ISP China Desk
China Harbour Engineering Co. Ltd

တည်ဆောက်ရေးကုမ္ပဏီတခုဖြစ်ပြီး China Communications Construction Company-CCCC ၏ ကုမ္ပဏီခွဲလည်း ဖြစ်သည်။

မြန်မာနိုင်ငံ အနောက်ဘက်ရှိ ဘင်္ဂလားပင်လယ်အော်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စိမံကိန်းတွင် China International Trust and Investment Corporation (CITIC) Group ကုမ္ပဏီအောက်မှ ထပ်ဆင့်ရင်းနှီးမြှုပ်နှံရန် စီစဥ်လျက်ရှိသည်။ ယင်းအပြင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ဂုတ်ထိပ်တံတားတည်ဆောက်ရေးကိုလည်း တာဝန်ယူထားသည်။

မန္တလေး- ထီးချိုင့်- မူဆယ် အမြန်လမ်းနှင့် ကျောက်ဖြူ – နေပြည်တော် အဝေးပြေး လမ်းမကြီး စီမံကိန်းများအတွက် ဖြစ်တန်ခြေလေ့လာရန်အတွက် မြန်မာအစိုးရ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ လမ်းဦးစီးဌာနနှင့် China Harbour Engineering Co.,Ltd တို့အကြား ၂၀၁၈ ခုနှစ်၊ မတ်လက နားလည်မှုစာချွန် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

China Harbour Engineering Co.,Ltd သည် ရန်ကုန်မြစ်ဝမှ ရေမိုင် ၂၀ ခန့်ကွာဝေးသည့် ကမ်းလွန်ပင်လယ်ပြင် ရေကြောင်းပြအဆောက်အအုံ (Offshore Fixed Pilot Station)ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နှင့် ပူးပေါင်းကာ တည်ဆောက်ခဲ့သည်။ ယင်းရေကြောင်းအဆောက်အအုံကို ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းက ဖွင့်လှစ်ခဲ့သည်။

၂၀၁၇ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဥ်တွင် အတူလိုက်ပါခဲ့သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် China Harbour Engineering Co.,Ltd ၏ ဒုတိယဥက္ကဋ္ဌ Mr. Ir Wang Ba နှင့် တွေ့ဆုံခဲ့သည်။ ကုမ္ပဏီကို ၂၀၀၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။