ISP China Desk
China Foundation for Peace and Development-CFPD (ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာထောက်ပံ့ရေးအဖွဲ့အစည်း) Photo - Myanmar State Counsellor Office

တရုတ်နိုင်ငံ၏ အလှူဒါနပြုအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်၍လည်း ငြိမ်းချမ်းရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စသည့်ကဏ္ဍများတွင် ကူညီထောက်ပံ့မှုများ ပြုလုပ်လျက်ရှိသည်။

ငြိမ်းချမ်းရေးအတွက် ရန်ပုံငွေလှူဒါန်းခြင်းကို ဆောင်ရွက်သလို  မျက်စိဝေဒနာရှင်များအတွက် ဆေးဝါးကုသမှုနှင့် အကူအညီများ ထောက်ပံ့ပေးခြင်းတို့ကိုလည်း ဆောင်ရွက်သည်။

အဖွဲ့ကို ၂၀၁၁ ခုနှစ်တွင် မြို့တော် ဘေဂျင်း၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့အနေနှင့် ပြည်ပတွင် ပထမဆုံး ကူညီလုပ်ဆောင်မှုအဖြစ် ယင်းနှစ် ဇွန်လတွင် မြန်မာနိုင်ငံရှိ မျက်စိလူနာ ၂၅၀ ဝန်းကျင်ကို လာရောက်ဆေးကုသမှုပေးခဲ့သည်။ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသမီးဆေးရုံကို တရုတ်နိုင်ငံသံရုံးနှင့် ယင်းအဖွဲ့တို့ ပူးပေါင်းကာ အဆင့်မြှင့်တင်ခဲ့ပြီး ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံဟု အမည်ပြောင်းလဲကာ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလက အစိုးရသို့ လွှဲပြောင်းပေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။