ISP China Desk
National Development and Reform Commission-NDRC (အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်)

စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများကို ချမှတ်သည့် အဖွဲ့အစည်းဖြစ်သည်။ အလားတူပင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမျှခြေကို ထိန်းသိမ်းပြုပြင်ခြင်း၊ စီးပွားရေးစနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတို့ကို ဆောင်ရွက်ခြင်းတို့ကို ကော်မရှင်က လုပ်ဆောင်သည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းကို ဆောင်ရွက်ရာတွင် အရေးပါသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး စင်္ကြံလမ်းစီမံကိန်းအတွက် ၂၀၁၈ ခုနှစ်က သဘောတူညီမှုရရှိခဲ့ရာတွင် မြန်မာနိုင်ငံအစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးစိုး၀င်းနှင့် NDRC ဥက္ကဋ္ဌ ဟီလစ်ဖန်တို့က လက် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လဆန်းပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအပါအ၀င် NDRC ကိုယ်စားလှယ် ၁၃ ဦးသည် မြန်မာနိုင်ငံ၊ စက်မှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော လုပ်ငန်းအဖွဲ့ဝင်များ၊ ဆက်စပ်ဝန်ကြီးဌာန/အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြပြီး စီးပွားရေးစင်္ကြံနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

NDRC ၏ ဒုတိယဥက္ကဋ္ဌသည် မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းက လာရောက်ခဲ့သည်။ ယင်းခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် စီမံကိန်းများ ဆောင်ရွက်ခွင့်ရရှိထားပြီး တရုတ်နိုင်ငံကုမ္ပဏီများဖြစ်သည့် CITIC Group, China Communications Construction Company Limited(CCCC), China Railway Group Limited(CRG), Yunnan Provincial Energy Investment Group. Co.,Ltd ရုံးများကိုသွားရောက်ခဲ့သည်။

NDRC ကော်မရှင်ကို ၂၀၀၃ ခုနှစ်က ဖွဲ့စည်းးခဲ့ခြင် ဖြစ်သော်လည်း ယခင်က ရှိခဲ့သည့် နိုင်ငံတော်စီမံကိန်းကော်မရှင်နှင့် နိုင်ငံတော်ဖွံ့ဖြိုးမှုကော်မရှင်နှစ်ခုကို ပေါင်းစည်းထားခြင်း ဖြစ်သည်။ လက်ရှိဥက္ကဋ္ဌမှာ ဟီလဖန်(He Lifeng) ဆိုသူ ဖြစ်သည်။