ISP China Desk
China Culture Center(တရုတ်ယဉ်ကျေးမှုစင်တာ)

တရုတ်နှင့် မြန်မာ ပြည်သူများအကြား ယဥ်ကျေးမှု ဖလှယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးတို့အပါအဝင် နှစ်နိုင်ငံ ဆက်ဆံ‌ရေး ချစ်ကြည်ခိုင်မာစွာ အဓွန့်ရှည်ကြာစေရေးကို ရည်ရွယ်သည်။

မြန်မာနိုင်ငံ၌ တရုတ်ယဥ်ကျေးမှုစင်တာကို ရန်ကုန်မြို့တွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်က ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားများ၊ ဖျော်ဖြေရေးပွဲများ၊ ပြပွဲများ၊ သင်တန်းများ၊ နှစ်နိုင်ငံမှ သုတေသနပညာရှင်များက သတင်းအချက်အလက်များ မျှဝေဖလှယ်ခြင်းများ၊ ရုပ်ရှင်နှင့် ယဥ်ကျေးမှုဆိုင်ရာ တင်ဆက်မှုများကို လက်ခံကျင်းပလျက်ရှိသည်။

မြန်မာနှင့် တရုတ် နှစ်နိုင်ငံပထမဆုံးပူးပေါင်းရိုက်ကူမည့် ‘ပုဂံရတနာသိုက်’ ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို  ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက ယင်းနေရာတွင် ပြုလုပ်ခဲ့သည်။

ယင်းအပြင် တရုတ်စာ မင်စုတ်ချက်လက်ရေးလှသင်တန်း၊ တရုတ်ရိုးရာအကသင်တန်း၊ တရုတ်ရိုးရာစက္ကူအလှညှပ်ခြင်းနှင့် လက်မှုအထုံးအဖွဲ့ပညာသင်တန်း၊ လက်ဖက်ရည်အနုပညာသင်တန်း၊ Hulusi တီးမှုတ်တူရိယာသင်တန်းတို့ကိုလည်း အခမဲ့ဖွင့်လှစ်လျက်ရှိသည်။

တရုတ်ယဉ်ကျေးမှုင်တာကို ၁၉၈၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဥရောပ၊ အာဖရိက၊ အာရှနှင့် တောင်အမေရိကနိုင်ငံများတွင် နေရာ ၂၀ ထက်မနည်း ဖွင့်လှစ်ထားသည်။