ISP China Desk
Department of Foreign Capital and Overseas Investment of China

တရုတ်နိုင်ငံ၊ အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်(NDRC) လက်အောက်ရှိ အဖွဲ့အစည်းတခုဖြစ်သည်။

နိုင်ငံတကာမှ တရုတ်နိုင်ငံသို့ ဝင်ရောက်လာမည့် ငွေကြေးအရင်းအနှီးများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ တရုတ်နိုင်ငံမှ နိုင်ငံတကာသို့ ထွက်သွားမည့် ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ အစီအမံများချမှတ်ခြင်း၊ စစ်ဆေးခြင်း၊ နည်းလမ်းများချမှတ်ခြင်း စသည်တို့ကို လုပ်ဆောင်သည်။ ဌာနအနေနှင့် မြန်မာနိုင်ငံ၏ အခြေအနေများ၊ စီးပွားရေးမူဝါဒအပြောင်းအလဲများကို စောင့်ကြည့်သလို အရေးပါသည့်စီမံကိန်းများကို ခွင့်ပြုခြင်း၊ စစ်ဆေးခြင်းတို့နှင့်ပတ်သက်၍လည်း တာဝန်ယူလုပ်ဆောင်သည်။