ်ဂျယ်-လိုင်းရင်းဂိတ်ကို ကြိုတင်အကြောင်းမကြားဘဲ ပိတ်ခဲ့ရာမှာ တရုတ်ဘက်သို့ ရောက်ရှိနေသည့် မြန်မာကုန်ကားများ ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။ ၂၀၂၂ ဇန်နဝါရီ ၁၇ရက်တွင် လိုင်းရင်းနယ်စပ်ဂိတ်အား တရုတ်ဘက်က ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း ပိတ်မိနေသည့် ကုန်ကားများ ပြန်လည်ထွက်ခွာခွင့်ရရန် ကြိုးပမ်းနေသော်လည်း ထွက်ခွင့်မရသေးကြောင်းသိရသည်။
၂၀၂၂၊ ဇန်နဝါရီ ၂၁
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသော တရုတ်နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများနှင့် စီမံကိန်းများကို မတိုက်ခိုက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရုတ်နိုင်ငံဘက်က ဆွေးနွေးပြောဆိုခဲ့ကြောင်းသတင်းမီဒီယာများကဖော်ပြခဲ့သည်။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အိမ်နီးချင်းနိုင်ငံများက လာရောက်ရင်းနှီးမြှုုပ်နှံထားသော အကျိုးစီးပွားတွေကို တိုက်ခိုက်ရန်မူဝါဒမရှိကြောင်း တုန့်ပြန်ခဲ့သည်။  ဇန်နဝါရီ ၇ ရက် တကောင်းနီကယ်စက်ရုံကို ဆက်သွယ်ထားသည့် တာဝါတိုင်တိုက်ခိုက်ခံရပြီးနောက် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက  NUG ကိုဆက်သွယ်ပြောဆိုခဲ့ခြင်းဖြစ်သည်။​တိုက်ခိုက်ခံရသည့် ဖြစ်စဉ်သည် မြေပြင်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များက နားလည်မှုများအရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ သို့သော် အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွား၊ ရင်းနှီးမြှုပ်နှံမှု ဧရိယာ၌ စစ်ကောင်စီ တပ်ဖွဲ့များ အခြေချနေကြောင်းနှင့် ထိုနေရာများမှ ထွက်လာပြီး အများပြည်သူကို အကြမ်းဖက်တိုက်ခိုက်မှုများ ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးကပြန်လည် ပြောဆိုခဲ့ကြောင်းသိရသည်။  NUG ကာကွယ်ရေးဝန်ကြီးက ရှေ့အနာဂတ်တွင် ထိုကဲ့သို့ ဖြစ်စဉ်များ မဖြစ်စေရန် NUG အနေဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားများနှင့် လုပ်ငန်းများသည်လည်း စစ်ကောင်စီတပ်များနှင့် ကင်းကင်းရှင်းရှင်းနေရန် အသိပေးခဲ့သည်ဟုဆိုသည်။ စစ်ကောင်စီတပ်များသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို အကာအကွယ်ပေးမှုများ ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနှင့် ကျောက်မဲမြို့နယ် အစပ်ရှိ တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ထိန်းချုပ်စက်ရုံအနီးတွင် မြေမြှုုပ်မိုင်းများ ထောင်ထားသည်အထိ လုပ်ဆောင်ထားသည်။ ၂၀၂၁ ခုနှစ် မတ်လအတွင်းကလည်း တရုတ်နိုင်ငံက ၎င်း၏ခြိမ်းခြောက်ခံနေရသော ရင်းနှီးမြှုပ်နှံမှုများအပေါ် စိုးရိမ်မှုများမြင့်တက်လာပြီး ပိုက်လိုင်း စီမံကိန်းများအတွက် လုံခြုံရေး တိုးမြှင့်ပေးရန် စစ်ကောင်စီကိုယ်စားလှယ်များထံ တောင်းဆိုခဲ့ကြောင်း လူမှုကွန်ရက်တွင် ပေါက်ကြားလာသည့် စာရွက်စာတမ်းတချို့တွင် ပါရှိသည်။ ယခုဆွေးနွေးမှုသည် NUG/ CRPHနှင့် တရုတ်သံရုံးကြား ဒုတိယအကြိမ်ဆွေးနွေးခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် မတ် ၂၈ ရက်ကလည်း တရုတ်နိုင်ငံသားများ၏ လုံခြုံရေး၊ တရုတ်ရင်းနှီးမြှုပ်နှံမှုတို့နှင့် ပတ်သက်၍ CRPH နှင့် တရုတ်သံရုံးကြား တယ်လီဖုန်းမှတဆင့် ဆက်သွယ်စကားပြောခဲ့သည်။
၂၀၂၂၊ ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့မှ ပဲသီးသည်များသည် ကိုဗစ်ဒဏ်၊ စစ်အာဏာသိမ်းမှုဒဏ်နှင့် တရုတ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ထားမှုကြောင့် အရှုံးပေါ်နေသည်။ ကွမ်းလုံမြို့သည် မြန်မာ -တရုတ်နယ်စပ်မြို့ဖြစ်ပြီး ထိုဒေသမှ ပဲသီးစိုက်ပျိုးသူများသည် တရုတ်ပြည် စျေးကွက်တစ်ခုတည်းကိုသာ အားကိုးရသဖြင့် ယခုနှစ်တွင် နယ်စပ်ဂိတ်များ ပိတ်ထားမှုကြောင့် ပဲသီးစိုက်ပျိုးသူများ အရှုံးပေါ်သည်ထိ ဖြစ်ပွားခဲ့ရသည်။ ပဲသီးစိုက်ပျိုးရာတွင် တဧကကို တနှစ်လျှင် သိန်း ၂၀ ခန့် ရင်းနှီးရပြီး တရုတ်နိုင်ငံဘက် နယ်စပ်တံတား ဖွင့်ခဲ့သည့် ယခင်နှစ်များက ကျပ်သိန်း ၃၀ ခန့်အမြတ်ရရှိခဲ့သည်။
၂၀၂၂၊ ဇန်နဝါရီ ၁၈
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဇန်နဝါရီ ၁၇ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ကုန်ကားများနှင့် ယာဉ်လုပ်သားများကို တရုတ်နိုင်ငံဘက်သို့ ကူးသန်းခွင့်မပြုပဲ ကုန်ပစ္စည်းလွှဲပြောင်းသည့်ပုံစံမျိုးဖြင့်သာ ခွင့်ပြုပေးထားသည်။ ကုန်သွယ်မှုပြုလုပ်ရာတွင် ကုန်ကားများကို တရုတ်နိုင်ငံသို့ ဝင်ထွက်ခွင့်မပြုပဲ လွယ်ဂျယ်ဂိတ်တွင် ကရိန်းများဖြင့်သယ်ယူပြီး ကားပြောင်းကာ တင်ပို့သည့် စနစ်ကိုကျင့်သုံးနေသည်။
၂၀၂၂၊ ဇန်နဝါရီ ၁၈
မဲခေါင်မြစ်အတွင်း ကင်းလှည့်နေသော တရုတ်စစ်သားများ
Photo – ရွှေဇာမဏီ
တရုတ်-လာအို-မြန်မာ-ထိုင်း နိုင်ငံလေးနိုင်ငံသည် ၁၁၃ ကြိမ်မြောက် မဲခေါင်မြစ်ပေါ် ပူးတွဲကင်းလှည့်ရေးနှင့် ဥပဒေစိုးမိုးရေး ကင်းလှည့်အစီအစဉ်လုပ်ဆောင်ခဲ့သည်။ ထိုအစီအစဉ်သည် မဲခေါင်မြစ်ကြောင်း တလျှောက် မူးယစ်ဆေးဝါး မှောင်ခိုမှုများ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းများ၊ တရားမဝင် ဝင်ရောက်မှုများ၊ တရားမဝင် အင်တာနက် ဆက်သွယ် ရာဇဝတ်မှုခင်း လှုပ်ရှားမှုများစသော ရာဇဝတ်မှုခင်းများ တားဆီးနှိမ်နင်းရေးတို့ အတွက် ရည်ရွယ်ပါသည်။
၂၀၂၂၊ ဇန်နဝါရီ ၁၈
နောင်အန်း ပိုက်လိုင်းထိန်းချုပ်ရေးစက်ရုံအနီးရှိ စစ်ကောင်စီတပ်၏ မြေမြှုပ်မိုင်းထောင်ထားသောနေရာ
Photo – SHAN News (Burmese Version)
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ရှိ တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ထိန်းချုပ်သည့်စက်ရုံအနီး မြေမြှုပ်မိုင်းများထောင်ထားကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ထုတ်ပြန်ကြေညာသည်။ ထိုမြေမြှုပ်မိုင်းများကို ဒီဇင်ဘာလက စစ်တပ်မှ လာရောက်ထောင်ထားပြီး စက်ရုံအနီးတွင်လည်း စစ်အင်အား ၂၀ ခန့် လုံခြုံရေး ယူထားကြောင်း ရေးထားသည်။ ပိုက်လိုင်းထိန်းချုပ်စက်ရုံတည်ရှိရာ လားရှိုး – မန္တလေး ကားလမ်းမကြီး အရှေ့ဘက် သစ်တောနှင့် အနောက်ဘက် သစ်တောများထဲတွင် မြေမြှုပ်မိုင်းများ ထောင်ထားကြောင်းကို လုံခြုံရေး တာဝန်ယူထားသည့် စစ်တပ်အရာရှိ တစ်ဦးက ချောင်းချောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ပြောခဲ့ကြောင်းထည့်သွင်းရေးသားထားသည်။ ချောင်းချောက်ကျေးရွာအုပ်စုတွင် လူဦးရေ ၁,၈၀၀ ခန့်လက်ရှိနေထိုင်လျက်ရှိသည်။ မြေမြှုပ်မိုင်း ရှိသည့်နေရာများကို အသွားအလာပိတ်ပင်သည့်အတွက် ရွာသူရွာသားများ ပုံမှန်ထင်းခုတ်ခြင်း၊ သစ်တောအတွင်းရှိ မှိုရှာခြင်းနှင့် အမဲလိုက်ခြင်းများ မပြုလုပ်ရတော့ကြောင်း သိရသည်။ အဆိုပါ နေရာပတ်လည်ရှိ လယ်ယာခြံပိုင်ရှင်များသည်လည်း မြေမြှုပ်မိုင်းများ နင်းမိမည်ကို စိုးရိမ်ကြောက်လန့်နေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အထက်ပါ စက်ရုံနှင့် မြောက်ဘက် တစ်ကီလိုမီတာခန့်အကွာရှိ ပိုက်လိုင်းထိန်းချုပ်စက်ရုံတွင်လည်း စစ်ကောင်စီတပ်များက လုံခြုံရေးယူလျက်ရှိပြီး မြေမြှုပ်မိုင်းကိစ္စနှင့် ပတ်သက်၍ အသိပေးပြောကြားလာခြင်းမရှိကြောင်း ရေးထားသည်။
၂၀၂၂၊ ဇန်နဝါရီ ၁၇
စစ်ကောင်စီ၏ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပနေစဉ်
Photo – မြန်မာ့အလင်း
​​မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးတွင် အဟန့်အတားမဖြစ်ရေး ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေး ထိန်းချုပ်မှုလုပ်ငန်းများတွင် တရုတ်နိုင်ငံနှင့် အပြည့်အဝပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းစစ်ကောင်စီ ဒုဥက္ကဋ္ဌက မြန်မာ-တရုတ် နယ်စပ်မြို့များတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အခြေအနေများနှင့်  ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ပြောခဲ့သည်။ အစည်းအဝေးတွင် စစ်ကောင်စီဒုဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးအဓိကဆောင်ရွက်နေသည့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ ဝန်ကြီးချုပ်များလည်း တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် နှစ်နိုင်ငံကြားနယ်စပ်ဒေသတွင် ကုန်သွယ်ရေးလုပ်ငန်းနှင့်ဆက်စပ်ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံကြား ညှိနှိုင်းထားမှုများကိုအဓိက ဆွေးနွေးခဲ့ကြောင်း ရေးသားထားသည်။ စစ်ကောင်စီဒုဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးသည် မြန်မာ-တရုတ် နယ်စပ်ကုန်စည်ကူးသန်းရောင်းဝယ်ရေးကို အကျိုးသက်ရောက်မှုရှိနေကြောင်း၊ တရုတ်အနေဖြင့် မြန်မာအပေါ် ကိုဗစ်-၁၉နှင့် ပတ်သက်၍ အကူအညီများပေးထားပြီး ဆက်လက်လည်း အကူအညီပေးလိုကြောင်းပြောခဲ့သည်။
၂၀၂၂၊ ဇန်နဝါရီ ၁၇
လွယ်ဂျယ်-လိုင်းရင်း နယ်စပ်ကုန်သွယ်ရေးဂိတ် ဖွင့်လှစ်ထားသည်ကို တွေ့ရစဉ်
Photo – မူဆယ်အမှန်သတင်း
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခြောက်လကြာပိတ်ထားသောကချင်ပြည်နယ်ရှိ  လွယ်ဂျယ်-လိုင်းရင်း မြန်မာ-တရုတ်နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ တရုတ်ဘက်ခြမ်းက တာဝန်ရှိသူများနှင့် သုံးကြိမ်မြောက် ဆွေးနွေးမှုအပြီးတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသော ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ကုန်တင်ကုန်ချလုပ်သားများကိုသာ လုပ်ငန်းဆောင်ရွက်ခွင့်ပြုထားကြောင်း သိရသည်။​ စမ်းသပ်ကာလအတွင်းတွင် ကြံနှင့် တစ်သျှူးငှက်ပျောတို့ကိုသာ တင်ပို့ခွင့်ပြုမည်ဖြစ်ပြီး တရက်လျှင် ကုန်တင်ယာဉ်အစီး ၃၀ သာ ဝင်ထွက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင်လတွင် နယ်စပ် ဂိတ်ပိတ်ချလိုက်ချိန်ကတည်းက  တရုတ်ဘက်ခြမ်း  လိုင်းရင်းမြို့တွင် ကုန်တင်ယာဉ်အစီး ၄၀၀ ကျော်ပိတ်မိနေပြီး အဆိုပါ ကုန်တင်ယာဉ်များကို ဦးစားပေးသွားလာခွင့်ပြုမည်ဖြစ်ကြောင်းလည်း သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် ကိုဗစ်ကန့်သတ်ချက်များကို တရုတ်ဘက်က တိုးမြှင့်ထားမှုကြောင့် ပိုးသတ်ဆေးဖြန်းခများ၊ ကွန်တိန်နာနှင့် ကုန်တင်ကားငှားရမ်းခများ၊ ကရိန်းဆွဲခများကို မြန်မာဘက်ကကျခံရမည်ဖြစ်ပြီး ယခင်ကထက် နှစ်ဆခန့် ပိုမိုကုန်ကျလာမည်ဖြစ်ကြောင်း မြန်မာကုန်သည်များက ပြောဆိုကြသည်။ ယခုအခါ တရုတ်-မြန်မာ နယ်စပ်မျဉ်းပေါ်ရှိ အဓိကျသော ကုန်သွယ်ရေးစခန်းအားလုံး ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်ပြီး ကုန်သွယ်နယ်စပ်ဂိတ်ထဲတွင်ကုန်သွယ်မှုတန်ဖိုး ပမာဏအားဖြင့်နည်းသော ရှမ်းပြည်နယ်ရှိ ကြူကုတ်(ပန်ဆိုင်း) နှင့် မန့်ဝိန်းဂိတ် သာ ဖွင့်လှစ်ရန်ကျန်ရှိတော့သည်။
၂၀၂၂၊ ဇန်နဝါရီ ၁၄
မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်ပစ္စည်း ၃၈ မျိုးကို မြန်မာ ကျပ်ငွေ-တရုတ်ယွမ်ငွေဖြင့် တိုက်ရိုက်ပေးချေနိုင်ကြောင်း ဆိုသည်။ ဇန်နဝါရီ ၁၁ ရက်မှစတင်ကာ မြန်မာမှ တရုတ်သို့ တင်ပို့သော ကုန်စည်အမျိုးအစား ခုနစ်မျိုး၊ တရုတ်မှ တင်သွင်းသော ကုန်စည်အမျိုးအစား ၃၁ မျိုးကို တရုတ်နှင့်မြန်မာ ဘဏ်တိုက်များတွင် ယွမ်ငွေ သို့မဟုတ် ကျပ်ငွေဖြင့် ပေးချေနိုင်ကြောင်း ဖော်ပြထားသည်။ ကုန်စည်စီးဆင်းမှု မြှင့်တင်ရန်၊ တရုတ်-မြန်မာ ကူးသန်းရောင်းဝယ်ရေးကို တိုးမြှင့်စေရန်၊ နှစ်နိုင်ငံ စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန်ရည်ရွယ်၍ တရုတ်နှင့်မြန်မာနယ်စပ်ဒေသတွင် တရုတ်ယွမ်ငွေ-မြန်မာကျပ်ငွေဖြင့် တိုက်ရိုက်ပေးချေနိုင်သည်ဟု ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် စစ်ကောင်စီဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည်။
၂၀၂၂၊ ဇန်နဝါရီ ၁၄
အမေရိကန်ဒေါ်လာအပေါ်မှီခိုမှု လျှော့ချနိုင်ရန်အတွက် ယွမ်-ကျပ်တိုက်ရိုက်ပေးချေမှု ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ကောင်းမွန်သော ဆက်ဆံရေးရှိကာ မဟာမိတ်နိုင်ငံဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားသည်။
၂၀၂၂၊ ဇန်နဝါရီ ၁၃
ကချင်ပြည်နယ် ကန်ပိုက်တီ-ဟိုချောင် ဂိတ်မှ မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စစ်ကောင်စီ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်ကာ ကျင်းပခဲ့သည်။ ကိုဗစ်ကပ်ရောဂါကြောင့်ပိတ်ထားခဲ့ရသည့် ကန်ပိုက်တီဂိတ်ပြန်လည်ဖွင့်လှစ်ပါက နှစ်နိုင်ငံကြားသဘောတူညီထားသည့်အတိုင်းကုန်သွယ်မှု မျှမျှတတဖြစ်ရန်ကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာများတွင် ဖော်ပြခဲ့ကြသည်။ သီးနှံထုတ်လုပ်သူများအသင်း၊ ကုန်စည်ပို့ဆောင်ရေးအသင်း၊ ကုန်သည်ကြီးများအသင်းနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့လည်း တက်ရောက်ခဲ့ကြပြီး ကုန်သွယ်ရေးတွင် ကြုံတွေ့နေရသည့် အခက်အခဲများကိုတင်ပြခဲ့ကြောင်းဖော်ပြထားသည်။ ကန်ပိုက်တီ၊ လွယ်ဂျယ်ဂိတ်များကို တရုတ်ဘက်က ကိုဗစ်ကြောင့် ၂၀၂၁ ဇူလိုင်လက စတင်ပိတ်ထားခဲ့ကာ ကုန်သွယ်ရေးလမ်းကြောင်း ရပ်နားထားသည်မှာ ခြောက်လကျော် ကြာမြင့်နေပြီဖြစ်သည်။
၂၀၂၂၊ ဇန်နဝါရီ ၁၂
တရုတ်အနေဖြင့်အိမ်နီးချင်းနိုင်ငံများတွင် ပရမ်းပတာအခြေအနေများနှင့် စစ်ပွဲများကို သည်းခံသွားမည် မဟုတ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီအာဘော် Global Times သတင်းဌာန၏ အယ်ဒီတာ့ အာဘော်ကဏ္ဍတွင် ဖော်ပြသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ ကာဇက်စတန်နိုင်ငံအခြေအနေအပေါ် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုသော ဆွေးနွေးချက်များကို ပြန်လည်သုံးသပ်ရေးသားခဲ့ခြင်းဖြစ်သည်။ ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်မှုမရှိစေရေးနှင့် အိမ်နီးချင်းနိုင်ငံများ ဝန်မပိစေရေးအတွက် ရောင်စုံတော်လှန်ရေးများ၊ အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒနှင့် ခွဲထွက်ရေးဝါဒတို့ကိုလည်း တားဆီးရန် လိုအပ်သည်ဟု ဖော်ပြထားသည်။ အဆိုပါ ဖြစ်တန်ခြေများက တရုတ်အမျိုးသားလုံခြုံရေးနှင့် တိုက်ရိုက်ချိတ်ဆက်နေပြီး တရုတ်အကျိုးစီးပွားထိခိုက်စေမည့် မည်သည့်လုပ်ရပ်မျိုးကိုမျှ တရုတ်အနေဖြင့် ရပ်ကြည့်နေမှာ မဟုတ်ကြောင်း၊ ကိုရီးယားကျွန်းဆွယ်နှင့် တောင်တရုတ်ပင်လယ်အရေးကိစ္စများတွင်လည်း ထိုကဲ့သို့ပင် တသမတ်တည်း ရပ်တည်သွားမည်ဖြစ်ကြောင်းရေးသားထားသည်။ ကာဇက်စတန်နိုင်ငံတွင်ဖြစ်ပေါ်နေသောအခြေအနေ၊ အာဖဂန်နစ္စတန်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဥ်၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများတွင် တရုတ်နိုင်ငံအနေဖြင့် အဆိုပါနိုင်ငံများ၏ အချုပ်အခြာအာဏာကိုလေးစားပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုသည့်မူဝါဒကို ဆက်လက်ကိုင်စွဲသွားမှာဖြစ်ကြောင်း ရေးသားထားသည်။ ထို့အပြင် ပဋိပက္ခများကို နိုင်ငံရေးဆွေးနွေးမှုများမှတဆင့် ဖြေရှင်းသည့်မူဝါဒကို တရုတ်မှ ဆက်လက် လုပ်ဆောင်သွားဖြစ်ကြောင်း အမေရိကန်အနေဖြင့် အခြားနိုင်ငံကြီးများ၏ အိမ်နီးချင်းနိုင်ငံများတွင် နိုင်ငံရေးနှင့် လူမှုရေး မတည်ငြိမ်မှုများ ဖြစ်ပွားလာအောင် အမြဲတစေ ဆောင်ရွက်လျက်ရှိပြီး တရုတ်ပတ်ဝန်းကျင်ရှိ မတည်ငြိမ်မှုများ၏ နောက်ကွယ်တွင်ရှိနေကြောင်း ဝေဖန်ထားသည်။
၂၀၂၂၊ ဇန်နဝါရီ ၁၂
တရုတ်အစိုးရသည် စစ်ကောင်စီ နယ်စပ်ရေးရာဝန်ကြီးဌာနသို့ အမေရိကန်ဒေါ်လာ နှစ်သိန်း လှူဒါန်းခဲ့ကြောင်း စစ်ကောင်စီသတင်းစာများတွင် ဖော်ပြခဲ့ကြသည်။ အပတ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်း‌ရေးဖော်ဆောင်မှုတို့အား တိုးမြှင့်နိုင်ရန်နှင့် တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ပြည်သူများ၏ လူနေမှုဘဝ တိုးတက်ရေးတို့အတွက် လှူဒါန်းရခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၉ရက်တွင်လည်း တရုတ်အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အတွက် အမျိုးသားစည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းမှုဗဟိုဌာနသို့ အမေရိကန်ဒေါ်လာ ငါးသိန်း လှုဒါန်းခဲ့သေးသည်။
၂၀၂၂၊ ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ တရုတ်စက်ရုံတခုဖြစ်သော တကောင်းနီကယ်စက်ရုံအတွင်းရှိ လျှပ်စစ်တာဝါတိုင်များအား မိုင်းထောင်ဖျက်ဆီးခဲ့သူ သုံးဦးနှင့် လက်နက်များအား ဖမ်းဆီးရမိကြောင်း စစ်ကောင်စီသတင်းစာက ဖော်ပြခဲ့သည်။  သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်စက်ရုံများ၊ စီးပွားရေးလုပ်ငန်းများ တိုက်ခိုက်ခံရမှုများသည် ငါးကြိမ်အထိ ရှိလာပြီ ဖြစ်သည်။
၂၀၂၂၊ ဇန်နဝါရီ ၁၁
မြန်မာဘက်မှ တရုတ်ဘက်သို့ တင်ပို့သည့် ဖရဲသီးစျေးနှုန်းများ တကီလိုဂရမ်လျှင် ခုနစ်ယွမ်ရရှိရာမှ ငါးယွမ်အထိ စျေးနှုန်းကျဆင်းသွားကြောင်း သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်ရှိ ကျင်စန်းကျော့ဂိတ်၌ နေရာခက်ခဲမှုနှင့် ကိုဗစ်-၁၉ စည်းကမ်းတင်းကျပ်မှုများကြောင့် အချိန်ကြန့်ကြာပြီး  ဖရဲသီးများ ပျက်ဆီးဆုံးရှုံးကာ အရည်အသွေးကောင်းမွန်သည့် ဖရဲသီးများ ရရှိရန် ခက်ခဲနေကြောင်း သိရသည်။ ထို့အပြင် ဖရဲကားတစီးလျှင် တရုတ်ပြည်အရောက် ကုန်ကျစရိတ်မှာ ကျပ် သိန်း ၁၅၀ ဝန်းကျင် ကုန်ကျနေကြောင်းလည်း သိရသည်။
၂၀၂၂၊ ဇန်နဝါရီ ၁၁
တရုတ်အစိုးရက မြန်မာ-တရုတ်နယ်စပ်မြို့ ငါး မြို့အတွက်  Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး စုစုပေါင်း တသန်း ပေးအပ်လှူဒါန်းပွဲကို ယူနန်ပြည်နယ် ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးစင်တာ၌ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။ ထို့အပြင် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၇၄၆,၈၀၀ကို တရုတ်ဘက်မှ ပထမအသုတ်အဖြစ် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ဖော်ပြခဲ့သည်။ ဒုတိယအသုတ်အဖြစ် ကာကွယ်ဆေး  အလုံးရေ ၂၅၃,၂၀၀ ကို ဖေဖော်ဝါရီ ၉ရက်နေ့တွင်ပို့ဆောင်မည်ဖြစ်ပြီး ကျန်ဆေးများကိုလည်း မတ်လ ၁၀ရက်နေ့မတိုင်မီ ဘေဂျင်းမြို့မှ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ ကာကွယ်ဆေးတသန်းကို  တရုတ်နိုင်ငံနှင့် ထိစပ်နေသော ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အသုံးပြုမည်ဖြစ်ကြောင်းသိရသည်။  တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးခဲ့သော ကိုဗစ်-၁၉ ကာကွယ်ဆေး စုစုပေါင်း သန်း ၄၀အထိ ရှိပြီးဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
၂၀၂၂၊ ဇန်နဝါရီ ၁၀
ဟောင်ကောင် အခြေစိုက် Bank of China (Hong Kong) – BOCHK သည် မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုသာမက အာမခံလုပ်ငန်းကိုပါ ဆောင်ရွက်ရန်အတွက် မှတ်ပုံတင်ထားကြောင်း စစ်ကောင်စီ၏သတင်းစာတွင်ကြေညာခဲ့သည်။ BOCHKသည် မြန်မာနိုင်ငံဗဟိုဘဏ်က ဒီဇင်ဘာတွင် ခွင့်ပြုပေးခဲ့သည့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုမှာ ယွမ်/ကျပ် တိုက်ရိုက် အသုံးပြု ပေးချေရာတွင်   ဆောင်ရွက်ခွင့်ရှိသည့်  တရုတ်ဘဏ်နှစ်ခုအနက် တခုဖြစ်သည်။  BOCHK ကို ၂၀၂၀ ခုနှစ်တွင် ရန်ကုန်ရုံးခွဲစတင်ဖွင့်လှစ်ရန် ဗဟိုဘဏ်ကခွင့်ပြုခဲ့သည်။
၂၀၂၂၊ ဇန်နဝါရီ ၁၀
တရုတ်နိုင်ငံအနေဖြင့်  အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်ရန် အင်တိုက်အားတိုက်ထောက်ခံအားပေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုခွင့်ရပုဂ္ဂိုလ် ဝမ်ဝိန်းပင်းကပြောခဲ့သည်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ မြန်မာခရီးစဥ်နှင့် ပတ်သက်၍ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဝမ်ဝိန်းပင်းက မြန်မာနိုင်ငံသည် အာဆီယံ  မိသားစုကြီး၏ အဖွဲ့ဝင်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက အာဆီယံသည် “အာဆီယံနည်းလမ်း” ဖြင့် မြန်မာအရေးကိစ္စဖြေရှင်းပြီး အာဆီယံမူဘောင်အောက်တွင် “သဘောတူညီချက် (၅) ချက်” အား အဆင်ပြေချောမွေ့စွာဖော်ဆောင်မှုကို ထောက်ခံအားပေးကြောင်း၊  မြန်မာနိုင်ငံဘက်အသီးသီးက နိုင်ငံရေးဆွေးနွေးမှုမှတစ်ဆင့် သဘောထားကွဲလွဲမှုများကိုဖြေရှင်းရန် ထည့်သွင်းပြောဆိုခဲ့သည်။
၂၀၂၂၊ ဇန်နဝါရီ ၉
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ လွယ်ဂျယ်-လိုင်းရင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးတာကြောင့်   တရုတ်တစ်ရှူးငှက်ပျောကားများ အစီးရေ ရာနှင့်ချီ၍ စွန့်ပစ်နေရကာ ကားလုပ်ငန်းလုပ်ကိုင်သူများ သိန်းထောင်ချီ အကြွေးတင်နေကြောင်း  သတင်းဌာနများက ဖော်ပြထားသည်။ တစ်ရှူးငှက်ပျောစိုက်ပျိုးရေးသည် တရားဝင်လုပ်ကိုင်သည့် လုပ်ငန်းမဟုတ်သည့်အပြင် အများစုမှာ တရုတ်နိုင်ငံသားများ ကဦးစီးလုပ်ကိုင်နေသောကြောင့် ဥပဒေကြောင်းအရ တရားစွဲ တောင်းယူရန်လည်း ခက်ခဲသည်ဟု ဖော်ပြထားသည်။ လွယ်ဂျယ်နယ်စပ်ဂိတ်သည် ယူနန်ပြည်နယ် လုံချွမ်ခရိုင် ကျန်းဖုန်းမြို့နယ် လိုင်းရင်းကျေးရွာနှင့် ထိစပ်နေပြီး ဗန်းမော်မြို့မှ ၅၆မိုင် လေးဖာလုံအကွာတွင် တည်ရှိပါသည်။ လွယ်ဂျယ်နယ်စပ်ဂိတ်အား ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် တရုတ်ဘက်က  ၂၀၂၁ ဇူလိုင်လမှ စတင်ကာ ယခုတိုင် ပိတ်ထားခဲ့ခြင်းဖြစ်သည်။
၂၀၂၂၊ ဇန်နဝါရီ ၈
ပုဂံ ချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်းစီမံကိန်း စတင်ဆောင်ရွက်ခြင်းအခမ်းအနား
Photo – Chinese Embassy in Myanmar
တရုတ်အစိုးရ၏ အထောက်အပံ့ဖြင့် ပုဂံ ရွှေစည်းခုံဘုရားအနီးရှိ ချူအင်လိုင်းတန်ဆောင်း ပြုပြင်မွမ်းမံခြင်းစီမံကိန်း နှင့် သမိုင်းဝင်သဗ္ဗညုဘုရား ပြုပြင်ထိ န်းသိမ်းရေးစီမံကိန်းစတင်ခြင်းအခမ်းအနား ဖွင့်ပွဲတို့ကို တရက်တည်းတွင် ကျင်းပခဲ့ကြောင်း  မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ၁၉၆၁ခုနှစ်တွင် တရုတ်ဝန်ကြီး ချုပ်ချူအင်လိုင်း ပုဂံကိုလာရောက်စဉ်က ရွှေစည်းခုံစေတီအတွက် လှူဒါန်းခဲ့သည့် ငွေဖြင့်အဆိုပါ တန်ဆောင်းကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ရာစုနှစ်ထက်ဝက်ကျော် ကြာမြင့်နေပြီဖြစ်သော တန်ဆောင်းကို တရုတ်-မြန်မာချစ်ကြည်ရေး ပြယုဂ်အဖြစ်ထားရှိရန်နှင့် ပြန်လည်မွန်းမံရန်  တရုတ်သံရုံး က သာသနာရေးဝန်ကြီးဌာနနှင့် ရွှေစည်းခုံစေတီ ဂေါပကအဖွဲ့များနှင့် အသေးစိတ်ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။ ၂၀၁၆ခုနှစ် သြဂုတ်လတွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် သဗ္ဗညုဘုရား အပါအဝင် ပုဂံဘုရားများထိခိုက်ခဲ့ရာ တရုတ်ဘက်မှ ပညာရှင်များစေလွှတ်ပြီး အရေးပေါ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများလုပ်ဆောင်ခဲ့သည်။ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း လုပ်ဆောင်ရန်အတွက်လည်း ၂၀၁၉ခုနှစ်မှာစတင်ကာ တရုတ်နိုင်ငံ အနေဖြင့် ဖွဲ့စည်းပုံအကဲဖြတ်ခြင်း၊ အထွေထွေပြုပြင်ထိန်းသိမ်းရေးများလုပ်ဆောင်ရန် အသေးစိတ်ဒီဇိုင်းရေးဆွဲခြင်းများ ပြုလုပ်ခဲ့ပြီး တရုတ်ပညာရှင်များအနေဖြင့်  ကုလသမဂ္ဂ ပညာရေး၊ သိပွံနှင့် ယဥ်ကျေးမှူအဖွဲ့  ယူနက်စကို (UNESCO) ၏ တောင်းဆိုချက်အရ ဘုရားပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း တရုတ်သံရုံးက ထည့်သွင်းထုတ်ပြန်ထားသည်။
၂၀၂၂၊ ဇန်နဝါရီ ၇
တကောင်းနီကယ်စက်ရုံအား တွေ့ရစဉ်
Photo – The Irrawaddy
တရုတ်ရင်းနှီးမြှုပ်နှံမှုတခုဖြစ်သော ထီးချိုင့်မြို့နယ် တကောင်းနီကယ်စက်ရုံရှိ ဓာတ်အားလိုင်းတိုင်သုံးတိုင်ကို ဖောက်ခွဲခဲ့ကြောင်းဒေသအခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်တခုဖြစ်သော  Fox Army-HPDF က ထုတ်ပြန်ခဲ့သည်။ တကောင်းနီကယ်စက်ရုံတာဝန်ရှိသူများကို HPDF များနှင့်ပူးပေါင်းရန် သတိပေးထားသော်လည်း ပူးပေါင်းရန် ပျက်ကွက်ခဲ့ပြီး စစ်သားနှင့် ရဲများကို စက်ရုံတွင်း လက်ခံအားပေး အားမြှောက်ပြု လုပ်နေသောကြောင့် ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဖောက်ခွဲမှုကို အခြားပြည်သူ့ကာကွယ်ရေးတပ်တခုဖြစ်သည့် Special.9-HPDF နှင့် ပူးပေါင်းပြုလုပ်ခြင်း ဖြစ်ကြောင်းကိုလည်းဖော်ပြထားသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လှိုင်သာယာနှင့် ရွှေပြည်သာ မြို့နယ်များရှိ တရုတ်စက်ရုံများ မီးရှို့ခံရခြင်း၊ ပုသိမ်စက်မှုဇုန်ရှိ ဟွာပိုတိုင်း အထည်ချုပ်စက်ရုံတွင် ဗုံးပေါက်ကွဲခြင်း၊ တရုတ်-မြန်မာရေနံပိုက်လိုင်းစောင့် ရဲများ သတ်ဖြတ်ခံရခြင်းနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သွယ်တန်းထားသော ရေပိုက်လိုင်းမိုင်းခွဲခံရခြင်းများ ဖြစ်ပွားခဲ့သည်။
၂၀၂၂၊ ဇန်နဝါရီ ၆
လွယ်ဂျယ်နယ်စပ်ဂိတ်တွင် တစ်ဆို့နေသည့် ကုန်တင်ယာဉ်များကို တွေ့ရစဉ်
Photo – Kachin News Group
ကချင်-တရုတ်နယ်စပ် လွယ်ဂျယ် ကုန်သွယ်ရေးဂိတ်ဖွင့်ရန်ဆက်လက် နှောင့်နှေးနေသည့်အတွက် တရုတ်ကိုတင်ပို့ရန် ပြင်ဆင်ထားသည့် စိုက်ပျိုးသီးနှံများ စွန့်ပစ်နေရသည်ဟု သတင်းဌာနများက ဖော်ပြထားသည်။​ ပျက်စီးသွားသည့် သီးနှံများတွင် အများဆုံးမှာတစ်သျှူး ငှက်ပျောနှင့် ဖရဲသီးများဖြစ်ပြီး စွန့်ပစ်ရန်နေရာမရှိသည့်အတွက်ပိုက်ဆံပေးပြီးစွန့်ပစ်နေရကာ ကုန်သည်များမှာ အရှုံးပေါ်နေ ကြောင်း  ဖော်ပြထားသည်။ နှစ်နိုင်ငံ ကိုယ်စားလှယ်များ ညှိနှိုင်းပြီး ဒီဇင်ဘာ ၃၁ ရက်ကို ပြန်ဖွင့်ရန် သဘောတူညီချက်ရပြီးသော်လည်း တရုတ်ဘက်မှ ဆုံးဖြတ်ချက်မကျသဖြင့် ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ချေ။ လွယ်ဂျယ်ဂိတ်မှာ ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင်ရှိပြီး ထိုနယ်စပ်ဂိတ်မှ တစ်သျှူးငှက်ပျော၊ ဖရဲ၊ သခွားနှင့် ကြံများ တရုတ်နိုင်ငံသို့ အဓိကထား ပို့ဆောင်သည်။​ ကချင်ပြည်နယ် အတွင်းရှိ တရားဝင်နယ်စပ်ကုန်သွယ်ရေး ဂိတ်များဖြစ်သည့် ကန်ပိုက်တီ၊ လွယ်ဂျယ်ဂိတ်များကို တရုတ်ဘက်က ကိုဗစ်ကြောင့် ၂၀၂၁ ဇူလိုင်လက စတင်ပိတ်ထားခဲ့ကာ ကုန်သွယ်ရေးလမ်းကြောင်း ရပ်နားထားသည်မှာ ခြောက်လကျော် ကြာမြင့်နေပြီဖြစ်သည်။
၂၀၂၂၊ ဇန်နဝါရီ ၆
လူကုန်ကူးခံရသူများအား နိုင်ငံတကာအဆင့်မီ ယာယီစောင့်ရှောက်ရေးဂေဟာကို တွေ့ရစဉ်
Photo – Chinese Embassy in Myanmar
တရုတ်နိုင်ငံမှ ဦးဆောင်သည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအစီအမံအောက်တွင် အထူးရန်ပုံငွေဖြင့် ရန်ကုန်မြို့တွင် လူကုန်ကူးခံရသူများအား နိုင်ငံတကာအဆင့်မီ ယာယီစောင့်ရှောက်ရေးဂေဟာ တည်ဆောက်မှု ပြီးစီး၍ လူကုန်ကူးခံရသူ ၄၉ ဦးအား ယာယီနေရာချထားကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်ခဲ့သည်။ အဆိုပါဂေဟာကို ၂၀၁၈ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့ပြီး ​၂.၀၇ ဧက ကျယ်ဝန်းကာ လူကုန်ကူးခံရသူ ၁၀၀ ဦးကို တပြိုင်နက် လက်ခံထားရှိနိုင်ကြောင်း တရုတ်သံရုံးက ဖော်ပြသည်။
၂၀၂၂၊ ဇန်နဝါရီ ၄
သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းမြင်ကွင်း
Photo – Chinese Embassy in Myanmar
ပုဂံရှိ နာမည်ကျော် သမိုင်းဝင် သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း တရားဝင်စတင်ရေးအတွက် တရုတ်နိုင်ငံ စန်ရှီးပြည်နယ်မှ ပုဂ္ဂိုလ် လေးဦးပါဝင်သော လုပ်ငန်းအဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်ခဲ့သည်။ ထိုလုပ်ငန်းအဖွဲ့သည်  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပုဂံဌာနခွဲမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ စီမံကိန်းအတွက် လုပ်ငန်းတာဝန်များနှင့် မြန်မာနိုင်ငံမှ ပါဝင်ဖြေရှင်းပေးရမည့် လုပ်ငန်း ဆောင်ရွက်ရန်နေရာ၊ ကုန်ကြမ်းပစ္စည်းများ ထားရှိမည့်နေရာ၊ နေထိုင်မှုနေရာ စသည့် မြေယာအသုံးပြုမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။  စီမံကိန်းအဖွဲ့သည် သဗ္ဗညုဘုရား စီမံကိန်းနေရာသို့ လာရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ပြီးစီးခဲ့သည့် အရေးပေါ်ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်း အသေးစိတ် စစ်ဆေးခဲ့သည်။ ဇန်နဝါရီ ၈ ရက်တွင် ပြုပြင်ထိန်းသိမ်းရေးစီမံကိန်း တရားဝင် စတင်ဆောင်ရွက်ခြင်းအခမ်းအနား ကျင်းပမည်ဖြစ်သည်။
၂၀၂၂၊ ဇန်နဝါရီ ၄
မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုဆောင်ရွက်ရာတွင် ယွမ်နှင့် ကျပ်ကို ဘဏ်စနစ်အသုံးပြုပြီး တိုက်ရိုက် ပေးချေနိုင်ရန်အတွက် ကုန်သွယ်မှုပမာဏအများဆုံးဖြစ်သည့် မူဆယ်ဒေသကို ရှေ့ပြေးအနေနှင့် စတင်ဆောင်ရွက်နေကြောင်း မူဆယ်-နယ်စပ် ကုန်သွယ်ရေးများအသင်းမှ သိရသည်။ အဆိုပါ ရှေ့ပြေးစမ်းသပ်မှုတွင် မြန်မာ့စီးပွားရေးဘဏ်၊ ဟောင်ကောင်အခြေစိုက် Bank of China (BOC) နှင့် Industrial and Commercial Bank of China (ICBC) တို့ပါဝင်ကြောင်း စစ်ကောင်စီသတင်းစာက ဖော်ပြသည်။ တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်-ကျပ် ငွေကြေးအား တိုက်ရိုက် အသုံးပြုပေးချေမှုအား ခွင့်ပြုလိုက်ကြောင်းကို ဗဟိုဘဏ်က ဒီဇင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါစနစ်အသက်သွင်းခြင်းကြောင့် အမေရိကန်ဒေါ်လာလွှမ်းမိုးမှုကို လျှော့ချနိုင်ခြင်းနှင့် မြန်မာနိုင်ငံတွင်းရှိ ငွေကြေးအကျပ်အတည်းကိုလည်း လျော့ပါးစေနိုင်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ အာဘော် Global Times သတင်းဌာနက ဖော်ပြခဲ့သည်။
၂၀၂၂၊ ဇန်နဝါရီ ၁
မူဆယ် ပြည်ထောင်စုလမ်းမကြီးတလျှောက် စွန့်ပစ်ထားသည့် ဖရဲသီးများကို တွေ့ရစဉ်
Photo – Marnagar
တရုတ်ဘက်ကိုတင်ပို့ရန်  စောင့်ဆိုင်းနေချိန်တွင် ရက်ကြာရှည်လာကာ ပျက်စီးသွားသော ဖရဲသီးအများအပြားကို  မူဆယ်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးတလျှောက် ကားသမားများက လာရောက်စွန့်ပစ်ခဲ့ကြသည်။  တရုတ်ကိုတင်ပို့မည့် ဖရဲသီးကားများသည် တင်ပို့ချိန်စောင့်ဆိုင်းရင်း ဖရဲသီးများပျက်စီးသွားခြင်း၊ ပုပ်သိုးခြင်းများကြောင့် နောက်ပြန်လှည့်ပြီး မိုင်းယု ၁၀၅ မိုင်အထွက်တွင် ဖရဲသီးများ စွန့်ပစ်ကြခြင်းကို တွေ့ရှိရသည်ဟု သတင်းဌာနများက ဖော်ပြသည်။ တရုတ်-မြန်မာနယ်စပ်၊ မူဆယ်ရှိ ကျင်ဆန်းကျော့ဂိတ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သော်လည်း တရုတ်ဘက်မှ တင်းကျပ်သောစည်းကမ်းများ မူဝါဒအပြောင်းအလဲများကြောင့် ယခုအချိန်ထိ လယ်ယာထွက်ကုန်သီးနှံနှင့် အခြားပို့ကုန်များ တင်ပို့ရာတွင် ကုန်သည်များ အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရဆဲဖြစ်သည်။
The post စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်း (၂၀၂၂ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလ အထိ) appeared first on ISP Myanmar China Desk.
