ISP China Desk
International Poverty Reduction Center in China-IPRCC (တရုတ်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဆင်းရဲမှုလျှော့ချရေးဗဟိုဌာန) Photo - IPRCC

တရုတ်နိုင်ငံ၏ ဘေဂျင်းအခြေစိုက် အလှူရှင်အဖွဲ့အစည်းတခုဖြစ်ပြီး တရုတ်နိုင်ငံအစိုးရ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်(UNDP)အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။

မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပူးပေါင်းကာ မြန်မာကျေးရွာများတွင် လမ်းပန်းဆက်သွယ်ရေးစသည့် အခြေခခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့ဝန်ဆောင်မှုနှင့် ကိုယ်ပိုင်စွမ်းရည်တို့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ရန် ၂၀၁၈ ခုနှစ်က လက်မှတ်ရေးထိုးထားသည်။ 

နေပြည်တော်ကောင်စီနယ်မြေတွင်းရှိ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်နှစ်ခုမှ ကျေးရွာနှစ်ရွာတွင် ဆင်းရဲမှုလျှော့ချရေးစီမံကိန်းအတွက် ၂၀၁၇ ခုနှစ်က တရုတ်ယွမ် ၃၃ သန်းကျော်(ကျပ် သန်း ခုနစ်ထောင်ဝန်းကျင်)ကို IRPCC ထောက်ပံ့ခဲ့သည်။

ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်းများနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ ဇွန်လအတွင်းက IRPCC မှ အဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါဌာနကို နိုင်ငံတကာ ဆင်းရဲမွဲတေမှုများ လျော့ကျစေရေးကို ရည်ရွယ်၍  ၂၀၀၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။