ISP China Desk
China International Development Cooperation Agency–CIDCA (နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ) Photo - mn.China Embassy Website

နိုင်ငံတကာအကူအညီများအတွက် မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ မဟာဗျူဟာလမ်းညွှန်ချက်များ ချမှတ်ခြင်း၊ ရေးဆွဲခြင်းတို့ကို ဆောင်ရွက်သည့် တရုတ်နိုင်ငံ၏ အဖွဲ့အစည်းဖြစ်သည်။

အခြားနိုင်ငံများသို့ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာတို့နှင့် ညှိနှိုင်းခြင်း၊ အကြံဉာဏ်ရယူခြင်း၊ အကောင်အထည်ဖော်ရေးအတွက် ကြီးကြပ်ကွက်ကဲ၊ အကဲဖြတ်ခြင်း၊ လုပ်ငန်းတာဝန်များကို စီမံခွဲဝေခြင်းတို့ကိုလည်း လုပ်ဆောင်သည်။

မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေး စသည့်အခြေခံအဆောက်အုံကဏ္ဍအတွက် ငွေကြေးအကူညီပေးခြင်း၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများပေးခြင်းတို့ကို ယင်းအေဂျင်စီက လုပ်ဆောင်လျက်ရှိသည်။

နည်းပညာဆိုင်ရာ စွမ်းရည်တိုးတက်စေရေးကို အထောက်အကူပြုမည့်စီမံကိန်းများဆောင်ရွက်ရန်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အထောက်အကူပြုမည့်စီမံကိန်းများ ဆောင်ရွက်ရန်တို့အတွက် မြန်မာနိုင်ငံ၊ စက်မှုဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့နှင့် စာချုပ်ချုပ်ဆိုထားသည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ လွယ်ကူချော့မွေ့စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအပါအဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီး ဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှိးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် CIDCA တို့ ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းက ဆွေးနွေးခဲ့သည်။

CIDCA ၏ ဥက္ကဋ္ဌမှာ တရုတ်နိုင်ငံ၊ အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်(NDRC)၏ ဒုတိယဥက္ကဋ္ဌဟောင်း Mr. Wang Xiaotao ဖြစ်သည်။