တရုတ်အကျိုးစီးပွားရေချိန် – နိုင်ငံရေးဘောဂဗေဒအမြင်ဖြင့် ရှုမြင်ရန် ပိုမိုလိုအပ်လာသော အခြေအနေ
✤ အကျဉ်းချုပ်
◉ အာဏာသိမ်းပြီး ခုနစ်လအတွင်း တရုတ်နိုင်ငံနဲ့ စုစုပေါင်းကုန်သွယ်မှုဟာ အာဏာမသိမ်းခင် ခုနစ်လက ထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံကျော် ကျဆင်းခဲ့ပါတယ်။ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးကလည်း ကိုဗစ်ကပ်ဘေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှု တွေကြောင့် ၂၀၂၁ ခုနှစ်အတွင်း စံချိန်တင် ကျဆင်းခဲ့ပါတယ်။ နယ်စပ်ဂိတ်အချို့ကို ပြန်ဖွင့်ခဲ့ပေမဲ့ တရုတ် ဘက်က မူဝါဒအပြောင်းအလဲ တွေကြောင့် ကုန်သွယ်မှု အကျပ်အတည်း ဆက်ဖြစ်နေပါတယ်။
◉ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဓိကကျတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မရှိတော့တဲ့အပြင် လအလိုက် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေလည်း လျော့နည်းကျဆင်းခဲ့ပါတယ်။ အသစ်ဝင်တာထက် ရှိပြီးသား လုပ်ငန်း တွေမှာ အနည်းငယ်ထပ်မံရင်းနှီးမြှုပ်နှံတာမျိုးပဲ ရှိပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်စီမံကိန်း အချို့ တိုက်ခိုက်ခံခဲ့ရသလို စစ်အာဏာရှင်ဖြုတ်ချရေး ခုခံ တွန်းလှန်စစ်တွေ ပိုမိုကျယ်ပြန့် ပြင်းထန်လာတာကြောင့် စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုရင်တောင် ငွေပင်ငွေရင်းနဲ့ ဝင်ရောက် အကောင်အထည်ဖော်ဖို့ ခက်ဦးမှာပါ။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီက လုပ်နေပါ တယ်။ ဒါပေမဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ ကျောရိုး စီမံကိန်းတွေကို လက်တွေ့မှာ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပါဘူး။ တရုတ်ဆန့်ကျင်ရေး ရေချိန်မြင့်လာနိုင်တာနဲ့ ဖြစ်လာနိုင်တဲ့ ပဋိပက္ခအခင်း အကျင်းကို တရုတ်ကိုယ်တိုင် တွက်ချက်ပြီး စောင့်ကြည့်နေပုံ ရပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ ကတဆင့် အိန္ဒိယသမုဒ္ဒရာကို ချိတ်ဆက်တဲ့ လမ်းကြောင်းသစ်ကို ဖွင့်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် စီးပွားရေး စင်္ကြံစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ နှိုးဆော်တာကို အာဏာသိမ်းပြီး ဆယ်လအကြာမှာ ထုတ်ပြောလာပါတယ်။
◉ အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ (EAOs) အကြား၊ EAOs အချင်းချင်း အကြား၊ အသစ်ပေါ်ပေါက်လာတဲ့ ဒေသခံ ကာကွယ် ရေးတပ်တွေ (PDF/LDF/CDF/ KNDF စသဖြင့်)နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေကြောင့် ပဋိပက္ခမြေပုံလည်း ကျယ်ပြန့် ပြောင်းလဲ လာပါတယ်။ စီးပွားရေးစင်္ကြံ စီမံကိန်းတွေရဲ့ဆုံချက် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ EAOs တွေရဲ့ လှုပ်ရှားမှု၊ နယ်မြေစိုးမိုးမှုနဲ့ စစ်ရေး အရ အသာစီးရဖို့ ကြိုးပမ်းချက်တွေ ရှိနေပါတယ်။ ဒါက ပထဝီနိုင်ငံရေးအရ သံလွင်မြစ်အရှေ့ခြမ်းကို လွှမ်းမိုးထားဖို့ တရုတ်ဘက်က ပြင်ဆင်နေခြင်းလား၊ ဒါမှမဟုတ် သူနဲ့နီးစပ်တယ်လို့ အညွှန်းခံရလေ့ရှိတဲ့ EAOs တွေကတဆင့် ဩဇာဖြန့်ကျက်မှု ပိုခိုင်မာ အောင် ကြားခံတည်ဆောက်ထားလိုခြင်းလားနဲ့ တရုတ် အကျိုးစီးပွားများအတွက် ဘက်စုံ လုံခြုံရေးအာမခံ ချက် ပိုခိုင်မာစေလိုခြင်းလားဆိုတာ စောင့်ကြည့်ရမယ့် ကိစ္စ ဖြစ်ပါတယ်။
◉ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်ရဲ့ တုံ့ပြန်ချဉ်းကပ်ပုံတွေဟာ (၁) နိုင်ငံရေး ရေခံမြေခံကို ပိုသတိထားပြီး မြန်မာ့အရေးကြောင့် တရုတ်ရဲ့ပုံရိပ် ဗီလိန်အဖြစ် သမုတ်ခံမယ့် အခြေအနေမျိုးကို ဂရုထား ရှောင်ကြဉ်လိုတာ၊ အနောက်နိုင်ငံတွေက မြန်မာ့အရေးပေါ် မူတည်ပြီး မြန်မာနဲ့ ဒေသတွင်း နိုင်ငံရေး (ဥပမာ- အာဆီယံ-တရုတ်ဆက်ဆံရေး)မှာ တရုတ်ရဲ့ဩဇာကို လျှော့ချဖို့ ကြိုးပမ်းမှုမျိုးကို ရှောင်ရှားလိုတာ၊ (၂) သမားရိုးကျ မဟာဗျူဟာ လုံခြုံရေးနဲ့ စီးပွားရေး အကျိုးစီးပွားတွေကိုလည်း ဆုံးရှုံးစရာမလိုဘဲ အချိန်တန်တာနဲ့ လက်ဦးမှုယူနိုင်အောင် လုံခြုံရေးအား၊ ဓန ဩဇာအားကြီးသူ အဆုံးအဖြတ်ပေးနိုင်သူ အခန်းကဏ္ဍမျိုးကို တရစ်ချင်း တည်ဆောက်တာ (၃) ကိုဗစ် ရောဂါဘေးလို မြန်မာပြည်တွင်းကနေ အပြင်ကို ဖိတ်လျှံကျလာမယ့် သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးပြဿ နာတွေကြောင့် တရုတ်နိုင်ငံအပေါ် ဆက်နွှယ် ထိခိုက်မယ့်အရေးကို အထူးအရေးပေး ကိုင်တွယ်လာတာ စတဲ့ အချက်သုံးချက်ကို တွေ့ရပါတယ်။ ဒါကြောင့် တရုတ်အကျိုးစီးပွားရေချိန်ကို ချိန်ထိုးတဲ့အခါ ဒီအချက် သုံးချက်ကို ဆက်စပ်ပေါင်းစည်း စဉ်းစားတဲ့ နိုင်ငံရေး ဘောဂဗေဒအမြင်က ပိုမိုလိုအပ်လာပါတယ်။
Download as PDF
∎ နိဒါန်း
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေးလည်း အလှည့် အပြောင်း ဖြစ်လာပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရခေတ်ကလို စစ်အာဏာရှင်တွေဘက်က ရပ်ပြီး ပြောင်ပြောင်တင်းတင်း ကာကွယ်ပြောဆိုတာမျိုးကို တရုတ်က သတိထားလာပါတယ်။ စစ်အာဏာသိမ်းမှုဟာ မြန်မာ့ပြည်တွင်းရေး ဖြစ်တယ်ဆိုပြီး ကုလသမဂ္ဂမှာ သံတမန်ရေးဖိအား ရင်ဆိုင်နေရတဲ့ စစ်ကောင်စီကို ကာကွယ်ပေးတာမျိုးတော့ ရှိပါတယ်။
တချိန်တည်းမှာပဲ မြန်မာနိုင်ငံက ဘက်အသီးသီးဟာ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲတရားဥပဒေ မူဘောင်အတွင်း ညှိနှိုင်း ဆွေးနွေးမှုတွေကတဆင့် ဖြေရှင်းပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုလုပ်ငန်းတွေ ပြန်စဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။ တခါ နိုင်ငံတကာမှာ မျက်နှာမပျက်ရအောင် အာဆီယံကို ကြားခံထားပြီး မြန်မာ့အရေးကို ကိုင်တွယ်ဆောင်ရွက်ခဲ့သလို၊ ဒီလမ်းကြောင်းကို အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အုပ်စုကလည်း လက်ခံခဲ့ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂစင်မြင့်ထက် ကိုယ်စားပြုခွင့်ကို စစ်ကောင်စီ မရခဲ့တဲ့အပြင် တရုတ်-အာဆီယံထိပ်သီးလို တရုတ်ကိုယ်တိုင် ကမကထလုပ်တဲ့ အစည်းအဝေးကိုတောင် စစ်ကောင်စီ ဥက္ကဋ္ဌ တက်ခွင့်မရခဲ့ပါဘူး။
မြန်မာ့အရေးမှာ ဗီလိန်ဖြစ်ချင်ပုံမရတဲ့ တရုတ်ဟာ တချိန်က ရွေးကောက်ခံအစိုးရနဲ့ ပလဲနံပသင့်ခဲ့ပြီး၊ စစ်ကောင်စီကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်တာ မရှိခဲ့ပါဘူး။ ဒါကြောင့်ပဲ နွေဦးတော်လှန်ရေး လှုပ်ရှား မှုနဲ့အတူ မြန်မာလူထုရဲ့ တရုတ်ဆန့်ကျင်ရေးရေချိန်က မြင့်တက်ခဲ့ပါတယ်။ ဒီလိုဆန့်ကျင်မှုဟာ ၂၀၁၁ ခုနှစ် မြစ်ဆုံဆည်ဖျက်သိမ်းရေး လှုပ်ရှားမှုနောက်ပိုင်း အမြင့်ဆုံးလို့တောင် ပြောနိုင်ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှုကာလအတွင်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့မှာ နေ့စဉ်ရက်ဆက် ဆန္ဒပြသူတွေရှိခဲ့ပြီး စစ်ကောင်စီကို အကာအကွယ်မပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ တရုတ်စီမံကိန်းတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ ကြွေးကြော်လှုပ်ရှားမှုတွေလည်း ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် မတ်လ ဒုတိယပတ်အတွင်း လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေထဲက တရုတ်အလုပ်ရုံတချို့ မီးရှို့ ဖျက်ဆီးခံခဲ့ရတာကလွဲပြီး တရုတ်ရဲ့ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းတွေနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းလို စီမံကိန်းကြီးတွေ ကြီးကြီးမားမားထိခိုက်ခြင်း မရှိခဲ့ပါဘူး။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနည်းပေါင်းစုံ လှုပ်ရှားမှုအတွင်း တရုတ်စီမံကိန်းကြီးတွေ ထိခိုက်တာမရှိခဲ့ပေမဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးကတော့ အာဏာ သိမ်းပြီးနောက်ပိုင်း စံချိန်တင်ကျဆင်းခဲ့ပါတယ်။
အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်ငြိမ်တာ အပါအဝင် ကိုဗစ်ကပ်ဘေး ကာကွယ်တားဆီးရေး အစီအမံတွေ ကြောင့် ကုန်သွယ်ရေးဟာ ပုံမှန်လည်ပတ်နိုင်ခဲ့ခြင်း မရှိပါဘူး။ ရင်းနှီးမြှုပ်နှံမှုအသစ် ဝင်လာတာလည်း နည်းပါး ခဲ့ပြီး ရှိရင်းစွဲလုပ်ငန်းတွေမှာပဲ ထပ်တိုးရင်းနှီးခဲ့ပါတယ်။ စစ်ကောင်စီကတော့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံလမ်း အစီအမံအောက်က စီမံကိန်းတွေကို အမြန်အကောင်အထည်ဖော်ချင်ပုံ ရပါတယ်။ နယ်စပ် ကုန်သွယ်ရေး ပြန်စနိုင်ဖို့နဲ့ အားကောင်းဖို့အတွက် နည်းပေါင်းစုံသုံး ကြိုးပမ်းနေသလို လက်ရှိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ယွမ်ငွေ တိုက်ရိုက်အသုံးပြုတဲ့စနစ်ကိုလည်း ခွင့်ပြုခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နဲ့ လုပ်ဆောင်ဖို့ သဘောတူထားတဲ့ စီမံကိန်းကြီးတွေ အမြန်ပြန်စဖို့ကိုလည်း စစ်ကောင်စီက ကြေညာချက်ထုတ် တောင်းဆိုခဲ့ပါတယ်။
ခေတ်အဆက်ဆက် အာဏာရှင်တွေရဲ့ ကျောထောက်နောက်ခံ နိုင်ငံကြီးတခုအဖြစ် ရပ်တည်ခဲ့ပြီး၊ အခုလည်း ရပ်တည်ဆဲဖြစ်တဲ့ တရုတ်နဲ့ ဆက်ဆံရေးမှာ နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီမံကိန်းဆိုင်ရာ အချက်အလက်တွေက တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ မူဝါဒစဉ်းစားချက်တွေအပေါ် တစုံတရာ ထင်ဟပ်စေပါတယ်။ ဒါကြောင့် ISP-Myanmar က အခုဖော်ပြမယ့် အထူးကဏ္ဍမှာ ၂၀၂၁ ခုနှစ်အတွင်း တရုတ်-မြန်မာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေးစင်္ကြံစီမံကိန်းတွေရဲ့ အခြေအနေကို စုစည်းဖော်ပြပေးပါမယ်။
◉ ကျဆင်းနေသော တရုတ်-မြန်မာ ကုန်သွယ်ရေး
ဒီမိုကရေစီ အသွင်ကူးပြောင်းကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် နောက်ပိုင်းကစလို့ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်ရေးက တနှစ်ထက်တနှစ် တိုးတက်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်သက်ရောက်တဲ့အချိန် (၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်) မှာတောင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကထက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ပိုမို ကုန်သွယ်နိုင် ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာ့ကုန်သွယ်ရေးဟာ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ အာဏာမသိမ်းခင် ခုနစ်လ (၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ အထိ) မှာ စုစုပေါင်း ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံကျော် ရှိခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ခုနစ်လ (၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဩဂုတ်လ အထိ)မှာတော့ စုစုပေါင်း ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံနီးပါးပဲ ရှိပါတယ်။ ဒါကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုက လေးပုံတပုံခန့် ကျဆင်းသွားတယ်လို့ သုံးသပ်နိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံတွေက တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဂျပန် နဲ့ အိန္ဒိယတို့ဖြစ်ပြီး ဒီအထဲမှာမှ တရုတ်နိုင်ငံတခုတည်းရဲ့ ကုန်သွယ်မှုဟာ မြန်မာ့ကုန်သွယ်မှု စုစုပေါင်းရဲ့ သုံးပုံတပုံဝန်းကျင်မှာ အမြဲတမ်း ရှိနေခဲ့တာပါ။ ဒါကြောင့် တရုတ်နဲ့ ကုန်သွယ်မှု အတက်အကျက မြန်မာ့ ပြည်ပကုန်သွယ်မှုအပေါ် သက်ရောက်မှု ကြီးမားပါတယ်။
စစ်အာဏာသိမ်းပြီး ခုနစ်လအတွင်း တရုတ်နဲ့ စုစုပေါင်းကုန်သွယ်မှုဟာ စစ်အာဏာမသိမ်းခင် ခုနစ်လကထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ကျော်ကျဆင်းခဲ့ပါတယ်။ ဒါဟာ တရုတ်-မြန်မာကုန်သွယ်မှု စုစုပေါင်းရဲ့ သုံးပုံတပုံ ကျော်ပါတယ်။ အာဏာမသိမ်းခင် ခုနစ်လအတွင်း တရုတ်-မြန်မာ ကုန်သွယ်ရေးဟာ အနိမ့်ဆုံး တလ ကို အမေရိကန်ဒေါ်လာ သန်း ၈၀ဝ ခန့်ရှိခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ အမေရိကန်ဒေါ်လာ သန်း ၃၈၀ အထိ စံချိန်တင်ကျဆင်း သွားပါတယ်။ ဒီကျဆင်းမှုဟာ တရုတ်-မြန်မာ ကုန်သွယ်မှုပြုလုပ်တဲ့ ကာလတလျှောက် ၂၀၁၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ဒီလို ကျဆင်းရတဲ့ အဓိကအကြောင်းရင်းတခုက နယ်စပ်ကုန်သွယ်မှု ကျဆင်းလာတာကြောင့် ဖြစ်ပါတယ်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ နှစ်နိုင်ငံကုန်သွယ်ရေးရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေပြီးတော့ တရုတ်-မြန်မာ စုစုပေါင်းကုန်သွယ်မှု ပမာဏရဲ့ ထက်ဝက်ခန့် ကူးသန်းရောင်းဝယ်နေတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုဟာ ရပ်တန့်လုနီးပါး ဖြစ်ခဲ့ပါတယ်။ တရုတ်-မြန်မာနယ်စပ်မှာ မြန်မာဘက်က တရားဝင်သတ်မှတ်ထားတဲ့ ကုန်သွယ်ရေးစခန်း ငါးခုရှိပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ခုနစ်လမှာ ကျိုင်းတုံနယ်စပ်စခန်း တခုကလွဲလို့ ကျန်တဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း လေးခု မှာ ကုန်သွယ်မှုပမာဏ သိသိသာသာ ကျဆင်းခဲ့ပါတယ်။ မြန်မာ့နယ်စပ်ကုန်သွယ်ရေးမှာ အကြီးဆုံး ဖြစ်တဲ့ မူဆယ်နယ်စပ်စခန်းမှာဆိုရင် အာဏာမသိမ်းခင် ခုနစ်လကထက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံနီးပါး ကျသွားပါတယ်။
နယ်စပ်ကုန်သွယ်ရေး ကျဆင်းရတဲ့ အဓိကအကြောင်းရင်းတခုကတော့ မြန်မာနိုင်ငံ (အထူးသဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း)မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုတွေကြောင့် တရုတ်အစိုးရက နယ်စပ်ဂိတ် အဝင်အထွက်ကို တင်းတင်း ကျပ်ကျပ် ကိုင်တွယ်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ရိုက်ခတ်စပြုတဲ့ ဇူလိုင်လမှာ နယ်စပ်ဂိတ်အများစုကို တရုတ်က လုံးဝပိတ်ချခဲ့တာကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်လုနီးပါး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကာလ (၂၀၂၀ ပြည့်နှစ် မတ်လမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ)တွေမှာ သိသိသာသာ ကျဆင်းမှု မရှိခဲ့တာက သတိချပ်စရာဖြစ်ပါတယ်။ ဒါကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှု တွေကလည်း နယ်စပ်ကုန်သွယ်ရေးအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ သုံးသပ်နိုင်ပါတယ်။
တရုတ်ရဲ့ နယ်စပ်ပိတ်မူဝါဒက စစ်ကောင်စီအတွက် ပြင်းထန်တဲ့ရိုက်ချက်တွေ ဖြစ်ပါတယ်။ နယ်စပ် ကုန်သွယ်ရေးကနေ ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ကုန်သွယ်မှု ပြုလုပ်ရင် မြန်မာအစိုးရအနေနဲ့ အခွန်အခအဖြစ် အမေရိကန်ဒေါ်လာ လေးသန်း လောက် ရရှိတယ်လို့ မူဆယ်ဒေသခံ ကုန်သည် တဦး ကို ကိုးကားပြီး ဘီဘီစီသတင်းဌာနက ဖော်ပြဖူးပါတယ်။ အာဏာသိမ်းပြီး ခုနစ်လအကြာမှာ အာဏာမသိမ်းခင် ခုနစ်လကထက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်း ၁,၈၀ဝ နီးပါး ကျဆင်းခဲ့တာ ကြောင့် စစ်ကောင်စီအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော် ဆုံးရှုံးသွားတယ်လို့ အကြမ်းဖျင်း တွက်နိုင် ပါတယ်။ နယ်စပ်ကုန်သွယ်ရေးထဲကမှ ပို့ကုန်၊ သွင်းကုန် အပိုင်းကို ကြည့်ရင်လည်း ထူးထူးခြားခြားပဲ ပို့ကုန်က သွင်းကုန်ထက် ပိုများခဲ့ပါတယ်။
စစ်ကောင်စီကတော့ နယ်စပ်ပြန်ဖွင့်ဖို့ အစည်းအဝေးတွေ အကြိမ်ကြိမ် လုပ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၂ ရက်ကစပြီး ကျင်စန်းကျော့ဂိတ်ကို စမ်းသပ်ဖွင့်လှစ်ခဲ့ပြီး ချင်းရွှေဟော်ဂိတ်ကိုပါ အကန့်အသတ်နဲ့ ပြန်ဖွင့်ခဲ့ ပါတယ်။ ကွန်တိန်နာစနစ်၊ အစားထိုးယာဉ်မောင်းစနစ်တွေ ပြောင်းလဲခဲ့တာကြောင့် ကုန်ကျစရိတ် ပိုများခဲ့ပြီး အရင် ကုန်သွယ်မှုလုပ်ခြင်းရဲ့ ၂၀-၃၀ ရာခိုင်နှုန်း လောက်ပဲ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။
အခုလည်း မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့နှုန်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အများဆုံးဖြစ်နေပြီး ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် (Omicron) ရဲ့ ခြိမ်းခြောက်မှုလည်း ရှိလာပါတယ်။ ဒီမျိုးကွဲသစ်သာ မြန်မာ၊ ဒါမှမဟုတ် တရုတ်နိုင်ငံ အတွင်းမှာ ကူးစက်လာခဲ့မယ်ဆိုရင်၊ အထူးသဖြင့် ယူနန်ပြည်နယ်ထဲမှာ တွေ့ရှိ မယ်ဆိုရင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး အခြေအနေဟာ ၂၀၂၁ ခုနှစ်အတွင်း စံချိန်တင် ကျဆင်းနေခဲ့ပြီး အချိန်တိုအတွင်း ပုံမှန် ပြန်ဖြစ်ဖို့ ခက်ခဲပါဦးမယ်။
◉ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေ
၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၁၀ ပြည့်နှစ်အထိ စစ်အစိုးရခေတ်တွေမှာ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ခမ်းခြောက်ခဲ့ပြီး တရုတ်၊ စင်ကာပူနဲ့ ဟောင်ကောင်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေသာ ထိပ်တန်းမှာရှိခဲ့ပါတယ်။ အဲဒီနောက် ဒီမိုကရေစီ အသွင်ကူး ပြောင်းကာလ ဆယ်စုနှစ်အတွင်းမှာလည်း အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကို အများအပြား ဆွဲဆောင်နိုင်စွမ်းမရှိခဲ့ဘဲ ဒေသတွင်းနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကသာ ဦးဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လောက်ဝင်ရောက်ခဲ့လဲဆိုတာကို ကြည့်ခြင်းအားဖြင့် နိုင်ငံကြီးတွေရဲ့ မြန်မာ့အရေး ပါဝင်ပတ်သက်မှု အခန်းကဏ္ဍတွေကို ချဉ်းကပ်လေ့လာရာမှာ အရေးပါတဲ့ အကြောင်းအချက်တခု ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဒေသတွင်း အာဆီယံနိုင်ငံတွေက စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံကျော်နဲ့ တရုတ်နိုင်ငံက ၁၄ ဒသမ ၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမှု အများဆုံးလုပ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု က အမေရိကန်ဒေါ်လာ သန်း ၃၀ဝ ကျော်၊ ဥရောပသမဂ္ဂက အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်၊ ဗြိတိန်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ကျော် ရင်းနှီးခဲ့တာကိုကြည့်ရင် ဒေသတွင်းနိုင်ငံတွေထက် သိသိသာသာ နည်းပါးခဲ့တာကို မြင်သာပါတယ်။
တခါ နိုင်ငံရေးဖြစ်စဉ်တွေအပေါ် မူတည်ပြီး ရင်းနှီးမြှုပ်နှံမှု ဝင်‌ရောက်ခြင်းက အပြောင်းအလဲ အတက်အကျ များစွာ ရှိခဲ့ပါတယ်။ ဥပမာ- ၂၀၁၁ ခုနှစ် မြစ်ဆုံ ဆည်စီမံကိန်း ရပ်တန့်ပြီးနောက်ပိုင်း တရုတ်ရင်းနှီးမြုပ်နှံမှု ပမာဏ ၁၈ ဆ လောက် ကျသွားတာမျိုးဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးကိစ္စကလည်း ရင်းနှီးမြှုပ်နှံ မှုကဏ္ဍအတွက် ကြီးမားတဲ့ အလှည့်အပြောင်းတခု ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်ကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် ထင်ရှားကြီးမားတဲ့ သက်ရောက်မှုတွေ၊ ထိခိုက်မှုတွေ ဖြစ်လာပါတယ်။
အာဏာမသိမ်းခင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်နဲ့ ကိုဗစ်ကပ်ဘေးကို ရင်ဆိုင်ခဲ့ရတဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွေကို ကြည့်ရင် အာဆီယံ၊ တရုတ်၊ အိန္ဒိယ စတဲ့ အာရှဒေသတွင်းနိုင်ငံများရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဆက်တိုက် ကျဆင်းနေခဲ့တာကို တွေ့ရပါတယ်။ အဲဒီလိုကျဆင်းနေမှုကို စစ်အာဏာသိမ်းမှုက ထပ်မံ ထိုးနှက်ခဲ့ပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှု မြင့်တက်ခဲ့ပေမဲ့ ဒါဟာ တိုက်ရိုက်ဝင်ရောက်ခဲ့တာမျိုး မဟုတ်ဘဲ ဗြိတိသျှဗားဂျင်းကျွန်းစု ကတဆင့် ဝင်ခဲ့တာမျိုးဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ဆိုင်းပြီး ပြန်လည်ထွက်ခွာသွားတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ၂၀ ကျော်ရှိပြီး အဲဒီ စီးပွားရေးလုပ်ငန်းတွေထဲမှာ တရုတ် စီးပွားရေးလုပ်ငန်းတွေ၊ စီမံကိန်းကြီးတွေ ပါဝင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ အာဏာမသိမ်းခင် ခုနစ်လနဲ့ အာဏာသိမ်းပြီး ခုနစ်လအတွင်း တရုတ် ရင်းနှီးမြှုပ်နှံမှုပမာဏကို နှိုင်းယှဉ်တဲ့အခါ ပမာဏအားဖြင့် သိသိသာသာ လျော့နည်း သွားပါတယ်။
၂၀၂၁ ခုနှစ် ဇူလိုင်၊ ဩဂုတ် စတဲ့လတွေမှာ လစဉ် အမေရိကန်ဒေါ်လာ တသန်းအောက်ပဲ ဝင်ခဲ့ပါတယ်။ အဲဒီ ရင်းနှီးမြှုပ်နှံမှုတွေကလည်း လုပ်ငန်းသစ် ဝင်ရောက်လာတာမျိုးမဟုတ်ဘဲ လက်ရှိလည်ပတ်နေတဲ့ လုပ်ငန်း တွေမှာ ထပ်တိုး ရင်းနှီးမြှုပ်နှံခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဇွန်၊ ဇူလိုင်နဲ့ ဩဂုတ်လ တွေမှာတော့ တရုတ် ရင်းနှီးမြှုပ်နှံမှုကလွဲပြီး အခြားပြည်ပရင်းနှီးမြှုပ်နှံမှု တစုံတရာ ဝင်ခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် ဟောင်ကောင် စီးပွားရေးလုပ်ငန်းတခုဖြစ်တဲ့ V Power စွမ်းအင်ကုမ္ပဏီဟာ မူလက လုပ်ပိုင်ခွင့်ရထားတဲ့ မြင်းခြံ စွမ်းအင် စီမံကိန်း အမှတ်-၁ နဲ့ ကျောက်ဖြူ စွမ်းအင်စီမံကိန်း အမှတ်-၂ တို့ကို အာဏာသိမ်းပြီးနောက်ပိုင်း စာချုပ် သက်တမ်းမတိုးတော့ဘဲ လုပ်ငန်းရပ်နားခဲ့ပါတယ်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်နဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နှစ်ခုအတွင်း ကဏ္ဍအလိုက် ဝင်ရောက်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ ဘဏ္ဍာနှစ် နှစ်ခုလုံးမှာ စွမ်းအင်ကဏ္ဍ ဝင်ရောက်မှုဟာ အများဆုံးဖြစ်ပါတယ်။ အခုလည်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော် ပမာဏရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှု မီးလင်းချိုင် စွမ်းအင်စီမံကိန်းကို စစ်ကောင်စီက ခွင့်ပြုပေးခဲ့တာကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကထက် စွမ်းအင်ကဏ္ဍကို ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်း နှစ်ဆနီးပါး မြင့်တက်သွားပါတယ်။ တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း တွေကလည်း ဆိုလာစီမံကိန်းတွေမှာ လုပ်ကိုင်ဖို့ တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်တာမျိုးကိုလည်း တွေ့ရပါတယ်။
ကုန်ထုတ်လုပ်ရေးကဏ္ဍမှာတော့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၉၁၅ သန်းကျော် ဝင်ခဲ့တာကနေ ၂၆၂ သန်းကျော်အထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေး၊ အိမ်ခြံမြေနဲ့ အခြားဝန်‌ဆောင်မှု ကဏ္ဍတွေမှာလည်း အာဏာသိမ်းမှု နောက်ဆက်တွဲ အဖြစ် ရင်းနှီးမြှုပ်နှံမှုတွေ သိသိသာသာ ကျဆင်းခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ကျဆင်းချိန်မှာ စစ်ကောင်စီဟာ တရုတ်အတွက် အရေးပါတဲ့ စီမံကိန်းကြီးများကို ခွင့်ပြုပေးပြီး ကျားကန်ဖို့ ကြိုးစားနေပုံရပါတယ်။ ၂၀၂၁ ခုနှစ် မေလအတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) မှာပါဝင်တဲ့ မီးလင်းချိုင်စီမံကိန်းကို အတည်ပြုပေးခဲ့ပါတယ်။ ဒီစီမံကိန်းဟာ ဗြိတိသျှဗားဂျင်းကျွန်းမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ ကနေတဆင့် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းတန်ဖိုးကို ထည့်တွက်ရင် အာဏာသိမ်းပြီး ခုနစ်လတာကာလမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂,၅၃၈ ဒသမ ဝ၄၃ သန်း ရှိပါမယ်။ အဲဒီစီမံကိန်းတန်ဖိုးကို ဖယ်ထုတ်လိုက်ရင်တော့ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဩဂုတ်လအထိ တရုတ်ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၃၃ သန်း ကျော်ပဲ ရှိပါမယ်။
ဒါပေမဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ တရုတ်ဆန့်ကျင်ရေး အရှိန်မြင့်မားမှုတွေကြောင့် တရုတ်အနေနဲ့ သတိကြီးကြီးထားပြီး ကိုင်တွယ်နေပုံရပါတယ်။ တဖက်မှာတော့ ၂၀၂၁ ခုနှစ် မတ်လအတွင်း တရုတ်အလုပ်ရုံ တွေ မီးရှို့တိုက်ခိုက် ခံရတာနဲ့ ပတ်သက်ပြီး တင်းမာတဲ့ သဘောထားထုတ်ပြန်ခဲ့တာ၊ ဒီလို တိုက်ခိုက်ခံရမှု ဖြစ်ခဲ့တဲ့ နယ်မြေတချို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့တာ၊ တခါ အရေးကြီးတဲ့ တရုတ်စီမံကိန်း တွေမှာ စစ်ကောင်စီက လုံခြုံရေးရယူပေးတာတွေကို ကြည့်ခြင်းအားဖြင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေကို နှစ်ဖက်စလုံးက သတိထားပုံရပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံအနှံ့ ခုခံတွန်းလှန်စစ်ဆင်နွှဲကြဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်မှာ ကြေညာခဲ့ပြီး နောက်တရက်မှာပဲ တရုတ်ကွန်မြူနစ်ပါတီအာဘော် Global Times သတင်းစာက ‘မြန်မာနိုင်ငံမှာရှိတဲ့ တရုတ် စီးပွားရေးလုပ်ငန်း တွေဟာ အနှောင့်အယှက်များနဲ့ ရင်ဆိုင်နေရကြောင်း’ ရေးသားဖော်ပြခဲ့ပါတယ်။ ဒါကိုကြည့်ရင်လည်း တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ စီမံကိန်း အကျိုးစီးပွားတွေအပေါ် စိုးရိမ်စိတ်ရှိနေတာ မြင်သာ ပါတယ်။ ဒါကြောင့် လတ်တလောမှာ စစ်ကောင်စီက တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို အတည်ပြု ခွင့်ပြုပေးရင် တောင် လက်တွေ့မှာ ငွေပင်ငွေရင်းနဲ့ ဝင်လာဖို့ခက်ဦးမယ်လို့ ဆိုနိုင်ပါတယ်။
◉ ရပ်ဝန်းလမ်းကြောင်း စီမံကိန်းများအခြေအနေ
ရပ်ဝန်းလမ်းကြောင်း အစီအမံ (Belt and Road Initiative) ရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို NLD အစိုးရလက်ထက်မှာ စတင် အဆိုပြုခဲ့ပါတယ်။ မိုင်ပေါင်း ၁,ဝဝဝ ကျော်ရှည်လျားမယ့် အင်္ဂလိပ်အက္ခရာ ‘Y’ ပုံသဏ္ဌာန် စီးပွားရေးစင်္ကြံဟာ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ နေပြည်တော်၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်တို့ကို နယ်စပ်စီးပွားရေးဇုန် စီမံကိန်းကြီးတွေ၊ အမြန်လမ်းမကြီးတွေ၊ မြန်နှုန်းမြင့် လျှပ်စစ်ရထားလမ်း၊ စက်မှုမြို့သစ်၊ ကုန်းတွင်းဆိပ်ကမ်းတွေ၊ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်တွေ၊ ကုန်လှောင်ရုံကြီးတွေနဲ့ ချိတ်ဆက်မှာဖြစ်ပါတယ်။
တရုတ်နိုင်ငံက NLD အစိုးရ လက်ထက်မှာ တရားဝင်အဆိုပြုခဲ့တဲ့ ရပ်ဝန်း လမ်းကြောင်းစီမံကိန်း စုစုပေါင်း ၃၃ ခုထက်မနည်း ရှိခဲ့ပါတယ်။ တကယ်တော့ အဲဒီအထဲက မဟာဗျူဟာကျတဲ့ စီမံကိန်းကြီးတွေဟာ စီးပွားရေးစင်္ကြံကို တရားဝင် မကြေညာခင်ကတည်းက အကောင်အထည်ဖော်ဖို့ အရင် စစ်အစိုးရလက် ထက်မှာရော ဦးသိန်းစိန်အစိုးရ လက်ထက်မှာပါ တရုတ်က အစဉ်တစိုက် ကြိုး ပမ်းခဲ့တာ ဖြစ်ပါတယ်။
စီးပွားရေးစင်္ကြံအောက်က စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ NLD အစိုးရ လက်ထက်မှာ ဖိအားပေးတိုက်တွန်းတာတွေကို တရုတ်က အကြိမ်ကြိမ် လုပ်ခဲ့ပါတယ်။ အထူးသဖြင့် ၂၀၂၀ ပြည့်နှစ်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်အတွင်း ရပ်ဝန်းလမ်းကြောင်း အစီအမံအောက်မှာ မြန်မာနိုင်ငံအတွက် အဓိကကျတဲ့ ပင်မစီမံကိန်းတွေလို့ သတ်မှတ်လိုက်တဲ့ ‘ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်း၊ ရန်ကုန် မြို့သစ်စီမံကိန်းနဲ့ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းတွေ’ကို အမြန်အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။ စီမံကိန်းတွေရဲ့ တင်ပြချက်တွေကို ပြန်လည်စစ်ဆေးတာ၊ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်လျှော့ချတာ၊ ရှယ်ယာခွဲဝေမှု ပြန်လည်ညှိနှိုင်းတာ၊ တခြားနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေ ပါဝင်ဖို့ဖိတ်ခေါ်တာတွေကြောင့် NLD အစိုးရလက်ထက်မှာ စီမံကိန်းတွေ အမှန်တကယ် အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပါဘူး။
အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ဝန်းလမ်းကြောင်း အစီအမံအောက်မှာ အဓိကကျတဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော်နိုင်ဖို့ စစ်ကောင်စီဘက်က ကြိုးပမ်းခဲ့တာတွေ ရှိပါတယ်။ အာဏာသိမ်းပြီး တလအကြာမှာ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းတွေ အကောင်အထည်ဖော်တဲ့အခါ မူဝါဒချမှတ်မှုအပိုင်း၊ စီမံခန့်ခွဲမှုနဲ့ လက်တွေ့ အကောင်အထည်ဖော်မှုတွေမှာ ကိုင်တွယ်မယ့် ကော်မတီ တွေကို ပြန်¸ခဲ့ပါတယ်။
ဒါ့အပြင် NLD အစိုးရလက်ထက်မှာ အကောင်အထည်ဖော်ဖို့ စိုင်းပြင်းနေတဲ့ ‘အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန် မီးလင်းချိုင်စွမ်းအင်စီမံကိန်းနဲ့ ဒေါ်လာ ၂၂ ဒသမ ၄ သန်းတန် ကန်ပိုက်တီ-ထိန်ချုံး နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်း’ တွေကို စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြု ပေးခဲ့ပါတယ်။ စီမံကိန်းနှစ်ခု စလုံးဟာ နိုင်ငံရေးအကျပ်အတည်းကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေ၊ ကိုဗစ်ကန့်သတ်မှုနဲ့ မရေရာတဲ့ အခြေအနေတွေကြောင့် အောက်ခြေမှာ အမှန်တကယ် တည်ဆောက်နိုင်ခြင်း မရှိသေးပါဘူး။
၂၀၂၁ ခုနှစ်အတွင်း တရုတ်-မြန်မာ ရပ်ဝန်းလမ်းကြောင်းစီမံကိန်းမှာ အရေးအပါဆုံးဖြစ်စဉ်က ‘တရုတ်(ယူနန်)-မြန်မာ(ရန်ကုန်)-အိန္ဒိယသမုဒ္ဒရာ ကွန်တိန်နာ ပင်လယ်ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်မှု လမ်းကြောင်းသစ်’ကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက် အချက်အခြာ ကျတဲ့ ချင်းရွှေဟော်-လင်ချမ်း နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းနဲ့ တရုတ်ရဲ့ ရပ်ဝန်းလမ်းကြောင်း အစီအမံ ချိတ်ဆက်ရေးအတွက် အရေးပါတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကွမ်းလုံတံတားသစ်ကို ၂၀၂၃ ခုနှစ်မှာ အပြီးတည်ဆောက်သွားမယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းမှုဇုန်မှာ အဓိကလမ်းကြောင်းဖြစ်လာမယ့် ချင်းရွှေဟော်-မိန်းတိန် နယ်စပ်ဂိတ်ပေါက်အသစ် ဖွင့်လှစ်ဖို့ နှစ်နိုင်ငံ ကွင်းဆင်းလေ့လာတာတွေ၊ ဝန်ကြီးအဆင့်ဆွေးနွေးမှုတွေ ရှိပေမဲ့ ကိုဗစ်ကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ် တွေကို ပိတ်ထားရတာတွေ၊ နယ်စပ်မှာ ကုန်သွယ်မှုမမျှတခြင်းနဲ့ တင်းမာမှုတွေကြောင့် ရှေ့ဆက်နိုင်ခြင်း မရှိသေးတာ တွေ့ရပါတယ်။
ဒါပေမဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းကစပြီး တရုတ်သံရုံးရဲ့ Facebook စာမျက်နှာမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း အတူတကွအကောင်အထည်ဖော်ရေးကို အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ဖော်ထုတ် ပြောဆို လာပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မူဝါဒအပြောင်းအလဲလုပ်တဲ့အခါမှာ အာဘော် ဖန်တီးလေ့ရှိတာကြောင့် ဒီလို ပြန်လည်ပြောဆိုလာတာဟာ သတိချပ်စရာဖြစ်ပါတယ်။ ဆွေးနွေးနေဆဲ စီမံကိန်းတွေကို အလျင်အမြန် အတည်ပြုဖို့ ကြိုးပမ်းမှုတွေ ရှိလာနိုင်ပေမဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ကိုဗစ်ကပ်ဘေး ထိန်းချုပ်ကန့်သတ်မှု တွေကြောင့် စီမံကိန်းတွေ မြေပြင်မှာ အကောင်အထည်ဖော်ဖို့တော့ စိန် ခေါ်မှုတွေ များစွာရှိနေဦးမှာ ဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ လက်ရှိ ကျင့်သုံးနေတဲ့ ကုန်သွယ်ရေးဂိတ်တွေပိတ်တာ၊ တံတိုင်းတွေ တည်ဆောက်ပြီး နယ်စပ်ကိုတင်းကျပ်တဲ့ မူဝါဒနဲ့ နှစ်နိုင်ငံနယ်စပ် ကူးလူးဆက်ဆံရေးကို ဦးတည်တဲ့ စီးပွားရေး စင်္ကြံစီမံကိန်းဟာ ပြဒါးတလမ်းသံတလမ်း ဖြစ်နေပါတယ်။ ဒါ့အပြင် မြစ်ဆုံဆည်စီမံကိန်းကရတဲ့ အတွေ့အကြုံ အရ မြန်မာပြည်သူလူထုရဲ့ တရုတ်နိုင်ငံနဲ့ တရုတ်စီမံကိန်းတွေအပေါ်ထားတဲ့ သဘောထားဟာလည်း စီးပွားရေး စင်္ကြံလမ်း စီမံကိန်းတွေ အဓိကရင်ဆိုင်ရမယ့် စိန်ခေါ်မှုပဲဖြစ်ပါတယ်။
◉ တရုတ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများနှင့် ပဋိပက္ခလားရာ
မြန်မာနိုင်ငံအတွင်း စီးပွားရေးစင်္ကြံစီမံကိန်းတွေထဲက မဟာဗျူဟာကျတဲ့ စီမံကိန်းတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသများမှာ အများဆုံးဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် (EAOs) အနည်းဆုံး ခုနစ်ဖွဲ့ထက်မနည်း လှုပ်ရှားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းကြီးတွေ အခြေတည်မှာဖြစ်သလို မူဆယ်-မန္တလေးရထား လမ်းလို စီမံကိန်းကလည်း လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေတဲ့ မြို့နယ်တွေကို အများဆုံးဖြတ်သန်းပြီး တည်ဆောက်ရမှာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ EAOS တွေ အကြား၊ EAOs အချင်းချင်း အကြား၊ အသစ်ပေါ် ပေါက်လာတဲ့ ဒေသခံကာကွယ်ရေးတပ် (PDF/LDF/CDF/KNDF စသဖြင့်) တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေကြောင့် ပဋိပက္ခမြေပုံလည်း ကျယ်ပြန့်ပြောင်းလဲလာပါတယ်။
ဒါ့အပြင် စီးပွားရေးစင်္ကြံစီမံကိန်းများရဲ့ ဆုံချက်ဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှမ်းတိုင်းရင်းသား လက်နက် ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား နယ်မြေလွှမ်းမိုးရေး စစ်ပွဲတွေက ပဋိပက္ခအခင်းအကျင်းကို အဓိကပုံဖော်နေပါတယ်။
SSPP အဖွဲ့ဟာ (တရုတ်နဲ့ နီးစပ်တဲ့ အဖွဲ့တွေလို့ အညွှန်းခံရလေ့ရှိကြတဲ့) တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့နဲ့ ပူးပေါင်းပြီး ရှမ်းပြည်နယ် အတွင်း ထိုးစစ်ဆင်ခဲ့တာကြောင့် RCSS အဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သူထိန်းချုပ်ထားတဲ့ နယ်မြေ အများအပြားဆုံးရှုံးခဲ့ရပါတယ်။ ဒီအထဲကမှ RCSS အဖွဲ့ နောက်ဆုတ်ပေးလိုက်ရတဲ့ မန့်ဟီးရိုးမြို့နယ်က လှုပ်ရှားနယ်မြေတွေဟာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ဖို့ တရုတ်က ပြင်ဆင်ထားတဲ့ နေရာတွေ ဖြစ်ပါတယ်။ တခါ မူဆယ်-မန္တလေး ရထားလမ်းဖြတ်သွားမယ့် ကျောက်မဲမြို့နယ်အတွင်းက နယ်မြေတွေကိုလည်း RCSS အဖွဲ့ ဆုံးရှုံးခဲ့ရသလို ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့အထိ နယ်မြေဆုတ်ခွာ ပေးရခြင်းတွေ ရှိခဲ့ပါတယ်။
ထူးခြားချက်တခုက ရှမ်းပြည်မြောက်ပိုင်းမှာ RCSS အဖွဲ့ကို အပြင်းအထန် တိုက်ထုတ်ပြီး စစ်ရေးအရ တရုတ်နဲ့ နီးစပ်တဲ့ အဖွဲ့တွေလို့ အညွှန်းခံရလေ့ရှိကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ အားသာနေချိန် ဩဂုတ်လကုန်ပိုင်းမှာ တရုတ်(ယူနန်)-မြန်မာ(ရန်ကုန်)-အိန္ဒိယသမုဒ္ဒရာ ကွန်တိန်နာ ပင်လယ်ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲ ပို့ဆောင်မှု လမ်းကြောင်းသစ်ကို စတင်ပြေးဆွဲခဲ့တာဖြစ်ပါတယ်။
ဒီပြေးဆွဲမှုမတိုင်မီ ဇူလိုင်လထဲ စစ်ကောင်စီနဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ မူဆယ်မြို့နယ် မုန်းကိုးမြို့အနီးမှာ တိုက်ပွဲတွေ ဆက်တိုက်နီးပါး ဖြစ်ခဲ့ပါသေးတယ်။ အခုချိန်အထိလည်း MNDAA အဖွဲ့ရဲ့ တိုက်ပွဲဆင်မှုတွေ ဆက်ရှိနေ ပါတယ်။
MNDAA အဖွဲ့ဟာ ကိုးကန့်ဒေသမှာ လှုပ်ရှားနေရာက မုန်းကိုး၊ ဖောင်းဆိုင် အထိ နယ်မြေချဲ့ထွင်လာသလို သိန္နီဘက်ကိုလည်း လှုပ်ရှားလာတာကို တွေ့ရပါတယ်။ သိန္နီလမ်းကြောင်းဟာ ချင်းရွှေဟော်ကနေ ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်မှုလမ်းကြောင်းသစ်ရဲ့ အစိတ်အပိုင်းဖြစ်လာမှာက သတိပြု စရာပါပဲ။ မူဆယ်မြို့နယ်၊ မုန်းကိုးမြို့နယ်ခွဲနဲ့ ကြူကုတ်-ပန်ဆိုင်းမြို့နယ်ခွဲတွေမှာပါ စစ်ကောင်စီနဲ့ MNDAA အဖွဲ့အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ပါတယ်။ မြင်သာတဲ့အချက်တခုက အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်-မြန်မာနယ်စပ်မှာ MNDAA အဖွဲ့က အခြေစိုက်စခန်း ချဲ့ထွင်လိုတဲ့ အနေအထားကိုပါ တွေ့မြင်ရပါတယ်။ ကြူကုတ်-ပန်ဆိုင်းဘက်မှာလည်း စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီနေရာမှာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ဖို့ တရုတ်ဘက်က ရည်မှန်းထားပါတယ်။ MNDAA အဖွဲ့နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေကြောင့် တရုတ်ဘက်ခြမ်းကို လက်နက်ကြီးကျည်ကျခဲ့တာတွေ ရှိခဲ့ပြီး မြန်မာသံအမတ်ကို တရုတ်ဘက်က ချက်ချင်းခေါ်တွေ့ပြီး သတိပေးမှု လုပ်ခဲ့ပါတယ်။
နိုင်ငံအနှံ့ အပြန်အလှန်ပစ်ခတ်မှုနဲ့ တိုက်ပွဲတွေ အရှိန်မြင့်နေချိန်မှာ တရုတ်စီမံကိန်းတွေရဲ့ ဆုံချက်ဖြစ်တဲ့ ရှမ်းပြည်နယ်အတွင်း တရုတ်နဲ့နီးစပ်တဲ့ အဖွဲ့တွေလို့ အညွှန်းခံရလေ့ရှိကြတဲ့ EAOs တွေရဲ့ စစ်ရေးလှုပ်ရှားမှု၊ အထူးသဖြင့် စီးပွားရေးစင်္ကြံ တလျှောက်လှုပ်ရှားမှု၊ နယ်မြေ စိုးမိုးမှုနဲ့ စစ်ရေးအရအသာစီးရဖို့ ကြိုးပမ်းချက်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပထဝီနိုင်ငံရေးအရ သံလွင်မြစ်အရှေ့ခြမ်းကို လွှမ်းမိုးထားဖို့ တရုတ်ဘက်က ပြင်ဆင်နေခြင်းလား၊ ဒါမှမဟုတ် သူနဲ့နီးစပ်တယ်လို့ အညွှန်းခံရလေ့ရှိတဲ့ EAOs တွေကတဆင့် ဩဇာဖြန့်ကျက်မှု ပိုခိုင်မာအောင် ကြားခံတည်ဆောက်ထားလိုခြင်း၊ တရုတ် အကျိုးစီးပွားများအတွက် ဘက်စုံ လုံခြုံရေးအာမခံချက် ပိုခိုင်မာစေလိုခြင်းလားဆိုတာ စောင့်ကြည့်ရမယ့်ကိစ္စ ဖြစ်ပါတယ်။
∎ နိဂုံး
ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အချက်အလက်တွေကနေ သုံးသပ်ရင် မြန်မာ့အရေး ကိုင်တွယ်ရာမှာ တရုတ်နိုင်ငံရဲ့ မူဝါဒကို လွှမ်းမိုးပုံဖော်တဲ့ အခြေခံစဉ်းစားချက် သုံးချက်ကို တွေ့ရပါတယ်။ ပထမတချက်ကတော့ နယ်စပ်တလျှောက် ကိုဗစ် ထိန်းချုပ်ကာကွယ်ရေးအတွက် နယ်စပ်ကုန်သွယ်ရေးတွေကို ပိတ်ခဲ့တာတွေအပြင် နယ်စပ်ခြံစည်းရိုးတွေကို အရှိန်မြှင့် တည်ဆောက်ခဲ့တာတွေဟာ ကိုဗစ်ကပ်ဘေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုရဲ့ နောက်ဆက်တွဲ လူမှုစီးပွား ဂယက်တွေ တရုတ်နိုင်ငံဘက်ကို လျှံကျမလာရေး ဦးစားပေး ကိုင်တွယ်နေတယ် လို့ သုံးသပ်ရပါတယ်။ နယ်စပ်ကုန်သွယ်ရေး အလုံးစုံ ပြန်လည်ဖွင့်ဖို့ ကြိုးပမ်းမှုတွေရှိနေပေမဲ့ ကပ်ဘေးနဲ့ နိုင်ငံရေး အခြေအနေ ပေးထားချက်တွေအရတော့ နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်ဖြစ်ဖို့ အလားအလာ နည်းနိုင်ပါတယ်။ ဒုတိယတချက်ကတော့ တရုတ်နိုင်ငံအတွက် အရေးပါတဲ့ စီမံကိန်းကြီးတွေရှိတဲ့ ဒေသတွေမှာ တရုတ်နဲ့ နီးစပ်တဲ့ အဖွဲ့တွေလို့ အညွှန်းခံရလေ့ရှိကြတဲ့ EAOs တွေ နယ်မြေစိုးမိုးဖို့ ဆောင်ရွက်လာတာကလည်း မြန်မာ့နိုင်ငံရေးမှာ တရုတ်နိုင်ငံရဲ့ ပထဝီနိုင်ငံရေး စဉ်းစားချက်ကို လျစ်လျူရှုထားလို့ မရနိုင်တာကို ဖော်ပြနေ ပါတယ်။ နောက်ဆုံးတချက်ကတော့ စစ်ကောင်စီအနေနဲ့ စီးပွားရေးစင်္ကြံလမ်း စီမံကိန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု တွေဝင်လာဖို့ အားထုတ်ကြိုးပမ်းမှုတွေရှိပေမဲ့ တရုတ်နိုင်ငံဘက်ကနေ သိသာတဲ့ ရင်းနှီးမြှုပ်နှံမှုမရှိတာဟာလည်း နိုင်ငံရေးအကဲဆတ်မှုတွေကြောင့် (နိုင်ငံတကာနဲ့ မြန်မာပြည်တွင်းမှာ တရုတ်ကို ဗီလိန်အဖြစ် လုံးလုံး လျားလျား ရှုမြင်ခံရမယ့်အရေး ရှောင်ရှားချင်တာကြောင့်) စီမံကိန်းတွေကို တွန်းတွန်းတိုက်တိုက်မလုပ်ဘဲ အချိန်တခုကို စောင့်နေတယ်လို့ သုံးသပ်ရပါ တယ်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရဲ့ အဓိကကျတဲ့ စီမံကိန်းတွေဖြစ်ပြီး တရုတ်သမ္မတခရီးစဉ်အတွင်း အကောင် အထည်ဖော်ဖို့ တိုက်တွန်းထားတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ စီးပွားရေးဇုန်စီမံကိန်း၊ မူဆယ်-ရွှေလီ နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ချင်းရွှေဟော်-လင်ချမ်း နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီဘက်က တွန်းတွန်းတိုက်တိုက် ပြင်ဆင်တာတွေ ရှိနေပေမဲ့ တကယ်တမ်း အောက်ခြေမှာ သိသာတဲ့ တိုးတက်ပြောင်းလဲမှု မရှိသေးပါဘူး။ အခြား အရေးပါတဲ့ တရုတ်စီမံကိန်းကြီးတွေကိုလည်း အကောင် အထည်ဖော်ရေး လုပ်ငန်းစဉ်ပိုင်းဆိုင်ရာ ဆွေးနွေး ပြင်ဆင်တာတွေ ရှိပေမဲ့ မြေပြင်မှာ လက်တွေ့အကောင်အထည်ဖော်မှုတွေ မရှိခဲ့တာ တွေ့ရပါတယ်။
အထူးသဖြင့် တရုတ် အကျိုးစီးပွား ရေချိန်ကို စဉ်းစားတဲ့အခါ အမြင်ဟောင်း ဖြစ်တဲ့ ‘မြန်မာနိုင်ငံမှာ တက်လာသမျှ အစိုးရတိုင်းကို သူ့အစိုးရသဖွယ် သဘောထားပြီး ကာကွယ်မှုပေးလိမ့်မယ်’ဆိုတဲ့ ရှုမြင်ချက်က လုံလောက်မှု မရှိတော့ပါဘူး။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ တုံ့ပြန် ချဉ်းကပ်ပုံတွေကို ပိုင်းခြားတဲ့အခါ (၁) နိုင်ငံရေး ရေခံမြေခံကို ပိုသတိထားပြီး မြန်မာ့အရေးကြောင့် တရုတ်ရဲ့ပုံရိပ် ဗီလိန်အဖြစ် သမုတ်ခံမယ့် အခြေအနေမျိုးကို ဂရုထား ရှောင်ကြဉ်လိုတာ၊ အနောက်နိုင်ငံတွေက မြန်မာ့အရေးပေါ် မူတည်ပြီး မြန်မာနဲ့ ဒေသတွင်းနိုင်ငံရေး (ဥပမာ အာဆီယံ-တရုတ်ဆက်ဆံရေး)မှာ တရုတ်ရဲ့ဩဇာကို လျှော့ချဖို့ ကြိုးပမ်းမှု မျိုးကို ရှောင်ရှားလိုတာ၊ (၂) သမားရိုးကျ မဟာဗျူဟာ လုံခြုံရေးနဲ့စီးပွားရေး အကျိုးစီးပွားတွေကိုလည်း ဆုံးရှုံးစရာ မလိုဘဲ အချိန်တန်တာနဲ့ တပြိုင်နက်လက်ဦးမှုယူနိုင်အောင် လုံခြုံရေးအား၊ ဓနဩဇာအားကြီးသူ၊ အဆုံးအဖြတ်ပေးနိုင်သူ အခန်းကဏ္ဍမျိုးဖြစ်အောင် တရစ်ချင်းတည်ဆောက်တာ (၃) ကိုဗစ်ရောဂါဘေးလို မြန်မာပြည်တွင်းကနေ အပြင်ကို ဖိတ်လျှံကျလာမယ့် သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးပြဿနာတွေကြောင့် တရုတ်နိုင်ငံအပေါ် ဆက်နွှယ်ထိခိုက်မယ့်အရေးကို အထူးအရေးပေး ကိုင်တွယ်လာတာ စတဲ့ အချက်သုံးချက်ကို တွေ့ရပါတယ်။ ဒါကြောင့် တရုတ်အကျိုးစီးပွားရေချိန်ကို ချိန်ထိုးရာမှာ ဖော်ပြပါအချက်သုံးချက်ကို ဆက်စပ်ပေါင်းစည်း စဉ်းစားတဲ့ နိုင်ငံရေးဘောဂဗေဒအမြင် ပိုမိုလိုအပ်လာပါတယ်။
The post တရုတ်အကျိုးစီးပွားရေချိန် – နိုင်ငံရေးဘောဂဗေဒအမြင်ဖြင့် ရှုမြင်ရန် ပိုမိုလိုအပ်လာသော အခြေအနေ appeared first on ISP Myanmar China Desk.
