ISP China Desk
Myanmar-China Business Association-MCBA (မြန်မာ-တရုတ် ကုန်သည်ကြီးများအသင်း) Photo - Xhnhua Myanmar Website

မြန်မာနိုင်ငံ၊ ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ၏ ညီနောင်အသင်းတခုဖြစ်သည်။

တရုတ်စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး ယင်းအသင်းက လိုက်လံကူညီပေးနေသည်။

အသင်းသည် UMFCCI မှ ကိုယ်စားလှယ် ၄ ဦး၊ နယ်ပယ်စုံမှ စီးပွားရေးလုပ်ငန်းရှင် ၁၂ ဦး၊ မြန်မာနိုင်ငံရှိ တရုတ်စီးပွားရေးလုပ်ငန်းရှင်များအသင်း(CECCM) မှ ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အသင်းကို ၂၀၁၉ ခုနှစ်၊ မေလတွင် ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံ၊ သံအမတ်ကြီး၏ နေအိမ်တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် စက်မှုလက်မှုကဏ္ဍအတွက် ဘုံရည်မှန်းချက်နှင့် မျှော်လင့်ချက်ဖြစ်ကြောင်း သံအမတ်ကြီး ဟုန်လျန်က ပြောကြားခဲ့သည်။

အသင်းထူးထောင်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ကမကထပြုခဲ့ပြီး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက မြန်မာနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ခဲ့သည်။