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်း (၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ)
( ISP-Myanmar က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က စတင်ဖော်ပြခဲ့သည့် တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ  ၃၁ ရက်အထိ ဖော်ပြထားခြင်းဖြစ်သည်။)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ အငြင်းပွားဖွယ်ရာအဖြစ် ဆက်ရှိနေသည်။ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် မြန်မာ့အရေး ဆွေးနွေးကြရာ၌ တရုတ်နိုင်ငံသည် အာဏာသိမ်း စစ်ကောင်စီဘက်မှ အကြိမ်ကြိမ် ရပ်တည်ခဲ့သဖြင့် ပြည်တွင်း၌လည်း တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ဆန္ဒပြပွဲများ ဖြစ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံ အတွင်းရှိ နိုင်ငံရေး အပြောင်းအလဲများသည် ပြည်တွင်းရေးသားဖြစ်ပြီး ပြင်ပဖိအားဖြင့် ဝင်ရောက် စွက်ဖက် ခြင်း မပြုလုပ်ကြရန် တရုတ်နိုင်ငံက အကြိမ်ကြိမ် ပြောခဲ့ပါသည်။
၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်နိုင်ငံ၏ ရပ်တည်ချက်များသည် တရုတ်- မြန်မာ ဆက်ဆံရေးအပေါ် ပုံဖော်ခဲ့သည့် နည်းတူ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး ဖြစ်စဉ်များတွင် လည်း တရုတ်၏ လွှမ်းမိုးမှုများရှိခဲ့သည်။ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့ခြင်းများပြု လုပ်ခဲ့သော်လည်း ကုလသမဂ္ဂ စင်မြင့်အပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် စစ်အစိုးရကို ကာကွယ်ပေးခြင်း၊ နယ်စပ်စီးပွားရေး လမ်းကြောင်းများကို ဖွင့်လှစ်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းကို တရုတ်နိုင်ငံက ဖော်ဆောင်ခဲ့သဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသော မိတ်ဖက်နိုင်ငံတခုအဖြစ် ပေါ်ထွက်လာခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ယခုဖြစ်ခဲ့သည့် စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်၏ တုန့်ပြန်မှု၊ နိုင်ငံတကာ အသိုင်းအဝိုင်း၌ ရပ်တည်ပေးမှု၊ စစ်ကောင်စီနှင့် အပြန်အလှန်ထိတွေ့ ဆက်ဆံမှုများသည် တရုတ်၏ မြန်မာ နိုင်ငံပေါ်ထားရှိသည့် ရပ်တည်ချက်၊ မူဝါဒ၊ သဘောထားမျာအပေါ် ထင်ဟပ်သည့် သမိုင်းမှတ်တမ်းများနှင့် စဉ်ဆက်မပြတ် လေ့လာအပ်သော အကြောင်းအရာများ ဖြစ်လာပါလိမ့်မည်။ အောက်တွင် ဖော်ပြထားသော အချက်အလက်များသည် စစ်ကောင်စီလက်ထက် တရုတ်နှင့်မြန်မာ အပြန်အလှန်ဆက်ဆံရေး၊ အရေးပါသော အချိုးအကွေ့မှတ်တမ်းများအပေါ် လေ့လာနိုင်မည်ဖြစ်ပါသည်။
၂၀၂၁၊ ဒီဇင်ဘာ ၃၁
ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများအားယူနန်ပြည်နယ်ပြည်ပချစ်ကြည်ရေးအသင်းမှ လှူဒါန်းပေးအပ်သည့် အခမ်းအနားမြင်ကွင်း
Photo – Chinese Embassy in Myanmar
ယူနန်ပြည်နယ်ပြည်ပချစ်ကြည်ရေးအသင်းက စစ်ကောင်စီ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ လှူဒါန်းပေးအပ်သည့်အခမ်းအနား ကျင်းပခဲ့သည်။ ယူနန်ပြည်နယ် ပြည်ပချစ်ကြည်ရေးအသင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အောက်ဆီဂျင်စက် ၅၄ လုံး၊ အသက်ရှူစက် ၁၅ လုံး၊ ECG Monitor စက် ၂၁ လုံးနှင့် သွေးတွင်းအောက်ဆီဂျင်တိုင်းစက် အလုံး ၁၀၀ လှူဒါန်းပေးအပ်ခဲ့ရာ စုစုပေါင်းတန်ဖိုး တရုတ်ယွမ်ငွေ ခြောက်သိန်းရှစ်သောင်းရှိသည်။
၂၀၂၁၊ ဒီဇင်ဘာ ၃၀
နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များအတွက် တရုတ်အစိုးရက ထောက်ပံ့ငွေလှူဒါန်းပွဲ အခမ်းအနားမြင်ကွင်း
Photo – Thet Thet Khine Fb
တရုတ်သံအမတ် ချန်းဟိုင်သည် စစ်ကောင်စီ လူကယ်ပြန်ဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံ၍ တရုတ်အစိုးရက မြန်မာနိုင်ငံမြောက်ပိုင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များတွင် အထောက်အကူပြုနိုင်ရန် အမေရိကန်ဒေါ်လာသုံးသိန်း လှူဒါန်းခဲ့သည်ဟု စစ်ကောင်စီသတင်းစာက ဖော်ပြထားသည်။​ တရုတ်သံအမတ်က ယခုလှူဒါန်းမှုသည် ငြိမ်းချမ်းရေး ဖော်ဆောင်မှုများအတွက် နှစ်စဉ်အမေရိကန်ဒေါ်လာ တသန်းလှူဒါန်းမှု၏ အစိတ်အပိုင်းဖြစ်ပြီး ယခုအကြိမ်သည် ခြောက်ကြိမ်မြောက်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး၊ လူသားချင်းစာနာ ထောက်ထားရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်ကြောင်း ပြောသည်။ ဒေါက်တာသက်သက်ခိုင်က အဆိုပါလှူဒါန်းငွေများကို (၁) ကချင်ပြည်နယ်အတွင်းရှိ IDP စခန်းများမှ အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများကို သက်မွေး ပညာရပ်များ သင်ကြားပေးပြီး မ တည်ရင်းနှီးငွေပေးအပ်ခြင်း၊ (၂) ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား နေပြည်တော်တွင် သင်တန်းဖွင့်လှစ်ပို့ချပေးခြင်း၊ (၃) မြစ်ကြီးနားမြို့၊ ငွေပျော်စံပြကျေးရွာရှိ မူလတန်းကြိုကျောင်း အားကစားကွင်း ဆောက်လုပ်ပေးခြင်း စသည့်လုပ်ငန်းများတွင် အသုံးပြုသွားရန် လျာထားကြောင်း ထုတ်ပြန်သည်။
၂၀၂၁၊ ဒီဇင်ဘာ ၃၀
တရုတ်အစိုးရမှတည်ဆောက်ပေးခဲ့သည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကျေးရွာဖွံ့ဖြိုးရေး ဆိုင်ရာ စီမံကိန်းအား မြန်မာဘက်သို့ လွှဲပြောင်းသည့် အခမ်းအနားကိုတွေ့ရစဉ်။
Photo – Chinese Embassy in Myanmar
တရုတ်အစိုးရ အကူအညီဖြင့် တည်ဆောက်ခဲ့သည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကျေးရွာဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းပြီးစီးသောကြောင့် မြန်မာဘက်သို့ လွှဲပြောင်းသည့် အခမ်းအနားကို ကျင်းခဲ့သည်။ ထိုစီမံကိန်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် နေပြည်တော်၊ အေးချမ်းသာနှင့် မင်းပြင် စံပြကျေးရွာ နှစ်ရွာတွင်စတင် အကောင် အထည်ဖော်ခဲ့ပြီး လမ်းများ၊ သောက်သုံးရေစီမံကိန်းများ၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊ စာသင်ကျောင်း ဆောင် တည်ဆောက်ခြင်း၊  စိုက်ပျိုးရေးမွေးမြူရေးသင်တန်းများ၊ ရပ်ရွာ ပတ်ဝန်းကျင် စီမံအုပ်ချုပ်ရေး အတွေ့အကြုံများ မျှဝေခြင်းတို့ကို တရုတ်အစိုးရ အကူအညီများဖြင့် ပြုလုပ်ခဲ့ကြောင်း သံရုံးမှ ထုတ်ပြန်ခဲ့သည်။ တရုတ်သံအမတ်ချန်းဟိုင်က တရုတ်အနေဖြင့် မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် ဆောင်ရွက် သွားမည်ဖြစ်ပြီး အခြေခံ အဆောက်အအုံများ ကောင်းမွန်လာစေရေးအတွက် ဆက်တိုက်ကူညီကာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေး နည်းပညာအဆင့်အတန်းများ မြင့်မားရေး၊ လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရေးတို့ကို တွန်းအားပေးမည်ဖြစ်ကြောင်းပြောခဲ့သည်။‌
၂၀၂၁၊ ဒီဇင်ဘာ ၃၀
၂၀၂၁ ခုနှစ်အတွင်း တရုတ်သံတမန်ရေးအခြေအနေနှင့် ဆက်စပ်သော တွေ့ဆုံမေးမြန်းခန်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် မြန်မာ၊ အာဖဂန်စသည့် အရေးကိစ္စရပ်များတွင် တည်ငြိမ်မှုရရှိရေးအတွက် ဒေသတွင်းနိုင်ငံများနှင့် နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ပြန်လည်စတင်နိုင်ရေးအတွက် ဘက်ပေါင်းစုံတွေ့ဆုံဆွေးနွေးရေးကို အားပေးမြှင့်တင်လျက်ရှိကြောင်း ပြောကြားသည်။
​​၂၀၂၁၊ ဒီဇင်ဘာ ၂၉
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံမှထောက်ပံ့လှူဒါန်းသည့် အခမ်းအနားမြင်ကွင်း Photo – မြန်မာ့အလင်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် အထောက်အကူပြုစေရန်အတွက် တရုတ်အစိုးရက စုစုပေါင်း အမေရိကန်ဒေါ်လာ ငါးသိန်း ထောက်ပံ့လှူဒါန်းသည့်  အခမ်းအနားကို နေပြည်တော်တွင် ကျင်းပသည်။ အဆိုပါ အခမ်းအနားသို့ တရုတ်သံအမတ်ချန်းဟိုင်၊ စစ်ကောင်စီ၏ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC-U)  မှ ဒုဥက္ကဋ္ဌ ဦးပြည့်စုံနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်ဟု စစ်ကောင်စီသတင်းစာက ဖော်ပြသည်။ အခမ်းအနားတွင် တရုတ်နိုင်ငံက အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအဆင့်ဆင့်သို့ အမေရိကန်ဒေါ်လာသုံးသိန်းနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) သို့ အမေရိကန်ဒေါ်လာနှစ်သိန်း လှူဒါန်းခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ ယခုအကြိမ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံမှ ခြောက်ကြိမ်မြောက်လှူခြင်းဖြစ်ပြီး ယခင်အကြိမ်များတွင် တကြိမ်လျှင် အမေရိကန်ဒေါ်လာတသန်းနှုန်းဖြင့် လှူဒါန်းခဲ့ကြောင်းသိရသည်။​
​​၂၀၂၁၊ ဒီဇင်ဘာ ၂၉
မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အဓိကျသော မန္တလေး-လားရှိုး-မူဆယ်လမ်းကြောတွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေး၊ ကုန်ပစ္စည်းကြန့်ကြာမှု မရှိစေရေးအတွက် လားရှိုးမြို့ နားကွမ်းလုံတိုးဂိတ်တွင် စစ်ဆေးရေး ဂိတ်ထားရှိသွားမည်ဖြစ်ကြောင်း စစ်ကောင်စီသတင်းစာက ဖော်ပြခဲ့သည်။ ကုန်ပစ္စည်းများကို ကြိုတင်ခွင့်ပြုမိန့် ရယူပြီးမှသာ အဆိုပါ စစ်ဆေးရေးဂိတ်မှ ဖြတ်ခွင့်ပြုမည်ဖြစ်ပြီး ခွင့်ပြုမိန့် ရယူထားခြင်းမရှိသော ပို့ကုန်ယာဉ်များကို ဖြတ်သန်းခွင့်မပြုဘဲ ပြန်လည်စေလွှတ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
​​၂၀၂၁၊ ဒီဇင်ဘာ ၂၈
တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက  မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို ဆိုင်နိုဖမ်း (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ရေ နှစ်သိန်းစာ လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက ထောက်ပံ့ပေးသည့် ကာကွယ်ဆေး အလုံးရေ သန်း ၄၀ ရှိပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို ကပ်ရောဂါ အကူအညီများ ဆက်လက် ပေးသွားမည် ဖြစ်ကြောင်း အဆိုပါအခမ်းအနားကို တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူး လီရှောင်ယန်းက ပြောခဲ့သည်။
၂၀၂၁ ဒီဇင်ဘာ ၂၆
မြန်မာ-ဟူဘေး ကုန်သည်ကြီးများအသင်းစတင်တည်ထောင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံမှစီးပွားရေးသံမှုး နှင့် တရုတ် ကုန်သည်ကြီးများအသင်းများတာဝန်ရှိသူများ ဟူဘေးပြည်နယ်အခြေစိုက် ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများနှင့်တရုတ်ကုန်သည် ၁၀၀ကျော် တတ်ရောက်ခဲ့ကြောင်း တရုတ် သတင်း မီဒီယာများကဖော်ပြခဲ့သည်။မြန်မာ-ဟူဘေး ကုန်သည်ကြီးများအသင်းအနေဖြင့် တရုတ် ကုန်သည်များ စက်မှုလက်မှုလုပ်ငန်းများ မှ တာဝန်ရှိသူများ နှင့်မြန်မာ ကြားပိုမိုရင်းနှီးချစ်ကြည်ရေး၊ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့် ဟူဘေးပြည်နယ်ရှိ တရုတ်လုပ်ငန်းရှင်များအဆင်ပြေချောမွေ့စေရန် ဝန်ဆောင်မှုများပေးအပ်ခြင်းတို့ကို အဓိကထားလုပ်ဆောင်ရန် လိုအပ်ကြောင်း တရုတ်သံရုံးမှ ညွှန်ကြားခဲ့ကြောင်းရေးသားထားသည်။ ထို့အပြင်မြန်မာနိုင်ငံတွင်ကိုဗစ်ကပ်ဘေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများတွင် တရုတ်ရင်းနှီးမြှုပ်နှံသူများ လုံခြုံစေရန် ဂရုပြုကူညီပေးရန် လည်းလိုအပ်ကြောင်း သံရုံးမှပြောဆိုခဲ့သည်။ ဟူဘေးပြည်နယ်မှ မြန်မာနိုင်ငံတွင်ဘိလပ်မြေထုတ်လုပ်သည့် လုပ်ငန်းတွင်ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထားကြောင်းသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
၂၀၂၁၊ ဒီဇင်ဘာ ၂၄
ယွမ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေခြင်းဆိုင်ရာ ရှင်းလင်းခြင်း အခမ်းအနားကိုတွေ့ရစဉ်
Photo – မြန်မာ့အလင်း
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေခြင်းဆိုင်ရာ ရှင်းလင်းခြင်း အခမ်းအနားကို ဗဟိုဘဏ်က ရန်ကုန်မြို့ ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် ပြုလုပ်ခဲ့သည်။ ဗဟိုဘဏ်ဒုဥက္ကဋ္ဌက ရည်ရွယ်ချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် ရရှိလာမည့် အကျိုးကျေးဇူးများကို အသေးစိတ်ရှင်းလင်းခဲ့ပြီး မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တရုတ်ဘဏ်များဖြစ်သည့် Bank of China နှင့် Industrial and Commercial Bank of China တို့မှ တာဝန်ရှိသူများက ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုကိစ္စရပ်များကို ရှင်းလင်းခဲ့သည်။ ကုန်သည် လုပ်ငန်းရှင်များက ဘဏ်လုပ်ငန်းဆိုင်ရာ အစီအစဉ်များ၊ ငွေပေးချေမှုနည်းလမ်းများ၊ အဆိုပြုရမည့် ငွေလဲလှယ်နှုန်းများ၊ နယ်စပ်ကုန်သွယ်ရေးအတွက် ရယူရမည့် ကုန်သွယ်မှုဆိုင်ရာ အထောက်အထားများ၊ ငွေကြေးထောက်ပံ့မှု အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း UMFCCI က သတင်း ထုတ်ပြန်ထားသည်။ UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ယွမ်/ကျပ်တိုက်ရိုက်ပေးချေနိုင်ခြင်းကြောင့် ဒေါ်လာငွေစျေး အဆမတန်မြင့်တက်ခြင်းကို ကုစားကာကွယ်နိုင်မည်ဖြစ်ကြောင်း ဒေါ်လာငွေကိုတဆင့်ခံ အသုံးပြုစရာမလိုတော့သည့်အတွက် ငွေလွှဲပြောင်းခ သက်သွားမည်ဖြစ်ကြောင်း၊​ တရားဝင်ဘဏ်များမှ ချိတ်ဆက်လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် တရားမဝင်ကုန်သွယ်မှုကိုကြပ်မတ်ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်နိုင်မည်ဟုပြောခဲ့သည်။
၂၀၂၁၊ ဒီဇင်ဘာ ၂၄
တရုတ်နိုင်ငံမှ လက်ခံရရှိသော ရေငုပ်သင်္ဘော မင်းရဲကျော်ထင်၏ တပ်တော်ဝင် အခမ်းအနား
Photo – The Irrawaddy
မြန်မာ စစ်တပ်သည် Type-035G ဟု ခေါ်သော Ming Class ရေငုပ်သင်္ဘောကို တရုတ်နိုင်ငံမှ လက်ခံရယူခဲ့ သည်။ ထိုရေငုပ်သင်္ဘောကို မင်းရဲကျော်ထင်ဟု အမည်ပေးခဲ့ပြီး တပ်တော်ဝင် အခမ်းအနားကို တပ်မတော်ရေ၏ ၇၄ နှစ်မြောက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသည်။ ထိုအခမ်းအနားကို စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်နှင့် တရုတ်သံအမတ် ချန်းဟိုင်တို့ တက်ရောက်ကြောင်း သိရှိရသည်။  Ming Class ရေငုပ်သင်္ဘော ဝယ်ယူခြင်းနှင့် ပတ်သက်၍ ဈေးနှုန်း မည်မျှပေးရသည်၊ အသစ် သို့မဟုတ် တပတ်ရစ်၊ မည်သည့် နည်းပညာများ တပ်ဆင်ထားသည်စသည့် သတင်းအချက်အလက် အသေးစိတ်ကို မူမသိရှိရချေ။
၂၀၂၁၊ ဒီဇင်ဘာ ၂၂
တရုတ်နှင့် လက်တွဲလုပ်ဆောင်နေသော ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အဦ စီမံကိန်းများ အမြန်ဆုံးပြန်လည်စတင်နိုင်ရန် စစ်ကောင်စီဘက်မှ လိုလားကြောင်း  ကြေညာချက်ကို စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ဝန်ကြီးဌာန နှစ်ခုပူးတွဲကာ  အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် စစ်ကောင်စီအနေဖြင့် ယခင်အစိုးရမှ တရုတ်သို့ အဆိုပြုခဲ့သည့် စီမံကိန်း ၉၇ ခုကို ပြန်ပြီးသုံးသပ်ခဲ့ကြောင်း ထိုစီမံကိန်းများမှာ တရုတ်သမ္မတရှီကျင့်ဖျင်ခရီးစဥ်အတွင်း တရုတ်မှမြန်မာသို့ပေးအပ်မည့် ယွမ်လေးဘီလီယံခန့်တန်ဖိုးရှိသည့် ဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီ၏အစိတ်အပိုင်းဖြစ်ကြောင်းဖော်ပြထားသည်။ ထို့အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် တရုတ်မှ ထောက်ပံ့ပေးမည့် ယွမ်သန်း ၂၀၀ တန် စီမံကိန်း ၁၅ ခုကိုလည်း ပြန်လည်သုံးသပ်ပြီးပြင်ဆင်ခဲ့ကြောင်း ထိုစီမံကိန်းများတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို အထောက်အကူပြုမည့် စီမံကိန်းများပါ၀င်သည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအောက်ရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းဆိပ်ကမ်းစီမံကိန်းမှာလည်း စစ်ကောင်စီက ဦးစားပေးအကောင်အထည်ဖော်လိုသည့် စီမံကိန်းများထဲတွင် ပါ၀င်ကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်။​ ပြည်တွင်းတွင် နိုင်ငံရေးအခြေအနေနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ တည်ငြိမ်လာပြီ ဖြစ်သောကြောင့် တရုတ်အကူအညီဖြစ်သော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ဦးစားပေး ဖော်ဆောင်သွားပါက နှစ်နိုင်ငံဆက်ဆံရေးတိုးတက်စေမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်စေရန် နယ်စပ်ကုန်သွယ်ရေးတွင် ယွမ်-ကျပ်တိုက်ရိုက်ပေးချေမှု ကျင့်သုံးမှုကိုခွင့်ပြုပေးခဲ့ကြောင်း ဖော်ပြထားသည်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်ဖျက်ဆီးမှုများလည်းသိသိသာသာကျဆင်းနေပြီး စစ်ကောင်စီအနေဖြင့် တရုတ်ရင်းနှီးမြှုပ်နှံမှု အခြေအနေတိုးတက်လာမည်ဟုလည်း ယုံကြည်ကြောင်းရေးသားထားသည်။ ထို့အပြင် တရုတ်နိုင်ငံမှ ကာကွယ်ဆေးများသည် ကြီးစွာသော အထောက်အကူဖြစ်ကြောင်း ကိုလည်း ဖော်ပြထားသည်။ တိုင်းပြည်တည်ငြိမ်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီဖြစ်သောကြောင့် စီးပွားရေးတည်ငြိမ်မှုလည်း ရှိလာမည် ဖြစ်ကြောင်း ကိုလည်း စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ဝန်ကြီးဌာနက ပူးတွဲထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းရေးသားထားသည်။
၂၀၂၁၊ ဒီဇင်ဘာ ၂၂
တရုတ်သံရုံးမှ Sinovac (ဆိုင်နိုဗက်) ကိုဗစ်-၁၉ ကာကွယ်ဆေးတသန်း လွှဲပြောင်းပေးအပ်သည့်အခမ်းအနား။ Photo – Chinese Embassy in Myanmar
တရုတ်အစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sinovac (ဆိုင်နိုဗက်) ကိုဗစ်-၁၉ ကာကွယ်ဆေးတသန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ အဆိုပါ ကာကွယ်ဆေးများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်းဟိုင်နှင့် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တို့တက်ရောက်ခဲ့ကြသည်။
၂၀၂၁၊ ဒီဇင်ဘာ ၂၂
တရုတ်သံအမတ်ချန်းဟိုင် အမှာစကားပြောကြားစဉ်။ Photo – Chinese Embassy in Myanmar
China National Pharmaceutical Group (Sinopharm) China National Biotec Group Co., Ltd (CNBG) နှင့် စစ်ကောင်စီ၏ စက်မှုဝန်ကြီးဌာနတို့အကြား ကိုဗစ်-၁၉ ကာကွယ်ဆေး မထုပ်ပိုးရသေးသောအရည် (RTF Bulk) ဝယ်ယူရေး သဘောတူ စာချုပ်လက်မှတ်ရေး ထိုးပွဲအခမ်းအနားကျင်းပခဲ့သည်။ ထိုအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် ချန်းဟိုင်က တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ကာကွယ်ဆေး အရည်ထုပ်ပိုးမှု ပူးပေါင်းဆောင်ရွက်မှုကြောင့် အနာဂတ်တွင် မြန်မာနိုင်ငံ၏ ကာကွယ်ဆေး လိုအပ်ချက်ကို ထိရောက်စွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းပြောခဲ့သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ကာကွယ်ဆေးစုစုပေါင်း  သန်း ၄၀ ထောက်ပံ့ခဲ့ကြောင်း တရုတ်သံရုံးက ထည့်သွင်းထုတ်ပြန်ခဲ့သည်။
၂၀၂၁၊ ဒီဇင်ဘာ ၂၀
ကွမ်းလုံတံတားသစ် စီမံကိန်းမြင်ကွင်း။ Photo – Chinese Embassy in Myanmar
တရုတ်၏ ရပ်ဝန်းတခုလမ်းကြောင်း ချိတ်ဆက်ရေးအတွက် အရေးပါသည့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွမ်းလုံတံတားသစ်ကို ဆက်လက်တည်ဆောက်နေပြီး  ၂၀၂၃ ခုနှစ် ဇွန်လ ၉ရက်တွင် ပြီးစီးရန်ရည်ရွယ်ထားကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ တရုတ်အကူအညီဖြင့် တည်ဆောက်နေသော တံတားသစ်စီမံကိန်း တည်ဆောက်ရေးအတွက် တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာနိုင်ငံကို လာရောက်စဉ်က သဘောတူညီသည့် စီမံကိန်းဖြစ်သည်။ တံတားသစ် တည်ဆောက်ရေးကို ၂၀၂၀ခုနှစ်ဒီဇင်ဘာလ ၁၀ရက်နေ့တွင် စတင်ခဲ့ပြီး  အရှည်မှာ ၂၈၆ မီတာခန့်ရှိမည်ဖြစ်သည်။ တံတား တည်ဆောက်ပြီးစီးပါက ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တရုတ်နိုင်ငံ ယူနန် နယ်စပ်ဒေသများတွင် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး အခြေအနေများ များစွာပိုမိုကောင်းမွန်လာစေမည်ဟု တရုတ်သံရုံးမှ ထည့်သွင်း ထုတ်ပြန်ထားသည်။
၂၀၂၁၊ ဒီဇင်ဘာ ၁၈-၁၉
ထပ်ဆောင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမှုမြင်ကွင်း
Photo- Xinhua Myanmar
မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံးကဦးစီး၍ မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ တရုတ်နိုင်ငံသား ၁,၁၀၀ ခန့် အတွက် ထပ်ဆောင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း တရုတ် သတင်းမီဒီယာများကဖော်ပြခဲ့သည်။ အဆိုပါဆောင်ရွက်မှုတွင် မန္တလေးမြို့ တရုတ်ကုန်သည် လုပ်ငန်းရှင်များအသင်း၊ တရုတ်အမျိုးအသား အသင်းအဖွဲ့များနှင့် မန္တလေးတိုင်း သက်ဆိုင်ရာဌာနများက ကူညီပေးခဲ့ကြောင်းသိရသည်။ ထိုအစီအစဥ်မှာ ပြည်ပရောက်တရုတ်များကို ကာကွယ်ဆေးထိုးနှံပေးသည့် “နွေဦး ရာသီ ကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှု” အစီအစဥ် အတိုင်း လုပ်ဆောင်ခြင်းဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ပြည်သူဗဟိုပြုဖွံ့ဖြိုးတက်ရေးအတွေးအခေါ် ၊ “ပြည်သူ့အတွက် သံတမန်ဆက်ဆံရေး”ကို နက်ရှိုင်းစွာ အကောင်အထည်ဖော်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၂၁ ဒီဇင်ဘာ ၁၇
မြန်မာ-တရုတ်နယ်စပ်ရှိ တရုတ်ဘက်ခြမ်းနယ်စပ်ဂိတ်တခုကိုတွေ့ရစဉ်။ Photo- Paukphaw
ကိုဗစ်ကပ်ရောဂါကြောင့် ကာလရှည်ပိတ်ထားခဲ့သည့် ကချင်ပြည်နယ်ရှိ မြန်မာ-တရုတ် နယ်စပ်ဂိတ် ကန်ပိုက်တီကိုပြန်လည် ဖွင့်လှစ်ခဲ့သည်။ တရက်လျှင် ကားအစီးရေ ၃၀ခန့်ကိုသာ ကုန်တင်ပို့ခွင့် ကန့်သတ်ထားပြီး ယာဉ် မောင်းလဲလှယ်စနစ်ဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း မြန်မာ ဘက်ဉီးစားပေးအနေဖြင့် တစ်သျှူးဌက်ပျော ကိုအဓိကပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းမီဒီယာများကို မြန်မာကုန်သည်များက ပြောသည်။
၂၀၂၁၊ ဒီဇင်ဘာ ၁၄
တရုတ်နိုင်ငံမှ မြန်မာအစိုးရ၀န်ထမ်းများကို လေ့ကျင့်သင်ကြားပေးမည့် သင်တန်း ဖွင့်လှစ်ပွဲကိုတွေ့ရစဉ်။ Photo – Foreign Affairs Ministry of China
တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ကြီးမှူးပြီး China National School of Administration မှ  စစ်ကောင်စီ၏ မြန်မာအစိုးရ၀န်ထမ်းများကို လေ့ကျင့်သင်ကြားပေးသည့် သင်တန်းကို ဖွင့်လှစ်ခဲ့သည်။ အဆိုပါ သင်တန်းတွင် မြန်မာမှ ဝန်ထမ်း ၄၅ ဦး တက်ရောက်ခဲ့သည်။ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမတ်ချန်းဟိုင်၊​ ဟောင်ကောင်နှင့် မကာအိုမှ အစိုးရဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးသည့် China National School of Administration မှ တာ၀န်ရှိသူများလည်း တက်ရောက်ကြသည်။ ဖွင့်ပွဲတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အရေးကြီးသော အိမ်နီးချင်းနိုင်ငံဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံသည် ပြည်သူများ၏ အကျိုးစီးပွားကို အဓိကထား၍ မျှဝေခံစားသည့် အနာဂတ်ကို ဗဟိုပြုကာ တရုတ်-မြန်မာ အသိုက်အဝန်းကို တည်ဆောက်ရန်အတွက် ရပ်ဝန်းလမ်းကြောင်း အစီအမံနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို တည်ဆောက်သွားရန် ကတိကဝတ်ပြုထားသည်။ ရှေ့ဆက်သွားမည့်လမ်းတွင် တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းကောင်း၊ မိတ်ဖက်ကောင်းများအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှု မြှင့်တင်ရေးအတွက် အရေးကြီးသော ကာလတခုဖြစ်သည်။ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြန်မာနိုင်ငံနှင့် အုပ်ချုပ်မှုနှင့် အုပ်ချုပ်မှုဆိုင်ရာ အတွေ့အကြုံ ဖလှယ်ရေး တရုတ်နိုင်ငံ အနေဖြင့် လိုလားကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထည့်သွင်းထုတ်ပြန်ထားသည်။
၂၀၂၁၊ ဒီဇင်ဘာ ၁၄
ယွမ်-ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်ကြောင်း ကြေညာချက်။ Photo – Central Bank of Myanmar
တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေနိုင်ရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန်နှင့် ပြည်တွင်းငွေကြေးသုံးစွဲမှုကို တိုးမြှင့်ရန်တို့အတွက် ရည်ရွယ်ကာ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် ယွမ်-ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည်။ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့်ဘဏ် (Designated Bank) များတွင် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်မည့် သွင်းကုန်တင်သွင်းသူများနှင့် ပို့ကုန်တင်ပို့သူများ၏ ယွမ်စာရင်း ဖွင့်လှစ်ခွင့်ပြုကြောင်းကိုလည်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီတွင် ယွမ်ငွေကို မြန်မာနိုင်ငံ၏ တရားဝင်ပေးချေမှုငွေကြေးအဖြစ် ထည့်သွင်းခဲ့ပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာတွင် ပြည်တွင်း၌ ယွမ်ငွေ တရားဝင်လဲလှယ်ခြင်းကို ခွင့်ပြုခဲ့သည်။ ယွမ်/ကျပ်တိုက်ရိုက်ပေးချေရာတွင် စမ်းသပ်ကာလအဖြစ် ယွမ် နှစ်ဘီလီယံခန့် ကိုထည့်၀င်အသုံးပြုသွားမည်ဖြစ် ကြောင်း တရုတ် အစိုးရအာဘော် Global Times သတင်းဌာနမှ ရေးသားခဲ့သည်။  ထိုပမာဏ တရုတ်နှင့်မြန်မာ နယ်စပ်ကုန်သွယ်ရေးစုစုပေါင်းတန်ဖိုး၏ ၃၀ရာခိုင်နူန်းခန့်ရှိကြောင်း ရေးသား ထားသည်။​ ယွမ်/ကျပ်တိုက်ရိုက်အသုံးပြုပေးချေမှုကြောင့် နိုင်ငံတကာကုန်သွယ်ရေးတွင် မြန်မာ အနေဖြင့် ဒေါ်လာအပေါ်မှီခိုရမှု လျော့ချနိုင်မည်ဖြစ်ကြောင်း၊ တရုတ်ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်မှုနှံမှုပိုမိုလုပ်လာရန် အားပေးသလိုဖြစ်မည်ဖြစ်ကြောင်း Global Times သတင်းဌာနမှ ရေးသားခဲ့သည်။
၂၀၂၁၊ ဒီဇင်ဘာ ၁၄
အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) ပြန်လည် လွှဲပြောင်းအပ်နှံခြင်းအခမ်းအနား။ Photo – Chinese Embassy in Myanmar
တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့် အဆင့်မြှင့်တင်ခဲ့သော အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) ၊ သုဝဏ္ဏကို ပြန်လည် လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ကျင်းပခဲ့ရာ စစ်ကောင်စီ၏ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် ချန်းဟိုင်တို့ တက်ရောက်ခဲ့သည်။ တရုတ်သံအမတ် ချန်းဟိုင်က အမျိုးသား အားကစား ပြိုင်ပွဲရုံသည် တရုတ်-မြန်မာ နှစ်နိုင်ငံ ပေါက်ဖော်ချစ်ကြည်ရေးကို သင်္ကေတ ပြုနိုင်သည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်း၊ တရုတ်နှင့် မြန်မာအကြား အားကစားနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှုကို တရုတ်နိုင်ငံက အလေးထားကြောင်း​နှင့် အမျိုးသားအားကစားရုံ၏ အခန်းကဏ္ဍကို ပိုမိုပြည့်စုံစေရန် တရုတ်နိုင်ငံ အစိုးရက အားကစားရုံအား အခမဲ့ ပြုပြင်မွမ်းမံရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောခဲ့သည်။ ၂၀၁၉ ခုနှစ်၊ ဩဂုတ် ၁၁ ရက်တွင် ပြန်လည်မွမ်းမံခြင်း စီမံကိန်းကို စတင်ခဲ့ပြီး ယခု ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် စီမံကိန်း ပြီးမြောက်ခဲ့သည်။ စုစုပေါင်း ယွမ်သန်း ၂၂၀ ကုန်ကျခဲ့ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်သည်။
၂၀၂၁၊ ဒီဇင်ဘာ ၁၄
တရုတ်နိုင်ငံသို့တင်ပို့မည့်စားသောက်ကုန်လုပ်ငန်းများတရားဝင် မှတ်ပုံတင်ရန်။ Photo – Myanma Ahlin Newspaper
တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင် အဖွဲ့တွင် မှတ်ပုံတင်ထားသော လုပ်ငန်းများကိုသာ တရုတ်နိုင်ငံသို့ စားသောက်ကုန်များ တရားဝင် တင်သွင်းခွင့်ပြုမည်ဟု တရုတ်ဘက်မှ ကြေညာထားကြောင်း တရုတ်နိုင်ငံသို့ အစားအသောက် တင်ပို့သည့် လုပ်ငန်းများ မှတ်ပုံတင်ခြင်းနှင့် ထောက်ခံချက်ပေးနိုင်ရေး လုပ်ငန်းအဖွဲ့ မှ ထုတ်ပြန်ခဲ့သည်။ လာမည့် ဇန်နဝါရီ ၁ ရက်  မှ စတင်ကာ တရုတ်နိုင်ငံသို့ စားသောက်ကုန် လယ်ယာထွက်ကုန်နှင့် မွေးမြူရေး ထုတ်ကုန်များ တင်ပို့လိုသည့် လုပ်ငန်းများ အနေဖြင့် မှတ်ပုံတင်ထားရန် လိုအပ်ပြီး မြန်မာဘက်မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထောက်ခံချက် ပေးနိုင်မည့် ဌာန ၁၇ ခုနှင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးတို့ကိုလည်း ကြေညာခဲ့သည်။
၂၀၂၁၊ ဒီဇင်ဘာ ၁၃
ကိုဗစ် ရောဂါကာကွယ်ဆေး ထုတ်လုပ်ရေးအတွက် တရုတ်နိုင်ငံနှင့် ဆွေးနွေးနေပြီး ဇန်နဝါရီအတွင်း စတင်ထုတ်နိုင်ဖို့ လုပ်ဆောင်နေကြောင်း စစ်ကောင်စီ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကောင်စီအစည်းအဝေးတွင် ပြောသည်။ ကာကွယ်ဆေးကို စတင်ထုတ်လုပ်ချိန်တွင် တလလျှင် ဆေးအလုံးရေ ငါးသန်း ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း ပြောသည်။
၂၀၂၁၊ ဒီဇင်ဘာ ၁၁
ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေး Check Point များထားရှိရန် ဆွေးနွေးခဲ့ကြောင်းဖော်ပြထားသည့် သတင်းစာဖြတ်ပိုင်း။ Photo – Myanma Ahlin Newspaper
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်သောကြောင့်  မန္တလေး-မူဆယ် လမ်းကြောင်းတလျှောက် ကုန်စည်ကူးသန်း ရောင်းဝယ်ရာတွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ပို့ကုန်ယာဉ်များကို ထိန်းချုပ်စေလွှတ်ခြင်းများအတွက် စစ်ဆေးရေးဂိတ်များ ထားရှိသွားမည်ဟု မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် နယ်စပ်ကုန်သွယ်ရေးတွင် တာ၀န်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတွင် ဆုံးဖြတ်ခဲ့ကြောင်း သတင်းစာတွင် ဖော်ပြထားသည်။
၂၀၂၁၊ ဒီဇင်ဘာ ၈
CITIC Group နှင့်စာချုပ်ချုပ်ဆိုခဲ့ကြောင်းဖော်ပြထားသည့် သတင်းစာဖြတ်ပိုင်း။ Photo – Myanma Ahlin Newspaper
လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှုနှင့် စိုက်ပျိုးရေးထွက်ကုန်၊ ကုန်သွယ်ရေးများ တိုးမြှင့်ရန်အတွက် တရုတ်နိုင်ငံပိုင် CITIC Group နှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ကြား နားလည်မှုစာချုပ် (MOA) လက်မှတ်ရေးထိုးခဲ့သည်။ MOA အရ ဆန်၊ ဆန်ကွဲ၊ ပြောင်းနှင့် ဓာတ်မြေသြဇာများကို နှစ်ဘက်ညှိနှိုင်းမှု ဖြင့်ကုန်သွယ်မှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီမှ သတင်း ထုတ်ပြန်သည်။ စစ်ကောင်စီ၏ စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာပွင့်ဆန်းက လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမှတဆင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ တရုတ်နိုင်ငံ၏ ရပ်၀န်းလမ်းကြောင်း အစီအမံနှင့် ချိတ်ဆက် ပူးပေါင်းကာ ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး၊ ဘေးကင်းလုံခြုံရေး၊ တောင်သူလယ်သမားများ စီးပွားရေးအခွင့်အလမ်းများ တိုးတက်ရရှိအောင် ဖော်ဆောင်ပေးရန် လိုကြောင်း ပြောခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၁၊ ဒီဇင်ဘာ ၈
အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) စီမံကိန်း ဖွင့်ပွဲအခမ်းအနားကိုတရုတ်သံမတ်ချန်းဟိုင် တတ်ရောက်စဉ်။ Photo – Chinese Embassy in Myanmar
တရုတ်နိုင်ငံ အထောက်အပံ့ဖြင့် အဆင့်မြှင့်တင်ခဲ့သော အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) စီမံကိန်းဖွင့်ပွဲ အခမ်းအနားကို မန္တလေးမြို့တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်းဟိုင်၊ စစ်ကောင်စီ၏ စက်မှုဝန်ကြီးဌာနမှ ဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ တာ၀န်ရှိသူများ တက်ရောက်ခဲ့သည်။ အဆိုပါစီမံကိန်းမှာ တရုတ် သမ္မတရှီကျင့်ဖျင် မြန်မာနိုင်ငံကို လာရောက်စဉ် ၂၀၂၀ ပြည့်နှစ်က သဘောတူညီခဲ့သော စီမံကိန်းဖြစ်သည်။ တရုတ်သံအမတ် ချန်းဟိုင်က မြန်မာနိုင်ငံသည် စီးပွားရေး အသွင်ကူးပြောင်းသည့် အရေးပါကာလတွင် ရောက်ရှိနေကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး အတွေ့အကြုံများ ကူးလူးဖလှယ်ကာ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများ မျှဝေလိုကြောင်း ပြောခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအား ထောက်ခံအားပေးပြီး တရုတ်၏ စက်မှုလုပ်ငန်း ဖော်ဆောင်မှု အတွေ့အကြုံနှင့် ခေတ်မီသင့်တော်သော နည်းပညာများကို မျှဝေသွားလိုပြီး ရပ်ဝန်းလမ်းကြောင်း အစီအမံနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအား အရည်အသွေးမြင့်မြင့် အတူတကွ တည်ဆောက်ကာ မြန်မာနိုင်ငံစက်မှု လုပ်ငန်းဖော်ဆောင်မှု ဖြစ်စဉ်အား အရှိန်မြှင့်တင်သွားလိုကြောင်း တရုတ်သံအမတ်က ထည့်သွင်းပြောဆိုခဲ့သည်။ အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင်ခြင်း စီမံကိန်းသည် ဆောက်လုပ်ရေး ကာလ ၂၆ လ ကြာမြင့်မည်ဟု ခန့်မှန်းထားပြီး စီမံကိန်းတွင် လေ့ကျင့်ရေးအခန်း အသစ် တည်ဆောက်ခြင်းနှင့် ပြုပြင်တည်ဆောက်ခြင်း၊ ကျွမ်းကျင်လေ့ကျင့်ရေးပစ္စည်းနှင့် သင်ရိုးများ ထောက်ပံ့ပေးခြင်း၊ မြန်မာနိုင်ငံသားဆရာများအား လေ့ကျင့်ပေးခြင်း စသည်တို့ ပါဝင်သည်။
၂၀၂၁၊ ဒီဇင်ဘာ ၇
Photo – Mingalar Magazine
နယ်စပ်ကုန်သွယ်ရေးစခန်း  မူဆယ် (၁၀၅) မိုင်မှ တရုတ်အရောင်းကွင်းထိ ကုန်သွယ်မှုအတွက် ကုန်ကျစရိတ် လျှော့ချကောက်ခံရေး အတွက် မြန်မာဘက်မှ ကုန်သွယ်ရေးဇုန် တာဝန်ရှိသူများ၊ ကုန်သွယ်မှုနဲ့ သက်ဆိုင်တဲ့ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် အွန်လိုင်းမှ​တဆင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ ယာဉ်ရပ်နားခ၊ ဆေးဖြန်းခ၊ ကုန်ပြောင်းရွှေ့ခနှင့် ကွန်တိန်နာငှားခများ ရက်လွန်ကြေး မပေးဆောင်ရေးတို့ကို မြန်မာဘက်မှ တောင်းဆိုရန် ဆွေးနွေးထားပြီး တောင်းဆိုချက်များကို နှစ်ဘက်စလုံးမှ အာဏာပိုင်များကို တင်ပြသွားမည်ဖြစ်သည်။
၂၀၂၁၊ ဒီဇင်ဘာ ၇
Photo – Myanma Ahlin Newspaper
မြန်မာ-တရုတ်နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်နေသော စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေး၊ တရုတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများ၊ လက်ရှိ ပူးပေါင်းဆောင်ရွက်နေသော အခြေခံ အဆောက်အဦ  ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်ရေးနှင့် သက်ဆိုင်သည့် စီမံကိန်းများ၊  စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောက်ရွက်ရေးများ စသည့် စီမံကိန်းများနှင့်ပတ်သက်ပြီး  နှစ်နိုင်ငံကြား သဘောတူညီထားသည့် နားလည်မှု စာချွှန်လွှာများ သဘောတူစာချုပ်များ၊ စာလွှာများနှင့်အညီ ဆက်လက် အကောင်အထည်ဖော်ရေးအတွက်  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန မှ ဦးဆောင်ကာ ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် စီမံကိန်းများ အကောင် အထည်ဖော်ရာတွင် ကြုံတွေ့ရသော အခက်အခဲများ၊ နှစ်နိုင်ငံကြား ဆက်လက်ညှိနှိုင်းရမည့် ကိစ္စများ၊ မူဝါဒများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၁၊ ဒီဇင်ဘာ ၇
ဒုတိယအကြိမ် လန်ချန်း-မဲခေါင် ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို ဖွင့်လှစ်စဉ်။ Photo – Chinese Embassy in Myanmar
တရုတ်ဦးဆောင်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အစီအမံ၏ အစိတ်အပိုင်းဖြစ်သည့် ဒုတိယအကြိမ် လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို ဖွင့်လှစ်ကျင်းပခဲ့ရာ မြန်မာဘက်မှ စစ်ကောင်စီ၏ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ၀န်ကြီးနှင့် ရေအရင်းအမြစ်နှင့် ဆက်နွှယ်နေသော ဝန်ကြီးဌာန ရှစ်ခုမှ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု အစီအမံအောက်တွင် လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် ရေကြီးမည့် ကြိုတင်သတိပေးစနစ်ကို အထောက်အကူပြုမည့် မိုးရေချိန်တိုင်း ကိရိယာများ တပ်ဆင်ခြင်း စီမံကိန်းကို ဆောင်ရွက်လျက်ရှိကြောင်း တရုတ်သံရုံးကလည်း ထုတ်ပြန်ခဲ့သည်။
၂၀၂၁၊ ဒီဇင်ဘာ ၇
မြန်မာနိုင်ငံ စက်မှုဥယျာဉ် တည်ဆောက်မှု မွမ်းမံသင်တန်းဖွင့်ပွဲကို တွေ့ရစဉ်။ Photo – Chinese Embassy in Myanmar
တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးစီးပြီး မြန်မာနိုင်ငံ စက်မှုဥယျာဉ် တည်ဆောက်မှု မွမ်းမံသင်တန်းကို အွန်လိုင်းစနစ်ဖြင့် စတင်ဖွင့်လှစ်ခဲ့ကြောင်း တရုတ်သံရုံးမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန စသည့်ဌာနများနှင့် အထူးစီးပွားရေးဇုန်မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၃၀ တက်ရောက်ခဲ့သည်။ မွမ်းမံသင်တန်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်သည် တရုတ်နိုင်ငံက စက်မှုဥယျာဉ် တည်ဆောက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲ၊ ပြဿနာနှင့် ဖြေရှင်းသည့် နည်းလမ်းများ၊ တရုတ်နိုင်ငံ စီးပွားရေးဥယျာဉ် စီမံရေးဆွဲမှု၊ တည်ဆောက်မှုနှင့် စီမံအုပ်ချုပ်ရေးအပိုင်း၏ အတွေ့အကြုံများကို မျှဝေရန်ဖြစ်ကြောင်း သံရုံးမှ ထုတ်ပြန်ခဲ့သည်။ တရုတ်သံရုံးမှ မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်နှင့် စက်မှုဥယျာဉ် အလွန်များပြားကြောင်း၊ စက်မှုဥယျာဉ် တည်ဆောက်မှုသည်  မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူ့လူနေမှုဘဝ ကောင်းမွန်လာစေပြီး အလုပ်အကိုင် အခွင့်အလမ်းမြှင့်တင်ရေးအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံ၏ စက်မှုဥယျာဉ် တည်ဆောက်မှုတွင် ပါဝင်ပြီး သို့မဟုတ် ပါဝင်နေဆဲဖြစ်ကြောင်း၊ ၎င်းတို့အနက် ကုန်ချောပေး လက်ခစားလုပ်ငန်း (CMP) ပေါင်း ငါးရာကျော်ရှိကြောင်း၊ မွမ်းမံသင်တန်း ကျင်းပမှုသည် တရုတ်ကုမ္ပဏီများမှ မြန်မာစက်မှုဥယျာဉ် တည်ဆောက်မှုတွင် ပါဝင်လာရန် ဆွဲဆောင်မြှင့်တင့်ပေးရန် မျှော်လင့်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းထုတ်ပြန်ခဲ့သည်။
၂၀၂၁၊ ဒီဇင်ဘာ ၆
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း။ Photo – Ministry of Foreign Affairs China
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်သည့် ကိစ္စနှင့် ပတ်သက်ပြီး တရုတ်၏ ယူဆချက်ကို သတင်းမီဒီယာများက မေးမြန်းခဲ့ရာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းမှ မြန်မာနိုင်ငံမှ ဘက်ပေါင်းစုံ အသိုင်းအဝိုင်းအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်များအောက်မှာ တိုင်းပြည်နှင့်  ပြည်သူများ၏ ရေရှည် အကျိုးစီးပွားကို ကြည့်ပြီး ဆောင်ရွက်ကြရန်နှင့် မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဆက်လက်ဆောင်ရွက်ကြရန် မျှော်လင့်ထားကြောင်း ပြောခဲ့သည်။
၂၀၂၁၊ ဒီဇင်ဘာ ၆
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ နန်းတော်ဂိတ် မှတဆင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာ အထိ ၁၁ လအတွင်း မြန်မာနိုင်ငံသား ၁၉,၆၆၇ ဦး ပြန်လည်ဝင်ရောက်ခဲ့ကြောင်း မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေး ဌာနမှ ကြေညာခဲ့သည်။ ထိုအထဲတွင် အမျိုးသား ၁၀,၇၇၂ ဦး အမျိုးသမီး ၈,၈၉၅ ဦး ပါ၀င်ကြောင်း သိရသည်။
၂၀၂၁၊ ဒီဇင်ဘာ ၆
ကျင်စန်းကျော့ဂိတ်မှကုန်စည်များကို ကွန်တင်နာများဖြင့် တရုတ်ဘက်သို့ ပို့ဆောင်နေစဉ်။ Photo – Paukphaw
တရုတ်-မြန်မာနယ်စပ်ဂိတ် ကျင်စန်းကျော့ကို ပြန်ဖွင့်ခဲ့သော်လည်း တရုတ်ဘက်မှ ကုန်သွယ်ရေးစနစ်နှင့် အကောက်အခွန်စနစ်ကို ရုတ်တရက် အပြောင်းအလဲ ပြုလုပ်လိုက်သောကြောင့် မြန်မာဘက်က ပို့ကုန်တင်သွင်းမည့် ကုန်သည်များ အကျပ်ရိုက်နေကြောင်း မူဆယ် ၁၀၅ မိုင်မှကုန်သည်များက ထုတ်ပြောခဲ့သည်။ တရုတ်အကောက်ခွန်က မြန်မာဘက်ကို ကြိုတင်ပြင်ဆင်ချိန် မပေးဘဲ ရုတ်တရက် Border Trade မှ Normal Trade ကို ပြောင်းလဲလိုက်ကာ ပို့ကုန်ကို ပင်လယ်ရေကြောင်း တင်ပို့မှုနစ်ဖြင့် အခွန်ကောက်ခံမည်ဟု ကြေညာလိုက်သောကြောင့် ကုန်ကျစရိတ်များ အဆမတန် ပိုမိုကုန်ကျကာ တင်ပို့ရသည်မှာ အခက်အခဲများစွာ ကြုံတွေ့ရတော့မည် ဖြစ်ကြောင်း ကုန်သည်များက ပြောသည်။
၂၀၂၁၊ ဒီဇင်ဘာ ၄
ကန်ပိုင်တည် တရုတ်-မြန်မာ နယ်စပ်ဂိတ်ကိုတွေ့မြင်ရစဉ်။
ကချင်ပြည်နယ်ရှိ ကန်ပိုက်တီ တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို တနေ့လျှင် ကားအစီး ငါးရာဖြင့် ကုန်သွယ်ရေး ပြန်လည်စတင်ရန် တရုတ်နှင့် မြန်မာကြား သဘောတူညီမှု ရရှိထားပြီ ဖြစ်ကြောင်း မြန်မာ-တရုတ် ကုန်စည်ပြန်လည် စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်ပြည်နယ် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။ ကုန်စည်သယ်ပို့မည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်ရောဂါ ဆေးစစ်ခြင်း နှစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ကာ ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်၊ လတ်တလော ဆေးစစ်ထားသည့် လက်မှတ်များကို ပြသရမည်ဖြစ်ကြောင်း တရုတ်မှ တောင်းဆိုထားသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှု မြင့်မားခဲ့သည့် အချိန် ဇူလိုင် ၁၄ ရက်မှ စတင်ကာ ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးဂိတ်ကို  ပိတ်ထားခဲ့သည်မှာ ငါးလကြာမြင့်ခဲ့ပြီဖြစ်ပြီး ကန်ပိုက်တီနယ်စပ်ဂိတ် ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာ-တရုတ် ကုန်သည်များကြား ဆယ်ကြိမ်မက အလွတ်သဘော ဆွေးနွေးခဲ့ပြီး နှစ်ဘက်အစိုးရကို ပြန်လည်တင်ပြခဲ့ကြသည်။
၂၀၂၁၊ ဒီဇင်ဘာ ၃
တရုတ်-မြန်မာနယ်စပ်ဂိတ်တခုကိုတွေ့ရစဉ်။ Photo- ISP-Myanmar China Desk
မြန်မာ-တရုတ်နယ်စပ် နှစ်နိုင်ငံ  ကုန်သွယ်ရေး ဂိတ်ဖြစ်သည့် ကျင်းစန်းကျော့ဂိတ်ကို ဖွင့်လှစ် ပေးထားသော်လည်း တရုတ်ဘက်မှ ကုန်တင်ပြီးသား ကုန်စုံကားများကို တရုတ် အာဏာပိုင်များက ဂျူတီဆောင်ခွင့် မပေးသောကြောင့် တင်သွင်းခွင့်မရဘဲ တရုတ်တွင် ပိတ်မိနေကြောင်း မြန်မာသွင်းကုန် လုပ်ငန်းရှင်များက ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ကုန်သည်များက တင်သွင်းမည့် ကားအစီးရေ ၄၀၀ ခန့် ပိတ်မိနေသော်လည်း တရုတ်ကုန်သည်များ၏ ကားများကိုမူ ရှောရှော ရှူရှူဖြင့် ထွက်ခွာခွင့် ထုတ်ပေးနေကြောင်း မြန်မာကုန်သည်များက သတင်းမီဒီယာများကို ပြောဆိုခဲ့သည်။
၂၀၂၁၊ ဒီဇင်ဘာ ၂
တရုတ်-မြန်မာ နယ်စပ်ဂိတ်အချို့ ပြန်ဖွင့်ပြီးနောက်တွင် မြန်မာမှ တရုတ်သို့ မြေရှားသတ္တု တင်ပို့မှု ပြန်လည်စတင်ကြောင်း တရုတ် အစိုးရအာဘော် Global Times သတင်းဌာနမှ ရေးသားခဲ့သည်။ နို၀င်ဘာလကုန်တွင် စတင်ကာတရုတ် အကောက်ခွန်ဌာနမှ မြန်မာဘက် တင်ပို့လာသော မြေရှား သတ္တုများကို အခွန်ဆောင်ကာ ပြန်လည်တင်သွင်းပေးနေပြီး မြေရှားတင်ပို့မှု ပြန်လည်စတင်နိုင်ပြီ ဖြစ်သောကြောင့်  မြေရှားစျေးနှုန်း ပြန်လည်ကျဖွယ် ရှိနေကြောင်းကိုလည်း ရေးသားထားသည်။
၂၀၂၁၊ ဒီဇင်ဘာ ၂
တရုတ်ဘက်မှ တင်သွင်းခွင့် မပြုသောကြောင့် မူဆယ်ကုန်သွယ်ရေးဇုန် နယ်စပ်ဂိုဒေါင်များတွင် တရုတ်နိုင်ငံသို့ တင်ပို့မည့် မြန်မာ့ကြက်သွန်နီ ၁၇ တန်ပါကား အစီး ၁၆၀ ကျော်ခန့် ပိတ်မိကာ ပျက်စီးသွားပြီး မြန်မာငွေ သိန်းခြောက်ထောင်ခန့် ဆုံးရှုံးခဲ့ကြောင်း သတင်းမီဒီယာများက ဖော်ပြခဲ့သည်။
၂၀၂၁၊ နို၀င်ဘာ ၃၀
မြန်မာ-တရုတ်နယ်စပ်ဂိတ်တွင် တရုတ်ဝန်ထမ်းများကိုတွေ့မြင်ရစဉ်။
မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်တွင် ပိတ်မိနေသော ကုန်တင်ကားများ အားလုံးကို ရှင်းလင်းရန် ရည်ရွယ်ချက်ဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့သော ကျင်စန်းကျော့ နယ်စပ်ကုန်စည်ဂိတ်တွင် ကွန်တိန်နာဖြင့် ကုန်စည်ပို့ဆောင်ခြင်းကို ‌ခေတ္တ ရပ်ဆိုင်းခဲ့သည်။ ကုန်စည်ဂိတ် ပြန်လည်ဖွင့်ပြီးနောက် မြန်မာဘက်တွင် တရုတ်ဘက်မှ ကုန်ကား အစီးရေ ၁၂၀ ခန့် ပိတ်မိနေပြီး တရုတ်ဘက်တွင် မြန်မာ ကုန်ကား အစီးရေ ၂၅၀ လောက် ပိတ်မိနေသည်။
၂၀၂၁၊ နိုဝင်ဘာ ၂၉
မြန်မာ-တရုတ်နယ်စပ်ရှိ တရုတ်ဘက်ခြမ်းနယ်စပ်ဂိတ်တခုကိုတွေ့ရစဉ်။ Photo – Paukphaw
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် စားသောက်ကုန်လုပ်ငန်းများ အနေဖြင့် မှတ်ပုံတင်ရန် လိုအပ်သည်ဟု တရုတ်က ညွှန်ကြားထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနက ကြေညာခဲ့သည်။ စားသောက်ကုန်နှင့် ပတ်သက်ပြီး တင်ပို့မည့် လုပ်ငန်းများအားလုံး အနေဖြင့် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေ အုပ်ချုပ်မှုအာဏာပိုင် အဖွဲ့ ၏ သွင်းကုန်နှင့် ပို့ကုန် အစားအစာ ဘေးကင်းလုံခြုံရေး ဗျူရိုမှ ဘေကျင်းအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သံရုံးသို့  အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၁၊ နိုဝင်ဘာ ၂၇
တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ၏ အစိတ်အပိုင်းဖြစ်သည့် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် တည်ဆောက်ရန် ပြင်ဆင်နေသည့် ချမ်းမြရွှေပြည် နိုင်ငံတကာ အဆင့်မီ ယာဉ်ရပ်နားစခန်း တည်ဆောက်သွားမည် ဖြစ်သောကြောင့် နိုဝင်ဘာ ၃၀ ရက်နောက်ဆုံးထားကာ ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအားလုံးကို ယာယီစခန်းများသို့ ရွေ့ပြောင်းရန် ကြေညာချက်ထုတ်ခဲ့သည်။ ထိုစီမံကိန်းသည် ဒုတိယအကြိမ် ရပ်ဝန်းလမ်းကြောင်း အစီအမံ အစည်းအဝေးတွင် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံအောက်တွင် တရုတ်နှင့် ဒေသဆိုင်ရာ ပူးပေါင်းမှုအဖြစ် ထည့်သွင်းခံရသော စီမံကိန်းဖြစ်သည်။
၂၀၂၁၊ နို၀င်ဘာ ၂၆
ကျင်စန်းကျော့ဂိတ်မှကုန်စည်များကို ကွန်တင်နာများဖြင့် တရုတ်ဘက်သို့ ပို့ဆောင်နေစဉ်။ Photo – Paukphaw
ကျင်ဆန်းကျော့ဂိတ်ကို ကွန်တိန်နာစနစ်နှင့် ရှန်တိန်အစားထိုး ယာဉ်မောင်းစနစ်ဖြင့် ထပ်မံစမ်းသပ်ကာလအနေဖြင့် ကွန်တိန်နာ ငါးလုံးတင်ပို့ကာ စတင်ဖွင့်လှစ်ခဲ့ သည်။ တင်ပို့မှုအဆင်ပြေ ချောမွေ့ပါက ကျင်ဆန်းကျော့ဂိတ်ကို ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်သည်။ ဘေဂျင်းစံတော်ချိန် ညနေ ၃ နာရီတွင် ချင်းရွှေဟော်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ကြောင်းတရုတ်ဘက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဂိတ်ပြန်လည်ဖွင့်သည့်နေ့တွင်  မြန်မာနိုင်ငံမှတင်သွင်းသော လက်ဖက်ခြောက်ကား နှစ်စီးသည် ပိုးသတ်ပြီး မြန်မာနိုင်ငံဘက်မှ တရုတ်ဘက်သို့ ၀င်ရောက်ခဲ့ကြောင်း ကြေညာထားသည်။
၂၀၂၁၊ နို၀င်ဘာ ၂၃
တရုတ်သံရုံးမှတာဝန်ရှိသူတဉီး ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အစည်းအဝေးကိုတတ်ရောက်စဉ်။ Photo – Chinese Embassy in Myanmar
တရုတ်-မြန်မာနယ်စပ်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုမြှင့်တင်ရန်နှင့် နယ်စပ်ဒေသ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အစည်းအဝေးကို ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာရုံး၊ ယူနန် နယ်စပ် အထွေထွေစစ်ဆေးရေးစခန်း၊ တယ်ဟုန်တိုင်း တိုင်းရင်းသား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၊ မြန်မာနိုင်ငံ ပြည်ထောင်စုဝန်ကြီး ဌာနများ၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်မှ သက်ဆိုင်ရာ တာဝန်ခံများ အစည်းအဝေးကို တက်ရောက်ခဲ့ကြကြောင်း တရုတ်သံရုံးမှ သတင်းထုတ်ပြန်သည်။ တရုတ်ဘက်မှ နယ်စပ်ဒေသတွင် ကပ်ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းကို ပိုမို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း၊ နယ်စပ်ဖြတ်ကျော် ကူးစက်ပြန့်ပွားမှုကို တင်းကျပ်စွာ ကာကွယ်တားဆီးနေကြောင်း ပြောခဲ့သည်။ ထို့အပြင် ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုများကို ဆောင်ရွက်ရန် ကူညီအားပေး၍ နှစ်နိုင်ငံ၏ စီပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ စားဝတ်နေရေး မြှင့်တင်မှုကို တွန်းအားပေးကြောင်း၊ နယ်စပ်ဖြတ်ကျော် ပြည်သူများ စီမံခန့်ခွဲမှု၊ တရားမဝင် ခိုးဝင်မှု တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိပြီး  နေရပ်ပြန်သော တရုတ်နိုင်ငံသားများ အတွက် လိုအပ်သော အကူအညီများ ပေးလျက်ရှိကြောင်း တရုတ်ဘက်မှ ထည့်သွင်းပြောဆိုခဲ့ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်ခဲ့သည်။ နယ်စပ်တွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် နယ်စပ်ဂိတ်များ ပြန်လည်စတင်ရန် မြန်မာနိုင်ငံသည် အလေးထား ဆောင်ရွက်ကြောင်း၊ မြန်မာဘက်က ယူနန်ပြည်နယ်နှင့် ဆက်သွယ်မှု ပိုမိုအားကောင်းပြီး တရုတ်အကူအညီဖြင့် တည်ဆောက်ထားသော မူဆယ် ၁၀၅ မိုင် ရှိ ကိုဗစ်-၁၉ ဆေးဘက်ဆိုင်ရာ ကုသရေးစင်တာကို ကောင်းစွာအသုံးပြုနေကြောင်း၊ ကူးစက်ရောဂါ သတင်းအချက်အလက်များ မျှဝေခြင်းနှင့် နယ်စပ်ထိန်းချုပ်မှုကို အားကောင်းစေကြောင်း၊ တရားမဝင် ခိုးဝင်မှု တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြောင်း၊ ကပ်ရောဂါ ပြန့်ပွားမှုအန္တရာယ်ကို လျှော့ချရန် အစွမ်းကုန် ကြိုးစား၍ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ဆောလျင်စွာ ပြန်လည်ထူထောင်ရေးအတွက် အပြုသဘောဆောင်သော အခြေအနေများ ဖန်တီးလျက်ရှိကြောင်း မြန်မာဘက်က ပြောခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
၂၀၂၁၊ နို၀င်ဘာ ၂၂-၂၅
ကျင်စန်းကျော့ဂိတ်မှတင်ပို့သည့် ကွန်တိန်နာများကိုတွေ့ရစဉ်။
ကိုဗစ်ကပ်ရောဂါ အကြောင်းပြကာ ခြောက်လကြာ ပိတ်ထားခဲ့သည့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များထဲမှ အဓိက ဂိတ်တခုဖြစ်သည့် ကျင်စန်းကျော့ဂိတ်ကို စမ်းသပ်ကာလအနေဖြင့် လေးရက်ကြာ ဖွင့်လှစ်ခဲ့သည်။ ထို့အပြင် မြန်မာဘက်က ကုန်စည်များကို ကွန်တိန်နာ အလုံပိတ်ကားများဖြင့်သာ တင်ပို့ရမည်ဟူသော စည်းကမ်းချက် တခုကိုလည်း တရုတ်ဘက်က ထည့်သွင်း ထုတ်ပြန်ခဲ့သည်။ နို၀င်ဘာ ၂၂ ရက်တွင် စမ်းသပ်ကာလအဖြစ် မြန်မာပြည်ဘက်ရှိ ကုန်မျိုးစုံတင်ထားသည့် ကွန်တိန်နာကားနှစ်စီးကို တရုတ်ပြည်ဘက်သို့ တင်ပို့ခဲ့သလို တရုတ်ဘက်ကလည်း မြန်မာပြည်ဘက်ကို ကွန်တိန်နာကားနှစ်စီး ပြန်တင်ပို့ခဲ့သည်။ ကွန်တိန်နာဖြင့် ပြောင်းလဲပို့ဆောင်ရမည့် စည်းကမ်းချက်ကို တရုတ်- မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သည်များကြား ပြုလုပ်သည့် အစည်းအဝေးများတွင် တရုတ်ဘက်က ထည့်သွင်း ဆွေးနွေးခဲ့သော်လည်း မြန်မာဘက်က သဘောမတူခဲ့ကြောင်း သိရသည်။ သို့သော် နယ်စပ်ဂိတ်ကို စမ်းသပ်ကာလအဖြစ် ပြန်ဖွင့်သည့် စည်းကမ်းချက်များတွင် ထိုအချက်ကို တရုတ်ဘက်မှ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။
၂၀၂၁၊ နို၀င်ဘာ ၂၂
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ချန်းဟိုင်။ Photo- Chinese Embassy in Myanmar
စစ်ကောင်စီ မပါဘဲ ကျင်းပခဲ့သည့် တရုတ်-အာဆီယံအစည်းအ၀ေးတွင် ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး တရုတ်သံအမတ် ချန်းဟိုင်က နေပြည်တော်သို့ သွားရောက်ကာ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဉီးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံကာ ရှင်းပြခဲ့ကြောင်း တရုတ်အစိုးရထုတ် ပြည်သူ့နေ့စဉ် သတင်းစာတွင် ဖော်ပြထားသည်။ တရုတ်သံအမတ်က တရုတ်အနေဖြင့် မြန်မာအပါအဝင် အာဆီယံနိုင်ငံများနှင့် ထိပ်သီးအစည်းအဝေးတွင် ရရှိခဲ့သော သဘောတူညီချက်များကို လက်တွဲအကောင်အထည်ဖော်ပြီး တရုတ်-အာဆီယံကြား ဆက်ဆံရေး တိုးမြှင့်လိုကြောင်း ပြောခဲ့သည်။  ဦးဝဏ္ဏမောင်လွင်ကလည်း တရုတ်-အာဆီယံ အစည်းအဝေးတွင် ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး လာရောက်ရှင်းပြသည့်အတွက် တရုတ်ကို ကျေးဇူးတင်ကြောင်းနှင့် ထိပ်သီးအစည်းအဝေးတွင် ရရှိခဲ့သော သဘောတူညီချက်များကို အကောင်အထည်ဖော်ရာတွင် မြန်မာဘက်ကလည်း ပါဝင်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။
၂၀၂၁၊ နို၀င်ဘာ ၂၂
တရုတ်-အာဆီယံအစည်းအဝေး မတက်ရောက်ဖြစ်သည့်ကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းကောင်း မဟာဗျူဟာ မိတ်ဖက်နိုင်ငံကောင်း၊ ဆွေမျိုးပေါက်ဖော် နိုင်ငံကောင်း ပီသစွာ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်ကို အာဆီယံအစည်းအဝေးသို့ ဖိတ်ကြားခဲ့ကြောင်း အစည်းအဝေးတက်ရောက်နိုင်ရန် အတွက်လည်း အာဆီယံနိုင်ငံများနှင့် ညှိနှိုင်း ပေးခဲ့ကြောင်း ထို့သို့ဆောင်ရွက်ပေးခဲ့သည့် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။ အာဆီယံနိုင်ငံအချို့က နိုင်ငံရေးအရ ရာထူးမရှိသူကိုသာ ဖိတ်ကြားရန် ဖိအားပေးခဲ့သောကြောင့် အစည်းအဝေးကို တက်ရောက်ရန် ငြင်းဆိုခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း ရေးသားထားသည်။
၂၀၂၁၊ နို၀င်ဘာ ၂၂
တရုတ်-အာဆီယံထိပ်သီးအစည်းအဝေး အွန်လိုင်းမှ ကျင်းပစဉ်။ Photo- Xinhua
တရုတ် သမ္မတ ရှီကျင့်ဖျင်နှင့် အာဆီယံနိုင်ငံမှခေါင်းဆောင်များ တတ်ရောက်သည့် တရုတ် -အာဆီယံထိပ်သီး အစည်းအဝေးကို စစ်ကောင်စီ၏ စစ်ကောင်စီ ဥက္ကဋ္ဌ ကို တတ်ရောက်ခွင့်မပေးဘဲ ကျင်းပခဲ့သည်။ ထိုအစည်းအ၀ေး တရုတ်နှင့် အာဆီယံကြား ဆွေးနွေးဖက်အဖြစ် နှစ် ၃၀ ပြည့်ခြင်းအတွက် နှစ်ဘက်ကြားဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရန် ရည်ရွယ်ကြောင်း တရုတ် အစိုးရပိုင်သတင်းစာ Global Times ကရေးသားထားသည်။ထိုအစည်းအ၀ေးမှ တဆင့် တရုတ်နှင့်အာဆီယံဆက်ဆံရေးသည် ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး (comprehensive strategic partnership) အဆင့်ထိတိုးမြှင့်သွားရန် ရည်ရွယ်ထားကြောင်းရေးသားထားသည်။
၂၀၂၁၊ နို၀င်ဘာ ၂၁
ပြန်လည်မွမ်းမံမည့် အမျိုးသားဇာတ်ရုံ(ရန်ကုန်)၏ မူလဒီဇိုင်းနှင့် ဒီဇိုင်းအသစ်။ Photo- Chinese Embassy in Myanmar
တရုတ်နိုင်ငံမှ ChinaAid အကူအညီဖြင့် ပြန်လည်မွန်းမံရန် ၂၀၁၉ခုနှစ်တွင် ကတိပြုခဲ့သော အမျိုးသားဇာတ်ရုံ (ရန်ကုန်)စီမံကိန်းကိုဆက်လက် မွန်းမံပြင်ဆင်ပေးနေကြောင်းမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကထုတ်ပြန်သည်။တရုတ်နိုင်ငံမှတာ၀န်ယူပြီး ပြန်လည်ပြုပြင်မွမ်းမံသည့်ဧရိယာမှာ စုစုပေါင်း ၁၀,၃၄၈ စတုရန်းမီတာ ရှိပြီး  အမျိုးသားဇာတ်ရုံ၏ ပင်မအဆောက်အအုံ ပရိသတ်ခန်းမ၊ စတိတ်စင်နှင့် အလှပြင်ခန်း စသည့် တွဲဖက်အသုံးအဆောင်များနှင့် အပြင်ပိုင်းလုပ်ငန်းစဉ်အချို့ ပါဝင်သည်ဟုရေးသားထားသည်။
၂၀၂၁၊ နို၀င်ဘာ ၂၀-၂၁
ကိုဗစ် ၁၉ ကာကွယ်ဆေး Sinovac များရောက်ရှိစဉ်။ Photo- Chinese Embassy in Myanmar
တရုတ်နိုင်ငံက စစ်ကောင်စီကို ထပ်မံလှူဒါန်းသည့် Sinovac ကိုဗစ်ရောဂါ ကာကွယ်ဆေး နှစ်သန်းရောက်ရှိခဲ့သည်။
၂၀၂၁၊ နို၀င်ဘာ ၁၈
စစ်ကောင်စီ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်အာရှရေးရာ ဆိုင်ရာအထူးသံတမန် ဆွန်းကော့ရှန်တို့ နေပြည်တော်တွင်တွေ့ဆုံစဉ်။ Photo- The Commander-In-Chief Of Defence Services
တရုတ်-အာဆီယံအစည်းအဝေးသို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး မင်းအောင်လှိုင်အားတတ်ရောက်ခွင့်ရရန် တရုတ်ဘက်က အာဆီယံနိုင်ငံများ နှင့်ကြား၀င်ညှိနှိုင်း ပေးခဲ့သော်လည်း နိုင်ငံအချို့ကန့်ကွက်ခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်။ သံတမန် သတင်းအရင်းအမြစ်များ၏ပြောချက်အရ  တရုတ်နိုင်ငံ၏ အဆိုပြုချက်ကို မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့်ဘရူနိူင်းတို့ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အာဆီယံထိပ်သီး အစည်းအဝေး တွင်ထားရှိခဲ့သည့် ရပ်တည်ချက်အတိုင်း (စစ်ကောင်စီ ဥက္ကဋ္ဌ ကို မဖိတ်ကြားဘဲနိုင်ငံရေး နှင့် မသက်ဆိုင်သူကိုသာဖိတ်ကြားရန်)​​ ဆက်လက်ထားရှိရန် သဘောတူကြကြောင်း ရေးသားထားသည်။ ထိုသို့ သတင်းမထွက်ပေါ်မီ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၏ အာရှရေး ဆိုင်ရာ အထူးသံတမန် ဆွန်းကော့ရှန်သည် စင်ကာပူနှင့် ဘရူနိုင်းသို့သွားရောက်ခဲ့ကြောင်း တရုတ်နိုင်ငံခြား ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၂၁၊ နို၀င်ဘာ ၁၇
ယူနန်ပြည်နယ် အာဏာပိုင်များနှင့် ကူမင်းမြို့ရှိ မြန်မာ ကောင် စစ်ဝန်ချုပ်ရုံးမှတာဝန်ရှိသူများ တွေ့ဆုံစဉ်။ Photo- Ministry of Foreign Affairs Myanmar
ယူနန်ပြည်နယ် အာဏာပိုင်များနှင့်  ကူမင်းမြို့ရှိ မြန်မာ ကောင် စစ်ဝန်ချုပ်ရုံးကြား ညှိနိူင်းပြီးတရုတ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရပြီး အထောက်အထား မရှိသဖြင့် မြန်မာနိုင်ငံသို့ ပြန်ရန်ခက်ခဲနေသည့် မြန်မာနိုင်ငံသားစုစုပေါင်း ၁၆၅ ဉီးကို နေရပ်ပြန်ပို့ရန် ဆွေးနွေးခဲ့သည်။ ဖမ်းဆီးခံထားရသော  မြန်မာနိုင်ငံသားများကိုကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ပြီး မကြာခင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည်ဟု တရုတ်အာဏာပိုင်များကပြောဆိုခဲ့ကြောင်းထုတ်ပြန်ထားသည်။
၂၀၂၁၊ နို၀င်ဘာ ၁၆
သင်တန်းဖွင့်ပွဲအခမ်းအနားကိုကျင်းပနေစဉ်။ Photo- Chinese Embassy in Myanmar
တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံ အပူပိုင်းဒေသ သီးနှံမျိုးကောင်းများ စိုက်ပျိုးရေးသင်တန်းကို အွန်လိုင်းမှတစ်ဆင့် ဖွင့်လှစ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှ သင်တန်းသား ၂၂ ဦး တက်ရောက်မည် ဖြစ်ကြောင်းတရုတ်သံရုံးမှ သတင်းထုတ်ပြန် သည်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး  Tan Shufu ၊ ဟိုင်နန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ဒုတိယအဆင့် စစ်ဆေးရေးမှူ  Qu Fujing တို့ သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
၂၀၂၁၊ နို၀င်ဘာ ၁၆
ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း။ Photo- Foreign Affairs Ministry of China
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် လူမှုတည်ငြိမ်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှုပြန်လည် စတင်ရေးအတွက် နိုင်ငံတကာနှင့်ပူးပေါင်းပြီး အပြုသဘောဖြင့်ဆက်လက်ပါ၀င်သွားရန် ဆန္ဒ ရှိကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန မှ ပြောရေး ဆိုခွင့်ရှိသူ ကျောက်လိကျန်းက ပြောသည်။ အာရှရေးရာ ဆိုင်ရာအထူးသံတမန် ဆွန်းကော့ရှန် ၏မြန်မာနိုင်ငံခရီးစဉ် နှင့်ပတ်သက်ကာ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။ ကျောက်လိကျန်းက မြန်မာနိုင်ငံမှာ ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်သည့်အညီ တရုတ်နိုင်ငံအနေဖြင့် မြန်မာ့အရေးကို ဉပဒေမူဘောင်အတွင်းမှ ညှိနိူင်းအဖြေရှာသွားရန် ထောက်ခံသလို အာဆီယံမှ မြန်မာ့အကျပ်အတည်းဖြေရှင်းရေးအတွက် ကြိုးပမ်းမှုနှင့်  အာဆီယံနှင့် သဘောတူညီထားသည့် မူငါးချက်ကိုလည်း အကောင်ထည်ဖော်ရန် ထောက်ခံကြောင်း ပြောခဲ့သည်။
၂၀၂၁၊ နို၀င်ဘာ ၁၅
မြန်မာနိုင်ငံဘက်သို့တရား၀င် အကြောင်းကြားခြင်းမရှိဘဲ ရွှေ့ပြောင်းမြန်မာလုပ်သား ၇၀ ဉီးကို တရုတ်ဘက်မှာ အာဏာပိုင်များမှ တရုတ်-မြန်မာနယ်စပ် တရားမ၀င်နယ်စပ်ပေါက်မှ ပြန်လည်ပို့ဆောင်ခဲ့သည်။ ထိုနယ်စပ် ပေါက်တည်ရှိရာနေရာ မုံးကိုး မြို့ဟေမုံလုံကျေးရွာတွင် စစ်ကောင်စီ၏တပ်များနှင့် မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ်မတော် (MNDAA) တို့အကြား အပြင်းအထန်တိုက်ပွဲများဖြစ်ပွား နေသောနေရာဖြစ်သည်။
၂၀၂၁၊ နို၀င်ဘာ ၁၅
စစ်ကောင်စီ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်အာရှရေးရာ ဆိုင်ရာအထူးသံတမန် ဆွန်းကော့ရှန်တို့ နေပြည်တော်တွင်တွေ့ဆုံစဉ်။ Photo- The Commander-In-Chief Of Defence Services
မြန်မာနိုင်ငံကို ရောက်ရှိနေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၏ အာရှရေးရာ ဆိုင်ရာအထူးသံတမန် ဆွန်းကော့ရှန်နှင့်စစ်ကောင်စီ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်တွင်တွေ့ဆုံခဲ့သည်။  ထို့သို့တွေ့ဆုံရာတွင် စစ်ကောင်စီ၏ လုပ်ငန်းစဉ် ငါးရပ် နှင့်ဉီးတည်ချက် ကိုးရပ်တို့ကို အကောင် အထည်ဖော်မှု အခြေအနေ မြန်မာနှင့်အာဆီယံကြားဆက်ဆံရေး၊ တရုတ်နှင့် အာဆီယံကြား ဆက်ဆံရေးအခြေအနေ၊​ ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေနှင့် တရုတ် နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက သတင်း   ထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သြဂုတ်တွင် ဆွန်းကော့ရှန် ရောက်ခဲ့စဉ်က စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိခဲ့သော်လည်း ယခုအကြိမ်တွင် နိုင်ငံပိုင် သတင်းစာများမှာပါ တွေ့ဆုံမှုကို ဖော်ပြခဲ့သည်။ ဆွန်းကော့ရှန်နှင့်တွေ့ဆုံရာတွင် စစ်ကောင်စီ၏ တွဲဖက်အတွင်းရေးမှူးဒုတိယ ဗိုလ်ချုပ်ကြီး ရဲ၀င်းဉီးနှင့် နိုင်ငံခြားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး  ဦးဝဏ္ဍမောင်လွင်တို့ပါ တတ်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
၂၀၂၁၊ နို၀င်ဘာ ၁၄
တရုတ်နိုင်ငံခြားရေး၀န်ကြီး၀မ်ယိနှင့် အာဆီယံနိုင်ငံများမှ သံတမန်များကိုတွေ့ရစဉ်။ Photo- Xinhua
တရုတ်နိုင်ငံခြားရေး၀န်ကြီး၀မ်ယိနှင့် အာဆီယံနိုင်ငံများမှ သံတမန်များ တွေ့ဆုံပွဲကျင်းပခဲ့ရာတရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဉီးမျိုးသန့်ဖေ တတ်ရောက်ခဲ့သည်။ တရုတ်နိုင်ငံသည် ဒေသတွင်းတွင် အကြီးမား ဆုံးနိုင်ငံဖြစ်သည့်အပြင် အာဆီယံနိုင်ငံများ နှင့် ရေရှည် မဟာဗျုဟာ မိတ်ဖက် အဖြစ်ရပ်တည်နေသည့် နိုင်ငံဖြစ်သည့်အလျောက် ကပ်ရောဂါ ကြောင့် ဖြစ်ပေါ်ခဲ့သောစိန်ခေါ်မှုများ၊ စီးပွားရေးပြန်လည် နလန်ထူရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးတည်ငြိမ်ရေးတို့နှင့် ဒေသတွင်းစီးပွားရေးပေါင်းစည်းရေးတို့မှာ အာဆီယံနိုင်ငံများနှင့် လက်တွဲလုပ်ဆောင်ရန်အသင့်ရှိကြောင်း၀မ်ယိကပြောခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် ကပ်ရောဂါ တိုက်ဖျက်ရေးအတွက်လိုအပ်သည့် ကာကွယ်ဆေး များကိုအာဆီယံနိုင်ငံများသို့ဆက်လက် ထောက်ပံသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ နှင့် အာဆီယံနိုင်ငံများ အကြား ဆွေးနွေးမှုဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးဆွေးနွေးပွဲအား မကြာမီပူးတွဲကျင်းပသွားမည် ဖြစ်သည်။ တရုတ်နှင့်အာဆီယံနိုင်ငံများကြား တရုတ်-အာဆီယံလွတ်လပ်စွာကုန်သွယ်ခွင့်  Version 3.0 ကို အသက်သွင်းနိုင်ရန် အတူလက်တွဲလုပ်ဆောင်ရန်အသင့်ဖြစ်နေကြောင်းထည့်သွင်းပြောဆိုခဲ့သည်။
၂၀၂၁၊ နို၀င်ဘာ ၁၂
Photo- Chinese Embassy in Myanmar
တရုတ်နိုင်ငံမှ စစ်ကောင်စီကိုလှူဒါန်းသည့် ကိုဗစ်ရောဂါ ကာကွယ်ဆေး Sinovac (ဆိုင်နိုဗက်) အလုံးရေ နှစ်သန်းကိုပို့ဆောင်ပေးခဲ့သည်။
၂၀၂၁၊ နို၀င်ဘာ ၁၂
ကချင်ပြည်နယ်ရှိ ကန်ပိုက်တီးဂိတ်နှင့် ကိုးကန့်ဒေသရှိ ချင်းရွှေဟော်ဂိတ်များ ပြန်ဖွင့်နိုင်ရန် ကျန်းမာရေးဆိုင်စစ်ဆေးမှုများ၊ ကိုဗစ်ဆိုင်ရာစည်းကမ်းများ စသည့် လိုအပ်သည့် ပြင်ဆင်မှုများ အဆင့်သင့်ပြုလုပ်ထားရန် စစ်ကောင်စီဘက်မှ ညွှန်ကြားချက် တစောင်ကို ထုတ်ပြန်ခဲ့သည်။
၂၀၂၁၊ နိုဝင်ဘာ ၁၁
Photo- UN
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့၀င် ၁၅ နိုင်ငံက မြန်မာနိုင်ငံတွင်ပိုမို များပြားလာသောပဋိပက္ခများ အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီးစိုးရိမ်မှုရှိကြောင်း စစ်တပ်ကို တိုက်ပွဲများအကြမ်းဖက်မှုများကိုရပ်ဆိုင်းရန် လည်းတောင်းဆိုခဲ့သည်။ ထိုထုတ်ပြန်ချက်ကို တရုတ်နိုင်ငံကလည်းကန့်ကွက်ခြင်းမရှိဘဲ သဘောတူခဲ့သည်။
၂၀၂၁၊ နိုဝင်ဘာ ၁၀
Photo- Chinese Embassy in Myanmar
တရုတ်နိုင်ငံမှ အကူအညီဖြင့်တည်ဆောက်နေသည့် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေး သင်တန်း ကျောင်းစီမံကိန်းကို တရုတ်သံအမတ် ချန်းဟိုင်ကသွားရောက်ကြည့်ရှု့ခဲ့သည်။ အဆိုပါစီမံကိန်းကို စုစုပေါင်း  စတုရန်းမီတာ ရှစ်သောင်း ကျယ်၀န်းသောမြေပေါ်တွင် တည်ဆောက်နေပြီး    CDC အဆောင်၊ လေ့ကျင့်ရေး သင်တန်းကျောင်းအဆောင်၊ အုပ်ချုပ်ရေးရုံးအဆောင်နှင့် မြန်မာနိုင်ငံ တွင် ပထမဆုံး ဖြစ်လာမည့် အမျိုးသားဇီဝဘေးကင်းမှု အဆင့်သုံး လက်တွေ့စမ်း သပ်ခန်းလည်း ပါ၀င်မည် ဖြစ်ကြောင်း တရုတ်သံရုံးကထုတ်ပြန်ထားသည်။ ​ထိုစင်တာတွင်  တရုတ်နိုင်ငံမှ သက်ဆိုင်ရာပညာရှင်များက မြန်မာရှိ ကျန်းမာရေးဝန်ထမ်းနှင့်နည်းပညာဝန်ထမ်းများ ကို  နှစ်နှစ်တာနည်း ပညာပူးပေါင်းဖလှယ်ကာ လေ့ကျင့် သင်ကြားပေးမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီတွင် စီမံကိန်းစတင်ဖော်ဆောင်ခဲ့ပြီး စီမံကိန်းပြီးစီးမည့် ကာလကိုမူထုတ်ပြန်ထားခြင်းမရှိချေ။
၂၀၂၁၊ နို၀င်ဘာ ၉
Photo- Chinese Embassy in Myanmar
မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှထောက်ပံ့ပေးသည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဆိုင်ရာ စတုတ္ထအသုတ် စိုက်ပျိုးရေးစီမံကိန်းများ စတင်ခြင်းအခမ်းအနားကို တရုတ်သံအမတ် ချန်းဟိုင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး တို့တက်ရောက်ခဲ့သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောက်ရွက်မှု  အောက်တွင် စုစုပေါင်း လေးကြိမ် ထောက်ပံခဲ့ပြီး စုစုပေါင်း စီမံကိန်း ၇၂ ခုအတွက်ဖြစ်ကြောင်း နှင့် မဲခေါင်နိုင်ငံများကြားတွင် စီမံကိန်း အရေအတွက်နှင့် ငွေကြေးပမာဏ ထောက်ပံ့ရရှိမှု အများဆုံးနိုင်ငံဖြစ်ကြောင်း တရုတ် သံအမတ်က ပြောသည်။ ထိုအစီအမံအောက်တွင် တရုတ်နိုင်ငံအနေဖြင့်  မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့မှု မြှင့်တင်ရန် ကူညီပေးခြင်း၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနည်းပညာ အဆင့်အတန်း မြင့်တင်စေရန် ကူညီပေးခြင်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရန် ကူညီပေးခြင်း တို့ကို လုပ်ဆောင်သွားမည်ဟု တရုတ် သံအမတ်ကပြောသည်။
၂၀၂၁၊ နို၀င်ဘာ ၇
နယ်စပ်ဂိတ်များပြန်ဖွင့်ရန် နှစ်နိုင်ငံကြား ညှိနှိုင်းမှုများ ရှိနေသည်ဟု ပြောဆိုထားသော်လည်း တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသော ကြူကုတ်(ပန်ဆိုင်း)-ဝမ်တိန်ဂိတ်ပေါက်ကိုတရုတ်ဘက်မှ သံတံခါးဖြင့် တဆင့်ထပ်မံ အလုံပိတ်ကာရံ ခဲ့သည်။
၂၀၂၁၊ နို၀င်ဘာ ၇
Photo- Chinese Embassy in Myanmar
တရုတ် နိုင်ငံမှ၀ယ်ယူထားသည့် ကိုဗစ်ကာကွယ်ဆေး Sinopharm (ဆိုင်နိုဖမ်း) လေးသန်း ရောက်ရှိခဲ့သည်။ တရုတ်နိုင်ငံမှ ဝယ်သူထားသည့် Sinopharm (ဆိုင်နိုဖမ်း) အမှတ်တံဆိပ်ကာကွယ်ဆေး အလုံးရေစုစုပေါင်း ၂၄ သန်း ရောက်ရှိခဲ့ပြီး ဖြစ်သည်။
၂၀၂၁၊ နို၀င်ဘာ ၆
တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းမှာ ဇန်နဝါရီမှ စက်တင်ဘာအထိ ကိုးလတာအတွင်း ဓာတ်ငွေ့ကုဗမီတာ ၃ ဒသမ ၃ ဘီလီယံ သယ်ယူပို့ဆောင်ပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ ဓာတ်ငွေ့ပိုက်လိုင်းမှ တနှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံတင်ပို့ရန် မျှော်မှန်းထားပြီး နေ့စဉ်ကုဗပေသန်း ၄၀၀ ပို့လွှတ်နေကြောင်း ရေနံတန်ချိန် ၁၆,၀၀၀ တင်ပို့နေကြောင်း မြန်မာနိုင်ငံအတွက်မှု ကုဗပေ သန်း ၁၀၀ ၀န်းကျင်နေ့စဉ်သုံးစွဲနေကြောင်းထုတ်ပြန်ခဲ့သည်။
၂၀၂၁၊ နို၀င်ဘာ ၅
နို၀င်ဘာလကုန်နောက်ဆုံးထားကာ နှစ်နိုင်ငံ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်သွားမည်ဟု တရုတ်အာဏာပိုင်များ ဘက်မှ မူဆယ်ရှိ ကုန်သည်ကြီး များကို အကြောင်းကြားခဲ့သည်။
၂၀၂၁၊ နို၀င်ဘာ ၄
Photo- Chinese Embassy in Myanmar
ရှန်ဟိုင်းမြို့တွင်ကျင်းပသည့် စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင်  တရုတ် သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံသည် သွင်းကုန်တိုးမြှင့်မှု ကို ပိုမိုအလေးထားပြီး နယ်စပ် ကုန်သွယ်ရေးတွင် ဘေးပတ်ဝန်းကျင်နိုင်ငံများမှ သွင်းကုန်များကို တိုးမြှင့်မည် ဟု ပြောကြားခဲ့ကြောင်း တရုတ်သံရုံးကထုတ်ပြန်ခဲ့သည်။ထိုသွင်းကုန်ပြပွဲတွင် မြန်မာနိုင်ငံမှ ကိုးကန့် လက်ဖက်ခြောက်ကို ခင်းကျင်းပြသခဲ့သည်။ လက်ရှိတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ယာယီပိတ်ထားသော်လည်း  နယ်စပ်ကုန်သွယ်ရေး ပြန်လည် လည်ပတ်ရန်နှင့် မြှင့်တင်ရေးအတွက် ယူနန်ပြည်နယ်သည် ၎င်း၏လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းထည့်သွင်းထုတ်ပြန်ခဲ့သည်။
၂၀၂၁၊ နို၀င်ဘာ ၃
Photo- Mingalar Magazine
မြန်မာနိုင်ငံမှ နယ်စပ်ကုန်သွယ်ရေးတွင် တာ၀န်ရှိသူများနှင့်ယူနန်ပြည်နယ်အာဏာပိုင်များကြား နယ်စပ်ချင်းရွှေဟော်နှင့် ကန်ပိုက်တီးဂိတ်ကိုပြန်ဖွင့်ရန် အသေးစိတ်ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
၂၀၂၁၊ နို၀င်ဘာ ၂
Photo- A Citizen Journalist
တရုတ် – မြန်မာနယ်စပ်တွင် တရုတ်နိုင်ငံဘက်က ခြံစည်းရိုးကာရံခြင်းသည် နယ်စပ်စီမံခန့်ခွဲမှု ကောင်းမွန်စေရန် လုပ်ဆောင်ခြင်းသာဖြစ်ပြီး မြန်မာပိုင်နက်ကို ထိခိုက်အောင် လုပ်ဆောင်ခြင်းနှင့်ပိုင်နက်ထဲသို့ ကျုးကျော် ၀င်ရောက် ခြင်းတို့ကိုလုပ်ဆောင်မည်မဟုတ်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းမီဒီယာများ ကိုအီးမေးလ်မှ တဆင့်ပြောဆိုခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့နယ်နှင့်နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာများတွင် တရုတ်ဘက်မှ နယ်မြေကျုးကျော်ကာ ခြံစည်းရိုးကာရံခြင်းကြောင့် ဒေသခံပြည်သူများ အကြားမကျေလည်မှုများ မြင့်တတ်နေချိန်တွင်ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ တရုတ်သံရုံးက အငြင်းပွားမှုများနှင့် ပတ်သက်ပြီး တရုတ်နဲ့ မြန်မာနိုင်ငံ နီးနီးကပ်ကပ် ဆက်သွယ် ဆောင်ရွက်နေပြီး သတင်းမီဒီယာတွေဘက်ကလည်း ဓမ္မဓိဌာန်ကျကျဖော်ပြပေးဖို့ လိုအပ်ကြောင်း တုန့်ပြန်ချက် တွင် ပါရှိသည်။ထို့အပြင် နယ်နိမိတ် အငြင်းပွားမှုများဖြင့်ပတ်သက်ပြီး မြို့နယ် အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် နယ်ခြားကော်မတီများနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ကာ ဖြေရှင်းသွားမည်ဟုလည်းရေးသားထားသည်။
၂၀၂၁၊ နိုဝင်ဘာ ၂
မြန်မာနိုင်ငံမှ ကြံ၊ရာဘာ၊ ကော်စေး နှင့် ဝါများကိုချင်းရွှေဟော် ဂိတ်မှ တဆင့်တင်သွင်းရန် ယူနန်ပြည်နယ် ရှိအာဏာပိုင်များမှ ခွင့်ပြုခဲ့သည်။လက်ရှိ အချိန်တွင် နယ်စပ်များပိတ်ထားသောကြောင့် နှစ်နိုင်ငံအဆင့် နယ်စပ်များပြန်လည်ဖွင့်ရန် သဘောတူညီမှုရရှိပြီးမှသာ တင်ပို့မှစတင်နိုင်မည်ဟု စစ်ကောင်စီ၏ သတင်းစာများတွင်ရေးသားထားသည်။
၂၀၂၁၊ အောက်တိုဘာ ၃၁
Photo- Foreign Affairs Ministry of China
အမေရိကန်နှင့် တရုတ်နိုင်ငံသည် မြန်မာအပါအဝင် မြောက်ကိုရီးယား အာဖဂန် အီရန် တို့၏ နိုင်ငံရေး အကျပ်အတည်းများတွင် တူညီသည့် အကျိုးစီးပွားစဉ်းစားချက်များရှိသောကြောင့် လက်တွဲဆောင်ရွက် နိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်  နှင့် တရုတ်နိုင်ငံခြား ရေး ဝန်ကြီး ၀မ်ယိ တို့ ရောမတွင် တွေ့ဆုံရာတွင်ပြောဆိုခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။
၂၀၂၁၊ အောက်တိုဘာ ၃၀
Photo- A Citizen Journalist
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ နောင်ခမ်း ကျေးရွာ ဘက်ထဲသို့ လေးမီတာခန့်နယ်မြေကျွံ ကာတရုတ်ဘက်မှခြံစည်းရိုး ကာခဲ့သည့်အတွက် ဒေသခံများမှ မကျေမလည်ဖြစ်နေချိန်တွင် တရုတ်ဘက်မှ ရွာသားများထံသို့ ခြိမ်းခြောက် ဖိအားပေးစာ ပို့ခဲ့ကြောင်း  ဒေ သခံများက သတင်းမီဒီယာများကို ထုတ်ဖော်ပြောဆိုထားသည်။  တရုတ်ဘက်ခြမ်း နောင်ဆောင်ရွာဘက်မှတရုတ်များက အချက် သုံးချက်ပါ ဖိအားပေး ခြိမ်းခြောက်သည့် စာကို WeChatတွင် တင်ခဲ့ပြီးခြံစည်းရိုးကာထားသည့်နေရာတွင် လယ်ကွက်များလာစိုက်ပါက ဖျက်ဆီးပစ် မည်ဟုရေးသားထားသည်။ တရုတ်ဘက်မှ နယ်မြေကျွံ့ကာ ခြံစည်းရိုးကာခဲ့သောကြောင့်  မြန်မာဘက်မှ မိသားစုအစဉ်အဆက်  လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေတွေပါသွားကြောင်း၊ စိုက်ပျိုးရန်အခက်အခဲတွေ့နေကြောင်း ဒေသခံများက မြန်မာအာဏာပိုင်များကိုတင်ပြထားသည်။ အခုနှစ် ဇူလိုင် ၁၄ ရက်မှာ ပထမအကြိမ် တရုတ်ဘက်က နယ်ခြားစည်းရိုးကျွံပြီး လာခတ်ခဲ့သည့်အတွက် ဒေသခံများက ကန့်ကွက်ခဲ့ပြီး အောက်တိုဘာ ၁၈ ရက်တွင်လည်း နယ်ခြားစည်းရိုး ကျွံပြီး ထပ်မံ လာခတ်တာကြောင့် အငြင်းပွားမှုထပ်မံ ဖြစ်ပွားနေခြင်းဖြစ်သည်။
၂၀၂၁ အောက်တိုဘာ ၂၉
နယ်စပ်မှ တဆင့် ကိုဗစ်ရောဂါပိုးကူးစက်မည်ကို ကြိုတင် ကာကွယ်သည့် အနေဖြင့် ယူနန်ပြည်နယ်အာဏာပိုင်များက မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း နီးကပ်နေသည့် တရုတ် နယ်စပ် ရွှေလီမြို့တွင် နယ်စပ်မှ မီတာ ၅၀ မှ ၂၀၀ အထိ Buffer Zone အဖြစ်သတ်မှတ်ကာ နယ်စပ်ဒေသရှိတရုတ်ပြည်သူများကို နေရာရွေ့ပြောင်းပေးခဲ့သည်ဟု ကြေညာသည်။တရားမ၀င် နယ်စပ် ဖြတ်ကျော်ခြင်းကြောင့် ကိုဗစ်ကူးစက်ခြင်းကိုကာကွယ်ရန် ထိုသို့လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ကြေညာခဲ့ပြီး နေရာရွေ့ပြောင်းခအဖြစ် တဦးကိုတလစာအဖြစ် ယွမ် ၆၀၀ ထောက်ပံ့ပေးခဲ့ကြောင်း ယူနန်အာဏာပိုင်များကကြေညာထားသည်။
၂၀၂၁၊ အောက်တိုဘာ ၂၈
ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ (၁၃) ကြိမ် မြောက်အစည်းအဝေးတွင် စစ်ကောင်စီ၏ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိူင်က  တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကာကွယ်ဆေးရောင်းချပေးခြင်းအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်းပြောခဲ့သည်။
၂၀၂၁၊ အောက်တိုဘာလ ၂၅
Photo- A Citizen Journalist
မြန်မာ – တရုတ် နယ်စပ် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာအုပ်စုတွင် တရုတ်ဘက်ခြမ်းမှ နယ်မြေကျုးကျော်ကာ သံဆူးကြိုးဖြင့် ခတ်ထားသည်ကို ဒေသခံများ ပြန်လည်ဖျက်ဆီးခဲ့ သည်။ အောက်တိုဘာ ၂၄ ရက်တွင် တရုတ်ဘက်ခြမ်းမှ သံဆူးကြိုးဖြင့် မြန်မာဘက်ခြမ်းသို့ ပေ ၅၀ ကျော်ပြီး လာခတ်သဖြင့် ဒေသခံများ မှ ထိုသို့တုန့်ပြန်ခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။
၂၀၂၁၊ အောက်တိုဘာ ၂၄
Photo- Chinese Embassy in Myanmar
မြန်မာရှိ တရုတ်နွယ်ဖွားများအသိုင်းအဝိုင်း ကိုယ်ထူကိုယ်ထ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်ပြီးဆုံးကြောင်း အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူး Yu Bianjiang တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် (MCCOC)​ဉီးဆောင်ကာ တရုတ်နိုင်ငံမှ Sinophram (ဆိုင်နိုဖမ်း) မှာယူတင်သွင်းခဲ့ပြီး တဉီးလျှင် ငါးသောင်းကျပ်ဖြင့် ကာကွယ် ဆေးထိုးနိုင်ကြောင်း ကြေညာခဲ့သည်။ သြဂုတ်လ ၂၄ ရက်မှစပြီး ကာကွယ်ဆေးထိုးခြင်း အစီအစဉ်စတင်ခဲ့ပြီး မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများ တရုတ်နွယ်ဖွားများ မြန်မာပြည်သူများ နှင့်နိုင်ငံခြားသား  စုစုပေါင်းလူဦးရေ ၃၄၃,၀၀၀ ကိုကာကွယ်ဆေးထိုးခဲ့ကြောင်း တရုတ်သံရုံးမှထုတ်ပြန်ခဲ့သည်။
၂၀၂၁၊ အောက်တိုဘာ ၂၄
မြန်မာဘက်ကို တင်သွင်းမည့် ကုန်ပစ္စည်းတွေပိတ်မိ နေသော တရုတ်ဘက်ခြမ်း ကျယ်ဂေါင်ရှိ ဂိုဒေါင်များကို ဖျက်သိမ်းရန် တရုတ်အာဏာပိုင်များက စာထုတ်ပြန်ခဲ့သည်။ ထို ဂိုဒေါင်များတွင် တရုတ်ကုန်သည်များထံမှမြန်မာကုန်သည်များက ၀ယ်ယူထားသော ကုန်ပစ္စည်းများဖြစ်ပြီး တရုတ်ဘက်က ကိုဗစ်အကြောင်းပြကာ နယ်စပ်ပိတ်ချလိုက်ခြင်းကြောင့် ကျယ်ဂေါင်တွင်ပိတ်မိနေခြင်းဖြစ်သည်။ ထိုကုန်ပစ္စည်းများကို မြန်မာကုန်သည်များက ငွေရှင်းပြီးသားဖြစ်သည့်အပြင် ပိတ်မိ‌နေခြင်းမှာ ရှစ်လခန့်ကြာမြင့်နေပြီ ဖြစ်ပြီး နယ်စပ်ဂိတ်များ ပိတ်ထားသောကြောင့် သယ်ယူရန်မလွယ်ဘဲ သိန်းထောင်နှင့်ချီ ဆုံးရှုံးဖွယ်ရှိတယ်လို့ ကုန်သည်တွေက ခန့်မှန်းထားသည်။
၂၀၂၁၊ အောက်တိုဘာ ၂၂
Photo- Global New Light of Myanmar
စစ်ကောင်စီက တရုတ်ထံ မှ၀ယ်ယူထားသော Sinopharm (ဆိုင်နိုဖမ်း) ကာကွယ်ဆေး အလုံးရေ လေးသန်း ကို ရန်ကုန်မြို့သို့ ပို့ဆောင်ခဲ့သည်။
၂၀၂၁၊ အောက်တိုဘာ ၂၁
တရုတ် သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဉီးစီးဌာန မှ 2021 East Asia New Energy Forum ကို ရှန်ဟိုင်းမြို့တွင် ကျင်းပရာ စစ်ကောင်စီ၏ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့်နည်းပညာ ဉီးစီးဌာန နည်းပညာ တက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)  ခေတ္တ ပါမောက္ခ ဒေါက်တာအောင်ဇေယျက အွန်လိုင်းမှတဆင့် တက်ရောက်ခဲ့သည်။ ထိုအစည်းအဝေးသို့ တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ တောင်ကိုးရီးယားနှင့် အာဆီယံ စုစုပေါင်းနိုင်ငံ ၁၈ နိုင်ငံမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး မြန်မာဘက်မှ R & D Commercialization of New Energy Techologies Panel Discussion မှာပါဝင်ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန် ထားသည်။
၂၀၂၁၊ အောက်တိုဘာ ၂၀
Photo- A Citizen Journalist
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ် မန့်မိုင် ကျေးရွာပိုက်နက်ထဲသို့ နယ်မြေကျူးကျော်ကာ တရုတ်ဘက်မှ ခြံစည်းရိုး လာခတ်ခဲ့ကြောင်း ဒေသခံများက သတင်းမီဒီယာ များကိုပြောခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ဒေသခံများက ပန်ဆိုင်းမြို့နယ် အုပ်ချုပ်ရေးမှူးကို တိုင်ကြားခဲ့သော်လည်း အုပ်ချုပ်သူများက ဖြေရှင်းပေးခြင်းမရှိကြောင်းသိရသည်။ ထို့အပြင်  တရုတ်မှ နယ်မြေ ကျူးကျော် ခြံစည်းရိုးခတ်မှုကို ဒေသခံများက သ‌ဘောမတူပါက နောက်ထွက်လာမည့် ကြံများကို ဝယ်ယူ မည် မဟုတ်ကြောင်း တရုတ်က ဖိအားပေးပြောဆိုထား ကြောင်းဒေသခံများက သတင်းမီဒီယာများကိုပြောခဲ့သည်။
၂၀၂၁၊ အောက်တိုဘာ ၁၉
Photo- Ruili Authority
မြန်မာ-တရုတ်နယ်စပ် ကြူကုတ်(ပန်ဆိုင်း) နဲ့ မုံးကိုးဘက် တွင် စစ်ကောင်စီ၏တပ်များနှင့် မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ်မတော် (MNDAA)တို့အကြား အောက်တိုဘာ ၁၆ ရက်မှ ၁၉ ရက်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။အောက်တိုဘာ ၁၈ရက်တွင်ဖြစ်ပွားသောတိုက်ပွဲများကြောင့် ကြူကုတ် တဖက်ခြမ်းတရုတ်နိုင်ငံ ၀မ်တိန်မြို့ထဲသို့ လက်နက်ကျည်ကျ ရောက်ပေါက်ကွဲခဲ့သောကြောင့် တရုတ်ဘက်ကနယ်စပ်တွင်နေထိုင်သည့် ပြည်သူများ အတွက် ရွှေလီအာဏာပိုင်များက သတိပေးစာ ထုတ်ပြန်ခဲ့သည်။ ထိုစာထဲတွင် ၀မ်တိန်ဒေသခံများအနေဖြင့် အပြင်ထွက်လျှင် သတိပြုရန်၊ လက်နက်ပစ်ခတ်သံများသေနတ်သံများကြားလျှင် အပြင်မထွက်ရန် နှင့် ထူးခြား ဖြစ်စဉ်များရှိပါက အာဏာပိုင်များထံချက်ချင်းသတင်းပို့ရန် ဖော်ပြထားသည်။
၂၀၂၁၊ အောက်တိုဘာလ ၁၉
တရုတ်-လာအို-မြန်မာ-ထိုင်း နိုင်ငံလေးနိုင်ငံသည် ၁၁၀ ကြိမ်မြောက် မဲခေါင်မြစ်ပေါ် ပူးတွဲကင်းလှည့်ရေးနှင့် ဥပဒေစိုးမိုးရေး ကင်းလှည့်အစီအစဉ်စတင်ခဲ့သည်။
၂၀၂၁၊ အောက်တိုဘာ ၁၈-၁၉
Photo- Global New Light of Myanmar
ဒုတိယအကြိမ်မြောက် ရပ်ဝန်းလမ်းကြောင်း အစီအမံ စွမ်းအင်ဝန်ကြီးများ အဆင့်အစည်းအဝေးကို စစ်ကောင်စီ၏ စွမ်းအင်၀န်ကြီးဌာနမှ ၀န်ကြီးနှင့် ဒု၀န်ကြီးတို့အွန်လိုင်းမှ တဆင့်တက်ရောက်ခဲ့သည်။ ဝန်ကြီးများ အဆင့်အစည်းအဝေးဖွင့်ပွဲတွင် ဝန်ကြီးဉီးအောင်သန်းဉီးမှ ဗီဒီယိုမက်ဆေ့ဖြင့် အဖွင့်အမှာစကား ပြောခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာများက ဖော်ပြထားသည်။ အစည်းအဝေးတွင် စွမ်းအင်သုံးစွဲမှုပြုပြင်ပြောင်းလဲရေးစွမ်းအင်လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကိုရပ်၀န်းလမ်းကြောင်းအစီအမံ အဖွဲ့၀င်နိုင်ငံများအတူတကွလက်တွဲဖြေရှင်းရန်၊ သဘာ၀ပတ်၀န်းကျင်ကို ထိခိုက်မှုနည်းသော စွမ်းအင်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုများကိုပိုမိုအားပေးရန် စိမ်းလန်းသော စွမ်းအင်ဆိုင်ရာဖွံ့ဖြိုးမှုလုပ်ဆောင်နိုင်ငံရေးအတွက် ပိုမိုကောင်းမွန်သောနည်းပညာနှင့် ဆန်းသစ် တီထွင်မှုများလုပ်ဆောင်နိုင်ရန် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် အဓိကထားဆွေးနွေးကြသည်။ အစည်းအဝေးကို Belt and Road စွမ်းအင်ဝန်ကြီးများ၊ သံတမန်များ၊ နိုင်ငံတကာ စွမ်းအင်ဝန်ကြီးများနှင့် အကြီးတန်း စွမ်းအင်အရာရှိများ၊ ကုလသမဂ္ဂ စွမ်းအင်အကြီး အကဲများ၊ တရုတ်နှင့် နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီများမှ အကြီးတန်းအရာရှိများနှင့် တရုတ် တက္ကသိုလ်များ မှ ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြကြောင်းသတင်းထုတ်ပြန်ထားသည်။ ထိုအစည်းအဝေးတွင် ကချင်ပြည်နယ်ရှိတာပိန်ရေ အားလျှပ်စစ်စီမံကိန်းကို အကောင်ထည်ဖော်သည့် China Datang Group၏ ကုမ္ပဏီခွဲသည်  ဗန်းမော် မြို့နယ်အတွင်း ရေကြီးမှုကာကွယ်နိုင်ခြင်း အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းမှုဆောင်ရွက်နိုင်ခြင်းတို့ကြောင်း Best Practice Case of Energy International Cooperation ဆုရရှိကြောင်းတရုတ်သတင်းဌာန များကရေးသားထားသည်။
၂၀၂၁၊ အောက်တိုဘာ ၁၈
ယူနန်ပြည်နယ်မှ ပြည်သူများလှူဒါန်းသည့် အောက်ဆီဂျင်အရည် ၂၅ တန်ကို မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့သည်။
၂၀၂၁၊ အောက်တိုဘာ ၁၈
Photo- A Citizen Journalist
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် တရုတ်နိုင်ငံဘက်မှ နယ်မြေကျူးကျော်ပြီး  ခြံစည်းရိုး ခတ်ခဲ့သည်။
၂၀၂၁၊ အောက်တိုဘာ ၁၈
စစ်ကောင်စီ၏တပ်များနှင့် မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာ မိတ်တပ်မတော် (MNDAA) တို့အကြားဖြစ်ပွားသောတိုက်ပွဲများကြောင့်  မုံးကိုး နဲ့ ကြူကုတ် (ပန်ဆိုင်း) တဖက်ကမ်းရှိ တရုတ်နိုင်ငံဘက်ထဲ သို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သည်။
၂၀၂၁၊ အောက်တိုဘာ ၁၅
Photo- Chinese Embassy in Myanmar
စစ်ကောင်စီက တရုတ်နိုင်ငံထံမှ ၀ယ်ယူထားသော Sinopharm (ဆိုင်နိုဖမ်း) ကာကွယ်ဆေး လေးသန်းကို ရန်ကုန်သို့ပို့ဆောင်ပေးခဲ့သည်။ လက်ရှိအချိန်အထိ တရုတ်မှမြန်မာသို့ ပို့ဆောင်သည့် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၂၆ ဒသမ ၆သန်းရှိပြီဖြစ်ပြီး ၎င်းတို့အနက် ၅ ဒသမ ၉သန်းမှာ တရုတ်နိုင်ငံမှ လှူဒါန်းခြင်းဖြစ်သည်။
၂၀၂၁၊ အောက်တိုဘာ ၁၄
Photo- Chinese Embassy in Myanmar
တရုတ်မှ စစ်ကောင်စီသို့လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinovac (ဆိုင်နိုဗက်) အလုံးရေ တ သန်း ထပ်မံရောက်ရှိခဲ့သည်။
၂၀၂၁၊ အောက်တိုဘာ ၁၄
Photo- Mingalar Magazine
မြန်မာ-တရုတ်နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်ရေးအတွက် နှစ်နိုင်ငံမှ တာ၀န်ရှိသူများ  အွန်လိုင်းမှတဆင့် အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် တရုတ်နိုင်ငံဘက်မှ တရုတ်နိုင်ငံတွင်းမှ ကုန်စည်များ တင်ဆောင်သော ကားများသာ မြန်မာနိုင်ငံသို့ထွက်ခွင့်ပြုပြုရန် မြန်မာနိုင်ငံမှ ကုန်စည် တင်ဆောင်ထား သောကားများအား တရုတ်နိုင်ငံသို့ ဝင်ရောက် ခွင့်မပြုကြောင်း တင်ပြလာခဲ့သည်။ သို့ရာတွင် မြန်မာနိုင်ငံမှ တာဝန်ရှိ ပုဂ္ဂိုလ်များမှ တရုတ်၏ ထို အစီအစဉ်ကို လက်မခံနိုင်ကြောင်းပြောဆိုခဲ့ပြီး တရုတ်ဘက်မှ ကားအစီး (၁ဝဝဝ) မြန်မာဘက်သို့ဝင်လျှင်မြန်မာဘက်မှလည်း တရုတ်နိုင်ငံသို့ ကားအစီး(၁ဝဝဝ) ဝင်ခွင့်ပြုရမည်ဟု ပြန်လည်တင်ပြခဲ့သောကြောင့်  အဖြေမထွက်ဘဲ အစည်းအဝေးပြီးဆုံးခဲ့သည်ဟု တက်ရောက်ခဲ့သော နယ်စပ်ကုန်သည်ကြီးများက မီဒီယာများကိုပြောဆိုခဲ့သည်။ ထို့အပြင် ကျယ်‌ဂေါင်ဘက် တွင် ပိတ်မိနေပြီး မြန်မာဘက်သို့ တင်သွင်းမည့် ကုန်များကိုထုတ်ယူရန် အောက်တိုဘာ ၁၅ ရက်တွင် ကျယ်ဂေါင်-မန့်ဝိန်းဂိတ် ဖွင့်ပေးမည့် အစီအစဉ်ကို လည်း နှစ်နိုင်ငံ သဘောတူညီမှု မရှိသောကြောင့် ပျက်သွားခဲ့သည်။
၂၀၂၁၊ အောက်တိုဘာ ၁၃
Photo- Citizen Journalist
စစ်ကောင်စီ၏တပ်များနှင့် မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ်မတော် (MNDAA) တို့အကြားဖြစ်ပွားသောတိုက်ပွဲများကြောင့် မြန်မာ-တရုတ်နယ်စပ်ခြံစည်းရိုးနားတွင် ယာယီစခန်းများဆောက်ကာ ထွက်ပြေးတိမ်း ရှောင်နေရသော မုံးကိုး   ဒေသခံများ ကိုနယ်စပ်ခြံစည်းရိုးနားမကပ်ရန် (မြန်မာ-တရုတ်နှစ်ဘာသာ လုံးအသုံးပြုကာ) အသံချဲ့စက်များ ဖြင့်  တရုတ်ဘက်မှထုတ်လွှင့်ခဲ့သည်။
၂၀၂၁၊ အောက်တိုဘာလ ၁၃
Photo- Chinese Embassy in Myanmar
တရုတ်မှ စစ်ကောင်စီသို့လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinovac (ဆိုင်နိုဗက်) အလုံးရေ တသန်း ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ချန်းဟိုင်မှ စစ်ကောင်စီ၏ ကျန်းမာရေး၀န်ကြီးဌာန ၀န်ကြီး   ဒေါက်တာသက်ခိုင်ဝင်း ထံသို့ ကာကွယ်ဆေးများ လွှဲပြောင်းပေးသည့် အခမ်းအနားကို အွန်လိုင်းမှတဆင့်ကျင်းပခဲ့သည်။ တရုတ်သံအမတ် ချန်းဟိုင် က မြန်မာနိုင်ငံတွင် ကပ်ရောဂါတတိယလှိုင်းဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံမှ  ကိုဗစ်ကာကွယ်ဆေးအလုံးရေ   ၂၂ ဒသမ ၆ သန်းပို့ဆောင်ခဲ့ပြီး ၎င်းအနက် ၅.၉ သန်းသည် အခမဲ့လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်းပြောခဲ့သည်။ မြန်မာနိုင်ငံတွင် ကာကွယ်ဆေး အရည်ဖြည့်ထုပ်ပိုးခြင်း ကိုလည်း  ပူးပေါင်းထုတ်လုပ်ရန်လည်း ဆွေးနွေးညှိနှိုင်းနေကြောင်း၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အရေးပါဆုံးဖြစ်သော မူဆယ်-ရွှေလီနယ်စပ်ဂိတ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းတွင် တည်ဆောက်ထားသည့် ကိုဗစ်-၁၉ ကုသရေးစင်တာကိုလည်း စတင်အသုံးပြုနေပြီဖြစ်ကြောင်း၊ အဆိုပါအစီအမံများက ကပ်ရောဂါကာကွယ် ထိန်းချုပ်မှုကို စီမံရေးနှင့် နယ်စပ်ကုန်သွယ်ရေး အာမခံရေးတို့အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း တရုတ်သံအမတ်ကပြောခဲ့သည်။ ထို့အပြင် ယူနန်ပြည်နယ်သည် ကြီးမားသော ပြည်ပမှကပ်ရောဂါကူးစက်မှုကို ကာကွယ်ရေးဖိအားနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘက်က ကပ်ရောဂါကာကွယ်ရေးကိုတိုးမြှင့်ပြီး  နယ်စပ်ကုန်သွယ်ရေး တွင်လည်း ကုန်ပစ္စည်းများ အား စက်ဖြင့်ဂိတ်ဖြတ်ခြင်း၊ တရားမဝင် နယ်စပ်ကျော်ဖြတ်မှုကို တိုက်ဖျက်ခြင်းတို့ တိုးမြှင့်ဆောင်ရွက်ပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး စနစ်တကျပြန်လည်ဖော်ဆောင်ရေးအတွက် အခြေအနေဖန်တီးပေးရန် မျှော်လင့်ကြောင်း ချန်းဟိုင်ကပြောခဲ့သည်။
၂၀၂၁၊ အောက်တိုဘာ ၁၂
နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားခွင့်လိုင်စင်ရရှိထားသော ဘဏ်များနှင့် ဘဏ်မဟုတ်သော ကုမ္ပဏီအဖွဲ့များအား တရုတ်ယွမ်နှင့် ဂျပန်ယန်း တို့ကိုပါ ဝယ်ယူ ရောင်းချ ခွင့်ပြုကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်ကထုတ်ပြန်ခဲ့သည်။ ယခင်က ပြည်တွင်းတွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ် နှင့် မလေးရှားရင်းဂစ်  နိုင်ငံခြားငွေငါးမျိုးကိုသာ  ဝယ်ယူရောင်းချခွင့် ပေးထားသည်။
၂၀၂၁၊အောက်တိုဘာ ၉
Photo- Mingalar Magazine
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး လုံး၀ရပ်တန့်နေချိန်တွင် စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒု၀န်ကြီး ဉီးဆောင်ကာ နှစ်နိုင်ငံနယ်စပ် ကုန်စည်ပြန်လည်စီး ဆင်းရေးအတွက် လုပ်ဆောင်ရန်လိုအပ်ချက်များကို ဆွေးနွေးသည့် အစည်းအဝေးတရပ်ကိုကျင်းပခဲ့သည်။ ထိုအစည်းအဝေးကိုမြန်မာ့ ကုန်သွယ် မှုမြှင့်တင်ရေးနှင့် ကုန်စည်စီးဆင်းမှုလွယ်ကူချောမွေ့ရေး ဗဟိုကော်မတီအတွင်းရေးမှူး၊ ကော်မတီအဖွဲ့ဝင်များ၊ ဌာနခွဲ အသီးသီးမှ အဖွဲ့ဝင်များနှင့်မူဆယ်လုပ်ငန်းအဖွဲ့ဝင်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ် များ တက်ရောက်ခဲ့ကြသည်။
၂၀၂၁၊အောက်တိုဘာ ၉
Photo- Chinese Embassy in Myanmar
၂၀၂၁ ခုနှစ် “တရုတ်-မြန်မာချစ်ကြည်ရေးပညာသင်ဆု” အစီအစဉ်အရ မြန်မာနိုင်ငံမှ​ ကျောင်းသား ၊ကျောင်းသူ ၆၀ ကျော်ကို ပညာတော်သင်ဆုပေးရန် ရွေးချယ်ခဲ့ကြောင်း တရုတ်သံရုံးကထုတ်ပြန်ခဲ့သည်။ ပညာသင်ဆုပေးအပ်သည့်အခမ်းအနားကို အွန်လိုင်းမှ တဆင့်ပြုလုပ်ခဲ့ရာ တရုတ်သံအမတ် ချန်းဟိုင်၊ သံရုံး ယဉ်ကျေးမှုသံမှူး Pan Feng ၊ သံရုံး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဌာန ဌာနမှူး Meng Liping နှင့် ပညာတော်သင်ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။ ထိုပညာတော်သင်အများစုမှာ Central China Normal University ၊ Beijing Foreign Studies University နှင့် China Foreign Affairs University တို့တွင် တက်ရောက်သွားမည်ဖြစ်ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်ခဲ့သည်။
၂၀၂၁၊ အောက်တိုဘာ ၈
မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများနှင့် လုပ်ငန်းရှင်များ၏ လုံခြုံရေးကိုတိုးမြှင့်ဆောင်ရွက်ပေးထားရန် တရုတ်သံရုံးမှ စစ်ကောင်စီထံ တောင်းဆိုပြီး နှစ်ပတ်အကြာတွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ တရုတ်ရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း နှင့် ဓာတ်ငွေ့ (Off-Take Station)​ ထိန်းသိမ်းရေး စခန်းကိုစောင့်ကြပ်နေသည့် စစ်ကောင်စီတပ်များကို မြေလတ် ပြည်သူ့ကာ ကွယ်ရေး တပ် နှင့် Seven ပြည်သူ့ကာကွယ်ရေးတပ် တို့က ဝင်ရောက်တိုက်ခိုက်ကြောင်း သတင်း ထုတ်ပြန်ခဲ့ သည်။
၂၀၂၁၊ အောက်တိုဘာ ၈
Photo- Global New Light of Myanmar
တရုတ်နိုင်ငံ World Green Design Organization (WGDO) Myanmar မှ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များ အသုံးပြုနိုင်ရန်အတွက် ယွမ်ငွေ ၄,၂၅၄,၈၀၀ တန်ဖိုးရှိ ကိုဗစ်ရောဂါကာကွယ်ရေးဆက်စပ် ပစ္စည်းများလှူဒါန်းခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၁၊ အောက်တိုဘာ ၆
Photo- Mingalar Magazine
တရုတ်-မြန်မာ ကုန်သွယ်ရေးတွင် ဒုတိယ အကြီးဆုံး ကုန်သွယ်ရေးဂိတ် ဖြစ်သည့် ချင်းရွှေဟော်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ပစ္စည်းများမှ လွဲ၍ အခြားသောကုန်ပစ္စည်းများ လုံးဝ ဝင်ထွက်ခွင့်ရမည်မဟုတ်ကြောင်း မြန်မာဘက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။တရုတ်ဘက်က ကိုဗစ်ရောဂါအကြောင်းပြချက်ဖြင့်  နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး အဓိက ဆောင်ရွက်နေသည့်  မန့်ဝိန်းဂိတ်ကို ဧပြီလဆန်းပိုင်း၊ ကျင်းဆန်းကျော့ နဲ့ ဝမ်တိမ်ဂိတ်များကို ဇူလိုင် ဒုတိယအပတ်တွင် ပိတ်ထားခဲ့သည်။ သို့သော် တရုတ်ဘက်က ကုန်စည်များကတော့ ချင်းရွှေဟော်ဘက် ဝင်ထွက်ခွင့်ရထားသဖြင့်မြန်မာကုန်သည်များက အပြင်းအထန် ဝေဖန်ခဲ့သည်။ ယခုအခါ နောက်ဆုံးကျန်ရှိသည့် ချင်းရွှေဟော်ဂိတ်ကို မြန်မာဘက်မှ ပိတ်လိုက်သဖြင့် နှစ်နိုင်ငံကြား တရားဝင် နယ်စပ်ကုန်သွယ်မှု လုံးဝရပ်တန့်သွားခဲ့သည်။
၂၀၂၁၊ အောက်တိုဘာ ၂
Photo- Chinese Embassy in Myanmar
စစ်ကောင်စီ ဝယ်ယူသည့် တရုတ် Sinopharm ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး အလုံးရေ လေးသန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ စစ်ကောင်စီသည် တရုတ် Sinopharm Group ထံမှ ကိုဗစ် ကာကွယ်ဆေး  ၂၄ သန်းမှာယူခဲ့ပြီး  တရုတ်မှ စုစုပေါင်း ၁၂ သန်း ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။ အောက်တိုဘာ လဆန်းပိုင်း အထိ တရုတ်နိုင်ငံမှ ကိုဗစ်ကာကွယ်ဆေး အလုံးရေ  ၂၀ ဒသမ ၆ သန်း ရှိပြီဖြစ်သည်။ ၎င်းတို့အနက် ၁၆ ဒသမ ၇ သန်းသည် မြန်မာနိုင်ငံမှ ဝယ်ယူခြင်းဖြစ်ပြီး ၃ ဒသမ ၉ သန်းသည် တရုတ်နိုင်ငံက လှူဒါန်းခြင်း ဖြစ်သည်။
၂၀၂၁၊ အောက်တိုဘာ ၁
Photo- Mingalar Newspaper
ယူနန်ပြည်နယ်၊ တတ်ဟုန် ပြည်နယ်ခွဲ​ ရွှေလီမြို့မှ ကူညီထောက်ပံမှုဖြင့် တည်ဆောက်ခဲ့သည့် မူဆယ် (၁၀၅) မိုင်တွင် ကုတင် ၁၀၀၀ ကိုဗစ်ပိုးတွေ့ လူနာကုသရေးစင်တာကို ဖွင့်လှစ်ခဲ့သည်။ နှစ်နိုင်ငံအကြား နယ်စပ် ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ပါက ထိုစင်တာတွင် ကိုဗစ်-၁၉ ရောဂါများ စစ်ဆေးပြီး ရောဂါ ကင်းစင်သူများကိုသာ တရုတ်နိုင်ငံသို့ ဝင်ရောက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ထိုစင်တာတွင် ရောဂါပိုး တွေ့ရှိသူများကိုလည်း ကုသပေးသွားမည်ဖြစ်သည်။ အဆိုပါ စင်တာကို တရုတ်ဘက်မှ သြဂုတ်တွင် စတင် တည်ဆောက်ခဲ့ပြီး စက်တင်ဘာလကုန်တွင် မြန်မာဘက်သို့လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
၂၀၂၁၊ စက်တင်ဘာ ၃၀
Photo- Global New Light of Myanmar
တရုတ်နိုင်ငံမှ မှာယူတည်ဆောက်ထားသည့် တွန်းဆွဲရေယာဉ်သစ်နှစ်စီး လုပ်ငန်းခွင်စတင် ဝင်ရောက်ခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ ကျန်းမာရေးဆိပ်ကမ်းတွင် ကျင်းပရာ စစ်ကောင်စီ၏ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း ၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးလှစိုးနှင့် အခြားစစ်ဘက်ဆိုင်ရာအရာရှိများဝန်ကြီးဌာနမှ အကြီးအကဲများ တက်ရောက်ကြသည်။
၂၀၂၁၊ စက်တင်ဘာ ၃၀
Photo- NUG
အမျိူးသားညီညွတ်ရေးအစိုးရအနေဖြင့် တရုတ်နိုင်ငံနှင့် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်ရန်၊ နှစ်ဘက်ကြား ဆက်ဆံရေး ခိုင်မာအောင် လုပ်ဆောင်သွားရန် အဆင့်သင့်ရှိနေကြောင်း အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် တရုတ်နိုင်ငံ၏ ၇၂ ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အတွက် ပေးပို့သည့် သ၀ဏ်လွှာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ရေးသားထားသည်။
၂၀၂၁၊ စက်တင်ဘာ ၂၉
Photo- UN
ကုလသမဂ္ဂအထွေထွေရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ် တင်သွင်းသည့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော လူနည်းစုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာကို ထုတ်ခဲ့ပြန်ရာ နိုင်ငံပေါင်း ၁၉၉ နိုင်ငံက အတည်ပြုခဲ့သော်လည်း တရုတ်နိုင်ငံ အပါအဝင် ၃၆ နိုင်ငံက မဲမပေးဘဲ နေခဲ့သည်။ ထိုအစီရင်ခံမှာ ၂၀၂၀ ပြည့်နှစ် သြဂုတ်မှ ၂၀၂၁ ခုနှစ် သြဂုတ်အထိ လူနည်းစုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးအကျပ်အတည်းနှင့် ပဋိပက္ခများ ပိုမိုဆိုးရွားလာခြင်းအား ကာကွယ်ရန် နိုင်ငံတကာအကူအညီများလိုအပ်သည်ဟု အန်တိုနီ ဂူတာရက်စ် က တိုက်တွန်းထားသည်။
၂၀၂၁၊ စက်တင်ဘာ ၂၈
Photo- Foreign Affairs Ministry of China
မြန်မာနိုင်ငံအကျပ်အတည်း အခြေအနေနှင့်  ဒေသတွင်းတည်ငြိမ်ရေးကို ထိခိုက်လာမည်ကို စိုးရိမ်ကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေးအကြီးအကဲ၊ ဥရောပသမဂ္ဂကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ Josep Borrell နှင့် တရုတ်နိုင်ငံခြား ဝန်ကြီးဝမ်ယိတို့ အွန်လိုင်းမှ တဆင့်ကျင်းပသည့် ၁၁ကြိမ်မြောက် ဥရောပ-တရုတ် မဟာဗျူဟာ မြောက် ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြောင်း ဥရောပသမဂ္ဂက သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၁၊ စက်တင်ဘာ ၂၇-၂၈
Photo- ကြေးမုံသတင်းစာ
တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းနင်းမြို့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ၂၀၂၁ ခုနှစ် တရုတ်-အာဆီယံ အသက်မွေးဝမ်းကျောင်းပညာရေးပြပွဲနှင့် ဖိုရမ်သို့ စစ်ကောင်စီ၏ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာချာလီသန်းသို့ အွန်လိုင်းမှတဆင့် တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့သည်။
၂၀၂၁၊ စက်တင်ဘာ ၂၆
Photo- Chinese Embassy in Myanmar
စစ်ကောင်စီမှဝယ်ယူထားသည့် တရုတ် Sinopharm ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး လေးသန်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ စက်တင်ဘာနောက်ဆုံးပတ်အထိ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၁၆ ဒသမ ၆ သန်းရှိပြီဖြစ်သည်။ ၎င်းတို့အနက် ၁၂ ဒသမ ၇ သန်းသည် စစ်ကောင်စီက ၀ယ်ယူခြင်းဖြစ်ပြီး ၃ ဒသမ ၉ သန်းသည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းခြင်း ဖြစ်သည်။
၂၀၂၁၊ စက်တင်ဘာ ၂၅
Photo- ကြေးမုံသတင်းစာ
တရုတ်နိုင်ငံဘက်မှ ဘလိတ်ဓားသွားဆူးကြိုးခြံစည်းရိုးကာရံမှုကြောင့် အငြင်းပွားမှု ဖြစ်ပွားနေသည့် ရှမ်းပြည် နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် စိုက်ထူထားသည့် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်နိမိတ်ကျောက်တိုင် အမှတ် ဘီပီ ၁၄၁ နှင့် ဘီပီ ၁၄၂-၁ တို့အား ချင်းရွှေဟော်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊ အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထို့သို့စစ်ဆေးခဲ့ရာတွင် ဘီပီ ၁၄၂-၁ ၌ စိုက်ထူထားသော တိုင်များမှာ နယ်နိမိတ်မျဉ်းနှင့် ၁၀ မီတာ အတွင်း ဝင်ရောက်နေသည်ကို တွေ့ရှိရသဖြင့် တရုတ်ဘက်နိုင်ငံဘက်သို့ စာပို့ကန့်ကွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ သတင်းစာတွင် ရေးသားထားသည်။
၂၀၂၁၊ စက်တင်ဘာ ၂၄
Photo- Global New Light of Myanmar
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကွေ့ကျိုးပြည်နယ်တို့ ပူးပေါင်းလုပ်ဆောင်သည့် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ် ဖွင့်ပွဲကို အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့ရာ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမျိုးသန့်ဖေတို့ တက်ရောက်ခဲ့သည်။
၂၀၂၁၊ စက်တင်ဘာ ၂၁
တရုတ်၊ လာအို၊ ထိုင်းနှင့် မြန်မာတို့ ပါဝင်သည့် ၁၀၉ ကြိမ်မြောက် မဲခေါင်မြစ်ကြောင်း လုံခြုံရေး ပူးတွဲ ကင်းလှည့်မှု အစီအစဉ်ကို စတင်ခဲ့သည်။ ထိုအစီအစဉ်သည် မဲခေါင်မြစ်ကြောင်း တလျှောက် မူးယစ်ဆေးဝါး မှောင်ခိုမှုများ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းများ၊ တရားမဝင် ဝင်ရောက်မှုများ၊ တရားမဝင် အင်တာနက် ဆက်သွယ် ရာဇဝတ်မှုခင်း လှုပ်ရှားမှုများစသော ရာဇဝတ်မှုခင်းများ တားဆီးနှိမ်နင်းရေးတို့ အတွက် ရည်ရွယ်ပါသည်။
၂၀၂၁၊ စက်တင်ဘာ၂၁- ၂၂
Photo- Global New Light of Myanmar
တရုတ်နိုင်ငံကဦးဆောင်သည့်  လန်ချန်း-မဲခေါင် ဒေသတွင်း ပူးပေါင်း ဆောက်ရွက်မှု အစီအမံအောက်တွင် အဖွဲ့ဝင် နိုင်ငံများအကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆွေးနွေးပွဲ ကျင်းပရာ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် တတ်ရောက်ခဲ့သည်။
၂၀၂၁၊ စက်တင်ဘာ ၂၀
မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများနှင့် လုပ်ငန်းရှင်များ၏ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ပေးထားရန် တိုင်းနှင့် ပြည်နယ်များရှိ ရဲတပ်ဖွဲ့ဝင်များ အားလုံးကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်က ညွှန်ကြားထားကြောင်း သတင်းမီဒီယာများက ရေးသားဖော်ပြခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် ချန်းဟိုင်နှင့် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်တို့ စက်တင်ဘာ ၉ ရက် တွင် တယ်လီဖုန်းမှတဆင့် ဆက်သွယ်ပြောဆိုရာ၌ မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများနှင့် တရုတ်လုပ်ငန်းရှင် များအပေါ် လုံခြုံရေးတိုးမြှင့်ပေးရန် တရုတ်ဘက်က တောင်းဆိုခဲ့သောကြောင့် ညွှန်ကြားချက် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ရေးသားထားသည်။ တရုတ်သံအမတ်က မြန်မာနိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်စီမံကိန်း နှင့်  ရေနံနှင့်သဘာဝဓါတ်ငွေ့စီမံကိန်း အပါအဝင် တရုတ်စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းရှင်များ၏ လုံခြုံရေးကို ဆောင်ရွက်ပေးနေသည်ကို ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။ ထို့အပြင် တကောင်းတောင် နီကယ်စက်ရုံရှိ အလုပ်သမားများ ဆန္ဒပြမှုများနှင့် ပတ်သက်၍လည်း နိုင်ငံရေးအရ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုများ ရှိသည့်အတွက် ယင်းဖြစ်စဉ်အား စုံစမ်းပေးရန်နှင့် လုံခြုံရေးများကို ပိုမိုဆောင်ရွက်ပေးရန် ပြောဆိုခဲ့ကြောင်း ရေးသားခဲ့ကြသည်။
၂၀၂၁၊ စက်တင်ဘာ ၁၈
Photo- A Citizen Journalist
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်) မြို့နယ်အနီး နှစ်နိုင်ငံနယ်ကြားမှတ်တိုင် ၉၀(၂) နှင့်  ၉၀(၁) ကြားတွင် မီတာ ၃၀၀ ခန့်ရှိ မြေထိန်းနံရံ တည်ဆောက်ရန် တရုတ်က ပြင်ဆင်နေသည်ကို စစ်ကောင်စီက ကန့်ကွက်လွှာ တင်ခဲ့သည်။
၂၀၂၁၊ စက်တင်ဘာ ၁၆-၁၉
Photo- Mingalar Magazine
၁၇ ကြိမ်မြောက် တရုတ် အပြည်ပြည်ဆိုင်ရာ အသေးစားနှင့် အလတ်စား စီးပွားရေးပြပွဲနှင့် သတင်းအချက် အလက် ဖြန့်ဝေပွဲ အခမ်းအနားကျင်းပခဲ့ရာ မြန်မာနိုင်ငံဘက်မှ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)၊ မြန်မာပိုးလမ်းမကြီး အသင်း (ဗဟို) ၊မြန်မာအနုပညာနှင့် ယဉ်ကျေးမှုအသင်း (ဗဟို)၊ မြန်မာကွမ်တုံ ကုန်သည် ကြီးများ အသင်း (ဗဟို) နှင့် Myanmar iHome Group of Companies တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။
၂၀၂၁၊ စက်တင်ဘာ၁၃
Photo- Mindon
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုအား ပုံမှန် ပြန်လည်ဖွင့်လှစ်ပေးရန်  (၂၀) ကြိမ်မြောက် အာဆီယံ−တရုတ် စီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက တောင်းဆိုခဲ့သည်။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ဆေးကိရိယာများ လှူဒါန်းမှုကို ကျေးဇူးတင်ရှိ ကြောင်း ကုန်သွယ်မှုဆိုင်ရာ ထောက်ပံ့ပို့ဆောင်မှု ကွင်းဆက်များ ပိုမို ခိုင်မာစေရေးအတွက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပုံမှန်ပြန်လည်ဖွင့်လှစ်ပေးရေး အထူးသဖြင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွင် အဓိကကျသည့် ရွှေလီနှင့် မူဆယ်ဂိတ်များ ဖွင့်လှစ်ခြင်းကို စဉ်းစားပေးရန် တရုတ်နိုင်ငံအား မေတ္တာရပ်ခံလိုကြောင်း ဦးအောင်နိုင်ဦးက ပြောခဲ့သည်။
၂၀၂၁၊ စက်တင်ဘာ ၁၂
Photo- Chinese Embassy in Myanmar
တရုတ်နိုင်ငံမှ စစ်ကောင်စီ ဝယ်ယူထားသည့် Sinopharm အလုံးရေ လေးသန်းကို ရန်ကုန်မြို့သို့ ပို့ဆောင်ခဲ့သည်။ စက်တင်ဘာ ဒုတိယပတ်အထိ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံက ထောက်ပံ့ခဲ့သော ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၁၂ ဒသမ ၆ သန်းရှိပြီဖြစ်သည်။ ထိုအထဲမှ ၃ ဒသမ ၉ သန်းသည် တရုတ်နိုင်ငံက လှူဒါန်းခြင်းဖြစ်ပြီး ၈ ဒသမ ၇ သန်းမှာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
၂၀၂၁၊ စက်တင်ဘာ ၁၀-၁၃
Photo- China-ASEAN Expo
တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲကို စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာပွင့်ဆန်း အွန်လိုင်းမှတဆင့် တက်ရောက်ခဲ့သည်။ ထိုပြပွဲတွင် မြန်မာနိုင်ငံရှိ ကုမ္ပဏီ ၁၄ ခုမှ ကုန်စည် ပြခန်း ၂၂ ခန်းကို ပြသခဲ့ပြီး စိုက်ပျိုးရေးထွက်ကုန်အမျိုးမျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ချည်ထည်အမျိုးမျိုးနှင့် အခြားတန်ဖိုးမြှင့် ထုတ်ကုန်များ ပါဝင်ကြောင်း သိရသည်။
၂၀၂၁၊ စက်တင်ဘာ ၉
Photo- Global New Light of Myanmar
သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး (7th Greater Mekong Subregion Summit)ကို  Video Conference စနစ်ဖြင့် ကျင်းပရာ မဲခေါင်နိုင်ငံများဖြစ်သည့် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ဝန်ကြီးချုပ်များနှင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ထိုအစည်းအဝေးပွဲတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်အပါအဝင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခြားမဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ခေါင်းဆောင်များက မိန့်ခွန်း ပြောခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ကုသရေး အတွက်လိုအပ်သော ပစ္စည်းများ တင်သွင်းခွင့်ပြုခဲ့သည့် တရုတ်နှင့် ထိုင်းနိုင်ငံ၊ လိုအပ်သော ဆေးဝါးနှင့် ဆေးပစ္စည်းများကို အထူးလေယာဉ်များဖြင့် သယ်ဆောင်ပေးခဲ့သော ကမ္ဘောဒီးယားနိုင်ငံတို့အား အထူးကျေးဇူးတင်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစည်းအဝေးတွင် ပြောခဲ့သည်။
၂၀၂၁၊ စက်တင်ဘာ ၉
Photo- Foreign Affairs Ministry of China
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားနှင့်ဆက်ဆံရေးဝန်ကြီးဌာန၊ တရုတ်ကွန်မြူနစ်ပါတီ ကွမ်ရှီးကျွမ့် တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကော်မတီတို့ ပူးတွဲကျင်းပသော တရုတ် ကွန်မြူနစ်ပါတီနှင့် အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံရေးပါတီများ ဆွေးနွေးပွဲကို နန်နင်းမြို့တွင် ကျင်းပခဲ့သည်။ “နိုင်ငံရေး ပါတီများ ပေါင်းစည်းစွမ်းအားနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆီသို့” ခေါင်းစဉ်ဖြင့်ကျင်းပသော ထိုဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ဦးဘိုဘိုဦး အပါအဝင် အရှေ့တောင်အာရှ၊ တောင်အာရှရှိ နိုင်ငံရေးပါတီ ၄၀ ကျော်မှ ခေါင်းဆောင်များ၊ လူငယ် အဖွဲ့အစည်းများ၏ တာဝန်ခံများတက်ရောက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၁၊ စက်တင်ဘာ ၈
Photo- Chinese Embassy in Myanmar
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)  တနိုင်ငံလုံးကို အရေးပေါ်အခြေအနေ ကြေညာပြီး  ပြည်သူတွေအနေဖြင့် စစ်အာဏာရှင်ကို တိုက်ခိုက်တွန်းလှန်ရန် တိုက်တွန်းပြီးနောက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဝမ်ဝိန်းပင်း က မြန်မာနိုင်ငံရှိ ဘက်စုံအင်အားစုများ၊ အဖွဲ့အစည်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်း ဥပဒေမူဘောင်အရ နိုင်ငံရေးဆွေးနွေးမှုများမှတဆင့် မြန်မာ့အကျပ်အတည်းကို အဖြေရှာရန်၊ လူမူ ဘဝ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီသို့ အသွင်ပြောင်းခြင်းကို အမြန်ဆုံး ပြန်လည်စတင်ရန်အတွက် တိုက်တွန်းသည့် မူဝါဒကို တရုတ်ဘက်က အမြဲလက်ကိုင်ထားကြောင်း ပြောခဲ့သည်။
၂၀၂၁၊ စက်တင်ဘာ ၈
Photo- NLD
တရုတ်ကွန်မြူနစ် ပါတီနှင့် အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီများ အကြား တွေ့ဆုံ ဆွေးနွေးပွဲကို စက်တင်ဘာ ၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖိတ်ကြားထား ကြောင်း ပါတီက ထုတ်ဖော်ပြောခဲ့သည်။ “နိုင်ငံရေးပါတီများ ပေါင်းစည်းစွမ်းအားနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆီသို့” ဟု အမည်ပေးထားသော အစည်းအဝေးကို တရုတ်နိုင်ငံ ကွန်မြူနစ် ပါတီဗဟို၏ နိုင်ငံခြားရေးဌာနနှင့် Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကွန်မြူနစ်ပါတီကော်မတီတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ ထိုအစည်းအဝေး၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံရေးပါတီများ အကြား နက်နဲသော အပြန်အလှန် ဆွေးနွေးမှုများရှိရေး၊ နိုင်ငံရေးဘုံသဘောတူညီချက်များ တည်ဆောက်ရေး၊ ဒေသတွင်း ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ပါတီများအကြား နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေး (အထူးသဖြင့် မျက်နှာသစ်လူငယ်နိုင်ငံရေးသမားများကြား) စီးပွားရေး နာလန်ထရေး၊ ဒေသတွင်းတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို မြှင့်တင်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။
၂၀၂၁၊ စက်တင်ဘာ ၃
Photo- Chinese Embassy in Myanmar
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် သီးသန့် အသုံးပြုရန်အတွက် တရုတ်ဘက်မှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး အလုံးရေ တသန်းနှင့် တရုတ်ယွမ်ငွေ သန်း ၂၀ တန်ဖိုးရှိ အောက်ဆီဂျင်စက်၊ ကာကွယ်ရေး ဝတ်စုံ၊ Test Kit စသည့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများအား လွှဲပြောင်းပေးသည့် အခမ်း အနားကျင်းပခဲ့သည်။ ထိုကာကွယ်ဆေးများနှင့် ပစ္စည်းများကို  မူဆယ်၊ မြစ်ကြီးနား၊ ကိုးကန့် စသည့်ဒေသများသို့ ပို့ဆောင်ပြီး တရုတ်ဘက်မှ ကျန်းမာရေးဝန်ထမ်းများကို စေလွှတ်ကာ ကာကွယ်ဆေးထိုးနှံရေးအတွက် လမ်းညွှန် ပြသသွားမည် ဖြစ်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။
တရုတ်သံအမတ် ချန်းဟိုင်က တရုတ်ဘက်မှ တရုတ်-မြန်မာနယ်စပ် ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်ရေးကို ဆက်တိုက် တွန်းအားပေးဆောင်ရွက်မည်ဖြစ်ပြီး  နှစ်နိုင်ငံကြား အထူးသဖြင့် မြန်မာနိုင်ငံနှင့် ယူနန်ပြည် နယ်အကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးအတွက် အားဖြည့်ပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။
ထို့အပြင်  မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးအနေဖြင့် အောက်ဖော်ပြပါကဏ္ဍများတွင် တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက် သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ညှိနှိုင်းတွဲဖက်၍ ပူးပေါင်းဆောင်ရွက်မှုများအား ဖော်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်သံအမတ်ချန်းဟိုင်ကပြောခဲ့သည်။ ပထမအချက်အနေဖြင့် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့ပေးသည့်ပစ္စည်းများ လက်တွေ့အကောင်အထည်ဖော် အသုံးပြုနိုင်ရေးအတွက် ကူညီပေးမည် ဖြစ်သည်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ကပ်ရောဂါ ကာကွယ်ရေး လုပ်ဆောင်ကာ တရုတ်-မြန်မာနယ်စပ်ရှိ ပြည်သူများ၏ အသက်နှင့် ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်မည်။ တရုတ်နိုင်ငံမှ ကိုဗစ် ကာကွယ်ဆေး ထပ်မံဝယ်ယူရာတွင်လည်း တရုတ်ဘက်က တက်တက်ကြွကြွ ကူညီပေးပြီး ၂၀၂၁ ခုနှစ် နှစ်မကုန်ခင် မြန်မာနိုင်ငံတွင် လူဦးရေ ၅၀ ရာခိုင်နှုန်းအား ကာကွယ်ဆေးထိုးရေး ရည်မှန်းချက် ပြည့်မြောက်အောင် ကူညီဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။
ဒုတိယအချက်အနေဖြင့် နယ်စပ်ဒေသ ကပ်ရောဂါပူးတွဲကာကွယ်ထိန်းချုပ်ရေးကို အဆက်မပြတ် တွန်းအားပေး ဖော်ဆောင်မည်ဖြစ်သည်။  မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကပ်ရောဂါနှင့်သက်ဆိုင်သည့် သတင်း အချက်အလက်များ မျှဝေမှုကို မြှင့်တင်ကာ တရားမဝင်နိုင်ငံဖြတ်ကျော်မှုကို တင်းကြပ်စွာတိုက်ဖျက်၍ ကပ်ရောဂါကူးစက်ပျံ့နှံ့သည့် “ကုန်းလမ်းကြောင်း”ကို တင်းကြပ်စွာထိန်းချုပ်ရန် တရုတ်ဘက်မှ မျှော်လင့်သည်။
တတိယအချက်အနေဖြင့်  ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကိုဗစ်-၁၉ ကပ်ရောဂါ ကုသရေးစင်တာ တည်ဆောက်ရေး အပါအဝင် ကပ်ရောဂါကာကွယ်ရေးဂိတ်များ ရှေ့တိုးဖော်ဆောင်ခြင်းလုပ်ငန်း အမြန်ဆုံးဆောင်ရွက်ပြီးစီးနိုင်ရန် ကြိုးပမ်း၍ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးကို နှစ်ဦးနှစ်ဖက်အတူ စီမံခန့်ခွဲမည်။ တရုတ်-မြန်မာ ပင်လယ်ရေကြောင်း-ကုန်းလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်ရေး လမ်းကြောင်းသစ်ကို ပြီးခဲ့သည့် ရက်ပိုင်းက ပထမဆုံးအကြိမ် စမ်းသပ်ပြေးဆွဲနိုင်ခဲ့ရာ တရုတ်-မြန်မာ အပြန်အလှန် ချိတ်ဆက်ရေး အရည်အသွေးကို မြှင့်တင်နိုင်ခဲ့သည်။ ယူနန်ပြည်နယ်နဲ့ မြန်မာနိုင်ငံကြား တံခါးဖွင့် ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ဖော်ဆောင်ပြီး စီးပွားရေးနဲ့ ပြည်သူလူထုဘဝ တိုးတက်ရေးအတွက် တရုတ်ဘက်မှ ဆက်လက် ထောက်ခံ အားပေးမည်။
၂၀၂၁၊ စက်တင်ဘာ ၁
Photo- Aung Naing Oo’s Facebook
Hong Kong Trade Development Centre-HKTDC က ကြီးမှူးကျင်းပသော ခြောက်ကြိမ်မြောက် Belt and Road Summit ကို စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်နိုင်ဦး သည် အွန်လိုင်းမှ တဆင့် တက်ရောက်ခဲ့သည်။
၂၀၂၁၊ သြဂုတ် ၃၁
Photo- Foreign Affairs Ministry of China
မြန်မာနိုင်ငံတွင်တည်ငြိမ်ရေးနှင့် ဒီမိုကရေစီအသွင်ပြောင်းလဲမှု ပြန်လည်အသက်ဝင်ရေး အတွက် ကြိုးပမ်းရာတွင် တရုတ်နိုင်ငံ အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝိန်းပင်း  ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံမှ ဘက်ပေါင်းစုံများ၊ အစုအဖွဲ့များအားလုံးအနေဖြင့် တိုင်းပြည်နှင့် ပြည်သူများ၏ ရေရှည်အကျိုးစီးပွားကို ကြည့်ကာ အခြေခံဥပဒေမူဘောင်အတိုင်း နိုင်ငံရေးဆွေးနွေး မှုများမှတဆင့် အကျပ်အတည်းကို အဖြေရှာရန် တိုက်တွန်းကြောင်း ဝမ်ဝိန်းပင်းက ထပ်မံပြောခဲ့သည်။
၂၀၂၁၊ သြဂုတ် ၃၁
Photo- Chinese Embassy in Myanmar
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနသို့ အောက်ဆီဂျင်စက် အလုံး ၅၀၀ ပေးအပ်ခဲ့သည်။
၂၀၂၁၊ သြဂုတ် ၃၀-၃၁
တရုတ်နိုင်ငံနှင့် နယ်နိမိတ်ခြင်းထိစပ်နေသော ရှမ်းပြည်မြောက်ပိုင်းတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိမှု များပြားလာသဖြင့် တရုတ်ဘက်ခြမ်း ကကျယ်ဂေါင်မြို့ရှိ တရုတ်လူဦးရေ ၅,၀၀၀ ခန့်ကို တရုတ်အာဏာပိုင်များက အရေးပေါ် နေရာရွှေ့ပြောင်းခဲ့သည်ဟု သိရသည်။ မြန်မာ-တရုတ်နယ်စပ် ကျယ်ဂေါင်ရှိ ပြည်သူများကို မိုင်ပေါင်း ၆၂ မိုင်ခန့် ကွာဝေးသော မန်စီမြို့ရှိ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ် ကုသရေးစင်တာများသို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ပြီး ၁၄ ရက်တာ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် တဦးချင်း ကိုဗစ်ရောဂါ စစ်ဆေးမှုများ ပြုလုပ်ပေးမည်ဟု တရုတ်အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ကျယ်ဂေါင် ဧရိယာတခုလုံးကို ထိန်းချုပ်ကန့်သတ်မှုများ ပြုလုပ်ထားပြီး မြန်မာဘက်မှ တရားမဝင် ဝင်ရောက်ခြင်း မပြုနိုင်ရန် အထူးကန့်သတ်မှုများ ပြုလုပ်ထားသည်ဟု ကြေညာခဲ့သည်။
၂၀၂၁၊ သြဂုတ် ၂၈
Photo- Chinese Embassy in Myanmar
စစ်ကောင်စီက ဝယ်ယူထားသည့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး Sinopharm အလုံးရေ နှစ်သန်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့သည်။ ၂၀၂၁ ခုနှစ် ဩဂုတ် နောက်ဆုံးပတ်အထိ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးသည့် ကိုဗစ်-၁၉  ကာကွယ်ရေး စုစုပေါင်း ၇ ဒသမ ၆ သန်း ရှိပြီဖြစ်ပြီး ၎င်းတို့အနက် အလုံးရေ  ၂ ဒသ ၉ သန်းမှာ တရုတ်နိုင်ငံမှ လှူဒါန်းခြင်းဖြစ်ပြီး အလုံးရေ ၄ ဒသမ ၇ သန်းမှာ ရောင်းချခဲ့ခြင်းဖြစ်သည်။
၂၀၂၁၊ သြဂုတ် ၂၇
Photo- Chinese Embassy in Myanmar
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွက် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း ထိန်ချုံးရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံးမှ ရှမ်းပြည်နယ်အတွက် အောက်ဆီဂျင်အလုံး ၁၅၀ လှူဒါန်းခဲ့သည်။
၂၀၂၁၊ သြဂုတ် ၂၆-၂၈
Photo- Mingalar Magazine
တရုတ်၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နယ်စပ်ဖြတ်ကျော် e-commerce အွန်လိုင်းနှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့သည်။
၂၀၂၁၊ သြဂုတ် ၂၆
Photo- Chinese Embassy in Myanmar
တရုတ်(ယူနန်)-မြန်မာ(ရန်ကုန်)- အိန္ဒိယသမုဒ္ဒရာ ကွန်တိန်နာပင်လယ် ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲ ပို့ဆောင်မှု လမ်းကြောင်းသစ်ကို စတင်ဖွင့်လှစ်ကြောင်း လင်ချန်းမြို့ကော်မတီ အတွင်းရေးမှူး Yang Haodong က ကြေညာခဲ့သည်။ အဆိုပါလမ်းကြောင်းသည် စင်ကာပူဆိပ်ကမ်းမှ ကုန်စည်များကို ရန်ကုန်ဆိပ်ကမ်းသို့ ရေကြောင်းလမ်းမှတဆင့် တင်ပို့ပြီး မန္တလေး-လားရိူး-သိန္ဒီ မှ ကိုးကန့်ဒေသ ချင်းရွှေဟော်ထိ ကုန်းလမ်းအတိုင်း တင်ပို့မည်ဖြစ်သည်။ ထို့မှတဆင့် ချင်းရွှေဟော်(မြန်မာ)မှ လင်ချန်း(တရုတ်) သို့ ကုန်လမ်း အတိုင်း ဆက်လက်သယ်ယူပြီး လင်ချန်းမှ ချိန်တူးသို့ ရထားလမ်းကြောင်း အတိုင်း ကုန်စည်များ တင်ပို့မည်ဖြစ်သည်။ ထို ကုန်စည်လမ်းကြောင်းမှာ တရုတ်၏အနောက်တောင် ဒေသနှင့် အိန္ဒိယ သမုဒ္ဒရာကို တိုက်ရိုက်ချိတ်ဆက် ပေးသော မဟာဗျူဟာကျသည့် ကုန်သွယ်ရေးလမ်းကြောင်းတခု ဖြစ်သည်။
၂၀၂၁၊ သြဂုတ် ၂၅
Photo- Chinese Embassy in Myanmar
ဒုတိယအကြိမ် တရုတ်(လင်ချန်း)-မြန်မာ(လားရှိုး) နယ်စပ်စီးပွားရေးနှင့် ကုန်သွယ်ရေးပြပွဲ ပြုလုပ်ခဲ့သည်။ ဖွင့်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး Ta Shufu တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး တရုတ်ဘက်မှ ကွန်မြူနစ်ပါတီ လင်ချန်းမြို့ကော်မတီအတွင်းရေးမှူး Yang Haodong၊ ယူနန်ပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး Wang Xiahua တို့တက်ရောက်ခဲ့သည်။ မြန်မာဘက်မှ စစ်ကောင်စီက ခန့်အပ်ထားသော ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး ဦးခွန်သိန်းမောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေတို့ တက်ရောက်ကြသည်။
၂၀၂၁၊ သြဂုတ် ၂၄
Photo- Chinese Embassy in Myanmar
တရုတ်ကုန်သည်များ အသင်းချုပ်၏ အစီအစဉ်ဖြင့် မှာယူခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ကို စတင်ခဲ့သည်။ ပထမအသုတ်ရောက်ရှိလာသော ကာကွယ်ဆေးများကို မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများနှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများတွင် ပါဝင်သည့် သူများအတွက် ဦးစားပေး ထိုးနှံပေးနေကြောင်းရေးသားထားသည်။
၂၀၂၁၊ သြဂုတ် ၂၄
Photo- Chinese Embassy in Myanmar
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနသို့ အောက်ဆီဂျင်စက် အလုံးရေ ၁၄၀ ကို လှူဒါန်းခဲ့သည်။ တရုတ်သံအမတ်ချန်းဟိုင်က ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် ကပ်ရောဂါ တိုက်ဖျက်ရေး တိုက်ပွဲအတွင်း၌ စာမျက်နှာသစ် ဆက်လက်ရေးသားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသို့ စုစုပေါင်း ကာကွယ်ဆေး ၅ ဒသမ ၆သန်း ထောက်ပံ့ခဲ့ပြီး ၂ ဒသမ ၉ သန်းမှာ အကြွင်းမဲ့ လှူဒါန်းပေးခြင်းဖြစ်ကာ နောက်ထပ် ကာကွယ်ဆေး အလုံးရေ သုံးသန်းကိုလည်း မကြာမီ ရက်ပိုင်းအတွင်း လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံက အောက်ဆီဂျင်စက်အလုံး ၁,၀၀၀ ကိုလည်း ထပ်မံ လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။
၂၀၂၁၊ သြဂုတ် ၂၂
Photo- Chinese Embassy in Myanmar
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ဘေဂျင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ တပ်မတော်သို့  လှူဒါန်း သည့် ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးများ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ တရုတ်ကာကွယ်ရေး တပ်မတော်က ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး SARS-CoV-2 Vaccine (Vero Cell) အလုံး ၄၀၀,၀၀၀၊ ဆေးထိုးအပ် ၄၀၃,၂၀၀၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ရုံးက ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများဖြစ်သည့် အိမ်သုံးအောက်ဆီဂျင်စက် ၁ လုံး၊ တကိုယ်ရေသုံးကာကွယ်ရေး ဝတ်စုံ ၂၄၀၊ နှာခေါင်းစည်း ၁၀၃,၅၀၀၊ ဘေဂျင်းမြို့ မြန်မာသံရုံးမှလှူဒါန်းသည့် Carrimycin ဆေးပြား ၇၂,၀၀၀ နှာခေါင်းစည်း အခု ၁၀၀,၀၀၀ တို့ ပါဝင်ကြောင်းသိရသည်။
၂၀၂၁၊ သြဂုတ် ၂၁-၂၈
တရုတ်အာရှရေးရာ အထူးသံတမန် ဆွန်းကော့ရှန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်တို့ ၂၀၁၇ခုနှစ်ကနေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ Photo- Global New Light of Myanmar
တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ အာရှရေးရာ အထူးသံတမန် ဆွန်းကော့ရှန်သည် မြန်မာနိုင်ငံသို့ တပတ်ကြာ လာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဍမောင်လွင် နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး(၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တို့နှင့် တွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝိန်းပင်း  ၏ သတင်းစာရှင်းလင်းပွဲတွင် အထူးသံတမန်၏ခရီးအတွင်း  မြန်မာနိုင်ငံရေး အခြေအနေများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးအခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း ပြောဆိုခဲ့သည်။
ဆွန်းကော့ရှန်၏ခရီးစဉ်အတွင်း တရုတ်၏ပေါက်ဖော်မူဝါဒသည် မြန်မာပြည်သူအားလုံးအတွက်ဖြစ်ပြီး မြန်မာနိုင်ငံရှိ အစုအဖွဲ့များအားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားဥပဒေဘောင်အတွင်းမှ နိုင်ငံရေး အကျပ်အတည်းကို အဖြေရှာရန် တရုတ်ဘက်မှမျှော်လင့်ကြောင်း၊ အာဆီယံ မှုငါးချက် ကိုလည်း အကောင် အထည်ဖော်ရန် တရုတ်ဘက်မှ ထောက်ခံကြောင်းပြောခဲ့သည်။ ထို့အပြင် မြန်မာအရေးတွင် ပြင်ပမှ မလျော်ကန်တဲ့ ကြားဝင်နှောင့်ယှက်ဆန့်ကျင်ပြီး မြန်မာ့လူမှုဘ၀ တည်ငြိမ်မှု ပြန်လည်ရရှိရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ပြန်လည်ဖြစ်မြောက်ရေးအတွက် တရုတ်က အပြုသဘောဘက် ဆက်လက် ပါဝင်သွားမည် ဖြစ်ကြောင်းပြောခဲ့သည်။ ထို့ပြင် တရုတ်ဘက်မှ ကိုဗစ်ရောဂါတိုက်ဖျက်ရေးအတွက် အထောက်အပံ့များ ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။
၂၀၂၁၊ သြဂုတ် ၂၁
Photo- Chinese Embassy in Myanmar
မြန်မာနိုင်ငံရှိ တရုတ်ကုန်သည်ကြီးများက မှာယူတင်သွင်းခဲ့သော Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အလုံးရေ ၇၀၀,၀၀၀ နှင့် အခြား ဆက်စပ်ပစ္စည်းများ သယ်ဆောင်လာသည့် လေယာဉ်သည် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။
၂၀၂၁၊ သြဂုတ် ၁၈
Photo- Global New Light of Myanmar
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တရုတ်ကုမ္ပဏီ Union Resources & Engineering Co.,ltd. (UREC) မှ မှာယူခဲ့သည့် တွန်း/ဆွဲရေယာဉ်သစ် နှစ်စင်းသည် ရန်ကုန်မြို့ နန်းသီတာ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။ အဆိုပါ ရေယာဉ်သစ်များကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြု ချက်ဖြင့် တင်ဒါခေါ်ယူခဲ့ရာ UREC က အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅၆သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၅ရက်တွင် လုပ်ငန်းစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ထိုရေယာဉ်များသည် တနာရီ ရေမိုင် ၁၂ မိုင်နူန်းဖြင့် မောင်းနှင်နိုင်မည် ဖြစ်ပြီး ရန်ကုန်ဆိပ်ကမ်းတွင် ဝင်ထွက်သွားလာကြသော အပြည်ပြည်ဆိုင်ရာ ကုန်တင်သင်္ဘောများကြီး များအား တွန်းဆွဲခြင်း လုပ်ငန်းများ လုပ်နိုင်မည်ဟု ဖော်ပြထားသည်။
၂၀၂၁၊ သြဂုတ် ၁၈
Photo- Chinese Embassy in Indonesia
မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအတွက် အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ရွေးချယ်ထားသည့် ဒါတိုအီရီဝမ်ယူဆော့ဖ်နှင့်  တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့သည်။ ထိုသို့ ဆွေးနွေးရာတွင် ဝမ်ယိက အချက်လေးချက်ကို အဓိကထားပြောဆိုခဲ့သည်။
၁။ မြန်မာနိုင်ငံရှိ အင်အားစုအားလုံးနှင့် ကျိုးကြောင်းဆီလျော်စွာ လက်တွေ့ကျကျ ထိတွေ့ဆက်ဆံ၍ တဖြည်းဖြည်းချင်း ယုံကြည်မှု တည်ဆောက်ရန်။
၂။ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်မှုကို ဦးစားပေးအဖြစ် ကူညီ၍ ရောဂါကပ်ဘေး တိုက်ဖျက်မှု အကူအညီများ သေချာရရှိနိုင်ရေး၊ ထိရောက်စေရေး ဆောင်ရွက်ရန်။
၃။ သည်းခံစိတ်ရှည်မှု၊ စိတ်ပိုင်းဖြတ်မှုထား၍ တွေ့ဆုံဆွေးနွေးမှုများမှတဆင့် ငြိမ်းချမ်းရေး မြှင့်တင် ဆောင်ရွက် ရေး လမ်းကြောင်းကို တစိုက်မတ်မတ် ကိုင်စွဲထားရန်။ နိုင်ငံတော်အာဏာကို ပြည်သူများထံ စနစ်တကျ ပြန်လည် အပ်နှင်း၍ ဒီမိုကရေစီလုပ်ငန်းစဉ်ကို ပြန်လည်စတင်ရန်။ ဤသည်မှာ မြန်မာပြည်သူတို့၏ အကျိုးစီးပွားအတွက်မျှသာမဟုတ်ဘဲ နိုင်ငံတကာမိသားစု၏ မျှော်လင့် ရည်မှန်းထားမှုများလည်း ပြည့်မီစေရန်။
၄။ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် ပြင်ပအင်အားစုများ၏ ဝင်ရောက်စွက်ဖက်နေမှုများကို သတိကြီးကြီးထား စောင့်ကြည့်၍ ဆန့်ကျင်သွားရန်။ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်သူများ၏ ရွေးချယ်မှုကို လေးစား ရန်။
ဝမ်ယိက မြန်မာနိုင်ငံအပေါ် တရုတ်၏ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူပြည်သားအားလုံးအတွက် အမြဲ ရှိနေမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် အရေးတကြီး လိုအပ်နေသော အကူအညီများကို တရုတ်နိုင်ငံမှ ပံ့ပိုးပေးမည် ဖြစ်ကြောင်း၊ အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာ့အရေးဖြေရှင်းမှုကို အပြည့်အဝထောက်ခံမည် ဖြစ်ပြီး အပြုသဘောဆောင်သော အခန်းကဏ္ဍမှဆက်လက်ပါဝင်ရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့သည်။
၂၀၂၁၊ သြဂုတ် ၁၇
Photo- Chinese Embassy in Myanmar
တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ယူနန်ပြည်နယ် နိုင်ငံတကာ စီးပွားရေး နည်းပညာကူးလူးဖလှယ်ရေးစင်တာနှင့် ယူနန်ဘဏ္ဍာရေးနှင့်စီးပွားရေးတက္ကသိုလ် (YNUFE) တို့က  မြန်မာနိုင်ငံဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) မွမ်းမံ သင်တန်းပေးခဲ့သည်။ ထိုသင်တန်းကို မြန်မာနိုင်ငံ စီးပွားရေးဌာနများမှ သင်တန်းသား သင်တန်းသူ ၂၂ ဦး တက်ရောက်ခဲ့သည်။ တရုတ် သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu က တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တရုတ်-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် တည်ဆောက်ရေး စသည့် ဘက်ပေါင်းများစွာနှင့် နှစ်ဦးနှစ်ဖက် အဆိုပြုချက်များတွင် အမြဲတစေ ရင်းနှီးစွာ ပူးပေါင်းဆောက်ရွက်လျက် ရှိကြောင်း၊ RCEP သည် တရုတ်-မြန်မာ နှစ်နိုင်ငံကြား လက်ရှိစီးပွားရေးဆိုင်ရာ အဆိုပြုချက် အားလုံးကို မြှင့်တင်နိုင်မည်ဖြစ်ကာ ကပ်ရောဂါအလွန် တွင် နှစ်နိုင်ငံ စီးပွားရေးပြန်လည် နိုးထရေးအတွက် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
၂၀၂၁၊ သြဂုတ် ၁၃
Photo- Chinese Embassy in Myanmar
ချုံချင်ပြည်နယ်အစိုးရမှ စစ်ကောင်စီကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးနှင့် ဆက်စပ်ပစ္စည်းများကိုလှူဒါန်းခဲ့သည်။
၂၀၂၁၊ သြဂုတ် ၁၀
Photo- Chinese Embassy in Myanmar
၂၀၂၁ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ အစီအစဉ်မှ မြန်မာနိုင်ငံတွင် ပြုလုပ်မည့် စီမံကိန်း စုစုပေါင်း ၂၁ ခု အတွက် တရုတ်နှင့် မြန်မာအကြား စာချုပ်ချုပ်ဆိုခဲ့သည်။ စီမံကိန်းများ အကောင် အထည်ဖော်ရန် အမေရိကန် ဒေါ်လာ ၆ ဒသမ ၁ သန်းကို တရုတ်နိုင်ငံက စစ်ကောင်စီသို့ လွှဲပြောင်းပေးခဲ့သည်။
၂၀၂၁၊ သြဂုတ် ၈
Photo- Chinese Embassy in Myanmar
မြန်မာနိုင်ငံမှ ဝယ်ယူထားသော ကိုဗစ်-၁၉ ကာကွယ်ဆေး Sinovac တသန်း ထပ်မံရောက်ရှိခဲ့သည်။ ထိုသို့ ရောက်ရှိကြောင်း ထုတ်ပြန်ချက်တွင် “မြန်မာနိုင်ငံအစိုးရမှ ဝယ်ယူထားသော ဆေးဖြစ်ကြောင်း”ဟူ၍၊ ပထမဆုံး အနေဖြင့် စစ်ကောင်စီအား အစိုးရဟု တရုတ်သံရုံးက သုံးနူန်းခဲ့သည်။
၂၀၂၁၊ သြဂုတ် ၇
Photo- The Voice of Myanmar
တရုတ်-မြန်မာ နယ်စပ်ရှိ တရုတ်ဘက်ခြမ်း ဝမ်တိန်မြို့အနီးတွင် သြဂုတ် ၄ ရက် နှင့် ၆ ရက်တို့တွင် လက်နက်ကြီး ကျည်များကျခဲ့ပြီး အဆောက်အဦတလုံးကို ကျည်ဆံထိမှန်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီထံသို့ တရုတ်က သတိပေးစာပို့ခဲ့သည်။ ထိုစာတွင် သေနတ်ကျည်ဆံနှင့် အမြောက်ကျည်ဆံများ တရုတ်ပိုင်နက် အတွင်းကျရောက်ခြင်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံ သဘောတူ စာချုပ်ကို ချိုးဖောက်ခဲ့ခြင်းဖြစ်ပြီး နယ်စပ်ဒေသရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ထို့သို ထပ်မံဖြစ်ပွားပါက တရုတ်ဘက်မှ ပြန်လည်တုန့်ပြန်သွားမည်ဖြစ်ကြောင်း ရေးသားထားသည်။ ထို့အပြင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမျိုးသန့်ဖေကိုလည်း ခေါ်ယူတွေ့ဆုံခဲ့ပြီး မြန်မာဘက်တွင် တိုက်ပွဲများ ချက်ချင်းရပ်ဆိုင်းပြီး နောက်နောင် အဆိုပါကိစ္စမျိုး မဖြစ်ပွားရန်ပြောဆိုခဲ့ကြောင်း ရေးသားထားသည်။ ထိုဖြစ်ရပ်ဖြစ်ပွားပြီး နာရီပိုင်းအတွင်းတွင် တရုတ်အာဏာပိုင်များသည် တရုတ်စစ်သားများကို နယ်စပ်သို့ စေလွှတ်ကာ လုံခြုံရေးအတွက် ကင်းချထားခဲ့သည်။
၂၀၂၁၊ သြဂုတ် ၄
Photo- The Jakata Post
ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး (၂) ဒါတိုဆရီ ဝမ်ယူဆော့ဖ်ကို မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အာဆီယံ ခန့်အပ်လိုက်မှုအပေါ် ထောက်ခံအားပေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောခဲ့သည်။ အာဆီယံနည်းကို အသုံးချ၍ မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် ပြသာနာများအား ဖြေရှင်းရာတွင် ကူညီပေးနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ တရုတ်နိုင်ငံဆက်လက်ပါဝင်မည်ဟု ပြောခဲ့သည်။
၂၀၂၁၊ ဇူလိုင် ၂၂
Photo- Chinese Embassy in Myanmar
တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းခဲ့သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm နှစ်သန်းနှင့် စစ်ကောင်စီမှ ၀ယ်ယူသော Sinovac တသန်းကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးသည်။ တရုတ် သံအမတ် ချန်းဟိုင်က လတ်တလောတွင် တရုတ်-မြန်မာနယ်စပ်၌ အတည်ပြု လူနာသစ်များ တိုးပွားလာပြီး ယူနန်ပြည်နယ် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအပေါ် သိသိသာသာ ဖိအားများလာသဖြင့် တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်က ကပ်ရောဂါပူးတွဲကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း၊ မြန်မာဘက်က နယ်စပ် စီမံ ထိန်းချုပ်ရေးနှင့် ကပ်ရောဂါကာကွယ် ထိန်းချုပ်ရေးအပိုင်းတွင် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့် ကြောင်းပြောခဲ့သည်။
၂၀၂၁၊ ဇူလိုင် ၂၁
Photo- China-Myanmar Cultural and Economic Exchange Center
တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ် ဦးမျိုးသန့်ဖေ ဦးဆောင်ပြီး တရုတ်-မြန်မာ စီးပွားရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ ထိုဆွေး နွေးပွဲကို တရုတ်-မြန်မာ စီးပွားရေး၊ ယဉ်ကျေးမှု ဖလှယ်ရေးစင်တာမှ စီစဉ်ခဲ့ပြီး စွမ်းအင်၊ သတ္တုတူးဖော်ရေး၊ သစ်အချောထည် ပို့ကုန်လုပ်ငန်းများ၊ ချည်ထည် လုပ်ငန်းများ လုပ်ဆောင်သည့် တရုတ် စီးပွားရေး လုပ်ငန်း ရှင်များ တက်ရောက်ခဲ့သည်။
၂၀၂၁၊ ဇူလိုင် ၁၅
Photo- The Stringer
မြန်မာပညာတော်သင်များက စာပို့ မေတ္တာရပ်ခံထားသဖြင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် ကိုဗစ် ကာကွယ်ဆေး နှစ်သန်းထပ်မံ ကူညီမည့်အပြင် အရေးပေါ်လိုအပ်သည့် အသက်ရှူစက်များ၊ အောက်ဆီဂျင် စက်များ၊ နှာခေါင်းစည်းများ ထပ်မံထောက်ပံ့ပေးမည်ဟု တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။
၂၀၂၁၊ ဇူလိုင် ၉
Photo- Global New Light of Myanmar
စစ်ကောင်စီ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဆည်မြောင်း၀န်ကြီးဌာနဝန်ကြီးနှင့် တရုတ်သံအမတ်ချန်းဟိုင်တို့ အွန်လိုင်းမှတဆင့် အစည်းအဝေး ကျင်းပခဲ့ပြီး နှစ်နိုင်ငံအကြား လယ်ယာကဏ္ဍ ကုန်သွယ်မှု တိုးမြှင့်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ သတင်းစာများတွင် ဖော်ပြထားသည်။
၂၀၂၁၊ ဇူလိုင် ၃
Photo- Foreign Affairs Ministry of China
နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ဆွေးနွေးမှုများ ပြုလုပ်နိုင်အောင် ကူညီပေးရန် လိုအပ်ပြီး မသင့်လျော်သော ကြားဝင်မှုများ၊ ပိတ်ဆို့ဒဏ်ခတ်မှုများကို ရှောင်ရှား ရန် လိုအပ်ကြောင်း ၉ ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ် ဖွင့်ပွဲတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောပါသည်။ မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသော ပြသာနာများသည် ပြည်တွင်းရေးသာ ဖြစ်ပြီး တရုတ်နိုင်ငံ အနေဖြင့် အာဆီယံ၏ ကြားဝင်စေ့စပ်မှုကို ထောက်ခံကြောင်း ထပ်မံ ပြောဆိုခဲ့သည်။
၂၀၂၁၊ ဇူလိုင် ၂
Photo- Chinese Embassy in Myanmar
တရုတ်အစိုးရ လှူဒါန်းသော မြန်မာငွေကျပ် သိန်း ၂,၈၀၀ ခန့် တန်ဖိုးရှိသည့် ကပ်ရောဂါ ခုခံတိုက်ဖျက်ရေး ပစ္စည်းများကို မြန်မာဘက်သို့ လွှဲပြောင်းပေးခဲ့သည်။
၂၀၂၁၊ ဇွန် ၃၀
Photo- NUG
တရုတ် ကွန်မြူနစ် ပါတီ နှစ် ၁၀၀ ပြည့်နှစ်ပတ်လည်နေ့အတွက် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဂုဏ်ပြု သဝဏ်လွှာ ပို့ခဲ့သည်။ အမျိုးသားညီညွှတ်ရေးအစိုးရသည် တရုတ်-မြန်မာစီးပွားရေး စင်္ကြံအောက်ရှိ စီမံကိန်းများ၏ အရေးပါမှုကို အထူး အလေးထားကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ အနေဖြင့် အမျိုးသား ညီညွှတ် ရေးအစိုးရနှင့် လက်တွဲပူးပေါင်းလိမ့်မည်ဟု မျှော်လင့်ကြောင်း ရေးသားထားသည်။
၂၀၂၁၊ ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီနှင့် Myanmar-China (Juangsu) Chamber of Commerce and Industry Incorporated တို့ ပူးပေါင်း၍ ရန်ကုန်တိုင်း ဒေသကြီး ဆန်စပါး စိုက်ပျိုးရေးကဏ္ဍ ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေး ဆွေးနွေးပွဲ ကျင်းပခဲ့သည်။ ရန်ကုန်တိုင်းတွင် စက်မှုဇုန်ပေါင်း ၂၉ ခု ရှိပြီး သီလဝါအထူး စီးပွားဇုန်တွင် သီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးရေးကို အခြေခံသည့် တန်ဖိုးမြှင့် ထုတ်ကုန် လုပ်ငန်းများ လာရောက် လုပ်ကိုင်ရန် တရုတ်ကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့သည်။
၂၀၂၁၊ ဇွန် ၂၄
Photo- Foreign Affairs Ministry of China
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဦးဆောင်ပြီး အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်း ဆောင်ရွက်ရေး နိုင်ငံများ၏ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားရေး ပြန်လည် ထူထောင်ရေးဆိုင်ရာ အဆင့်မြင့်ညီလာခံကျင်းပရာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဍမောင်လွင် အွန်လိုင်းမှ တဆင့် တက်ရောက်ခဲ့သည်။
၂၀၂၁၊ ဇွန် ၁၉
Photo- UN
မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ဆိုင်းငံ့ရန် အပြင် နိုင်ငံရေး အကျဉ်းသားများကို ချက်ချင်းပြန် လွှတ်ပေးရန် တိုက်တွန်းသည့် ဆုံးဖြတ်ချက်အား ကုလသမဂ္ဂ အထွေထွေ ညီလာခံက အတည်ပြုခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံ ၁၁၉ နိုင်ငံက ထောက်ခံခဲ့ပြီး တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံက ကြားနေမဲပေးခဲ့သည်။ မြန်မာနိုင်ငံရှိ ပါတီများအားလုံး အနေဖြင့် မတူညီမှုများကို ဆွေးနွေးပြီး ပြသာနာများကို ဖြေရှင်းရန် တရုတ် နိုင်ငံအနေဖြင့် မျှော်လင့်ကြောင်း ၊ အိမ်နီးချင်းဖြစ်သည်နှင့် အညီ မြန်မာနိုင်ငံ၏ အခြေအနေကို နီးကပ်စွာ စောင့် ကြည့်နေကြောင်း၊ မြန်မာ့အရေး အာဆီယံ၏ ကြားဝင် ဖြေရှင်းမှုသည် ကောင်းမွန်သော ရလဒ်များ ရလာမှာ ဖြစ် ပြီး တင်းမာနေသော အခြေအနေများအား လျော့ချနိုင်မည် ဖြစ်သောကြောင့် ထောက်ခံကြောင်း၊ ပြည်တွင်းရေး ကို ဝင်ရောက်နှောင့်ယှက်ပြီး ပိတ်ဆို့မှုများ လုပ်ခြင်းသည် ထိရောက်မှု မရှိဘဲ မြန်မာ့အရေးကို ပိုမိုဆိုးရွားအောင် ပြုလုပ်ခြင်းသာ ဖြစ်သည်ကို သတိချပ်ရန် လိုကြောင်း တရုတ်နိုင်ငံ ကုလသမဂ္ဂ ကိုယ်စားလှယ် ကျန်းကျွင်းက ပြောခဲ့သည်။
၂၀၂၁၊ ဇွန် ၁၆
မြန်မာနိုင်ငံ၏ အခြေအနေမှာ တနေ့တခြား ဆိုးရွားလာပြီး တိုက်ခိုက်မှုများ၊ ပေါက်ကွဲမှုများ အချိန်မရွေး ဖြစ်ပွား နိုင်သောကြောင့် တရုတ်လုပ်ငန်းရှင်များအနေဖြင့် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များ ပိုမိုမြှင့်တင်ရန်၊ စောင့်ကြည့် ကင်မရာများ ပိုမိုတပ်ဆင်ရန်၊ လုံခြုံရေးဆိုင်ရာ အကာအကွယ်များ ဥပမာ ခိုင်ခံ့သော တံတိုင်းများ ကာရံရန်၊ တရုတ်သံရုံးနှင့်သာမက ဒေသန္တရ အာဏာပိုင် ရဲတပ်ဖွဲ့များနှင့်ပါ နီးကပ်စွာ ဆောင်ရွက်ရန်၊ မြန်မာ လုပ်သားများကို အလုပ် ဖြုတ်ပစ်ရမည့် အခြေအနေများ ရှိလာပါက ရှင်းလင်းစွာ ရှင်းပြပြီး ဆက်ဆံ ဆောင်ရွက်ရန်၊ ကိုဗစ် ရောဂါကာကွယ်ရေးကို ပိုမို ထိရောက်စွာ ပြုလုပ်ရန်၊ မလိုအပ်ဘဲ အပြင်ထွက်ခြင်း မပြုရန်၊ အနည်းဆုံးတလစာ စားသောက်စရာများ အိမ်အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူ စုဆောင်း ထားခြင်းဖြင့် ကိုယ့်ကိုကိုယ် ကာကွယ် လိုအပ်ကြောင်း သတိပေးစာတစောင် WeChat တွင် ပြန့်နှံခဲ့သည်။ ယူနန်ပြည်နယ်ရှိ အာဏာပိုင်များက ထိုသတိပေးစာကိုထုတ်ပြန်ခဲ့သည်ဟု တရုတ် စီးပွားရေး လုပ်ငန်းရှင်များက ပြောသော်လည်း မြန်မာနိုင်ငံရှိ တရုတ်သံရုံး၏ တရားဝင် Facebook စာမျက်နှာတွင် ဖော်ပြထားခြင်းမရှိပေ။
၂၀၂၁၊ ဇွန် ၈
Photo- Foreign Affairs Ministry of China
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ သီးခြား ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးနှင့် ပြည်ပရေးရာ အပြောင်းအလဲများကြောင့် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ချစ်ကြည် သော မူဝါဒကို ထိခိုက်မည်မဟုတ်ဟု ဝမ်ယိက ပြောကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ တရုတ်အနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း ရွေးချယ်ရာ၌ ကူညီပံ့ပိုးသွားမည်၊စစ်ကောင်စီ အနေဖြင့် တွေ့ဆုံဆွေးနွေးပွဲများမှတဆင့် နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းရန်၊ အနာဂတ်တွင် အကြမ်း ဖက်မှုများ ထပ်မံမဖြစ်ပွားအောင် ရှောင်ရှားရန်နှင့် တည်ငြိမ်မှုကို အမြန်ဆုံးပြန် လည်တည်ဆောက်ရန် တရုတ် နိုင်ငံကထောက်ခံကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။ ကိုဗစ်ကာကွယ်ဆေးနှင့် ဆေးဝါး အထောက်အပံ့များ ပေးအပ်ခြင်း အပြင် နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံနှင့် ပူးတွဲ၍ ကပ်ရောဂါကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့တွင် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်သွားမည် ဖြစ် ကြောင်း ပြောခဲ့သည်။
၂၀၂၁၊ ဇွန် ၇
Photo- Foreign Affairs Ministry of China
တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး နှစ် ၃၀ ပြည့်အထိမ်းအမှတ် နိုင်ငံခြားရေးဝန်ကြီးများ အထူး အစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက မြန်မာနိုင်ငံသည် အာဆီယံ မိသားစုကြီး၏ မိသားစုဝင် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပြည်တွင်းအရေးကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ရန်အတွက် အာဆီယံမှ အပြုသဘော ဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခြင်းနှင့် အာဆီယံ မူဘောင်အောက်၌ “သဘောတူညီချက် ငါးချက်” ကို ဆက် တိုက် အကောင်အထည်ဖော်ဆောင်ရန် ထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံအခြေအနေသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် တိုက်ရိုက် သက်ဆိုင်နေကြောင်း၊ တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံအခြေအနေကို များစွာ ဂရုပြုလျက်ရှိပြီး ကိုယ်ပိုင်နည်းလမ်းဖြင့် အပြုသဘော ဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားရန် ဆန္ဒရှိကြောင်း ပြောခဲ့သည်။
၂၀၂၁၊ ဇွန် ၅
Photo- MRTV
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ချန်းဟိုင်နှင့် စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်တို့ ပထမဆုံးအကြိမ် တရားဝင် တွေ့ဆုံကြောင်းထုတ်ပြန်သည်။ ထိုတွေ့ဆုံပွဲတွင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လိူင်က အာဆီယံ သဘောတူညီချက်များကို ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံ၏ အရေးကြီးသော အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နှင့် ထိတွေ့ဆက်ဆံမှုများ ဆက်လက်ထားရှိရန် ဆန္ဒရှိကြောင်း ပြောခဲ့သည်။ တရုတ်-မြန်မာ တွေ့ဆုံပွဲတွင် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဍမောင်လွင်တတ်ရောက်ခဲ့ပြီး တရုတ်နိုင်ငံတွင် ကျင်းပမည့် အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ဖိတ်ကြားခဲ့ကာ ပြင်ဆင်စရာများကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
၂၀၂၁၊ မေ ၂၆
Photo- Yunnan Authority
မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းတွင် ရောက်ရှိနေထိုင်ကြသော တရုတ်နိုင်ငံသားများကို ယူနန်ပြည်နယ်အတွင်း သတ်မှတ်နေရာများ၌ ပြန်လည် မှတ်ပုံတင်ရန် ယူနန်ပြည်နယ်အစိုးရက အမိန့်ကြေညာစာထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်ကို ဇွန် ၁၂ရက်နှင့် ဇွန် ၂၁ရက်နေ့များတွင် ထပ်မံထုတ်ပြန်ခဲ့ကာ နေရပ်ပြန်ပြီး သတင်းပို့ရန် ပျက်ကွက်သော တရုတ်နိုင်ငံသားများသည် အိမ်ထောင်စုစာရင်းများ၌ ပယ်ဖျက်ခံရမည်ဟု ဖော်ပြထားသည်။
၂၀၂၁၊ မေ ၁၉
Photo- ISP-Myanmar China Desk
ယူနန်ပြည်နယ်အစိုးရ၏ နိုင်ငံခြားရေးရာရုံး၏ လက်ထောက်ညွှန်ကြားရေးမှူး Hao Kun နှင့် မြန်မာနိုင်ငံဆိုင်ရာ သံရုံးမှ ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်တို့ ကူမင်းမြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန်များ တည်ထောင်ရေးအတွက် ဆွေးနွေးခဲ့သည်။
၂၀၂၁၊ မေ ၁၂
ဦးမောင်မောင်အုန်း
Photo- Wikipedia
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာ-တရုတ် ခရီးသွား မြှင့်တင့်ရေး အဖွဲ့ဝင် များနှင့် တွေ့ဆုံပြီး တရုတ်ခရီးသွားများ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာရေးကို ဆွေးနွေးခဲ့သည်။ ထို့အပြင် တရုတ်ခရီးသွားများလာရောက်ပါက အဆင်ပြေစေရန် လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများကိုလည်း အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
၂၀၂၁၊ မေ ၂
Photo- Chinese Embassy in Myanmar
တရုတ်နိုင်ငံမှ ကိုဗစ် ၁၉ ကာကွယ်ဆေး အလုံးရေ ၅၀၀,၀၀၀ ကို မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့သည်။ ထိုကာကွယ် ဆေးများမှာ ယခုနှစ် အစောပိုင်းတွင် မြန်မာကိုပေးရန် ကတိပြုထားသော အလုံးရေ ၃၀၀,၀၀၀ နှင့် မြန်မာ စစ်တပ်ကို လှူဒါန်းသော ဆေးအလုံးရေ ၂၀၀,၀၀၀ ပါ၀င်သည်။
၂၀၂၁၊ ဧပြီ ၂၆
Photo- Foreign Affairs Ministry of China
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဝမ်ဝိန်းပင်း က အာဆီယံ ခေါင်းဆောင်များ အထူး အစည်းအဝေးကို ကြိုဆိုကြောင်း ပြောခဲ့သည်။ ထို့အပြင် ဘက်အသီးသီးက အားလုံး ပါဝင်နိုင်သည့် “အာဆီယံ ပုံစံ” ဖြင့် မြန်မာနိုင်ငံအခြေအနေ တင်းမာမှုကို ဖြေလျော့ရန်အတွက် အစကောင်းတခု စတင်ပေးခြင်း ဖြစ် ကြောင်း ပြောပါသည်။ အာဆီယံအနေဖြင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး ပြန်လည်သင့်မြတ်မှု ဖော်ဆောင်ရေးကို တက်တက်ကြွကြွ ကူညီပေးကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်း တည်ငြိမ်မှုကို လက်တွေ့ကျကျ ထိန်းသိမ်းပေးနိုင်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ပြောခဲ့ပါသည်။
၂၀၂၁၊ ဧပြီ ၂၂
Photo- CGTN
မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေး မကျင်းပမီ နှစ်ရက်အလိုတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိက အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ပြသာနာများကို အမှန်တကယ် မဖြေရှင်းပေးနိုင်သည့် ပြင်ပ စွက်ဖက်မှုများကို ကာကွယ်ပေးနိုင်ရန် လိုအပ်ကြောင်း ပြောခဲ့သည်။ ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးတို့နှင့် တယ်လီဖုန်းမှတဆင့် ပြောဆိုရာ၌ ပြင်ပစွက်ဖက်မှု များသည် မတည် မငြိမ်မှုများကို ဖန်တီးစေမည့်အပြင် လက်ရှိ ဖြစ်ပွားနေသော အခြေအနေများအား ပိုမို ဆိုးရွားသည့် အခြေ အနေသို့ တွန်းပို့လိမ့်မည်။ ထိုသို့ ဆိုးရွားသည့် အခြေအနေများသည် ဒေသတွင်း တည်ငြိမ်မှု ကိုပါ ထိခိုက်စေလိမ့် မည်ဟု ဝမ်ယိက ပြောခဲ့သည်။
၂၀၂၁၊ ဧပြီ ၂
Photo- Foreign Affairs Ministry of China
မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး တရုတ်၏ မူ ခြောက်ချက်ကို ဖူးကျင့်ပြည်နယ်တွင် ကျင်းပသော တရုတ်နှင့်အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေး အပြီးတွင် ၀မ်ယိက ထုတ်ပြန်ခဲ့သည်။ မြန်မာ့အရေးနှင့် ပတ်သက်ပြီး တရုတ်၏ ထောက်ခံမှု သုံးချက်မှာ (၁) မြန်မာနိုင်ငံရှိ နယ်ပယ်အသီးသီးသည် နိုင်ငံရေးအရ ဆွေးနွေးမှုများ လုပ်ဆောင်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆက်လက်လုပ်ဆောင်ရန် (၂) အခြားနိုင်ငံတခု၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းမပြုသော အာဆီယံ၏မူကို ကိုင်စွဲပြီး အပြုသဘောဖြင့် ပါဝင် ကူညီမှုအား ထောက်ခံခြင်း (၃) အာဆီယံခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်နေသော တင်းမာမှု များအား လျော့ကျစေရန် အာဆီယံမူဘောင်အတွင်းမှ ကြိုးပမ်းမှုများကို ထောက်ခံသည်။ တရုတ်၏ ရှောင်ရှားမှုသုံးချက်မှာ (၁) လက်ရှိ အခြေအနေများကို ထပ်မံ ဆိုးရွားစေမည့် သွေးထွက်သံယိုမှုများ ဖြစ်လာမည်ကို ရှောင်ရှားရန်၊ (၂) မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိခိုက်ပြီး နိုင်ငံရေး အခြေအနေများကို ပိုမိုရူပ်ထွေးစေနိုင်သော ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ကြားဝင်မှုများကို ရှောင်ရှားရန် (၃) မြန်မာ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ပြီး ပြင်ပမှ မီးထိုးမှု များကြောင့် အခြေအနေ ပိုမိုဆိုးရွားစေမှုများကို ရှောင်ရှားရန်တို့ ဖြစ်သည်။
၂၀၂၁၊ ဧပြီ ၁
Photo- The Diplomat
မြန်မာစစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့မှု (သို့မဟုတ်) အခြား အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဆိုသော ရေးသားချက်များ ပါသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တတိယအကြိမ် ထုတ်ပြန်ချက်ကို တရုတ်နိုင်ငံက ကန့်ကွက်ခဲ့သည်။ တရုတ် နိုင်ငံ၏ကန့်ကွက်မှုကြောင့် ပြင်းထန်သော အသုံးအနူန်းများအစား ပျော့ပျောင်းသော အသုံးအနှုန်းများ ပြောင်းလဲ သုံးစွဲခဲ့ရသည်။ ဥပမာ “ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ခြင်း (သို့မဟုတ်) အခြားသော ပြင်းထန်သည့် အရေး ယူမှုများ ဆောင်ရွက်ခြင်း “စာသားကို ပယ်ဖျယ်ပေးခဲ့ရပြီး “သတ်ဖြတ်ခြင်း” ၊ “ရှုံ့ချခြင်း”စသော စကားလုံး အသုံး အနှုန်းများကို ပျော့ပြောင်းသော အသုံးအနှုန်းများဖြင့် ပြောင်းလဲ သုံးစွဲပေးခဲ့ရသည်။
၂၀၂၁၊ မတ် ၃၀
Photo- Permanent Mission of China to United Nations
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများကို တရုတ်နိုင်ငံက အနီးကပ် စောင့်ကြည့် လေ့လာနေပြီး စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးတွင် တရုတ် ကုသမဂ္ဂကိုယ်စားလှယ် ကျန်းကျွင်းက ပြောခဲ့သည်။ မြန်မာနိုင်ငံမှ ပါတီများ အားလုံးသည် အကျပ် အတည်းများ လျော့ကျရေးနှင့် အခြေအနေများ တည်ငြိမ်ရေးအတွက် လုပ်ဆောင်ကြရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း၊ မြန်မာပြည်သူပြည်သားများ၏ အသက်အိုးအိမ် စည်းစိမ်သာမက နိုင်ငံခြားသား များ၏ စီးပွားရေးလုပ်ငန်း ပိုင်ဆိုင်မှုများကိုလည်း ကာကွယ်ပေးရန် လိုအပ်ကြောင်း၊ ပြည်သူများအား ထိခိုက်စေမည့် မည့်သည် လုပ်ရပ်မျိုးမဆို လက်ခံနိုင်စရာမရှိကြောင်း ကျန်းကျွင်းက ပြောခဲ့သည်။ ထို့အပြင် ပဋိပက္ခများ ရပ်တန့်သွားရေးနှင့် တင်းမာနေသော အခြေအနေများ လျော့ချ နိုင်ရေးအတွက် မြန်မာနိုင်ငံရှိ ပါတီများအားလုံးနှင့် တရုတ်နိုင်ငံက ဆက်သွယ် ဆောင်ရွက်သွားမည်ဟုဆိုသည်။
၂၀၂၁၊ မတ် ၂၈
Photo- MOFA(NUG)
တရုတ်သံရုံးမှ တာဝန်ရှိသူတဦးနှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီမှ ဒေါ်ဇင်မာအောင်တို့ တယ်လီဖုန်းမှတဆင့် ပထမဆုံးအကြိမ် ဆက်သွယ် စကားပြောခဲ့သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ၏ လုံခြုံရေး အတွက် စိုးရိမ်ကြောင်း၊ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လက်ထက်တွင် အတည် ပြုခဲ့သော ရင်းနှီး မြှုပ်နှံမှုများ ဖြစ်ကြောင်း တရုတ်အရာရှိက ပြောခဲ့သည်။ ထို့အပြင် တရုတ်အစိုးရနှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီအကြား ဆက်သွယ်ရန် လမ်းဖွင့်ထားမည်ဟု ပြောဆိုခဲ့သည်။ သို့သော် မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွင် တရုတ်နိုင်ငံက မည်သို့ ကြားဝင် စေ့စပ်ပေးမည် ဆိုခြင်းကို ရှင်းရှင်း လင်းလင်း ပြောဆို ခဲ့ခြင်းမရှိပေ။
၂၀၂၁၊ မတ် ၂၇
Photo- Global New Light of Myanmar
၇၆ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားကို တရုတ်အပါအဝင် နိုင်ငံရှစ်နိုင်ငံမှ စစ်သံမှူးများ တတ်ရောက်ခဲ့ သည်။ တရုတ်နှင့်အတူ ရှရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယမ်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ တက် ရောက်ခဲ့ခြင်းဖြစ်ပြီး အနောက်နိုင်ငံများမှ သံတမန်များ မတက်ခဲ့ပေ။ အာဏာသိမ်းရသည့် အကြောင်း အရင်း များကို တပ်မတော်နေ့ အခမ်းအနား တက်ခဲ့သည့် နိုင်ငံခြားစစ်သံမှူးများအား စစ်ကောင်စီက သီးသန့် ရှင်းပြခဲ့ သည်။
၂၀၂၁၊ မတ် ၂၄
Photo- Chinese Embassy in Russia
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်ပြီး တရုတ်နှင့် ရှရှားက အလွန်အမင်း စိုးရိမ် ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိနှင့် ရှရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့က ရှရှား၀န်ကြီး၏တရုတ်ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဆွေးနွေး မှုမှတဆင့် အဖြေရှာရန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဥပဒေ မူဘောင်အတွင်းမှ ပြသာနာများကို အဖြေရှာကြရန် ထုတ်ပြန်ခဲ့သည်။
၂၀၂၁၊ မတ် ၁၇
Photo- The Japan Times
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် တရုတ်လုပ်ငန်းရှင်များကို မြန်မာနိုင်ငံမှ ထွက်ခွာရန် ညွှန် ကြားထားသည်ဟု မီဒီယာများက ရေးသားဖော်ပြခဲ့သည်။ သို့သော် ထိုသို့ ထုတ်ပြန်ထားခြင်းမရှိဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြန်လည်တုန့်ပြန်ခဲ့သည်။
၂၀၂၁၊ မတ်  ၁၄
မီးလောင်ပျက်စီးခဲ့သည့် စက်မှုဇုန်များသို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကြည့်ရှုစဉ်။
Photo- Office of the Commander-in-Chief of Defence Services
ရန်ကုန်မြို့၊ လှိုင်သာယာ မြို့နယ်တွင် စက်ရုံများ တိုက်ခိုက်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ တရုတ် ရင်းနှီး မြှုပ်နှံမှုများနှင့် တရုတ်နိုင်ငံသားများကို အကာအကွယ်ပေးရန် တောင်းဆိုကြောင်း တရုတ်သံရုံးက ချက်ချင်း ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဖျက်ဆီး၊ လုယက်၊ မီးရှို့ခံရသည့် အခြေအနေမှာ အလွန် ပြင်းထန် ဆိုးရွားကြောင်း၊ မြန်မာဘက်မှ ထိရောက်သော အစီအမံများ ဆောင်ရွက်ကာ အကြမ်းဖက်လုပ်ရပ်အားလုံး ရပ်တန့်ရန်၊ သက်ဆိုင်ရာ ကျူးလွန်သူအား ဥပဒေနှင့်အညီ စစ်ဆေးအပြစ်ပေးပြီး မြန်မာနိုင်ငံရှိ တရုတ် လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေး အာမခံချက်ရှိစေရန် တရုတ်ဘက်က တောင်းဆိုကြောင်း စသည်ဖြင့် ပြင်းထန်သော ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့သည်။
၂၀၂၁၊ မတ်  ၁၁
Photo- Myanmar Gazette
မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ၊ မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန် တည်ထောင်ခြင်း၊ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး ပြည်နယ်အဆင့်များ ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် အခြားသော စီမံကိန်းများ၊ မူဝါဒများအား လေ့လာသုံးသပ်ခြင်း၊ မူဝါဒများ ချမှတ်ခြင်းတို့ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ဖွဲ့စည်းထားသည့် “ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း အကောင်အထည်ဖော် ဆောင် ရွက်ရေး ဦးဆောင်ကော်မတီ” ကို စစ်ကောင်စီက ခန့်အပ်သည့်သူများဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
၂၀၂၁၊ မတ်  ၁၀
Photo- United Nations Security Council
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာအရေးနှင့် ပတ်သက်ပြီး ဒုတိယအကြိမ် ထုတ်ပြန်ချက် တစောင်ကို ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်တွင် ဒီမိုကရေစီအရေး ဆန္ဒပြသူများ သတ်ဖြတ်ခံရသည့် ကိစ္စကို ရှုတ်ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား လွှတ်ပေးရေးအတွက် တောင်းဆိုခဲ့သည်။ သို့ရာတွင် တရုတ်နှင့် ရှရှားတို့၏ ကန့်ကွက်မှုကြောင့် “စစ်တပ်၏မတရားအာဏာသိမ်းမှု” ဟူသော အသုံးအနူန်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး အရေးယူမှုများ ပြုလုပ်သွားမည်ဆိုသော စာသားတို့ကို ပယ်ဖျက်ပေးခဲ့ရသည်။
၂၀၂၁၊ မတ်  ၇
Photo- Foreign Affairs Ministry of China
တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ၁၃ ကြိမ်မြောက် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ အဆိုပြုချက် သုံးခုကို တင်ပြခဲ့သည်။ ထိုအချက်များမှာ သွေးထွက်သံယိုမှုများ နောက်ထပ် မဖြစ်ပွားစေရန် ကြို တင် ကာကွယ်ခြင်းနှင့် အခြေအနေတင်းမာမှုများ အမြန်ဆုံး ဖြေလျှော့ပေးရန်၊ အာဆီယံနည်းလမ်းဖြင့် ဘုံသဘော တူညီချက် ရရှိအောင် ကြားဝင်စေ့စပ် ဖျန်ဖြေခြင်းကို တရုတ်ဘက်မှ ထောက်ခံကြောင်း စသည်တို့ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်သူလူထု၏ဆန္ဒကို လေးစားပြီး ဘက် အသီးသီးနှင့် ထိတွေ့ ဆက်ဆံ၍ အခြေအနေ တင်းမာမှုများ လျော့ချရန် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လိုသည်၊ မြန်မာနိုင်ငံတွင် ပြောင်းလဲမှုများ မည်သို့ပင် ရှိစေကာမူ တရုတ်နိုင်ငံ၏ တရုတ်-မြန်မာဆက်ဆံရေး မြှင့်တင်ရန် သန္နိဋ္ဌာန်စိတ်ထားသည် ယိမ်းယိုင်လိမ့်မည် မဟုတ်ကြောင်းဖော်ပြ ထားသည်။
၂၀၂၁၊ ဖေဖော်ဝါရီ ၂၆
Photo- Global New Light of Myanmar
ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးချစ်နိုင်နှင့် China Central Televsion (CCTV) ၏ Chief Correspondent ၀မ်ယူတို့ တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် နှစ်နိုင်ငံအကြား မီဒီယာကဏ္ဍ ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စများနှင့် မြန်မာ-တရုတ် ခရီးသွားဆိုင်ရာ အစီအစဉ်များ အပြန်အလှန် ထုတ်လွှင့်ပြသမည့် အကြောင်း အရာများကို ဆွေးနွေးခဲ့သည်။
၂၀၂၁၊ ဖေဖော်ဝါရီ ၂၃
Photo- South China Morning Post
မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေး အမြင်များ မြင့်တက်နေပြီး တရုတ် စီမံကိန်းများ အထူးသဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကို ဖောက်ခွဲမှုများ ပြုလုပ်မည်ဟု ဆိုရှယ်မီဒီယာတွင် ရေးသားနေကြချိန်၌ အရေးပေါ် အစည်းအဝေးတရပ် ကျင်းပရန် တရုတ်ဘက်က တောင်းဆိုခဲ့သည်။ ထိုအစည်းအဝေးကို တရုတ် ဘက်မှ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လုံခြုံရေးရာဌာန ဦးဆောင်ညွှန်ကြားရေးမှူး Bai Tian ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ် ချန်းဟိုင်၊ မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးမှ အထွေထွေသံမှူး ချန်းချန်းတို့ တက်ရောက်ခဲ့သည်။ အစည်းအဝေး၏ ခေါင်းစဉ်မှာ “မြန်မာ-တရုတ်ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများ၏ အန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးတွဲအစည်းအဝေး”ဟု ပေါက်ကြားလာသော မှတ်တမ်းများအရ သိရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှုးချုပ်က ပိုက်လိုင်းမှာ တရုတ်-မြန်မာစီးပွားရေး စင်္ကြံစီမံကိန်းအတွက် အရေးပါသော စီမံကိန်းဖြစ်သည်၊ နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားနှင့် သက်ဆိုင်သော စီမံကိန်းဖြစ်သည်၊ ပိုက်လိုင်းလုံခြုံရေးနှင့် ဝန်ထမ်းများ၏ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့မှ လုံခြုံရေး တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည်။
၂၀၂၁၊ ဖေဖော်ဝါရီ ၁၉
Photo- Foreign Affairs Ministry of China
မြန်မာ့နိုင်ငံရေးအကျပ်အတည်းအတွက် အထူးအစည်းအဝေးပွဲကျင်းပရန် အာဆီယံက ပြင်ဆင်နေချိန်တွင် တရုတ်နိုင်ငံခြားဝန်ကြီး ဝမ်ယိက အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအား တယ်လီဖုန်းမှတဆင့် ဆက်သွယ် စကား ပြောခဲ့သည်။ ပေကျင်းအနေဖြင့် မြန်မာနိုင်ငံအရေး အာဆီယံ၏ ကြားဝင် စေ့စပ်ညှိနိူင်းခြင်းကို ထောက်ခံပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောခဲ့သည်။ အခြေအနေ မတည်ငြိမ်မှုများသည် မြန်မာပြည်သူ လူထုအတွက် အကျိုးမပြုသည့်နည်းတူ၊ အာဆီယံနိုင်ငံ၏ ဘုံအကျိုးစီးပွားအတွက်လည်း အကျိုးမရှိစေကြောင်း ပြောခဲ့သည်။
၂၀၂၁၊ ဖေဖော်ဝါရီ ၁၈
ပြောရေးဆိုခွင့်ရှိသူ ဟွာချန်းယင်
Photo- Foreign Affairs Ministry of China
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချန်းယင်က မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော မတည် ငြိမ်မှုများနှင့် နိုင်ငံရေး အပြောင်းအလဲကို တရုတ်နိုင်ငံက ထောက်ခံသည် ဆိုခြင်းမှာ ကောလာဟလဖြစ်ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပျက်ပြားစေရန် သွေးထိုးနေခြင်းသာ ဖြစ်ကြောင်း ပြောခဲ့သည်။ တရုတ် ကုမ္ပဏီများ၊ တရုတ်နိုင်ငံသားများသည် မြန်မာနိုင်ငံဖွံ့ဖြိုးရေးနှင့် ဆက်ဆံရေး တိုးမြှင့်လာရန် အထောက်အပံ့ ပေးနေသူများ ဖြစ်သောကြောင့် ၎င်းတို့၏ လုံခြုံရေးကို အာမခံပေးရန် မြန်မာနိုင်ငံက လုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်ကြောင်းပြောသည်။ ထို့အပြင် တရုတ်စစ်တပ်က မြန်မာစစ်တပ်ကို ကူညီနေသည်ဆိုပြီး အင်တာနက် ဆိုရှယ်မီဒီယာပေါ်တွင် ပြန့်နှံနေ သော ပုံများမှာ မဟုတ်မမှန်ကြောင်း ရန်ကုန်မြို့ရှိ တရုတ်သံရုံးက ဖြေရှင်းချက် ထုတ်ခဲ့သည်။
၂၀၂၁၊ ဖေဖော်ဝါရီ ၁၅
Photo- Chinese Embassy in Myanmar
မြန်မာနိုင်ငံရှိ ပြည်သူများအကြား တရုတ်နိုင်ငံအပေါ် မကျေနပ်မှုများ မြင့်တက်နေချိန်၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ချန်းဟိုင်က သတင်းမီဒီယာများကို စာပို့ကာ ဖြေရှင်းခဲ့သည်။ တရုတ်နိုင်ငံက မြန်မာစစ်တပ်၏ အာဏာ သိမ်းမှုနှင့် ပတ်သက်ပြီး ကြိုတင်မသိရှိခဲ့ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၊ တပ်မတော်တို့နှင့် ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေးရှိပြီး လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများသည် တရုတ်နိုင်ငံမှ မြင်တွေ့ချင်သည့် ပုံစံမျိုး လုံးဝမဟုတ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၌ အရေး ပေါ်အခြေအနေကြေညာမှု၊ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ ဖမ်းဆီးခံရခြင်းအပေါ် များစွာ စိုးရိမ်ကြောင်းနှင့် ဖမ်းဆီးထားသူအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ကြေညာချက်တွင်လည်း တရုတ်နိုင်ငံက ထောက်ခံခဲ့ကြောင်း၊ အိမ်နီး ချင်းနိုင်ငံတခု အနေဖြင့် ဆက်ဆံရေး ကောင်းမွန်ရန် မျှော်လင့်ကြောင်း ပြောခဲ့သည်။ အထင်အမြင်လွဲမှားမှုများ ပပျောက်စေနိုင်ရန် ကောလာဟလ သတင်းများအား ချေပသည့်ရှင်းလင်းချက်များကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အချိန်မီထုတ်ပြန် ကြေညာ သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။
၂၀၂၁၊ ဖေဖော်ဝါရီ ၁၃
Photo- Chinese Embassy in Myanmar
တရုတ်နည်းပညာ၀န်ထမ်းများအား မြန်မာနိုင်ငံသို့ စေလွှတ်သည် ဆိုသော စွပ်စွဲချက်များမှာ အခြေအမြစ် မရှိ ကြောင်း၊ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ပုဂ္ဂိုလ်များအနေဖြင့် တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးအကျပ်အတည်းကို ဖြေ ရှင်းရန် တိုက်တွန်းကြောင်း ရေးသားထားသည့်စာကို ဂလိုဘယ်တိုင်းမ်သတင်းစာသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် ချန်းဟိုင်က ပေးပို့ခဲ့သည်။ ထို့အပြင် China Internet Space Research Institute ၏ ဒါရိုက်တာ ချင်အန်းကလည်း မြန်မာနိုင်ငံ၏ အင်တာ နက် စီမံခန့်ခွဲခြင်းသည် ပြည်တွင်းရေးသာဖြစ်ပြီး တရုတ်နိုင်ငံက မည်သည့်အခါမျှ ၀င်ရောက် စွက်ဖက်ခြင်းမရှိ ဟု ထပ်မံ ငြင်းဆိုခဲ့သည်။
၂၀၂၁၊ ဖေဖော်ဝါရီ ၁၂
ဒေါ်အောင်ဆန်းစုကြည်အား မေလ ၂၄ရက်နေ့က နေပြည်တော်တရားရုံးတွင်တွေ့ရစဉ်။
Photo- Office of Commander Chief
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား တာဝန်ရှိသူများကို ချက်ချင်း ပြန်လွှတ် ပေးရန်၊ တပ်မတော်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူများအား အကြမ်းဖက် နည်းလမ်းသုံး၍ ဖြိုခွင်း နေမှုများအား ရှောင်ရှားရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တောင်းဆိုခဲ့သည်။ အဆိုပါ သဘော တူညီချက်တွင် ၎င်းတို့ ပါဝင်ခြင်းမရှိဟု ရုရှားနှင့်တရုတ်တို့က ပြောကြားခဲ့ပြီး ဗြိတိန်နှင့် ဥရောပ သမဂ္ဂတို့က တင်ပြလာသော ဆုံးဖြတ်ချက်ကို ၄၇ နိုင်ငံပါဝင်သည့် ဂျနီဗာညီလာခံက မဲခွဲဆုံးဖြတ်ခြင်း မပြုဘဲ အတည်ပြု ခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ် ချန်ရှု့က နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာစစ်တပ်ကို အတင်းဖိအားပေး၍ ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ကြောင်း၊ မြန်မာနိုင်ငံရှိ ဘက် အသီးသီးနှင့် တွေ့ဆုံဆွေးနွေးကာ ပြန်လည်ရင်ကြားစေ့ရေးကို အကောင်အထည်ဖော်ရန်အတွက် အာဆီယံက ကြားဝင် ညှိနှိုင်းပေးရန် လိုအပ်ကြောင်း မှတ်ချက်ပေးခဲ့သည်။
၂၀၂၁၊ ဖေဖော်ဝါရီ ၁၀
Photo- Chinese Embassy in Myanmar
မြန်မာနိုင်ငံတွင် Great Firewall ဆောက်ရန်အတွက် နည်းပညာဝန်ထမ်းများကို ကုန်တင် လေယာဉ်များဖြင့် ပို့ဆောင်နေသည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း China Enterprises Chamber of Commerce in Myanmar က သတင်း ထုတ်ပြန်ခဲ့သည်။ တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား ပျံသန်းသွားလာသည့် လေယာဉ်များမှာ ပုံမှန် ကုန်တင်လေယာဉ်ခရီးစဉ်များဖြစ်ပြီး ပင်လယ်စာစသည့် ပို့ကုန်သွင်းကုန်ပစ္စည်းများ ပို့ဆောင်ခြင်းသာ ဖြစ် ကြောင်း၊ အင်တာနက်ပေါ်ရှိ ကောလာဟလများအား မယုံကြည်ရန်နှင့် ဖြန့်ဝေခြင်း မပြုရန် ပန်ကြားကြောင်း ထုတ်ပြန်ခဲ့သည်။
၂၀၂၁၊ ဖေဖော်ဝါရီ ၄
ကုသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌ ဗြိတိန် ကိုယ်စားလှယ် ဘာဘရာဝုဒ်ဝဒ်
Photo- UNTV
ကုသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ၏ကြေညာချက်ကို ကောင်စီအလှည့်ကျ ဥက္ကဌ ဘာဘရာဝုဒ်ဝဒ် က ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် တရုတ်၏ ကန့်ကွက်မှုကြောင့်စစ်ကောင်စီကို ရှုတ်ချသောအသုံးအနှုန်းများ မပါဝင်ခဲ့သော်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် အခြားသူများအပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန်၊ အရေးပေါ် အခြေအနေကြေညာခြင်းကို လုံခြုံရေးကောင်စီအဖွဲ့များအနေဖြင့် စိုးရိမ်ပူပန်ကြောင်း ထည့်သွင်း ရေးသားထားသည်။ ထိုထုတ်ပြန်ချက်ကို မြန်မာနိုင်ငံရှိ တရုတ်သံရုံး၏ တရားဝင်ဖေ့ဘုတ်စာမျက်နှာတွင်တင်ခဲ့သည်။
၂၀၂၁၊ ဖေဖော်ဝါရီ ၂
Photo- Just Security
မြန်မာနိုင်ငံတွင် ဖြစ်ခဲ့သော စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး အရေးပေါ် ကြေညာချက်ထုတ်ရန် ကုသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများက ကြိုးပမ်းခဲ့သည်။ ထိုကြေညာချက်တွင် စစ်အာဏာသိမ်းခြင်း၊ အရပ်သား ခေါင်းဆောင်များကို ဖမ်းဆီးထားခြင်းတို့နှင့် ပတ်သက်၍ တပ်မတော်ကို ရှုတ်ချရန် ဆွေး နွေးရာ၌ တရုတ်နိုင်ငံက ကန့်ကွက်ခဲ့သည်။
၂၀၂၁၊ ဖေဖော်ဝါရီ ၁
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝိန်းပင်
Photo- Foreign Affairs Ministry of China
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝိန်းပင်းက မြန်မာနိုင်ငံတွင် ဖြစ်နေသည့် အခြေအနေများကို တရုတ်နိုင်ငံအနေဖြင့် သတိပြုမိကြောင်းနှင့် အခြေအနေကို ပိုမိုနားလည်နိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည် ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ချစ်ကြည် ရင်းနှီး သော အိမ်နီးချင်းနိုင်ငံ ဖြစ်သောကြောင့် မြန်မာနိုင်ငံရှိ ဘက်အသီးသီးသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဥပဒေမူဘောင်အတွင်းမှ သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာ ဖြေရှင်းရန်၊ နိုင်ငံရေးနှင့် လူမှုရေး တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရန် မျှော်လင့်ကြောင်းပြောခဲ့သည်။
The post စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်၏တုံ့ပြန်မှု ရက်စွဲမှတ်တမ်း (၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ) appeared first on ISP Myanmar China Desk.
တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ တတိယပတ်(၁၆ မှ ၂၂ ရက် အထိ)
ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာ ဆက်ဆံရေးနှင့်သက်ဆိုင်သော ပြည်တွင်း၊ ပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၆၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော အကြောင်းအရာများထဲမှ သတိပြုစရာအဖြစ် –
၁။ သတင်းများ
၂။ ပဋိပက္ခများ အရှိန်မြင့်တက်နေဆဲ ကချင်ပြည်နယ်ရှိ တစ်ရှူးငှက်ပျော စိုက်ခင်းများ
၃။ ပြည်တွင်းနှင့် နိုင်ငံတကာသုံးသပ်ချက်များ
၄။ ကိန်းဂဏန်းအချက်အလက်များ စသည်တို့ကို ထုတ်နုတ်တင်ပြသွားမည် ဖြစ်ပါသည်။
၁။ သတင်းများ
တရုတ်စီမံကိန်း သတင်းများ
တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အဓိကစီမံကိန်းကြီးတခုဖြစ်သော ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့်အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ဧပြီလတွင် သိရှိနိုင်မည်ဖြစ်ကြောင်း မြဝတီသတင်း ဖော်ပြချက်အရ သိရသည်။ နိုဝင်ဘာလအတွင်းက အဆိုပြုဖိတ်ခေါ်လွှာများ (Request For Proposal – RFP) ထုတ်ယူသွားခဲ့သော အဖွဲ့အစည်း ကိုးခုသည် လက်ရှိဖွဲ့စည်းထားမှုအတိုင်းဖြစ်စေ၊ နည်းပညာနှင့် ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ဖြစ်စေ တင်ဒါအဆိုပြုလွှာ တင်သွင်းနိုင်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၈ ရက် နောက်ဆုံးထား၍ အဆိုပြုလွှာများကို ပြန်လည်တင်သွင်းရမည် ဖြစ်သည်။ ရန်ကုန်မြို့သစ်စီမံကိန်းသည် ၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော တရုတ်သမ္မတရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်း သဘောတူညီခဲ့သည့် ၃၃ ချက်အနက် တခုအပါအဝင်ဖြစ်သည်။ အဆိုပါ စီမံကိန်း အကောင်အထည်ဖော်ဆောင်ပါက သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများလည်း ရှိလာမည်ဖြစ်ပြီး ယခုအချိန်တွင်ပင် မိုးတွင်းအခါ ရေကြီးမှုများ ကြုံတွေ့နေရသည့် မြစ်တဖက်ကမ်း ရန်ကုန်မြို့‌နေရာအများစုတွင် အန္တရာယ်ကြုံတွေ့နိုင်ရကြောင်း ပညာရှင်များက တွက်ချက်သတိပေးထားသည်။
စိတ်ဝင်စားဖွယ် သတင်းတပုဒ်မှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ မြေယာသိမ်းဆည်းခံတောင်သူများ၏ တောင်းဆိုချက်များကို ကုမ္ပဏီဘက်က သဘောတူကြောင်း သတင်းဖြစ်သည်။ ထို့ကြောင့် မြေယာလျော်ကြေးကို အမြန်ဆုံးထုတ်ပေးနိုင်ရေး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက ပြောကြားထားကြောင်း Eleven နေ့စဉ်သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။ မြေသိမ်းခံတောင်သူများ တောင်းဆိုသည့် အချက်ကိုးချက်အနက် ငါးချက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဝမ်ပေါင်ကုမ္ပဏီတို့အကြား သဘောတူညီမှုရရှိခဲ့ပြီး မြေသိမ်းခံတောင်သူများအတွက် ၂၀၁၃ ခုနှစ်မှစ၍ ဘဏ်စာအုပ်များတွက်ချက်ပေးရန်နှင့် ငွေလဲနှုန်းကွာခြားချက်များကို တွက်ချက်ပေးချေရန် စသည့်အချက်များ ပါဝင်သည်။ ယခင်က မြေယာသိမ်းဆည်းသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဒေသခံတောင်သူများနှင့် ကာလရှည်ကြာစွာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး မြေယာလျော်ကြေးငွေကိစ္စတွင်လည်း သဘောတူညီမှုရရှိခဲ့ခြင်း မရှိဘဲ အများစုမှာ လျော်ကြေးငွေထုတ်ယူခဲ့ခြင်း မရှိပေ။ အဆိုပါသတင်းဖော်ပြချက်တွင်ပင် တောင်သူအားလုံးထုတ်ယူလိမ့်မည်ဟု မပြောနိုင်ကြောင်း ဒေသခံတဦး၏ ပြောကြားချက်လည်း ရှိနေသည်။
တရုတ်ခြံစည်းရိုး ဖယ်ရှား
တရုတ်နိုင်ငံဘက်က ဆောက်လုပ်နေသည့် နယ်စပ်ခြံစည်းရိုးနှင့်ပတ်သက်၍ ပြီးခဲ့သည့်တပတ်က မြန်မာနိုင်ငံဘက်က ကန့်ကွက်ပြီးသည့်နောက် ဇန်နဝါရီ ၁၉ ရက်တွင် သံတိုင်များ၊ သံဆန်ခါများဖြင့် အခိုင်အမာကာပြီး ဖြစ်နေ သည့် ခြံစည်းရိုးကို တရုတ်ဘက်က ပြန်လည်ဖြုတ်သိမ်းသွားခြင်းဖြစ်ကြောင်း 7 Day သတင်းဌာနက ဖော်ပြသည်။  နယ်စပ်နေရာ ငါးခုအထိ ခြံစည်းရိုးများ တည်ဆောက်နေပြီး ယခုအခါ လွယ်ဂျယ်မြို့နှင့် နယ်စပ်နေရာကို ပထမဆုံးအကြိမ်အဖြစ် တရုတ်က နောက်ဆုတ်ပေးခဲ့ခြင်း ဖြစ်သည်။ ကျန် ကန့်ကွက်ထားဆဲ လေးနေရာတွင်မူ တရုတ်သည် ခြံစည်းရိုးကို ဆက်လက်ကာရံနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး
အာရုံစိုက်ဖွယ်ရာ သတင်းတပုဒ်မှာ နိုင်ငံပိုင်သတင်းစာတွင် ပါဝင်သော အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ဒုတိယဝန်ကြီးအဆင့် သုံးပွင့်ဆိုင် အလွတ်သဘောဆွေးနွေးပွဲအား ဇန်နဝါရီ ၁၉ ရက်က ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ဆိုသည့် သတင်းဖြစ်သည်။ ယခုအစည်းအဝေးမှာ ဝမ်ယိ၏ ဇန်နဝါရီ ၁၁-၁၂ ရက် မြန်မာနိုင်ငံ ခရီးစဉ်အပြီးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြားတွင် သံတမန်ရေးရာ တင်းမာမှုအချို့ရှိနေပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ၌ ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း နယူးယောက်မြို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကြီးမှူးကျင်းပပေးခဲ့သော သုံးပွင့်ဆိုင် ဆွေးနွေးပွဲလည်း ရှိခဲ့သည်။ ရခိုင်ပြည်နယ်တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ အဆိုပါစီမံကိန်းနှင့် အပြိုင် ကားလမ်း၊ ရထားလမ်းများဖော်ဆောင်လာမည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ တည်ရှိနေရာ ယခုနှစ်ပိုင်းများအတွင်း နေရပ်စွန့်ခွာသူများအရေး၊ AA အဖွဲ့နှင့် လက်နက်ကိုင်ပဋိပက္ခအရေးတို့၌ တရုတ်နိုင်ငံ၏ ထဲထဲဝင်ဝင်ပါဝင်လာမှုများကို တွေ့ရှိလာရသည်။
(ရခိုင်ပြည်နယ်အကျပ်အတည်းတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍ ကို ISP-Myanmar China Desk က လက်လှမ်းမီသမျှပြုစုထားရှိပါသည်။ ဖတ်ရှုရန် နှိပ်ပါ။)
၂။ ပဋိပက္ခများ အရှိန်မြင့်တက်နေဆဲ ကချင်ပြည်နယ်ရှိ တစ်ရှူးငှက်ပျော စိုက်ခင်းများ
ယခင်က ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံသို့ တစ်ရှူးငှက်ပျောများ အဓိက တင်ပို့ရောင်းချသောနိုင်ငံ ဖြစ်ခဲ့သော်လည်း တောင်တရုတ်ပင်လယ်အရေးကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာလာပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ် ဝန်းကျင်မှစ၍ တရုတ်နိုင်ငံက ဖိလစ်ပိုင်ငှက်ပျောများကို တားမြစ်ခဲ့သည်။ ထိုစဉ်မှစ၍ မြန်မာနိုင်ငံသည် တရုတ်သို့ တစ်ရှူးငှက်ပျော တင်ပို့သော အဓိကနိုင်ငံဖြစ်လာခဲ့သည်။
ဇန်နဝါရီ ၁၅ ရက်က ထုတ်ဝေသော မြစ်ကြီးနား သတင်းဂျာနယ်တွင် တစ်ရှူးငှက်ပျောစိုက်ခင်းအတွင်း မွေးဖွားခဲ့သည့် ကလေးငယ်၏ မိသားစုအကြောင်းကို ဖော်ပြထားသည်။ ကလေးငယ်၏ မိဘများမှာ ဝိုင်းမော်မြို့ရှိ တစ်ရှူးငှက်ပျော စိုက်ခင်းများအတွင်း အလုပ်လုပ်ကိုင်နေသည်မှာ တနှစ်ခန့်ရှိပြီဖြစ်သည်။ အသက် သုံးလခန့်ရှိပြီဖြစ်သော ကလေးငယ်မှာ ဦးခေါင်းအတွင်း ရေများစွာရှိနေခြင်းကြောင့် တနေ့တခြား ဦးခေါင်းမှာကြီးထွားလာပြီး ခွဲစိတ်ရန်လိုအပ်နေသည်ဟု ကျန်းမာရေးဝန်ထမ်းများက သတိပေးထားသည်။ ကိုယ်ဝန်ဆောင်စဉ်တွင် ဆေးဖြန်းခြင်းမှလွဲ၍ ဆေးဖြန်းထားသော စိုက်ခင်းများအား ပေါင်းသင်ခြင်းအပါအဝင် အခြားသောတာဝန်များ လုပ်ကိုင်ခဲ့ရကြောင်းဖော်ပြထားသည်။ စိုက်ခင်းအလုပ်သမားများအတွက် မည်သည့် လူမှုဖူလုံရေး ထောက်ပံ့မှု အကူအညီမှ မရရှိကြောင်း ဖော်ပြထားသည်။ ကချင်ပြည်နယ်ရှိ ငှက်ပျောစိုက်ခင်းများတွင် အများဆုံးအသုံးပြုနေသော ပိုးသတ်ဆေးမှာ အခြားသောအပင်များနှင့် သက်ရှိများအားလုံးကို အဆိပ်အတောက်ဖြစ်နိုင်သောကြောင့် ကမ္ဘာ့နိုင်ငံအများစုက တားမြစ်ထားသည့် Carbofuran ပိုးသတ်ဆေးဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်တွင်ထုတ်ဝေသည့် Mekong Region Land Governance၏ သုတေသနစာတမ်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင်လည်း အတည်ပြုပြီးဖြစ်သော ပတ်ဝန်းကျင်သက်ရောက်မှု ဆန်းစစ်ချက် ဥပဒေများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ဥပဒေများ ရှိနှင့်ပြီး ဖြစ်သည်။ သို့သော် ယင်းဥပဒေများနှင့် မူဝါဒများမှာ ဧကသိန်းချီ ရှိနေသော တစ်ရှူးငှက်ပျောစိုက်ခင်းများအပေါ် မည်သို့မျှ သက်ရောက်မှု ရှိမနေသည်မှာ သတိပြုဖွယ်ဖြစ်သည်။
ထို့အပြင် ယခု ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တရုတ်လုပ်ငန်းရှင်များမှာ နေရပ်သို့ ပြန်သွားခြင်းကြောင့် စိုက်ခင်းအလုပ်သမားများ၏ လုပ်ခလစာ ပြဿနာများမှာလည်း တနေ့တခြား များပြားလာလျက်ရှိသည်။ ဇန်နဝါရီ ၁၃ ရက်တွင် ထုတ်ဝေသော မြစ်ကြီးနားသတင်းဂျာနယ်တွင် တရုတ်လုပ်ငန်းရှင်ပြန်သွားသောကြောင့် လုပ်အားခ ကျပ်သိန်းတထောင်ခန့် ဆုံးရှုံးနေရသော အလုပ်သမားတို့အကြောင်း ရေးသားဖော်ပြထားသည်။ ငှက်ပျောစိုက်ခင်းလုပ်သားများ လုပ်ခမရရှိသောကြောင့် တိုင်ကြားထားသော အမှုပေါင်းမှာ ၂၀၁၉ တွင် အမှု ၂၀ ကျော်ရှိပြီး ၂၀၂၀ တွင် အမှုပေါင်း ၅၀ ကျော် ရှိပြီးဖြစ်သည်။ အလုပ်ရှင်-အလုပ်သမား ပြဿနာများမှာ ကိုဗစ်ကပ်ရောဂါမတိုင်မီကပင် ရှိနှင့်ခဲ့ပြီးဖြစ်သည်။ စိုက်ခင်းအလုပ်သမားများအနေဖြင့် တရားဝင်အလုပ်သမားစာချုပ် မချုပ်ဆိုရခြင်း၊ မည်သည့် လူမှုဖူလုံရေးအထောက်အပံ့မှ မရရှိခြင်း၊ စိုက်ခင်းအတွင်း ပိုးသတ်ဆေးများနှင့် အကာအကွယ်မဲ့ တိုက်ရိုက်ထိတွေ့နေရခြင်း၊ အသက် ၁၆ နှစ်ဝန်းကျင်ခန့် ကလေးလုပ်သားများ အသုံးပြုခြင်း၊ လခနှုန်းမှာ တရားသေမရှိဘဲ ထွက်နှုန်းပေါ်မူတည်ပြောင်းလဲခြင်းနှင့် အထွက်နည်းလျှင် လခလျှော့ခြင်း၊ အလုပ်မှထုတ်ပယ်ခြင်းတို့ကြောင့် အလုပ်သမားမျာမှာ စိုက်ခင်းမှ နှစ်ချီ မထွက်ခွာဘဲ နေ့စဉ် တရားဝင်အလုပ်ချိန်ထက်ပို၍ လုပ်ကိုင်ရန် အကျပ်ကိုင်ဖိအားပေးခံရသကဲ့သို့ ရှိနေကြောင်း Mekong Region Land Governance အဖွဲ့၏ သုတေသနစာတမ်းအရ သိရသည်။ ကိုဗစ်ကပ်ရောဂါမှာ နှစ်ကာလရှည်ရှိနေသော အဆိုပါ အလုပ်ရှင်-အလုပ်သမား အရေးကို ဘူးလေးရာ ဖရုံဆင့်သကဲ့သို့ ပိုမိုအရှိန်မြင့်လာစေခြင်းသာဖြစ်၍ ကပ်ရောဂါကို ကျော်လွှားနိုင်ခဲ့သည့်တိုင် အဆိုပါအလုပ်သမား၏ အရေးကို အာရုံစိုက်ဖြေရှင်းရန် အားထုတ်ခြင်းမရှိပါက အလုပ်ရှင်-အလုပ်သမား ပြဿနာများမှာ အဆုံးမသတ်နိုင်ဘဲ ဆက်လက်ရှိနေဦးမည်သာဖြစ်သည်။
၃။ ပြည်တွင်းနှင့် နိုင်ငံတကာသုံးသပ်ချက်များ
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်အပေါ်  ပြည်တွင်းပြည်ပ အမြင်များ
ဇန်နဝါရီ ၁၁ နှင့် ၁၂ ရက်တို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး နိုင်ငံ၏အဆင့်မြင့်တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးခဲ့သည်။ ဤသို့လာရောက်ခဲ့မှုအပေါ် ပြည်တွင်းပြည်ပ ပညာရှင်များမှ မှတ်ချက်အမျိုးမျိုးပြုခဲ့ကြသည်။ ရခိုင်အမျိုးသားပါတီ ဗဟိုဦးဆောင်မှုကော်မတီဝင် ဦးဖေသန်းက ကျောက်ဖြူ-ကူမင်း ရထားလမ်းသည် ဆင်းရဲနေဆဲဖြစ်သော ရခိုင်ပြည်နယ်၏ ပင်လယ်ထွက်ကုန်များနှင့် တရုတ်ကုန်စည်များ လဲလှယ်စီးဆင်းနိုင်မည့် အခွင့်အလမ်းဖြစ်သောကြောင့် များစွာမျှော်လင့်ကြောင်း ပြောကြားထားသည်။ ၈၈ မျိုးဆက်နိုင်ငံရေးသမားဖြစ်သူ ဦးမြအေးကမူ ယခုအချိန်၌ မြန်မာပြည်သည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဆက်ဆံရေး မပြေပြစ်ဖြစ်နေပြီး တရုတ်ကလည်း မြန်မာနိုင်ငံကို ၎င်း၏ထီးရိပ်အောက်ရှိစေချင်မည်ဖြစ်၍ သတိထားရမည့် အိမ်နီးချင်းဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။
မစ္စတာဝမ်ယိ၏ ခရီးစဉ်အတွင်း အမေရိကန်ဒေါ်လာ လေးသန်းခန့် တန်ဖိုးရှိ မြစ်ကြီးနား စီးပွားရေးဇုန်တည်ဆောက်ရေး၊ ကန်ပိုက်တီကုန်သွယ်ရေးဇုန် တည်ဆောက်ရေးနှင့် ဗန်းမော်ဆိပ်ကမ်း တည်ဆောက်ရေးများ ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ ကချင်ပြည်နယ်ရှိ နေရပ်စွန်ခွာခဲ့ရသူများ ပြန်လည်ကူညီပေးရေးတွင် တရုတ်က ကူညီခဲ့သည့်အတွက် မစ္စတာဝမ်ယိ၏ ယခုခရီးစဉ်တွင် ယင်းအကူအညီအပေါ် အသိအမှတ်ပြု လက်မှတ် အပ်နှင်းခဲ့ပါသည်။ ဤသို့ ကချင်ဒေသအတွက် အများအပြား ကူညီပေးခဲ့ခြင်းမှာ အကြောင်းအရင်းနှစ်ချက်ရှိကြောင်း South Asia Analysis Groupမှ Dr.  S. Chandrasekharan က သုံးသပ်ထားသည်။ ပထမအချက်မှာ ကချင်ဒေသရှိ တရုတ်၏ စီမံကိန်းများအပေါ်  ဒေသခံလူထု၏ ကန့်ကွက်မှုများ မြင့်တက်လျက်ရှိခြင်းကြောင့်ဟု သုံးသပ်ထားသည်။ မြစ်ဆုံစီမံကိန်းကဲ့သို့ပင် ဒေသခံလူထုမှ မည်သည့်အခြေအနေမျိုးနှင့်မျှ လက်ခံနိုင်ခြင်းမရှိသော စီမံကိန်းများရှိနေပြီး တရုတ်နိုင်ငံမှလည်း မြစ်ဆုံစီမံကိန်းကိုပင် ယခုထိ မစွန့်လွှတ်သေးကြောင်း သုံးသပ်ထားသည်။ ဒုတိယအချက်မှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ ရေကြောင်းလမ်းအတွက် အလွန်အရေးကြီးသော ကချင်ဒေသအနီး ဧရာဝတီမြစ်ကြောင်းပေါ်ရှိ ဗန်းမော်ဆိပ်ကမ်းစီမံကိန်းကြောင့် ဖြစ်ကြောင်း သုံးသပ်ထားသည်။
မစ္စတာဝမ်ယိနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံစဉ်က မဲစာရင်းကိစ္စနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်အပေါ် တရုတ်နိုင်ငံအနေဖြင့် ရွေးကောက်ပွဲရလဒ်ထက် တင်မြှောက်ခံရမည့် အစိုးရသစ်နှင့်ချိတ်ဆက်ကာ စင်္ကြံလမ်းတလျှောက်ရှိ စီမံကိန်းများ အလျင်အမြန်အကောင်အထည်ဖော်ရေးကိုသာ လိုလားမည်ဖြစ်ကြောင်း ၎င်း၏ သုံးသပ်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ မစ္စတာဝမ်ယိ၏ ခရီးစဉ်အတွင်း တရုတ်-မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေးချက်အပေါ် Dr.  S. Chandrasekharan က တရုတ်နိုင်ငံ၏ အမြင်တွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း အောင်မြင်ရေးအတွက် စီမံကိန်းအများစုတည်ရှိရာ နယ်စပ်ဒေသ၏ တည်ငြိမ်မှုက အရေးပါသဖြင့် စီမံကိန်းဒေသတလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လက်နက်အထောက်အပံ့ပေးထားပြီး အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံ၏စီမံကိန်းများကို အတိုက်မခံမပြုရန် အပေးအယူသဘောပြုထားသည်ဟု မှတ်ချက်ပြုထားသည်။ ရခိုင်ပြည်မြောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ စီမံကိန်းများမှလွဲ၍ အခြားသောစီမံကိန်းများအား လက်နက်ကိုင်အဖွဲ့တို့က တိုက်ခိုက်နေခြင်းမှာ ဖော်ပြပါအပေးအယူသဘောဖြစ်ကြောင်း မှတ်ချက်ပြုထားသည်။
၄။ အချက်လက်များ
ယခုတပတ်သတိပြုစရာ ကိန်းဂဏန်းမှာ ငှက်ပျောစိုက်ခင်းလုပ်သားများ လုပ်ခမရရှိသောကြောင့် တိုင်ကြားထားသော အမှုအရေအတွက်ဖြစ်ပြီး အမှုပေါင်းမှာ ၂၀၁၉ ခုနှစ်တွင် အမှု ၂၀ ကျော်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် အမှုပေါင်း ၅၀ ကျော် ရှိပြီဖြစ်သည်။
The post တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ်  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ တတိယပတ်(၁၆ မှ ၂၂ ရက် အထိ) appeared first on ISP Myanmar China Desk.
တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ဒုတိယပတ် (ဇန်နဝါရီ ၉ ရက်မှ ၁၅ ရက် အထိ)
ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာ ဆက်ဆံရေးနှင့်သက်ဆိုင်သော ပြည်တွင်း၊ ပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၁၄၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော အကြောင်းအရာများထဲမှ သတိပြုစရာ –
၁။ သတင်းများ
၂။ သဘောတူညီမှုများ
၃။ နိုင်ငံတကာသုံးသပ်ချက်များ
၄။ ကိန်းဂဏန်းအချက်အလက်များကို ထုတ်နုတ်တင်ပြသွားမည် ဖြစ်ပါသည်။
၁။ သတင်းများ
နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်
၂၀၂၁ ခုနှစ်အတွက် ပထမဆုံး တရုတ်-မြန်မာ သံတမန်ရေးလှုပ်ရှားမှုကို ဇန်နဝါရီ ၁၁ မှ ၁၂ ရက်အတွင်း လာရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ခရီးစဉ်ဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ ၎င်းမှာ ၂၀၂၀ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးလည်း ဖြစ်သည်။  တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ဝမ်ယိသည် နှစ်သစ်အတွက် အရှေ့တောင်အာရှခရီးစဉ်အဖြစ် မြန်မာ၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့  သွားရောက်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ပြီးခဲ့သော ရက်သတ္တပတ်အတွင်း သတင်းများတွင် ၎င်းခရီးစဉ်နှင့် စပ်လျဉ်းသည့် ခန့်မှန်းမှုများ၊ ထုတ်ပြန်ချက်များ၊ သတင်းများ၊ သုံးသပ်ချက်များများစွာ ပေါ်ထွက်ခဲ့သည်။  မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် နှစ်ရက်တာ ခရီးစဉ်အတွင်းတွင် ဝမ်ယိသည်  နိုင်ငံတော်အတိုင်ပင်ခံ ၊ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံခဲ့သည်။
သမ္မတ ဦးဝင်းမြင့်နှင့်တွေ့ဆုံရာတွင် မြန်မာနှင့် တရုတ် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေး၊ နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်သွားရေး အတွက် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအကြား ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ ယဉ်ကျေးမှု ခရီးသွားနှစ် အကောင်အထည်ဖော်ရေးဆိုင်ရာကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်သွားရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု  သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သုံးသိန်းနှင့် ယွမ် သုံးသန်း(အမေရိကန်ဒေါ်လာ လေးသိန်းခြောက်သောင်းကျော်)တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ဆေးပစ္စည်းများ ကူညီပံ့ပိုးသွားမည်ဟု ကတိပြုခဲ့ပြီး အထူးလေယာဉ်ဖြင့် သယ်ဆောင်လာသော ယွမ်ငွေ နှစ်သိန်းခွဲ(အမေရိကန် ဒေါ်လာ သုံးသောင်းရှစ်ထောင်ကျော်)တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ဆေးပစ္စည်းများကို ပထမအသုတ်အဖြစ် ပေးအပ်ခဲ့သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စာချုပ်၊ နားလည်မှုစာချွန်လွှာ၊ မှတ်တမ်းလွှာ၊ စာလွှာနှင့် အစီအစဉ်တို့ အပါအဝင် သဘောတူညီချက် ခြောက်ချက်ကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ထပ်မံတွေ့ဆုံကာ ယမန်နှစ်ကလာရောက်ခဲ့သည့် သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရရှိခဲ့သော အရေးကြီးသဘောတူညီချက်များကို ဘက်စုံ အကောင်အထည်ဖော်ဆောင်ရွက်သွားလိုကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။
ဇန်နဝါရီလ ၁၂ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ ရခိုင်အရေးနှင့် နယ်စပ်ဒေသတည်ငြိမ်ရေးတို့အပြင် အခြား နှစ်နိုင်ငံအရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
ယင်းတွေ့ဆုံမှုအပြီး တရက်အကြာမှာပင်  ရိုဟင်ဂျာအရေးနှင့်စပ်လျဉ်းပြီး တရုတ်၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ တွေ့ဆုံပွဲကို လာမည့် ဇန်နဝါရီ ၁၉ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက္ကာမြို့၌ ကျင်းပသွားမည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်က သတင်းထုတ်ပြန်ခဲ့ခြင်းမှာ သတိပြုစရာဖြစ်ပါသည်။  ထိုသို့ သုံးပွင့်ဆိုင် တွေ့ဆုံရန်အတွက် တရုတ်နိုင်ငံအနေနှင့် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစကာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံခေါင်းဆောင်များကို တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ဖိတ်ကြားကာ တိုက်တွန်းကြိုးပမ်းနေခဲ့ခြင်း ဖြစ်သည်။
ရွှေကုက္ကိုအရေးကြောင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF တဖွဲ့လုံး နုတ်ထွက်စာတင်
ဇန်နဝါရီ ၈ ရက်က ကျင်းပခဲ့သည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရွှေကုက္ကိုစီမံကိန်းသည် အစိုးရ ခွင့်ပြုချက်ထက် ကျော်လွန်လုပ်ဆောင်ခဲ့ခြင်းကြောင့်  စီမံကိန်းအား ရပ်ဆိုင်းထားပြီး အစိုးရအုပ်ချုပ်ရေး ယန္တရားအောက် ထည့်သွင်းနိုင်ရေး ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် တပ်မတော်လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ၏ ချစ်လင်းမြိုင်ကုမ္ပဏီနှင့် တရုတ်လုပ်ငန်းစု Yatai International ကုမ္ပဏီတို့ ပူးပေါင်းတည်ထောင်ထားသော Myanmar Yatai International ကုမ္ပဏီနှင့်ပတ်သက်၍ အရေးယူ၊ ပြုပြင်၊ ဖျက်သိမ်း ဟူသော မူအရ အရပ်ဘက်အုပ်ချုပ်ရေးလက်အောက်မှ ဆောင်ရွက်လျက်ရှိပြီး နယ်ခြားစောင့်တပ်(BGF)နှင့် ပတ်သက်၍မူ တပ်ပိုင်းဆိုင်ရာအရ ဆောင်ရွက်ရန်အတွက် လမ်းညွှန်ထားသည်ဟု ဆိုသည်။
ထိုသတင်းစာရှင်းလင်းပွဲအပြီး တရက်အကြာတွင် ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ရင်း ၁၀၂၂ မှ တပ်ရင်းမှူး ဗိုလ်မှူးစောမောသို(စောမုတ်သုန်)မှာ ရာထူးတာဝန်များမှ နုတ်ထွက်သွားခဲ့သည်။ ရွှေကုက္ကိုမြို့သစ်စီမံကိန်းအပါအဝင် ဒေသတွင်း တရားမဝင် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးစောတင်ဝင်းနှင့် ဗိုလ်မှူးစောမောသိုတို့အား နုတ်ထွက်ရန် တပ်မတော်က ညွှန်ကြားခဲ့သည်။ စောမောသို နုတ်ထွက်အပြီး ငါးရက်အကြာ၊ ဇန်နဝါရီ ၁၄ ရက်တွင်မူ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF တပ်မှူး ၁၃ ဦးအပါအဝင် အင်အား ၁၀၀ နီးပါးမှာ တိုင်းစစ်ဌာနချုပ်မှတဆင့် နုတ်ထွက်စာတင်ခဲ့ကြသည်။ ၎င်းတို့သည် BGF မှ နုတ်ထွက်ပြီးပါက ပြန်လည်တောခိုရန် (လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရန်) စီစဉ်ထားသည်။ ယင်းသို့ BGF နှင့် တင်းမာမှုကို လျော့ချရန်အတွက် မြန်မာ့တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးတဦး ဦးဆောင်ကာ ဇန်နဝါရီ ၁၅ ရက်တွင် ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသ၌ တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။ တွေ့ဆုံမှုအပြီးတွင် BGF ဘက်မှ နုတ်ထွက်စာ ၁၀၀ ကျော်ကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး မူလအတိုင်း ဆက်လက်တာဝန်ထမ်းဆောင်ရန် သဘောတူညီမှု ရရှိခဲ့သည်။
ကရင်ပြည်နယ် နယ်ခြားစောင့်(BGF) တပ်ဖွဲ့သည် DKBA(တိုးတက်သော ကရင်အမျိုးသားဗုဒ္ဓဘာသာ တပ်မတော်) မှ တပ်ရင်း ၁၂ ရင်း၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF မှ တပ်ရင်း တရင်းတို့က ၂၀၁၀ ပြည့်နှစ် သြဂုတ်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်းပြောင်းလဲခဲ့ပြီး လက်ရှိတွင် စုစုပေါင်းတပ်အင်အားမှာ ခန့်မှန်းခြေအားဖြင့် သုံးထောင်ကျော် ရှိမည်ဟု ဆိုသည်။
တရုတ်၏ ယာယီခြံစည်းရိုးများ ပြန်ဖျက်ပေးရမည်
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ရှမ်းပြည်နယ်၊ လောက်ကိုင်ခရိုင်၊ မူဆယ်ခရိုင်၊ ဟိုပန်ခရိုင်နှင့် ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ကချင်ပြည်နယ်၊ လိုင်ဇာမြို့နှင့် ပါဂျောင်ဒေသတို့တွင် တရုတ်နိုင်ငံဘက်က ခြံစည်းရိုးများ ကာရံခဲ့သည်။ ကိုဗစ်ကာလအတွင်း လူအကူးအသန်းများသော နေရာများတွင် ကူးလူးဆက်ဆံမှု မရှိစေရန်အတွက် ယာယီ ခြံစည်းရိုးများ ကာရံခဲ့ခြင်းဖြစ်သည်ဟု တရုတ်ဘက်က ဆိုသည်။ သို့သော် ကာရံထားသည့် သံဆူးလိပ် ခြံစည်းရိုးများသည် နှစ်နိုင်ငံ နယ်နိမိတ်အတွင်းရှိ မှတ်တိုင်များကြားသို့ ရောက်ရှိနေပြီး နှစ်နိုင်ငံ နယ်နိမိတ် စာချုပ်ပါ အချက်အလက်များကို ဖောက်ဖျက်ထားသည့်အတွက်   ပြန်လည်ဖျက်သိမ်းပေးရမည်ဟု သမ္မတရုံးက ပြောသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်နိမိတ် သဘောတူစာချုပ်ကို ၁၉၆၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်တွင် သဘောတူညီ ချုပ်ဆိုခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် နယ်နိမိတ် မှတ်တိုင်များကို စိုက်ထူခဲ့သည်။ ထို့နောက် မြန်မာ-တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် နှစ်ဦးကို စေလွှတ်ကာ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းများ ပြန်လည်ဖော်ထုတ်ရေး၊ နယ်နိမိတ် သဘောတူစာချုပ်ပါအချက်များအရ ခြံစည်းရိုးများကို စနစ်တကျ ကာရံရေးနှင့် ခြံစည်းရိုးကာရံလိုသောသူက  ကုန်ကျစရိတ်ကျခံရန် စသည့်အချက်များကို တရုတ်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမည်ဟု ဇန်နဝါရီ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
၂။ သဘောတူညီမှုများ
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ တရက်အလို၊ ဇန်နဝါရီ ၁၀ ရက်တွင် မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု(Feasibility Study)ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့သည်။ အဆိုပါ နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံဘက်မှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံကုမ္ပဏီ China Railway Eryuan Engineering Group Co., Limited(CREEG) တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါတရုတ်ကုမ္ပဏီသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီက လာရောက်ခဲ့သည့်  တရုတ်သမ္မတ ခရီးစဉ်အတွင်း ရရှိခဲ့သော သဘောတူညီချက် ၃၃ ချက်ထဲမှ တခုဖြစ်သည့် မူဆယ်-မန္တလေး အမြန်ရထားလမ်းစီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာဆန်းစစ်မှုကို ပြုလုပ်ခဲ့သည့် ကုမ္ပဏီလည်း ဖြစ်ပြီး တရုတ်အစိုးရ၏ ကျောထောက်နောက်ခံပြု ကုမ္ပဏီတခု ဖြစ်သည်။ CREEG ကုမ္ပဏီသည် ကူမင်း-ကျောက်ဖြူ ရထားလမ်းတည်ဆောက်ရန်အတွက် ၂၀၁၁ ခုနှစ်မှ စတင်ကာ မြန်မာအစိုးရထံ အဆိုပြုခဲ့ပြီး စီမံကိန်းဖြစ်နိုင်ခြေ လေ့လာမှုနားလည်မှုစာချွန်လွှာသည် ၂၀၁၄ တွင် သက်တမ်းကုန်ခဲ့သည်။ ထို့နောက် ၂၀၁၇ နှစ်လယ်ပိုင်းတွင် မူဆယ်-မန္တလေး ရထားလမ်းအတွက် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုပြုလုပ်ရန် ထပ်မံအဆိုပြုခဲ့ပြီး တနှစ်အကြာတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း(CMEC)အရ တရုတ်နိုင်ငံ၏ ဘေဂျင်း-ကူမင်း-ရွှေလီ အမြန်ရထားလမ်းပိုင်းနှင့် မြန်မာနိုင်ငံမှ မူဆယ်- မန္တလေး– ကျောက်ဖြူ အမြန်ရထားလမ်း စီမံကိန်းတို့ကို ချိတ်ဆက် ဆောင်ရွက်မည် ဖြစ်သည်။ ထိုမှတဆင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့နှင့် ချိတ်ဆက် ဆောင်ရွက်မည် ဖြစ်သည်။ ယခု မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံမှ အဆိုပြုထားသော  တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း၏ အစိတ်အပိုင်းတခုဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ၏ ယူနန်ပြည်နယ်၊ တာလီမှ ရွှေလီအထိ ရထားလမ်းပိုင်းကို ၂၀၂၃ ခုနှစ်ကုန်တွင် ဖောက်လုပ်ပြီးစီးရန် လျာထားပြီး ရထားစတင်ပြေးဆွဲနိုင်မည်ဆိုပါက တရုတ်-မြန်မာ နယ်စပ်အထိ ပေါက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ တရုတ်-မြန်မာ ရထားလမ်း ချိတ်ဆက်ခြင်းနှင့် မြန်မာနိုင်ငံအတွင်း ရထားလမ်းဖောက်လုပ်ခြင်းသည် မြန်မာနိုင်ငံအား လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသော ကြီးမားသည့်စျေးကွက်ကြီးနှင့် ကျယ်ပြန့်သော အာရှ-ဥရောပကုန်းမြေ(Eurasia)ကို ပိုမိုနီးကပ်စွာ ချိတ်ဆက်ပေးနိုင်မည်ဖြစ်ကာ မြန်မာ့စီးပွားရေးတိုးတက်ရေးနှင့် ပြည်သူလူထုဘဝ ကောင်းမွန်ရေးကို အထောက်အကူ ပြုမည့်အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားဖြည့်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ဆိုသည်။
မန္တလေး-မူဆယ် အမြန်ရထားလမ်းသည် ကီလိုမီတာ ၅၀၀(မိုင် ၃၁၀ ကျော်) ရှည်လျားမည်ဖြစ်ပြီး တနာရီလျှင်  ကီလိုမီတာ ၁၆၀(မိုင် ၁၀၀)နှုန်းဖြင့် မောင်းနှင်နိုင်ရန် ဒီဇိုင်းထုတ်ထားသည်။ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ကိုးဘီလီယံခန့် ရှိမည်ဖြစ်သည်။
ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းတည်ဆောက် ထားသော တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့်အပြိုင် ဖောက်လုပ်မည့် အဆိုပါ ရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကိုသာ အလေးထားလုပ်ဆောင်နေသော စီမံကိန်းဖြစ်သည်ဟု ပြည်တွင်းမှ လေ့လာစောင့်ကြည့်သူများ၏ ပြောကြားချက်ကို ဧရာ၀တီသတင်းဌာနနှင့် RFA သတင်းဌာနတို့တွင် ဖော်ပြထားသည်။
စစ်ရေးနှင့် စီးပွားရေးမဟာဗျူဟာ လိုအပ်ချက်များအရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှတဆင့် အိန္ဒိယသမုဒ္ဒရာအား ပိုမိုစိုးမိုးလာနိုင်ရန် ကြိုးပမ်းနေကြောင်း လေ့လာသူများ၏ ပြောကြားချက်ကိုလည်း ဧရာ၀တီသတင်းဌာန၏ အင်္ဂလိပ်ဘာသာ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
၃။ နိုင်ငံတကာသုံးသပ်ချက်များ
ယခုတပတ်၌ နိုင်ငံတကာမီဒီယာများဖြစ်သော တရုတ်နိုင်ငံအခြေစိုက် South China Morning Post သတင်းဌာနနှင့် South Asian Monitor တို့တွင် ဖော်ပြခဲ့သည့်အချို့ကို ထုတ်နုတ်တင်ပြရလျှင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ နေပြည်တော်ခရီးစဥ်အတွင်း ကတိပြုခဲ့သော မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဥ်တိုးတက်စေရန်နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း အကောင်အထည်ဖော်မှု တိုးတက်စေရန်တို့အတွက် တရုတ်-မြန်မာ နယ်စပ်ရှိ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအား တရုတ်နိုင်ငံက ကူညီဆောင်ရွက်သွားမည်ဟူသော ကတိပြုချက်များမှာ တရုတ်နိုင်ငံအနေနှင့် အမေရိကန်၊ ဂျပန်၊ အိန္ဒိယနိုင်ငံများနှင့် ဒေသတွင်းအားပြိုင်မှုများအတွက် အထောက်အကူဖြစ်‌စေရန် ဦးတည်သော ဟန်ပြအကူအညီ(Show of Support)သာ ဖြစ်သည်ဟု ဆောင်းပါးရှင်က သုံးသပ်ထားသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းကလည်း အိန္ဒိယမီဒီယာအများစုတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား တရုတ်အစိုးရက ငွေကြေးနှင့် လက်နက်အကူအညီများ ထောက်ပံ့ပေးနေသည်ဟူသော ရေးသားချက် အများအပြားကို တွေ့မြင်ခဲ့ရသလို ယခုအခါတွင်လည်း တရုတ်အစိုးရ၏ ကတိပြုချက်များသည် ဟန်ပြ(Show)သက်သက်သာ ဖြစ်သည်ဟူသော သုံးသပ်ချက်များကို နိုင်ငံတကာမီဒီယာများတွင် မြင်တွေ့ရခြင်းဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးဝင်းမြင့်အား တရုတ်နိုင်ငံအနေနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာအရေးကို ကူညီသွားမည်ဟူသော ကတိပြုပြောကြားမှုနှင့်ပတ်သက်၍ ဂျပန်နိုင်ငံအခြေစိုက် Nikkei Asia သတင်းဌာနကလည်း တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ အစိုးရအပြောင်းအလဲမတိုင်ခင် အိမ်နီးချင်းနိုင်ငံများနှင့် နီးကပ်သောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ကြိုးပမ်းခြင်းဖြစ်သည်ဟု သုံးသပ်ထားသည်။
၄။ အချက်အလက်များ
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဥ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စာချုပ်၊ နားလည်မှုစာချွန်လွှာ၊ မှတ်တမ်းလွှာ၊ စာလွှာနှင့် အစီအစဉ်တို့ အပါအဝင် အောက်ပါ သဘောတူညီချက် ခြောက် ချက်ကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။
၁။ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်၊
၂။ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊
၃။ ကချင်ပြည်နယ် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် ငွေကြေးအထောက်အပံ့ပေးအပ်ရေး စာလွှာ၊
၄။ တရုတ်နိုင်ငံ၏ အတိုးမဲ့ ချေးငွေဖြင့် ဝယ်ယူသည့် လူစီးရထားတွဲများဆိုင်ရာ စာလွှာ၊
၅။ ကျေးလက် လမ်းတံတား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ အစည်းအဝေး မှတ်တမ်းလွှာ၊
၆။ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် ဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်အစီအစဉ် တို့ဖြစ်သည်။
ထို့အပြင် အဆိုပါခရီးစဥ်နှင့် ပတ်သက်၍လည်း မြန်မာအစိုးရ၏ ထုတ်ပြန်ချက်နှင့် တရုတ်နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်များမှာ အချက်အလက်တချို့ ကွာခြားမှုရှိသည်ကို တွေ့ရသည်။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ နှစ်နိုင်ငံဆွေးနွေးချက် ခုနစ်ချက်ရှိပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌မူ ဆွေးနွေးချက် ၁၀ ချက် ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ကွာဟနေသောအချက် သုံးချက်မှာ –
၁။ အစိုးရအသစ် အောင်မြင်စွာဖွဲ့စည်းနိုင်ရေးကို မျှော်လင့်ကြောင်းနှင့် ဝမ်းမြောက်ကြိုဆိုခြင်း၊
၂။ မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုနှင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ Code of Conduct ရေးဆွဲရာ၌ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူစဥ်အတွင်း အာဆီယံ-တရုတ် ဆက်ဆံရေး တိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ပေးရန်နှင့်
၃။ မြန်မာနိုင်ငံအနေဖြင့် ထိုင်ဝမ်အရေး၊ ဟောင်ကောင်အရေးနှင့် ရှင်းကျန့်ပြည်နယ်အရေးတို့တွင် တရုတ်တနိုင်ငံတည်းမူဝါဒ(One China Policy) အရ တရုတ်နိုင်ငံဘက်မှ ခိုင်မာစွာ ရပ်တည်သည်ဟူသော အချက်များဖြစ်သည်။
မြန်မာနိုင်ငံအစိုးရဘက်မှ သတင်းထုတ်ပြန်ချက်များတွင် အထက်ပါ ဆွေးနွေးချက်သုံးချက်ကို မည်သည့်အတွက်ကြောင့် ချန်လှပ်ထားခဲ့သနည်းဆိုသည်မှာ ပဟေဠိတခုအဖြစ် သတိပြုစရာဖြစ်သည်။
စဉ်
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနထုတ်ပြန်ချက်
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်
၁
အေးအတူပူအမျှအသိုက်အဝန်း ထူထောင်ရေး လုပ်ငန်းစီမံချက်ရေးဆွဲရန်နှင့် နိုင်ငံတော်ခရီးစဥ်များအတွင်း ရေးထိုးနိုင်ရေး
ပါရှိသည်။
၂
CMEC ပူးပေါင်းဆောင်ရွက်ရေး
ပါရှိသည်။
၃
ကိုဗစ်-၁၉ ပူးပေါင်းတိုက်ဖျက်ရေး
ပါရှိသည်။
၄
မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထောက်ပံ့ပေးရေး
ပါရှိသည်။
၅
မြန်မာ-တရုတ် ယဥ်ကျေးမှုခရီးသွားနှစ်ဖော်ဆောင်ရေး
ပါရှိသည်။
၆
နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဥ် တိုးတက်ရေး
ပါရှိသည်။
၇
ကုလသမဂ္ဂနှင့် နိုင်ငံတကာစာမျက်နှာတွင် ပိုမို ပူးပေါင်းဆောင်ရွက်ရေး
ပါရှိသည်။
၈
မပါရှိပါ။
အစိုးရအသစ် အောင်မြင်စွာ ဖွဲ့စည်းနိုင်ရေးကို မျှော်လင့်ကြောင်းနှင့် ဝမ်းမြောက်ကြိုဆိုသည်။
၉
မပါရှိပါ။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုနှင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ Code of Conductရေးဆွဲရာ၌ မြန်မာနိုင်ငံသည် ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
၁၀
မပါရှိပါ။
ထိုင်ဝမ်၊ ဟောင်ကောင်နှင့် ရှင်းကျန့်ပြည်နယ် အရေးတို့တွင် မြန်မာနိုင်ငံသည် One China Policy အပေါ် ရပ်တည်သည်။
ဇေရှိုင်းဗိုလ်၊ လင်းထက်အောင်
The post တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ဒုတိယပတ် (ဇန်နဝါရီ ၉ ရက်မှ ၁၅ ရက် အထိ) appeared first on ISP Myanmar China Desk.
တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ပထမပတ်(ဇန်နဝါရီ ၂ ရက် မှ ၈ ရက် အထိ)
ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာ ဆက်ဆံရေးနှင့်သက်ဆိုင်သော ပြည်တွင်း၊ ပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၅၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများထဲမှ သတိပြုစရာ –
၁။ သတင်းများ
၂။ သဘောတူညီမှုများ
၃။ နိုင်ငံတကာသုံးသပ်ချက်များ
၄။ ကိန်းဂဏန်းအချက်အလက်များကို ထုတ်နုတ်တင်ပြသွားမည် ဖြစ်ပါသည်။
၁။ သတိပြုစရာ သတင်းများ
တရုတ်ချေးငွေနှင့် လူစီးရထားတွဲများ
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီအတွင်းက မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သော တရုတ်သမ္မတ ရှီကျင့်ဖျင်၏ သဘောတူညီချက် ၃၃ ချက်တွင် ‘အတိုးမဲ့ချေးငွေဖြင့် လူစီးရထားတွဲများ ဝယ်ယူရေး သဘောတူ စာချုပ်’ လည်း ပါဝင်ခဲ့သည်။ အဆိုပါစာချုပ်အရ တင်သွင်းလာသောရထားတွဲ ၂၈ တွဲသည် သီလဝါဆိပ်ကမ်းသို့ ယခုနှစ် ဇန်နဝါရီ ၅ ရက်တွင် စတင်ရောက်ရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ ဖော်ပြချက်အရ သိရသည်။ ချေးငွေ အမျိုးအစားမှာ စာချုပ်ပါအတိုင်း အတိုးမဲ့ ဖြစ်သည်ဟု သိရပြီး စုစုပေါင်းချေးငွေမှာ ယွမ်သန်း ၈၀ ရှိသည်ဟု ဆိုသည်။ ချေးငွေသက်တမ်းမှာ နှစ် ၂၀ ဖြစ်ပြီး ချေးယူကာလ ငါးနှစ်၊ ဆိုင်းငံ့ကာလ ငါးနှစ်နှင့် ပြန်ဆပ်ကာလ ၁၀ နှစ်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၏ အစည်းအဝေးမှတ်တမ်းများအရ သိရသည်။ အထက်ပါ လူစီး ရထားတွဲများ ဝယ်ယူရေးကိစ္စရပ်များနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းကပင် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးအတည်ပြုခဲ့သည်။
တရုတ်နိုင်ငံမှ ဝယ်ယူမည့် ကိုဗစ်-၁၉ ကာကွယ်ဆေး
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် ဘေဂျင်းမြို့ရှိ မြန်မာသံရုံးက ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ပတ်သက်၍ ထုတ်ပြန်ချက်တခု ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးများမှာ ၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်း အစောဆုံးကာလများတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည့် အခြေအနေရှိကြောင်းနှင့် မြန်မာသံရုံး၏ ကာကွယ်ဆေးရရှိရန် ကြိုးပမ်းမှုအခြေအနေများကို ဖော်ပြထားသည်။ တရုတ်နိုင်ငံအနေဖြင့်လည်း နိုင်ငံတကာ အစည်းအဝေးများတွင် ကာကွယ်ဆေးမိတ်ဖက်ထူထောင်သွားမည့်အကြောင်းများနှင့် များစွာသော နိုင်ငံများအား ကာကွယ်ဆေး ဦးစားပေးဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများကို ကတိပေးချက်များလည်း ရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာအတွင်းက တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ကျဲ့ချီ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်းတွင်လည်း ကာကွယ်ဆေးနှင့် ပတ်သက်၍ ဦးစားပေးမျှဝေလိုကြောင်းလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။
ထို့အပြင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၈ ရက်က မြန်မာနိုင်ငံသားယာဉ်မောင်း ၂၃ ဦးကို တရုတ်က ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး နှစ်ပတ်ခန့်အကြာတွင် ဒုတိယအကြိမ်ထိုးနှံရမည်ဖြစ်ကြောင်း 7 Day Daily သတင်းဖော်ပြချက် လည်း ရှိခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာအစိုးရတာဝန်ရှိသူများက ကာကွယ်ဆေးအမည်ကို မေးမြန်းခဲ့သော်လည်း တရုတ်အစိုးရတာဝန်ရှိသူများက ဖြေကြားခြင်းမရှိကြောင်း ဖော်ပြထားသည်။ မြန်မာဘက်က နောင်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမည်ဆိုပါက မြန်မာအစိုးရထံ ကြိုတင်အကြောင်းကြားရန် အသိပေးခဲ့သည်ဟု ဆိုသည်။
တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သတင်းဌာနများ၏ ဖော်ပြချက်လည်း ရှိခဲ့သည်။ ဝမ်ယိမှာ တရုတ်အစိုးရအဖွဲ့အတွင်း အရေးပါအရာရောက်သူ တဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရတက်လာပြီးနောက်ပိုင်း မြန်မာ နိုင်ငံသို့ ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၉၊ (၂၀၂၀ – တရုတ်သမ္မတရှီကျင့်ဖျင်နှင့်အတူ) နှစ်များအတွင်း လေးကြိမ် လာရောက် ခဲ့သည်။ ဝမ်ယိ၏ ခရီးစဉ်တခုချင်းစီတွင် ထူးခြားချက်များလည်း ရှိနေသည်။ ၂၀၁၆ ခုနှစ် ခရီးစဉ်၌ NLD အစိုးရ တက်လာပြီးနောက်ပိုင်း ပထမဆုံးလာရောက်လည်ပတ်သော နိုင်ငံခြားသံတမန်ဖြစ်ခဲ့သည်။ ၂၀၁၇ ခုနှစ် ခရီးစဉ်တွင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံကို အဆိုပြုခဲ့သည်။ ၂၀၁၉ ခုနှစ် ခရီးစဉ်အတွင်း ICJ ကိစ္စရပ်များနှင့် ၂၀၂၀ ပြည့်နှစ်အတွင်း အဆင့်မြင့်အရာရှိများ လည်ပတ်ရေးကိစ္စရပ်များဆွေးနွေးခဲ့ပြီး တလ အကြာတွင် တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ ခရီးစဉ်အားလုံး၌ နိုင်ငံတော်သမ္မတ (ဦးထင်ကျော်/ဦးဝင်းမြင့်)၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်ကိုလည်း တွေ့ရသည်။ ယခု ခရီးစဉ်၌လည်း ကိုဗစ်ကာကွယ်ဆေး၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းများနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးကိစ္စရပ်များ၌ ထူးခြားချက်များရှိလာနိုင်ကြောင်း သုံးသပ်ချက်များလည်း ရှိနေသည်။
၂။ သတိပြုစရာ သဘောတူညီမှုများ
မြန်မာတိုင်းမ်သတင်းဌာနတွင် ဖော်ပြခဲ့သော ရှမ်းပြည်နယ်တွင် ကန်ထရိုက်လယ်ယာစနစ် (Contract Farming) ဖြင့် ပြောင်းဧက တသန်းကျော် စိုက်ပျိုးထုတ်လုပ်ရန် ပြည်နယ်အစိုးရ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် တောင်သူများ ပူးပေါင်းစီစဉ်နေသည့် သတင်းမှာ သတိပြုစရာဖြစ်သည်။ မြန်မာတနိုင်ငံလုံး၌ ပြောင်းတန်ချိန် ၂ ဒသမ ၃ သန်းခန့် နှစ်စဉ်စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ထိုထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေခြင်းဖြစ်သည်။ ကမ္ဘာဈေးကွက်၌ ပြောင်းဈေးနှုန်းသည်လည်း ၂၀၁၀ ခုနှစ်မှစ၍ ၅၇ ရာခိုင်နှုန်း ကျော်ထိ တဟုန်ထိုး မြင့်တက်လာခဲ့သည်။ ထို့အပြင် တရုတ်ပြည်တွင်း၌ အသားစားသုံးမှုလည်း မြင့်တက်လာရာ ပြောင်းကို တိရစ္ဆာန်အစာကုန်ကြမ်းအဖြစ် ဝယ်ယူမှုလည်း မြင့်တက်လာသည်။ ဈေးကွက်၏ ဝယ်လိုအားကြောင့် တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်၌ ပြောင်းကို တသီးတည်းစိုက်သောစနစ်(Monoculture)ဖြင့် စီးပွားဖြစ် အမြောက်အမြားစိုက်ပျိုးလာကြပြီး ဘေးထွက်ဆိုးကျိုးအနေဖြင့် သစ်တောပြုန်းတီးမှုကို အရှိန်အဟုန် မြင့်မားစွာ ဖြင့် ရင်ဆိုင်နေရကြောင်း ISEAS – Yusof Ishak Institute၏ ၂၀၂၁ ခုနှစ်တွင် ထုတ်ဝေသော စာတမ်းတစောင်၌ ဖော်ပြထားသည်။ ရှမ်းပြည်နယ် လားရှိုးမြို့အတွင်းရှိ တောင်ကုန်းတောင်စောင်းအားလုံးတွင်လည်း ဇီဝမျိုးစုံ သစ်တောများအဖြစ်မှ ပြောင်းစိုက်ခင်းများ အဖြစ်ပြောင်းလဲခဲ့ကြောင်းလည်း အဆိုပါစာတမ်းတွင် ဖော်ပြထား သည်။ ပြောင်းဈေးနှုန်းမြင့်မားခြင်း၊ တရုတ်ဝယ်လိုအား မြင့်မားခြင်းတို့ကြောင့် ပြောင်းစိုက်ပျိုးခြင်းသည် စီးပွားရေးအရ အကျိုးအမြတ်ဖြစ်ထွန်းနိုင်သော်လည်း မြေဧက မြောက်မြားစွာကို တသီးတည်းစနစ်ဖြင့် စီးပွားဖြစ် အမြောက်အမြားစိုက်ပျိုးမှု (Industrial Farming) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မြေယာပြဿနာ၊ သဘာဝ ပတ်ဝန်းကျင်ပြဿနာများကို ကြိုတင်တွက်ချက်၍ စဉ်းစားအဖြေရှာထားရန် လိုအပ်ပေသည်။
၃။ သတိပြုစရာ နိုင်ငံတကာသုံးသပ်ချက်
အိန္ဒိယသတင်းဌာနတခုဖြစ်သော The Hitavada တွင် ဖော်ပြထားသည့် “အရှေ့မြောက်ကုန်းတွင်းပိုင်းမှ နဂါး” ဆောင်းပါးတွင် အိန္ဒိယ-မြန်မာနယ်စပ်နှင့် မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ တရားမဝင် တရုတ် လက်နက်များ၊ ယင်းလက်နက်ဈေးကွက်၏ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်မှုများနှင့် အိန္ဒိယ၏ အရှေ့အရပ်သို့ မျှော်(Act East) မူဝါဒအပေါ် သက်ရောက်မှုများကို သုံးသပ်ရေးသားထားသည်။ ရိုင်ဖယ်၊ ပစ္စတိုနှင့် ပခုံးထမ်းဒုံးလက်နက်များ စသည့် တရုတ်နိုင်ငံထုတ်လက်နက်များသည် မြန်မာ-ထိုင်းနယ်စပ်မှတဆင့် မြန်မာ-အိန္ဒိယနယ်စပ်တလျှောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့များဆီသို့ ရောက်ရှိနေပြီး ယင်းမှာ တရုတ်က အိန္ဒိယ၏ လက်ရှိကျင့်သုံးနေသော အရှေ့ အရပ်သို့ မျှော်ခြင်း မူဝါဒကို နှောင့်နှေးစေရန် ရည်ရွယ်ချက်ဖြင့် ပြုမူသည့် Diploterrorism ဖြစ်သည်ဟု ဆောင်းပါးရေးသူက သုံးသပ်ထားသည်။ မြန်မာအစိုးရကို ဆန့်ကျင်နေသော လက်နက်ကိုင်များနှင့် အိန္ဒိယ အစိုးရကို ဆန့်ကျင်နေသော လက်နက်ကိုင်များပါ အဆိုပါတရုတ်လက်နက်များကို အသုံးပြုနေကြသည့်အပြင် တရုတ်ထံမှ အကူအညီများရရှိလျက်ရှိခြင်းကြောင့် ဒေသတွင်းလုံခြုံရေး ထိခိုက်လျက်ရှိနေသည်ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။
၄။ သတိပြုစရာအချက်လက်များ
၂၀၂၀ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများ
၂၀၂၀ ပြည့်နှစ်အတွင်း လူကုန်ကူးမှု ၁၁၁ မှု ဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ ဖော်ပြချက်အရ သိရသည်။ အဆိုပါ ၁၁၁ မှုအနက် အဓမ္မလက်ထပ်မှု ၈၃ မှု၊ အဓမ္မလုပ်အားစေခိုင်းမှု တမှုနှင့် အဓမ္မအငှားကိုယ်ဝန်ဆောင်မှု တမှု စုစုပေါင်း ၈၅ မှုမှာ တရုတ်နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည်မှာ သတိပြုဖွယ်ရာဖြစ်သည်။ လအလိုက်အနေဖြင့် ဇန်နဝါရီတွင် ၁၅ မှု၊ ဖေဖော်ဝါရီတွင် ခုနစ်မှု၊ မတ်တွင် ကိုးမှု၊ ဧပြီတွင် ခြောက်မှု၊ မေတွင် ခြောက်မှု၊ ဇွန်တွင် ၁၅ မှု၊ ဇူလိုင်တွင် ၁၄ မှု၊ ဩဂုတ်တွင် ၁၆ မှု၊ စက်တင်ဘာတွင် ခြောက်မှု၊ အောက်တိုဘာတွင် လေးမှု၊ နိုဝင်ဘာတွင် ရှစ်မှုနှင့် ဒီဇင်ဘာတွင် ငါးမှု အသီးသီးဖြစ်ပွားခဲ့သည်။
သန့်အောင်ပိုင်၊ ထက်ရှိန်လင်း
The post တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ပထမပတ်(ဇန်နဝါရီ ၂ ရက် မှ ၈ ရက် အထိ) appeared first on ISP Myanmar China Desk.
တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ် ဒီဇင်ဘာ စတုတ္ထပတ်(၁၉ မှ ၂၅ ရက် အထိ)
ယခုရက်သတ္တပတ်အတွင်း တရုတ်-မြန်မာ ဆက်ဆံရေးနှင့်သက်ဆိုင်သော ပြည်တွင်း၊ ပြည်ပ သတင်းနှင့် သုံးသပ်ချက်ပေါင်း ၇၀ ကျော်ကို ISP-Myanmar China Desk က စုစည်းခဲ့ပါသည်။ တပတ်တာအတွင်း ပေါ်ပေါက်ခဲ့သော သတင်းများထဲမှ အလေးပေးအာရုံစိုက်သင့်သော ဖြစ်ရပ်များနှင့် အခြားသတင်း စုစည်းမှုများကို အနှစ်ချုပ် ဖော်ပြမည် ဖြစ်ပါသည်။
တရုတ်-မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်
အာရုံစိုက်ဖွယ် သတင်းတပုဒ်မှာ မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးဇုန်စီမံကိန်း၏ အစိတ်အပိုင်းတခုဖြစ်သော ကြူကုတ်-ပန်ဆိုင်း စီမံကိန်းကို တရုတ်ဘက်က ဖြုတ်ချခဲ့သည်ဟူသော Myanmar Times သတင်းဌာန၏ သတင်းဖော်ပြချက်ဖြစ်သည်။ မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးဇုန်စီမံကိန်းသည် နိုင်ငံတကာ စီးပွားရေးပင်မဇုန် (Core Zone)၊ ပို့ကုန်ထုတ်လုပ်မှုဇုန်နှင့် ကုန်လှောင်ရုံဇုန်များ၊ သွင်းကုန်ထုတ်လုပ်မှုဇုန်နှင့် ကုန်လှောင်ရုံဇုန်များ တည်ဆောက်ရန် နှစ်နိုင်ငံသဘောတူထားသော စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းတွင် ပို့ကုန်ထုတ်လုပ်မှုဇုန်နှင့် ကုန်သိုလှောင်ရုံဇုန်များ၊ အခြားစီမံကိန်းအစိတ်အပိုင်းများနှင့် ချိတ်ဆက် ဆက်သွယ်သော လမ်းကွန်ရက်များ တည်ဆောက်ရန် ကြူကုတ်-ပန်ဆိုင်း၊ ဝမ်တိန်-ကျင်စမ်းကျော့ ဒေသတို့ကို ထောက်ပံရေးဇုန်များအဖြစ် စီမံကိန်းစတင်ရေးစွဲစဉ်က တရုတ်နိုင်ငံဘက်မှ အဆိုပြုခဲ့သည်။ ကြေးမုံ သတင်းစာ၏ ဖော်ပြချက်အရ ဒီဇင်ဘာ ၁၇ ရက်တွင် မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေး ဆိုင်ရာ ဗဟိုကော်မတီ၏ (ဆဋ္ဌမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပြီး ထိုအစည်းအဝေးတွင် တရုတ်ဘက်က ကြူကုတ်-ပန်ဆိုင်း စီမံကိန်းကို ပယ်ချခဲ့ခြင်းဖြစ်သည်။ ကြူကုတ်-ပန်ဆိုင်း စီမံကိန်းကို တရုတ်က စတင်အဆိုပြုစဉ်ကပင် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသောနယ်မြေ ဖြစ်၍ မြန်မာအစိုးရက တရားဝင်အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။ ယခုအခါ တရုတ်ဘက်မှလည်း ပြန်လည်ပယ်ဖျက်ခဲ့ပြီး မူဆယ်-ရွှေလီနယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တွင် မူဆယ်-ရွှေလီဒေသကို ပင်မဇုန် (Core Zone) အဖြစ်လည်းကောင်း၊ ဝမ်တိန်-ကျင်းစမ်းကျော့ဒေသကို ထောက်ပံ့ရေးဇုန်အဖြစ်လည်းကောင်း နှစ်နေရာတွင်သာ အကောင်အထည်ဖော်ရန် ဒီဇင်ဘာ ၁၇ ရက်တွင် ကျင်းပသော ဗွီဒီယိုကွန်ဖရင့်အစည်းအဝေး၌ သဘောတူခဲ့သည်။
ကချင်ကျောက်စိမ်း တရုတ်ဝယ်လက်
ဖားကန့်မြို့၌ ပထမဆုံး အဆင့်မြင့် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစင်တာ တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီး ဆိုသော နိုင်ငံပိုင်သတင်းစာ၏ သတင်းဖော်ပြချက်လည်း ရှိခဲ့သည်။ အဆိုပါ စင်တာအတွက် ဖားကန့်ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက ဒေသခံလူငယ်များအား မန္တလေး၊ နေပြည်တော်နှင့် ရွှေလီတို့သို့ ပညာသင်စေလွှတ်ထားခဲ့သည်။ အဆိုပါ စင်တာတွင် ကျောက်အရောင်းအဝယ်ပြုလုပ်နိုင်သည့် ရုံသုံးရုံပါဝင်ပြီး တရုံလျှင် ၂၁၆ ခန်းဖြင့် ၆၄၈ ခန်းပါဝင်မည် ဖြစ်ကာ သုံးခန်းတွဲ သုံးထပ်အဆောက်အအုံ နှစ်လုံး၊ စားသောက်ရုံနှစ်ခန်းတွဲ နှစ်လုံးနှင့် စားသောက်ဆိုင် သုံးခန်းတွဲနှစ်လုံးတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။ ထိုအတွက် ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာပြီး နိုင်ငံတော်အတွက်လည်း အခွန်စနစ်တကျရရှိလာမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း မီဒီယာဖော်ပြချက်များတွင်မူ ကျောက်စိမ်းဈေးကွက်တွင် တရုတ်ကုန်သည်များလွှမ်းမိုးနေခြင်း၊ ရှိနှင့်ပြီးဖြစ်သော မန္တလေးကျောက်စိမ်းဈေးကွက်တွင်ပင် တရုတ်မိုဘိုင်းလ်ပိုက်ဆံ App ဖြစ်သော WeChat ကို လုံးဝ အားကိုးရောင်းဝယ်နေရပြီး ဈေးအနှိမ်ခံရခြင်းများလည်း ရှိနေကြောင်း တွေ့ရသည်။
တစ်ရှူးငှက်ပျော
ကချင်ပြည်နယ်တွင် စိုက်ဧက တသိန်းခွဲခန့် စိုက်ပျိုးထားပြီး အပင်ပေါင်း သန်း ၂ဝဝ ကျော်ရှိနေသော တစ်ရှူးငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းတွင် တနှစ်ကျော် အရှုံး‌ပေါ်ပြီးနောက် တရုတ်ကုမ္ပဏီ သုံးခုသည်  မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည်ဟု The Daily Eleven သတင်းစာက ဖော်ပြသည်။ လက်ရှိအချိန်တွင် တရုတ်ကုမ္ပဏီသုံးခုသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အသွားအလာ၊ ပို့ဆောင်ရေးများ အခက်အခဲကြုံရပြီး တိကျသော ဥပဒေမရှိခြင်းနှင့် မြေပြိုခြင်း၊ ရေကြီးခြင်းများကြောင့် အရှုံးပေါ်ကာ ထွက်ခွာကြသည်ဟုဆိုပြီး ၎င်းတို့အနေဖြင့် လာအိုနိုင်ငံဘက်သို့ ‌ရွှေ့ပြောင်းလုပ်ကိုင်ကြမည်ဟု ဆိုသည်။ အရှုံးပေါ်ကာ ထွက်ပြေးကြသောကုမ္ပဏီ  သုံးခုလည်းရှိပြီး အဆိုပါကိစ္စအတွက် ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းက တရုတ်အစိုးရထံ တိုင်ကြားထားသည်ဟု ဆိုသည်။
အခြားသတင်းများ
ယခုတပတ်အတွင်း ထူးခြားသော တရုတ်လှူဒါန်းမှုများအဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသော SSPP/ SSA နှင့် UWSP/ UWSA တို့သို့ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်၍ လှူဒါန်းခဲ့သည်ကိုလည်း တွေ့ရသည်။ ‘၀’ အထူးဒေသအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများက ကိုဗစ် ကာကွယ်ရေးအတွက် အစားအသောက်၊ ဆေးဝါးနှင့် ပစ္စည်းများလှူဒါန်းခဲ့သည်ဟု The Daily Eleven သတင်းစာက ဖော်ပြခဲ့ပြီး SSPP/ SSA သို့ လှူဒါန်းမှုမှာ လေးကြိမ်မြောက်ဟု သိရသည်။
ဈေးကွက်လက်ဝါးကြီးအုပ်မှုကြောင့် တရုတ်နိုင်ငံအတွင်းတွင် အလီဘာဘာ ကုမ္ပဏီ စုံစမ်းစစ်ဆေးခံနေရကြောင်း BBC သတင်းဖော်ပြချက်လည်း ရှိခဲ့သည်။ အလီဘာဘာ ကုမ္ပဏီအနေဖြင့် အထူးကုန်သွယ်ရေး သဘောတူစာချုပ်များ လက်မှတ်ထိုးရန် အရောင်းအဝယ်လုပ်သော ကုန်သည်များကို ဖိအားပေးခဲ့ခြင်းနှင့် ပတ်သက်၍ ဈေးကွက်စည်းမျဉ်းဆိုင်ရာ ထိန်းချုပ်သူများဘက်က မကြာသေးခင်က သတိပေးခဲ့သည်။ ယင်းသဘောတူစာချုပ်အရ အရောင်းအဝယ်လုပ်သူများသည် ပြိုင်ဘက်ကုမ္ပဏီ၏ ဈေးကွက်များတွင် ကုန်ပစ္စည်းတင်သွင်းရောင်းချမှုကို တားမြစ်ထားသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တရုတ်အစိုးရ တာဝန်ရှိသူများက အလီဘာဘာ၏ ဘဏ္ဍာရေးဆိုင်ရာ နည်းပညာကုမ္ပဏီကြီး Ant Group နှင့် တွေ့ဆုံသွားရန်လည်း ရှိနေသည်။ Ant Group သည် မြန်မာနိုင်ငံ၌လည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်လျက်ရှိပြီး Wavemoney တွင် အမေရိကန် ဒေါ်လာ ၇၃ ဒသမ ၅ သန်း ထည့်ဝင်ထားသည်။
The post တရုတ်-မြန်မာ ဆက်ဆံရေး တပတ်တာ သတင်းအနှစ်ချုပ်  ဒီဇင်ဘာ စတုတ္ထပတ်(၁၉ မှ ၂၅ ရက် အထိ) appeared first on ISP Myanmar China Desk.
၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ လေ့လာချက်
နိဒါန်း
၁၉၅၀ ပြည့်နှစ်၊ ဇွန် ၈ ရက်က စတင်ခဲ့တဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးဟာ ၂၀၂၀ ပြည့်နှစ်မှာ နှစ် ၇၀ ပြည့်မြောက်ခဲ့ပါပြီ။ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်မှာ  နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနဲ့ ဘက်စုံပူးပေါင်းမှုတွေကို တိုးမြှင့်ဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။  ၂၀၂၀ ပြည့်နှစ်၊  နှစ်ဆန်းပိုင်းက  မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ တရုတ်သမ္မတ  ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်အတွင်းမှာပဲ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ သမ္မတရှီကျင့်ဖျင်ရဲ့ ခရီးစဉ်မှာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ဖို့ အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူချင်းဆက်ဆံရေး စတဲ့ နယ်ပယ်စုံမှာ သဘောတူညီချက် ၃၃ ခု ရခဲ့ပါတယ်။ ဒီသဘောတူညီမှုတွေဟာ ရပ်ဝန်းလမ်းကြောင်း(BRI)စီမံကိန်းရဲ့ အောက်မှာ အကောင်အထည်ဖော်မယ့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း(CMEC)ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေလည်း ဖြစ်တာကြောင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကိုလည်း ထင်ဟပ်ဖော်ပြနေပါတယ်။
သမ္မတရှီရဲ့ ခရီးစဉ်နဲ့အတူ စတင်ဖွင့်လှစ်ခဲ့တဲ့ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်နှစ်ဟာ မျှော်မှန်းထားသလိုမျိုးတော့ အရောင်အသွေး မစုံလင်နိုင်ခဲ့ပါဘူး။ ခရီးစဉ် အလွန်မှာပဲ ကိုဗစ်ကပ်ဘေး စတင်ဖြစ်ပွားခဲ့တာကြောင့် သဘောတူညီထားတဲ့ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကို အကောင်အထည်ဖော်မှု အပိုင်းတွေမှာလည်း နှောင့်နှေးမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း သဘောတူညီထားတဲ့ စီမံကိန်းတွေကို အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်ဖို့ တရုတ်နိုင်ငံဘက်က တိုက်တွန်းတာတွေ လုပ်ခဲ့ပါတယ်။
ဒီဆောင်းပါးမှာ ၂၀၂၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်း သမ္မတခရီးစဉ်အတွင်းမှာ လက်မှတ်ထိုးခဲ့တဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးဆိုင်ရာ စီမံကိန်းတွေဟာ ဘယ်လောက်ခရီးပေါက်ခဲ့ပြီလဲ ဆိုတာကို လေ့လာတင်ပြမှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးရဲ့ အကန့်အသတ်တွေရှိခဲ့ပေမဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်းတွေရဲ့ ထောက်တိုင်သုံးခုလို့ ခေါ်ဆိုတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ နယ်စပ်စီးပွားရေးဇုန် စီမံကိန်းတွေမှာ သိသာတဲ့ အရွေ့တွေ ရှိခဲ့တာကို တွေ့ရပါတယ်။ တခြားစီမံကိန်းတွေနဲ့ပတ်သက်လို့လည်း တရုတ်နိုင်ငံဘက်မှာ ဆက်လက်အကောင်အထည်ဖော် တည်ဆောက်နေတာတွေ၊ ဗီဒီယိုကွန်ဖရန့်ကနေ ဆွေးနွေးကြတာတွေေ၊ အထူးဆောင်ရွက်ချက်တွေနဲ့ တရုတ်ပညာရှင်တွေကို မြန်မာနိုင်ငံကို လာရောက်စေတာတွေလည်း ရှိခဲ့ပါတယ်။  ဒါကြောင့် သဘောတူညီချက်တွေဟာ မျှော်မှန်းသလောက် ခရီးမပေါက်ခဲ့ပေမဲ့ အကန့်အသတ်ကြားမှာပဲ အခြေခံကျတဲ့ တိုးတက်မှုတွေ ရှိနေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လာမယ့်နှစ်မှာ ဒီသဘောတူညီမှုတွေ ဘယ်လောက်အတိုင်းအတာအထိ ရှေ့ဆက် အရှိန်မြှင့် အကောင်အထည်ဖော်နိုင်မလဲ ဆိုတာကတော့ ကိုဗစ်-၁၉ အကန့်အသတ်တွေအပြင် နိုင်ငံရေး၊ ပထဝီနိုင်ငံရေး စဉ်းစားချက်တွေအပေါ်မှာ အများကြီးမူတည်ပါလိမ့်မယ်။
မြန်မာ-တရုတ် သဘောတူညီမှု ၃၃ ခု
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁၈ ရက်က မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာ-တရုတ် နှစ်နိုင်ငံ သဘောတူစာချုပ်(Agreements) ငါးခု၊ သဘောတူညီချက် (Implementation Agreements) လေးခု၊ နားလည်မှုစာချွန်လွှာ(MoUs) ၁၄ ခု၊ စာလွှာ(Exchange Letter) ရှစ်ခုနဲ့ စီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုအစီရင်ခံစာ နှစ်ခုတို့ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ နှစ်နိုင်ငံအကြား သဘောတူညီမှုတွေမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း မူဘောင်အောက်က  အခြေခံအဆောက်အအုံ၊ ကုန်သွယ်မှု၊ နယ်စပ်စီးပွားရေး၊ ကုန်ထုတ်လုပ်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စတဲ့ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးတွေ ပါဝင်ပါတယ်။
ယခု Link အားနှိပ်၍ သဘောတူညီမှု ၃၃ ချက် PDF File ကို Download ရယူနိုင်ပါသည်။
မြန်မာ-တရုတ် သဘောတူညီမှု ၃၃ ခု ထဲက သဘောတူညီမှု ၁၀ ခုဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၉ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့မှာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြတဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC) ပူးတွဲတည်ထောင်ရေးဆိုင်ရာ  နားလည်မှုစာချွန်လွှာရဲ့ နောက်ဆက်တွဲ  အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက CMEC နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံအစိုးရကိုယ်စား စီမံကိန်းနဲ့ ဘဏ္ဍာရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနဲ့ တရုတ်နိုင်ငံအစိုးရကိုယ်စား အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲမှုကော်မရှင် ဥက္ကဋ္ဌ မစ္စတာဟယ်လီဖုန်း(Mr. He Lifeng) တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီ ၃၃ ချက်မှာ မြန်မာနိုင်ငံရဲ့ အဓိက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ရခိုင်၊ ရှမ်း၊ ဧရာဝတီနဲ့ ကချင်ပြည်နယ်တွေမှာ အကောင်ထည်ဖော် လုပ်ဆောင်မယ့် အခြေခံအဆောက်အအုံ စီမံကိန်း ၁၀ ခုနဲ့သက်ဆိုင်တဲ့ သဘောတူညီချက်တွေ၊ စီမံကိန်းတွေ ပါဝင်နေတာကို တွေ့ရပါတယ်။ သမ္မတရှီကျင့်ဖျင် ခရီးစဉ်အတွင်းမှာ လက်မှတ်ရေးထိုးခဲ့တဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံသဘောတူညီချက် ၃၃ ခုထဲကမှ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း(CMEC) အခြေခံအဆောက်အအုံ စီမံကိန်း ၁၀ ခုရဲ့ စီမံကိန်းဖြစ်စဉ် တိုးတက်မှုတွေကို ဒီအပိုင်းမှာ လေ့လာကြည့်ပါမယ်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း(CMEC) အခြေခံအဆောက်အအုံ စီမံကိန်း ၁၀ ခု
ဒီ ၁၀ ခုမှာ ပဏာမ ညှိနှိုင်းဆွေးနွေးမှုဆောင်ရွက်နေဆဲ စီမံကိန်း တခု၊ ဖြစ်တန်ခြေလေ့လာရေး ဆောင်ရွက်ဖို့ သဘောတူထားတဲ့ သို့မဟုတ် ဆောင်ရွက်နေဆဲ စီမံကိန်း လေးခု၊ ဖြစ်တန်ခြေလေ့လာရေးဆောင်ရွက်ပြီးစီးပြီး မြန်မာအစိုးရက စိစစ်နေဆဲ စီမံကိန်း နှစ်ခုနဲ့ စတင်အကောင်အထည်ဖော်ဖို့ ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်တဲ့ စီမံကိန်း သုံးခု ပါဝင်ပါတယ်။
(က) ပဏာမအဆင့် ညှိနှိုင်းဆွေးနွေးဆဲ စီမံကိန်း
၁။ ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင်သဘောတူစာချုပ်လုပ်ငန်းစဉ်များ လျင်မြန်တိုးတက်စေရေး နားလည်မှုစာချွန်လွှာ
နားလည်မှုစာချွန်လွှာကို  ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့အတွက် မြန်မာနိုင်ငံဘက်က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း ဦးဆောင်တဲ့ ကိုယ် စားလှယ်အဖွဲ့နဲ့   တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Zhao Ruijun ဦး ဆောင်တဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ ဒေသအဆင့် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
စီမံကိန်းကို လျင်မြန်စွာအကောင်အထည်ဖော်နိုင်ဖို့အတွက် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ နှစ်နိုင်ငံဒေသအဆင့် လုပ်ငန်းအဖွဲ့ရဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၁၂ ရက်မှာ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်နဲ့ပတ်သက်ပြီး တိုးတက်မှုအခြေအနေတွေ၊ အကြံပြုချက်တွေ၊ နှစ်ဖက်ပူးတွဲ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းနိုင်ရေးနဲ့ ဒေသအဆင့် လုပ်ငန်းအဖွဲ့အစည်းအဝေးတွေကို သုံးလတကြိမ် ပုံမှန်ကျင်းပနိုင်ရေး၊ မြန်မာဘက်ခြမ်းမှာရှိမယ့် ပူးပေါင်းဆောင်ရွက်မှုဇုန်ကို နယ်နိမိတ်သတ်မှတ်နိုင်ဖို့အတွက် မြေတိုင်းတာတဲ့လုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်နိုင်ရေး၊ တရုတ်နိုင်ငံဘက်က လက်ရှိဆောင်ရွက်နေတဲ့  ပူးပေါင်းဆောင်ရွက်မှုဇုန်ဆိုင်ရာ အချက်အလက်တွေ စသဖြင့် ဆက်လက်ဆောင်ရွက်ရမယ့် အစီအမံတွေကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ အဲဒီအစည်းအဝေးအပြီး ဇွန် ၂၉ ရက်ကစပြီး တရုတ်နယ်စပ် ရွှေလီ-မူဆယ်မှာရှိတဲ့ မြန်မာဘက်ခြမ်းမှာ စီမံကိန်းနေရာအကျယ်အဝန်း တိုင်းတာမှုကို ပြုလုပ်ခဲ့ပါတယ်။ တိုင်းတာမှုတွေကို နှစ်နိုင်ငံပူးပေါင်းအဖွဲ့က အတည်ပြုရမှာ ဖြစ်ပေမဲ့ ကိုဗစ်ကပ်ဘေးကြောင့် ဆိုင်းငံ့ထားရပါတယ်။ အစည်းအဝေး သဘောတူညီမှုတွေအရ ဒုတိယအကြိမ် လုပ်ငန်းအစည်းအဝေးကို အောက်တိုဘာ ၂၇ ရက် မှာကျင်းပခဲ့ပါတယ်။ မြန်မာ-တရုတ် နှစ်နိုင်ငံကြား နောက်ဆုံးသဘောတူညီချက်အရ မူဆယ်ဇုန်နဲ့ ကျင်းစမ်းကျော့ဇုန်တွေကို ဦးစွာ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ထားပါတယ်။ မူဆယ်ဇုန်စီမံကိန်းကို မူဆယ်(ဟိုဆောင်)နဲ့ ရွှေလီ(ကျယ်ဂေါင်) မှာရှိတဲ့ မြေ ၅ ဒသမ ၆၃ စတုရန်းကီလိုမီတာမှာ တည်ဆောက်မှာဖြစ်ပြီး ကျင်းစမ်းကျော့ဇုန်စီမံကိန်းအတွက် ကျင်းစမ်းကျော့(မြန်မာ)နဲ့ မက်မန့်(တရုတ်) မှာရှိတဲ့ မြေအကျယ်အဝန်း ၂ ဒသမ ၈၂ စတုရန်းကီလိုမီတာမှာ ပို့ကုန် ထုတ်လုပ်မှုဇုန်နဲ့ ကုန်လှောင်ရုံဇုန်တွေကို တည်ဆောက်မှာဖြစ်ပါတယ်။ မူဆယ်ဇုန်နဲ့ ကျင်းစမ်းကျော့ဇုန်တွေကနေ အကျိုးအမြတ်ဖြစ်ထွန်းပြီး စီးပွားရေးအရ တွက်ခြေကိုက်မှုရှိမှသာ ကျန်တဲ့ဇုန်တွေကို ဆက်လက်အကောင်အထည်ဖော်ဖို့ သဘောတူညီထားပါတယ်။ ဒါပေမဲ့ မူဆယ်-ရွှေလီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှေဇုန်စီမံကိန်း မူဘောင်လက်မှတ်ရေးထိုးဖို့ ဆွေးနွေးမှုတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေတ္တ ရပ်တန့်နေပါတယ်။
(ခ) ဖြစ်တန်ခြေလေ့လာရေး ဆောင်ရွက်ရန် သဘောတူညီထားသော စီမံကိန်းများ
၂။         မန္တလေး-ပုဂံ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုနားလည်မှု စာချွန်လွှာ
အခြား မီးရထားစီမံကိန်းတခုဖြစ်တဲ့ မန္တလေး-ပုဂံ ရထားလမ်းစီမံကိန်းအတွက် ဖြစ်နိုင်ခြေလေ့လာမှုနားလည်မှု စာချွန်လွှာအရ စီမံကိန်းဖြစ်နိုင်ခြေလေ့လာဆန်းစစ်ချက်ကို မြန်မာ့မီးရထားနဲ့ တရုတ်ဘက်က တာဝန်ရှိသူတွေပါဝင်တဲ့ Joint Working Group ကို ဖွဲ့စည်းထားပြီး ရထားလမ်းဖောက်လုပ်ခြင်းနဲ့ ဆက်သွယ်ရေး အချက်ပြလုပ်ငန်းတွေကို မီတာဂိတ်တွေနဲ့ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ သို့ပေမဲ့ ယခုအချိန်ထိ ကပ်ရောဂါဘေးကြောင့် ဖြစ်တန်ခြေလေ့လာရေးကို ဆောင်ရွက်နိုင်ခြင်းမရှိသေးပါဘူး။
၃။         “ဝ”တစ်လုံး ဥမင်လိုဏ်ခေါင်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ
စာချွန်လွှာအရ စီမံကိန်းဖြစ်နိုင်ခြေလေ့လာမှုကို ပြုလုပ်ရမှာဖြစ်ပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြေပြင် ကွင်းဆင်း လေ့လာတိုင်းတာဖို့ တရုတ်ပညာရှင်တွေ မလာနိုင်သေးတဲ့အတွက် ရပ်နားထားရပါတယ်။ “ဝ”တစ်လုံး ဥမင်လိုဏ်ခေါင်း စီမံကိန်းကို တောင်ကြီးနဲ့ လွိုင်လင်မြို့အကြား ခေါက်နွဲ့တောင်အမှတ် ၁၊ ခေါက်နွဲ့တောင် အမှတ် ၂၊ “ဝ” တစ်လုံးတောင် စတဲ့ တောင်သုံးလုံးကို ကျော်ဖြတ်ကာ လွိုင်လင်ကို ဆင်းမယ့်ကားလမ်းဟာ အဲဒီတောင်သုံးလုံးကို ဝေ့ဝိုက်ကာ သွားရမယ့်အစား ဥမင်လိုဏ်ခေါင်း ဖောက်လိုက်ပါက ပိုမိုမြန်ဆန်သွားမှာဖြစ်တာကြောင့် မြန်မာ့ဆောက်လုပ်ရေးဝန်ကြီးဌာနက စီမံကိန်းဖော်ဆောင်ဖို့အတွက် ကြိုးစားနေတာ အချိန်တော်ကြာခဲ့ပါပြီ။ အစောပိုင်းက တောင်ကိုရီးယား၊ ဂျပန်နဲ့ ADB တို့နဲ့ ညှိနှိုင်းဆွေးနွေးဖို့ လျာထားခဲ့ပေမဲ့ အခုနောက်ဆုံးမှာတော့ တရုတ်နိုင်ငံနဲ့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ စီမံကိန်းရည်ရွယ်ချက်ကတော့ သီပေါ-လွိုင်လင်-တောင်ကြီး အဝေးပြေးလမ်းကတဆင့် ရှမ်းပြည်နယ်မြောက်ပိုင်းကနေ တောင်ပိုင်းကို  စီးပွားရေးစင်္ကြံစီမံကိန်းအရ ချိတ်ဆက်မှာ ဖြစ်ပါတယ်။
၄။         တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှု စာချွန်လွှာ
နားလည်မှု စာချွန်လွှာအရ  China Southern Power Grid ဆီက ဝယ်ယူမယ့် လျှပ်စစ်ဓာတ်အား ၁၀၀၀ မဂ္ဂါဝပ်ကို နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း လမ်းကြောင်းနှစ်ခုနဲ့ ပို့လွှတ်ရောင်းချမှာ ဖြစ်ပါတယ်။ ပထမ လမ်းကြောင်းက ယူနန်ပြည်နယ်၊ လုံချွန်းခရိုင်ကနေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထိ ချိတ်ဆက်မှာ ဖြစ်ပြီး ဒုတိ ယလမ်းကြောင်းက ယူနန်ပြည်နယ်၊ ရွှေလီမြို့ကနေ ရှမ်းပြည်နယ်၊ မူဆယ်မြို့အထိ  ချိတ်ဆက်မှာ ဖြစ်ပါတယ်။ စီမံကိန်းပြီးစီးမှု အခြေအနေတွေအရ ကချင်ပြည်နယ်ဘက်ကနေ သွယ်တန်းလာမယ့် နယ်စပ်ဖြတ်ကျော် ဓာတ် အားပေးစီမံကိန်း အစီအစဉ်ဟာ ပြီးစီးလုနီးပါးအခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။ နှစ်နိုင်ငံ ဓာတ်အားလိုင်း ချိတ်ဆက်မယ့် လျှပ်စစ်ဝယ်ယူမှုစီမံကိန်းကို ၂၀၂၀-၂၀၂၂ ဘဏ္ဍာနှစ်မှာ အပြီးဆောင်ရွက်နိုင်ဖို့ မြန်မာအစိုးရက ရည်မှန်းထားပါတယ်။
၅။         မီးလင်းချိုင်သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်မှုဆိုင်ရာ စာလွှာ
အခြား စွမ်းအင်စီမံကိန်းတခုဖြစ်တဲ့ မီးလင်းချိုင်သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်မှုဆိုင်ရာ စာလွှာအရ စီမံကိန်းဖြစ်နိုင်ခြေ လေ့လာဆန်းစစ်ချက်ကို နှစ်နိုင်ငံ အပြီးသတ် စိစစ်နေပါတယ်။ ဓာတ်အားလိုင်း လမ်းအူကြောင်း ကောင်းကင်ဓာတ်ပုံ ရိုက်တာကို အသေးစိတ် ဆောင်ရွက်နေပြီး ဓာတ်အားပေးဆိုင်ရာ Financial Model ကိုလည်း စိစစ်ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံမှာ LNG ကနေ လျှပ်စစ်ထုတ်မယ့် ဓာတ်အားပေးစက်ရုံစီမံကိန်းတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ ဒီစီမံကိန်းကို တရုတ် Zhefu ကုမ္ပဏီနဲ့ ပြည်တွင်းက Supreme ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်မှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခွဲ ကုန်ကျမယ်လို့ ဆိုပါတယ်။ စီမံကိန်းပထမအဆင့်က သုံးနှစ်ဖြစ်ပြီး သုံးနှစ်ခွဲအကြာမှ မဂ္ဂါဝပ် ၁၃၉၀ ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။
(ဂ) ဖြစ်တန်ခြေလေ့လာရေး အစီအရင်ခံစာကို မြန်မာအစိုးရမှ စိစစ်ဆဲ စီမံကိန်းများ
၆။         မူဆယ်-မန္တလေး ရထားလမ်း ဖြစ်နိုင်ခြေလေ့လာမှု အစီရင်ခံစာ လွှဲပြောင်းပေးအပ်ခြင်းစာလွှာ
လက်ရှိအချိန်မှာတော့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက စီမံကိန်းဖြစ်နိုင်ခြေ လေ့လာဆန်းစစ်ဖို့အတွက် မန္တလေး-နောင်ချို၊ နောင်ချို-လားရှိုး၊ လားရှိုး-မူဆယ် ဆိုပြီး လမ်းပိုင်း သုံးပိုင်းခွဲကာ ကွင်းဆင်းပြီး Survey ကောက်ယူထားပါတယ်။ အဲဒီလို ရရှိလာတဲ့ စီမံကိန်းဖြစ်နိုင်ခြေ လေ့လာဆန်းစစ်ချက် အပြီးသတ်အစီရင်ခံစာကို မြန်မာအစိုးရက လေ့လာနေတယ်လို့ ဆိုပါတယ်။ စီမံကိန်း တစိတ်တပိုင်းဖြစ်တဲ့ မကွေး-ကျောက်ဖြူ အမြန်ရထားလမ်း အကောင်အထည်ဖော် ရေးစီမံကိန်းအတွက် အကြိုလေ့လာခွင့်ကိုလည်း တရုတ်နိုင်ငံက တင်ပြ တောင်းခံထားပါသေးတယ်။
၇။         မန္တလေး-ထီးချိုင့်-မူဆယ် အမြန်လမ်းမကြီးနှင့် ကျောက်ဖြူ-နေပြည်တော် အဝေးပြေးလမ်းမကြီး စီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုအစီရင်ခံစာ လွှဲပြောင်းပေးအပ်ခြင်း စာလွှာ
မူဆယ်-မန္တလေး ရထားလမ်းနဲ့ အပြိုင်တည်ဆောက်မယ့် စီမံကိန်းတခုဖြစ်တဲ့ မန္တလေး-ထီးချိုင့်-မူဆယ် အမြန် လမ်းမကြီးနဲ့ ကျောက်ဖြူ-နေပြည်တော် အဝေးပြေးလမ်းမကြီးစီမံကိန်းတွေဟာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တွေကတဆင့် တရုတ်နိုင်ငံ၊ ယူနန်မြို့ကို ချိတ်ဆက်မယ့် စီမံကိန်းတခုဖြစ်ပါတယ်။ စီမံကိန်းတွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့အတွက် တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်းဟာ  အဲဒီ လမ်းမကြီးတလျှောက် ဖြတ်သန်းသွားမယ့် တိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ ဝန်ကြီးချုပ်တွေကို လိုက်လံတွေ့ဆုံခဲ့ပါတယ်။ မြန်မာ့စီမံကိန်းဘဏ်ရဲ့ ဖော်ပြမှုအရ ဒီစီမံကိန်းဟာ စုစုပေါင်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ လေးဘီလီယံ ကုန်ကျမယ်လို့ ဆိုပါတယ်။
(ဃ) အကောင်အထည်ဖော်ရန် စတင်ဆောင်ရွက်နေသော စီမံကိန်းများ
၈။         ကျောက်ဖြူအထူးစီးပွားဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့်သက်ဆိုင်သော သဘောတူစာချုပ်
စီမံကိန်းတခုလုံးကို ခြုံကြည့်ပါက အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံလောက် ကုန်ကျမယ့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ဧက ၄၂၀၀ ကျော်ရှိတဲ့ မြေပေါ်မှာ ဆောက်လုပ်သွားမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိတဲ့ ရေနက်ဆိပ်ကမ်းနဲ့ ၂ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိတဲ့ စက်မှုဇုန် စိမံကိန်းတွေပါဝင်ပါတယ်။ ကျောက်ဖြူကနေ မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကို ရေနံနဲ့ သဘာ၀ဓာတ်ငွေ့တင်ပို့နေတဲ့ မိုင်ပေါင်း ၄၈၀ ရှည်လျားတဲ့ ပိုက်လိုင်းကြီး ရှိနေပါသေးတယ်။
ကနဦးအနေနဲ့ ကျောက်ဖြူစက်မှုဇုန်စီမံကိန်းကို CITIC Consortium ဘက်က ရှယ်ယာအချိုး ၅၁ ရာခိုင်နှုန်း၊ မြန်မာဘက်က ၄၉ ရာခိုင်နှုန်းနဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၃၀ အကုန်အကျခံပြီး တည်ဆောက်ဖို့ ဆောင်ရွက်လျက် ရှိပါတယ်။  ဒါ့အပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်ကို မှတ်ပုံတင်ခြင်းအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) က သြဂုတ် ၆ ရက်မှာ အတည်ပြု လက်မှတ်ထုတ်ပေးခဲ့ပါတယ်။ ကုမ္ပဏီမှတ်ပုံတင်ခွင့်ရလိုက်ခြင်းဟာ ကျောက်ဖြူစီမံကိန်းအတွက် ကြီးမားတဲ့ တိုးတက်မှုတခု ဖြစ်ပါတယ်။
၉။        ကွမ်းလုံတံတား စီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်
ချင်းရွှေဟော်-လန်ချန်း နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းမှုဇုန် စီမံကိန်းရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ကွမ်းလုံတံတား စီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်ဟာဆိုရင်လည်း တည်ဆောက်ရေး လုပ်ငန်းတွေအတွက် ကနဦးကာလတွေမှာ ကပ်ဘေးကာလဖြစ်နေတဲ့အတွက် ဆိုင်းငံ့ထားတဲ့ အခြေအနေကနေ ဩဂုတ်လမှာ တရုတ်ကျွမ်းကျင်အဖွဲ့ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး စီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်နေပြီ ဖြစ်ပါတယ်။
၁၀။       ရန်ကုန်မြို့တော်အတွက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ် စာလွှာ
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ(CMEC)လမ်း စီမံကိန်းမှာ အဓိက မဏ္ဍိုင်တခုဖြစ်တဲ့ ရန်ကုန်မြို့တော်အတွက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ် စာလွှာအရ ရန်ကုန်မြို့သစ်စီမံကန်း အပိုင်း ၁ ကို အကောင်အထည်ဖော်ဖို့ အတွက် Swiss Challenge တင်ဒါကို ခေါ်ယူထားပါတယ်။  Expression of Interest-EOI တင်သွင်းထားတဲ့ အဖွဲ့ အစည်း ၁၆ ဖွဲ့ထဲမှာ အဖွဲ့ ကိုးဖွဲ့က  အဆိုပြုဖိတ်ခေါ်လွှာတွေ(Request For Proposal–RFP)ကို လာရောက် ထုတ်ယူခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ပြန် ထားပါတယ်။ အဲဒီအဖွဲ့အစည်း ကိုးဖွဲ့ဟာ လက်ရှိ ဖွဲ့စည်းထားမှုအတိုင်းဖြစ်စေ၊ နည်းပညာနဲ့ ငွေကြေး လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် အခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးဖြစ်စေ တင်ဒါအဆိုပြုလွှာ တင်သွင်းနိုင်ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက် နောက်ဆုံးထားပြီး အဆိုပြုလွှာတွေကို ပြန်လည်တင်သွင်းရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရန်ကုန်မြို့ပြ ဖွံဖြိုးရေး မဟာဗျူဟာ စီမံကိန်း(၂၀၄၀) ရဲ့ စီမံကိန်း ခုနစ်ခုရဲ့ ဦးစားပေးအဆင့် ၂ အဖြစ်လုပ်ဆောင်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းဟာ ဧက သုံးသောင်းကျော် အကျယ်အဝန်းရှိပြီး မြစ်ကူးတံတားတွေ၊ စီးပွားရေးဇုန်တွေနဲ့ တန်ဖိုးနည်း တိုက်ခန်းပေါင်း နှစ်သောင်း အပါအဝင် လူနေအိမ်ရာတွေ ထည့်သွင်း တည်ဆောက်မှာ ဖြစ်ပါတယ်။
ကိုဗစ်ကာလ တရုတ်နိုင်ငံမှ တွန်းအားများ
တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် ဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ်ကို သမ္မတရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ဖွင့်လှစ်ခဲ့ပြီး စီမံကိန်းတွေကို အရှိန်အဟုန်နဲ့အကောင်အထည်ဖော်နိုင်ဖို့ စီစဉ်ထားပေးမဲ့ ကိုဗစ်ကပ်ရောဂါဘေး ပေါ်ပေါက်လာတာနဲ့အတူ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း(CMEC) စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းစဉ်တွေ ရပ်ဆိုင်းထားရတာတွေ၊ မြန်မာနိုင်ငံဘက်က ဆုံးဖြတ်ချက်တရပ် ချမှတ်ပြီး နောက်တဆင့်ကို ရှေ့ဆက်ဖို့မှာ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေတာတွေ၊ စီမံကိန်းတွေကို ပြန်လည်ညှိနှိုင်းဖို့၊ ပမာဏလျော့ချဖို့ ဆောင်ရွက်ခဲ့တာတွေကြောင့် တရုတ်နိုင်ငံအနေနဲ့ အားမလိုအားမရမှုတွေနဲ့ တွန်းအားပေးမှုတွေ ရှိခဲ့ပါတယ်။
ကမ္ဘာတဝန်း ကိုဗစ်ကပ်ရောဂါကူးစက်မှု မြင့်တက်နေတဲ့ ၂၀၂၀ ပြည့်နှစ်၊ မေ ၆ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်ဟာ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နဲ့ တွေ့ဆုံခဲ့ပြီး သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့အပြင် တရုတ်- မြန်မာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုနဲ့  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို တွန်းအားပေးဖော်ဆောင်နိုင်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့သစ်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန်၊ တရုတ်-မြန်မာနယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် စတဲ့ စီမံကိန်းတွေကို မြန်မာနိုင်ငံက ထုတ်ပြန်ခဲ့တဲ့ စီးပွားရေးပြန်လည်လှုံ့ဆော်ရေးအစီအစဉ်တွေ(Stimulus Package) နဲ့ ပေါင်းစပ်ကာ ကိုဗစ်ကာလအတွင်း အကောင်အထည်ဖော်ဖို့အတွက် တွန်းအားပေးခဲ့ပါသေးတယ်။
ဒီအတိုင်းပဲ တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ၂၀၂၀ ပြည့်နှစ်၊ မေလလယ်မှာ မြန်မာသမ္မတ ဦးဝင်းမြင့်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့ပြီး သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းက သဘောတူထားခဲ့တဲ့ ရပ်ဝန်းလမ်းကြောင်းအစီအမံ(BRI)နဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း(CMEC) စီမံကိန်းတွေကို အကောင်ထည်ဖော်ဖို့ ထပ်မံ တိုက်တွန်းခဲ့ပြန်ပါတယ်။
ဒီလို တိုက်တွန်းမှုအပြီး နောက်ထပ် ငါးလအကြာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၃ ရက်မှာ သမ္မတရှီရဲ့ လက်ရုံးတဆူဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံး ဥက္ကဋ္ဌ မစ္စတာ ရန်ကျဲ့ချီဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ သီးသန့်တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံမှုမှာလည်း တရုတ်နိုင်ငံက တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း(CMEC) စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့အတွက် အဓိကထား ပြောဆိုခဲ့တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။ ရပ်တန့်နေတဲ့ စီမံကိန်းတွေကို ပြန်လည် လုပ်ကိုင်နိုင်ရေးအတွက် ဘက်စုံတွန်းအားပေး ဆောင်ရွက်ကာ ရပ်ဝန်းလမ်းကြောင်းအစီအမံ(BRI) စီမံကိန်းကို အရည်သွေးမြင့်စွာ အတူတည်ဆောက်ရမယ်လို့ မစ္စတာရန်ကျဲ့ချီက ပြောဆိုခဲ့ပါသေးတယ်။
ဒါ့အပြင် တရုတ်အာဏာပိုင်တွေဟာ တရုတ်-မြန်မာ စင်္ကြံလမ်းစီမံကိန်း ဧရိယာတလျှောက်မှာ Soft Power  လွှမ်းမိုးမှုရနိုင်ဖို့အတွက် ကိုဗစ်ကာလမှာ အမိအရ အသုံးချနေပါတယ်။ ကိုဗစ်ကာလအတွင်း တရုတ်အစိုးရ၊ ကုမ္ပဏီနဲ့ လူမှုအဖွဲ့အစည်းတွေက မြန်မာနိုင်ငံအတွက် ကူညီမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နိုဝင်ဘာလအထိ သိရတဲ့စာရင်းတွေအရ တရုတ်အစိုးရက အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၄ သန်း၊ တရုတ်ကုမ္ပဏီနဲ့ လူမှုအဖွဲ့အ စည်းတွေက အမေရိကန်ဒေါ်လာ ၈၄၀၀၀၀ ကျော်၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ သန်း တန်ကြေးရှိတဲ့ ဆေးနဲ့ ဆေးပစ္စည်းကိရိယာတွေ ပံ့ပိုးခဲ့တာ တွေ့ရပါတယ်။ ဒီလိုပံ့ပိုး လှူဒါန်းခဲ့မှုတွေထဲမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်း ဧရိယာမှာ ပါဝင်တဲ့ နေရာဒေသတွေအတွက် သီးခြားလှူဒါန်းခဲ့မှုတွေ ရှိပါတယ်။ ဒါကို ကြည့်ရင်လည်း စီမံကိန်း တိုးတက်မှုဖြစ်စဉ်ကို သွယ်ဝိုက်တွန်းအားပေးမှုတခုအဖြစ် မြင်နိုင်ပါတယ်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက ထပ်မံအနိုင်ရခဲ့ပြီး မကြာသေးမီ ရက်ပိုင်းအတွင်းက ပေးပို့ခဲ့တဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ ဂုဏ်ပြုသဝဏ်လွှာမှာလည်း ရပ်ဝန်းလမ်းကြောင်းအစီအမံ(BRI)နဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း(CMEC) မူဘောင်အောက်ကနေ ကဏ္ဍပေါင်းစုံ လက်တွေ့ဆောင်ရွက်မှု တွန်းအားပေးရန် ဆိုတဲ့အချက်တခု ပါဝင်ခဲ့ပါတယ်။ NLD ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးနောက် အခြားသောနိုင်ငံတွေထက် နောက်ကျပြီး(ရွေးကောက်ပွဲအပြီး ကိုးအရက်အကြာ)မှ ပေးပို့ခဲ့တဲ့ သမ္မတရှီရဲ့ သဝဏ်လွှာမှာ BRI နဲ့ CMEC စီမံကိန်းတွေရဲ့ အရေးကိစ္စကို ထည့်သွင်းဖော်ပြခဲ့ခြင်းဟာ ဒီစီမံကိန်းတွေအပေါ်ထားရှိတဲ့ တရုတ်နိုင်ငံရဲ့ သဘောထားနဲ့ စီမံကိန်း အလျင်အမြန်ပြီးမြောက်လိုစိတ် ပြင်းပြနေတာကို ညွှန်းဆိုပြနေပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေး ထိခိုက်နစ်နာမှုတွေကို လျှော့ချနိုင်ဖို့အတွက် ရပ်ဝန်းလမ်းကြောင်းအစီအမံ(BRI) စီမံကိန်းကို နှစ်နိုင်ငံလုံးအတွက် အကျိုးရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သမ္မတဦးဝင်းမြင့်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်က ကျင်းပခဲ့တဲ့ တရုတ်-အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးပွဲ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
နိဂုံး
အခုဖော်ပြထားတဲ့ စီမံကိန်းတွေရဲ့ တိုးတက်မှုဖြစ်စဉ်တွေကို အနှစ်ချုပ် သုံးသပ်ရင် သမ္မတ ခရီးစဉ်အတွင်းမှာ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီမှုတွေကို အကောင်အထည်ဖော်ရာမှာ ကိုဗစ်-၁၉ ကပ်ဘေးအစမှာ နှောင့်နှေးမှုတွေရှိနေပေမဲ့ တရုတ်နိုင်ငံရဲ့ဟာ ကပ်ဘေးကို ထိန်းချုပ်နိုင်ပြီးနောက်မှာ အရွေ့တခု ရှိလာခဲ့တာ တွေ့ရပါတယ်။ ပဏာမအဆင့် ညှိနှိုင်းဆွေးနွေးဆဲ စီမံကိန်းတခုဖြစ်တဲ့ ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်ကိုလေ့လာပါက မူဘောင်ညှိနှိုင်းဖို့အတွက် ဒေသအဆင့်နဲ့ ဗဟိုအဆင့်ကော်မတီ အစည်းအဝေးတွေကို အွန်လိုင်းကတဆင့် ညှိနှိုင်းဆွေးနွေးခဲ့တာမှာ စီမံကိန်းဖြစ်စဉ် တိုးတက်မှုတွေ ရှိနေပါတယ်။ တစ်ဖက်မှာလည်း ဖြစ်တန်ခြေလေ့လာရေး ဆောင်ရွက်ဖို့အတွက် သဘောတူညီထားတဲ့ စီမံကိန်းအများစုဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကွင်းဆင်းလေ့လာတာတွေ မလုပ်ဆောင်နိုင်တဲ့အတွက် နှောင့်နှေးနေပါတယ်။ ဒါကြောင့် ဒီစီမံကိန်းတွေရဲ့ အလားအလာဟာ ကိုဗစ်-၁၉ ကပ်ရောဂါဘေးရဲ့ အကန့်အသတ်တွေကို ဘယ်လိုကျော်လွှားပြီး မြေပြင်ကွင်းဆင်းတာတွေကို လုပ်နိုင်မလဲ ဆိုတဲ့အခြေအနေပေါ်မှာ မူတည်နေပါတယ်။ ဖြစ်တန်ခြေလေ့လာရေး အစီအရင်ခံစာကို မြန်မာအစိုးရက စိစစ်ဆဲဖြစ်တဲ့ စီမံကိန်းတွေရဲ့ စီမံကိန်းတိုးတက်မှုဖြစ်စဉ်ကို အဓိက နှောင့်နှေးစေတဲ့အကြောင်းအချက်ကတော့ မြန်မာနိုင်ငံအစိုးရဘက်က ဆုံးဖြတ်ချက်တစုံတရာ ချမှတ်ပြီး နောက်တဆင့်ကို ရှေ့ဆက်ဖို့ရာမှာ ကိုဗစ်-၁၉ ရဲ့ ရိုက်ခတ်မှုတွေကြောင့် ကြန့်ကြာနေတဲ့အခြေအနေလို့ ယူဆရပါတယ်။ အလားတူ အကောင်အထည်ဖော်ဖို့အတွက် စတင်ဆောင်ရွက်နေတဲ့ စီမံကိန်းတွေဖြစ်တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ရန်ကုန်မြို့သစ်စီမံကိန်းတွေမှာတော့ မြန်မာအစိုးရက စီမံကိန်းစာချုပ်တွေကို ပြင်ဆင်ညှိနှိုင်းတာတွေ၊ စီမံကိန်းပမာဏ လျှော့ချတာတွေကို ဆောင်ရွက်ခဲ့တာတွေရှိခဲ့ပါတယ်။
မြန်မာနိုင်ငံက ကိုဗစ်-၁၉ ကပ်ရောဂါဘေးအတွင်း အကန့်အသတ်တွေကြားကနေ ဒီစီမံကိန်းကြီးတွေ ညှိနှိုင်းဆွေးနွေးရာမှာ၊ ဆုံးဖြတ်ချက်ချရာမှာ ကြန့်ကြာမှုတွေရှိနေတာကိုလည်း တရုတ်နိုင်ငံအနေနဲ့ အားမလိုအားမရ ဖြစ်တာတွေနဲ့အတူ စီမံကိန်းတွေကို အရှိန်မြှင့်ဖော်ဆောင်ဖို့ တွန်းအားပေးမှုတွေလည်း ရှိနေပါတယ်။ တရုတ်နိုင်ငံရဲ့ တွန်းအားတွေနဲ့ မြန်မာနိုင်ငံရဲ့ ကိုဗစ်ကပ်ဘေး စီးပွားရေးသက်ရောက်မှု လိုအပ်ချက်တွေအကြား ၂၀၂၁ ခုနှစ်မှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းစီမံကိန်းတွေ ပိုမိုအရှိန်ရလာမယ်လို့ သုံးသပ်ရပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသားစီမံကိန်းနဲ့ ဦးစားပေးလုပ်ငန်းစဉ်အဖြစ် သတ်မှတ်ထားတဲ့ ရပ်ဝန်းလမ်းကြောင်းအစီအမံ(BRI) စီမံကိန်းတွေရဲ့ အလားအလာဟာ ကိုဗစ်-၁၉ ကပ်ဘေးကနေ မြန်မာနိုင်ငံက ဘယ်လောက်မြန်မြန် ရုန်းထွက်နိုင်မလဲ ဆိုတဲ့အပေါ် မူတည်နေသလို ကပ်ဘေးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ အကျပ်အတည်းတွေကို မလွဲမသွေရင်ဆိုင်ရမယ့် အစိုးရအဖွဲ့သစ်က ဘယ်လိုမူဝါဒတွေ ချမှတ်ပြီး လုပ်ဆောင်မလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်နေပါတယ်။
ဇေရှိုင်းဗိုလ်
၂၁.၁၂.၂၀၂၀
ဇေရှိုင်းဗိုလ် သည် ISP-Myanmar ၏ Research Assistant တဦးဖြစ်ပါသည်။
စာညွှန်း
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုများ
https://www.statecounsellor.gov.mm/node/4091
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုများ
https://bit.ly/367is1O
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုများ
https://bit.ly/38l81dS
ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုများ
https://www.moi.gov.mm/news/4731
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုများ
http://www.mifer.gov.mm/bilateral/details/south-africa
ချမ်းမြထွေး၊ ၂၀၂၀၊ တရုတ်က CMEC အကောင်အထည်ဖော်ရန် တွန်းအားပေးနေသော်လည်း ကိုဗစ်ကြောင့် စီမံကိန်းအချို့ရပ်ဆိုင်းထားရ၊ မြန်မာတိုင်းမ်
https://bit.ly/35alvqL
ချမ်းမြထွေး၊ ၂၀၂၀၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အမြန်ဆုံးအကောင်အထည်ဖော်ရန် တရုတ်ကွန်မြူနစ်ပါတီ ပြော၊ မြန်မာတိုင်းမ်
https://bit.ly/3pgkVQo
ယုဝေ၊ ၂၀၂၀၊ သမ္မတရှီ ခရီးစဉ်အလွန် စီမံကိန်းသစ်များ၊ မြန်မာတိုင်းမ်
https://myanmar.mmtimes.com/news/134263.html
နန်းလွင်၊ ၂၀၂၀၊ COVID-19 စီးပွားရေး စီမံမည့် မြန်မာကို BRI စီမံကိန်းများအတွက် တရုတ်က တွန်းလာနေ၊ ဧရာ၀တီ
https://burma.irrawaddy.com/business/2020/05/10/222320.html
၂၀၂၀၊ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံအတွက် နှာခေါင်းစည်း ၆ဝ,ဝဝဝ ပေးအပ်လှူဒါန်း၊ Myanmar Digital News
http://www.mdn.gov.mm/my/yuunnpnnynym-mnmaaniungngnattk-naakhengcnny-6wwww-peapluudn
The post ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ လေ့လာချက် appeared first on ISP Myanmar China Desk.